Sunday, 3 May 2015

သင့်ရဲ့ကမ္ဘာကြီးကို ပြောင်းလဲဖို့ နယ်လ်ဆင် မင်ဒဲလားရဲ့ အခြေခံစည်းမျဉ်း (၉) ခု
“လုပ်မပြီးသေးသရွေ့တော့ အဲဒီအရာဟာ မဖြစ်နိုင်ဘူးလို့ ထင်ရလေ့ရှိတယ်” နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ကို အထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ သူဟာ တောင်အာဖရိကမှာ မတရားဖိနှိပ်အုပ်ချုပ်မှုတွေကို တွန်းလှန်ခဲ့ရာမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် သူဟာ ထောင်ထဲမှာ နှစ်ပေါင်း ၂၇ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ နောက်ဆုံးတော့ .. ၁၉၉၀ ခုနှစ်မှာ သူ ပြန်လည်လွတ်မြောက်လာပြီး တောင်အာဖရိကကို ပြောင်းလဲဖို့နဲ့ ပြန်လည်စုစည်းဖို့ ကူညီပေးခဲ့တဲ့ သမ္မတ ဖြစ်လာခဲ့ပါတယ်။ သင်ကိုယ်တိုင်မှာရော၊ သင့်ရဲ့ ကမ္ဘာကြီးကိုပါ အပြောင်းအလဲလုပ်ဖို့ မင်ဒဲလားဆီက ရတဲ့ ကျနော်အကြိုက်ဆုံး အခြေခံစည်းမျဉ်း (၉)ခုကတော့ ဒီမှာပါ။ ၁။ သင့်ကိုယ်သင် သို့မဟုတ် သင့်ရဲ့ ရည်မှန်းချက်တွေကို လျှော့မတွက်ပါနဲ့ နည်းနည်းလေးပဲ မှန်းပြီး လုပ်ဖို့ဆိုတာ တည်ငြိမ်ပါတယ်၊ လွယ်ကူပါတယ်။ သေချာပါတယ်… အဲဒါက ပိုပြီးတော့တောင် လွယ်ကူပါလိမ့်မယ်၊ ရေတိုအတွက်ပဲဆိုရင်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သင်အမှန်တကယ်အလိုရှိတဲ့ အရာနောက်ကို လိုက်ဖို့ရာ အချိန်တွေ၊ အားထုတ်မှုတွေ၊ လမ်းခရီးတစ်လျှောက်မှာ တွေ့ကြုံနိုင်တဲ့ နာကျင်မှုတွေ အများကြီးကို လိုအပ်လို့ပါပဲ။ ဒါပေမယ့် အဲဒါကမှ သင်အမှန်တကယ် ကြီးထွားရာ၊ သင် အပြည့်အ၀ နေထိုင်ရာလည်း ဖြစ်ပါတယ်။ သေးသေးလေးကိုပဲ မှန်းပြီးလုပ်နေချိန်မှာ သင့်ရဲ့ ဦးခေါင်းအနောက်ဘက်မှာ ဒီလို အတွေးမျိုးတွေလည်း ပေါ်ပေါက်လာပါလိမ့်မယ် .. ” ဒါ အကုန်ပဲလား? ငါ ဒီထက်ပိုပြီး လုပ်နိုင်သလား?” ကြမ်းတမ်းတဲ့လမ်းကိုသွားတာကတော့ အမှန်တကယ် ပိုပြီး ခက်ခဲပါတယ်။ ဒါပေမယ့် အဲဒီလမ်းကသာ သင် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ရဘူးတဲ့ အံ့သြဖွယ် အချိန်ကာလတွေ၊ အမှန်တကယ် နှစ်လိုဖွယ်ကောင်းတဲ့ အောင်မြင်မှုတွေကို တွေ့ရစေမှာဖြစ်ပါတယ်။ ၂။ သင် ကြောက်ရွံ့နေတဲ့အရာကို ရှေ့တိုးလုပ်ပါ “သတ္တိဆိုတာဟာ အကြောက်တရားမရှိခြင်း မဟုတ်ဘူး။ အကြောက်တရားကို အောင်နိုင်ခြင်းဖြစ်တယ်။ သတ္တိရှိတဲ့သူတစ်ယောက်ဟာ မကြောက်တဲ့သူမဟုတ်ဘူး၊ ဒါပေမယ့် အဲဒီကြောက်စိတ်ကို အောင်နိုင် တဲ့သူဖြစ်တယ်။” ဘ၀မှာ သင်အမှန်တကယ်လိုချင်တဲ့အရာဟာ အဲဒီနောက်ကိုလိုက်ဖို့ သင်အကြောက်ဆုံးအရာလည်း ဖြစ်နေတတ်ပါတယ်။ ကြောက်တဲ့အရာကို ရှေ့တိုးလုပ်ဖို့ဆိုတာ အများအားဖြင့် ကောင်းလေ့ရှိပါတယ်။ ဒါပေမယ့် ကြောက်စရာလည်းကောင်းတာပါပဲ။ သင့်ကို နောက်ပြန်ဆွဲနေတဲ့ ကြောက်စိတ်ကို သင်ဘယ်လိုကျော်လွှား အောင်မြင်နိုင်သလဲ? ဟောဒီမှာ အကြံဥာဏ်တစ်ချို့ရှိပါတယ်။ ကြောက်စိတ်ဆိုတာဟာ အကျိုးမပြုတဲ့ သတ်မှတ်ချက်တွေအပေါ်မှာ အခြေခံလေ့ရှိပါတယ်။ ကျနော်တို့ဟာ ပုံစံတွေကို ရှာဖွေကြတယ်။ ဒါပေမယ့် ပြဿနာက – ကျနော်တို့ဟာ အရင်က ကြုံတွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံ တစ်ခုနှစ်ခုအပေါ်ကို အခြေခံပြီး ကျနော်တို့ဘ၀အတွက် အကျိုးမပြုတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ ပုံစံတွေကိုသာ ရှာဖွေမိကြတာပါပဲ။ ဒါမှမဟုတ် အခြေအနေတွေအပေါ်မှာ လွဲမှားစွာ ဆုံးဖြတ်ချက်ချပြီးတော့ပေါ့။ ဒါမှမဟုတ် မိုက်မဲတဲ့သူတွေရဲ့ စကားတွေကတစ်ဆင့်ပေါ့။ သင်ဟာ သင့်ရဲ့ အတွေးတွေကို အလွန်အမင်း သတ်မှတ်ဆုံးဖြတ်တဲ့အခါ သင်ဟာ အဲဒီအတွေးတွေကပြောသမျှကို ယုံကြည်ပါတော့တယ်။ ပိုပြီး အကျိုးပြုနိုင်မယ့် အလေ့အကျင့်တစ်ခုကတော့ သင့်ရဲ့ အတွေးတွေကို အရမ်းကြီး မတင်းကြပ်မိစေဖို့ပါပဲ။ အချိန်အများစုမှာ သင့်ရဲ့ အတွေးတွေနဲ့ သင့်ရဲ့မှတ်ဥာဏ်တွေဟာ နည်းနည်းတော့ မမှန်ကန်တတ်ပါဘူး။ စူးစမ်းလိုစိတ် ရှိပါ။ သင်ဟာ ကြောက်စိတ်မှာ ညပ်မိနေတဲ့အခါ သင်ဟာ ပိတ်လှောင်ခံလိုက်ရပါပြီ။ သင်ဟာ သင့်ရဲ့ ကမ္ဘာကြီးနဲ့ သင့်ရဲ့စိတ်ကို တစ်ကွဲတစ်ပြားစီဖြစ်အောင် ခွဲခြားပါတော့မယ်။ သင်နဲ့ တခြားအရာ၊ တခြားလူတွေရဲ့ကြားမှာ အတားအဆီးတွေကို သင် ဖန်တီးပါတော့တယ်။ တစ်ဖက်မှာတော့ သိလိုစိတ်၊ စူးစမ်းလိုစိတ်ဟာ မျှော်လင့်ချက်တွေ၊ စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါက သင့်ကို လွတ်မြောက်စေပါတယ်။ အဲဒီအခါ သင်ဟာ ကြောက်စိတ်ကို အာရုံစိုက်ရမယ့်အစား ပိုပြီး ပျော်စရာကောင်းတဲ့အရာတွေ ရရှိလာပါလိမ့်မယ်။ စူးစမ်းလိုစိတ်ဟာ သင့်ကို တစ်စုံတစ်ခုကို နားလည်မှုကိုလည်း ရရှိစေပါတယ်။ စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေတဲ့အရာတစ်ခုကို ရှင်းရှင်းလင်းလင်း သိမြင်သွားတဲ့အခါ မြူခိုးတွေနဲ့တူတဲ့ ကြောက်စိတ်တွေဟာလည်း ပျောက်ကွယ်သွားပါတယ်။ ဘေးကင်းမှုဆိုတဲ့ လှည့်ကွက်တွေကို ဆုပ်ကိုင်မထားပါနဲ့။ လူတွေဟာ ဘာကြောင့် သူတို့ရှိနေတဲ့နေရာမှာပဲ ထိုင်နေကြသလဲ? သူတို့ဟာ ကြောက်စိတ်နဲ့ လေဖြတ်နေကြလို့လား? မဟုတ်ပါဘူးလို့ ကျနော် ပြောချင်ပါတယ်။ လူတွေ သူတို့ရဲ့ ကြောက်စိတ်ကို ရင်မဆိုင်ရဲတဲ့ အကြောင်းအရင်းကြီးတစ်ခုက သူတို့ဟာ သူတို့ရှိနေတဲ့နေရာမှာ အန္တရာယ်ကင်းတယ်လို့ ထင်နေကြလို့ပါပဲ။ ဒါပေမယ့် အမှန်တရားက- အန္တာရယ်ကင်းတယ်ဆိုတာ စိတ်ထဲက ယုံကြည်နေမှုတစ်ခုသာ ဖြစ်တယ်ဆိုတာပါပဲ။ တကယ့်အပြင်မှာတော့ အန္တရာယ်ကင်းမှုဆိုတာ အမှန်တကယ်မရှိပါဘူး။ အဲဒါဟာ လုံးဝ မသေချာတဲ့၊ မသိနိုင်တဲ့ အရာတစ်ခုပါပဲ။ သင့်ရဲ့ အန္တရာယ်ကင်းတဲ့ဘ၀ကို ဆုပ်ကိုင်နေတာကို ရပ်လိုက်တဲ့အခါ ဘ၀ဟာ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းလာပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းလာပါတယ်။ ဒါဆို သင်ဟာ တစ်စုံတစ်ခုရဲ့ လှည့်စားမှုကို မခံရတော့ဘူး။ သင် ဘယ်လောက်လုပ်နိုင်ဆိုတာကို သင်ကိုယ်တိုင် သတ်မှတ်တာပဲဆိုတာ သဘောပေါက်လာပါလိမ့်မယ်၊ ပြီးတော့ ဒီကမ္ဘာကြီးထဲမှာ သင့်ရဲ့ ကိုယ်ပိုင်လွတ်လပ်မှုကိုလည်း ဖန်တီးနိုင်ပါလိမ့်မယ်။ ၃။ စိတ်ရှည်ပါ၊ ခံနိုင်ရည်ရှိပါ။ ” ကြီးမားတဲ့ တောင်တစ်ခုကို တက်ပြီးတဲ့အခါ၊ နောက်ထပ်တက်စရာ တောင်တွေ အများကြီးရှိနေသေးတယ်ဆိုတာကိုပဲ တွေ့ရလိမ့်မယ်” ကျနော်တို့ လိုချင်နေတဲ့ ဘယ်အရာကိုမဆို အခုချက်ချင်းရမယ်ဆိုရင် တကယ်ကောင်းလိမ့်မယ်။ အဲဒီလိုမျိုးကလည်း ဖြစ်မလာတတ်တာက များပါတယ်။ အောင်မြင်တဲ့သူတွေရဲ့ အမူအကျင့်တစ်ခု၊ သော့ချက်တစ်ခုကတော့ တခြားသူတွေ ရိုးရှင်းစွာပဲ လက်လျှော့ပြီး အိမ်ပြန်သွားတဲ့အချိန်မှာ သူတို့ဟာ စိတ်ရှည်ကြတယ်၊ ခံနိုင်ရည်ရှိကြတယ်ဆိုတာပါပဲ။ ပြဿနာက – အောင်မြင်မှုအတွက် ကျနော်တို့စိတ်ထဲမှာ သတ်မှတ်ထားတဲ့ အချိန်ကာလ ဘောင်ဟာ နည်းနည်းတော့ အကောင်းမြင်ဆန်လွန်းနေပါတယ်။ ကြော်ငြာတွေက ကျနော်တို့ဟာ မြန်မြန်ဆန်ဆန်အောင်မြင်နိုင်တယ်လို့ ပြောနေကြတယ်။ မြန်ဆန်လွယ်ကူစွာအောင်မြင်ခြင်းဆိုတဲ့ အတွေးဟာ လူမှုဝန်းကျင်မှာ စိမ့်ဝင်နေတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ အဲဒီအတွေးကိုယ်တိုင်ဟာ ပျင်းရိနေတတ်ပြီး ဖြတ်လမ်းတွေကို လိုချင်နေတတ်ပါတယ်။ လူတွေကို သူတို့ရဲ့ ပြဿနာတွေ ဖြေရှင်းပေးမယ့် “မှော်ဆေးလုံး” ရောင်းဖို့ဆိုတာ လွယ်ကူပါတယ်။ အခု ကျနော်ပြောနေတာက သင်ဟာ တစ်ခါတစ်ရံမှာ အောင်မြင်မှုကြီးကြီးမားမားကို မြန်မြန်ဆန်ဆန်နဲ့ ရနိုင်တယ်လို့ ပြောနေတာမဟုတ်ပါဘူး။ အများအားဖြင့် အဲဒါက အချိန်ယူတတ်ပါတယ်။ သင် မျှော်လင့်ထားတာထက်ပိုပြီး အချိန်ကြာတတ်ပါတယ်။ ဒီတော့ ဖြစ်လာနိုင်တဲ့အတားအဆီးတွေကိုပါ ထည့်သွင်းထားတဲ့ အချိန်ကာလ ဘောင်တစ်ခုကို သင် ဘယ်လိုသတ်မှတ်နိုင်ပါသလဲ? ၄။ သင့်ကိုယ်သင် အသိပညာပေးပါ ” ပညာရေးဟာ ကမ္ဘာကြီးကိုပြောင်းလဲဖို့ သင်အသုံးပြုနိုင်တဲ့ စွမ်းအားအရှိဆုံး လက်နက်ပါပဲ” သင်လိုချင်တဲ့အရာ၊ သင်အောင်မြင်ချင်တဲ့အရာတစ်ခုနဲ့ ပတ်သက်ပြီး သိစရာရှိတာတွေကို သင့်ကိုယ်သင် အသိပညာပေးခြင်းအားဖြင့် သင်ဟာ စွမ်းအင်တွေအများကြီးကို ရရှိနိုင်ပါတယ်။ ဒါကြောင့် စာအုပ်တွေဖတ်ပါ၊ Blog တွေဖတ်ပါ။ စာအုပ်ဆိုင်တွေမှာ စာအုပ်မ၀ယ်ခင် အညွှန်းကို အရင်ဖတ်ကြည့်ပါ။ သင်အမှန်တကယ်လုပ်ချင်တဲ့အရာတစ်ခုကို လုပ်ပြီးသွားတဲ့လူတွေကို သူတို့ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ မေးမြန်းပါ။ တစ်စုံတစ်ယောက်က သင့်ကို ကူညီခဲ့သလိုမျိုးပဲ တခြားတစ်ယောက်ယောက်ကို ကူညီဖို့ ကြိုးစားပါ။ အဲဒါဟာ သင်ပြုလုပ်နေတဲ့အရာနဲ့ပတ်သက်လို့ ပိုပြီး နားလည်လာဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။ သင့်ကိုယ်သင် အသိပညာပေးခြင်းဟာ၊ စူးစမ်းလိုစိတ်လိုပါပဲ၊ မြူဖုံးနေတဲ့ ကြောက်ရွံ့စိတ်တွေကို ဖယ်ရှားပေးပါတယ်။ သင့်ကို လက်တွေ့မလုပ်ဆောင်ဖြစ်အောင်၊ သင်အမှန်တကယ်လိုချင်တဲ့အရာဆီကို မရောက်အောင် သင့်ကိုနောက်ပြန်ဆွဲနေတဲ့အရာတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ၅။ ရန်သူကို မိတ်ဆွေဖွဲ့ပါ “သင်ဟာ သင့်ရန်သူနဲ့ ငြိမ်းချမ်းရေး ရယူချင်တယ်ဆိုရင်၊ သူနဲ့ အလုပ်တွဲလုပ်ရပါလိမ့်မယ်။ အဲဒီနောက်မှ သူဟာ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်လာမှာပါ” ရန်သူတစ်ယောက် ဒါမှမဟုတ် ကျနော်တို့မနှစ်သက်တဲ့လူတစ်ယောက်ကို မိတ်ဆွေအဖြစ် ပြောင်းလဲဖို့ဆိုတာ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး တွေ့ကြုံမှုဟာ အင်အားကြီးမားလို့ပါပဲ။ ကျနော်တို့ ရှေ့ကိုဆက်ပြီး တွန်းမကြည့်ဘူး၊ မေးခွန်းတွေထုတ်မကြည့်ဘူး၊ ပြီးတော့ မစူးစမ်းကြည့်ဘူးဆိုရင် ကျနော်တို့ရဲ့လူတစ်ယောက်အပေါ်အမြင်ဟာ မူသေ ဖြစ်နေတတ်ပါတယ်။ သေချာတာပေါ့၊ သင့်ရဲ့ အတွင်းစိတ် အဇ္ဈတက သင်မှန်တယ်၊ အဲဒီလူဟာ မှားတယ်လို့ပြောနေတဲ့အတွက် တစ်စုံတစ်ယောက်နဲ့ပတ်သက်တဲ့ သင့်ရဲ့ အမြင်ကို ပြောင်းလဲဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ အဲဒီနည်းလမ်းကနေ လွတ်မြောက်ဖို့အတွက် သော့ချက်ကတော့ သင့်ရဲ့အတွေးတွေကို တစ်သမတ်တည်း ဆုပ်ကိုင်မထားဖို့ပါပဲ။ အတွေးတွေကို သင့်ကို လွှမ်းမိုးချုပ်ကိုင်လာစေမယ့်အစား သင်က အတွေးတွေရဲ့အပေါ်မှာ နေပါ။ ဒါက သင့်ရဲ့ စိတ်ကို ဖွင့်ပေးပါလိမ့်မယ်၊ တစ်စုံတစ်ယောက်နဲ့ ဆက်ဆံရေးကိုလည်း ပြောင်းလဲစေနိုင်ပါလိမ့်မယ်။ ကဲ.. အခု သင် အဲဒီလူကို ဘယ်လိုမျိုး မိတ်ဆွေဖွဲ့နိုင်သလဲ။ အမြန်ဆုံးအကြံပြုရရင်တော့ အဲဒီလူနဲ့ပတ်သက်ပြီး ကောင်းတဲ့အချက်တွေကို ရှာဖွေကြည့်ပါ။ ၆။ သင် အရှုံးမပေးသ၍ သင် မရှုံးသေးဘူး ” လွတ်လပ်ခြင်းကိုရောက်ဖို့ အလွယ်လမ်းဆိုတာ မရှိဘူး။ ကျနော်တို့ အလိုရှိရာ တောင်ထိပ်ကိုမရောက်ခင်မှာ သေမင်းအရိပ်တွေ ထင်ဟပ်နေတဲ့ တောင်ကြားတွေကိုလည်း ဖြတ်ကျော်ကြရလိမ့်မယ်” သင့်ရဲ့ အောင်မြင်ရေးခရီးလမ်းဟာ မင်ဒဲလားနဲ့ တောင်အာဖရိကက လူတွေရဲ့ အောင်မြင်ရေးခရီးလမ်းလောက် မဆိုးရွားနိုင်ပါဘူး။ ဒါပေမယ့် သင့်မှာလည်း ဆိုးရွားတဲ့အချိန်တွေ၊ အခက်အခဲနဲ့ နာကျင်မှုအချိန်တွေ ရှိမှာပါပဲ။ သင်ဟာ တစ်ခုခုကို စတင်လိုက်တဲ့အခါ၊ သင့်မှာ စိတ်အားထက်သန်မှုတွေ၊ အိပ်မက်တွေ ရှိလာပါတယ်။ တချို့နေရာတွေမှာတော့ ရှုပ်ထွေးမှုတွေ မသေချာမှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ သင်အရှုံးပေးသင့်သလား? ဟုတ်ပါတယ်.. တစ်ခါတစ်လေမှာတော့ အဲဒီအချိန်ဟာ ရပ်ရမယ့်အချိန်ဖြစ်ပြီး အသစ်တစ်ခုကို ပြောင်းလုပ်ရမယ့်အချိန် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အများအားဖြင့် ကမ္ဘာကြီးဟာ သင့်ကို စမ်းသပ်လေ့ရှိပါတယ်။ သင် အဲဒီအရာကို အမှန်တကယ်လိုချင်ရဲ့လားဆိုတာ ကမ္ဘာကြီးက သိချင်တယ်။ အဲဒီအချိန်ဟာ သင် အမှန်တကယ် ရှေ့ကို ဆက်သွားရမယ့်အချိန်၊ ဘယ်လိုအတားအဆီးတွေကမှ သင့်ကို ရပ်တန့်အောင်လုပ်ဖို့ ခွင့်မပြုရမယ့်အချိန်ပါပဲ။ ရှုံးနိမ့်တယ်ဆိုတာဟာ ပုံမှန်ပါပဲ။ အမှားတွေကို ပြုလုပ်တယ်ဆိုတာဟာလည်း ပုံမှန်ပါပဲ။ အအောင်မြင်ဆုံးဆိုတဲ့လူတွေဟာ ရှုံးနိမ့်မှုအများဆုံးလူတွေဖြစ်ခဲ့ကြတယ်။ သူတို့ဟာ အမှားတွေ၊ ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူကြတယ်။ တခြားသူတွေ အရှုံးပေးနေချိန်မှာ သူတို့ဟာ ပိုပြီး ခွန်အားရှိလာကြတယ်၊ ပိုပြီး ပျော့ပြောင်းလာကြတယ်၊ ပိုပြီး ခံနိုင်ရည်ရှိလာကြပါတယ်။ ၇။ အခု လုပ်ပါ ” ကျနော်တို့ဟာ အချိန်ကို ပညာရှိစွာ အသုံးချရမယ်၊ ပြီးတော့ မှန်တဲ့အရာကိုလုပ်ဖို့အတွက်ဆိုရင် အမြဲတမ်း အချိန်ကောင်းပဲဆိုတာကို သဘောပေါက်ကြရမယ်” အခြေအနေတွေဟာ ဘယ်တော့မှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ လက်တွေ့စလုပ်ဖြစ်ဖို့အတွက် အရာရာ ပြီးပြည့်စုံတဲ့နေ့ကို စောင့်နေမယ်ဆိုရင်တော့ သင့်ရဲ့ တစ်ဘ၀လုံးကို စောင့်ဆိုင်းခြင်းနဲ့ပဲ ကုန်လွန်စေရပါလိမ့်မယ်။ အဲဒီလိုနေ့မျိုးဟာ ဘယ်တော့မှဖြစ်မလာတာ များတယ်လေ။ သင်ဟာ တစ်ခုခုကို ပြုလုပ်ချင်တယ်၊ ဒါပေမယ့် အနာဂတ်ကာလ တစ်နေ့နေ့မှာ လုပ်ဖြစ်လိမ့်မယ်ဆိုတဲ့ လူအများစု ကြုံတွေ့နေရတဲ့ ထောင်ချောက်ထဲကို မ၀င်မိပါစေနဲ့။ ပထမဆုံးခြေလှမ်းကို စလှမ်းဖို့အတွက် မှန်ကန်တဲ့အချိန်ဟာ အများအားဖြင့်တော့ အခုလက်ရှိအချိန်ပါပဲ။ အကယ်၍ သင်ဟာ အဲဒီအရာကို မလုပ်ချင်သေးဘူး၊ မစချင်သေးဘူးဆိုရင်လည်း သင့်ရဲ့ အတွင်းထဲက ခုခံမှုတွေကို လက်မခံပါနဲ့။ သင့်ရဲ့ အတွေးတွေနဲ့ စိတ်ခံစားမှုတွေက ဘာကိုပဲပြောနေပြောနေ သင်ဟာ တစ်ခုခုကို စလုပ်နိုင်ပါတယ်။ ၈။ ရွေ့နေတာကို အခု မရပ်လိုက်ပါနဲ့ ” ရေ စတင် ဆူပွက်လာချိန်မှာ အပူပေးနေတာကို ရပ်လိုက်ခြင်းဟာ ရူးမိုက်တာပါပဲ” ဒါကို လူအတော်များများ သတိမထားမိကြဘူးလို့ ကျနော် ထင်ပါတယ်။ အောင်မြင်မှုတစ်ခုကို ရပြီးတဲ့အခါ သင် ဘာလုပ်သလဲ? အများအားဖြင့် လုပ်ဆောင်နေကြတာကတော့ အေးအေးဆေးဆေး လဲလျောင်းပြီး အောင်မြင်မှုကို ကျေနပ်နှစ်သက်နေကြတာပါပဲ။ အဲဒါနဲ့ပတ်သက်လို့ ဘာမှ မမှားပါဘူး။ ဒါပေမယ့် သင်ဟာ အကြာကြီး နားလိုက်တဲ့အခါ သင့်ရဲ့ အရှိန်ကို ဆုံးရှုံးသွားပါတယ်။ အဲဒီနောက် သင်ဟာ အသစ်တစ်ဖန် ပြန်စရပါလိမ့်မယ်။ အောင်မြင်မှုတစ်ချို့ကို တွေ့မြင်ရတဲ့အခါ သင် ရပ်မနေသင့်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်ဟာ သင့်ရဲ့ အောင်မြင်မှုကို ကျေနပ်ခံစားရမယ့်အချိန်ဖြစ်သလို သင် ဖန်တီးခဲ့ရလာဒ်တွေ၊ လုပ်ဆောင်မှုတွေ၊ အရှိန်အဟုန်တွေနဲ့ ရှေ့ကို ဆက်သွားရမယ့်အချိန်လည်း ဖြစ်ပါတယ်။ ၉။ လူတိုင်းလူတိုင်းဟာ လူသားတွေပဲဖြစ်တယ်ဆိုတာကို နားလည်ပါ ” သင်ဟာ နတ်ဘုရားတစ်ပိုင်းအဖြစ် အဆင့်တိုးမြင့်သွားပြီဆိုရင် သင်ဟာ လူသားတစ်ယောက် မဟုတ်တော့ပါဘူး။ ကျနော့်ကို မင်ဒဲလားအဖြစ်ပဲ သိကြစေချင်ပါတယ်၊ အခြေခံကျတဲ့ အားနည်းချက်တွေနဲ့ လူသားတစ်ယောက်၊ ထောင်သွင်း အကျဉ်းချခံရဖူးတဲ့ လူသားတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်” သင်ဟာ လူတွေနဲ့ ပတ်သက်လို့ ဒဏ္ဍာရီတွေကို ဖန်တီးတဲ့အခါ – သူတို့ဟာ ပုံမှန်ထက်ပိုတဲ့ ရလာဒ်တွေကို ပြုလုပ်နိုင်ခဲ့ရင် သင်လည်း သူတို့လိုအရာတွေကို မပြုလုပ်နိုင်ဘူး၊ သူတို့ဟာ သင်နဲ့ မတူဘူးလို့ ခံစားလာရပါလိမ့်မယ်။ သူတို့တွေဟာ ဘယ်သူတွေပဲဖြစ်နေဖြစ်နေ လူတိုင်းလူတိုင်းဟာ လူသားတွေပဲဖြစ်တယ်ဆိုတာ စိတ်ထဲမှာ သိနေဖို့ အရေးကြီးပါတယ်။ ကျနော်တို့အားလုံးဟာ လူသားတွေပဲဖြစ်တယ်၊ အမှားတွေကို ကျူးလွန်မိတတ်ကြတယ်ဆိုတာကို သတိရဖို့လိုတယ်လို့ ကျနော်ထင်ပါတယ်။ လူတွေနဲ့ ပတ်သက်ပြီး ကျိုးကြောင်းမဆီလျော်တဲ့ စံသတ်မှတ်ချက်တွေကို ဖန်တီးလိုက်တဲ့အခါ သင့်ကိုယ်သင် အဆိုးမြင်အတွေးတွေ ၀င်လာနိုင်ပါတယ်။ ဘားရက်ခ် အိုဘားမား (Barack Obama)ဟာ သူ့ရဲ့ သမ္မတခရီးကို စတင်ခဲ့တုန်းကလို စိတ်မျိုး ရှိဖို့လိုပါလိမ့်မယ်။ ပြီးတော့ သင်လုပ်ခဲ့တဲ့ အမှားတွေအတွက် သင့်ကိုယ်သင် ဒဏ်ခတ်အပြစ်ပေးတာလိုမျိုး အသုံးမ၀င်တဲ့ အလေ့အကျင့်တွေကိုလည်း ရှောင်ကျဉ်ဖို့ အရေးကြီးပါတယ်။ အဲဒီအစား- သင် ဘယ်နေရာမှာ မှားသွားတယ်၊ သင့်ရဲ့ အမှားကနေ ဘာတွေ သင်ယူနိုင်တယ်ဆိုတာကို ရှင်းလင်းစွာ ကြည့်ပါ။ အဲဒီနောက် တစ်ဖန်ထပ်ကြိုးစားပါ

