Saturday 12 November 2011

Invitation to Understanding Islam

Invitation to Understanding Islam

The call to prayer
Islam’s call to prayer or Azan is unique in that it is an oral call. Others beat drums, blow horns or bells.
Azan is a call to the Believers to hasten to worship Allah the Merciful.
The 15 lines recited loudly in azan are;
Allah is Greates t (4 time)
အလ္လာဟ်သည် အကြီးကျယ်ဆုံး။ (၄ ကြိမ်)

I testify that there is no god
To be worshipped except Allah (twice)
အလ္လာဟ်မှ အပ အခြားခဝပ်ကိုးကွယ်ရာ အရှင်မရှိကြောင်း ကျန်ုပ်သက်သေထွက်ဆိုပါ၏။ (၂ ကြိမ်)

I testify that Muhammad
Is his final messenger (twice)
မုဟမ္မဒ်သခင်သည် အလ္လာဟ်၏ နောက်ဆုံးတမန်တော်ချုပ် ဖြစ်တော်မှုကြောင်း ကျန်ုပ် သက်သေထွက်ဆိုပါ၏။ (၂ ကြိမ်)

Come to prayer (twice)
ဆွလာသ်ဝတ်ပြု လာကြကုန်လော့။ (၂ ကြိမ်)
Come to success(twice)အောင်မြင်မှုရရှိရန် လာကြကုန်လော့။ (၂ ကြိမ်)
Prayer is better than sleep (twice –this call is for dawn prayer only) အိပ်စက်ခြင်းထက် ဝတ်ပြုခြင်းက ပိုကောင်း၏။ (၂ ကြိမ်) (နံက်အရုဏ်တက်ချိန် အတွက်သာ)

Allah is Greatest (twice) အလ္လာဟ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏ (၂ ကြိမ်)

There is no god to be worshipped except Allah (once) အလ္လာဟ်မှ အပ အခြားခဝပ်ကိုးကွယ်ရာ အရှင်မရှိ (၁ ကြိမ်)

ဖန်ဆင်းခံ လူသားတစ်ဦးအနေဖြင့် တုနှိုင်းမဲ့ကရုဏာတော်ရှင် အလ္လာဟ်အား ချီးမွမ်းတသခြင်း၊ ကျေးဇူးတော် ဖော်ညွှန်းခြင်း၊ ဆုမွန်တောင်းခံခြင်း၊ ပုတီးစိတ်ခြင်းနှင့် အခြားဖန်ဆင်းခံများအပေါ် မေတ္တာပို့ခြင်း စသည်တို့ကို အချိန်နေရာမရွေး ပုံစံသတ်မှတ်ချက်မရှိဘဲ မိမိနှစ်သက်သလို ဆောင်ရွက်နိုင်ပါသည်။ သို့သောဝ်……….
ဆွလာသ်ဟူသည်
မုစ်လင်မ်တစ်ဦးအနေဖြင့် ကိုယ်၊ နုတ်၊ စိတ်နှင့် ဝိညာဉ်တို့ကို သန့်ရှင်းဖြူစင်စွာ အသုံးပြုလျက် သတ်မှတ်ထားသော အချိန်များတွင် သတ်မှတ်နေရာ၌ သတ်မှတ်ထားသော ပုံစံနည်းစနစ်များဖြင့် ဉာဏ်ကို စေစား၍ အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ မာန်ချဆက်သွယ် ဆန်တက်ခြင်းကို “ဆွလာသ်” ဟုခေါ်ပါသည်။ { Quran 2:238-239။ 2:150။ 4:43။ 4:101-103။ 5: 6-7။ 7:31။ 23:2။ 20:14။ 72:18။ 22:77 }
ဆွလာသ် ဖျက်က ဘဝပျက်မည်
ဆွလာသ်ကျင့်စဉ်သည် နဗီတမန်တော် အဆက်ဆက်၌ ပြဋ္ဌာန်းခြင်းခံရသော ကျင့်စဉ်တစ်ရပ်ဖြစ်သည်။
“ ၄င်းတို့ရှေ့ဝယ် အနှိုင်းမဲ့ကရုဏာတော်ရှင်၏ သက်သေလက္ခဏာလမ်းညွှန်များ ရွတ်ဖတ်ပြခြင်း ခံရသောအခါ ၄င်းတို့သည် နာခံဦးချလျက်၊ ငိုကြွေးလျက်၊ ပျဝပ်ကြကုန်၏။ တစ်ဖန် ၄င်းတို့၏ နောက်ပိုင်းတွင် ဆိုးရွားသော မျိုးဆက်သစ် တစ်ရပ်က ဆက်ခံခဲ့ကြရာ ထိုသူတို့သည် ဆွလာသ် ကျင့်စဉ်ကို ဖျက်ဆီးခဲ့ကြကုန်၏။ မိမိတို့၏ အလိုဆန္ဒစွဲလမ်းမှုများနောက်သို့ လိုက်ခဲ့ကြ၏။ သို့ဖြစ်ပေရာ ၄င်းတို့သည် ပျက်စီးမှုနှင့် မကြာမီ ရင်ဆိုင်ကြရပေမည် ”{ Quran 19:58-59 }

အစ္စလာမ်သာသနာသည် ဓါးမိုး၍ဖြန့်ချီခဲ့သလော(၃)

အစ္စလာမ်သာသနာသည် ဓါးမိုး၍ဖြန့်ချီခဲ့သလော(၃)

အွတ်စမာန်းအိဗ်နုအဖ်ဖားန် (အေဒီ ၆၄၄)

မွတ်စလင်မ်အများစု၏ ဆန္ဒအားဖြင့် အွတ်စမာန်းအိဗ်နုအဖ်ဖားန်သမ္မတဖြစ်လာသည်။ သူ၏အုပ်ချုပ်မှု သက်တမ်း ပထမခြောက်နှစ်အတွင်း မွတ်စလင်မ်အသိုက်အမြုံကြီးမှာဘိုင် ဇင်တိုင်း အင်ပါယာမှ ဆိုက်ပရပ်စ်၊ မြေထဲပင်လယ် အရှေ့ပိုင်း၊ မြောက်အာဖရိက ထရီပိုလီ (ယခုအခေါ်လစ်ဗျား)နှင့် အာမေးနီးယားမှ ကော့ကေးဆပ်၊ အီရန်နိုင်ငံ အော့စပ်မြစ် တစ် လျှောက်၊ အာဖ ဂန်နိုင်ငံ၊ အီရတ်နှင့် အိန်္ဒိယတိုက်ငယ် ဆင်းဒ်ပြည်နယ်အထိ အစ္စလာမ် သာ သနာကို လက်ခံလာသူများပြား ကျယ်ပြန့်ဖွံ့ဖြိုးလာခဲ့သည်။

မိုအာဝေယာ (အေဒီ ၆၆၁ - ၆၈၀)ခေတ်အစ္စလာမ်သာသနာ

သူ၏အုပ်ချုပ်မှုပုံစံသည် သမ္မတအွမ္မရ်၏အုပ်ချုပ်မှု ပုံစံကဲ့သို့ဖြစ်၍ အွမ္မရ်၏လမ်းစဉ်အတိုင်း ပုံဖေါ်ဆောင် ရွက်ခဲ့ သည်။ သူ၏ထူးခြားချက်မှာ ရှိပြီးသားနယ်မြေများနှင့် ပြည်သူများကို သာ နိုင် နိုင်နင်းနင်းအုပ်ချုပ် နိုင်ရန် ဦးစား ပေးခဲ့၍၊ ခိုလှုံပူးပေါင်းလာမည့် နယ်မြေအသစ် များ၊ အစ္စလာမ်သာသနာသို့ အသစ်ဝင် ရောက်လာရန် ဆောင် ရွက်မှုများကို ဦးစားမပေးခဲ့ ချေ။ (မိုအာဝေ ယာအပါအ၀င်သူ၏သားမြေးများ အုပ်ချုပ်သောခေတ်ကို အိုမိုက်ယာ) အုပ်ချုပ် ရေးခေတ်ဟုဖေါ်ဆိုသည်။

အိုမိုက်ယာမင်းဆက်အုပ်ချုပ် ချိန်(၄၅)နှစ်တွင်လည်းကောင်း ၄င်းတို့၏နောက်ပိုင်းဆက် လက်အုပ်ချုပ်ခဲ့သော (အ ဘာစီယာ) အုပ်ချုပ်ရေးခေတ်(၁၃၅)နှစ်တွင် လည်းကောင်းအစ္စ လာမ်သာ သနာသို့ အသစ် ၀င် ရောက်လာရန် ဆောင်ရွက်မှုများကို ဦးစားမပေးခဲ့ချေ။ သို့ပါ လျှက်လည်း အစ္စလာမ်သာသနာသို့ ၀င် ရောက်လာသည်များသည် ရပ်တန့်သွား သည်ဟူ မရှိခဲ့ပေ။

ယ္ခုတင်ပြခဲ့သော အစ္စလာမ့်အုပ်ချုပ်ရေးများမှာ တမန်တော်မုဟမ္မဒ်ခေတ်နှင့် နှစ်ပေါင်းနှစ် ရာဝန်းကျင် သာ ကွာ ခြားသော အုပ်ချုပ်ရေးစနစ်များဖြစ်သည်။

မွန်ဂိုတာတာများခေတ်အစ္စလာမ်သာသနာ

အေဒီ၁၂၃၁တွင် မွန်ဂိုများသည် မွတ်စလင်(မ်)များ၏ မြို့ကြီးများကို တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ဖျက်ဆီးခဲ့၍ ဘိုခါရာမြို့သည် အုတ်ကျိုးများအဖြစ်သာ ကျန်ရှိခဲ့သည်။ ဘဂ္ဂဒက် မြို့သည် လည်း မွန်ဂိုများ၏ လက်သို့ကျ ရောက်ခဲ့ရသည်။ ဘဂ္ဂဒက်မြို့သို့ မွန်ဂိုတာတာ များ ကျူးကျော်သိမ်းပိုက်ရာတွင် လမ်းမများ ပေါ်၌ အလောင်း များမှာ မြင်မကောင်းနိုင် လောက် အောင်စုပြုံ၍ ရှိနေခဲ့သည်။ များစွာသော မွတ်စလင်(မ်) တို့သည် အီဂျစ်၊ ဆီးရီး ယား နှင့် အိနိ္ဒယနိုင်ငံများသို့ သွားရောက် ခိုလှုံခဲ့ကြသည်။

အစ္စမာအီလီများ၏ အလာမွတ်ဒေသသည်လည်း မွန်ဂိုများ၏လက်တွင်း ကျရောက်ခဲ့၍ ပြည်သူများ အတုံးအရုံး အသတ်ခံခဲ့ကြရသည်။ (ဆယ်လ်ဂျွတ်)များ၏ (ရွမ်)(ခေါ်)ရောမ အဖြစ် တည် ဆောက်ထားသော တူရကီနိုင်ငံကို ခုခံမှုမပြုဘဲ မွန်ဂိုများ၏ လက်သို့ အပ်ခဲ့သည်။

မွတ်စလင်(မ်) အုပ်ချုပ်သူများအတွင်းမှ အီဂျစ်ပြည်ကို တူရကီလက်အောက်ခံ အဖြစ်အုပ် ချုပ်သော စူလ်တန် ဘေဘာရ်သည် မွန်ဂိုများ၏ကျူးကျော်မှုကို ပထမဦးဆုံး ခုခံတွန်းလှန် ခဲ့သူတစ် ဦးဖြစ်သည်။ အေဒီ ၁၂၆၀တွင် စူလ်တန်ဘေဘာသည် မွန်ဂိုစစ်တပ်ကို ပါလက် စတိုင်းမြောက်ပိုင်း(အိန်းဂျလွတ်)အရပ်တွင် အကြီးအကျယ်ထိုး နှက်နိုင်ခဲ့သည်။ မွန်ဂိုများ အားလုံး အလုံး အရင်းဖြင့် ပြန်လည်ထိုးစစ် ဆင်ခဲ့သည့်အ တွက် စူလ်တန်ဘေဘာသည် ဒေ လီမြို့သို့လမ်းကြောင်းပြောင်း၍ ဒေလီမြို့တွင်စူလ်တန်အုပ်ချုပ်ရေးစ နစ်ကို ထူထောင်ခဲ့ သည်။

ထိုအချိန်တွင် မွန်ဂိုများသည် မွတ်စလင်(မ်)များ၏ အချက်အခြာကျသော နိုင်ငံများကို သိမ်းပိုက်၍ အုပ် ချုပ်လျှက် ရှိသည်။

မွန်ဂိုတာတာများအုပ်စုလိုက်အစ္စလာမ်ကိုလက်ခံလာခြင်း

၁၃ရာစုအကုန် ၁၄ရာစုအစတွင် မွန်ဂိုတာတာအားလုံးသည် အစ္စလာမ်သာသနာသို့ ကူးပြောင်းလာခဲ့ကြ သည်။ ထိုအချိန်မှစ၍ အချက်အချာကျသော နယ်ပယ်များတွင် မွတ်စလင်(မ်)များ သည် တန်ခိုးအာဏာ ကြီးသော အုပ် ချုပ်သူများ ဖြစ်လာကြသည်။

ကြမ်းတမ်းသော စိတ်ဓါတ်ရှိသည့် မွန်ဂိုများသည် အစ္စလာမ်သာသနာ၏ နူးညံ့သိမ်မွေ့ သောလမ်းညွှန်ချက်များက ၎င်းတို့၏စိတ်နှလုံးအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှ ၄င်းတို့၏ မူလဇာတိအားဖြင့် အလွန်ရက် စက်သည့် စစ်အာဏာရှင်ကြီးများ ဘ၀မှ သဘောထားနူးညံ့ ပျော့ပျောင်း သောကမ္ဘာ့အဆင့်မှီ နိုင်ငံရေးခေါင်း ဆောင်များ အ ဖြစ်သို့ ပြောင်းလဲလာ ခဲ့တော့သည်။

မွန်ဂိုတာတာများကဲ့သို့ ရက်စက်ကြမ်းကြုပ်သောစစ်အာဏာရှင်များကို မည်သည့်မွတ်စ လင်မ်တစ်ဦးတစ်ယောက် ကမျှ အတင်းအဓမ္မတိုက်တွန်း၍ သော်လည်းကောင်း၊ဓါးမိုး၍ သော်လည်း ကောင်း အစ္စလာမ် သာသနာသို့ ၀င် ရောက်လာရန်တိုက်တွန်းခဲ့ခြင်း မရှိခဲ့ပေ။ ထိုနည်းတူစွာ စစ်အာဏာရှင်မွန်ဂိုတာတာ များကို ၄င်းတို့ဆန္ဒမပါဘဲ မွတ်စလင်မ်တစ်ဦး တစ်ယောက်က အ တင်းအဓမ္မ အစ္စလာမ်သာသနာသို့ ၀င်ရောက်လာရန်တိုက်တွန်း ခြင်းကို လည်း ၄င်းတို့ကခေါင်းငုံ့၍ ခံကြမည့်သူများမဟုတ်ပေ။

မွန်ဂိုတာတာများခေတ်သည် တမန်တော်မုဟမ္မဒ်ခေတ်နှင့် နှစ်ပေါင်းခုနှစ်ရာကျော် ကွာခြား လာခဲ့သော ကာလ ဖြစ်သည်။

ဟိန္ဒူဇာတ်နိမ့်များအုပ်စုလိုက် အစ္စလာမ်သာသနာကိုလက်ခံလာခြင်း

မွန်ဂိုတာတာအင်ပါယာနောက်ပိုင်း ဒေလီမြို့၏စူလ်တန်သည် ၁၃ရာစုနှင့်၁၄ရာစုအစတွင် ဘင်္ဂလား မြေနိမ့်ဒေသမှ အလွန်ဝေးသော ဘင်္ဂလားပြည်နယ်အထိ အစ္စလာမ့်အုပ်ချုပ် ရေးဖြင့် အုပ်ချုပ်ခဲ့သည်။ အစ္စ လာမ့်အုပ်ချုပ်ရေးနှင့် ဝေးဝေးနေထိုင်သော တောင်တန်းဒေ သများရှိဟိန္ဒူ(ရတ်ဂျပွတ်) လူမျိုးများမှအပအခြားဟိန္ဒူများသည် အစ္စလာမ့် အုပ် ချုပ်ရေး အောက်တွင်နေ ထိုင်ကြသည်။ အိန်္ဒိယနိုင်ငံတွင် ဇာတ် နိမ့် ဇာတ်မြင့်ဟူ၍လူမျိုးခွဲခြား ထားလေ သည်။ အိန္ဒိယတွင်ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားခြင်း၏ အစဉ်အလာမှာ ခေတ်အ ဆက်ဆက်ကပင် ခွဲခြားမှုများရှိခဲ့ သည်။