Tuesday, 25 February 2014

ငါးနှစ်သးအရွယ် ကလေးဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ

ငါးနှစ်သားအရွယ်ကလေး လုပ်နိုင်သော လှုပ်ရှုပ်ရှားမှုများမှ ခြေတစ်ချောင်းတည်း ပေါ်တွင် ဘယ်ညာပြောင်း၍ ခုန်တက်ခြင်း၊ ကြိုးခုန်တတ်ခြင်း၊ ခပ်နိမ့်နိမ့်အရာများကို ကျော်၍ခုန်တက်ခြင်း၊ ကဆုန်ပေါက်၍ ပြေးတတ်ခြင်း၊ အရုပ်ကိုမြင်းကဲ့သို့ စီးတတ်လာခြင်းတို့ဖြစ်သည်။ ငါးနှစ်အရွယ်ကလေး၏ ကာယဖွံ့ဖြိုးမှုအတွက် အောက်ပါအတိုင်း လေ့ကျင့်ပေးပါ။
(က) ကလေးငယ်အားခြေစုံရပ်၍ ရှေ့သို့ ခြောက်လက်မခန့်ခိုင်းပါ။ ထို့နောက် နောက်ဘက်မှုလနေရာသို့ ပြန်ခုန်ခိုင်းပါ။ ယင်းသို့ ရှေ့ခုန်၊ နောက်ခုန် ပုံမှန်နောက်ခုန် လုပ်ခိုင်းပါ။
(ခ) ကလေးကို ခြေဖျားထောက်စေ၍ အထက်ပါအတိုင်းရှေ့ခုန် နောက်ခုန်လုပ်ခိုင်းပါ။
(ဂ) ကြိုးခုန်ခိုင်ပါ၊ ကြိုးခုန်ရာ၌ ခြေဖ၀ါးနှစ်ဘက်လုံးမြေထိအောင် ရှေ့ခုန်၊ နောက်ခုန် ပြုလုပ်စေပါ။
(ဃ) ခြေနှစ်ချောင်းလုံးဖြင့် ပတ်လည်ခုန်ပေါက်သွားပါစေ။ ထို့နောက် ခြေဖျားထောက်၍ ရှေ့ခုန်နောက်ခုန် ပြုလုပ်ခိုင်းပါ။ ထို့နောက် ညာခြေတစ်ချောင်းတည်းအသုံပြု၍ ဆယ်လှမ်း၊ ထို့နောက် ဘယခြေတစ်ချောင်းတည်းသုံး၍ ဆယ်လှမ်း ခုန်ပေါက်သွား ပါစေ။
(င) ခြေတစ်ချောင်း ထောက်ကြိုးခုန်ပြီး လှည့်လည်ပါစေ။
ဘာသာစကားဖွံ့ဖြိုးမှုအတွက်လေ့ကျင့်ခန်းများ
ငါးနှစ်အရွယ်ကလေးသည် စကားပြောရာတွင် စကားအချို့အသံထွက်များ မှားနေသော်လည်း အဓိပ္ပါယ်ရှိပြီး အဆင့်မြင့်စွာ ပြောလာနိုင်ပါသည်။ အတွေ့အကြုံ အတွင်းမှာ စကားလုံးများသုံး ပါက အပြန်အလှန်စကားပြောလာနိုင်ပါသည်။ “သူ” “သူတို့” စသည်ဖြင့် နာမ်စားအချို့ကို မှန်ကန်စွာ ပြောတတ်လာပါည်။ ခက်ခဲသော အသံထွက်များဖြစ်သည့် ဇ၊ ဈ ၊ ချ၊ ဂျ၊ ရှ စသည် တို့ကို ပီသစွာပြောတတ်လာပါသည်။ မိသားစုပြောဟန်နှင့် ပတ်ဝန်းကျင်ပြောဟန်ကို နှိုင်းယှဉ် လာတတ်ပြီးဖြစ်ပါသည် စကားလုံးအဓိပ္ပါယ်ကို မေးတတ်လာသည်။ ကျိုးကြောင်းဆက်စပ် နေသော ညွှန်ကြားချက်(၃)ရပ်ကို လိုက်နာဆက်သွယ်တတ် လာပါသည်။
ငါးနှစ်အရွယ်ကလေး ဘာသာစကားဖွံ့ဖြိုးမှုအတွက် အောက်ပါအတိုင်း လေ့ကျင့်ပေး ပါ။
(က) ကလေး၏ မပီသသော အသံထွက်များကို ကလေးရှေ့တွင် လေးလေးမှန်မှန်ဆိုပြပါ။ ကလေးကိုအတုယူ၍ပြန်ဆိုခိုင်းပါ။ တစ်ရက်နှစ်ရက်ခန့်အသံထွက် ရွတ်ဆိုပါစေ၊ အသံထွက်မှားသော စကားလုံးပြုပြင်ပေးပြီးနောက် ၀ါကျတစ်ကြောင်းလုံး ပြန်ပြောခိုင်းပါ။
(ခ) ကလေးနှင့်စကားပြောနိုင်ရန် အချိန်ထုတ်ပါ။ ပြောဆိုမည့် စကားလုံးနှင့် အကြောင်း အရာကို ကလေးအား ဦးဆောင်ခိုင်းပါ။ ကလေးပြောသည့်စကားလုံးများနှင့် သရုပ်ဖော် စကားလုံးများထပ်ထည့်ဖြည့်စွက်ပေးပါ။ ကလေးပြောသည့် စကားလုံးများ နှင့် သရုပ် ဖော်စကားလုံးများ “ဟိုပန်းအနီလေးလှတယ်၊ ဟုတ်လား” ဟူ၍ ၀ါကျရှည်ဖြင့် ပြောပေးပါ။
(ဂ) တနှင့်သ၊ စနှင့်ဆ၊ စနှင့်ရှ အသံကွဲပြားပုံကို ဂရုစိုက်သင်ကြားပေးပါ။
(ဃ) အိပ်ခန်းထဲက မျက်မှန်ရယ်၊ သတင်းစာရယ်ယူပေးပါဟု ညွှန်ကြားပြီး အကဲခတ် ကြည့်ပါ။ဆောင်ရွက်မှုမှားပါက သတိပေးင အလုပ်ပြီးသည်ထိ ထပ်ခိုင်းပါ။
(င) ကလေးနားမလည်သော စကားလုံးများကို မေးရန်အားပေးပါ၊ မေးပါက ဂရုတစိုက်ဖြေပါ။ မသေချာပါက အဘိဓါတ်၌ရှာပါ။ အဘိဓါန်ရှာစဉ် ကလေးလည်း လိုက်ကြည့်ပါစေ။
ငါးနှစ်အရွယ်၏ တစ်ကိုယ်ရေ ထိန်းသိမ်းနိုင်မှုနှင့် လူမှုဆက်ဆံရေးဖွံ့ဖြိုးမှု
ငါးနှစ်အရွယ်ကလေးသည် သူတစ်ပါးကို အကူအညီပေးရမည့် လုပ်ငန်းများကို လုပ်ကိုင်တတ် လာပြီဖြစ်သည်။ ယှဉ်ပြိုင်ကစားရသည်ကို နှစ်သက်ပြီး ပြိုင်ပွဲစည်းကမ်း ကိုလည်း လိုက်နာ တတ်လာပြီဖြစ်သည်။ စိတ်ကူးနှင့် လက်တွေ့ဖြစ်ရပ်၊ အမှန်နှင့်လိမ်ညာခြင်းတို့ကို လည်း ခွဲခြားတတ်လာပါသည်။ အရွယ်စုံကြယ်သီးများကို ကိုယ်တိုင်ဖြုတ်တတ်၊ တတ်တတ် လုပ်နိုင် လာပါသည်။ ကျား-မ လိင်မတူသည့် သဘော၊ အတန်းအဖွဲ့ကွဲ့သည့် သဘောများကို လည်း နားလည်စပြုလာပါသည်။ ကစားခြင်းကိုလည်း တစ်ရက်မှ အခြားတစ်ရပ်သို့ပြောင်း၍ ပတ်ဝန်းကျင်အကြောင်း မေးတတ်လာပါသည်။ တစ်ကိုယ်ရေထိန်းသိမ်းမှုနှင့် လူမှုဆက်ဆံရေး ဖွံ့ဖြိုးမှုအတွက် အောက်ပါအတိုင်း လေ့ကျင့်ပေးပါ။
(က) ထမင်းပွဲပြင်ရာတွင်လည်းကောင်း၊ အိမ်ရှင်းလင်းရာတွင်လည်းကောင်း၊ ခြံရှင်းရာတွင် လည်းကောင်း ကလေးကိုပါဝင်ပါစေ။ သူဘာလုပ်ရမည်ကိုဆိုသည်ကို ရှင်းလင်းလွယ် ကူစွာပြောပါ။ လွယ်ကူသောအလုပ်ကိုခိုင်းပါ။ သေသပ်စွာဆောင်ရွက်မှုအတွက် ချီးကျူးပါ။
(ခ) အခြားကလေးများနှင့်အတူပြိုင်ပွဲစည်းကမ်းနှင့်အညီ ကစားရသော ကစားနည်း၌ ပါဝင်ပါစေ။ ပြိုင်ပွဲစည်းကမ်းကို လွယ်ကူပါစေ။ ကလေးကို နားလည်အောင်ပြောပြပါ။ စည်းကမ်းအတိုင်ကစားသည့်အတွက် ကလေးကို ချီးမွမ်းပါ။ အရှုံးကို လက်ခံနိုင်အောင် အားပေးပါ။ အမြဲမနိုင်နိုင်ကြောင်း နောက်တစ်ကြိမ်နိုင်အောင်ကြိုးစားရန်လိုကြောင်း စသည်ဖြင့် ပညာပေးပါ။
(ဂ) ပတ်ဝန်းကျင်တွင် တွေ့ရသော ခွေး၊ ကြောင်၊ ကြက်၊ ဘဲ စသည့် သတ္တ၀ါများ၊ ကား၊ မီးရထား၊ သင်္ဘော၊ လေယာဉ်ပျံစသည့်ယာဉ်များ၏ လှုပ်ရှုားမှုများနှင့် အသံများကို ကလေးအားပြုခိုင်းပါ။ အပင်းများ၏ အသွင်လည်း ဆောင်ပိုင်းပါ။
(ဃ) အစားမစားမီနှင့် စားပြီး လက်ဆေးခြင်း၊ ဗိစ်မိလ်လာဆို၍စားခြင်း၊ စနစ်တကျစားခြင်း ကိုသင်ပေးပါ။ အိမ်သာတက်စဉ် ရေသုံးခြင်းကို ဂရုစိုက်သင်ပါ။
(င) စကားပြောရာတွင် မျှတခြင်း၊ ယဉ်ကျေးစွာဆက်ဆံခြင်း၊ ကြင်နာစွာပြောခြင်း၊ သည်းခံခြင်းကို ပညာပေးပါ။ ဤအရွယ်တွင် ဘက်လိုက်မှု၊ တစ်ဘက်သတ်အမြင်များ အမြစ်တွယ်တယ်သဖြင့် အထူးဂရုပြုသင်ကြားပေးပါ။
အနုစိတ်ကာယလှုပ်ရှားမှုနှင့် အာရုံသိဖွံဖြိုးမှု
ငါးနှစ်အရွယ်တွင် မိမိဖိနပ်ကို မိမိဝတ်တတ်ခြင်း၊ ဓါးတစ်ချောင်းဖြင့် အသီးကို ခွဲတတ်လာခြင်း လေးထောင့်ပုံကို ကူးယူတတ်လာခြင်း၊ ရွေးချယ်ရာတွင် အကျိုး အကြောင်းအခြေခံပြီး စဉ်းစားတတ်လာခြင်း (မိဘ၏ အကူအညီလိုသေးခြင်း) အချက်အလက်သိလိုမှုကြောင့် မေးခွန်းများမေးတတ်လာခြင်း၊ သက်မဲ့ရုပ်လောက ကိုလည်းကောင်း၊ အရေအတွက်၊ ပမာဏ၊ အချိန်၊ နေရာ စသည့်တို့နှင့် ပတ်သတ်၍ မေးခွန်းများ မေးလာခြင်းတို့ ပြုလာပါသည်။
ကလေးကို လေ့ကျင့်ပေးရန်မှာ ပေါင်းမှန့်အပျော့ပေါ်တွင် ထောပတ် (သို့မဟုတ်) ယိုကို ညီညီညာညာနေရာအနှံ့သုတ်စေခြင်း၊ ထို့နောက် ပေါင်မုန့်မီးကင် သို့မဟုတ် မုန့်ကြွတ်၊ ဘီစကစ်အပေါ်၌ သုတ်စေခြင်း လေ့ကျင့်ပေးပါ။ ကလေးဒီနေ့ ဘာလုပ်မလဲဟူ၍ စိတ်ကူးရှိ-မရှိမေးပါ။ သူလုပ်လိုသောလုပ်ငန်းတွက် ပစ္စည်းများ အကြောင်းဆွေးနွေးပါ။ အရာဝတ္ထုတစ်ခု ၏ လုပ်ငန်းနှင့်အသုံးဝင်ပုံများကို ဆွေးနွေး ပြပါ။ နှစ်ခြင်း၊ နွှာခြင်း၊ လှီးခြင်း၊ လောင်းထည့်၊ ရောမွှေ၊ ညှစ်၊ ချေ၊ ခွဲ လှန်၊ ထောင်း ခြင်း စသည့်ပိုမိုခက်ခဲသော အလုပ်များကို တစ်စအသိပေး ပါ။ တို့ကို လိုက်ဆွဲ ပါစေ။
ကျောင်းသားအရွယ်ရင်သွေးငယ်
ငရဲမီးမှကာကွယ်ကြ “အို - အမှန်တရားကို သက်ဝင်ယုံကြည်ကြသူအပေါင်းတို့၊ အသင်တို့သည်မိမိတို့ ကိုယ်ကို လည်းကောင်း၊ မိမိတို့၏အိမ်သားတို့ကိုလည်းကောင်း၊ ငရဲမီးမှ ကာကွယ်ကြ” (ကုရ်အာန် ၆၆း၆)
ငရဲမီးမှ ကာကွယ်ခြင်းဟူသည် အစ္စလာမ်ဘ၀တည်ဆောက်မှုလမ်းစဉ်ကို သိအောင်ပညာပေး ခြင်း၊ ယင်း၏လမ်းညွှန်ချက်များအတိုင်း လိုက်နာအောင် စီမံခန့်ခွဲခြင်းတို့ဖြစ်သည်။ ထို့ကြောင့်တမန်တော်မြတ်၏ သြ၀ါဒတွင်လည်း ဖခင်နှင့် မိခင်တို့အား အထူးသတိပေး ထားကြောင်း တွေ့ရ၏ “ဖခင်တစ်ဦးအနေဖြင့် မိမိ၏ရင်သွေးအား ပေးနိုင်သည့် အကောင်းဆုံး လက်ဆောင်မှာ ၎င်းအတွက်ကောင်း မြတ်သောပညာနှင့် လေ့ကျင့်ရန်စီစဉ်ခြင်းဖြစ်ပေသည်။” (မိရှ်ကသ်ကျမ်း)
“ အမျိုးသမီးသည် မိမိတို့၏ခင်ပွန်၏အိမ်နှင့် သားသမီးတို့အား ထိန်းသိမ်းစောင့် ရှောက်သူဖြစ်သည့် အလျောက် ယင်းတို့နှင့်ပတ်သတ်၍ စစ်ဆေးခြင်း ခံရမည်ဖြစ် ပေသည်” (မိရှ်ကာသ်ကျမ်း)
ဖခင်နှင့်မိခင်နှစ်ဦးစလုံး၏တာဝန်
အစ္စလာမ့်လမ်းစဉ်အရ မိသားစုဖွဲ့စည်းပုံတွင် အမျိုးသားသည် အမျိုးသမီးထက် မွေးရာပါမြင့်မြတ်သည်ဟူ၍ မရှိချေ။ ကျား-မအားလုံးကို အလ္လာဟ်က နဖ်စ်ဝိညာဉ်အမျိုးအစားတစ်ခုတည်း မှ ဖန်ဆင်းထားခြင်းဖြစ်ပေသည် (ကုရ်အာန် ၄း၁)။ လူသားတစ်ဦးနှင့်တစ်ဦး သာလွန်မြင့် မြတ်ခြင်းကို သတ်က၀ါခေါ် အလ္လာဟ်သိစိတ်မပြတ်ထား၍ တာဝန်ကျေခြင်းဖြင့် တိုင်းတာမည် ဖြစ်သည်။ ကုရ်အာန် ၄၉း၁၃)။ အိမ်ထောင်တာဝန်ခွဲဝေမှုတွင် အမျိုးသား၏ ရုပ်ခန္ဓာဖွဲ့စည်းပုံ သဘာဝအရ အမျိုးသမီးများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရသူ အိမ်ထောင် ဦးစီးများ (××××) အဖြစ်တာဝန်ပေးထား၏။ (ကုရ်အာန်၎း၃၄)။ အမျိုးသမီးများကိုမှု လူ့အဖွဲ့ အစည်းဝင်းများဖြစ်လာမည့် ရင်သွေးငယ်များကို အနီးကပ်ပုံသွင်း သူအိမ်ထောင်ရှင်မ များအဖြစ် တာဝန်ပေးထား၏ အစ္စလာမ့်တွင် ဦးဆောင်မှုပြုသူများကို ကျန်သူများနှင့် ရှုရာခေါ်ညှိနှိုင်း ဆောင်ရွက်ရန်ညွှန်ကြားထား၏။ (ကုရ်အာန် ၃း၁၅၉)။ ထို့ကြောင့် ခင်ပွန်နှင့် ဇနီးတို့သည် မိသားစုရေးရာများကို အကောင်းဆုံးဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရှင်ပြန်ထမြောက်ရမည့် နေ့တွင် စစ်ဆေးခံကြရမည်ဖြစ်ပေသည်။

ကောင်းမြက်သော သားသမီးထားခဲ့ရန် တမန်တော်မြတ်၏ သြ၀ါဒ

“လူတစ်ဦး၏ (ကောင်းမှု၊ မကောင်းမှု) လုပ်ရပ်များသည် ထိုသူသေဆုံးသည်နှင့် ရပ်ဆိုင်း သွား၏။ သို့သော် ထိုသူသေဆုံးပြီးသော်လည်း သူ၏ကောင်းမှုအကျိုး ကျေးဇူးမရပ်သော လုပ်ရပ်သုံးခုရှိ၏။ ဆွဒကဟ် ဂျာရီယဟ်ခေါ် ထာဝရကောင်းမှု အကျိုးရှိစေမည့်အလှူ၊ အကျိုးဖြစ်ထွန်းစေသည့်ပညာနှင့် သူ( မိဘ) အတွက် ဆုမွန်ဒုအါအ်ပြုပေးသည့် ကောင်းမြတ် သောသားသမီးထားရှိခဲ့ခြင်းပင်းဖြစ်သည်။” (မုစ်လင်မ်ကျမ်း)
လူတိုင်းသည် မိမိ၏ လုပ်ရပ်အတိုင်း ကောင်းမှု၊ မကောင်းမှုအကျိုးစစ်ဆေးခံကြရမည် ဖြစ်သည်။ သို့သော် မုစ်လင်မ်တစ်ဦးအနေဖြင့် အခြားမုစ်လင်မ်ညီနောင်များအတွက် ‘မဃ်ဖိရသ်’ ခေါ်လွတ်ငြိမ်းချမ်းသာခွင့် ဆုမွန်ဒုအါအ်ပြုပေးရန် လမ်းညွှန်ထား၏ (၅၉××)။ ထို့ကြောင့် မိဘကျေးဇူးသိတတ်ပြီး ကိုယ်ကျင့်တရားကောင်းမြတ်သော သား၊ သမီးများပျိုးထောင်ထားခဲ့ရန် ညွှန်ပြခဲ့ခြင်းဖြစ်၏။
>ကျောင်းရွေးချယ်ခြင်း
၅-နှစ်အရွယ်မှစ၍ နောက်ထပ်ငါးနှစ်တာကာလသည် ကလေးသည် ခေတ်ပညာမှုလတန်း အဆင့်ပညာရေးကို တတ်ရောက်ရတော့မည်ဖြစ်သည်။ ထို့အတူ အစ္စလာမ်ဘာသာရေး ကျောင်းကိုလည်း တတ်ရောက်ကြတော့မည်ဖြစ်သည်။ ထိုကာလအတွင်းကလေးသည် သြဇာသက် ရေက်မှုအသစ်အဆန်းများ၊ သင်ကြားမှုများ ပုံသွင်းမှုများခံရမည်ဖြစ်ရာ ယင်းတို့ကို မိဘက တိုက်ရိုက်ကွပ် ကဲနိုင်စွမ်းရှိပါ။ ထို့ကြောင့် မိဘအုပ်ထိန်းသူအနေဖြင့် အခြေအနေ ပေးက ကျောင်းရွေးချယ်တတ်ရန်လိုအပ်သည်။
(က) ကလေးသည်သူမြင်သမျှကို အတုယူမည်ဖြစ်ရာ ကိုယ်ကျင့်တရားကောင်းသောအပြု အမှုအပြောအဆိုကောင်းမြတ်သော ဆရာများ၊ ၀န်ထမ်းများရှိသောကျောင်း။
(ခ) အခြားသောကျောင်းသားကလေးများသည် အသင့်ကလေးအပေါ် ကြီးမားသောသြဇာ သက်ရောက်မှုရှိမည်ဖြစ်ရာ မိမိကလေးအတွက် ပျော်ရွှင်ဖွယ်စည်းကမ်းရမည့်ကျောင်း မျိုးကို ရွေးချယ်သင့်ပါသည်။
ကျောင်းများအနေဖြင့် ကျောင်းသားများကို အကောင်းဆုံးအဆင့်အတန်းဖြစ်စေရန် ပညာပေးခြင်း၊ လေ့ကျင့်ခြင်းများ ပြုကြပါသည်။ ယင်းလုပ်ငန်းအောင်မြင်စေရန် မိဘအုပ်ထိန်း သူတို့၏ ပူးပေါင်းဆောင်ရွက်မှု အကူအညီလည်း လိုအပ်ပါသည်။ ကလေး၏စာပေအရည် အသွေးတိုးတက်ကောင်းမွန်ရေးကို တတ်အားသရွေ့ ကူညီပေးပါ။
အိမ်စာသည် ပညာရေး၏အခြေခံလိုအပ်ချက်တစ်ရက်ဖြစ်ပါသည်။ ကလေးများ အတွက် ကျောင်း၌ပညာသင်ပြီး အကြောင်းအရာများကို ပြန်လည်လေ့လာစေ ခြင်းသာမက မိဘအုပ်ထိန်းသူများအတွက် ကျောင်းနှင့် ကလေး၏ ပညာရေးအဆင့် အတန်ကို သတိပြုနိုင်စေရန် အခွင့်အရေးတစ်ရပ်ဖြစ်ပေသည်။ ကလေး၏ စာပေ အရည်အသွေးတိုးတက်ကောင်းမွန်ရေးကို တတ်အားသရွေ့ကူညီပေးပါ
ဘ၀အတွက်လေ့ကျင့်ပေးခြင်း
တမန်တော်မြတ်သည် ရေကူးခြင်း၊ မြင်းစီးခြင်း မြှားပြစ်ခြင်းတို့ကို သူ့ခေတ်သူ့အခါအရ အားပေးခဲ့သည်။ ထို့ကြောင့် ကလေးငယ်တို့ကို ငယ်စဉ်ကပင် ရေကူးခြင်းအပါအ၀င် ယခုခေတ်နှင့် လျော်ညီသော အားကစားပညာရပ်ကို သင်ကြား ပေးရပေမည်။ ကလေးတို့ကို ငယ်စဉ်ကပင် ကိုယ်ကာယနှင့် စိတ်ဓါတ်ဖွံ့ဖြိုး တိုးတက်စေသော အားကစားဖြစ်စေ၊ အနုပညာဖြစ်စေ စိတ်ဝင်စားအောင် ပြုထားပေး ခြင်းဖြင့် နောင်အခါ မှုးယစ်ဆေးဝါးအပါအ၀င် လွဲမှားသော အသိုင်းအ၀န်းများမှ ရှောင်ရှားစေနိုင်အောင် ဆောင်ရွက်ပေးရမည်။
>ခေတ်ပညာနှင့် ဘာသာရေးပညာနှစ်မျိုးလုံးအရေးကြီးသည်
အစ္စလာမ်သည်(ဒီန်) ဘ၀တည်ဆောက်မှုလမ်းစဉ်ဖြစ်ပေရာ လောကီရေး၊ တမလွန် ရေးဟူ၍ခွဲခြမ်းမှုမရှိ။ လူ့လောက၌ကြုံတွေ့ရမည့် ရေးရာအားလုံးကို အလ္လာဟ်၏ လမ်းညွှန်အတိုင်း နာခံဆောင်ရွက်ရန်ညွှန်ကြားထား၏။ လောကီနှင့်တမန် လွန်နှစ်ဘ၀လုံးကို အလှဆင်ရန် သင်ကြားပေးထား၏။ ထို့ကြောင့် အစ္စလာမ့်ပာရေး စနစ်တွင် ကုရ်အာန်ကို အခြေပြု၍ သိပ္ပံ၊ ၀ိဇ္ဇာ၊ စီးပွားရေး၊ ဥပဒေ၊ ဒဿနပညာရပ်အား လုံးကို သင်ကြားစေသည်။ အစ္စလာမ့် တက္ကသိုလ်များတွင် ယင်းပညာရပ်တို့နှင့်အတူ ကုရ်အာန်၊ ဟဒီဆ်၊ ဖိကဟ်ပညာ ရပ်တို့ကို ယှဉ်တွဲလျက်သင်ကြားပေး၏။ ယင်းကဲ့သို့ ပညာရေးစနစ်မရှိသောနေရာများတွင် မုစ်လင်မ် မိဘများအနေဖြင့် ကလေးများကို လောကီခေတ်ပညာနှင့် ဘာသာရေးပညာ နှစ်မျိုးစလုံးကို တတ်အောင်စီစဉ်သင်ကြား ပေးကြရပါမည်။ (ကုရ်အာန် ၃၅း၂၇-၂၉၊ ၃း၁၉၀-၁၉၁) ကုရ်အာန်ဖတ်ရွတ်လေ့လာစေခြင်း
“. . . ၎င်းပြင် အသင်သည်ကုရ်အာန်ကို အလွန်ကောင်းမွန်စွာရှင်းလင်းပီသအောင် ဖြည်းဖြည်းမှန်မှန် စနစ်ကျစွာ ရွတ်ဖတ်ပါလေ” (ကုရ်အာန် ၇၃း၎)
ကလေးကိုငယ်စဉ်ကပင် သဂ်ျဝီဒ်ခေါ် ကုရ်အာန်ကို စနစ်တကျ ရွတ်ဖတ်နည်းပညာဖြင့် သင်ကြားပေးရမည်။ သင်သည့်ဆရာ သို့မဟုတ် အသံထွက်အမှားများ နှုတ်မှစွဲသွားပါက နောင်ကြီးပြင်းသည့်အခါတွင် ပြင်ရန်ခဲယဉ်သွားပါသည်။ ကလေး သည် ကျောင်း၌ပင် နေ့စဉ် အချိန်တစ်ချိန်သတ်မှတ်၍ ကလေးကို ကုရန်အာန်ရွတ်ဖတ်မှု သင်ကြားစစ်ဆေးပေရမည်။ မိဘကိုယ်တိုင် မတတ်ပါက သဂ်ျဝီဒ်ဖြင့်တတ်ကျွမ်းသူဆရာကို အိမ်ခေါ်၍ တစ်ပတ်တွင် နာရီအနည်းငယ် သတ်မှတ်၍ သင်ပေးပါ။
ဆွလာသ်ဝတ်ပြုတည်ဆောက်ရန်လေ့လာလေ့ကျင့်ပေးခြင်း
မုစ်လင်မ်တိုင်းသည် မိမိကိုယ်တိုင်နှင့် သားစဉ်မြေးဆက်ကို ဆွလာသ်စွဲ မြဲစွာ ဆောက်တည်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်။ နေ့စဉ် ၅-ကြိမ်းဆွလာသ် ၀တ်ပြုမှုသည် အစ္စလာမ်မဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်၏။
တမန်တော်မြတ်၏ သြ၀ါဒမှတ်တမ်းတစ်ရပ်တွင်- “အသင်တို့၏ သားသမီးများကို အသက် ခုနှစ်အရွယ်ရောက်သောအခါ ဆွလာသ်ဝတ်ပြုရန် အမိန့်ပေးကြကုန်လော့။ ဆယ်နှစ်အရွယ် ရောက်သည့်အခါ (ဆွလာသ်ဝတ်ပြုရန် ငြင်းဆန်ခဲ့လျှင်) အပြစ်ပေးလော့။ ဆယ်နှစ်အရွယ် ရောက်ချိန်တွင် ၎င်းတို့အား သီးခြားအိမ်ရာ ခွဲသိပ်လော့” (အဗူဒါဝူဒ်ကျမ်း)
ထို့ကြောင့်မိမိတို့၏ ကလေးငယ်များကို ၇-နှစ်မတိုင်မီကပင် ဆွလာသ်ဝတ်ပြုမှုနှင့် ရင်းနှီးမှုရှိ စေရန် မိဘတို့ဝတ်ပြုမှုအနီး၌ ရှိစေရမည်။ ဒုအာအ်ဆုတောင်း မှုတွင်ပါဝင်စေရမည်။ အခါအား လျာ်စွာ ဗလီဝတ်ကျောင်းတော်သို့ ခေါ်ဆောင်သွား ရမည်။ ၇-နှစ်အရွယ်၌ ဆွလာသ်ဝတ်ပြုမှု တတ်မြောက်ပြီဖြစ်ရမည်။ အလွယ်ဆုံး တစ်ကြိမ်မှစလေ့ကျင့်၍ တစ်စစ ငါးကြိမ်ထိ တိုးမြှင့် လေ့ကျင့်ပေးပါ။ ဆွလာသ်ကို ဂရုမစိုက်က မိဘတို့ လုံးဝမနှစ်သက်ကြောင်း ပြင်းထန်စွာ ပြဆိုထားရမည်။ မိဘကိုယ်တိုင်ကလည်း ဆွလာသ်ကို စံပြ၀တ်ပြုပြင်ရမည်။ အိမ်တွင် မိသားစု ဂျမာအသ်ဖြင့် စုပေါင်း၍၀တ်ပြုချိန်တစ်ချိန်သတ်မှတ်ထားသင့်သည်။ ဤသို့ အားဖြင့် မိသားစု စုစည်းချိန်ရပြီး ဆွလာတ်ဝတ်ပြုပြီးပါက ကုရ်အာန်နှင့် ဟဒီဆ်သြ၀ါဒ လေ့လာချိန် မိသားစု ရေးရာဆွေးနွေးချိန် ပုံမှန်ရရှိလာမည်ဖြစ်သည်။

Wednesday, 19 February 2014

ဆွိယာမ်ဥပုသ်ဆောက်တည်ရန် လေ့ကျင့်ပေးခြင်း

ကလေးငယ်များကို ဆွိယာမ်ဥပုသ်ဆောက်တည်ခြင်း အလေ့အထကို ငယ်စဉ်ကပင် စတင်လေ့ကျင့်ပေးနိုင်သည်။ ရမဒွါန်လတွင် အာရုဏ်ဦးထမင်းထ၍ စားစေခြင်းဖြင့် ကလေးငယ်တို့အား ရမဒွါန်လ၏ ခံစားချက်နှင့် ယင်းလကို ချစ်ခင်မြတ်နိုးစိတ် မွေးမြူပေးရာရောက်ပေသည်။ ထို့နောက် ကျောင်းသားအရွယ်ကလေးငယ်ကို နာရီပိုင်းဖြစ်စေ၊ နေ့တစ်ဝက်ဖြစ်စေ ဆွိယာမ်ဥပုသ်ဆောက်တည်စေခြင်းဖြင့် တစ်စစ အချိန်တိုးမြှင့်ပေးပါ။ သရာဝီဟ်ဆွလာသ်ကို အခါအားလျှော်စွာ ခေါ်သွားပါ။ ကလေးအရွယ် ရောက်ပြီးပါက အချိန်ပြည့် ဥပုသ်ဆောက်တည်ရန်၊
ဆွလာသ်ဝတ် ပြုရန် ဆောင်ရွက်ပါ။
ရက်ရောသော စိတ်မွေးမြူးပေးခြင်း
မိဘအုပ်ထိန်းသူတို့ကို အလှူဒါန်ပြုသောလုပ်ငန်းတွင် သားသမီးကို ရှိနေစေပါ။ သိအောင်ပြောပြပါ။ တစ်ခါတစ်ရံ ကလေးတို့၏လက်ဖြင့် ငွေကြေးဖြစ်စေ၊ ပစ္စည်းဖြစ်စေ သူဆင်းရဲတို့ကို ပေးခိုင်းပါ။ တိရစ္ဆာန်များကို အစာကျွေးခိုင်းပါ။ သစ်ပင်ပန်းပင်များကို မချိုးဖဲ့ရန်ပြောပါ။ ဤသို့အာဖြင့် ရက်ရောစိတ်၊ ကြင်နာစိတ်ဖွံ့ဖြိုးလာစေရန်ဖြစ်ပါသည်။
မိသားစုအတွင်း စားစရာ၊ သောက်စရာများရှိပါက သားသမီးတို့အား လူကြီးမိဘ၏ ပါးစပ်ထဲလာကျွေးရန် အလေ့အကျင့်ပြုပေးပါ။ ပြီးမှ သူတို့စားပါစေ။ ဤသို့အားဖြင့် လူကြီး မိဘကို ဦးစားပေးသည့်အလေ့အကျင့်ဖွံ့ဖြိုးလာနိုင်သည်။ ညီအစ်ကို မောင်နှမများအတွင်း၌ လည်း သူတို့ကို စားစရာဝေပေးခိုင်းပါ။ သူတစ်ပါး၏ အခွင့်အရေးနှင့် တရားမျှတမှုသဘော ဖွံ့ဖြိုးစေရန်ဖြစ်ပါသည်။ ဧည့်သည်ကလေး များလာပါကလည်း မိမိသားသမီးက မျှဝေပေးခိုင်းပါ။ သူတစ်ပါး၏ အခွင့်အရေးနှင့် မျှဝေကျွေးသောဓလေ့ ပျိုးထောင်ပေးပါ။ ကလေးများအကြားမျှဝေစားသောက် တတ်သောဓလေ့ ဖွံ့ဖြိုးအောင်ပြုပေးပါ။
တစ်ခုတည်းသော အွမ်မသ်စိတ်ဓါတ်နှင့် ကအ်ဗဟ်ကျောင်းတော်
“မုချဧကန် အသင်တို့၏ ဤအွမ္မသ်သားချင်းသည် တစ်ခုတည်းသော အွမ်မသ်သားချင်း ဖြစ်ပေသည် . . . ” (ကုရ်အာန် ၂၃း၅၂)
ကမ္ဘာပေါ်ရှိနိုင်ငံတိုင်း၌ မုစ်လင်မ်များရှိကြောင်း၊ အ၀တ်အစားမျိုးစုံ၊ ဘာသာစကားမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံရှိကြောင်း၊ သို့မဟုတ် မုစ်လင်မ်များရှိကြောင်း၊ အ၀တ်အစားမျိုးစုံ၊ ဘာသာ စကားမျိုးစုံ၊ ယဉ်ကျေးမှုတမန်တော်အာဒမ်က ကအ်ဗာကျောင်းတော်ကို တည်ဆောက်ခဲ့ ကြောင်း၊ တမန်တော်အသီးသီးပွင့်ခဲ့ပြီးနောက်ဆုံးတမန်တော်ချုပ်မှာ မုဟမ္မဒ်သခင် ဖြစ်ကြောင်း၊ မက္ကဟ်မြို့၌ မွေးပြီး၊ မဒီနဟ်မြို့၌ ၀ဖသ်ဖြစ်ကွယ်လွန် ကြောင်း၊ ကမ္ဘာ့မုစ်လင်မ် အသီးသီးသည် မည်သည့်နေရာ၌နေနေ ညီညွှတ်ခြင်းကိုပြ သည့်သဘောဖြင့် ‘ကအ်ဗဟ် ကျောင်းတော်သို့ မျက်နှာမှု၍ ၀တ်ပြုကြရကြောင်း၊ တတ်စွမ်းနိုင်သူများကအ်ဗဟ်ပုံ၊ မဒီနဟ်ပုံပြု၍ အွမ်မသ်စိတ်ဓါတ်မွေးပေးပါ။ မုစ်လင်မ်အချင်းချင်း ဂိုဏ်းဂဏအုပ်စု မပြုအပ်ကြောင်း ညီအစ်ကိုမောင်နှစ်မအဖြစ် ဆက်ဆံရမည်ဖြစ်ကြောင်း သွန်သင်ပါ။ မုစ်လင်မ် မဟုတ်သူများကို မုန်းတီးစရာ မလိုဖြစ်ကြောင်း၊ ကမ္ဘာ့မိသားစုအဖြစ် မျှတစွာဆက်ဆံရ မည်ဖြစ်ကြောင်း သို့သော် သူတို့နှင့်အတူအစာစားရတွင် ဟရ်ာမခေါ် တားမြစ်ထားသော တရားများကို သတိပြုရှောင်ရှားရမည်ဖြစ်ကြောင်း၊ အလ္လာဟ်တစ်ပါးတည်းမှအပ အခြားမည် သည့်အရာကိုမျှ ကိုးကွယ်ဆည်းကပ်မှု မပြုအပ်ကြောင်း သင်ကြားပေးပါ။
သေခြင်းတရားအကြောင်း မိတ်ဆက်အသိပေးခြင်း
“ဖိနပ်စ်ဝိညာဉ်တိုင်းသည် သေခြင်းတရားကို မြည်းစမ်းကြရလတ္တံ။” (ကုရ်အာန် ၃း၁၉၅)
မိမိ၏သားသမီးတို့အား သေခြင်းတရားမှ မလွှဲမရှောင်သာသော ကိစ္စဖြစ်ကြောင်း၊ ဈာပနအိမ်သို့ခေါ်သွားပြခြင်း၊ အခါအားလျာ်စွာ ကဗရ်စတန်ဥယျာဉ်တော်သို့ သွားရောက် ဇိယာရ်သ်ပြုရာတွင် ခေါ်သွားပြခြင်းတို့ဖြင့် မိတ်ဆက်ပေးထားပါု။ ကလေးကို မမြင်ရသောသူရဲဖြင့် မခြောက်လှန်ပါနှင့်။ မုစ်လင်မ်ကို တစ္ဆေသူရဲက ကြောက်ကြောင်း အသိပေးပါ။ မုစ်လင်မ်အဖြစ် မသေက ဂျဟန်နမ် ငရဲကျမည့်အကြောင်း သင်ကြားပါ။ ရှဟီဒီခေါ် သာသနာ့အာဇာနည်များအကြောင်း ၀လီသူတော်စင်တို့ အကြောင်း ရှင်းပြပါ။ ယသီမ်ခေါ် မိဘမဲ့ကလေးများ၊ မုဆိုးများကို သနားညှာတာ ကူညီရကြောင်းရှင်းပြပါ။
အပြောအဆိုယဉ်ကျေးသိမ်မွေ့ခြင်း
“ . . . အသင်တို့သည်လူသားတို့အား ကောင်းမြတ်လှပယဉ်ကျေးစွာ စကားပြေဆိုကြ လော့။” (ကုရ်အာန် ၂း၈၃)
သားသမီးတို့အား ငယ်စဉ်မှပင် အပြောအဆိုယဉ်ကျေးစေရန် သွန်သင်ပါ။ အိမ်ဝင်အိမ်ထွက်တါင စလာမ်မေတ္တာပို့ကြရန်၊ ကြီးသူတို့ ရိုသေစွာပြောရန် သင်ကြားပါ။
သူတစ်ပါးပျော်ရွှင်စေရန် လိမ်လည်သောစကားကို ဆိုခြင်းကိုပင် တမန်တော်မြတ် မနှစ်သက်ပါ။ ရှုတ်ချတော်မှု၏။ (အဗူဒါဝူဒ်၊ သိရ်မိဇီ၊ အဟ်မဒ်) လိမ်လည်ထားသော သတင်းမှာ တစ်ရပ်ကို မိမိ၏ ညီနောင်အား ပြောဆိုယုံကြည်စေခြင်းသည် အမြင့်ဆုံးအလွဲ သုံးစားမှု (ခိယာနသ်) ဖြစ်သည် (အဗူဒါဝူဒ်)။ လူတစ်ဦး လိမ်လည်သောအခါ သူ့ကိုယ်မှထွက် သော အနံ့ဆိုးကြောင့် မလာအိကဟ်ကောင်း ကင်တမန်သည် သူ့ထံမှ တစ်မိုင်ခန့်ခွာနေ ကြောင်း တင်စားပြဆိုထားသည်။ (သိရ်မိဇီ)
ဆွဟာဗဟ်တစ်ဦးဖြစ်သော စုဖ်ယာန်ဗင်န်အဗ်ဒုလ်လာဟ်က တမန်တော်မြတ်အား ကျွန်ုပ်အတွက်ကြောက်ဖွယ်အကောင်းဆုံးအရာ အဘယ်အရာဟု အသင်ယူဆပါ သနည်းဟုမေးရာ တမန်တော်မြတ်က လျှာကိုပြ၍ “ဒါဘဲ” ဟုရှင်းပြတော်မှုခဲ့၏။ (သိရ်မိဇီကျမ်း)
ထို့ကြောင့် သားသမီးကို လိမ်လည်ခြင်းကို မုန်းတီးစေရန်၊ အမှန်ကို ပြောရဲသော သတ္တိရှိစေရန်မိမိအမှားကို ၀န်ခံရဲသောသတ္တိ၊ ပြုပြင်လိုသော စိတ်ဓါတ်ရှိစေရန် သတိထား၍ လေ့ကျင့်ပေးပါ။
သူတစ်ပါးကို နှိပ်ချပြောဆိုခြင်း၊ လှောင်ပြောင်ခြင်း၊ ဆဲဆိုခြင်း ကျိန်ဆဲခြင်းတို့ကို မပြုရန် သင်ကြားပေးပါ။

အစားအစာ

အစ္စလာမ့်တရားတော်အရ (၁) အလိုအလျောက်သေသော တိရစ္ဆာန်အသား၊ (၂) စီးထွက်သောသွေး၊ (၃)၀က်သား၊ (၄) အလ္လာဟ်၏ နာမတော်မှ လွဲ၍ အခြားအမည်များကသ၍ လှီးဖြတ်ထားသော သတ္တ၀ါ၏အသား၊ (၅) လည်မျိုလိမ် ညှစ်ခံရ၍ သေသောအသား၊ (၆) ရိုက်နှက်ထိခိုက်၍ သေသောအသား၊ (၇) အမြင့်မှကျ၍ သေသောသတ္တ၀ါ၏အသား၊ (၈)ဦးချိုဖြင့် ဝှေ့ခတ်ခံရ၍သေသော သတ္တ၀ဒအသား၊ (၉) သားရဲတိရစ္ဆာန်များကို ကိုက်ဖြတ်၍ သေသောသတ္တ၀ါ၏အသား၊ (၁၀) အရက်နှင့် မှုးရစ်ဆေးဝါး၊ (၁၁) လောင်းကစား စသည်တို့သည် ဟရာမ်အဖြစ် အလ္လာဟ်က တားမြစ်ထားကြောင်း။ (ကုရ်အာန် ၂း၁၇၂၊ ၅း၃၊ ၆း၁၄၆၊ ၁၆း၁၁၅)
ဟလာဟ်ခေါ် တရားဝင် ရိုးသားစွာ ရှာဖွေထားခြင်း၊ သွိုင်ယိဗ်ခေါ် ကျန်းမာရေးကိုအထောက်အကူပြုသော သန့်စင်ကောင်းမြတ်သည့် အစာအာဟာ ရကိုသာ စားရမည်ဖြစ်ကြောင်း၊ (ကုရ်အာန် ၂း၁၆၈) သင်ကြားထား ပါသည်။ သူတစ်ပါးကို အားနာခြင်း၊ မျက်နှာသာရလိုခြင်းကြောင့် ‘ဟရာမ်’ ခေါ်တားမြစ် ထားသောအရာများကို မစားသုံးရန်၊ အလ္လာဟ်အပေါ် သစ္စာမရှိသူသည် ပျက်စီးမည့် အကြောင်းပညာပေးပါ။
မှုးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင် မိသားစုအတွင်း ဆေးလိပ်သောက် ခြင်းကို ရှောင်ကြဉ်ပါ။ ကွမ်းစားခြင်းဓလေ့ကိုလည်း ငယ်စဉ်ကပင် မပြုပါနှင့်။ “အသင်တို့သည် မိမိတို့၏လုပ်ရပ်ကြောင့် ပျက်စီးခြင်းသို့ မရောက်ကြစေနှင့်” (ကုရ်အာန် ၂း၁၉၅)