မွတ်စလင်မ်များ၏ အုပ်ချုပ်ရေးမူဝါဒမှာ လူသားတိုင်းသည် တူညီသောအခွင့်အရေးများ ကို တစ်ပြေးညီခံ စားခွင့် ရှိရမည်ဟူသော မူဝါဒဖြင့်အုပ်ချုပ်သည်။ ထို့အတွက်ကြောင့် ၄င်းတို့၏ အုပ် ချုပ်ရေးအောက်တွင် မွတ်စလင်မ် မဟုတ်သော လူမျိုးများအားလုံး တန်း တူအခွင့်အရေးများရရှိခဲ့ကြသည်။ မွတ်စလင်မ်အုပ် ချုပ်မှု အောက်တွင်ဟိန္ဒူ ဇာတ်နိမ့်များ သည် အများစုဖြစ်သည်။

အစ္စလာမ်သာသနာတွင် လူ့အဆင့်အတန်းခွဲခြားမှု မရှိသောကြောင့် ဟိန္ဒူဇာတ်နိမ့်များအ တွင်းမှ လူအများစုသည် အစ္စလာမ်သာသနာသို့ ၀င်ရောက်လက်ခံလာခဲ့ကြသည်။

မဂိုအင်ပါယာခေတ်အစ္စလာမ်သာသနာ

အက်ဘာရ် (အေဒီ၁၅၄၂-၁၆၀၅)သည် အိန်္ဒိယမြောက်ပိုင်းကို တည်တံ့ခိုင်မြဲစွာ အုပ်ချုပ် နိုင်ခဲ့သည်။ အက်ဘာရ် အုပ်ချုပ်ချိန်အတွင်း ပန်ဂျတ်ပြည်နယ် မလ်ဘာအရပ်နှင့် ဒက်ကန် နယ်မြေ များအထိအစ္စလာမ် သာသနာသို့ ၀င် ရောက်လာသူ များပြား ခဲ့သည်။ အက်ဘာရ် ၏ အုပ်ချုပ်မှုအောက်တွင် တိုင်းသူပြည်သား အားလုံး တူညီသော အ ခွင့်အရေးများကို တစ် ပြေးညီခံစားကြ ရသည်။

မိမိတို့နှစ်သက်ကြသော အယူဝါဒများကို ယုံကြည်ခွင့်ရှိကြသည်။ ၎င်း၏အုပ်ချုပ်ရေး အောက်တွင်မွတ်စလင်မ် များမှာ လူနည်းစုများသာဖြစ်သည်။အများစုမှာဟိန္ဒူဘာသာဝင် များဖြစ်သည်။ အက်ဘာရ်၏အုပ် ချုပ်ရေး အောက် တွင် ဘာသာရေးဆိုင်ရာနှင့် လူမျိုးရေး ဆိုင်ရာပဋိပက္ခတ်များ အလျဉ်းမရှိခဲ့ပေ။ ဟိန္ဒူ များအတွင်း များစွာသော ဇာတ်အဆင့်အ တန်းအမျိုးမျိုးရှိခဲ့ သည်။ ထိုဇာတ်အဆင့်အတန်းများ အ လိုက် ယုံကြည်ကိုးကွယ်ရာ အယူဝါ ဒများလည်း အမျိုးမျိုး ရှိခဲ့ကြသည်။ ထိုကဲ့သို့ပင် ဗုဒ္ဓဘာသာ၊ ခရစ် ယာန်၊ စွန်္နီမွတ်စလင်မ် များ၊ ရှီယာမွတ်စလင်မ် များ၊ အစ္စမာအီလီများ ဖြစ်ကြသည်။ ထိုဘာသာ ၀င် အားလုံးသည် မိမိတို့၏သာသနာ အယူဝါဒများကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိခဲ့ကြသည်။

၁၄ရာစုနှင့်၁၅ရာစုကြားတွင် ဟိန္ဒူဇတ်အသီးသီးတို့မှလူများစုနှင့် မွတ်စလင်မ်များပူးပေါင်း ၍ လူမျိုးရေးအဖွဲကြီးကို တည်ထောင်ခဲ့သည်။ အဖွဲ့၏ရည်ရွယ်ချက်မှာ လူမျိုးမတူ၊ ဘာသာ မတူ သူများအတွင်း စည်း လုံးညီ ညွတ်မှုကို ပိုမို ခိုင်မြဲရန်နှင့် စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းမှ ကာကွယ်ရန် ဖြစ်သည်။

ထိုအချိန်က ဘာသာမတူသူ၊ လူမျိုးမတူသူများအတွင်း စည်းလုံးညီညွတ်၍ ပူးပေါင်း ဆောင်ရွက်နိုင်စွမ်း ရှိသော လူ့အဖွဲ့အစည်းကြီးကို အိန်္ဒိယနိုင်ငံတွင် စံပြတည်ထောင်နိုင် ခဲ့သည်။

အိန္ဒိယရိုးရာကိုအခြေခံအုပ်ချုပ်ခြင်း

အက်ဘာရ်သည် အိန်္ဒိယနိုင်ငံတွင် အုပ်ချုပ်ရာ၌ လူများစုဖြစ်သော ဟိန္ဒူရိုးရာဓလေ့ကို အ ခြေခံသောအုပ် ချုပ်ရေး စနစ်ဖြင့် အုပ်ချုပ်နိုင်ခဲ့သည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေး အ ပြည့်အ၀ ရရှိခဲ့သည်။ အက် ဘာရ်သည် မွတ်စ လင်မ်ဘုရင် ဖြစ်သော်လည်း ဟိန္ဒူအများ စုထံမှ “ဂျစ်ဇယာ”(ခ) ဘာသာခြားများထံမှ လုံခြုံရေးခွန်ကောက်ခံခြင်း မရှိခဲ့ပေ။ အက် ဘာရ်သည် ဟိန္ဒူများ ကို လေးစားခြင်းအားဖြင့် မိမိ အလွန်ဝါ သနာထုံသောအမဲလိုက် ခြင်း အမှု ကိုလည်း စွန့်လွှတ်ခဲ့သည်။ သက်သတ် လွတ်စားခြင်းများကို ပြုလုပ်ခဲ့သည့် အတွက် ဟိန္ဒူများ၏ လေးစားမှု ကိုခံ ခဲ့ရသော ဘုရင်တစ်ပါးဖြစ်သည်။ အေဒီ ၁၅၇၅တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအထိမ်းအမှတ် ဖြစ်သည့် သာ သနာ့ဗိမာန်ဝတ်ကျောင်း ကြီးကိုတည်ဆောက်ခဲ့သည်။ ထိုဗိမာန်ကြီးတွင် ဘာသာပေါင်းစုံမှ ပညာရှင်များ ဘာသာ ရေးဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပသည်။

ထိုသို့အားဖြင့် အိန္ဒိယနှိုင်ငံအတွင် မည်သူတစ်ဦးတစ်ယောက်၏ အတင်းအဓမ္မတိုက်တွန်း နှိုးဆော်ခြင်းမရှိ ဘဲ ဟိန္ဒူ အများစုသည် အစ္စလာမ်သာသနာဝင်များ ဖြစ်လာကြသည်။

အော်တိုမန်ခေတ်အစ္စလာမ်သာသနာ

အေဒီ၁၅၃၀အော်တိုမန်ခေတ်တွင် ဥရောပနှင့်သြစတီးယားနိုင်ငံ ဗီယန်နာမြို့ရှိလူများစု အစ္စလာမ်သာသ နာကို လက်ခံခဲ့သည်။ စူလ်တန်သည်ကျယ်ဝန်းသော နယ်ပယ်များကို အုပ်ချုပ်နိုင်ခဲ့ သည်။ စူလ်တန်လက် အောက်ရှိ ပြည်သူများကို ခွဲခြားမှုမရှိဘဲ အုပ်ချုပ်နိုင်ခဲ့ သည့်အတွက် ဂျူး၊ ခရစ်ယာန်၊ အာရဗ်၊ တူရကီ၊ ကုန်သည်၊ အိုလမာ၊ ဆူဖီများအားလုံး လွတ်လပ်စွာဖြင့် မိမိတို့ ၏ယုံကြည်ရာကို ကိုးကွယ်ပိုင်ခွင့်ရှိခဲ့ ကြ သည်။ ဗဟိုတွင် စူလ် တန်ဘု ရင်က အုပ်ချုပ်ပြီး ပြည်နယ်များတွင် ““ပါရှား””ဟု ခေါ်သော အုပ်ချုပ်ရေးမှုးများ က အုပ်ချုပ်ကြသည်။

အေဒီ၁၅၂၀-၁၅၆၆တွင် ဆူလိုင်မာန်ကာနူနီ(တရာမျှတသောဆူလိုင်မာန်)လက်ထက်တွင် အော်တိုမန်၏ အုပ်ချုပ် ရေးသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ မြင့်မြတ်သော ဆူ လိုင်မာန် ဟူ၍ လည်းကောင်း တရားမျှတသော ဆူလိုင်မာန်ဟူ၍လည်းကောင်း အနောက် တိုင်းများကသိထားကြသည်။ သူ၏တရားမျှ တသောအုပ်ချုပ်ရေးကို နှိုင်ငံတစ်ကာက ယ နေ့တိုင်အသိအ မှတ်ပြုလျှက် ရှိနေကြောင်းကို - အမေရိကန် နှိုင်ငံဝါရှင်တန်ဒီစီရှိ တရား ရုံးချုပ် အဆောက်အဦးကြီးတွင် သူ၏ကိုယ်တစ်ပိုင်းပုံအောက်တွင် ဆူလိုင်မာန် ကာနှုနီ (တရားမျှတသော-ဆူလိုင် မာန်) ဟူ၍ချိတ်ဆွဲထားပေသည်။

ထိုကဲ့သို့နှိုင်ငံတစ်ကာက ယနေ့ထက်တိုင်အသိအမှတ်ပြုခြင်း ခံရသောတရားမျှတသည့် မွတ်စလင်မ်အုပ်ချုပ်သူ များသည် (အစ္စလာမ်သာသာသနာ၏ အဆုံးအမဖြစ်သောအစ္စ လာမ်သာ သနာအတွင်းသို့အတင်း အဓမ္မ၀င် ရောက် ရန်မတိုက်တွန်းရ) ဟူသောအမိန့်ကို ဆန့်ကျင်လျှက် အစ္စလာမ်သာသနာအတွင်းသို့ အ တင်းအဓမ္မ ဓါးမိုး၍သွတ် သွင်းခဲ့သည် ဟုဆိုခြင်းသည် ဓမ္မ ဓိဌာန်မကျသော မတရားစွတ်စွဲချက်များသာ ဖြစ် ပေသည်။

ခန့်ညားထယ်ဝါသောအစ္စလာမ့်အုပ်ချုပ်ရေး( အေဒီ ၁၅၀၀-၁၇၀၀)

ထိုခေတ်မွတ်စလင်မ်များသည် ကြီးမားသော နယ်မြေကြီးများကို ထိမ်းချုပ်၍ ထိရောက်စွာ အုပ်ချုပ်နိုင်ခဲ့ ကြသည်။ ၎င်းတို့၏ အုပ်ချုပ်ရေးတွင် စစ်တပ်ကိုအခြေခံ၍ အုပ်ချုပ်သောစ နစ်ဖြစ် သည်။ ထိုခေတ်ထိုအ ခါက ဥရောပတွင် လည်း ဘုရင်စနစ်အုပ်ချုပ်ရေးဖြစ်၍ စစ် တပ်ကိုပင်အခြေခံအုပ်ချုပ်ခဲ့ပေသည်။ စစ်တပ်ကိုအခြေခံသော အုပ်ချုပ် ရေးသည်ခေတ် ကာလအလျှောက် ပေါ်ပေါက်ထွန်းကားနေသော အုပ်ချုပ် ရေး စနစ်ပင်။

သို့သော်အနောက်တိုင်း သမိုင်းဆရာများက မွတ်စလင်မ်တို့၏ စစ်တပ်ကိုနောက်ခံထား အုပ်ချုပ်သည့် စနစ်ကိုသာ ပြစ်တင်ဝေဖန်လျှက် အစ္စလာမ်သာသနာ၏မူဝါဒသည်စစ်တပ် ကို အခြေခံ သော စစ်ဝါဒကြီးစိုး သည့် စနစ်ဖြစ် သည်ဟု ယိုးမယ်ဖွဲ့ချဲ့ကားရေးသားခဲ့ကြ ပေသည်။

၁၅ရာစုနှောင်းပိုင်း၁၆ရာစုအစ၌ အီရန်နိုင်ငံတွင် ဆဖာဖစ်ဒ်အင်ပါယာ ဟူ၍လည်း ကောင်း၊ အိန်္ဒိယနိုင်ငံတွင် မဂို အင်ပါယာ ဟူ၍လည်းကောင်း၊ အနာတိုးလီးယား(ခေါ်)တူရ ကီ၊ ဆီး ရီးယား မြောက်အာဖရိက နှင့် အာရေးဗီး ယား တို့တွင် အော်တိုမန်အင်ပါယာ ဟူ၍ လည်း ကောင်း ကမ္ဘာ့အဓိကကျသော အစ္စလာမ့် အင်ပါယာသုံးခုကိုတည် ထောင် ခဲ့သည်။

အလားတူဆီးရိးယားနိုင်ငံ ချိုင့်ဝှမ်းဒေသနှင့်ဥဇဘက်ကစ္စတန်တွင် ကြီးမားသောမွတ်စ လင်မ်ပြည်နယ် အဖြစ်တည် ထောင်ခဲ့သည်။ ထိုနည်းတူစွာမော်ရိုကိုနိုင်ငံကို ရှီယာများက မွတ်စလင်မ် ပြည်နယ်အဖြစ် သီး ခြားအုပ်ချုပ်ခဲ့ကြ သည်။ ထိုအချိန်တွင် မွတ်စလင်မ်များ သည် မလေးကျွန်းဆွယ်တွင် တရုတ်၊ဂျပန်၊ဟိန္ဒူ များနှင့်အပြိုင် ကူးသန်း ရောင်းဝယ်မှုပြု ကြသည်။

၁၆ရာစုတွင် မွတ်စလင်မ်များသည် နိုင်ငံတကာအတွင်း အောင်မြင်ဆုံးသော ကုန်သွယ် သူများအဖြစ် လူသိများခဲ့ သည်။ ၁၆ရာစုသည် မွတ်စလင်မ်များ၏ အောင်မြင်မှု ရာစုနှစ် ဟုဆိုရပေ မည်။ အထူးသဖြင့် အဓိက မွတ်စလင်မ် အင်ပါယာသုံးခုအပြင် အခြားမွတ်စ လင်မ်ပြည်နယ်များ အားလုံးတွင် ကုရ်အာန် ၏အခြေခံမူဝါဒဖြစ်သော (လူတိုင်း သည်တူ ညီသောအခွင့်အရေး များကိုတန်းတူခံစားခွင့်ရခဲ့ကြသည်။) ထိုကဲ့သို့အုပ်ချုပ်ခံပြည် သူများအတွင်း မွတ် စလင်မ်များရော၊ မွတ်စလင်မ်မဟုတ်သူများပါ တပြေးညီအကျိုးခံ စားခွင့်ရှိ သောအုပ်ချုပ်ရေးများအောက် တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ကြသည်။

တရားမျှတသော မွတ်စလင်မ်အုပ်ချုပ်သူများနှင့် မွတ်စလင်မ်တို့၏ လက်တွေ့ဘ၀တည် ဆောက်မှုများက အစ္စ လာမ်သာသနာ၏ အနှစ်သာရများကို ပါတ်ဝန်းကျင်ရှိ မွတ်စလင်မ် မဟုတ်သူ များကိုပါ ထင်ဟပ်စေ ခဲ့သည်။ ထိုသို့ သောအကြောင်းများကြောင့် အစ္စလာမ်သာ သနာသည် ကမ္ဘာ့လူသားတစ်ရပ်လုံးအတွက် စွဲမက်နှစ်သက်ဖွယ်ရာ သာသနာတစ်ရပ် ဖြစ်ခဲ့၍ အစ္စလာမ့် အေးရိပ်ဆာယာသို့ ၀င်လာမစဲတစသဲသဲ ဖြစ်ခဲ့ ခြင်းဖြစ်သည်။

အင်ရှာအလ္လာ အလျင်းသင့်ပါက ထိုအကြောင်းကိုပင် ပိုမိုကျယ်ပြန့်စွာ တင်ပြပါဦးမည်။

ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

ကိုးကားစာအုပ်များ

Armstrong,Karen, Mohammed; A Biography of the Prophet (London 1991)

Gabrieli Francesco, Mohammed and the Conquests of Islam.(trans. Virginia Luling and Rosamund Linell (London 168)

. Rosenthal, F. Knowledge Triumphant;The Concept of knowledge in Medieval Islam.(Leiden 1970)

. Lewis Bernard, The Muslim Discovery of Europe (New York, London 1982)

www.quraninburmese.com မှကူးယူဖေါ်ပြသည်။

Tuesday 8 November 2011

အစ္စလာမ်သာသနာသည် ဓါးမိုး၍ဖြန့်ချီခဲ့သလော(၂)

အစ္စလာမ်သာသနာသည် ဓါးမိုး၍ဖြန့်ချီခဲ့သလော(၂)

သမ္မတအွမ္မရ်ခေတ်အစ္စလာမ်သာသနာ

အွမ္မရ်(အေဒီ ၆၃၄-၆၄၄)သည် တမန်တော်မုဟမ္မဒ် တည်ဆောက်ခဲ့သော မွတ်စလင်(မ်) အသိုက်အမြုံ ကြီးအား ဆက်လက်ထိန်းသိမ်းရန်အတွက် မွတ်စလင်(မ်)များ၏ ဒုတိယ သမ္မတ ဖစ် လာခဲ့သည်။ သူ့အား အများမွတ်စ လင် (မ်)များက (အမီရွလ်မုအ်မေနီး) သက်ဝင် ယုံကြည်သူများ၏ အကြီးအကဲဟူ၍ ခေါ်ဝေါ် ကြသည်။ သူ၏တရား မျှတ သော အုပ်ချုပ် ရေးနှင့်စပ်လျဉ်းပြီး ကမ္ဘာ့အထက်တန်းကျောင်းများ၊ကောလိပ်များနှင့်တက္ကသိုလ် များတွင် ယ နေ့ တိုင်သင်ကြားပေးလျက်ရှိသည်။ သမ္မတကြီးသည်“အွမ္မဟ်”ဟူသောမွတ်စ လင်မ်အသိုက်အမြုံကြီး ကို တမန် တော် မုဟမ္မဒ်နှင့် ပဌမဆုံးခလီဖာ အဘူဘကာရ် တို့နည်းတူ ပိုမိုခိုင်မာကျစ်လျစ်စွာ ဆက်လက်ထိန်းသိမ်း နိုင်ခဲ့သည်။

ထိုသို့ တရားမျှတသော ခေါင်းဆောင်မှုကြောင့် အေဒီ၆၃၆တွင် မြောက်ပိုင်းပါလက်စတိုင်း၊ အေဒီ၆၃၈တွင် ဂျေရုဆ လင်(မ်)နှင့် အေဒီ၆၄၁တွင် ပါလက်စတိုင်း၊ ဆီးရီးယားနှင့်အီဂျစ်နယ်မြေများတွင် အစ္စလာမ့်အေးရိပ်ဆာယာ အောက် သို့ဝင်ရောက်လာသူများအံ့မခန်း ဖွယ်ရာအဖြစ် များပြားလာခဲ့သည်။ အေဒီ ၆၄၄တွင်မြောက်အာဖရိ က ကမ်းရိုး တန်းတစ် လျှောက်အထိ အစ္စ လာမ်သာသနာကို လက်ခံသူများပြား လာခဲ့သည်။

တမန်တော်မုဟမ္မဒ်က မဒီနာမြို့မှပထမဦးဆုံးစတင် တည်ဆောက်ခဲ့သော“အွမ္မဟ်”ဟုခေါ် သောမွတ်စလင်မ် အသိုက်အမြုံကြီးသည် နှစ်(၂၀)အတွင်း အလွန်တရာမျှ ပမာဏကြီး မားသော အသိုက်အမြုံကြီး ဖြစ်လာသည်။ တမန်တော်၏နောက်ပိုင်း နှစ်တစ်ရာအတွင်း ဥရောပအနောက်တောင်ပိုင်းရှိ ပြင်သစ်၊စပိန်နယ်စပ်နှင့် မြေထဲပင် လယ်ဒေသမှ ဟိမ၀န္တာ တောင်တန်းရှိနယ် ပယ်များအထိ လူမျိုးပေါင်းစုံမှ အစ္စလာမ့် အေးရိပ်ဆာယာ အရိပ်အာ ၀ါသအောက်သို့ ၀င်ရောက်လာခဲ့ကြသည်။

တမဟုတ်ချင်းပြောင်းလဲသွားသောလူ့အဖွဲ့အစည်းကြီး

အစ္စလာမ်မတိုင်မှီ သာသနာပ မိရိုးဖလာအရဗ်များ၏ဘ၀အား ပြန်လည်သုံးသပ်ကြည့် လျှင် သူတို့သည် ကမ္ဘာ တစ် ၀ှမ်းရှိ လူသားတစ်ရပ်လုံး၏ အပယ်ခံ၊အနှိမ်ခံ၊အမုန်းခံ၊လူသား များသာ ဖြစ်ခဲ့၍၊ အချင်းချင်း အုပ်စုဖွဲ့ တိုက်ခိုက် ၊ သတ်ဖြတ်၊လုယက်၊ ဆိုးသွမ်းလျှက် တစ်ဦးကိုတစ်ဦး အချင်းချင်းပင်လျှင် အယုံအကြည်ကင်းမဲ့ခြင်း၌သာ ရှိနေ ခဲ့ပေသည်။ တနည်းအားဖြင့် စည်း လုံးညီညွတ်မှုဗျန်းဗျန်းကြီးပြို ကွဲနေသော ၀ရုန်းသုန်းကားလူ့အဖွဲ့ အစည်း ကြီးတစ်ရပ်သာ ဖြစ်ခဲ့သည်။

ထိုသို့အသုံးမ၀င် အောက်တန်းကျနေသော လူ့အဖွဲ့အစည်းတစ်ရပ်မှ အစ္စလာမ်သာသနာ ၏ အေးရိပ်ဆာ ယာ အောက်သို့ ရောက်ရှိပြီးမှ ရိပ်ကနဲသောအချိန်ကာလအတွင်း ကမ္ဘာ တစ်ဝှမ်းရှိ လူသားတစ်ရပ်လုံးအတွက် စံပြ ခေါင်းဆောင်များ ဖြစ်လာခဲ့တော့သည်။ အရဗ် များသည်ယင်းကဲ့သို့ အချိန်တိုတိုအတွင်း ပြောင်း လဲသွားခြင်းသည် အစ္စလာမ်သာသ နာကို လက်ခံယုံကြည် ၍ ကုရ်အာန်ပြစနစ်ဇယားအတိုင်း လက်တွေ့ဘ၀တည်ဆောက် နှိုင်ခဲ့ ခြင်းကြောင့် ဖြစ်သည်ကိုသမိုင်းက သက်သေခံလျှက်ရှိနေသည်။

အစ္စလာမ်သာသနာ၏ အခြေခံဥပဒေဖြစ်သော ကျမ်းမြတ်ကုရ်အာန်သည်ကားကာလမ ရွေး၊ ဒေသမရွေး လူမျိုး မရွေး လိုက်နာသူတိုင်းအား တဟုန်ထိုး တိုးတက်စေ သည့် အတွေးအခေါ် အ ယူအဆ၊ထက်မြက် မှုနှင့် တော်လှန် သတိများကိုပေးစွမ်းနိုင်ဆုံးသော ကျမ်းတော်ကြီးတစ်ပါးပင်ဖြစ်တော့၏။ နာမ်ပိုင်းဆိုင်ရာ အမှောင်ကျနေသောသူ များအ တွက် ၀ိဇ်္ဇာအလင်းဆောင် ဆေး ကောင်းကြီးတစ်လက်ပင် ဖြစ်တော့၏။

တမန်တော်မုဟမ္မဒ်၏ ခေတ်ကာလက မဒီနာမြို့တွင် စတင်တည်ဆောက်ခဲ့သော မွတ်စ လင်(မ်)အသိုက် အမြုံအား အမြစ်ပြတ်သုတ်သင်ပစ်ရန် မက္ကာဟ်မြို့သားများနှင့် မဒီနာပတ် ၀န်းကျင် ရှိမွတ်စလင်(မ်)မဟုတ်သူများက ပြောင် ပြောင်တင်းတင်းတစ်မျိုး၊ လျှို့ဝှက်၍တစ် ဖုံ၊ အချင်းချင်းကြားသပ်လျှိုသွင်း သွေးခွဲစေလျှက်တစ် နည်း၊ ဖျားယောင်း သွေးဆောင် လျှက်တလှည့်၊ အ ဖန်ဖန်အလီလီ မနားတမ်းကျိုးပမ်းခဲ့ကြ သည်သာ။

မွတ်စလင်မ်များကို ပြိုကွဲပျက်စီးရန် ကြံစည်မှုများသည် ခေတ်အဆက်ဆက်ရှိနေခဲ့ခြင်းနှင့် အတူ ယနေ့တိုင်လည်း တည်ရှိနေမြဲပင်။

သို့သော် ရန်သူတို့၏ထိုးနှက်ချက်သည်ကား ကျောက်ဆောင်အား လေတိုက်ဘိသကဲ့သို့ တိုက်ခတ်လာ သောလေ သည်သာ တစ်ဖျတ်ဖျတ်ဦးကွဲသွားလျှက် ကျောက်ဆောင်သည် ကား အ နေအထားမပျက် မား မားမတ်ရပ်တည် ခဲ့သည်သာ ဖြစ်တော့၏။ ယင်းမှာတု နှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ အရောင်တင် ပေးခြင်း တည်းဟူသည့် (ကုရ်အာန် ဟူသော အရောင်ကိုဆိုးကြလျှက်) (၂း၁၃၈) အသွေးတူ အရောင် တူ အသိုက် အမြုံ တစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်း ကြောင့်ပင်။



ငြိမ်းချမ်းသည့်ဗိမ္မာန်အောက်ဝယ်

သမ္မတအွမ္မရ်ခေတ်က မွတ်စလင်(မ်)အသိုက်အမြုံကြီးကို ငြိမ်းချမ်းသည့်ဗိမ္မာန် (ဒါရုလ်ဆ လာမ်)ဟုခေါ် ဆိုပြီး။ နောက်ပိုင်းတွင် အစ္စလာမ်အေးရိပ်ဖြင့် အုပ်ချုပ်သောစနစ် ကို (ဒါ ရုလ်ဆ လာမ်)ဟု ခေါ်တွင်လာ ခဲ့ကာ၊ အစ္စလာမ် အုပ်ချုပ်ရေးမဟုတ်သော နိုင်ငံများကို (ဒါရိုဟရာဘ်) စစ်သင်္ချိုင်းဟု ခေါ်တွင်လာသည်ထိ ဖြစ်လာခဲ့ပေသည်။ ထိုသို့ ဖြစ်လာရခြင်း အကြောင်းမှာ-

ထိုအစ္စလာမ့်အုပ်ချုပ်ရေးနယ်တွင် နေထိုင်သော ဂျူး၊ ခရစ်ယာန်၊ ဇိုရိုအက်စတာနှင့် အခြားသော သာသ နာဝင်များ ၏ ဘ၀ငြိမ်းချမ်းရေးကို မွတ်စလင်(မ်)အစိုးရ၊ အုပ်ချုပ်သူများက အပြည့် အ၀တာဝန်ယူပေးခဲ့ သည်။ တိုင်းပြည် လုံ ခြုံရေး ထိုသူများ၏ဘ၀လုံခြုံရေးအတွက် မွတ်စလင်(မ်)အစိုးရကကောက်ခံသောအ ခွန်ဘဏ္ဍာကို““ဂျစ်ဇယာ””ဟု ခေါ်၍ ထိုအခွန်သည် အစ္စလာမ် သာသနာဝင်များကအစိုးရအားပေးဆောင် ရသည့် (ဇကားသ်) ဆင်းရဲသားများ၏ ဘ၀လုံခြုံရေးခွန်ထက် လွန်စွာလျှော့နည်းပေသည်။ ထိုသူများ သည် အစ္စလာမ်အစိုးရ၏ အုပ်ချုပ်ရေး အောက်တွင် ဘာသရေးလွတ်လပ်ခွင့်ကိုအပြည့်အ၀ရခဲ့ကြသည်။

ထိုသို့ အစ္စလာမ့်အုပ်ချုပ်ရေး လက်အောက်၌ပင် သူတို့၏ဘ၀မှာ ဘာသာရေး၊ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ ကိစ္စ ရပ်များကို လွတ်လပ်ခွင့်ရရှိကြပါလျက် ဘိုင်ဇန်တိုင်းအင်ပါယာ လက် အောက်ရှိပြည်သူများ သည် ဘာသာရေး ဆိုင်ရာလွတ်လပ်မှု အကြီးအကျယ် ဆုံးရှုံးခဲ့ကြရလေသည်။ အလားတူ ဘိုင်ဇန်တိုင်း ၏ ထာဝရပြိုင်ဘက် ပါရှန်း အင်ပါယာအောက်ရှိ လူသားများ မှာလည်း ဆင်းရဲမွဲတွေ ဖွတ်ဘိုးအေဘ၀ဖြင့် မလူးသာမလှုပ်သာ ဖြစ်ခဲ့ ရပေ သည်။

ထိုအချိန်သည် အစ္စလာမ့်ထီးရိပ်၏အပြင်ဘက်တွင် ပါရှန်းအင်ပါယာနှင့်ဘိုင်ဇန်တိုင်း အင်ပါယာတို့မှာ အကြီးအ ကျယ် အင်အားပြိုင်ဆိုင်လျက်ရှိသော ကာလ ဖြစ်သည်။



ပါရှန်းအင်ပါယာ

နှစ်ပေါင်းများစွာ ဘတစ်ပြန်ကျားတစ်ပြန် စစ်ခင်းနေခြင်းကြောင့် နှစ်ဖက်စလုံးအင်အား ကုန်ခန်းလျက်ရှိ သော ကာလလည်းဖြစ်သည်။ ပါရှန်းအင်ပါယာအတွင်း ဂိုဏ်းဂဏကွဲများ အချင်း ချင်း အမြဲတမ်းတိုက် ခိုက်လျက်ရှိသည့် အပြင် ထိုအင်ပါယာ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းမှာလည်း ရာ သီဥတု ဆိုးရွာမှုဒဏ်ကို မကြာ ခဏကြုံတွေ့ရပြီး စိုက်ခင်းများ ပျက်စီးခဲ့ရသည်။ ထိုသို့ ပြည်တွင်းစစ်နှင့် စီးပွားပျက်မှု ထပ်ဆင့်ကွမ်းဒဏ်ကို ခံရ သော ပြည်သူလူထုမှာ ဘ၀ရပ်တည်မှု ယိုင်နဲ့သွားခဲ့သည်။