ဝတ်စားဆင်ယင်မှု

အစ္စလာမ်ဘ၀တည်ဆောက်မှုလမ်းစဉ်သည် အာလမီယဟ်ခေါ် စကြ၀ဠာနှင့် ယှဉ်သည့် လမ်းညွှန်ဖြစ်ပေရာ လူမျိုး၊ ဒေသ၊ ပုဂ္ဂို၊ ကျောင်းတော်ဝါဒစွဲ စသည့် အစွဲကင်းရန်လို အပ်ပါသည်။
ကမ္ဘာပေါ်တွင် (×××) ခေါ် လူ့အစုအဝေးများစွာရှိနေရာ သီးခြားဘာသာစကား၊ အ၀တ်အစားယဉ်ကျေးမှုများနှင့် ရှိနေပြီးဖြစ်ပါသည်။ ယင်းအစုအဝေးအသီးသီးသည် တမန်တော်ချုပ် မုဟမ္မဒ် ယခင်၏ဟောကြားသွန်သင်ချက်ကို လက်ခံခြင်းဖြင့် တစ်ခုတည်းသော အွမ္မသ်သားချင်းဖြစ်လာ၏။ သို့သော် မှုလဘာသာစကားနှင့် အ၀တ်အစား ပြောင်းလဲသွားစရာ မလိုပါ။ မှုလလူမျိုးဘာသာစကားဖြင့်ပင် အစ္စလာမ်ကို ကျင့်သုံး၍ရပေသည်။ ထို့ကြောင့် တမန်တော်ချုပ် မုဟ်မ္မဒ်သခင်သည် အရဗ်ဖြစ်သော်ငြားလည်း ကမ္ဘာ့ မုစ်လင်မ်ထုအား အရဗ်လူမျိုး ၀တ်စုံကိုဝတ်ရန် မညွှန်ကြားခဲ့ပါ။ ကုရ်အာန်ကျမ်းစာသည် အရဗီ စာပေဖြစ်၍သာ အရဗီစကားအရေး ပါလာခြင်းသာဖြစ်ပါသည်။
အစ္စလာမ်သည် ယဉ်ကျေးမှုတည်ဆောက်ပေးသော သာသနာဖြစ်ပေရာ အ၀တ်အစား နှင့်စပ်လျဉ်း၍ ပုံစံမသတ်မှတ်ဘဲ စည်းကမ်းကိုသာ သတ်မှတ်ပေးသည်။
ယင်းတို့မှာ- (၁) သန့်ရှင်စင်ကြယ်မှုရှိရန် (ကုရ်အအန် ၇၄း၎၊ ၂း၂၂၂) (၂) အရှက်ကိုလုံခြုံစေရန်နှင့် ကျက်သရေဆောင်ဖြစ်စေရန် (ကုရ်အာန် ၇း၆၂၊ ၇း၃၁) (၃) ရာသီဥတု၊ စစ်ရေး၊ ပတ်ဝန်းကျင်သဘာဝနှင့် လျော်ညီစွာ ၀တ်ရန် (ကုရ်အာန် ၁၆း၈၁) (၄) မောက်မာပလွှားသော ဖြုန်းတီးသော အ၀တ်အစားမျိုး မ၀တ်ဆင်ရန် သွန်သင်ထားပေး သည်။
ဘာသာရေးအ၀တ်အစားဟူ၍ ကအ်ဗဟ်ကျောင်းတော်သို့ အွမ်မရဟ် (သို့မဟုတ်) ဟဂ်ျ ကျင့်စဉ်ပြုရန်သွားသူအတွက်သာ နေရာအချိန်သတ်မှတ်ချက်ဖြင့် အိဟ်ရာမ်ဝတ်ရုံစည်းကမ်း ချက်များသာရှိပါသည်။
ထို့ကြောင့် မုစ်လင်မ်တို့အနေဖြင့် မိမိကိုယ်မိမိ မည်သည့်နိုင်ငံသားဖြစ်ကြောင်း သတိပြုပြီး မိမိဒေသဆိုင်ရာ ၀တ်စားဆင်ယင်မှုကို အလေးထားဝတ်ဆင်ရပေမည်။ တမန်တော်မြတ်သည် အရဗ် အ၀တ်အစားကို အစ္စလာမ့်အ၀တ်အစားဟု သတ်မှတ် ချက်မရှိခဲ့သဖြင့် မုစ်လင်မ်များအတွင်း လူမျိုးတစ်မျိုး၏ အ၀တ်အစားကိုသာ အစ္စလာမ့်အ၀တ်အစားဟု သတ်မှတ်ပုံသွင်းခြင်းသည် အစ္စလာမ်တရားတော်နှင့် ဆန့်ကျင်ပြောဆိုခြင်းသာဖြစ်ပါသည်။ မြန်မာနိုင်ငံသားမုစ်လင်မ်များဟု မိမိကိုယ်မိမိ သတ်မှတ်သူ များအနေဖြင့် မိမိတို့၏ သားသမီး များကို မြန်မာ့ဝတ်စားဆင် ယင်မှုသည်သာ အစ္စလာမ်တရားတော်နှင့်ဝတ်ဆင်ပေးရမည်။ အိန္ဒိယမှ မုစ်လင်မ်တို့၏ ၀တ်စားဆင်ယင်မှုသည်သာ အစ္စလာမ်၏ ၀တ်စုံဟုသတ်မှတ် ပြောဆိုခြင်းသည် သာသနာရေး၊ လူမျိုးရေး ရှုတ်ထွေးမှုများပေါ်ပေါက်လာပြီး ဆိုးကျိုးများပေါ်ပေါက် လာနိုင်ပေသည်။ လူမျိုးတစ်မျိုးနှင့် တစ်မျိုး ရှုတ်ချပြောဆိုခြင်းမှာ အစ္စလာမ်လမ်းစဉ် မဟုတ်ပါ။ အထက်ဖော်ပြပါ စည်းကမ်းချက်များနှင့်ကိုက်ညီသော မည်သည့်လူမျိုး၏ အ၀တ်အစားမဆို အစ္စလာမ်က ခွင့်ပြုသော အ၀တ်အစားဖြစ်ပါသည်။
အလ္လာဟ်အရှင်မြတ်က ဘာသာရေးဆိုင်ရာကိစ္စများဆောင်ရွက်ရာတွင် မိမိတို့ဒေသ ဆိုင်ရာ ကျက်သရေဆောင် အမျိုးသားဝတ်စုံကို ဆင်ယင်ရန် ညွှန်ကြားထားပါသည်။
“အသင်တို့သည် နာခံဝတ်ပြုရာနေရာတွင် မိမိတို့၏ ကျက်သရေဆောင်တို့ကို ဆင်ယင်ကြ ကုန်လော့။” (ကုရ်အာန် ၇း၃၁)
ကလေးငယ်များကို ရွှေ၊ ငွေ၊ ရတနာများ ဆင်ယင်ပေးခြင်းသည် အန္တရယ်များ၍ မပြုသင့်ပါ။

Tuesday, 11 February 2014

ကျန်းမာသန့်ရှင်းခြင်း

“သန့်ရှင်းစင်ကြယ်ခြင်းသည် အစ္စလာမ့်ယုံကြည်ချက် (အီမာန်) ၏ ထက်ဝက်ဖြစ်သည်။” (မုစ်လင်မ်ကျမ်း)
အစ္စလာမ့်တရားတွင် ရေကောင်းရေသန့် အိမ်သာနှင့် အပေါ့အလေးသွားခြင်း၊ သွားသန့်ရှင်းခြင်း၊ နေ့စဉ် ၅-ကြိမ်းဝတ်ြပုရန် ၀ုဒွူခေါ်ကိုယ်လက်ခန္ဓာသန့်စင်ခြင်း၊ ရေချိုးခြင်း၊ ရေအသုံးပြုရန်အခက်အခဲရှိပါက စိတ်ြဖင့်ပြဌာန်းသန့်စင်ခြင်း (သယမ်မွန်) စသည့် တစ်ကိုယ်ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းစင်ကြယ်ခြင်းကို အလေးထားသင်ကြား ပြီးဖြစ်ပါသည်။ ဤနေရာတွင် အသေးစိတ်မရှင်းလင်းလိုတော့ပါ။ သို့သော် မိသားစု ကျန်းမာရေးအတွက် မြန်မာနိုင်ငံ၏ အခြေအနေနှင့် စပ်လျဉ်း၍ သိအပ်သည် တို့ကိုတင်ပြ အပ်ပါသည်။
(၁) တစ်ကိုယ်ရေသန့်ရှင်းစင်ကြယ်ခြင်း
အစာမစားမီ၊ အစာစားပြီးတိုင်း အိမ်သာမှ ဆင်းချိန်တွင်သာမက အညစ်အကြေး တစ်ခုခု ကိုင်ပြီးတိုင် လက်ကိုဆပ်ပြာ၊ သဲဆပ်ပြာ၊ ပြာ စသည့်တစ်ခုခုဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ ဥပမာ- မစင်စွန့်ပြီးသော ကလေးကို သန့်စင်မှုပြုပြီးလျှင်ဖြစ်စေ၊ ခွေး၊ ကြောင် စသည်တို့ကို ကိုင်ပြီးလျှင်ဖြစ်စေ၊ သားစိမ်း ငါးစိမ်းများကို ကိုင်တွယ်ပြီးလျှင် ဖြစ်စေ လက်ကို သန့်စင်စွာ ဆေးပါ။ သို့မှသာ မသန့်ရှင်းသော လက်မှ ရောဂါပိုးများ အစားအသောက်အတွင်းသို့ ၀င်ရောက်ခြင်းကို ကာကွယ်ပြီး ရောဂါအန္တရယ်ကို ကာကွယ်နိုင်ပါသည်။
ကလေးသည် ကစားရင်းဖြစ်စေ၊ ကစားပြီးသောအခါဖြစ်စေ ပါးစပ်တွင်းသို့ လက်ထည့်သွင်း လေ့ရှိပါသည်။ ထို့ကြောင့် ကလေး၏လက်ကို စစ်ဆေး၍ လက်ဆေးပေးရန် လိုအပ်ပါသည် ပါးစပ်ထဲသို့လက်ထည့်သည့်အကျင့်ကိုလည်း ဖျောက်ပေးပါ။
ကလေး၏မျက်နှာစင်ကြယ်အောင်ထားပါ။ ဆပ်ြပာဖြင့် မျက်နှာသစ်ပေးပါ။ သို့မှသာ ကလေးမျက်နှာတွင် ယင်နားခြင်းကင်းဝေးပြီး ကလေးမျက်လုံးထဲ ယင်ကောင်များ ၀င်ဥကာ ရရှိမည့် ရောဂါပိုးမှ ကာကွယ်နိုင်ပါသည်။လက်သည်းခြေသည်းများသည် ခန္ဓာကိုယ်မှ မလိုအပ်တော့သော ပစ္စည်းများဖြစ် ပါသည်။ အညစ်အကြေးရောဂါပိုးများ ခိုအောင်းရန်ကောင်းသောနေရာဖြစ်သည်။ ကလေးငယ်ဘ၀မှပင် မှန်မှန်ညှပ်ပေးပါ။ လက်သည်းရှည်၊ ခြေသည်းရှည်ထားသော ဓလေ့ဇရိုက်ဆိုးကို ငယ်စဉ် ကပင်ရှောင်ရှားပါ။ (၂) ယင်လုံ၊ အနံ့လုံ၊ အရှက်လုံသည့် သန့်ရှင်းသော အိမ်သာဆောက်လုပ်သုံးစွဲခြင်း
မစင်မှတစ်ဆင့် ၀မ်းနှင့်ပတ်သက်သောရောဂါများ အသည်းရောင်၊ အသားဝါ၊ တိုကဖွိုက် (ခေါ်) အူရောင်ငန်းဖျား၊ သန်ကောင်ရောဂါများ ကူးစက်နိုင်ပါသည်။ ရောဂါပိုးများသည် မစင်မှတစ်ဆင့်အစားအစာ၊ သောက်ရေ၊ လက်၊ အိုးခွက်၊ ပန်းကန်များပေါ်သို့ ရောက်ရှိကူးစက်ပြန့်ပွားနိုင်ပါသည်။
ကူးစက်ရောဂါအန္တရယ်မှ ကင်းဝေးစေရန်-
- အနံကင်းရှင်းသော ယင်လုံအိမ်သာဆောက်လုပ်ရန်၊
- အိမ်သာကို သောက်သုံးရေတွင်း၊ ရေကန်စသည်တို့မှ ပေ-၅၀ အကွာတွင်ဆောက်လုပ်ရန်။
- အိမ်သာကို အမြဲသန့်ရှင်းစွာထားပါ။ ယင်ကောင်နှင့်မစင် မထိတွေ့အောင်ကာကွယ်ပါ။
ကလေးငယ်၊ ရင်ခွင်ပိုက်ကလေးအချို့၏မစင်တွင် ရောဂါပိုးများရှိခဲ့ပါက လူကြီးမစင် ထက်ပင် ကြောက်စရာကောင်းပြီး အန္တရယ်ကြီးပါသည်။ ကလေး၏မစင်ကို အိမ်သာ သို့ ချက်ချင်း စွန့်ပစ်ပါ။ သို့မဟုတ် မြေမြှုပ်ပစ်ပါ။ (၃) ရေကောင်ရေသန့်သောက်သုံးပါ ရေကောင်းရေသန့်ဆိုသည်မှ သောက်သုံးသောသူအား ဘေးအန္တရယ်ဖြစ်စေနိုင်သည့် ရောဂါပိုးများ၊ ဓါတ်သတ္တုများ အနယ်အနှစ်၊ အမှုန်အမွှားများ ကင်စင်သည့် ရေမျိုးကို ခေါ်ပါသည်။ ရေကောင်းရေသန့်ကို (၁) အ၀ီစိတွင်း၊ (၂) အကာအကွယ်ပြု လုပ်ထားသော တွင်းနှင့်စိမ့်စမ်းရေ၊ (၃) အညစ်အကြေးမ၀င်အောင်ကာကွယ်ထားပြီး စနစ်တကျခံယူထား သောမိုးရေ (၄) စနစ်တကျလွှတ်ပေးသော ရေပိုက်လိုင်း စသည်တို့မှ ရရှိနိုင်ပါသည်။
မသန့်ရှင်းသောရေကို (၁) ရေစစ်အိုးဖြင့် စစ်ယူခြင်း (၂) ကျောက်ချဉ်ကို အသုံးပြုခြင်း၊ (၃) ရေကိုကျိုချက်သောက်ခြင်း စသည့်နည်းလမ်းတို့ဖြင့် သန့်ရှင်းအောင်ပြု လုပ်နိုင်ပါသည်။
ရေထဲသို့ ရောဂါပိုးများမ၀င်ရောက်စေရန်
(၁) သောက်သုံးရေတွင်းများကို လုံခြုံဖုံးအုပ်ပေးပါ။ (၂) ရေကိုသန့်ရှင်းသော ရေကန်၊ ရေစည်၊ ရေအိုးတို့တွင်သိုလှောင်ပြီးစနစ်တကျဖုံးအုပ် ထားပါ။ (၃) ရေကို သန့်ရှင်းသော ရေပုံး၊ ရေအိုးဖြင့် သယ်ဆောင်ပါ။ (၄) လက်ကိုင်ပါသော ရေပုံး၊ ရေအိုးမျာဖြင့် သယ်ဆောင်ပါ။ (၅) လက်ကိုင်ပါသော သောက်ရေခွက်နှင့် ရေကိုသုံးပါ။ လက်ကိုင်နစ်သည်အထိရေကို နှစ်ပြီး မခက်ပါနှင့်။ (၅) မကျန်းမာသူအတွက် သောက်ရေခွက်ကို သီးသန့်ထားသုံးပါ။ (၆) ရေတွင်း၊ ရေကန်မျာအနီး၌ ရေချိုးခြင်း၊ အ၀တ်လျှော်ခြင်း တိရစ္ဆာန်မွေးမြူခြင်းတို့ မပြုရ။ (၄) အစားအစာများကို ကျက်အောင်ချက်ပြုပြီးစားသောက်ခြင်းသည် ရောဂါပိုးများကိုသေစေ နိုင်သည်။
ချက်ပြုပြီးအစားအစာတို့ အေးစက်သွားပါက ရောဂါပိုးများဝင်ရောက်နိုင်ရန် ပိုမိုလွယ်ကူပါ သည်။ စားကာနီးတွင် ပူအောင်နွှေးပြီးမှ စားသင့်ပါသည်။ ဓါး၊ စဥ့်နီတုံးစသည်တို့ကို အသုံးပြုပြီး
စနစ်တကျဆေးကြောပါ၊ လုံခြုံစွာ သိမ်းဆည်းပါ။
သားငါးစိမ်း၊ ဟင်းသီးဟင်းရွက်မျာ မချက်ပြုတ်မီ မကိုင်တွယ်မီ လက်ကို စင်ကြယ်အောင် ဆေးကြောပါ။ ပန်းကန်ဆေးသည့်ရေနှင့် သုတ်သည့်အ၀တ်တို့ကို လည်း သန့်ရှင်းစွာထားပါ။ မကြာခဏ လဲလှယ်အသုံးပြုပါ။
ဝမ်းနှင့်ပတ်သတ်သော ရောဂါဖြစ်နေသူ အသည်းရောင်အသားဝါရောဂါဖြစ်သူ၊ လက်တွင်အနာရှိသူတို့သည် အစားအစာပြင်ဆင်ချက်ပြုတ်ခြင်း မပြုရ။
အိုးခွက်ပန်းကန်တို့ကို သန့်ရှင်းစွာထားပါ။ ယင်၊ ကြွက်၊ ခွေနှင့် အခြားတိရစ္ဆာန်များ မ၀င်အောင်လုံခြုံစွာထားပါ။ ယင်နှင့်ကြွက် နှိမ်နင်းပါ။ ယင်နားစာ မစားပါနှင့်။ (၅) အမှိုက်များကို စနစ်တကျစွန့်ပစ်ပါ မီးရှို့ပစ်ပါ၊ မြေမြှုပ်ပါ။ အမှိုက်နှင်တိရိစ္ဆာန်တို့၏မစင်မှ ရောဂါပိုးများ ကူးစက်ပြန့်ပွား နိုင်ပါ သည်။
ကလေးငယ်များအား လစ်လျူရူခြင်း၊ ညှင်းပမ်းခြင်းတို့မှ အကာအကွယ်ပေးခြင်း
အစ္စလာမ်သည် ကရုဏာတရားပေါ်တည်ဆောက်ထားခြင်း
အလ္လာဟ်အရှင်မြတ်သည် တုနှိုင်းမဲ့ကရုဏာတော်ရှင်ဖြစ်တော်မှု၏။ အလ္လာဟ်၏ ကရုဏာတော်သည် အရာခပ်သိမ်းအပေါ်လွှမ်းခြုံလျက်ရှိတော်မှု၏။ (ကုရ်အာန် ၇း၁၅၆)
တမန်တော်ချုပ် မုဟမ္မဒ်သခင်ကိုလည်း အလ္လာဟ်အရှင်မြတ်က လောကခပ်သိမ်း အတွက် ကရုဏာတော်တစ်ရပ်အဖြစ် စေလွှတ်ခဲ့ခြင်းသာဖြစ်သည်။ (ကုရ်အာန် ၂၁း၁၀၇)
ကျမ်းမြတ်ကုရန်အာန်သည် လူသားတို့အတွက် ရောဂါပျောက်ဆေးနှင့် ကရုဏာတော် ဖြစ်၏။ (၁၇း၈၂)
အစ္စလာမ်ဘ၀တည်ဆောက်မှုလမ်းစဉ်သည် ကရုဏာတရားပေါ်အခြေခံ တည်ဆောက်ထား ပေရာ အမှန်တရားကို သက်ဝင်ယုံကြည်သူတို့ကိုလည်း ကရုဏာတရားပွားများရေးအတွက် ညွှန်ကြားထား၏။
“. . . ထို့ပြင် ၎င်းတို့သည် ကရုဏာတရားထားရှိကြရန် အချင်းချင်း လေးနက်စွာ တိုက်တွန်းနှိုးဆော်ကြကုန်၏။” (ကုရ်အာန် ၉၀း၁၇)
“ . . . စင်စစ် ညှင်းပန်နှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက်ပင် ပို၍ ဆိုးရွားလှ၏။” (၂း၁၉၁)
“ . . . ၎င်းပြင် အသင်သည် အလေးမမှု လစ်လျူရှုသူတို့သည် အပါအ၀ါ အဖြစ်လေနှင့်။” (ကုရ်အာန် ၇း၂၀၅)
အလ္လာဟ်အရှင်မြတ်သည်လည်း ဖန်ဆင်းခံလောကတွင်နှင့်စပ်လျဉ်း၍ အလေးအနက် ထားတော်မှု၏။ (ကုရ်အာန် ၂၃း၁၇)။ လူသားတို့ကိုလည်း အလေးအနက်ထား စေလို၏။ လူသားတို့ လမ်းလွဲရခြင်းအကြောင်းအရင်းတွင် လစ်လျူရှုခြင်းလည်း ပါဝင်ပါသည်။ (ကုရ်အာန် ၇း၁၄၆၊ ၁၀း၇၊ ၃၀း၇)