ဘိုင်ဇန်တိုင်အင်ပါယာ

ဂရိအယူဝါဒအောက်တွင် ခရစ်ယာန်များအဖို့ ညှင်းပန်းနှိပ်စက်ခံကြရသည့်အတွက် ဘိုင်ဇန်တိုင်းအင်ပါ ယာ၏ ပိုင်နက်အတွင်းကျရောက်သော ဆီးရီးယားနှင့်အာဖရိကမြောက်ပိုင်းရှိ ပြည် သူများအတွင်း ပြင်း ထန်သည့် ဂရိ အယူဝါဒကြောင့် စည်းလုံးညီညွတ်မှု ပြိုကွဲလျက်ရှိသည်။ သူတို့အနေဖြင့် ဘိုင်ဇန်တိုင်း လက်အောက်တွင် နေရ သည်ထက် ဘာသာရေးလွတ်လပ်ခွင့် အ ပြည့်ရှိသော အစ္စလာမ့်အုပ်ချုပ်ရေး၏ ထီး ရိပ်ကိုခိုလှုံလိုစိတ်များ တစ် ဖွားဖွား ပေါ်လာပေတော့သည်။



ဝင်လာမစဲ တသဲသဲ

သမ္မတအွမ္မရ်သည် နိုင်နင်းသောအုပ်ချုပ်ရေးနှင့် ဥပဒေစိုးမိုးရေးကို အမြဲထိန်းသိမ်းနိုင်ခဲ့သည်။ သို့ဖြင့် နွေးထွေး သော၊ ဘ၀လုံခြုံစိတ်ချရသော၊ အေးချမ်းသာယာသည့် အစ္စလာမ်ထီးရိပ်သို့ ၀င်ရောက်ခိုလှုံလာ သည့် နယ်မြေဒေ သများ၊ ပြည်သူလူထုများမှာ ၀င်လာမစဲ တသဲသဲ ဖြစ်လျှက် အစ္စလာမ်ဟူသည့် ငြိမ်း ချမ်းရေးရေစင်ကို ကမ္ဘာ့လူ သားတစ်ရပ်လုံးက သောက်သုံးခွင့် ရရှိခဲ့ကြခြင်းဖြစ်သည်။ သမ္မတအွမ္မရ်၏ အုပ်ချုပ်မှုအတွင်း၌ အစ္စလာမ် သာ သနာ၏ ဂုဏ်ရှိန်သည် အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

သမ္မတအွမ္မရ်လက်ထက်အစ္စလာမ်သာသနာသည်ပိုမိုကျယ်ဝန်းလာမှုများကိုအချို့သောသူများကအစ္စလာမ် သာသ နာသည် ဓါးမိုး၍ပြုခဲ့သောသာသနာဟု စွပ်စွဲရေးသားချက်များလည်း ရှိပေ သည်။ အမှန်တကယ် တွင် အစ္စလာမ် သာသနာ၏ ဓါးမိုး၍သာသနာပြုခံခဲ့ရသော လူမျိုးနှင့်အရပ်ဒေသဟူ၍ ကမ္ဘာ့သမိုင်းတွင် သက်သေပြနိုင်ခြင်း မရှိ ခဲ့ချေ။သမ္မတအွမ္မရ်ခေတ်အစ္စလာမ် သာ သနာ၏ ထီးရိပ်ကျယ်ပြန့်လာခြင်းမှာ ၀င် ရောက်ခိုလှုံလာသူ တိုးပွားလာ ခြင်းကြောင့်သာ ဖြစ်ပေသည်။

ဤသည် အစ္စလာမ့်စနစ်၏ ပကတိဖြစ်တည်ရမည့် နမူနာကို သမ္မတကြီးအုမရ်က တမန်တော်မုဟမ္မဒ်နှင့် သူ၏ရှေ့မှ နောင်တော်ကြီး အဘူဘကာရ်တို့နည်းတူ လက်တွေ့အကောင်အထည် ဖေါ်ပြသွားခြင်းပင်ဖြစ် တော့၏။

အင်ရှာအလ္လာဟ်ဆက်လက်တင်ပြပါဦးမည်

ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

ကိုးကားစာအုပ်များ

. Armstrong,Karen, Mohammed; A Biography of the Prophet (London 1991)

. Gabrieli Francesco, Mohammed and the Conquests of Islam.(trans. Virginia Luling and Rosamund Linell (London 168)

www.quraninburmese.com မှကူးယူဖေူပြသည်။

http://www.quraninburmese.com/blog/2011/10/spread-islam/

Tuesday 1 November 2011

အစ္စလာမ်သာသနာသည် ဓါးမိုး၍ဖြန့်ချီခဲ့သလော(၁)"

အစ္စလာမ်သာသနာသည် ဓါးမိုး၍ဖြန့်ချီခဲ့သလော(၁)"

အစ္စလာမ်သာသနာသည် ဓါးမိုး၍ဖြန့်ချီခဲ့သော သာသနာဖြစ်သည်ဟု များစွာသောမွတ်စလင်မ်မဟုတ်သူ များက ပြောဆိုရေးသားလျှက်ရှိကြသည်။ ဤသည်မှားယွင်းသော ပြောဆိုရေးသား ချက်များသာဖြစ်သည်။ အဘယ် ကြောင့်ဆိုသော်- - အစ္စလာမ့်အခြေခံဥပဒေဖြစ်သော ကျမ်းမြတ်ကုရ်အာန်(၂း၂၅၆)တွင်-

(ဖြောင့်မတ်မှန်ကန်သော (အစ္စလာမ်သာသနာတော်၏) တရားလမ်းစဉ်သည် မမှန်ကန်သောလမ်းစဉ် နှင့် (သိသိ သာသာ) ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနားလျက်ရှိနေပြီဖြစ်ပေရာ (မည် သူတစ်ဦးတစ် ယောက်ကိုမျှ အစ္စလာမ်) သာသနာတော်တွင်း၌ (ဝင်ရောက်ရန်အတွက်) အတင်းအဓမ္မအနိုင်အထက်အ လျင်းမပြုရ။ သို့ဖြစ်၍ အကြင်သူ တစ်ဦးတစ်ယောက်သည် (အလ္လာဟ် အရှင်မြတ်မှအပလူသားတို့မှတ်ယူ ထားသော မမှန်ကန်သည့်ကိုး ကွယ်ရာများ ကို) သွေဖည်ငြင်းဆန် (စွန့်လွှတ်ပယ်ရှား)ကာ (တစ်ဆူတည်း သော)အလ္လာဟ်အရှင်မြတ်ကိုသာလျှင်ယုံကြည် ကိုး ကွယ်ပါမူ ဧကန်အမှန်ထိုသူသည် အလွန်ခိုင် မြဲ၍ယုံ ကြည်အားကိုးဖွယ်ရာဖြစ်သည့်ပြင် မည်သည့်အခါမျှ ကျိုးပျက် ခြင်းအလျင်းမရှိသောကြိုးကွင်း ကို မြဲမြံ စွာဆွဲကိုင်ထားသူဖြစ် ချေပြီ။)

ထိုဗျာဒိတ်တစ်ခုတည်းကို ဆင်ခြင်ခြင်းအားဖြင့်ပင် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်သည် အမှန်တရားနှင့်အမှားကိုခွဲခြား သိရှိနှိုင်သော အသိတရားကို လူသားအားချီးမြှင့်ထားပြီးဖြစ်သည်။ လူ သားသည်မိမိစိတ် ကြိုက် အကောင်းနှင့် အ ဆိုး၊အမှန်နှင့်အမှား၊အစစ်နှင့်အတုကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ရှိသူများဖြစ် သည်။ ဘာသာရေးဟူသည် သက် ၀င်ယုံကြည်မှုကို အခြေခံတည် ဆောက်ထားသော လမ်းစဉ်ဖြစ်သည်။ တစ်ဦးတစ်ယောက်ကို အခြားတစ်ဦး တစ် ယောက်က အတင်းအဓမ္မတိုက်တွန်း၍ ဘာသာသာသနာတစ် ခုကို လက်ခံယုံကြည်ရပါသည်ဆိုခြင်းသည်မဖြစ်နှိုင် သောကိစ္စရပ်သာဖြစ်ပေသည်။

မွတ်စလင်မ်ဟူသည် မိမိတို့၏အခြေခံဥပဒေဖြစ်သော ကျမ်းမြတ်ကုရ်အာန်ပါအမိန့်ပညတ်ချက်များနှင့် ဆံခြည်မျှင် တစ်မျှင်မျှပင်လွဲမှားချွတ်ချော်ခွင့် မရှိသူများဖြစ်သည်။ ကျမ်းမြတ်ကုရ် အာန်က အမိန့်ပေးတားမြစ်ထားသော(တစ် ဦးတစ်ယောက်ကို အစ္စလာမ်သာသနာသို့ ၀င်ရောက်လာရန် အဓမ္မမတိုက်တွန်း ရဟူသော) ပညတ်ချက်တစ်ခုကို မည်သည့်မွတ်စလင်မ် တစ်ဦး တစ်ယောက်ကမျှ ကျူးလွန်ရဲကြမည်မ ဟုတ်ပေ။ တမန်တော်မြတ်ပင်လျှင် အဓမ္မ သာသနာပြုခွင့်မရှိကြောင်းကို ကျမ်းမြတ်ကုရ်အာန်၁၀း၉၉ကို လေ့လာရုံ ဖြင့်သိရှိ နှိုင်သည်။

(စင်စစ်သော်ကားအကယ်၍ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်အလိုရှိတော်မူခဲ့ ပါလျှင် ကမ္ဘာမြေ၀ယ်ရှိရှိသမျှသော သူခပ်သိမ်းတို့သည် တစ်ပြိုင်နက် "အီမာန်"သက် ၀င်ယုံကြမည်သာ ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာအသင်သည် လူတို့အား မုအ်မင်န်သက်ဝင်ယုံကြည်သူများ ဖြစ်လာကြရန် အ တင်းအကျပ် ပြုလုပ်နိုင် ပါသလော။ ၁၀း၉၉)

ထိုဗျာဒိတ်အရလည်း သာမန်လူတစ်ဦးမဆိုထားနှင့် တမန်တော်မြတ်သည်ပင်လျှင် အတင်းအဓမ္မသာသ နာပြုပိုင် ခွင့်မရှိကြောင်းကို ရှင်းလင်းထင်ရှားစွာ မြင်တွေ့နှိုင်ပေသည်။ ထိုနည်းတူစွာ ကျမ်းမြတ်ကုရ်အာန် တွင် မွတ်စလင်မ် များက လူအများကို အစ္စလာမ်သာသနာသို့ မည်ကဲ့သို့ဖိတ်ခေါ်ရမည်ကို ၁၆း၁၂၅တွင် ညွှန်ကြားထားသည်မှာ--(အို-နဗီတမန်တော်) အသင်သည် မိမိ အားဖန်ဆင်းမွေးမြူတော်မူသော အရှင် မြတ်၏ လမ်းတော်သို့(လူတို့အား) ဥာဏ်ပညာနှင့်လည်းကောင်း၊ကောင်းမြတ်သော ဆုံးမသြ၀ါဒနှင့်လည်း ကောင်း၊ ဖိတ် ခေါ်ပါလေ။၁၆း၁၂၅) ထို နည်းတူစွာ ကျမ်းမြတ်ကုရ်အာန်၁၂း၁၀၈ တွင်-

(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ ဤသည်သာလျှင် ငါ၏လမ်းစဉ် ဖြစ်ပေ သည်။ ငါသည် (လူခပ်သိမ်းတို့အား) အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ် သည်။ ငါနှင့်တကွ၊ငါ ၏နောက်လိုက် တို့သည်လည်း အလွန်ထင်ရှား ခိုင်လုံသော သက်သေသာဓကအပေါ်၌ တည်ရှိနေကြ ပေသည်။ ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် (ချို့တဲ့မှု အပေါင်း တို့မှ)သန့်ရှင်းစင်ကြယ်တော်မူသောအရှင် ဖြစ်တော်မူပေသည်။ ထိုမှတစ်ပါး ငါသည်တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုး ကွယ်သောသူတို့အနက်မှ မဟုတ်ချေ။)

ဖေါ်ပြပါဗျာဒိတ်အချို့ကို ဆင်ခြင်ခြင်းအားဖြင့် မွတ်စလင်မ်များမဆိုထားနှင့် တမန်တော်မြတ်ပင်လျှင် မည်သည့် လူသားတစ်ဦးတစ်ယောက်ကိုမျှ အတင်းအဓမ္မအစ္စလာမ်သာသသနာသို့ သွတ်သွင်းပိုင်ခွင့်မရှိ ပေ။ အစ္စလာမ်သာသနာသို့ဖိတ်ခေါ်ရာတွင်အစ္စလာမ်သာသနာ၏ ခိုင်လုံသောအထောက်အထားများအားဖြင့်အသိဥာဏ် ကိုအခြေခံ၍ အသိဥာဏ်ရှိသူများကိုဖိတ်ခေါ် ရန်သာ ပြဌာန်းထားသည်။

မွတ်စလင်မ်မဟုတ်သောစာရေးသူများ၏အမြင်

(The Junior Encyclopedia of Canada. Hurtig Publishers, Canada, 1990, Vol. 2, p. 396). တွင်- အစ္စလာမ် သာသနာသည် ကမ္ဘာတစ်ဝှမ်းတွင် အမြန်ဆုံးကြီးထွားလာ သော သာသနာဖြစ် သည်ဟုဖေါ်ပြ ထားသည်ကို တွေ့ရ ပေသည်။ ဤသည်ကိုမည်သို့ ဆိုမည်နည်း။ ယနေ့ခေတ်တွင် အစ္စ လာမ်သာသနာသို့ ၀င်ရောက်လာရန် မည်သူက အတင်း အဓမ္မ တိုက်တွန်း၍ အစ္စလာမ်သာသနာဝင် ဖြစ်နှုံးတိုးပွားလာသ နည်း။ မွတ်စ လင်မ်များသည် အစ္စလာမ် သာသနာသို့ ၀င်ရောက်လာရန်အတွက် မည်သူ တစ်ဦးတစ် ယောက်ကိုမျှ နိုင်ထက်စီးနင်း တစ်ဘက်သတ် ဟော ပြောဝါဒဖြန့်ချီမှုမျှမရှိပါဘဲလျှက် အစ္စလာမ်သာသ နာသို့ ဆက်တိုက်ဝင်ရောက်လာကြခြင်းမှာ မိမိတို့ဆန္ဒအ လျှောက် အစ္စလာမ်ကိုရှာဖွေ တွေ့ရှိ သွားခြင်း သာဖြစ် သည်။

Huston Smith ၏ The World's Religions, အမည်ရှိစာအုပ်၏ စာမျက်နှာ၂၅၆ တွင်စာရေးသူက ဆွေးနွေးထား သည်မှာ- တမန်တော်မုဟမ္မဒ်(အရှင်၏ငြိမ်းအေးမှုအပေါင်းခညောင်းပါ စေ)သည်အစ္စလာမ့် အုပ်ချုပ်ရေး အောက် တွင်(ဂျူး)နှင့်(ခရီယံ)တို့ကို ဘာသာရေးလွတ်လပ်ခွင့် အပြည့်အ၀ပေးထား ကြောင်း ဖေါ်ပြထားပေသည်။ ထိုနည်း တူစွာ အစ္စလာမ်သာသနာဝင် မ ဟုတ်သော (ဂျူး)နှင့်(ခရိယံ)များကိုအ နှောက်အယှက်ပေးခြင်း၊ စိတ်ဒုက္ခရောက် စေသော အပြုအမူများမှကာကွယ်ရေးကို စီးကမ်းများသတ် မှတ်ခဲ့သောမှတ်တမ်းမှတ်ရာများ ရှိခဲ့ကြောင်း ရေး သားဖေါ်ပြထားသည်ကို တွေ့ရှိရပေသည်။ ထိုကဲ့ သို့ပင် ထိုသူများအားလုံးသည် မွတ်စလင်မ်များနည်းတူ နေရာ ဌာနတိုင်းတွင် တန်းတူအခွင့်အရေးများ ရရှိခဲ့ကြောင်းရေးသားထားပေ သည်။ ၄င်းတို့အားလုံးသည်၎င်းတို့၏ဘာ သာသာသနာကို လွတ်လတ် စွာပြုလုပ်ပိုင်ခွင့် အပြည့်အ၀ရရှိခဲ့ကြောင်း ရေးသားထားပေသည်။