တမန်တော်မြတ်၏ စံပြကရုဏာ

 တမန်တော်မြတ်သည် တည်ငြိမ်အေးချမ်းသော နပ်စ်ဝိညဉ်အဆင့် အတန်းရှိသူတစ်ဦး အနေဖြင့် လောဓံတရားများအပ်ါကြံ့ခိုင်သူတစ်ဦးဖြစ်ပေသည်။ သို့သော် လူသားတို့ အတွက် ဖခင်ကောင်း၊ ခင်ပွန်းကောင်း၊ အကြီးအကဲကောင်း တစ်ဦးအဖြစ် စံပြလက်တွေ့ ဘ၀တည်ဆောက်ပြရသူတစ်ဦးလည်းဖြစ်ပေသည်။ ထို့ကြောင့် သူ၏သားငယ်လေး အိဗ်ရာဟီမ်ကွယ်လွန်ချိန်တွင် ကရုဏာတရားဖြင့် မျက်ရည်ဝဲ ခဲ့သည်။ (ဗုခါရီ မုစ်လင်မ်ကျမ်း)။ မိမိ၏သမီးတော် ဖါသွိမဟ်ကိုလည်း စံပြအချစ်ထား ပြခဲ့၏ သမီးတော်လာလျှင် ထိုရာမှထ၍ ကြိုဆိုနမ်းလေ့ရှိ၏။ (အဗူဒါဝူဒ်ကျမ်း)  သူ၏မြေးတော်နှစ်ဦးဖြစ်သော ဟစန်နှင့် ဟုစိုင်န်တို့ကိုလည်း သူ၏ ပုခုံးထက်သို့ တက်စေ၏။ သူသည် ကလေးသူငယ်များအနီးမှ ဖြတ်သွားလျှင် ကလေးတို့က သူ့အား စလာမ်နှုတ်ဆက်သလေ့ရှိပြီးသူ့အနီးအ၀ိုင်းအုံလေ့ရှိခဲ့ကြ၏။ သူကလည်း ကလေးငယ်တို့၏ ဦးခေါင်းကို ကရုဏာဖြင့် ပွတ်သပ်လေ့ရှိ၏။
 ကလေးကို နမ်းရှုတ်ခြင်းမပြုကြောင်းပြောကြားသူတစ်ဦးအား အလ္လာဟ်သည် ၎င်း၏ နှလုံးသားမှ ကရုဏာတရား ရုတ်သိမ်းခြင်းခံရသူအဖြစ်ပြောကြားခဲ့၏။ (အဗုခရီကျမ်း)။ တစ်ခုသော အာရုဏ်ဦးဖွဂျရ်ဆွလာသ်ကို မဒီနဟ်ဝတ်ကျောင်းတော်၌ တမန်တော် မြတ်ဦးဆောင်ဝတ်ပြုနေစဉ် နောက်မှ ကလေးငိုသံ ကြားရသဖြင့်ဝတ်ပြုနေသော မိခင်နှင့် သူ၏ကလေးကိုအလေးထား၍ ဆွလာသ်ကို တိုတိုဝတ်ပြုလိုက်သည်။ (ဗုခါရီကျမ်း)
မိဘက သားသမီးအတွက် ဆုမွန်ဒုအာအ်တောင်းပေးအပ်ခြင်း
 တမန်တော်မြတ်၏ သြ၀ါဒမှတ်တမ်းတစ်ရပ်တွင် လူတစ်ဦးအနေဖြင့် မိမိကိုယ်မိမိ ဖြစ်စေ၊ မိမိ၏ သားသမီးအပေါ်၌ဖြစ်စေ၊ မိမိ၏ဥစ္စာဓနပေါ်၌ဖြစ်စေ ကျိန်ဆဲမှုမပြုမိရန် လေးနက်စွာ တားမြစ်ထား၏။ ယင်းကျိန်ဆဲမှုအတိုင်း နောင်တွင်ဖြစ်လာသောအခါ ယူကျုံးမရဖြစ်ရတော့ သည်။ (မုစ်စလင်မ်ကျမ်း)  မိဘတိုင်းသည် မိမိတို့၏ သားသမီးများ၏ လောကီနှင့် တမလွန်အကျိုးအတွက် နှလုံးသားမှ ဆုမွန်ဒုအာအ်ပြုပေးအပ်ပါသည်။ ကုရ်အာန်ကျမ်းမြတ်အတွင်း၌ နဗီတမန်တော်အချို့နှင့် သူတော်စင်တို့က သားသမီးအပေါ်ထားသော မေတ္တာနှင့်ဒုအာအ်များ ဖော်ပြထားပါသည်။ မိမိ တို့လည်း အလားတူတောင်း ဆိုအပ်ပါသည်။
“အို - ကျွန်တော်မျိုးတို့အား အဆင့်ဆင့် ပြုစုပျိုးထောင်တော်မှုသောအရှင်မြတ်၊ ကျွန်တော်မျိုး တို့၏ ကြင်ဖော်များနှင့် ကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက်၌ ကျွန်တော်မျိုးတို့အတွက် မျက်စိကြည်လင်အေးမြစေတော်မှုပါ။ ကျွန်တော်မျိုးတို့အား အလ္လာဟ်သိစိတ်ဖြင့် အမိန့်နာခံ သူတို့အတွက် ဦးစီးနာယဖြစ်တော်မှုပါ၏။” (ကုရ်အာန် ၃း၃၈)
“အို- ကျွန်တော်မျိုးအား အဆင့်ဆင့် ပြုစုပျိုးထောင်တော်မှုသောအရှင်မြတ်၊ သန့်စင်ကောင်မြတ်သော မျိုးဆက်အား အရှင်ထံမှ ကျွန်တော်မျိုးအား ပေးသနားတော်မှုပါ။ မုချဧကန် အရှင်မြတ်သည်တောင်းဆုကို အကြွင်းမဲ့ကြားတော်မှု သောအရှင်ဖြစ်တော်မှုပါ။” (ကုရ်အာန် ၃း၃၈)
“အို - ကျွန်တော်မျိုးတို့အား အဆင့်ဆင့်ပြုစုပျိုးထောင်တော်မှုသောအရှင်မြတ်၊ ကျွန်တော်မျိုး (နှင့် ကျွန်တော်၏ရင်သွေး) တို့နှစ်ဦးအားအရှင်မြတ်ကိုနာခံသူအဖြစ် ပြုလုပ်တော်မှုပါ။ ထို့တူ ကျွန်တော်မျိုး၏သားစဉ်မြေးဆက်ကိုလည်း အရှင်မြတ်ကို နာခံသူနှင့် မုစ်လင်မ်အွမ္မသ် သားချင်း အစုအဝေးတစ်ရပ်အဖြစ် ပြုတော်မှုပါ . . .။” (ကုရန်အာန် ၂း၁၂၈)
“အို-ကျွန်တော်မျိုးအား အဆင့်ဆင့်ပြုစုပျိုးထောင်တော်မှုသောအရှင်၊ ဤမြို့အားလုံးခြုံ ငြိမ်းချမ်းစေရန် စီမံပြုလုပ်ပေးသနားတော်မှုပါ။ ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏ သားသမီး များကို ရုပ်ထုများကိုးကွယ်ဆည်းကပ်ခြင်းမှ ကင်းဝေးစွာထားရှိတော်မှုပါ။” (ကုရ်အာန် ၁၄း၃၅)
“အို-ကျွန်တော်မျိုးအား အဆင့်ဆင့်ပြုစုပျိုထောင်တော်မှုသောအရှင်မြတ် ကျွန်တော် မျိုးအား ဆွလာသ်စွဲမြဲစွာ ၀တ်ပြုတည်ဆောက်သူအဖြစ် စီမံပြုလုပ်တော်မှုပါ။ ထို့တူ ကျွန်တော်မျိုး၏ သားစဉ်မြေးဆက်ကိုလည်း စီမံပြုလုပ်တော်မှုပါ . . .။” (ကုရ်အာန် ၁၄း၄၀) “မုချဧကန် ကျွန်တော်မျိုးမသည် သူမအား “မရ်ယမ်” ဟုအမည်ပေးခဲ့ပါသည်။ ထို့ပြင် သူမအားလည်းကောင်း၊ သူမ၏ သားစဉ်မြေးဆက်အားလည်းကောင်း နှင်ထုတ်ခြင်း ခံရသော ရှိုင်သွာန်အဖျက်အင်အားစုမှ ကင်းဝေးစေရန် အရင်မြတ်၏ အကာကွယ်၌ ကျွန်တော်မျိုးမခိုလှုံပါ၏။” (၃း၃၆) (၁) သူမနှင့် (၂)မရ်ယမ်၏နေရာတွင် (၁)သူ/သူမနှင့် (၂) သားသမီးအမည်ကို အစားထိုး ဆိုတောင်းပါ။
“သို့ဖြစ်ပေရာ အရှင်မြတ်ထံတော်မှ ကျွန်တော်မျိုးအား အမွေဆက်ခံသူတစ်ဦးပေးသနား တော်မှုပါ။ အို-အရှင်မြတ်၊ ၎င်းအားနှစ်မြို့ဖွယ်ရာအဖြစ်လည်း စီမံပြုလုပ်တော်မှုပါ။” (ကုရ်အာန် ၁၉း၅-၆)
“အို-ကျွန်တော်မျိုးအား အဆင့်ဆင့်ပြုစုပျိုးထောင်တော်မှုသောအရှင်မြတ်၊ ကျွန်တော်မျိုး အပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏ မိဘနှစ်ပါးအပေါ်၌လည်းကောင်း၊ အရှင်မြတ်ပြုတော် မှုခဲ့သော ကောင်းကျိုးချမ်းသာမင်္ဂလာကျေးဇူးတော်အတွက် ကျေးဇူးတရားသိတတ်ရန် ကျွန်တော်မျိုးအားအစွမ်းသတ္တိပေးသနားတော်မှုပါ။ ၎င်းပြင်အရှင်မြတ်နှစ်သက်တော်မှုသော ကောင်းမှုကို အမြဲပြုနိုင်စွမ်းကျွန်တော်မျိုးအား ပေးသနားတော်မှုပါ။ ၎င်းပြင် ကျွန်တော်မျိုး အတွက် ကျွန်တော်မျိုး၏သားစဉ်မြေးဆက်အတွင်း၌ ကောင်းကျိုးမင်္ဂလာဖြစ်ထွန်းစေတော်မှု ပါ။ မုချဧကန်ကျွန်တော်မျိုးသည်အရှင့်ဆီသို့ ပြန်လှည့်ပါ၏။ ၎င်းပြင်မုချဧကန် ကျွန်တော်မျိုး သည် နာခံအပ်နှင်းသူတို့အနက်မှဖြစ်ပါ၏။” (ကုရ်အာန် ၄၆း၁၅)
ဆုဒုအာအ်နှင့်အတူအမလ်လုပ်ရပ်ပြုအပ်ခြင်း
အလ္လာဟ်အရှင်မြတ်ထံသို့ ဆုမွန်ဒုအာအ်ပြုရုံမျှဖြင့် မလုံလောက်ပါ။ ယင်းဆုမွန်ပြည့်ဝရေး အတွက် လက်တွေ့ကြိုးမျးမှုပါရန်လည်း အရေးကြီးပါသည်။
တမန်တော် မုဟမ္မဒ် (ဆွ) သခင်သည် မုအ်မင်န်ထုတ်စ်ရပ်လုံး၏ ဆရာနှင့်နာမ်ပိုင်း ဆိုင်ရာ ဖခင်ကြီးဖြစ်၏။ (အဗူဒါဝုဒ်၊ မိရှ်ကာသ်)။ တမန်တော်မြတ်၏ ကြင်ယာ တော်များမှာ မုအ်မင်န်ထုတစ်ရပ်လုံး၏ မိခင်မွန်များဖြစ်ကြပေသည်။ (ကုရ်အာန် ၃၃း၆)။ တမန်တော်မြတ်၏ အဟ်လုလ်ဗိုင်သ် ခေါ် အိမ်တော်သူအိမ်တော်သားများကို မုစ်လင်မ်တိုင်း လေးစားအချစ် ထားကြရပေမည်။ သို့သော မည်သူမဆို မည်သည့်မိသားစု မျိုးနွယ်ဖြစ်ခြင်းကြောင့်မြင့်မြတ် ခြင်းမဟုတ်၊ အလ္လာဟ်သိစိတ်ဖြင့် တာဝန်ကျေပွန်ခြင်း ‘သတ်က်ဝါ’ ဖြင့်သာ မြင့်မြတ်မှုကို တိုင်းတာမည်ဖြစ်သည်ကို သတိပြုပါ။
 ထို့ကြောင့် တမန်တော်မြတ်က မိမိနှင့် ဆွေမျိုးတော်စပ်ခြင်းကြောင့် အလ္လာဟ်က ထိုသူအား အခွင့်ထူးပေးမည်မဟုတ်။ လူတိုင်း မိမိ၏ ကြိုးပမ်းမှုအပေါ်၌သာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း အောက်ပါအတိုင်း ဆုံးမထားတော်မှုပေသည်။
“အို-မုဟမ္မဒ်၏အဒေါ်ဆွဖီယဟ်၊ အို-မုဟမ္မဒ်၏ချစ်သမီးတော် ဖွာသိမဟ်၊ ရှင်ပြန်ထရမည့်နေတွင် အသင်မတို့၏ (ကောင်းမှု) လုပ်ရပ်များကို ယူဆောင်လာကြကုန်လော့။ အသင်မတို့ ၏ဆွေဂုဏ်မျိုးဂုဏ်များကို မယူဆောင်လာကြလေနှင့်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်မည်သည့်အကူအညီကိုမျှ ပေးစွမ်းမည်မဟုတ်ချေ။” (မိရှ်ကာသ်ကျမ်း)  မုစ်လင်မ်မိသားစုတိုင်းသည် အလ္လာဟ်အပေါ်အားထား၍ ဆုမွန်ဒုအာအ်ပြုကာ မိမိတို့၏သားစဉ်မြေးဆက်၏ ရုပ်ပိုင်း၊ ၀ိညာဉ်ပိုင်း၊ ကိုယ်ကျင့်တရားဖွံ့ဖြိုးတိုးတက် ရေးကို လက်တွေ့ဆောင်ရွက်နိုင်ကြပါစေ။
ကျမ်းကိုးစာရင်း (၁) ကုရ်အာန်ကျမ်မြတ် အရဗီမူရင်း (၂) တမန်တော်မြတ်၏ သြ၀ါဒမှတ်မ်းများ (ဗုခါရီ၊ မုစ်လင်မ်၊ သိရ်မိဇီ၊ အဗူဒါဝူဗ်၊ အိဗ်နုမာဂျဟ်၊ နစာအီ၊ အဟ်မဒ်၊ ဗိုင်ကကီ) (၃) Silma Buckley (B.A Dip., EdO, ISLAMIC PARENTING Singapore, The Muslim Convert Association of Sigapore, 1991 (၄) Aliah Schleifer, MOTHERHOOD IN ISLAM Cambridge, The Islamic Academy, 1986 (၅) Muhammad Yusuf Islahi, ETIQUETTES OF LIFE IN ISLAM, Dehi, Ishaat-e-Islam Trust, 1982 (၆) Abdar Rehman Shad, THE RIGTS OF ALLAH AND HUAM RIGHTS Lahore, Kzi Publication, 1981 (၇) Akhaq Husain, MUSILIM PARENTS; THEIR RIGHTS AND DUTIES Karachi, International Islamic Publication, 1960 (၈) Dr. Yusuf Al-Qaradawi, THE LAWFUL AND PROHIBITED IN ISLAM Dalhi, Hindustan Publiactions, 1960 (၉) Marwan Ibrabhim Al-Kaysi, MORLS AND MANNERS IN ISLAM London, The Islamic Foundation, 1986 (၁၀) Mohamed Iqbal Siddiqi, THE FAMILY LAW OF ISLAM New Delhi, Adam Publicasher Distributer, 986 (၁၁) S.M. Madni Abbasi, FAMILY OF THE HOLY PROPHET Karchi, International Islamic Publication, 1987 (၁၂) UNICEF Annuel Report 1996 (၁၃) The State of the World’s Children 2001, (UNICEF) (၁၄) ဘ၀တွင်တာသိမှတ်စရာ၊ ရန်ကုန်၊ UNICEF ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ၁၉၉၉ (၁၅) သုံးနှစ်မပြည့်မီအရွယ်ကလေးငယ်၊ ရန်ကုန်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ၁၉၉၃ (၁၆) မိခင်နှင့် ကလေးသူငယ်ပြုစုစောင့်ရှောက်သူများအတွက် လက်စွဲစာဆောင် (၀ မှ ၅-နှစ်) ရန်ကုန်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ၁၉၉၃ (၁၇) ကလေးသူငယ်များဆိုင်ရာကမ္ဘာ့ထိပ်သီးညီလာခံ၊ ရန်ကုန်၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၊ ၁၉၉၀ (၁၈) ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် ရန်ကုန်၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ၁၉၈၉၊ နိုဝင်ဘာ၊ ၂၀) (၁၉) မင်္ဂလာပါမေမေ၊ ကျန်းမာရေးပညာပေးစာစဉ်၊ Thailand, Krames Conmunication, 1997) (၂၀) ဒေါက်တာ ရောဘတ် ဒဗလျူရှီလ်စ် The First Five Years of The Child ဘာသာပြန် ရန်ကုန်၊ ပညာရေးဝန်ကြီးဌာနနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ၁၉၉၄

Thursday, 23 January 2014

တမန်တော့်စံနမူ

မဒီနာဟ်သို့ မပြောင်းရွှေ့မီမက္ကာဟ် မြို့၏ (၁၃)နှစ်တာကာလတွင် တမန် တော် မုဟမ္မဒ်နှင့် ဆွဟာဗာကြီးများ၏ ရပ်တည် နေထိုင်ပုံတွင် အယူမတူသူ အများစု နေထိုင်ရာ တိုင်းနိုင်ငံရှိ မွတ် စလင် လူအနည်းစုတို့အတွက် အရေးကြီး သောစံနမူနာများရှိ၏။ အုပ်ချုပ်သူတို့တွင် မွတ်စလင် တစ်ဦးမှမရှိ၊ နိုင်ငံရေး သြဇာ မဲ့နေသော လူနည်းစု မွတ်စလင်များအဖြစ် ဘာသာရေးလွတ်လပ်ခွင့်မရှိဘဲ အကြမ်း ဖက်မှုနည်းလမ်း ပေါင်းစုံ၏ ဒဏ်ကို ခါး စည်းခံခဲ့ရချိန်၌ တမန်တော်မြတ်၏တုံ့ပြန် ပုံမှာ ကျွန်ုပ်တို့ မျက်ခြေပြတ်မနေ သင့် သော၊ အဖိုးအနဂ္ဃ ထိုက်လှသော စံနမူနာ များပင် ဖြစ်သည်။
ခေါင်းဆောင်ကောင်း လိုအပ်သည်
ထိုကာလတွင် ကိုယ်တော်သည် မက္ကာဟ်မြို့၏ခေါင်းဆောင်ဖြစ်ရန် မကြိုး စားခဲ့။ နိုင်ငံရေး သြဇာရရှိရန် အာရုံ မထားခဲ့။ မိမိ၏ ဖြူစင်မှု၊ ရိုးသားမှု၊ သစ္စာသမာဓိရှိမှုစသည့်မွန်မြတ်သန့်စင်သော စာရိတ္တကို ပြ၍လည်းကောင်း၊ ပညာသား ပါ၍ လှပသော စွဲဆောင်မှုများအားဖြင့် အယူမတူသူများအား အစ္စလာမ့် သစ္စာ တရားအမှန်ကို သဘောပေါက်နားလည် စေရေးသာ ဦးတည်ချက်ထား ဆောင် ရွက်၏။ အစ္စလာမ့် အေးရိပ်ဆာယာ အောက်၌ ရောက်ရှိနေပြီးဖြစ်သော မွတ် စလင် တို့သည် ပြည့်ဝသော အီမာန်ရှင် မဟုတ်၊ အီမာန်မပြည့် အမလ်မရှိဟူ၍ မွတ်စလင် အချင်းချင်းအထင်သေး၊ အ မြင်သေး၊ နှိမ့်ချချိုးနှိမ် ရှုမြင်သုံးသပ်၍ ထို အီမာန်တို့ပြည့်ဝရေး၊ ဒိတ်ဒိတ်ကြဲ အီမာန် ရှင်များဖြစ်ရေး ပြုလုပ်ရမည်ဟူသော ဦးတည်ချက်မျိုး မတွေ့မြင်ရပေ။ အယူ မတူသူတို့၏ စိတ်နှလုံးဘ၀င် အေးမြ၍ အစ္စလာမ်အပေါ်အမြင်ကြည်လင်စေရေးသာရှေ့တိုး၍ ဆောင်ရွက်ခဲ့၏။ ကိုယ် တော်မြတ်၏ စည်းရုံးမှု နည်းဗျုဟာတွင် ပစ္စည်းမဲ့ လူတန်းစား၏ အားကို အဓိက ထားရယူခဲ့သည်။ အစ္စလာမ့်အေးရိပ် ဆာယာအောက် ခိုလှုံဝင်လာကြသူတို့၏ လူမှုရေး အဆင့်အတန်း အဘယ်မျှပင် ရှိ နေစေကာမူ ခေါင်းဆောင်ဖြစ်သော မိမိ၏ ပုဂ္ဂိုလ်ရေး သန့်စင်မှုကို အဓိက ပြယုဂ် ထားရှိပြီး ဗျူဟာမြောက်သော မိမိ၏ ဆက်ဆံရေးနည်းလမ်းဖြင့် အင်အားကို တိုးချဲ့ခဲ့၏။
အယူမတူသူ ဆွေမျိုးသားချင်းနှင့် ဆက်ဆံရေးကောင်းဖို့လိုသည်
ကိုယ်တော်မြတ်ကြီးသည် မိမိ၏ အယူမတူသူ ဆွေမျိုးသားချင်းနှင့် ဆက် ဆံရေးကောင်းဖို့လိုသည်။ ဆွေမျိုးများနှင့် အဆက်အသွယ် မဖြတ်တောက်ဘဲ မှန် မှန် အလည်အပတ်သွား၏။ အယူ မတူသူ တို့၏ သာရေး၊ နာရေးအားလုံးကို သွား ရောက်၍ ၎င်းတို့၏ပျော်ရွှင်မှု ၀မ်းနည်းမှု များကိုမျှဝေခံစား၏။ အားလုံးနှင့် ရင်းရင်း နှီးနှီး နေထိုင်ပြီး ကိစ္စရပ်အ၀၀ကို နှီးနှော တိုင်ပင်ဆွေးနွေး၏။ ခင်မင် ရင်းနှီး မှုရရှိ ပြီးနောက်မှ အစ္စလာမ်သဘော တရား များကို အခါအခွင့် သင့်လျှင်သင့် သလို ရှင်းပြဆွေးနွေး၏။ သို့သော် အငြင်းပွား ခြင်းကိုရှောင်ကြဉ်၏။ အရဗ်တို့တွင်မိမိတို့ မျိုးနွယ်လိုက် လူမျိုးစုအလိုက်မျိုးနွယ် ၀င်၊ လူမျိုးစုဝင်တို့အား အကာအကွယ် ပေးရသည့် ဓလေ့ရှိ၏။ ၎င်းဓလေ့အရ မျိုး နွယ်ဝင် အများစုသည် ဘာသာ ခြားဖြစ် သော်လည်း မိမိတို့မျိုးနွယ်၏ အကာ အကွယ်ကို ဆွဟာဗာများသည် အရယူခဲ့ ကြ၏။ တမန်တော် မုဟမ္မဒ်(ဆွ)ကိုယ် တော်တိုင်ပင် အဗူသွာလစ်ဗ်၏ အကာ အကွယ်ကိုရယူခဲ့ပြီး အဗူသွာလစ်ဗ် ကွယ် လွန်သွားသောအခါ အဗ္ဗဒုလ်မနဖ်၊ ဗနူ နောင်ဖလ်တို့၏ အကူအညီနှင့် အကာ အကွယ်ကို ရယူခဲ့သည်။ အရေးကြုံလျှင် အကာအကွယ် ပေးနိုင် သူ၊ အကူအညီ အထောက်အပံ့ ရနိုင်သူတို့ကို ကြိုတင် ပြင်ဆင်ထားခြင်းဖြစ်သည်။
မက္ကာဟ်မြို့ တွင် ကိုယ်တော်၏ အသက်မွေး ၀မ်း ကျောင်းမှုသည် ကုန်စည်ကူးသန်းရောင်း ၀ယ်မှု ဖြစ်သည်။ ကုန်သည်တစ်ဦးအဖြစ် မွတ်စလင်မဟုတ်သူများနှင့် စီးပွားချင်းထိ တွေ့ဆက်ဆံတော်မူခဲ့၏။ စီးပွားရေးအရ ၎င်းတို့နှင့်ရင်းနှီးကျွမ်းဝင်မှုထားရှိ၏။ မိမိ နှင့် မိမိ နောက်လိုက်တို့၏ လက်ဝယ်ရှိနေ သော အစေခံတို့ကို လူမျိုး၊ ဘာသာ၊ အသွေး အရောင် မခွဲခြားဘဲ ကောင်းစွာ ဆက်ဆံကြရန်၊ ၎င်းတို့အား သူကောင်းပြု ရန် လမ်းညွှန်၏။ အစေခံ အစေအပါးတို့ နှင့် မူကာသဗာ ခေါ် စီးပွား ရေး ဘက်တူပြု၍ မိမိ လက်အောက်ခံ အစေအပါးတို့ စီးပွားရေးလုပ်တတ်အောင် သင်ကြားပေးရန် လမ်းညွှန်၏။ မျိုးနွယ်စု ခေါင်းဆောင်ပိုင်းက အစ္စလာမ် အေးရိပ် ဆာယာအောက် ခိုဝင်လာသည့် အခါတွင် လည်း အခြားသော အယူကွဲမတူသူ မျိုး နွယ် ၀င်များနှင့် မူလအတိုင်းဆက်လက်၍ လက်တွဲ ဆောင်ရွက်စေခဲ့သည်။ ရပ်ကျိုး ရွာအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက် စေခဲ့သည်။
မွတ်စလင်တို့အပေါ် ညှင်းပမ်း နှိပ် စက်မှုများ တစ်စထက်တစ်ဆ ပိုမို ဆိုးရွား လာသောအခါ၌ ရှိသမျှအင်အားဖြင့် သေ သေကြေကြေ တိုက်မည်ဟူ၍ ရန်ကို ရန် ဖြင့် တုံ့ပြန့်သည့် နည်းလမ်းကို မသုံးဘဲ ခရစ်ယာန်တိုင်းပြည်တစ်ပြည်ဖြစ်သော အဘီစီးနီးယား၌ ဒုက္ခသည် အဖြစ်ခိုလှုံ စေခဲ့သည်။ မောင်လာ အလီသခင်၏ အကိုဖြစ်သူ၊ မဟာတမန်တော်မြတ်ကြီး (ဆွ)နှင့်တစ်ဝမ်းကွဲညီအစ်ကိုတော်စပ်သူ ဂျအ်ဖရ်ဗင်အဗီတွာလစ်ဗ်ခေါင်းဆောင်သော အဆိုပါဒုက္ခသည် (Refugee)များ သည် အဘီစီးနီးယားဒေသခံတို့၏ ဒေသ ဆိုင်ရာဓလေ့ထုံးစံများအတိုင်း အယူမတူ ညီသူများအလယ်၌ ရောထွေးနေထိုင်ခဲ့ပြီး ဒေသခံတို့၏ ယဉ်ကျေးမှုကို အထူး လေး စားခဲ့သည်။ ထို့ကြောင့် ထိုဒေသတွင် နွေးထွေးစွာကြိုဆို ဧည့်ခံမှုကို ရရှိပြီး ငြိမ်း အေးစွာ နေထိုင်နိုင်ခဲ့၏။ မဟာတမန် တော်မြတ်ကြီး(ဆွ)သည် မဒီနာဟ်မြို့သို့ ပြောင်းရွှေ့ပြီးနောက်တွင် အချို့သည် ထို ဒေသကို မစွန့်ခွာနိုင်တော့ပဲ ထိုဒေသ၌ အပြီးအပိုင်နေထိုင်လိုက်ကြတော့သည်လည်းရှိ၏။
မက္ကာဟ်တွင် ဆက်လက် နေထိုင် ၍ မရတော့လောက်အောင်မိမိ၏အသက် အန္တရာယ်ကို ရန်ပြုသည်အထိ ဖိအားပေး ခံရသည့်အခါ ကိုယ်တော်သည် မဒီနာဟ် မြို့သို့ ဟစ်ဂျရသ်ပြုရွှေ့ပြောင်းသွားတော် မူခဲ့ရ၏။ ထိုကာလတွင် ယုံကြည်မှု ခိုင်မြဲ စွာရှိသော်လည်း မဒီနာဟ်မြို့သို့ မလိုက် ပါပဲ ကျန်ရစ်သူမွတ်စလင် များရှိခဲ့ပြီး မိမိ တို့ မျိုးနွယ်စုနှင့် မိမိတို့ အဆွေအမျိုးတို့၏ အကာအကွယ်အောက်တွင် နေထိုင်ခဲ့ကြ သည်။ မက္ကာဟ်မြို့၏အထင်ကရ ကုန် သည်ကြီးတစ်ဦးဖြစ်သော အဗ္ဗဒုရ် ရဟ် မာန်း ဗင်အောင်ဖ် (ရသွိ)သည် အီမာန် ယူပြီး မဒီနာဟ်သို့ ပြောင်းရွှေ့မည့်အချိန် တွင် မိမိနှင့် အလွန် ရင်းနှီးကျွမ်းဝင်ခဲ့သော မက္ကာမြို့သူဌေးကြီး လက်မရွံ့လူသတ် သမား အိုမိုင်ယာ အိဗ်နုခလားဖ်နှင့် သဘောတူစာချုပ်တစ်ခုကို ရေးသားချုပ် ဆိုခဲ့ကြသည်။ ထိုစာချုပ်တွင် မက္ကာဟ် မြို့တွင် ကျန်ရစ်ခဲ့သော အဗ္ဗဒုရ်ရဟ်မာန်း ဗင် အောင်းဖ်၏ ဆွေမျိုး ညာတကာတို့၏ အသက်အိုးအိမ်စည်းစိမ်ပိုင်ဆိုင်မှုအ၀၀ကို အိုမိုင်ယာမှ တာဝန်ယူရန် နှင့်မဒီနာဟ် ရှိ အိုမိုင်ယာ၏ ဆွေမျိုးသား ချင်းတို့၏ အသက်အိုးအိမ် စည်းစိမ်ကို အဗ္ဗဒုရ် ရဟ်မာန်ဗင်အောင်းဖ် မှ တာဝန်ယူရန်ဖြစ် သည်။ ကိုယ်တော်မြတ်သည် ၎င်းစာချုပ် ကို သိတော်မူပြီး နောက် အသိအမှတ်ပြု ပေးခဲ့၏။
အများ၏ ယဉ်ကျေးမှုဓလေ့ ထုံး တမ်းကို လေးစားပါ
ကိုယ်တော်မြတ်သည် မက္ကာဟ်မြို့ တွင် ဒေသဆိုင်ရာ ဓလေ့ထုံးတမ်း၊ အစဉ် အလာများကို ဆန့်ကျင်ဘက် မလုပ်ခဲ့ သလို ကိုယ်တော်မြတ်နှင့် ဆွဟာဗာကြီး များ၏ စားဝတ်နေထိုင်မှုတွင် မက္ကာဟ်မြို့ ၏ ယဉ်ကျေးမှုနှင့်ဆန့်ကျင်ဘက်တစ်ခုမျှမရှိခဲ့ပေ။ မက္ကာဟ်မြို့သားများက မိမိတို့ နှင့်မတူပါဟု လက်ညှိုးထိုးပြစရာ တစ်စုံ တစ်ခုမျှ မမြင်သာပေ။ အလ္လာဟ်အရှင် မြတ်၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင် သရွေ့သင့်တင့်လျောက် ပတ်သည်ဟု မြင်သာသရွေ့ ဓလေ့ထုံးစံ နှင့် ယဉ်ကျေး မှုတို့ကို လိုက်နာစမြဲဖြစ်၏။ မဒီနာဟ်မြို့သို့ရောက်ရှိသော အခါတွင်လည်း မိမိတို့ မက္ကာဟ်မြို့၏ ဓလေ့၌မရှိ သဖြင့်ဟုဆိုကာ မဒီနာဟ်မြို့ သားတို့၏ဓလေ့ကို မဆန့်ကျင်ရုံမျှမက မိုဟာဂျီရ်တို့အား မဒီနာဟ်၏ဓလေ့ကို လိုက်နာကြရန်ပင် လမ်းညွှန်သွန်သင် ပြသပေးတော်မူ၏။ မျိုးနွယ်စုများ အကြား ၌ရှိသော အစဉ် အလာအားဖြင့် သဘောတူညီချက်တို့ကိုလည်းဆက်လက်အသိအမှတ်ပြု လက်ခံ ပေးတော်မူခဲ့၏။ ကအ် ဘာ ကျောင်းတော်ကို ၀တ်လစ်စလစ်ဖြင့် တွဝါးဖ်ပြုလုပ်ခြင်း ဟူသည့် ဓလေ့ထုံးစံ သည် အရှက်ကင်းမဲ့သည့်လုပ်ရပ်ဖြစ်သ ဖြင့် ကိုယ်တော်သည် ၎င်းတို့နှင့်အတူ ဟဂ်ျမပြုလုပ်ခဲ့သော် လည်း မဒီနာဟ်မြို့ သို့ ကိုယ်တော်ပြောင်း ကြွသွားတော်မူပြီး နောက် (၈)နှစ်လုံးလုံး ဟာဂ်ျကာလ၌ ကအ်ဘာသို့ ဟဒီ၊ ဗုဒွန် (ကုရ်ဘာနီ လုပ်ရန် ကုလားအုတ်များ) ပို့ပေးတော်မူခဲ့ သည်။ မက္ကာဟ်မြို့တွင် မက္ကာဟ်သားတို့ ၏ကစ်စ၀သုလ် ကအ်ဘာ (ကအ်ဘာ၏ ဂိလားဖ်လဲလှယ်ပွဲ)တွင် ပါဝင်တော်မူခဲ့ပြီး ထိုနေ့ (မုဟရ်ရမ်လ ဆယ်ရက်နေ့)တွင် အများနည်းတူ ဆွီယာမ် စောင့်တော်မူခဲ့ သည်။ အလ္လာဟ်အမိန့်နှင့် ဆန့်ကျင် သော၊ အရှက်ကင်းမဲ့သောဓလေ့ ထုံးစံ များ၊ ယဉ်ကျေးမှုများကို ကိုယ်တော်မြတ်လက်ခံကျင့်သုံးခြင်းမပြုခဲ့ပဲ လွဲမှားသော ဓလေ့များကို ပြန်လည် တည့်မတ်ပေး၏။ သန့်စင်သော၊ ကောင်းမြတ်သော နဂို မူလဓလေ့ထုံးတမ်းအမှန်၊ ယဉ်ကျေးမှု အစစ်အမှန်ကို လက်တွေ့ပြန်လည်ကျင့်သုံးခြင်းဖြင့် လွဲမှားသော ဓလေ့များကို (အပြီးအပိုင်စွန့်ပယ်ခြင်းလည်း မဟုတ်၊ မမှန်သည်ကို အားနာပါးနာဖြင့် လိုက် လျောခြင်းလည်းမရှိဘဲ)အလယ် အလတ် လမ်းစဉ်ကို ပုံဖော်ခဲ့၏။
တရားဥပဒေ စိုးမိုးမှု ရှိဖို့လိုသည်
မဟာတမန်တော်မြတ်သည် အာ ရဗ်တို့၌ရှိနေပြီးဖြစ်သည့် Tribal Social Security System မျိုးနွယ်စုအလိုက်လူမှုကာကွယ်ရေးစနစ် ကို မြှင့်တင်ပေးခဲ့ပြီး မိမိကိုယ်တိုင်တသဝေမတိမ်းလိုက်နာခဲ့၏။ မိမိနှင့် သဘောတူညီထားသည့် မျိုးနွယ်စုနှင့်ဆန့်ကျင်ရမည့်ကိစ္စတွင် မွတ်စလင် တစ်ဦးကိုပင်လျှင် သာသနာရေးရာ အကူ အညီကိုပင် မပေးခဲ့ပေ။ (ကြည့် ကုရ်အာန် ၈း ၇၂)
မျိုးနွယ်စုအကြား သဘောတူညီ ချက်ကို အထူးလေးစားလိုက်နာ၏။ အယူ မတူညီသူ၊ ကွဲပြားသော လူမျိုးများအကြား ၌ ပဋိပက္ခကင်းရှင်းစွာအတူ ယှဉ်တွဲနေ ထိုင် နိုင်ရေးမှာ ထိုလူမျိုးများ၏ ဘုံ သဘော တူညီချက်၊ နှစ်ဦးနှစ်ဖက်စလုံး အနေဖြင့် ဦးလည်မသုန်လိုက်နာရမည့် ကတိက၀တ်ရှိရန် လိုအပ်ကြောင်း ကိုယ် တော်မြတ်၏ စံနမူနာ၌ တွေ့မြင်နိုင်၏။ ထိုခေတ်အခါက ကတိက၀တ်ဆိုသည်မှာ ယနေ့ခေတ်တွင် အခြေခံဥပဒေနှင့်နိုင်ငံ၏ ဥပဒေဖြစ်၏။ လူနည်းစုမွတ်စလင်များ အနေဖြင့် မတရားနှိပ်စက်မှုများ ခံရလျှင် အခြားဖြေရှင်းရမည့် နည်းလမ်းများ လုံးဝ ကင်းမဲ့နေသော အချိန်၊ အကာအကွယ်မဲ့ နေသော အခြေ အနေတွင် မိမိကိုယ်ကို ကာကွယ်ခွင့်၊ ရင်ဆိုင်ခွင့်ရှိ၏။ ဥပဒေ ဘောင်အတွင်း နေထိုင်ရန်နှင့် ဥပဒေကို လေးစားလိုက်နာရန်၊ ဥပဒေ၏ အကာ အကွယ် ရယူရန်မှာ တမန်တော်မြတ်၏ စွန္နသ် အဖြစ် လက်ခံ ရန်အရေးကြီး၏။
စုပေါင်းကော်မတီဖြင့် အခက်အခဲ ဖြေရှင်းပါ
ပဋိပက္ခတစ်ခုခု ပေါ်ပေါက်လာ တိုင်း မိမိ နှင့်အယူတူသူ၊ မတူသူအားလုံး ညှိနှိုင်း၍ စုပေါင်းကော်မတီဖြင့် ဖြေရှင်း ခြင်းသည် မဟာတမန်တော်မြတ်၏စွန္နသ် တော်ဖြစ်၏။ ၎င်းကို ဟစ်လ်ဖုလ် ဖိုဒွူးလ် ဟုခေါ်၏။ မဟာတမန်တော်မြတ် မိန့် တော်မူခဲ့သည်မှာ အဗ္ဗဒုလ္လာဟ်ဗင် ဂျအ် ဒါန်၏ အိမ်တွင် စာချုပ်ချုပ်ဆိုစဉ် ငါလည်း ပါဝင်ခဲ့၏။ ယနေ့အခါ ထိုအစည်း အဝေးမျိုး အယူမတူတို့က ငါ့အား ဖိတ် ကြားသော် ထိုအစည်းအဝေးကို ငါလက်ခံ ဦးမည်။ (ဗိုင်ဟကီ၊ ဟဒီးဆ် အမှတ်-၁၂၈၅၉) ဤဟဒီးဆ်ပါအကြောင်း အရာ မှာ ဤသို့ ဖြစ်၏။ ယီမင်မှလာသော ဇုဗိုင်ဒီမျိုးနွယ် ၀င်ကုန်သည် တစ်ဦးသည် မက္ကာဟ်မြို့တွင် ဂုဏ်သရေကြီးသည့် စဟမ်မျိုးနွယ် ၀င်အလ် အားစ်ွဗင်ဝါအီလ် အား ကုန်ပစ္စည်းများကို အကြွေးဖြင့် ရောင်း၏။ အလ်အားစ်ွသည် ၎င်းကုန်အား အခြားသူ တစ်ဦးအား လက်လွှဲ ရောင်းလိုက်ပြီး နောက် ယီမင်သားအား မူလသဘောတူ ထားသော ကုန်ဖိုးငွေကို မပေးဘဲ ငြင်းဆန်၏။ ယီမင်သားအဖို့ မက္ကာဟ်မြို့၌ အသိအကျွမ်းမရှိ၊ မိမိအနိုင် ကျင့်၍ရမည် ဆိုသည့် သဘောပင်ဖြစ် သည်။ ယီမင်သားသည် လူများကို လှည့် လည်အကူ အညီတောင်းခံသော်လည်း ကူညီမည့် သူမရှိပေ။ ထို့ကြောင့် နောက် တစ်နေ့ နံနက်တွင် တောင်တစ်လုံးပေါ် တက်၍ မိမိ၏ဒုက္ခကို အော်ဟစ်နေတော့ သည်။ ထို သတင်းကိုကြားသော ဇုဗိုင်းဒ် ဗင် အဗ္ဗဒုလ် မုသွာလိဗ်သည် မျိုးနွယ်စု ခေါင်းဆောင် များအား ကအ်ဘာကျောင်း တော်သို့ ဖိတ်ခေါ်၍ ထိုကိစ္စကို ဖြေရှင်း ပေးရန် အစည်း အဝေးပြုလုပ်၏။
ဆီးရီးယား၊ အဘီစီးနီးယား တိုင်း ပြည်များတွင်မတရား အပြုခံရသူ၊ မတ ရား အသတ်ခံရသူတို့ ဘက်မှ ကူညီပေး သည့် အဖွဲ့အစည်းများရှိပြီး မိမိတို့ မက္ကာဟ်မြို့တွင် ထိုအဖွဲ့အစည်း မရှိခြင်း ကို ထောက်ပြ၏။ ထို့နောက်ပိုင်းတွင် အဗ္ဗ ဒုလ္လာဟ်ဗင် ဂျအ်ဒါန်၏ အိမ်တွင်မျိုးနွယ်စု ခေါင်းဆောင်များ၏ သဘောတူညီ ချက် ဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းရန်အားလုံး ကို ဖိတ်ခေါ်လိုက်၏။ ထိုအစည်း အဝေး သို့ တမန်တော်မုဟမ္မဒ် သခင်နှင့် အဗူ ဗကရ်သခင် တို့လည်း တက်ရောက်ခဲ့၏။ ဗနူဟာရှင်၊ ဗနူဇုဟ်ရာ၊ ဗနူသိုင်မ် ဗင်မုရ်ရဟ်တို့က လက်မှတ်ထိုးပြီး ဗနူ နောင်ဖလ်နှင့် ဗနူအိုမိုင်ယာတို့က လက် မှတ်မထိုးကြပေ။ စာချုပ်ပါအဓိကအချက် အလက်များမှာ တရားမျှတမှုဘက်မှ ရပ် တည်သွားကြမည်။ မတရားမှုများ၊ ပဋိ ပက္ခများတွင် ပူးပေါင်းဖြေရှင်းကြမည် ဟူ၍ဖြစ်သည်။ ထိုအစည်းအဝေးပင်ယီမင် သား၏ အခက်အခဲဒုက္ခကို ကူညီဖြေရှင်း ပေးနိုင်ခဲ့သည်။ (အိဗ်နု ကစီရ်- အလ်ဗီ ဒါယာဝမ်းန်နိဟားယာကျမ်း)
တမန်တော်မုဟမ္မဒ်(ဆွ)သည် ဘာသာရေး အယူမတူညီသူများနှင့် ပူး ပေါင်း၍ တရားမျှတမှုဖော်ဆောင်ရေး၊ ပဋိ ပက္ခဖြေရှင်းရေးကိစ္စများတွင် ပါဝင်ခဲ့ခြင်း ပင်ဖြစ်ပါသည်။ မိမိတို့ ရပ်ရွာဒေသတွင် မည်သည့်လူမျိုး၊ မည်သည့်ဘာသာ၊ မည် သည့်အသွေးအရောင်၊ မည်သည့် နိုင်ငံ သားဖြစ်စေ၊ ဒုက္ခရောက်သော သူတို့ အား ကူညီဖြေရှင်းပေးရန် အတွက် ဘာ သာ အယူဝါဒမတူညီသော်လည်း ပူး ပေါင်းဆောင်ရွက်မှုပင်ဖြစ်သည်။ ဖုဒွူးလ် ဆိုသည်မှာ ဂုဏ်သရေရှိ လူကြီး များကို ခေါ်ဆို၏။ လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံမှ ဂုဏ်သရေရှိလူကြီးများကို ဖုဒွူးလ် ဟုခေါ်၏။ လူနည်းစုမွတ်စလင် တို့သည် မက္ကာဟ်မြို့၌ မဟာတမန်တော် မြတ်၏ ဘ၀တည်ဆောက်မှုမှ အလွန်သ ဘာဝကျသောစွန္နသ်ဓလေ့များကို လက်တွေ့အကောင်အထည်ဖော်မည်ဆိုလျှင် ရပ်ရွာအကျိုးသယ်ပိုးသူ၊ တိုင်းပြည် နှင့်လူမျိုး၏ တာဝန်ကျေပြွန်သူများ အမှန် ဖြစ်ကြပေမည်။ မဒီနာဟ်မြို့ပြ အစ္စလာမ့် လူ့အဖွဲ့အစည်း၏ စံပြရှရီအသ်စံနှုန်း များဖြင့် တိုင်းတာ၍ ဟိုဟာက ဗစ်ဒ်အသ်၊ ဒီဟာက ရှရိက်စသည့် ပုဒ်ထီးပုဒ်မ များတပ်၍ အချင်းချင်းစွပ်စွဲမနေသင့်တော့ ပေ။ ဟမ်းကို ၊တွမ်းကို လုပ်ရမည့် အချိန် မဟုတ်တော့ပေ။ အယူမတူညီသူ အများ စုကြား၌ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် မက္ကာဟ်မြို့၌ မဟာတမန်တော်မြတ်လက်တွေ့ဘ၀ သရုပ်ဖော်ပြခဲ့သည့် စံနမူနာများနှင့် အညီမိမိတို့ဒေသနှင့်သင့်လျော်သည့် နည်း လမ်းကောင်းများကို ၀ိုင်းဝန်းအဖြေရှာ ကြံဆကြရမည့်အချိန်ရောက်ရှိပေပြီ။
ဒေါက်တာ ဆောင်းလွင်အောင်