စမစ်တ်က၄င်းစာအုပ်တွင် ဆက်လက်ဖေါ်ပြရာတွင် အစ္စလာမ်သာသနာ၏ အခြေခံဥပဒေတွင် မွတ်စ လင်မ်မဟုတ် သူများသည်လည်း မွတ်စလင်မ်များနည်းတူ တူညီသောအခွင့် အ ရေးကို တစ်ပြေးညီခံစား ခွင့်ရရှိခြင်း စနစ်သည် တမန်တော်ခေတ်မှစတင်ခဲ့ပြီှး နောက်ပိုင်းပေါ်ပေါက်လာသော မွတ်စလင်မ်အုပ် ချုပ်ရေးနယ်ပယ်များတွင်လည်း ထိုစနစ်ကို ဦးစားပေးဆောင်ရွက် ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိ ရှိခဲ့ရသည်ဟုဖေါ်ပြထားသည်။ သို့ဆိုလျှင် အစ္စလာမ်သာသနာသည် ဓါးမိုး၍ဖြန့်ချီခဲ့သောသာသနာ မည်ကဲ့သို့ဖြစ်နှိုင်မည်နည်း။

အထက်တွင်ဖေါ်ပြခဲ့သော မွတ်စလင်မ်မဟုတ်သည့် စာရေးသူကဲ့သို့ပင် Ira Zepp Jr .,ကလည်း၎င်း၏ A Muslim Primer: မည်သောစာအုပ်တွင်-အစ္စလာမ်သာသနာအား (ဓါးသသနာ ဟူ၍လည်းကောင်း၊ ဓါးမိုး၍ ခြန့်ချီခဲ့သောသာ သနာ) ဟူ၍လည်းကောင်း မပြောင်းမလဲမူသေ စွတ်စွဲချက်များကို ခေတ်အ ဆက်ဆက် မြင်တွေ့ နေရပေသည်။ အစ္စလာမ်သာသနာ၏ ကျယ် ပြန့်လာရသောအရင်းအမြစ်သမိုင်းဖြစ် ရပ်မှန်မှာ--မွတ်စလင်မ်များသည် အခြားမွတ် စလင်မ်မဟုတ်သူများကို အစ္စလာမ်သာသနာနှင့်စပ်လျင်းပြီး သာမန် ဟောကြားခြင်းမျိုးသက်သက် မ ဟုတ်ဘဲကုရ် အာန်ပြစနစ်ဇယားအတိုင်း လက်တွေ့ဘ၀တည်ဆောက်ခဲ့ သော မွတ်စလင်မ်တို့ ၏လူမှုရေး၊လူသားတိုင်း တရား မျှ တမှု တစ်ပြေးညီ ရရှိခဲ့ကြခြင်းအပေါ် အစ္စလာမ် သာသနာကို မွတ်စလင်မ်မဟုတ် သူများက စိတ်ညွှတ်လာခြင်းမှ အစ္စလာမ်သာသနာကျယ်ပြန့်လာခြင်း ဖြစ်သည်ဟု ၄င်းကမိမိစာအုပ်တွင်ဖေါ်ပြ ထားသည်ကိုတွေ့ရှိရပေသည်။

၎င်းကဆက်လက်၍ မီးမောင်းထိုးပြခဲ့သော အချက်တစ်ချက်မှာ-အစ္စလာမ်သာသနာသည် ယုံကြည်မှု ကိုအခြေ ခံသောသာသနာဖြစ်သည်။ မွတ်စလင်မ်တစ်ဦးဖြစ်ခြင်း၏ ပဏာမလိုအပ် ချက်မှာ- -သက်ရှိ သက်မဲ့အရာအားလုံး နှင့်စကြာဝဠာအနန္ဒကို မရှိရာမှရှိရာသို့ ဖန်ဆင်းပြုစုပျိုးထောင်သော နိစ္စထာဝရဘု ရားသခင်ကိုနှလုံးသည်းပွတ် ထဲမှသက်ဝင်ယုံကြည်ခြင်းကို စတင် အခြေခံထားသည်။(A Muslim Primer by Ira Zepp, Jr ., 1992, Wakefield Editions, US, p. 134).

အစ္စလာမ်သာသနာသို့ဝင်ရောက်လာရသောအကြောင်းရင်းများ

အစ္စလာမ်သာသနာ၏အခြေခံမူဝါဒများ

အစ္စလာမ်ဟူသည် အရဗီဝေါဟာရဖြစ်၍ ငြိမ်းချမ်းရေးမူဝါဒလမ်းစဉ်ဟု အဓိပ္ပါယ်ရ၏။ ထိုအစ္စလာမ်ဟူ သည့် ငြိမ်း ချမ်းရေးမူဝါဒလမ်းစဉ်ကို လက်ခံယုံကြည်သူကို မွတ်စလင်မ်(ခေါ်) ငြိမ်း ချမ်းရေးဝါဒီ ဟုခေါ် သည်။ ထိုသို့ အစ္စလာမ်သာသနာဝင် မွတ်စလင်မ်များဖြစ်လာရန် မိမိ၏ဘ၀သက်တမ်းကို တုနှိုင်းမဲ့ကိုး ကွယ်ရာအရှင်၏ ပြ ဋ္ဌာန်းချက်နိယာမဖြစ်သော ကျမ်းမြတ် ကုရ် အာန်၏ညွှန်ကြားချက်နှင့်အညီ စည်းဝါး ကိုက်ညီစွာအံဝင်ဂွင်ကျ လိုက် နာကျင့်သုံးသူဖြစ်၏။ မွတ်စလင်မ်ဟူသော စကားလုံး၏အခြား အဓိပ္ပါယ် တစ်မျိုးမှာ မိမိ၏အတ္တစိတ်ရိုင်းကိုချိုးနှိမ် ၍ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်ထံ၌ မိမိ၏ကိုယ်စိတ်၊နှလုံး သုံးပါး လုံးကို ပုံအပ်နာခံသူဖြစ်၏။

မွတ်စလင်မ်ဟူသည် မိမိပတ်ဝန်းကျင်ရှိ လူသားအားလုံးနှင့် သက်ရှိများအားလုံးအပေါ် မေတ္တာထားရ မည်၊ စာနာရ မည်၊ သနားရမည်၊ ညှာတာရမည် တရားမျှတခြင်းများကို မိမိကိုယ်တိုင် ကျင့်ကြံလျက် သူ တစ်ပါးအားလည်း ဆင့် ဆိုရမည် ဖြစ်၏။ ထို့ကြောင့် မွတ်စလင်မ်ဟူသည် မိမိ၏နှုတ် လျှာအမူအရာ ကျင့် ကြံမှုများအားလုံးဖြင့် သက်ရှိ၊ အားလုံးပေါ်၌ ငြိမ်း အေးစေသူ ဖြစ် စေရမည်ဟု တမန်တော်မုဟမ္မဒ်(အရှင် ၏အေးငြိမ်းမှုအပေါင်းခညောင်းပါစေ) က ဖွင့်ဆို ခဲ့ပေသည်။

ထိုမူဝါဒလမ်းစဉ်ကို မွတ်စလင်မ်တို့က မိမိတို့၏အုပ်ချုပ်ရေး၊ မိမိတို့၏ပါတ်ဝန်းကျင်တွင် လက်တွေ့ဘ၀က ကျင့် ကြံအားထုတ်ခဲ့ကြခြင်းဖြင့် အစ္စလာမ်သာသနာသည် ကမ္ဘာတစ်ဝှမ်းတွင် လူ အများကိုဆွဲဆောင်နှိုင် ခဲ့သောအ ကြောင်းရင်းများဖြစ်လာရပေသည်။

မွတ်စလင်မ်တို့၏ဆွလာသ်တည်ဆောက်ခြင်း

ဆွလာသ်တည်ဆောက်ခြင်းကို ယေဘုယျအားဖြင့် ဘုရားဝတ်ပြုခြင်းဟုနားလည်ထားကြ၍ မြန်မာမွတ် စလင်မ် များက (နမာ့ဇ်)ဖတ်ခြင်းဟု (ပါးရှန်း)ဝေါဟာရဖြင့် ခေါ်ဆိုကြပေသည်။ ဘာ သာတရားတိုင်း၏ဘု ရားရှိခိုးအမျိုးမျိုး တွင် မတ်တတ်ရပ်၍၊ ဦးညွှတ်၍၊ ထိုင်၍၊ ဦးချ၍ ဝတ်ပြုရန် ပြဌာန်းထားသကဲ့သို့ အစ္စ လာမ်သာသနာ၏ ဆွလာသ် ဝတ်ပြုမှုတွင်လည်း ထိုအင်္ဂါ ရပ်များ အားလုံးကို ပါဝင်စေလျက် ပြဌာန်းထား ပေသည်။ သို့သော် မွတ်စလင်မ်များ အတွက် ဆွလာသ်ဝတ်ပြုရာတွင် ရည်စူးတည်ဆောက်စေသည့် အဓိဌာန်မှာ ရုပ်ခန္ဓာနှင့်စိတ်ခန္ဓာပိုင်းဆိုင်ရာ စွမ်း အားများကို မိမိ၏ဖန်ဆင်းသောအရှင်၏ရှေ့မှောက် တွင် နာခံပုံအပ်နေကြောင်းကို ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဖော် ကျူးလျက်၊စိတ်၌မူ ဖန်ဆင်းရှင်၏ပညတ်နိ ယာမများအတိုင်း မိမိ၏ ရုပ် နာမ်နှစ်ပါးစလုံးက တစ်သဝေမတိမ်း လိုက်နာမည်ဟူသော ကတိဝန်ခံချက် များအား အဓိဌာန်ပြုနေခြင်းဖြစ်၏။ (ဘုရားဆိုသောအရာကြီးအား ကြောက် ရွံ့၍(သို့မဟုတ်) ချစ်လွန်း၍ ‘ဒူး တုတ်ရှိခိုးနေခြင်း၊ အရိုအသေပြုနေခြင်းမျိုး မဟုတ်ပေ။)

ထို့ကြောင့် ရှေးအရဗ်တို့၏ အစဉ်အလာဝတ်ပြုခဲ့သောဆွလာသ်နှင့် ကျမ်းမြတ်ကုရ်အာန်အား ကိန်းဝပ်ချ မှတ်ပေး ပြီးနောက် ဝတ်ပြုသောဆွလာသ်တို့မှာ မတူတော့ပေ။ အစ္စလာမ်သာသနာ ဝင်တို့ပြုရသော ဆွ လာသ်တည် ဆောက်ခြင်းဟူသည် ကုရ်အာန်ပါနိယာမအတိုင်း ကျင့်ကြံဆောင်ရွက်ပါမည်ဟု ကျမ်းမြတ် ကုရ်အာန်ပါ ပညတ်နိ ယာမများကို အနုလုံပဋိလုံ ရွတ်အံရှုမှတ်ရ ပေသည်။ ထိုရွတ်အံရှုမှတ်သည့်အတိုင်း လက်တွေ့ဘဝ တည်ဆောက် ရာတွင်လည်း ကုရ်အာန်ပြစနစ် ဇယားအတိုင်း အကောင်အထည်ဖေါ် ဆောင် ခြင်းဖြစ်သည်။

ထို့ပြင် ဆွလာသ်တည်ဆောက်ခြင်းဟူသည် ဖန်ဆင်းရှင်နှင့်ဖန်ဆင်းခံတို့၏စပ်ကြားဆက်သွယ်ခြင်းတစ်ရပ်လည်း ဖြစ်၍ ထိုကဲ့သို့ဆက်သွယ်ရာ၌ ဖန်ဆင်းရှင်၏ ရှေ့မှောက်တွင် ဖန်ဆင်း ခံက မိမိ၏နှုတ်လျှာ အမူအရာများကို ထိန်း ကျောင်းလျက် စိတ်ကိုတည်ငြိမ်စေကာ စိတ်အာရုံဖြင့်ဆက်သွယ်ခြင်း ဖြစ် သည်။ မေ့မှား၍သော်လည်းကောင်း၊ အတ္တစိတ်ရိုင်းကို တွန်းလှန်နိုင် မှု မရှိ၍သော်လည်းကောင်း မိမိကျူးလွန်မိ သော ကိုယ်၊စိတ်၊နှလုံး သုံးပါးလုံး၏ အမိုက်မှောင်အဝိဇ္ဇာများကို မိမိကိုယ်မိမိခဝါချခြင်းလည်း ဖြစ်ပေ သည်။

ထိုသို့သောအကုသိုလ်များကို နောက်နောင်မကျူးလွန်မိရန် ဖန်ဆင်းရှင်အား ကတိကဝတ်ပြု၍မိမိကိုယ် မိမိအကြိမ် ကြိမ် သံဓိဌာန်ပြု သတိဖေါ်ပေးနေခြင်းလည်း ဖြစ်ပေသည်။ ထိုသို့ ဖန် ဆင်းရှင်အားတိုင် တည်လျက် မိမိကိုယ်မိမိ အကြိမ်ကြိမ်သံဓိဌာန်ပြု သတိဖေါ်ပေးနေခြင်းဖြင့် လက်တွေ့ဘဝတည်ဆောက် မှုအတွင်း သတိမူဆင်ခြင်လာ နိုင်ရန်လည်းဖြစ်သည်။ ဤသည် ကို ကုရ်အာန်က(မွတ်သကီ) တုနှိုင်းမဲ့ကိုး ကွယ်ရာ အရှင့်သိစိတ် ဖြင့် ဘဝရှင် သန်သူဖြစ်ရမည်ဟု မိန့်ဆိုထားသည်။



လူသားတိုင်းသည် တူညီသူများအဖြစ်ခံယူခြင်း

မွတ်စလင်မ်များ ဆွလာသ်တည်ဆောက်ရာ၌ ဖန်ဆင်းရှင်၏ရှေ့မှောက်တွင် ဆင်းရဲချမ်းသားမရွေး၊ လူ တန်းစား မရွေး၊ အသားအရောင်မရွေး၊ မျိုးရိုးဇာတိမရွေး၊ ရာထူးအနိမ့်အမြင့်မရွေး တစ်ပြေးညီရင်ပေါင် တန်း၍ အတူတစ်ကွ ဝတ်ပြုရသကဲ့သို့ အပြင်လောကတွင်လည်း လူသားအားလုံးသည် တူညီသူများ ဖြစ်ကြောင်း ခံယူရသည်မှာ အစ္စလာမ်သာသနာ၏ အဆုံးအမ တစ်ခုပင် ဖြစ်သည်။ ထို့ပြင် အသွင်မတူ သော လူသားပေါင်းများစွာ ဆွလာသ် တည်ဆောက်ရန်အတွက် ဝတ်ကျောင်းများတွင် အတူစုရုံးဝတ်ပြု ရသောအလေ့အထများမှာ ကျမ်းမြတ်ကုရ် အာန် ၏ ပြဌာန်းချက်တစ်ရပ် ဖြစ်သည်။

ထိုသို့နေ့စဉ်လူအများ တစ်နေရာတည်းတွင် စုရုံးခြင်းအားဖြင့် အခြားသူများ၏ စားဝတ်နေရေး အခက် အခဲများ ကိုပါ သိကျွမ်းနားလည် ခံစားလာနိုင်မည်ဖြစ်သည်။ ထိုအခါ- မိမိနှင့်ရင်းနှီး ပတ်သက်လာသော ဆင်းရဲသားများ နှင့် အကူအညီလိုအပ်သူများအတွက် ပေးကမ်းထောက်ပံ့ရမည် ဟူသောအသိနှင့်ဆင်း ရဲသားထောက်ပံ့ကြေး ရံပုံငွေအကြောင်းကို ပိုမိုနားလည်လာ နိုင်ပေသည်။