Sunday, 15 December 2013

ပြောင်းလဲသော လူ့အဖွဲ့အစည်းနှင့် ထိပ်တိုက်တွေ့ရသော ယဉ်ကျေးမှုများ။
ဒေါက်တာဆောင်းလွင်အောင် မနုဿဗေဒသမိုင်းစာမျက်နှာများ ပေါ်တွင်မဟာတမန်တော်မြတ်မုဟမ္မဒ် (ဆွ) သခင်၏ ခေတ်အခါရှိ လူ့အဖွဲ့ အစည်းက horticultural and pastoral society (ဥယျာသ်ခြံ စိုက်ပျိုးသူ၊သိုး၊ ဆိတ်၊ ကုလားအုတ်စသည့် တိရိစ္ဆာန် မွေးမြူသူတို့၏ လူ့အဖွဲ့ အစည်း/သိုးအုပ်၊ ဆိတ်အုပ်တို့နှင့်အတူ လှည့်လည် နေ ထိုင်သည့် လူ့အဖွဲ့အစည်း)ဟု ကင်ပွန်း တပ်ကြသည်။ ၎င်း လူ့အဖွဲ့အစည်းသည် လူမှုယဉ်ကျေးမှုရေးရာဆင့်ကဲဖြစ်စဉ် sociocultural evolution သဘောအရ hunting and gathering society(သစ်ဥ သစ်ဖု ရှာဖွေသူတို့၏ လူ့အဖွဲ့အစည်း)အဖြစ်မှ တဆင့်တိုးတက်ပြောင်းလဲလာ သော ဒုတိယမြောက်လူ့အဖွဲ့အစည်းပုံစံဖြစ်သည်။ မဟာတမန်တော်မြတ်ကြီးလွန်လေပြီးနောက်ပိုင်း နှစ်ပေါင်းတစ်ထောင် ထိကာလသည် တတိယမြောက်လူ့အဖွဲ့ အစည်းပုံစံဖြစ်သည်။ ပဒေသရာဇ်တို့၏ ခေတ်တွင် လယ်ယာစိုက်ပျိုးရးကို အဓိ က လုပ်ကိုင်ကြသောကြောင့် စိုက်ပျိုးရေး လူ့အဖွဲ့အစည်း agriarian society ဟု ခေါ်ဆိုကြ၏။ (၁၉)ရာစုနှင့် (၂၀)ရာစုနှစ်ကာလ များမှာမူ စက်မှုလုပ်ငန်းများအရှိန်အဟုန်နှင့်တိုးတက်လာခဲ့ပြီး ကမ္ဘာ့လူ့အဖွဲ့ အ စည်း၏ လူမှုစီပွားရေးမှာလည်း ရုတ်တ ရက်တစ်ဆစ်ချိုး အပြောင်းလဲကြီးပြောင်းလဲလာခဲ့သည်။ စိုက်ပျိုးရေးခေတ်လွန်၍ စက်မှုခတ် industrial society ဖြစ်လာ သည်။ ယနေ့နှစ်ဆယ့် တစ်ရာစုတွင်မူ အိုင်တီသတင်း အချက်အလက်နည်း ပညာတိုးတက်ဖွံ့ဖြိုးလာပြီး စက်မှုလွန် လူ့အဖွဲ့အစည်း post industrial society အဖြစ်ပြောင်းလဲလာနေပြီဖြစ်ပါသည်။ လူ့အဖွဲ့အစည်းတို့သည် တစ်ဆင့် ပြီးတစ်ဆင့်၊ လှိုင်းတစ်ခုပြီးတစ်ခု တိုးတက် ပြောင်းလဲလာခဲ့သည်။ လူ့အဖွဲ့အစည်း အသစ်ပေါ်လာတိုင်း ထိုလူ့အဖွဲ့အစည်း သည် အတိတ်အစဉ်အလာ နှောင်ကြိုး များ ကင်းပြတ်ကာ အစွဲအလမ်း ဟောင်း များ လျော့ပါးမှေးမိန်သွားခဲ့ကြ စမြဲဖြစ် သည်။ ထိုလူ့အဖွဲ့အစည်း၏ ယဉ်ကျေး မှုအရည်အသွေးတို့သည်လည်း ပြောင်း လဲလာစမြဲသာဖြစ်သည်။ အသစ် ဖြစ်ပေါ် လာသည့် ခေတ်စနစ်၊ လူ့အဖွဲ့ အစည်း၊ လူနေမှုပုံစံနှင့် လျော်ညီသည့် ဓလေ့ အသစ်များ၊ ယဉ်ကျေးမှုအဆင်အပြင်များ ကို လူတို့က တီထွင်ဖန်တီးလာကြသည်။ လူ့အဖွဲ့အစည်းများ၏ အဆင့်ဆင့်ပြောင်း လဲမှုတွင် လူတို့၏ တီထွင်ကြံဆနိုင်စွမ်း၊ နည်းပညာအသစ်များကို ရှာဖွေနိုင်စွမ်း နှင့် အစဉ်အလာများမှ ရုန်းထွက်၍ စနစ် သစ်ကို လိုလားသောလူတို့၏ ကျိုး ကြောင်း ဆင်ခြင်နိုင်စွမ်းတို့သည် အဓိက ကျလှသည်။
ခေတ်စနစ်တို့ပြောင်းလဲ ဖြစ်ပေါ် လာသည်နှင့်အမျှ ဘာသာရေး လောက တွင် ဘာသာဝင်လူငယ်တို့ အကြား စိန် ခေါ်မှုအသစ်များ ကြုံတွေ့ လာနေစမြဲဖြစ် သည်။ ခရစ်ယာန် လောကတွင် ကက် သလစ်ဟူသော အစဉ်အလာစွဲ လူ့အဖွဲ့ အစည်းနှင့် ပရိုတက်စတင့်ဟူသော စဉ်း စား ဆင်ခြင်မှု အားပြု လူ့အဖွဲ့အစည်း ဟူ၍ နှစ်မျိုးကွဲပြားသွားခဲ့သည်။ ခေတ် သစ်ကမ္ဘာနှင့် ခေတ်သစ် အသုံးအဆောင် များအပေါ် ဘာသာရေး အမြင်အရ အပျက်ရှုကာ ပိတ်ပင်မည်လော၊ အ ကောင်းမြင်၍ အသုံးချမည် လောရွေး ချယ်ရမည့် လမ်းခွဆုံသို့ရောက် ရှိလာခဲ့ သည်။ ဆက်သွယ်ရေး နည်းပညာခေတ် ဟု ဆိုအပ်သော ယနေ့ခေတ်အခါတွင် ကမ္ဘာပေါ်၌ တယ်လီဖုန်းနှင့် အင်တာနက် အသုံးပြုမှု အများဆုံး နေရာဖြစ်သည့် အမေရိကတိုက်မှာပင် လျှပ်စစ်မီး၊ မော် တော်ကား၊ တယ်လီဖုန်းများကို အသုံး မပြုအပ်ဟု ယုံကြည်၍ အထူးရှောင်ကြဉ် ကြသော အေးမစ်ရှ်(ခေါ်) ရှေးရိုးစွဲ ခရစ် ယာန်ဝါဒီ မျိုးနွယ်စုများရှိနေဆဲဖြစ်သည်။ အာဖရိကတိုက် အနောက်ပိုင်းမှ မာလီ နိုင်ငံရှိ တွာရက် Tuareg ဟူသောလူမျိုး များသည် (တမန် တော်မြတ်လက်ထက်မှ ဗဒူအင်များကဲ့သို့) ဆိတ်အုပ်၊ သိုးအုပ် များနှင့်အတူ ရေကြည်ရာ မြက်နုရာ လှည့်လည်ပြောင်းရွှေ့ သွားလာနေကြဆဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အခြား မည်သည့်လူမျိုးနှင့်မှ ဆက်ဆံခြင်းမပြု သော မနုမနော၊ ဗရဲ့ စသည့် လူမျိုးများ သည် ကယား၊ ကရင် နယ်စပ်ဒေသတို့၌ ရှိနေသေးသည်။ အစဉ်အလာTraditional အားပြု လူ့အဖွဲ့အစည်းတွင် တိုးတက်ပြောင်းလဲ မှုနည်းပါး၏။ လူ့အဖွဲ့အစည်းဝင် တို့၏ ပြင်ပပုံစံ၊ စားဝတ်နေရေး၊ နေထိုင်မှု ဟန် ပန် Life Style တူညီမှုအပေါ် အလွန် အမင်း အာရုံပြု၏။ လူ့အဖွဲ့အစည်း တွင်း ရှိ လူတို့၏ စုပေါင်းအသိစိတ် collective conscience အလွန်ကြီးမား အားကောင်း ကြပြီး အစဉ်အလာ နေထိုင် မှုပုံသဏ္ဌာန် ကို ဖျောက်ဖျက်သော မည်သည့် ပုဂ္ဂိုလ် ကိုမဆို စက်မှုခေတ် မတိုင်မီအလယ် ခေတ်ကာလများတွင် အပြစ်ပေး ထိန်း ကွပ်မှုများ ပြုလုပ်လေ့ရှိခဲ့ကြသည်။ ကယားပြည်နည်ရှိ ပဒေါင်လူမျိုးများ၏ လည်ပင်း၌ ကြေးကွင်းများစွပ်ထားရခြင်းအကြောင်းကို ထိုလူမျိုးတို့ကိုယ်၌က မိမိ တို့သည် နဂါးမျိုးနွယ်မှ ဆင်းသက်လာ သောကြောင့် ဟု အဖြေပေး၏။ သို့သော် လက်ငင်းအကျိုးအားဖြင့် ငယ်ရွယ်စဉ်မှ စတင်၍ ထိုသို့ လည်ကွင်းများတပ်ထား ခြင်းကြောင့် အမျိုးသမီးတို့သည် မျက်နှာ သွင်ပြင်အားလုံး တူဆင်သွားကြပြီး ရုပ် ရည်ကွဲပြားမှုမရှိ သလောက်ဖြစ်သွား၏။ ပြင်ပ ရုပ်ရည်တူဆင်ရေး အစွဲအလမ်း သည် ရှေးရိုးစွဲဝါဒ၏ တစ်စိတ်တစ်ပိုင်း အဖြစ် သုတေသီတို့ ရှုမြင်ကြသည်။
စက်မှုခေတ်မှ စတင်၍ ယနေ့ စက်မှုခေတ်လွန် လူ့အဖွဲ့အစည်း၌မူ မတူ ကွဲပြားမှု difference ကို အခြေခံ၍ စုစည်းညီညွတ်မှုကို တည်ဆောက်ရေး အတွေးအခေါ်သစ်များ ပေါ်ပေါက်လာ၏။ တူမှတည့်သည့်သဘော (sence of identity) ၏ အခန်းကဏ္ဍ အားပျော့လာ သည်။ ကမ္ဘာ့လူမျိုး အသီးသီးအားကမ္ဘာ့ ရွာ အတွင်းရှိ ကမ္ဘာ့ရွာသူရွာသားများ အဖြစ်သာ မြင်နိုင်ဖို့အား ယူလာပြီဖြစ် သည်။ ယဉ်ကျေးမှုများအပြန်အလှန် ဖ လှယ်ပြီး ဘုံယဉ်ကျေးမှု တစ်ခုပေါ်ထွန်း လာဖို့ တာစူနေပြီဖြစ်သည်။ ဤသည် ကား ဘာသာရေး လောကအတွက် နောက်ထပ်စိန်ခေါ်မှု အသစ်တစ်ရပ်ဖြစ် သည်။ အေးမစ်ရှ်နှင့် တွာရက်ခ်လူမျိုး များကဲ့သို့ ရှေးရိုးစွဲ၍ နောက်ချန်ရစ်ကြ မည်လား။ ခေတ်စနစ်ကို ရင်ဘောင်တန်း ၍ အမီလိုက်ကြမည်လား။ မည်သည့် လမ်းကို လျှောက်သည်ဖြစ်စေ၊ ဘာသာ တရားကို ထိန်းသိမ်းနိုင်ရေးနှင့်အနာဂတ် မျိုးဆက်၏ ဦးနှောက်ယိုစီးမှုကို ကာကွယ် ရန် ကြိုတင်အစီအမံများလိုအပ်မည်ဖြစ်သည်။ စဉ်းစားဆင်ခြင်မှုအားပြု လူ့ အဖွဲ့ အစည်းသည် လွတ်လပ်မှု၊ အချုပ်အချယ် ကင်းမဲ့မှုကို အားပေးသဖြင့်ခေတ်သစ် လူ တို့၏ သဘာဝနှင့် ကိုက်ညီသောကြောင့် ခေတ်သစ်လူတို့၏ စိတ်နှလုံးသားကို ဖမ်း စားနိုင်စွမ်းရှိပေသည်။ သို့သော် လူတစ် ဦးချင်းအပေါ်၌ ကျင့်ဝတ်ရေးရာ လမ်း ညွှန်မှုနည်းပါးလာခြင်း၊ လူမှုရေးအထိန်း အကွပ်ချို့တဲ့လာခြင်း၊ ဘာသာတရားဆိုင်ရာကျင့်စဉ်ကျင့်ရပ်များကို စောင့်ထိန်းနိုင်မှုအားလျော့လာခြင်းဟူသော အန္တရာယ် တို့က ရှိနေပြန်သည်။ မည့်သည်ခေတ် စနစ်ပြောင်းလဲနေသည်ဖြစ်ပါစေ၊ ခေတ် စနစ်တိုင်း၌ အံဝင်နေသော အကောင်း ဆုံးနည်းလမ်းမှာ တရား၏ပြင်ပ သဘော တရား၌ သောင်မတင်ဘဲ အနှစ်သာရကို ထုတ်ဖော်၍ ထိုအနှစ်သာရကို ခေတ်သစ် နည်းလမ်းဖြင့် အကောင်အထည် ဖော် ဆောင်ခြင်းသာဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတို့အပေါ် စိတ်နှလုံးဖွင့်ထား ရင်း အခြားတစ်ဖက်၌ နာမ်ပိုင်းဆိုင်ရာ တိုး တက်မှုအတွက် အစီအမံပါဝင်သော နည်းစနစ်သာ ဘာသာတရားကို ကျင့်သုံး ရင်း ခေတ်စနစ်အဆက်ဆက်ကို အောင် မြင် ကျော်လွှားနိုင်မည်ဖြစ်သည်။
မဟာ တမန်တော်မြတ်ကြီးသည် အာရဗ်တို့၏ ဓလေ့ထုံးစံအတိုင်း နေထိုင် ခဲ့၏။အာရဗ်တို့၏ ဓလေ့ထုံးစံဆိုသည်မှာ မဟာတမန်တော်မြတ်ကြီးနှင့် ဆွဟာဗာ ကြီးများသည် အစ္စလာမ်သာသနာဝင် ဖြစ်ခြင်းကြောင့် အများနှင့်မတူတသီးတ ခြား ပြုလုပ်ခဲ့သော လုပ်ဆောင်ချက် မဟုတ်ဘဲ မဟာတမန်တော်မြတ် လက် ထက်ရှိ ယုံကြည်သူ၊ မယုံကြည်သူ အား လုံး၊ အဗူလဟဗ်၊ အဗူဂျာဟိလ်တို့က အစ လုပ်ဆောင်သော လုပ်ရပ်များဖြစ် သည်။ ၎င်းဓလေ့ထုံးစံများသည် မဟာ တမန်တော်မြတ်နှင့် ဆွဟာဗာများပြုလုပ် သဖြင့် စွန္နသ်မဟုတ်သလောဟု မေးလာ သော် စွန္နသ်ဖြစ်သည်။ သို့သော် စွန္နသ် ဇာအိဒဟ်သာဖြစ်၏။ အာဒတ်သာဖြစ်၏။ အီဗာဒသ်မဟုတ်ပါ။ မဟာတမန်တော် မြတ်၏ နိစ္စဓူဝ လူ့ဘ၀ တည်ဆောက်မှု တွင် သူမတူ တမူထူး၍ ဆောင်ရွက်ချက် များတော့ရှိ၏။ ဥပမာ ထိုင်၍ အပေါ့သွား ခြင်းမျိုးဖြစ်သည်။ အာအရှာသခင်မကြီး၏ ဆင့်ပြန်ချက် တစ်ရပ်တွင် အာအေရှာ သခင်မကြီးက မိန့်သည်မှာ ကိုယ်တော် မြတ်၏ အပေါ့သွားပုံသည် မိန်းမများ အပေါ့သွားသကဲ့သို့ ဖြစ်သည်။ (ဗုခါရီ)
ဤရေ၀ါယသ်တွင် ကိုယ်တော် မြတ်လက်ထက်တော်အခါက အမျိုးသား အားလုံးသည် မတ်တပ်ရပ်၍ အပေါ့သွား ကြသော်လည်း ကိုယ်တော်မြတ်မှာမူ ထိုင်၍သွားသည်။ အများက ရပ်၍ ရေ သောက်စဉ်တွင် ကိုယ်တော်သည် များ သောအားဖြင့် ထိုင်၍ ရေသောက်သည်။ ကိုယ်တော်၏ လမ်းလျှောက်ပုံ၊ ရေချိုးပုံ၊ လက်သည်းညှပ်ပုံကအစ တစ် မူထူးခြား သည့် ပုံသဏ္ဌာန်ရှိလျှင် ၎င်းတို့သည်အဒဗ် များဖြစ်၏။ ၎င်းတို့ကို အာရဗ်ဓလေ့ထုံးစံ ဟု မဆိုနိုင်တော့ပေ။ အဆိုပါ စွန္နသ်ဇာ အေဒဟ်များကို ကျင့်မူခြင်းသည် ကိုယ် တော်မြတ်အပေါ် ချစ်စိတ်ကြောင့် အကျိုး စ၀ါးဗ်ရရှိမည်ဖြစ်ပြီး စွန့်လွှတ်သူကို ပြစ် တင် ဝေဖန်ခြင်းမပြုထိုက်ပေ။
မဟာတမန်တော်မြတ်ကြီး (ဆွ)လက်ထက်တော်အခါက ကိုယ်တော်မြတ် နှင့် ဆွဟာဗာကြီးများ လိုက်နာခဲ့သော အာရဗ်ထုံးဓလေ့များအပေါ်တွင် မည်သို့ သဘောထားရမည် ဆိုသည်ကို နှောင်း ခေတ်ပညာရှင်တို့၏ အမြင်၌ ကွဲပြား လျက်ရှိသည်။ စွန္နသ်အဖြစ်သတ်မှတ်၍ ကမ္ဘာ့လူမျိုးအသီးသီး၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို လွှမ်းမိုးနိုင်ရေး တဇွတ်ထိုးပြုလုပ်ရမည်လား။ ကိုယ်တော် သည် မိမိအာရဗ်ဓလေ့ထုံးတမ်းကိုတန်ဖိုးထားလိုက်နာခဲ့သည့်နည်းတူ မတူ ကွဲပြား သော အခြားလူမျိုးများ သည်လည်း မိမိတို့ လူမျိုး၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းကို မိမိတို့ တန်ဖိုးထားခြင်းကို စွန္နတ်ဟု သတ်မှတ်ရမည်လော။ ကိုယ် တော်မြတ်ကြီးက ခေါင်းပေါင်းသည် မိမိ တို့ အဟ်လုအာရဗ်- အာရဗ်တို့၏ သရဖူ ဖြစ်ကြောင်းမိန့်ကြားချက်၌ ကိုယ်တော် သည် မိမိအမျိုးသားဝတ်စုံအပေါ် ဂုဏ်ယူ သကဲ့သို့ လူမျိုးတိုင်းသည်လည်း မိမိတို့ အမျိုးသားဝတ်စုံ၊ အမျိုးသား ခေါင်းပေါင်း ကို ဂုဏ်ယူအပ်သည်ဟု အဓိပ္ပာယ် ကောက်ယူမည်လော။ အင်္ဂလိပ်ဖြစ်စေ၊ တရုတ်ဖြစ်စေ၊ အစ္စလာမ်ကို လက်ခံလျှင် မုဟမ္မဒ်သခင်နည်းတူ ခေါင်းပေါင်း ပေါင်း ဖို့ မိန့်ကြားချက်အဖြစ် အဓိပ္ပာယ်ကောက် ယူမည်လော။ (ခေါင်းပေါ်၌ ကွင်းတပ်ခြင်း မှာ ယနေ့ခေတ်သစ် အာရဗ်တို့၏ ယဉ် ကျေးမှုဖြစ်ပြီး ၎င်းတို့၏ တီထွင်မှု တစ်ခု သာဖြစ်သည်။)
အစ္စလာမ်သာသနာ၏ ရှေးပညာ ရှင်ကြီးများသည် ဟစ်က်မသ် ဉာဏ် အမြော်အမြင်ကို သုံး၍ ကွဲပြားသောဓလေ့ ထုံးစံ၊ မတူညီသာယဉ်ကျေးမှုများအကြား တွင် ပေါင်းကူးညှိနှိုင်းနိုင်သော အစဉ် အလာဓလေ့အသစ်များကို တီထွင်လာ ခဲ့ကြသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် မွတ်စလင်များ၏ အုပ်ချုပ်ရေးကာလတွင် အုပ်ချုပ်ခံလူများစု ဖြစ်သော ဟိန္ဒူလူ့ အဖွဲ့အစည်းနှင့် အုပ်ချုပ်သူ လူနည်းစု မွတ်စလင်တို့အကြား cultural shock ယဉ်ကျေးမှုချင်း ထိပ်တိုက်မတွေ့စေရန် အတွက် နှစ်ဦးနှစ်ဖက်စလုံး၌ လက်ခံနိုင် သော ထုံးဓလေ့အသစ်များ တီထွင်လာ ကြရာ ဟိန္ဒူနှင့် မွတ်စလင်အချင်းချင်း ယဉ်ကျေးမှုခြင်း အပြန်အလှန် ဖလှယ်နိုင် မှုကြောင့် မိမိတို့၏ အုပ်ချုပ်ရေးစနစ် အောင်မြင်ခဲ့သည်။ အထူးသဖြင့် တွရီ ကဟ်နယ်ပယ်မှ တီထွင်မှုများသည် ဟိန္ဒူ လူမျိုးတို့၏ စိတ်နှလုံးသားကို ဖမ်းစားနိုင် ခဲ့သည်။ ဒေသခံအိန္ဒိယတိုင်းရင်းသားတို့ အစ္စလာမ့်အေးရိပ်ကို ခိုလှုံလာကြသဖြင့် အစ္စလာမ့်အင်အားသည် အိန္ဒိယ၌ အား ကောင်းလာခဲ့သည်။ အိန္ဒိယနိုင်ငံနည်းတူ မြန်မာနိုင်ငံ၌ ရှေးမြန်မာမွတ်စလင်ပညာရှိများသည် မြန်မာ့လူဘောင်နှင့် အံဝင်မည့်အစ္စလာမ်ဘာသာရေးထုံးဓလေ့များကို တီထွင်ခဲ့ ကြသည်။ မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုး ထားကြသည်။ မြန်မာ့လူ့ဘောင်တွင် ယဉ်ကျေးမှုချင်း အပြန်အလှန်ဖလှယ်၍ တိုင်းပြည်တာဝန်များကျေပွန်ခဲ့ကြသည့်အတွက် မြန်မာမင်းအဆက်ဆက်တို့၏ နေရာပေးခြင်း၊ မြှောက်စားခြင်းကို ခံခဲ့ကြ ရသည်။ ဇာတိသွေး၊ ဇာတိမာန်ထက်သန် စွာဖြင့် အမိမြေကို ကာကွယ်ခဲ့ကြသည်။ အမိမြေချစ်စိတ်ဖြင့် ယုံကြည်မှုကို တည် ဆောက်နိုင်ခဲ့ကြသည်။ မြန်မာ့လူဘောင် တွင် တိုင်းရင်းသားများအဖြစ် ပဋိပက္ခ ကင်းစွာ သိက္ခာရှိရှိရပ်တည်နေထိုင်ခဲ့ကြသည်။
နှောင်းခတ်တွင်မူ ရှေးမြန်မာ မွတ် စလင်ကြီးများ၏ ဟစ်က်ကမသ်အမြင် တို့ကို သဘောမပေါက်ကြတော့ပဲ စွန္နသ် နှင့် ဗိဒအသ်ကို တလွဲအဓိပ္ပာယ် ဖွင့်ဆို လာကြသည်။ မြန်မာ့ လူဘောင်တွင် သိက္ခာရှိရှိရပ်တည်နေထိုင်ခဲ့သော ရှေးဦး မြန်မာမွတ်စလင်ပညာရှိကြီးများ၏ ဓလေ့ များလွဲမှား၍ ယနေ့ ပြုပြင်ပစ်ရမည်ဟု ကြွေးကြော်လာကြသည်။ သို့ဖြင့်ရှေးမြန်မာမွတ်စလင်ကြီးများရရှိခဲ့သောနေရာမှ ကျွန်ုပ်တို့ဘေးခွာ ပေးလိုက်ရတော့သည်။ မိမိအိမ်ပေါ်နေရင်း ဧည့်သည် ဖြစ်ရတော့ မည့်အရေးတို့ဖြင့် တွေ့ကြုံလာရသည်။ မိမိကျောခင်းသော ပျဉ်ပြားကိုပင် ထင်း လုပ်ဖို့ မျက်စောင်းထိုးခြင်း ခံရပေပြီ။ကမ္ဘာ ပညာရှင်တို့က ပဋိပက္ခများသည် အရိုင်း စိတ်ချင်း ထိပ်တိုက်တွေ့ခြင်းဟု ဆိုကြ သည်။ မြန်မာမွတ်စလင်အရေးကမူ ယဉ် ကျေးမှုချင်း ထိပ်တိုက်တွေ့နေခြင်းဟုပင်ဆိုနိုင်၏။ ဒေါက်တာဆောင်းလွင်အောင် အသ်-တွရီကဟ် အမှတ်(၁)မှ ကူးယူဖော်ပြသည်။

Friday, 5 July 2013

Royal Rose Press Conference

                               Royal Rose Press Conference (Part 1)
                               Royal Rose Press Conference (Part 2)
                               Royal Rose Press Conference (Part 3)
                               Royal Rose Press Conference (Part 4)

Unity for Peace Network

ရန်ကုန်မှာလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲ
Unity for Peace Network (Part 1) 


                                     
Unity for Peace Network (Part 2)
Unity for Peace Network (Part 3)
Unity for Peace Network (Part 4)

Saturday, 13 April 2013

အလ်ဟဂ်ျမုဖ်သီဒေါက်တာဦးမြင့်သိန်း


အလ်ဟဂ်ျမုဖ်သီဒေါက်တာဦးမြင့်သိန်း ဟောပြောသော အိဒ်း မိန့် ခွန်း (အပိုင်း ၁)

                   အလ်ဟဂ်ျမုဖ်သီဒေါက်တာဦးမြင့်သိန်း ဟောပြောသော အိဒ်း မိန့် ခွန်း (အပိုင်း ၂)


                   အလ်ဟဂ်ျမုဖ်သီဒေါက်တာဦးမြင့်သိန်း ဟောပြောသော အိဒ်း မိန့် ခွန်း (အပိုင်း ၃)


                   တမန်တော်မွေးနေ့ အခန်းအနား (အပိုင်း ၁)


                   တမန်တော်မွေးနေ့ အခန်းအနား (အပိုင်း ၂)


                   တမန်တော်မွေးနေ့ အခန်းအနား (အပိုင်း ၃)


                   တမန်တော်မွေးနေ့ အခန်းအနား (အပိုင်း ၄)


                   အိဒ်းနေ့ မိတ်ဆုံစားပွဲ (အပိုင်း ၁)


                   အိဒ်းနေ့ မိတ်ဆုံစားပွဲ (အပိုင်း ၂)


                   အိဒ်းနေ့ မိတ်ဆုံစားပွဲ (အပိုင်း ၃)

Friday, 1 March 2013

စည်းလုံးညီညွတ်ရေးသို့(၁)



မွတ်စလင်မ်တို့၏အောင်မြင်ခြင်းလက္ခဏာ

အစ္စလာမ့်အတိတ်သမိုင်းကိုပြန်လည် စမ်းစစ်ကြည့်ပါက အစ္စလာမ်သာသနာဝင်မွတ်စ လင်မ်များသည် ကျမ်းမြတ်ကုရ်အာန်က ညွှန်ကြားပြသသော လမ်းညွှန်မှုအတိုင်းအလွန် စည်းလုံးညီ ညွတ်သည့် ခဲပုပ်ရည်ဖြင့်သွန်းလောင်းထားသော အဆောက်အဦးကြီး သ ဖွယ် ကျစ်လစ်ခိုင်မာတောင့်တင်းသော လူ့အဖွဲ့အစည်းကြီးကို တည်ဆောက်နှိုင်ခဲ့ သည်။ ထို လူ့အဖွဲ့အစည်းကြီး၏ ညီညွတ်မှုသည်တစ်ဦးတစ်ယောက်အပေါ်ကျရောက်လာသော အခက်အခဲများကို စုပေါင်းရင်ပေါင်တန်း၍ ညီညာစွာ ၀ိုင်းဝန်းဖယ်ရှားပေး သူများဖြစ် ကြကြောင်း (ကုရ် အာန် ၆၁း၎) တွင် မှတ်တမ်းတင် ထားသည်။
ယနေ့မွတ်စလင်မ်များသည်  စည်းလုံးညီညွတ်သော လူ့အဖွဲအစည်းကြီးတစ်ခုကို တည်ဆောက်နှိုင်ခြင်း မရှိသည့်အပြင် ရှိပြီးသား မွတ်စလင်မ်အချင်းချင်းအတွင်း  စည်းလုံး ညီညွတ်မှုကို ထိခိုက်စေသည့် တစ်ဦးကိုတစ်ဦး မညှာတမ်းစွပ်စွဲပုတ်ခတ် အပုပ်ချမှုများ သည် နေ့စဉ်နှင့်အမျှ နေရာတိုင်းတွင် တိုးပွားလျှက်ရှိနေပေသည်။ ထို ကဲ့သို့ မွတ်စလင်မ် အချင်းချင်းစွပ်စွဲပုတ်ခတ် အပုပ်ချမှုများသည် အင်တာနက်များတွင်သာမက ဗလီဝတ် များအတွင်း ၌ပင် ရောက်ရှိလာသည်များကိုဝမ်းနည်းဖွယ် ရာ အဖြစ်  မြင်တွေ့နေရ ပေ သည်။
ဤသည် မျိုးဆက်သစ် မွတ်စလင်မ်လူငယ်များအတွက်  မှားယွင်းသောအစဉ်အလာ များဖြစ်နှိုင်သည့်အတွက်  ထိုကဲ့သို့ အချင်းချင်းပုတ်ခတ် ပြောဆို မှုများနှင့် စပ် လျင်း၍ ကျမ်းမြတ်ကုရ်အာန် ကမည်ကဲ့သို့ တားဆီးပိတ်ပင်ထားသည်ကို တင်ပြရာတွင်  အစ္စလာမ် သာသနာ၏ အခြေခံမူဝါဒမှ စတင်ရမည်ဖြစ်ပါသည်။


(မဇ္ဈိမပဋိပဒါ) အစ္စလာမ်သာသနာ

وَكَذَٰلِكَ جَعَلْنَاكُمْ أُمَّةً وَسَطًا لِّتَكُونُوا شُهَدَاءَ عَلَى النَّاسِ وَيَكُونَ الرَّسُولُ عَلَيْكُمْ شَهِيدًا
And thus We have made you a middle nation to be witnesses over mankind, and (for) the Messenger to be a witness over you.(2;143)
(ထို့ပြင်ဤနည်းနှင်နှင် ငါအသျှင်မြတ်သည် အသင်တို့ကို (မဇ္ဈိမပဋိပဒါ) အလယ်အလတ် လမ်းစဉ် သာသနာဝင်များအဖြစ် ပြုတော်မူခဲ့လေပြီ၊ (ယင်းကဲ့သို့ပြုတော် မူခြင်းမှာ)အသင် တို့သည် လူခပ်သိမ်းတို့အဘို့ အသိသက်သေများ ဖြစ်စေအံ့သောငှာလည်းကောင်း၊ထို့ပြင် ရစူလ်တမန်တော် (မုဟမ္မဒ်)သည်လည်းအသင် တို့အဘို့ အသိသက်သေ ဖြစ်စိမ့်သော ငှာလည်းကောင်း၊ ဖြစ်လေသည်။)
ကုရ်အာန် ၂း၁၄၃
ထိုစာပိုဒ်လေးတစ်ခုတည်းကို သေချာစွာလေ့လာကြည့်မည် ဆိုလျှင်ပင် မွတ်စလင်မ်များ သည် တမန်တော်မြတ်၏ ကိုယ်ကျင့်တရားစံချိန် စံညွှန်းဖြင့် ကမ္ဘာ့လူသားတစ်ရပ်လုံး၏ model စံပြ လူသားများ ဖြစ်သည်ဟူသော အချက်ကိုတွေ့ရမည်ဖြစ်သည်။ မွတ်စလင်မ် တို့၏အတိတ်သမိုင်းကို ပြန်လည်စမ်းစစ်မည်ဆိုပါက ထိုဗျာဒိတ်ပါ စံချိန်စံညွှန်းဖြင့်အံဝင် ကွင်ကျ ရှိခဲ့သောခေတ်(၀ါ) မဟာသာဝကများခေတ် သည် အကောင်းဆုံးခေတ် (သို့မ ဟုတ်) ရာရှေဒွန်း ဖြောင့်မတ်မှန်ကန်သော ခေတ်ဟု ကမ္ဗည်းအက္ခရာ တင်ခဲ့သည်။ ထိုနည်းတူစွာ အစ္စလာမ်သာသနာဝင် မွတ်စလင်မ် များသည်ကမ္ဘာ့လူသားတစ်ရပ်လုံး ၏ လေးစားမှုကိုခံရသော ကမ္ဘာ့စံပြလူသားများ ဖြစ်ခဲ့ကြသည်။၎င်းတို့အချင်းချင်းအတွင်း စည်းလုံးညီညွတ်မှုနှင့် စပ်လျင်းပြီး အထက်ကဖေါ်ပြခဲ့သော(ကုရ် အာန်၆၁း၎)တွင်ခဲပုတ် ရည်ဖြင့် သွန်းလောင်းထားသော အဆောက်အဦးကြီးအဖြင့် ခိုင်နှိုင်းဖေါ်ပြ ထားသည်။
ယနေ့အစ္စလာမ်သာသနာဝင် မွတ်စလင်မ်များဟူသည် အထက်မှဖေါ်ပြခဲ့သော မွတ်စ လင်မ် များ၏ စည်းလုံးညီညွတ်သော လူံအသိုက် အမြုံကြီးနှင့် ဖီလာဆန့်ကျင်သောအချင်း ချင်း ကိုပင် မ ညှာမတာ ပုတ်ခတ်စွပ်စွဲ၍ စည်းလုံးညီညွတ်မှုဗျမ်းဗျမ်းကွဲ လူ့အဖွဲ့ အစည်း ကြီး အဖြစ် သမိုင်းတွင်လျှက်ရှိနေသည်ကို ၀မ်းနည်းဖွယ် တွေ့နေရပေသည်။
ထိုအာယာသ်တွင် သုံးထားသော وسطا أمة (မဇ္ဈိမပဋိပဒါ) (ခေါ်) အလယ်အလတ်လမ်း စဉ် သာသနာဝင်လူ့အ ဖွဲ့အစည်းကြီးဖြစ်သည်။ وسطا ဟူသောဝေါဟာရသည် وسط မှ ဆင်း သက် လာ ပြီး၊ အင်္ဂလိပ်စာပေ middle part of anything. အရာတစ်ခု၏အလယ် အစိတ် အပိုင်း၊ အလယ်အလတ်၊ တစ်ဖက်စွန်းမရောက်သောဟူ သည့် အဓိပ္ပါယ်ဖြစ် သည်။
အစ္စလာမ်သာသနာသည် အစွန်းရောက်မှုကင်းသော လူသားသဘာဝနှင့် သဟဇာတဖြစ် သည့် သာသနာဖြစ်သည်နှင့်အညီ မွတ်စလင်မ်ဟူသည် အစွန်းရောက်မှု ကင်းသူ များဖြစ် သည်။ အစ္စလာမ်သာသနာ၏ အခြေခံမူဝါဒတွင်(ဧကစာရီ) တစ်ဦးတစ်ယောက်တည်း ၊တောထွက်တရားကျင့်ခြင်း၊ အိမ်ထောင်သားမွေးခြင်း ကိစ္စရပ်များကို ရွံရှာမုန်းတည်းခြင်း ၊ လောကီရေးရာ ကိစ္စ များ ကိုရှောင်ကြဉ်ခြင်းတို့ကို အားပေးပြ ဌာန်းထားခြင်း အလျင်းမ ရှိပေ။
အစ္စလာမ်ဟူသည်ငြိမ်းချမ်းရေးမူဝါဒ  လမ်းစဉ်ဖြစ်သည် ထိုမူဝါဒလမ်းစဉ်ကို လက်ခံယုံ ကြည်သူကို မွတ်စလင်မ် (သို့မဟုတ်)ငြိမ်းချမ်းရေးဝါဒီဟုခေါ်သည်။ မွတ်စလင်မ်ဟူသည် မိမိ၏ ဘ၀ သက်တမ်းကို  အလ္လာဟ်အရှင်၏  ပြဋ္ဌာန်းချက်နိယာမဖြစ်သော ကုရ်အာန် ၏ ညွှန်ကြားချက်နှင့်အညီ  စည်းဝါးကိုက်ညီစွာ  အံဝင် ဂွင်ကျလိုက်နာ ကျင့်သုံးသူဖြစ် ၏။
မွတ်စလင်မ်ဟူသော  စကားလုံး၏ အခြားအဓိပ္ပါယ်တစ်မျိုးမှာ မိမိပတ်ဝန်းကျင်ရှိ လူသား အားလုံးနှင့် သက်ရှိများ အားလုံးအပေါ် မေတ္တာထားသူ၊ သနားညှာတာသူ၊ တရားမျှတ သူ ဖြစ် သည်။ ထို့ကြောင့် မွတ်စလင်မ် ဟူသည် မိမိ၏ နှုတ်လျှာအမူအရာ  ကျင့်ကြံမှုများ အားလုံးဖြင့်သက်ရှိ၊  သက်မဲ့အားလုံးပေါ်၌ ငြိမ်းအေးစေသူဖြစ်စေရမည်ဟု တမန်တော် မုဟမ္မဒ်(အရှင်၏အေးငြိမ်း မှု ကျရောက်ပါစေ)က  ဖွင့်ဆိုခဲ့ပေသည်။
အစ္စလာမ်သာသနာသည် တရားမျှတမှုကိုအခြေခံ၍ လူမှုဘ၀တိုးတက်ဖွံဖြိုးရေးနှင့် စည်း လုံးညီညွတ်သည့်လူ့အ ဖွဲ့အစည်းကြီးကို တည်ထောင် ရန် ပြဌာန်းထား သည်။ ထိုကဲ့ သို့ ပြ ဌာန်းထား သည်နှင့်အညီ ထိုစည်းလုံးညီညွှတ်သော လူ့အဖွဲ့အစည်းကြီးကို မည်ကဲ့ သို့ ထိန်း သိမ်းစောင့်ရှောက်ရမည်ကိုလည်း အသေးစိတ် ညွှန်ကြားပြဌာန်းချက် များပါဝင် သည်။