ထိုသို့သောအကြောင်းများကြောင့် အစ္စလာမ်သာသနာ၏သက်တန်းတစ်ထောင့်ငါးရာနီးပါးအတွင်းကမ္ဘာ့ လူမျိုး ပေါင်းစုံအတွင်းမှ အစ္စလာမ်သာသနာအတွင်းသို့ မ၀င်ရောက်ဘူးသေး သော လူမျိုးဟူ၍ပင်ရှိနှိုင် တော့မည်မဟုတ် ဟုပြောဆိုနှိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော အစ္စလာမ်သာသနာ စတင်ခဲ့ချိန်က များစွာသော လူမျိုးစုများအ တွင်း အသားရောင်ခွဲခြားမှု၊ အဆင့်တန်းခွဲခြားမှုအမျိုးမျိုးနှင့်ရင်ဆိုင်ကြုံတွေ့ နေရသောကာလဖြစ်သည်။ ထိုအချိန် တွင် အစ္စလာမ်သာသနာ၏အခြေခံမူဝါဒဖြစ်သော (လူသားတိုင်း သည်တူညီသောအခွင့်အရေးများကို တစ် ပြေးညီ ခံစားခွင့်ရှိရမည်) ဟူသောမူဝါဒကို မွတ်စလင်မ်များက လက်တွေ့လိုက်နာကျင့်သုံးပြနှိုင်ခဲ့သည့်အတွက် အစ္စလာမ် သာသနာသည် ကမ္ဘာတစ်ဝှမ်းရှိလူမျိုးပေါင်း စုံ၏စိတ်နှလုံးကို စွဲမက်စေခဲ့သော သာသနာတစ်ရပ်ဖြစ်လာ ခဲ့သည်။

မွတ်စလင်မ်တို့၏ ဇကားသ်(ခေါ်) ဆင်းရဲသားများ၏ ဘ၀လုံခြုံရေးခွန်

ဇကားသ်ဟူသည့် အရဗီဝေါဟာရမှာ တိုးပွားခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးဝ်ါဒီ မွတ်စလင်မ်ဟူသည် မိမိ ၏ရုပ်ခန္ဓာ နှင့်စိတ်ခန္ဓာကို တုနှိုင်းမဲ့အရှင်၏ပြဌာန်းချမှတ်သည့် စံချိန်စံညွှန်းနှင့်ကိုက် ညီစွာနေထိုင်ရသကဲ့ သို့ မိမိတို့ပိုင်ဆိုင် သော ဥစ္စာပစ္စည်းများအနက် အချိုးအစားအလိုက် ဆင်းရဲသားများနှင့် (အရေးပေါ်လို အပ်သူများ) အတွက်ရံပုံငွေ ပေးဆောင်ရသည်မှာလည်း တာ ၀န်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် အစ္စလာမ် သာသနာတွင် (ဇကားသ်)ကို ဆင်းရဲ သားများအတွက် ရံပုံငွေပေးဆောင်ရခြင်းဟု ဖွင့်ဆိုပေသည်။လူ့ အဖွဲ့ကြီးအစည်းအတွင်း ဆင်းရဲလွန်းခြင်း၊ ချမ်း သာလွန်းခြင်းဟူသော ဆင်းရဲချမ်းသာကွာဟချက်ကိုညှိ ပေးသောစနစ်တစ်ရပ်ဖြစ်၍ (ဇကားသ်) ဆင်းရဲသား များ အတွက် ရံပုံငွေသည် စားရမဲ့သောက်ရမဲ့ ဆင်း ရဲသားများကို တစ်လုပ် တစ်ဖဲ့ကျွေးမွေး ရန်သက်သက် မဟုတ်ပေ။ ထိုဆင်းရဲသားများအား ဆင်းရဲသည့် ဘ၀သံသရာမှ လွတ်မြောက်ရန်အတွက် အရင်းအနှီးမတည်၍ ချမ်းသာကြွယ် ၀နိုင်သောဘ၀လမ်း ကြောင်း ပေါ်သို့ တွန်းပို့ပေးခြင်းဖြစ်သည်။

ဆင်းရဲသားများကို ကျွေးမွေးစောင့်ရှောက်ရမည့်တာဝန်မှာ အမြဲမပြတ် ဖြစ်သည်။အချိန်ကန့်သတ်၍ မထားပေ (ကုရ်အာန်၂း၁၇၇)။

လူတစ်ဦးချင်းသည်လည်းကောင်းမိသားစုတစ်စုသည်လည်းကောင်းလူ့အဖွဲ့အစည်းကြီးအတွင်းရှိလူ တိုင်း လူတိုင်း၊ မိသားစုတိုင်းမိသားစုတိုင်း စားဝတ်နေရေးနှင့် လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးရမည့် တာဝန်မှာ မွတ်စလင်မ် တိုင်းအပေါ်တွင် တာဝန်တစ်ရပ်ဖြစ်သည်။ မိမိပိုင်ပစ္စည်းတိုးပွားမှုမှအခြားဆင်း ရဲသားမိသားစုများ၏ ဥစ္စာပစ္စည်း များကိုပါ တိုးပွားစေခြင်းသည် မွတ်စလင်မ်တို့၏ ဘ၀ပေးတာဝန် တစ်ရပ်ဖြစ်သည်။ ထိုသို့သောအကြောင်းများ ကြောင့် (ဇကားသ်)ခေါ် ဆင်းရဲသားများ၏ဘ၀ကို မြှင့်တင် ပေးသောရံပုံငွေသည် မွတ် စလင်မ်များအ တွက် မပြုမနေရတာဝန်အဖြစ် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ထိုကဲ့သို့ လူ့ပါတ်ဝန်းကျင် လူ့အသိုင်းအ၀န်းအတွင်း မရှိမဖြစ်လိုအပ်ချက်များကို ဥပဒေပြုပြဌာန်း၍ လော ကအလှကို တံဆာဆင်မြန်းပေးသော အစ္စလာမ်သာသနာသည် ကမ္ဘာ့လူသားတစ် ရပ်လုံး၏ စွဲမက်ဖွယ် ရာ အကြောင်းရင်း များဖြစ်ခဲ့ရသည်။



မွတ်စလင်မ်တို့၏ ဆွီယာမ်(ခေါ်)ဥပုသ်လီလ စောင့်တည်ခြင်း

ဘာသာတရားတိုင်းတွင် ဥပုသ်သီလစောင့်ထိန်းရခြင်းကို ပြဌာန်းထားသကဲ့သို့ အစ္စလာမ်သာသနာဝင် ဖြစ်သော ငြိမ်းချမ်းရေးဝါဒီ မွတ်စလင်မ်များအတွက်လည်း ဥပုသ်သီလစောင့်ထိန်း ခြင်းကိုတာဝန်တစ်ရပ် အဖြစ်ပြဌာန်း ထား ပေသည်။ အစ္စလာမ်သာသနာဝင်တို့၏ ဥပုသ်သီလစောင့်ထိန်းခြင်းတွင် စိတ်ပိုင်းဆိုင် ရာခံနိုင်ရည်ရှိမှုကို လေ့ကျင့် ပေးသကဲ့သို့ ရုပ်ပိုင်းဆိုင်ရာအား ဖြင့် ဆင်းရဲသားများ၏ စားရမဲ့သောက်ရမဲ့ ဘ၀ကို လက်တွေ့ခံစားရစေ၍ ကိုယ် ချင်းစာနာစိတ်များ ဖြစ်ပေါ်စေရန်အတွက်လည်းဖြစ်ပေသည်။

သို့မှသာ အထက်မှဖေါ်ပြခဲ့သော (ဇကားသ်)ဖေါ် ဆင်းရဲသားများအတွက် ဘ၀လုံခြုံရေးအခွန်ငွေဆို သည်ကို ပိုမို နားလည်လာစေရန် ဖြစ်ပေသည်။ သို့ဖြစ်၍ အစ္စလာမ်သာသနာဝင်တို့အား တစ်နှစ်တွင်တစ် လဥပုသ်သီလစောင့် ထိန်းရန် ပြဌာန်းထားပေသည်။ ဆွီယာမ် (ခေါ်) ဥပုသ်သီလ စောင့်တည်ခြင်းသည် လူသား၏စိတ်စွမ်းအင်ကို ဖွံ့ ဖြိုးတိုးတက်စေသောကျင့်စဉ် တစ် ရပ်လည်းဖြစ်သည်။ လူသား၏သဘော သည် အတ္တစိတ်ရိုင်း၏ လွှမ်းမိုးမှုကိုခံရ သော သဘာဝရှိသည်။

ဥပမာ- လူသတ်မှုတစ်ခုကို ကျူးလွန်မိသူသည် မိမိဒေါသစိတ်ရိုင်းကို အချိန်မီထိန်းချုပ်နိုင်ခြင်း မရှိသော ကြောင့် လူသတ်မိခြင်းဖြစ်သည်။ ထိုကဲ့သို့ပင် ကာမေသုမိစ္ဆာစာရကံ ကျူးလွန်မိသူ သည် မိမိ၏ရာဂစိတ် ရိုင်းကို အချိန်မီ မထိန်းချုပ်နိုင်ခြင်းကြောင့်ဖြစ်သည်။

(ဆွီယမ်)ဥပုဒ်သီလ စောင့်ထိန်းခြင်းဖြင့် မကောင်းမှုဒုစရိုက်များမှ ရှောင်ကျဉ်နှိုင်ရန်အတွက်ဖြစ်သည်။ စားခြင်း သောက်ခြင်းနှင့် တရားဝင်အကြင်လင်မယားတို့၏ မေထုံမှီဝဲခြင်းသည် သာ မန်အချိန်များတွင်ပြု ခွင့်ရှိသော်ငြား လည်း ဥပုဒ်သီလစောင့်ထိန်းချိန်တွင်ထိုအမှုများကို ရှောင်ကျဉ်ခြင်းအလေ့အကျင့်မှ မိမိ၏ စိတ်စွမ်းအင်ကို ချုပ် တည်းနှိုင်ရန်လေ့ကျင့်ပေးခြင်းဖြစ်သည်။

လူသားသည် စားရမဲ့သောက်ရမဲ့သော အချိန်များနှင့်ဆုံဆည်းနှိုင်ခွင့် ရှိနှိုင်သည့်နည်းတူ ခင်ပွန်းသည် က ဇနီး မယားနှင့်လည်းကောင်း၊ ဇနီးသည်ကလည်း ခင်ပွန်းသည်နှင့်လည်းကောင်း ကင်းကွာ၍နေရ တတ်သောအချိန် များလည်း ရှိနှိုင်ပေသည်။ ထိုသို့သောအချိန်များတွင် (ဆွီယမ်)ဥပုဒ်သီလစောင့်ထိန်း ခြင်းသည် စာလောင်ငတ် မွတ်ခြင်းနှင့် လိုလားတတ်မက်ခြင်းတို့၏ နောက်ဆက်တွဲဆိုးကျိုးများနှင့်မ ကောင်း မှုဒုစရိုက်များမှ လွယ်ကူစွာ တွန်းလှန် ရှောင်ကျဉ်နှိုင်ရန် ပြုစုပြိုးထောင်ပေးသော ကျင့်စဉ်တစ် ရပ်လည်း ဖြစ်သည်။

များသောအားဖြင့် ခိုးဆိုးလုယက် တိုက်ခိုက် သတ်ဖြတ်ခြင်းများမှာ ဆာလောင်ငတ်မွတ်၊ လိုလားတောင့် တရာမှ တစ်ဆင့်၊ ဆင်းရဲလွန်းခြင်း၏ဒဏ်၊ လူရာမ၀င်လွန်းဟု ခံစားရခြင်းဒဏ်၊ အ နှိမ်ခံရသည်ဟုထင် မြင်စွဲမှတ်လာသည့် ဒဏ် စသည့်စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာမှ အခြေခံလာခြင်းဖြစ် ပေသည်။ ထို့အတွက်ကြောင့် ဆာလောင်ငတ်မွတ်ခြင်းဒဏ်၊ လို လားတောင့်တခြင်းဒဏ်များကို ကျင့်သား ရစေရန်၊ဆာလောင်ငတ်မွတ် လာလျှင် လည်းသည်းခံပါရမီတည်ဆောက်နိုင်စေရန် ဥပုသ်သီလကို စောင့် ထိန်းစေခြင်းနည်းဖြင့် လေ့ကျင့်စေခြင်းဖြစ်ပေ သည်။

ထိုကဲ့သို့ လူ့အသိုက်အမြုံကြီးအတွင်းလူသားတစ်ရပ်လုံးအတွက်မရှိမဖြစ်လိုအပ်ချက်လူ့ကျင့်ဝတ်များကို နည်းမျိုး စုံဖြင့် ဓမ္မဒိဌာန်ကျကျပြုစုပျိုးထောင်ပေးသော အစ္စလာမ်သာသနာ၏ကျင့် စဉ်များသည်ကမ္ဘာ့လူ သားတစ်ရပ်လုံး အတွက် စွဲမက်ဖွယ်ရာ အကြောင်းရင်းများဖြစ်သည်။



လူသားလမ်းညွှန်ကုရ်အာန်ဟူသည်

တမန်တော်မုဟမ္မဒ် (အရှင်၏အေးငြိမ်းမှုအပေါင်းခညောင်းပါစေ) ထံသို့တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်က ဗျာဒိတ်အဖြစ် ချပေးခဲ့သောကျမ်းအမည်မှာ ကုရ်အာန်(တုနှိုင်းမဲ့အရှင်၏ဥာဏ်စဉ်ဗျာ ဒိတ်အားတမန်တော် မုဟမ္မဒ်၏ နှုတ်မှ ရွတ် အံစေသောကျမ်း) ဖြစ်သည်။ သို့ရာတွင် သူကိုယ်တိုင်ပင်လျှင် စာပေပါရဂူစာသမား ပေသမားမဟုတ်ခဲ့ချေ။ တ မန်တော်မုဟမ္မဒ်၏ ဥာဏ်စဉ်အတွင်းသဏ္ဍာန်၌ ထွန်းညှိပေးခြင်းခံရသော တုနှိုင်းမဲ့ကိုးကွယ်ရာအရှင် ၏ အလင်းဗျာ ဒိတ်များသည် အလွန်အင်အားကောင်း၍ လက်ရာမြောက်သော စာ ပေအသွင်ဖြင့် ကုရ် အာန်ကျမ်းအဖြစ် ပေါ်ထွန်း လာခဲ့သည်။ ကုရ်အာန်ကကမ္ဘာ့စာပေလောကတစ်ခုလုံးကို ယနေ့တိုင်စိန်ခေါ် လျက်ရှိခဲ့သည်သာမက သမိုင်းတစ် လျှောက်တွင် မည်သည့်စာ ပေကမျှ ယှဉ်ပြိုင်နိုင်ခဲ့ခြင်း လုံးဝမရှိခဲ့ သေးပေ။

ကဗျာလင်္ကာအရာ၌ သူမတူအောင် ကျွမ်းကျင်ဝါသနာထုံသော အရဗ်များသည်မှများစွာသည်ပင် စာသ မား ပေသ မားမဟုတ်သော တမန်တော်မုဟမ္မဒ်၏ နှုတ်လျှာမှထွက်အံလာသည့် ဗျာ ဒိတ်များသည်ကဗျာ လင်္ကာအရာ၌ သူမ တူအောင်လှပသော စာသားများအဖြစ် မြင်တွေ့ခဲ့ကြရသည့်အပြင်၊ အတွေးအခေါ် ‘ဒဿနအရာ၌ အလွန် စူးရှနက် ရှိုင်းသော ဘ၀လမ်းညွှန်မှုလည်း ဖြစ်သည်ဟူ၍ ယုံကြည်သက်ဝင်ခဲ့ကြပေ သည်။

ထိုကျမ်းသည် ရုပ်လောကနှင့် နာမ်လောကဆိုင်ရာ တည်ရှိနေမှုများကို မျက်ဝါးထင်ထင်မြင်တွေ့နိုင် သည့် ဥပမာ ဥပမေယျများအားဖြင့် တန်ဆာဆင်မြန်းထားသော ကျမ်းဖြစ်သည်။ လူ သားသဘာဝ၊ မလွဲ မသွေ ကြုံတွေ့ရလေ့ရှိ သော ဘ၀တိုက်ပွဲမျိုးစုံကို လွယ်ကူစွာတွန်းလှန်အောင်နိုင်သော နည်းဗျူဟာများ ဖြင့် ဖွဲ့စည်းထားသည်။

သာမန်နွားကျောင်းသားလေးတစ်ဦးမှဒဿနပညာရှင်ကြီးတစ်ဦးအထိတူညီစွာသဘောပေါက်နားလည် စေနိုင် သော ဝေါဟာရများဖြင့်သီကုံးစီရင်အပ်သော စကြ၀ဠာဆိုင်ရာစွယ်စုံကျမ်း ကြီးလည်းဖြစ်သည်။ နေ့စဉ်နှင့်အမျှ ခေတ်မီတိုးတက်လျက်ရှိသော ခေတ်သစ်စနစ်သစ်များနှင့် လိုက်လျောညီထွေသဟဇာတ ဖြစ်သော လမ်းညွှန် မှုများဖြင့် သီကုံးထားသော တုနှိုင်းမဲ့ ဘု ရားရှင်၏ မတုပနိုင်သည့် လက်ရာပင်ဖြစ် သည်။

ရှေးအရဗ်ရိုးရာအယူဝါဒကို လက်ကိုင်ထားသော အွမ္မရ်အိဗ်နုအလ်ခတားဗ်သည် တမန်တော်မုဟမ္မဒ် ယူဆောင် လာသော သာသနာကိုအပြင်းအထန်ဆန့်ကျင်ခဲ့သူ တစ်ဦးဖြစ်၍၊အစ္စလာမ် သာသနာကိုအမြစ် ပြတ်ချေမှုန်းရန် ဆုံးဖြတ်ချက်ချထားသူလည်းဖြစ်သည်။ ထိုသို့သောသူသည်ပင်ကုရ်အာန်ပါဗျာဒိတ် အ ချို့ကိုကြားလိုက်ရုံဖြင့် လေးနက်စူးရှသော ကုရ်အာန်၏ဖမ်းစား မှုသည်သူ၏နှလုံးသည်းပွတ်ကို ပျော့ ပြောင်းနူးညံ့စေရုံမျှမက မျက်ရည် များပင် ယိုစီးလာခဲ့ရသည်အထိ ကုရ်အာန်၏လွှမ်းမိုးမှုကို ခံခဲ့ရသူဖြစ် သည်။ (ဤသည်အစ္စလာမ်ဟူသော ငြိမ်း အေး မှုကကျွန်ုပ်၏နှလုံးသည်းပွတ်ဆီမှ ရိုးတွင်းချဉ်ဆီထိစွဲကပ် ငြိတွယ်ခဲ့ခြင်း ဖြစ်သည်ဟုသူကိုယ်တိုင် ၀န်ခံချက် ပေတည်း၊) ဤသို့အားဖြင့်-အစ္စလာမ်သာသနာသည် အရေးဗီးယားကျွန်းဆွယ် လေးမှ စတင်ထွန်းလင်းခဲ့ခြင်းဖြစ် သည်။

ထိုသို့လူသား၏စိတ်နှလုံမှ စိမ့်ဝင်၍ရိုးတွင်းချဉ်ဆီထဲအထိ စွဲကပ်ငြိတွယ်ပြီးမှ ရရှိသောယုံကြည်မှုဆိုင်ရာ သာသနာ တစ်ရပ်ကို ဓါးမိုး၍ဖြန့်ခဲ့သည်ဟု လွယ်လွယ်ပြောဆိုဝါဒဖြန့်ချီခြင်းသည် နက်နဲသိမ်မွေ့သော အစ္စလာမ်သာသနာ၏ အရှိတရားများနှင့် အလွန်ဝေးကွာနေသောသူတို့၏ ပြောဆိုချက်များသာဖြစ် သည်။

အစ္စလာမ်သာသနာကျယ်ပြန့်ထွန်းကားလာပုံနောက်ခံသမိုင်း(၂)

ဟစ်ဂျရသ်(ခေါ်) မွတ်စလင်မ်တို့၏လွတ်မြောက်ရာနယ်မြေသို့

အေဒီ-၆၂၂မှ စတင်၍ မက္ကာဟ်မြို့ရှိ မွတ်စလင်(မ်)မိသားစုများသည် တိတ်ဆိတ်စွာဖြင့် မဒီနာမြို့သို့ရွှေ့ ပြောင်း နေ ထိုင်ကြသည်။ ထိုအချိန်တွင် တမန်တော်မုဟမ္မဒ်အား စောင့်ရှောက်သော ဦးရီးတော်အဘူတွာ လစ်(က်)လည်း ကွယ်လွန်ခဲ့ပြီးဖြစ်သည်။ တမန်တော်နှင့်အဆွေတော် အဘူဘကရ်တို့မှာလည်း မဒီနာ သို့်အခြေချနေထိုင်ရန် တိတ်တဆိတ်ထွက်ခွာခဲ့လေသည်။ ထို ရက်ထိုအချိန်မှစတင်၍ မွတ်စလင်မ်တို့၏ ဟစ်ဂျရီသက္ကရာဇ်သမိုင်းကို အစပြုရေတွက်ခဲ့ခြင်းဖြစ်သည်။

တမန်တော်မုဟမ္မဒ်အပါအ၀င် မွတ်စလင်မ်များသည် မဒီနာမြို့သို့အခြေချနေထိုင်ရန် ရွှေ့ပြောင်းရခြင်း မှာ လူနည်း စုမွတ်စလင်မ်များသည် မက္ကာအရဗ်တို့၏ ဒုက္ခပေးမှုအမျိုးမျိုးကို မခံနှိုင် သောကြောင့်ပင်ဖြစ် သည်။ တမန် တော် မုဟမ္မဒ်သည် မဒီနာ၌ကုရ်အာန်၏လမ်းညွှန်မှုအတိုင်း လွတ်လပ်စွာအပြည့်အ၀ ဆောင်ရွက် နိုင်ခဲ့ သည့်အတွက် အစ္စလာမ်သာသနာအတွင်းသို့ ၀င်ရောက်လာသူများ များပြား လာခဲ့သည်။ထိုအချိန် သည် မွတ်စ လင်(မ်)များအဖို့ အစ္စလာမ်သာသနာကို ကမ္ဘာတစ်ဝှမ်းသို့ တင်ပြနိုင်ရန်အတွက် ပထမခြေ လှမ်းဖြစ်သည်။

ရှေးအရဗ်များ၏ အယူအဆမှာ အရေးကြီးလျှင် သွေးနီးရမည်ဟူသော စကားအတိုင်း မိမိတို့၏မျိုးနွယ် စုများက ညီညွတ်စွာဖြင့် အခြားမျိုးနွယ်ယ်များကို တိုက်ခိုက်ချေမှုန်းသော ဓလေ့များ ရှိခဲ့သည်။

သို့ရာတွင်မဒီနာ၌ တမန်တော်မုဟမ္မဒ်သည် မျိုးနွယ်ပေါင်းစုံ၏ ခေါင်းဆောင်ဖြစ်သည်။ ထိုမျိုးနွယ်စုများမှာ မက္ကာဟ် မြို့သားအရဗ်များကဲ့သို့ သွေးသားတော်စပ်သူအချင်းချင်း ဖွဲ့စည်းထား သော မျိုးနွယ်စုများ မဟုတ်ပေ။ ဘာသာအယူဝါဒ မတူသော်ငြားလည်း လူ့အလွှာစုံပါဝင်သော လူ့အဖွဲ့အစည်းကြီး တစ်ခုဖြစ် သည်။ကုရ်အာန် တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အစ္စလာမ် သာသနာသို့ ၀င်ရောက်လာရန်အတင်း အကြပ်တိုက်တွန်းခြင်း မပြုရဟု လက်ဦးမဆွကပင် တားမြစ်ထားပြီးဖြစ်သည်။ (၂း၂၅၆)

တမန်တော်ဖွဲ့စည်းထားသည့် လူ့အဖွဲ့အစည်းကြီးသည် မဒီနာမြိုတွင်ရှိကြသောမွတ်စလင်(မ်)များနှင့်မွတ် စလင်(မ်) မဟုတ်သော အရဗ်များ၊ ဂျုးများနှင့်ခရစ်ယာန်တို့ ဖြစ်ကြသည်။ ထိုလူ့အ ဖွဲ့အစည်းကြီးအတွင်း အချင်းချင်းစစ် မက် ပြိုင်ဆိုင်တိုက်ခိုက်မှု မပြုရေး၊ တစ်ဖွဲ့ကိုတစ်ဖွဲ့က အရေးကြုံလာလျှင်ဝိုင်းဝန်းကူညီရေး ဟူသော ကတိက၀တ် များ ဖြင့် ချည်နှောင်ထားသည့် ခိုင် မာသောအဖွဲ့အစည်းကြီး တစ်ခုအဖြစ်ရပ်တည် နိုင်ခဲ့သည်။ ဘာသာအယူဝါဒမတူသူများနှင့် မွတ်စလင်(မ်)များစပ်ကြား ဤနည်းအားဖြင့် အေဒီ ၆၃၂ တမန်တော်မုဟမ္မဒ် မ ကွယ်လွန်မီ အလျင် အာရေးဗီးယားကျွန်းဆွယ်တစ်ခုလုံးကို ငြိမ်းချမ်းသာယာဝ ပြောသောနယ်မြေကြီးအဖြစ် တည်ဆောက်ပေးနိုင်ခဲ့လေသည်။ အစ္စလာမ့်သမိုင်းတွင်မဒီနာသည် အ လွန်ကျစ်လစ်ခိုင် မာ တောင့်တင်းသော လူ့အသိုက်အမြုံကြီးကို တည်ဆောက်နိုင်ခဲ့သည့်သမိုင်းဝင်အ ထိမ်း အမှတ် မြို့ကြီးတစ်မြို့ဖြစ်သည်။

တမန်တော်မရှိတော့သည့် နောက်ပိုင်းတွင်လည်း မွတ်စလင်မ်များက ထိုစနစ်ကိုဆက်လက် အကောင်အ ထည် ဖေါ်ဆောင်နှိုင်သည်။ အစ္စလာမ်သာသနာသို့ ကူးပြောင်းပူးပေါင်းလာသူ များ ပြားလာခဲ့သည်။

အစ္စလာမ်သာသနာသည်(မဇ္ဈိမပဋိပဒါ)အလယ်အလတ်လမ်းစဉ်

အစ္စလာမ်သာသနာ၏ ထူးခြားချက်မှာ လောကီရေးနှင့် လောကုတ္တရာရေးဟူ၍ ခွဲခြားထားခြင်းမရှိပေ။ လောကီနှင့် လောကုတ္တရာဟူသည် ဒင်္ဂါးပြားတစ်စေ့၏ ခေါင်းနှင့်ပန်းကဲ့သို့ ‘ဒွန်တွဲ နေပေသည်။ တမန် တော်မုဟမ္မဒ် ကိုယ်တိုင် လူသားထုတစ်ရပ်လုံးအတွက် စံပြခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ မွတ်စလင်(မ်) များအတွက် ဘာသာရေး၊ နိုင်ငံ ရေး၊ လူမှုရေးနှင့် အိမ်ထောင် သားမွေး ကိစ္စရပ်အားလုံးအသည် နိမ့်ကျ သောအရာများမဟုတ်ဟု လောက နိယာ မကို စံပြထူထောင်ပြခဲ့ပေသည်။ ထိုအချက်ကို ကုရ်အာန် ၂း၁၄၃တွင်-

(ထို့ပြင်ဤနည်းနှင်နှင် ငါအသျှင်မြတ်သည်အသင်တို့ကို (မဇ္ဈိမပဋိပဒါ) အလယ်အလတ်လမ်းစဉ်သာသနာ ၀င်များ အဖြစ် ပြုတော်မူခဲ့လေပြီ၊ (ယင်းကဲ့သို့ပြုတော်မူခြင်းမှာ) အသင်တို့သည် လူခပ်သိမ်းတို့အဘို့ အ သိသက်သေများ ဖြစ်စေ အံ့သောငှာလည်းကောင်း၊ ထို့ပြင်ရစူလ်တမန်တော် (မုဟမ္မဒ်)သည်လည်းအသင် တို့အဘို့ အသိသက်သေ ဖြစ်စိမ့်သောငှာလည်းကောင်း၊ ဖြစ်လေသည်။)

ထိုအချိန်ထိုအခါက လောကီရေးတခုတည်းစွန်း ဘာသာရေးဝါဒီများနှင့် လောကုတ္တရာတစ်ခုတည်းစွန်း ဘာသာ ရေးဝါဒီများကသာ လွှမ်းမိုးခဲ့သောကာလဖြစ်သည်။ ထိုသို့သောအချိန်တွင် လူသားတစ်ရပ်လုံးအ ဖို့ လောကီရေး နှင့်လောကုတ္တရာ နှစ်ခုစလုံးအတွက် များစွာအကျိုးဖြစ်ထွန်းသော အစ္စလာမ်သာသနာ သည် ကမ္ဘာ့လူသားတစ် ရပ်လုံး၏ စွဲမက်နှစ်သက်ဖွယ်ရာ ဖြစ်ခဲ့ သည်။ ထိုသို့သောအကြောင်းများကြောင့် မည်သူတစ်ဦးတစ်ယောက်၏ အတင်းအကြပ်တိုင်းတွန်းမှုမျှမပါဘဲလျှက် အစ္စလာမ်သာသနာသို့ ၀င် ရောက်သူများလာခြင်းဖြစ်သည်။

အစ္စလာမ်နှင့်အမျိုးသမီးများအခွင့်အရေး

အစ္စလာမ်မတိုင်မီ အရဗ်ကမ္ဘာတွင်အမျိုးသမီးများမှာ ငွေဝယ်ကျွန်များနှင့်မခြား အခွင့်အရေးများ ဆုံးရှုံး ခဲ့ကြ ရသည်။ အစ္စလာမ်သာသနာက အမျိုးသမီးများ၏ အခွင့်အရေးများကို အမျိုး သားများနည်းတူ ပြ ဋ္ဌာန်းထားပေ သည်။ အမွေဆက်ခံပိုင်ခွင့်၊ ပညာသင်ပိုင်ခွင့်၊ လူမှုရေး၊ ဘာသာရေးဆောင်ရွက်ခွင့်၊ အိမ် ထောင်ပြု အိမ်ထောင်ကွာ ကိစ္စများ၌ အမျိုးသားနှင့်တန်းတူ အ ခွင့်အရေးရှိခွင့်စသည်ဖြင့် လူသားတည်း ဟူသည့် အမျိုးသမီး များ၏ဘ၀ကို ပီပီပြင်ပြင် လမ်းဖွင့်ပေးနိုင်ခဲ့သည်။ နောက်ဆုံးအနေဖြင့် အမျိုးသမီး သည် တုနှိုင်းမဲ့ကိုးကွယ် ရာအရှင့်ထံမှ အ လွန်မြင့်မြတ်သည့် နဗီ၊ရစူလ်များရရှိသည့် ဗျာဒိတ်ဥာဏ်စဉ် ကိန်းဝပ်ခံရသော ဥာဏ်စဉ် အ ဆင့်များကို တမန် တော်မူဆာနှင့် တမန်တော်အီဆာတို့၏ မိခင်များကိုချီး မြှင့်ခဲ့သည့် အထောက် အထားများ ကုရ်အာန်တွင် တည်ရှိ နေခဲ့သည်။

အစ္စလာမ်သာသနာ မတိုင်မီအလျှင် အမျိုးသမီးများ၏ဘ၀သည်--

မိမိတို့၏ဘာသာ သာသနာဆိုင်ရာ ၀တ်ကျောင်းများသို့ အမျိုးသားများနည်းတူ တက်ရောက်ဝတ်ပြုခွင့်မ ရှိကြပေ။ အမျိုးသမီးဟူသည် မွေးရာပါနိမ့် ကျမှုအဆင့်တွင် တည်ရှိနေသူများဟု ခံ ယူသောခေတ်ကာလ ဖြစ်သည်။ အမျိုး သမီးများသည် ဘုရားကျောင်းကန် တက်ရောက်သော မိမိတို့၏ခင်ပွန်းသည်များ၏ တာဝန်ကိုသာကျေပြွန်ရ မည်။ ဘုရားကျောင်းကန်များသို့ တက် ရောက်ပိုင်ခွင့်မရှိကြပေ။ ထိုအချိန်ထိုကာ လတွင် ကျမ်းမြတ်ကုရ်အာန်က အမျိုး သမီးများကိုအမျိုးသားများနည်းတူ ဘာသာ သာသနာဆိုင်ရာ ကိုးကွယ်မှုပိုင်းတွင် တန်းတူအခွင့်ရေးပေး ထားလေ သည်။