စည်းလုံးညီညွတ်မှုအရေးကြီးပုံ

إِنَّمَا الْمُؤْمِنُونَ إِخْوَةٌ فَأَصْلِحُوا بَيْنَ أَخَوَيْكُمْ ۚ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُرْحَمُونَ
The believers are but brothers, so make settlement between your brothers. And fear Allah that you may receive mercy.(49;10)
(မုအ်မင်(န်)သက်ဝင်ယုံကြည်သူတို့မှာ (အချင်းချင်း)ညီအစ်ကိုများ သာဖြစ်ကုန်၏။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ ညီအစ်ကိုတို့်၏စပ်ကြားဝယ် ရန်ငြိမ်းအောင် (စေ့ စပ်မှု ကို) ပြု လုပ် ဆောင်ရွက်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်ဟုအ ရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အရှင်၏သနား ကရုဏာ ပြုတော် မူ ခြင်းကို ခံကြရ ကုန်အံ့သ တည်း။) (၄၉း၁၀)
ထိုအာယာသ်ပါ إِخْوَةٌ ဟူသည် အဖေရင်းအမေရင်းကမွေးသော ညီအကိုအရင်းကိုသုံး သည့် أَخٌ ၏အများကိန်းဖြစ် သည်။ أَخٌ ၏အခြားအများကိန်း တစ်ခုမှာ إِخْوَانَ ဖြစ်သည်။ အင်္ဂ လိပ် စာပေ ရှိ brotherhood ညီအကိုကဲ့သို့ ဖြစ် သူကိုသာသုံးသည်။ ညီအကိုအရင်း မဟုတ်ပေ။ ထိုအာယာသ်အရ မွတ်စလင်မ်များသည် إِخْوَةٌ ညီအကိုအရင်းဟုသုံး ထားခြင်းဖြင့် ညီအကို တစ်ဦး ၏ ဒုက္ခ သည် မိမိ၏ဒုက္ခဖြစ်သည်။ ညီအကိုတစ်ဦး၏ပျော် ရွှင်မှုသည် မိမိ ၏ပျော်ရွှင်မှုဖြစ်သည်။ ညီအကိုတစ်ဦး၏ တိုးတက်ဖွံ့ဖြိုးမှုသည် မိမိ၏ဖွံ့ဖြိုး တိုးတက်မှု၊ ညီအကိုတစ်ဦး၏ ဆုတ်ယုတ် မှုသည် မိမိ၏ဆုတ်ယုတ်မှုအဖြစ်ခံစားနှိုင် ရန်အတွက် မွတ်စလင်မ်များသည် နာမ်ပိုင်းဆိုင် ရာညီရင်းအကို မောင်ရင်းအမ များဖြစ်ကြောင်းပြဌာန်း ထား ခြင်းဖြစ်သည်။
မွတ်စလင်မ်အချင်းချင်းသည် လူသားများဖြစ်ကြသည့်အလျောက် ပရိပက္ခပြဿနာဟူ သည် ရှိနှိုင်စမြဲပင်။ ဤသည်ကို ကျမ်းမြတ်ကုရ်အာန်က မွတ်စလင်မ်များသည် ညီအကိုအ ရင်းများ ဖြစ် သည်ဆိုသောအသိကို ထည့်သွင်း မွေးဖွားလိုက်သည်နှင့် ကြီးသောပြဿ နာသည် သေးငယ်သွားမည်၊ သေးငယ်သောပြဿနာသည် ပပျောက်သွားမည်။ သာမန် လူသားအ ချင်းချင်း ခွင့်မ လွှတ်နှိုင်လောက်သော ကိစ္စကြီးငယ်သည် ညီအကိုဟူသော အ သိစိတ်ဖြင့် ခွင့်လွှတ်နှိုင်မည်ဖြစ်သည်။
အချင်းချင်းအတွင်း ကျေလည်မှုမရှိသော ပြဿနာရပ်များကို မျက်နှာချင်းဆိုင်ဖြေရှင်းရ မည်ဖြစ်သည်။ ညီအကိုဟူသည် တစ်ဦး၏နောက်ကွယ်တွင် တစ်ဦးကပုတ်ခတ်ပြောဆို စွပ်စွဲခြင်းပြု ကြ မည်မဟုတ်ပေ။ မွတ်စလင်မ်များ စပ်ကြားထိုကဲ့သို့ ညီအကိုစိတ် ဓါတ် မွေးဖွားနှိုင်မှသာ ကျမ်းမြတ်ကုရ်အာန်က တစ်ဆင့်ထပ်မံပြဌာန်းချက် (ကုရ်အာန် ၃း၁၀၃) နှင့်ကိုက်ညီစွာ ဘ၀ တည်ဆောက်နှိုင် မည်ဖြစ်သည်။

وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا
And hold firmly to the rope of Allah all together and do not become divided.(3;103)
(ထို့ပြင်တ၀ အသင်တို့သည် တစ်စည်းတစ်လုံးတည်း အလ္လာဟ်အရှင်မြတ်၏ကြိုးကို စွဲမြဲ စွာကိုင်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် အချင်းချင်း သွေးမကွဲကြကုန်လင့်။) (၃း၁၀၃)
အလ္လာဟ်အရှင်မြတ်၏ ကြိုးတော်ဖြစ်သော ကျမ်းမြတ်ကုရ်အာန်၏လမ်းညွှန်မှုများကိုတစ် စည်းတစ်လုံးတည်း လိုက်နာကျင့်သုံးရမည်။ မွတ်စလင်မ်အချင်းချင်း စိတ်ဝမ်းမကွဲရဟူ၍ အ မိန့် ပေး ပြဌာန်းထားသည်။ ထိုပြဌာန်းချက်များသည် အပေါ်ယံရှုမြင်သုံးသပ်ခြင်း အားဖြင့် မည်သို့မျှထူးခြားမှု မရှိဟုထင်ရ သော်လည်း၊ မွတ်စလင်မ်တစ်မျိုးသားလုံး၏ ဘ၀ တိုးတက်မှုနှင့် ဘ၀ နိမ့် ကျမှုသည် ထိုအာယာသ်အပေါ် လက်တွေ့ကျင့်သုံခြင်း နှင့် လှစ်လျူ ရှုခြင်းအပေါ် မူတည်နေပေသည်။
ကျမ်းမြတ်ကုရ်အာန်က အမိန့်ပေးပြဌာန်းချက်ကို လိုက်နာမှုမရှိခြင်းသည် ကြီးမားသည့်ပြစ် မှုကြီးဖြစ်သကဲ့သို့ ထိုအမိန့်ကိုလိုက်နာကျင့်သုံးရန် မလိုဟုခံယူခြင်းသည် ကျမ်းမြတ် ကုရ်အာန် ကိုငြင်း ပယ်ခြင်းဖြစ်သည်။
ထိုအာယသ်ပါ မွတ်စလင်မ်များ အချင်းချင်းစိတ်ဝမ်းမကွဲရ ဟူသောအမိန့်ကို လိုက်နာ ကျင့်သုံးရာတွင် စိတ်ဝမ်းကွဲဘွယ်ရာဖြစ်သော ကိစ္စရပ်များကို ရှောင်ကျဉ်ရမှာလည်း အဓိ ကတာဝန် တစ်ရပ်ဖြစ်သည့်အတွက် ကျမ်းမြတ်ကုရ်အာန်က အချင်းချင်းအတွင်း စိတ်ဝမ်း ကွဲစေနှိုင်သော အချက်များကိုလည်း တားမြစ်ပြဌာန်းထားသည်။


စိတ်ဝမ်းကွဲစေသောအချက်များ

يَا أَيُّهَا الَّذِينَ آمَنُوا لَا يَسْخَرْ قَوْمٌ مِّن قَوْمٍ عَسَىٰ أَن يَكُونُوا خَيْرًا مِّنْهُمْ وَلَا نِسَاءٌ مِّن نِّسَاءٍ عَسَىٰ أَن يَكُنَّ خَيْرًا مِّنْهُنَّ ۖ وَلَا تَلْمِزُوا أَنفُسَكُمْ وَلَا تَنَابَزُوا بِالْأَلْقَابِ ۖ بِئْسَ الِاسْمُ الْفُسُوقُ بَعْدَ الْإِيمَانِ ۚ وَمَن لَّمْ يَتُبْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
O you who have believed, let not a people ridicule [another] people; perhaps they may be better than them; nor let women ridicule [other] women; perhaps they may be better than them. And do not insult one another and do not call each other by [offensive] nicknames. Wretched is the name of disobedience after [one's] faith. And whoever does not repent – then it is those who are the wrongdoers.(Quran 49;11)
(အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ယောက်ျားများသည် ယောက်ျားအား သ ရော်သမှုမပြုရ။(အကြောင်းသော်ကား)ထို(သရော်သမှု ပြုခြင်းခံကြရသော)ယောက်ျား များသည် ထို(သရော် သောယောက်ျား)တို့ ထက်ပို၍ကောင်းမြတ်သူများ ဖြစ်တန်ကြ ရာ ကုန်၏။ ထိုနည်းတူစွာ မိန်းမများသည်လည်း မိန်းမများအား သရော် သမှုမပြုကြရ။ထို (သ ရော်သမှုပြုခြင်း ကိုခံ ကြရသော)မိန်းမများသည်ထို(သရော်ကြသောမိန်းမ)များထက် ပို၍ကောင်းမြတ်သူများ ဖြစ်တန်ကြရာကုန်၏။
၎င်းပြင် အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦးငြူစူ စောင်းမြာင်းကဲ့ရဲ့ပြစ် တင်ခြင်းလည်း မပြုကြကုန်လင့်။ ထိုမှတစ် ပါး အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကို တစ်ဦး သရော်သမှုပြုကြသော အမည်နာမ များဖြင့်လည်း မှည့်ခေါ်ခြင်း မပြုကုန်လင့်။ ‘အီ မာန်’သက်ဝင်ယုံကြည်ပြီးနောက်ပြစ် မှုတည်းဟူသောအမည်နာမသည် လွန်စွာဆိုးရွားလှ ၏။ သို့ပါလျက် မည်သူမဆို ၀န်ချတောင်းပန် ခြင်း မပြု ခဲ့သော် ယင်း ကဲ့သို့ သူတို့ သည်သာ လျှင် မတရား သောသူများ ဖြစ်ကြပေ သတည်း။)
(ကုရ်အာန် ၄၉း ၁၁)

(၁) ထိုအာယာသ်ပါ يَسْخَرْ ridicule, သရော်ခြင်း။ scoff,ပြောင်လှောင်ခြင်း၊ တို့ဖြစ်သည်။
(၂) تَلْمِزُوا find fault, အပြစ်ရှာခြင်း၊ blame, ပုတ်ခတ်ခြင်း၊ censure, ပြစ်တင်ခြင်း။ backbite, ကွယ်ရာတွင် မကောင်းပြောခြင်း။ ကုန်းတိုက်ခြင်း။ slander, ဂုဏ်သရေထိ ခိုက် ပျက်ပြားစေရန်  ပြောဆိုခြင်း။ defame, သွားပုပ်လေလွင့်ပြောဆိုခြင်း။ ဟူသော အဓိပ္ပါယ် များစွာ သက်ရောက်သော အရဗီ ဝေါဟာရ တစ်လုံးတည်းဖြင့် သုံးထား သည်။
(၃) بِالْأَلْقَابِ nickname နာမည်ပြောင်ဖြင့် ခေါ်ဆိုခြင်းဖြစ်သည်။
အထက်အာယာသ်ပါ ထိုအချက်သုံးချက်သည် ကျမ်းမြတ်ကုရ်အာန်တွင် သက်ဝင်ယုံ ကြည်သူ မွတ်စလင်မ်များကို အမိန့်ပေးဝေါဟာရများအားဖြင့် တိုက်ရိုက်တားမြစ်ထား သည့်အမိန့် ထုတ်ပြန်ချက်ဖြစ်သည်။ မွတ်စလင်မ်များအနက် တစ်ဦးတစ်ယောက်သည် ထိုပညတ်ချက်သုံးချက်အနက် တစ်ခုခုကိုဖြစ်စေ သုံးခုစလုံးကိုဖြစ်စေ ကျူးလွန်မိပါက ထိုကျူးလွန်မိသူမွတ်စလင်မ် တစ်ဦးသည် မိမိကျူးလွန်မိသော ထိုပြစ်မှုကို ၀န်ချတောင်း ပန်ခြင်းပြုရမည်မှာ လည်း တာဝန်တစ်ရပ်ဖြစ်သည်။

وَمَن لَّمْ يَتُبْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
whoever does not repent then it is those who are the wrongdoers.
မည်သူမဆိုဝန်ချ တောင်းပန်ခြင်းမပြုသော် ယင်းသူများသည် الظَّالِمُونَ မသူတော်များ မတ ရားပြုသူများဖြစ်သည်ဟူ၍ ပြဌာန်းထား သည်။
ကျမ်းမြတ်ကုရ်အာန်၏ ဥပဒေအရ ကြီးမားသောပြစ်မှုတိုင်းကို ကျူးလွန်မိသူတိုင်းသည် ထိုပြစ်မှုကြီးနှင့်စပ်လျင်းပြီး ၀န်ချတောင်ပန်ခြင်း မပြုသမျှကာလပတ်လုံး ထိုပြစ်မှုသည် မိ မိနှင့်အတူ တည်ရှိနေမည်ဖြစ်သည်။ ဆက်လက် ဖေါ်ပြထားသော(ကုရ်အာန်၄၉း၁၂) တွင် ထိုကဲ့သို့သော အမှုမျိုးကိုကျူးလွန်သူအား ထိုထက်ပင်ပိုမိုပြင်းထန်သောဝေါ ဟာရ ဖြင့် တားမြစ်ထားသည် ကို တွေ့ရပေသည်။

يَا أَيُّهَا الَّذِينَ آمَنُوا اجْتَنِبُوا كَثِيرًا مِّنَ الظَّنِّ إِنَّ بَعْضَ الظَّنِّ إِثْمٌ ۖ وَلَا تَجَسَّسُوا وَلَا يَغْتَب بَّعْضُكُم بَعْضًا ۚ أَيُحِبُّ أَحَدُكُمْ أَن يَأْكُلَ لَحْمَ أَخِيهِ مَيْتًا فَكَرِهْتُمُوهُ ۚ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ تَوَّابٌ رَّحِيمٌ
O you who have believed, avoid much [negative] assumption. Indeed, some assumption is sin. And do not spy or backbite each other. Would one of you like to eat the flesh of his brother when dead? You would detest it. And fear Allah ; indeed, Allah is Accepting of repentance and Merciful.(49;12)
(အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် များစွာသော ထင်မြင် ယူဆချက်များမှ ကြဉ် ရှောင်ကြလေကုန်။ စင်စစ်ဧကန် အချို့သောထင်မြင်ယူဆချက်များ မှာ အပြစ် ပင်ဖြစ်ပေသည်။ ၎င်းပြင် အသင်တို့သည် (သူတစ်ပါးတို့၏ ချွတ်ယွင်းမှုများ ကို) ထောက်လှမ်းစူးစမ်းခြင်း မပြုကြကုန်လင့်။ ထို့ပြင် အသင်တို့အနက် တစ်ဦးသည်တစ် ဦး၏ နောက်ကွယ်၌ အ တင်းပြောဆိုခြင်းကိုမပြုရ။ အသင်တို့အနက် တစ်ဦးတစ်ယောက် သည် မိမိညီအစ်ကို၏ အသေသားကို စားသုံးရန် နှစ်သက် ပါမည်လော။ စင်စစ် အသင် တို့သည်ထို(အသေသားစားခြင်း) ကို စက်ဆုပ်ကြမည်သာ။ ထိုမှတစ်ပါးအသင် တို့သည် အလ္လာဟ် အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေ ကုန်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ် သည် ၀န်ချ တောင်းပန်ခြင်းကို အလွန်တရာ လက်ခံတော်မူသောအရှင်၊ အလွန်တရာသ နားကြင်နာ တော် မူသောအရှင်၊ဖြစ်တော်မူပေသတည်း၊)
(ကုရ်အာန်၄၉း၁၂)
ထိုအာယာသ်ပါ الظَّنِّ အဖြစ်မှန်ကို တိတိကျကျမသိဘဲ မိမိ၏ထင်မြင်ယူဆချက်အတိုင်း သူတစ်ပါးကိုပြန်လည် ဖေါက်သည်ချခြင်းသည် ပြစ်မှုကြီးပင်ဖြစ်သည်။ သူတစ်ပါး၏ အ တွင်းရေး သူတစ်ပါး၏ချွတ်ယွင်းချက်များကို စပ်စုခြင်း၊ထောက်လှမ်းစူးစမ်းခြင်းမပြုရ။ သူ တစ်ပါး၏နောက်ကွယ်တွင် အခြားသူများကို အတင်းအဖျင်း ပြောဆိုခြင်းသည် သေဆုံး သွားသော ညီအကို ၏အသားကို စားခြင်းဖြစ်သည်ဟု ဖေါ်ပြချက်သည် မွတ်စလင်မ်များ ၏ နှလုံးသည်းပွတ်အ တွင်းမှ ရိုးတွင်းချဉ်ဆီထဲအထိ ထိုအမှုများကို ရွံရှာမုန်းတီး သွား အောင်ပြဌာန်းချက်ဖြစ်သည်။
တစ်ဦး၏နောက်ကွယ်တွင် တစ်ဦးကမကောင်းပြောခြင်းနှင့် ရှေ့တွင်စောင်းချိတ်ခြင်း သည် စည်းလုံးညီညွတ်နေသော လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို တစ်မဟုတ်ခြင်းပြို ကွဲစေမည့် ပျား ရည်တစ်စက်ကြောင့် ပြည်ပျက်သကဲ့သိုပင်။ ထို့ကြောင့်(ကျမ်းမြတ်ကုရ် အာန်၁၀၄း၁) တွင် ထပ်မံတားမြစ်ထားသည်ကို တွေ့ရသည်။
မတရားစွပ်စွဲခြင်းနှင့်စပ်လျဉ်း၍ ကျမ်းမြတ်ကုရ်အာန် ၂၄း၎တွင်-

وَالَّذِينَ يَرْمُونَ الْمُحْصَنَاتِ ثُمَّ لَمْ يَأْتُوا بِأَرْبَعَةِ شُهَدَاءَ فَاجْلِدُوهُمْ ثَمَانِينَ جَلْدَةً وَلَا تَقْبَلُوا لَهُمْ شَهَادَةً أَبَدًا ۚ وَأُولَٰئِكَ هُمُ الْفَاسِقُونَ
And those who accuse chaste women and then do not produce four witnesses – lash them with eighty lashes and do not accept from them testimony ever after. And those are the defiantly disobedient,(24;4)
(၎င်းပြင်အပြစ်ကင်းစင်သော အမျိုးသမီးများအား (ကာမေသုမိစ္ဆာစာရကျူးလွန်သည်ဟု) စွပ်စွဲပြီးနောက် သက်သေလေးယောက် တင်မပြနိုင်ခဲ့ကြသောသူတို့အား အသင်တို့သည် ကြိမ် ဒဏ် အချက်ပေါင်း ရှစ်ဆယ်ရိုက်ကြ  လေကုန်။ ၎င်းပြင် အသင်တို့သည် မည်သည့် အခါမျှ ၎င်းတို့၏ မည်သို့သောသက်သေခံချက်ကိုမျှ လက်မခံကြ ကုန်လင့်။ စင်စစ်သော် ကား ထိုသူ တို့ သည် ပင်လျှင် စည်းကမ်းဖောက်ဖျက်သူများ ဖြစ်ကြကုန်၏။)
(ကုရ်အာန် ၂၄း၎)
အစ္စလာမ်သာသနာသည် လူ့အဖွဲ့အစည်းကြီးအတွင်း စည်းလုံးညီညွတ်မှုကို ထိခိုက် မည့် အကြောင်းခြင်းရာအားလုံးနှင့် တစ်ဦးတစ်ယောက်၏ သာယာဝပြောနေသောဘ၀ကိုတစ် ဦး တစ်ယောက်ကြောင့် အကျည်းတန်အရုပ်ဆိုးသွားရသော အပြုအမူများကို (ဂုနာက ဘီရာဟ်) ကြီးလေးသောပြစ်မှုကြီးများအဖြစ် သတ်မှတ်ပြဌာန်းထားသည်။
အစ္စလာမ်သာသနာ၏ အဆုံးအမဖြစ်သော ကျမ်းမြတ်ကုရ်အာန်သည် လူ့အဖွဲ့အစည်းကြီး အတွင်း စည်းလုံးညီညွတ်မှုကို ပြိုကွဲစေမည့် လုပ်ဆောင်ချက်ဟူသ၍ကို တားမြစ်ထား ရာတွင် လည်း၊သာမန်အားဖြင့် သေးငယ်သော အရာများသာဖြစ်သည်ဟု ထင်ရပါသော် လည်း အချို့ကိစ္စရပ်များသည် ကြီးမားသောပရိပက္ခကို ဖြစ်စေသော အကြောင်းရင်း များဖြစ်လာတတ်သည် ကိုတွေ့ရတတ်ပေသည်။


ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သောအဖြစ်များကိုတားမြစ်

وَلَا تُصَعِّرْ خَدَّكَ لِلنَّاسِ وَلَا تَمْشِ فِي الْأَرْضِ مَرَحًا ۖ إِنَّ اللَّهَ لَا يُحِبُّ كُلَّ مُخْتَالٍ فَخُورٍ
And do not turn your cheek [in contempt] toward people and do not walk through the earth exultantly. Indeed, Allah does not like everyone self-deluded and boastful. (31;18)
(၎င်းပြင်အသင်သည် လူတို့ရှေ့ဝယ်မိမိမျက်နှာကို စူ၍မထားလေနှင့်။ ထို့ပြင်အသင် သည် ပထ၀ီမြေ၀ယ်မော်ကြွား လျက်လမ်းမလျှောက်လေနှင့်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ် သည် မည်သည့်စိတ်နေမြင့်သူ၊ အထင် ကြီးသူ၊ ၀ါကြွားသူ၊ ဂုဏ်မောက်သူတို့ကိုနှစ် သက်တော်မူသည် မဟုတ် ပေ။)(ကုရ်အာန် ၃၁း၁၈)
وَاقْصِدْ فِي مَشْيِكَ وَاغْضُضْ مِن صَوْتِكَ ۚ إِنَّ أَنكَرَ الْأَصْوَاتِ لَصَوْتُ الْحَمِي
And be moderate in your pace and lower your voice; indeed, the most disagreeable of sounds is the voice of donkeys.” (31;19)
(ထို့ပြင်အသင်သည် မိမိလမ်းလျှောက်မှု၌ အလယ်အလတ်ပြုလုပ်ပါလေ။ ဣနြေ္ဒစောင့် စည်းပါလေ။ ထိုမှတစ်ပါးအသင်သည် မိမိအသံကို နှိမ့်ချပါလေ။ မလွဲဧကန် စက်ဆုပ်ဖွယ် အဖြစ်ဆုံး အသံကား မြည်းသတ္တ၀ါတို့၏ အသံပင်ဖြစ်ချေသတည်း။)
(ကုရ်အာန်၃၁း၁၉)
ထိုအာယာသ်နှစ်ခုတွင် တားမြစ်ထားသောအချက်သုံချက်မှာ မျက်နှာထားစူပုပ်ခြင်းမော် ကြွားစွာလမ်းလျှောက်ခြင်း၊ လူဖြစ်ပါလျှက်မြည်းသတ္တ၀ါများ ‘ဟီ’သကဲ့သို့ပါတ်ဝန်းကျင်ကို ထိခိုက် မည့် ကျယ်လောင်စွာ ရယ်မောခြင်းတို့ဖြစ်သည်။ထိုအချက်များသည် လူတစ်ဦးတစ်ယောက်ကြောင့်လူအများ၏ စိတ်အနှောက်အယှက်များပင်ဖြစ်၍ကျမ်းမြတ် ကုရ်အာန်ကတားမြစ် ထားခြင်းဖြစ် သည်။

အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)