ကျမ်းမြတ်ကုရ်အာန်တွင် လိင်ခွဲခြားမှုမရှိဘဲ ပြဌာန်းထားသောဥပဒေများတွင် (ယာအိုက်ယိုဟလ်လဇီးန အားမနု) ဟူသည် (အိုသက်ဝင်ယုံကြည်သူအပေါင်းတို့)ဟုအဓိပ္ပါရပေသည်။ ထိုဝေါ ဟာရဖြင့် ပြဌာန်းချက် အားလုံးသည် ကျားမဟူ၍လိင်ခွဲခြားမှုမရှိဘဲ အမျိုးသားရောအမျိုးသမီးကိုပါ တွဲသုံးသည်။ ဥပမာအား ဖြင့်--

ကျမ်းမြတ်ကုရ်အာန်၂း၁၈၃တွင် (အိုသက်ဝင်ယုံကြည်သူအပေါင်းတို့) ဟူ၍ကျားမခွဲခြားမှုမရှိဘဲ (ဆွီယမ်) ဥပုဒ် တည်ဆောက်ရန် အမျိုးသားရောအမျိုးသမီးများကိုပါ အမိန့်ပေးပြဌာန်းထား သည်။

ကျမ်းမြတ်ကုရ်အာန်၅း၆တွင်(အိုသက်ဝင်ယုံကြည်သူအပေါင်းတို့) ဟူ၍ကျားမခွဲခြားမှုမရှိဘဲ(၀ိုဇူ)ရေသန့် စင်ရန် အမျိုးသားရောအမျိုးသမီးများကိုပါ အမိန့်ပေးပြဌာန်းထားသည်။

ကျမ်းမြတ်ကုရ်အာန်၎း၄၃တွင်(အိုသက်ဝင်ယုံကြည်သူအပေါင်းတို့)ဟူ၍ကျားမခွဲခြားမှုမရှိဘဲ(ဆွလာသ်) တည် ဆောက်ရာတွင်မိမိတို့၏နှုတ်မှထွက်ဆိုသောစကားကို သိရှိနားလည်သဘော ပေါက်၍ဆွလာသ် တည်ဆောက်ရန် အမျိုးသားရောအမျိုးသမီးများကိုပါ အမိန့်ပေးပြဌာန်းထားသည်။

ကျမ်းမြတ်ကုရ်အာန်၆၂း၉တွင် (အိုသက်ဝင်ယုံကြည်သူအပေါင်းတို့) ဟူ၍ကျားမခွဲခြားမှုမရှိဘဲ (ဂျွမ္မအ် ဆွလာသ်) တည်ဆောက်ရန် ဗလီဝတ်ကျောင်းများသို့ အမျိုးသားရော အမျိုးသမီးများ ပါ အပြေးအလွှား တက်ရောက်ရန် အ မိန့်ပေးပြဌာန်းထားသည်။

ထိုသို့သောကြောင့် လူသားတစ်ရပ်လုံးကို လိင်ခွဲခြားမှုမရှိဘဲ အဖက်ဖက်တွင်လူ့အခွင့်အရေး အပြည့် အ၀ပေးထား သောအစ္စလာမ်သာသနာသို့ မည်သူတစ်ဦးတစ် ယောက်၏ အဓမ္မတိုက် တွန်းချက်မပါဘဲ မိမိတို့၏ဆန္ဒအလျှောက် ၀င်ရောက်လာခြင်းသာဖြစ်သည်။

သမိုင်းကသက်သေခံနေခြင်း

ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပျက်ခဲ့သော အကြာင်းအရာဟူသ၍တို့သည် သမိုင်းကသက်သေခံလျှက်ရှိနေပေ သည်။ ဥပ မာပြရမည်ဆိုပါက ပဌမကမ္ဘာစစ်၊ဒုတိယကမ္ဘာစစ်၊ ဖြစ်ခဲ့သည့်အကြောင်း ကို ကျောင်းများ၊ ကောလိပ်များနှင့် တက္က သိုလ်များတွင် အစဉ်တစ်စိုက်ပြဌာန်း သင်ကြားပေးလျှက်ရှိနေသည့်အတွက် ထိုအဖြစ်အပျက်များကို လူတိုင်းသိရှိ နေပေသည်။ လူတိုင်းသည် ထို အဖြစ်အပျက်များနှင့် ကြုံကြိုက်မှု မရှိခဲ့သော်ငြားလည်းသမိုင်း တွင်အထင်အရှားရှိ နေပြီးသော အကြောင်းအရာတစ်ခုဖြစ်နေသည့်အတွက် ထိုဖြစ်ရပ်သည် မှန်ကန်မှုမရှိပါဟု မည်သူကမျှ ငြင်းပယ်၍ မရနှိုင်သော အမှန် တရားများဖြစ် သည်။

ထိုကဲ့သို့ပင် ဟစ်တလာသည် ဂျူးလူမျိုးများကို သန်းချီ၍သတ်ခဲ့ကြောင်း သမိုင်းကသက်သေခံလျှက် ရှိ နေပေ သည်။ သို့ရာတွင်သမိုင်းဟူသည် မိမိတို့၏မျက်ကွယ်တွင် ဖြစ်ပျက်ခဲ့သော အ ကြောင်းအရာဖြစ် သောကြောင့် ရေးသားဖေါ်ပြချက်များတွင် ကွဲလွဲမှုအနည်းနှင့် အများတော့ရှိနေပေသည်။ သို့ရာတွင်ထို ဖြစ်ရပ်သည် လုံးဝ မဟုတ်ပါဟူ၍ ငြင်းကွယ်၍မရနှိုင်ပေ။

တမန်တော်အပါအ၀င် မွတ်စလင်မ်များသည် မွတ်စလင်မ်မဟုတ်သူများကို အတင်းအဓမ္မ အစ္စလာမ်သာ သနာသို့ သွတ်သွင်းခဲ့ပါကလည်း နေရာဒေသနှင့်အတင်းအဓမ္မ သွတ်သွင်းခံရသော လူမျိုးများသည် သ မိုင်းတွင်ထင်ကျန် လျှက် ရှိနေမည်သာဖြစ်သည်။ ထိုအဖြစ်အပျက်များကို မည် သည့်လူသားတစ်ဦးတစ် ယောက်ကမျှ ဖျောက်ဖျက် ထိန်ချန်၍ ရနှိုင်မည်မဟုတ်ပေ။

အစ္စလာမ်သာသနာကို မလိုမုန်းတည်းသူများသည် တမန်တော်ခေတ်မှစတင်၍ ယနေ့တိုင်ဆက်လက်၍ ပုတ်ခတ် စော်ကားမှုများသည် ဆက်တိုက်ရှိနေခဲ့သည်။ ရပ်တန့်သွားမည်မဟုတ်ဘဲ ဆက်လက်ရှိနေဦး မည်သာဖြစ်သည်။ ဤသည်ကို ကျမ်းမြတ်ကုရ်အာန်(၆၁း၈)တွင်အဖြေပေးထားသည်မှာ- -

(၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ရောင်ခြည်(အစ္စလာမ်သာသနာ)ကို မိမိတို့၏ပါးစပ်ဖြင့် ငြိမ်းသတ်လို ကြကုန် ၏။ သို့ရာတွင်ကာဖိရ် သွေဖည်ငြင်းပယ်သောသူများ မနှစ်မြို့ကြငြားသော် ငြားလည်းအလ္လာဟ် အရှင်မြတ်မှာမူ ကား မိမိရောင်ခြည်(အစ္စလာမ်သာသနာ)ကို ပြည့်ဝစုံလင်အောင် ပြုတော်မူမည့်အရှင် မြတ်ပင် ဖြစ်တော်မူ၏။)

အင်ရှာအလ္လာဟ်ဆက်လက်တင်ပြပါဦးမည်

ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

Armstrong,Karen, Mohammed; A Biography of the Prophet (London 1991)

Gabrieli Francesco, Mohammed and the Conquests of Islam.(trans. Virginia Luling and Rosamund Linell (London 168)

Hourani, Albert, A History of the Arab people. (London 1991)

Afshar, Haleh, Islam and Feminisms; An Iranian Case Study.(London 1996)

Ahmed, Leila; Women and Gender in Islam; Historical Roots of Modern Debate.(London 1992)

www.quraninburmese.com မှကူးယူဖေါ်ပြသည်။

http://www.quraninburmese.com/blog/2011/10/islam-by-sword/

လူ့ကိုယ်ရည်ကိုယ်သွေး(၁၀)

ဗျာဒိတ်ကျမ်းအလွန် လူရေးကျမ်းမူဝါဒများ။

တမန်တော် မုဟမ္မဒ်ထံသို့ တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်ထံမှ လူသားတစ်ရပ်လုံးအတွက် ကျမ်းမြတ်ကုရ်အာန်ကို ချ ပေးခဲ့ရသည့် အကြောင်းရင်းကိုသိရန်မှာ မွတ်စလင်(မ်)များ အ တွက် အဓိ က အရေးကြီးသော အချက်ဖြစ်သည်။ ကုရ်အာန်မတိုင်မီ ရှိခဲ့ကြသောရှေး ကျမ်းဂန်ရများသည် မိမိတို့ထံသို့ လမ်းညွှန်ချက်ကျမ်းများကို ယူလာကြသော လူသားတ မန်တော်များအား မည် သို့မည်ပုံ စောဒကများတက်ခြင်း၊ မေးခွန်းများမေးခြင်းများကို မြောက် မြားစွာ ကုရ်အာန်တွင် ပြန်လည်၍အသေးစိတ် ဖော်ပြထားသည်ကို တွေ့ရပေ သည်။

ဖော်ပြပါ ရှေးလူသားများထံ ချပေးခဲ့သော ဗျာဒိတ်ကျမ်းဂန်များမှာလည်း လူသားတစ် ရပ်လုံးအတွက် လိုက်နာကျင့် သုံးရာ၌ အလွယ်ကူဆုံးနည်းလမ်းများကို ပေးထားသော လမ်းညွှန်မှု ကျမ်းများဖြစ်သည်။ ယခင်မူလ ဗျာဒိတ်ကျမ်း များနှင့် ယနေ့ရှိနေသော ကျမ်း မြတ်ကုရ်အာန်မှာလည်း အခြေခံအားဖြင့် တူညီသောဥပဒေများဖြစ်သည်။

သို့ရာတွင် ရှေးကျမ်းရများသည် လွယ်ကူရှင်းလင်းသော ဗျာဒိတ်ကျမ်းပါ ဥပဒေများကိုပင် လိုက်နာကျင့်သုံးလိုစိတ် မရှိသောကြောင့် များစွာသောစောဒက မေးခွန်းများအားဖြင့် ခက် ခဲ့သော ဥပဒေများအဖြစ်သို့ ရောက်ရှိရန် ဖန်တီးခဲ့ သူများဖြစ်ကြောင်း ကျမ်းမြတ်ကုရ်အာန် တွင် မှတ်တမ်းတင်ထားသည်။

ထိုအကြောင်းနှင့် စပ်လျှင်း၍ ကျမ်းမြတ်ကုရ်အာန်ပါ ”နွားမတစ်ကောင်ကဏ္ဍ”ကို လေ့ လာခြင်းဖြင့် သိရှိနှိုင်သည်။

ထိုကဏ္ဍတွင် တမန်တော်မူဆာက ၄င်း၏ အမျိုးသားများအတွက် လမ်းညွှန်ကျမ်းကို တု နှိုင်းမဲ့ကိုးကွယ်ရာအရှင် ထံ မှ လက်ခံယူရန်အတွက် ရက်ပေါင်း(၄ဝ)တိတိ မိမိ၏အမျိုးသား များနှင့် ခွဲခွါ၍ သတင်းသုံးခဲ့သည်။ တမန်တော်မူဆာ ပြန်လည်ရောက်ရှိလာသောအခါ သူ၏အမျိုးသားများသည် နွားကိုးကွယ်သော လူမျိုးများနှင့် အ တူ နွားကိုးကွယ်သော အ ယူဝါဒအတွင်းသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ နောက်ပိုင်း တမန်တော်မူဆာ၏ ပြန်လည်ဆုံးမ မှုဖြင့် ၄င်း၏အမျိုးသားများက တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်ထံ အမှားဝန်ခံခဲ့ကြသည်။ ထို အခါ တုနှိုင်းမဲ့ကိုးကွယ် ရာ အရှင်က၄င်းတို့အား နွားမတစ်ကောင်ကို လှီးဖြတ်ရန် အမိန့်ပေး ခဲ့သည်။

အကယ်၍ တမန်တော်မူဆာ၏ အမျိုးသားများသည် ဖန်ဆင်းရှင်၏ အမိန့်ပညတ်ချက်ကို မဆိုင်းမတွဘဲ နွားမတစ် ကောင်ကိုသာလှီး ဖြတ်လိုက်မည်ဆိုပါက ၄င်းတို့အဖို့မည်သည့် ခက်ခဲမှုမျှ မရှိဘဲ ဖန်ဆင်းရှင်၏အမိန့်ကို ကျေပွန် သူများ ဖြစ်ပေမည်။ ထိုသို့ မဟုတ်ဘဲ ၄င်း တို့သည် နွားမ၏အရွယ်အစား၊ နွားမ၏ အရောင်အဆင်း၊ လယ်ထွန် ခြင်း၊ ရေငင်ခြင်း ပြု ပြီးသော နွားမ သို့မ ဟုတ် လည်ကုပ်တွင် တံပိုးတင်ခြင်း မရှိသေးသော နွားမဟူသော မေး ခွန်းများကြောင့် ၄င်းတို့၏ အပေါ်သို့ လွယ်လင့်တကူ နွားမတစ်ကောင်ကိုလှီး ဖြတ်ရန်အ မိန့်မှ အစွန်းအပြောက် ကင်း သော၊ မကြီးလွန်းမငယ်လွန်းသော၊ တောက်ပ သော၊ အဝါရောင် အဆင်းရှိသော၊ လယ်ထွန်ယက်ခြင်းနှင့် ရေငင်ရာတွင် အသုံးမပြုရ သေးသော ခြောက်ပြစ်ကင်း သဲလဲစင်နွားမတစ်ကောင် အဖြစ် ဖန်ဆင်းရှင်က၄င်း တို့အဖို့ သတ်မှတ်ပြဌာန်းခဲ့သည်။

ထိုကဲ့သို့ဖန်ဆင်းရှင်၏ လွယ်ကူသောအမိန့်ပညတ်ချက်များကို ခက်ခဲသောပညတ်ချက် များအဖြစ်သို့ ရောက်ရှိရန် ပြုမူကြသော ရှေးကျမ်းဂန်ရများနည်းတူမဖြစ်ရလေအောင်လူ သား တစ် ရပ်လုံးဆင်ခြင်နိုင်ရန်အတွက် ကျမ်းမြတ် ကုရ်အာန်၏ မျက်နှာစာတွင် ”နွားမ တစ်ကောင်ကဏ္ဍ”ကို ဖော်ပြထားခြင်း ဖြစ်သည်။



ရှေးကျမ်းရခေါင်းဆောင်များနှင့် တပည့်နောက်လိုက်များ။

ကျမ်းမြတ်ကုရ်အာန်တွင်ဆောင်ရန်နှင့်ရှောင်ရန်ကိစ္စရပ်များကို လမ်းညွှန်ရာ၌ရှေးလူသား များ၊ အထူးသဖြင့်ရှေး ကျမ်းရများ၏ အားနည်းချက် အားသာချက်များကို ပြန်လည်ဖေါ် ပြ၍ လမ်း ညွှန်ထားပေသည်။ ထိုကဲ့သို့ ဖေါ်ပြ ချက်များအနက်မှ ဗျာဒိတ်ကျမ်းဂန်ကို ပြုပြင်ပြောင်းလဲထိန်ချန်၍ ဗျာဒိတ် ကျမ်းဂန်ကို နောက်ကျောတွင်ထားပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို ရှေ့တမ်း တင်သော ရှေး ကျမ်းရဆရာတော် ပုပ်ရဟန်းကြီးများအကြောင်းကို ကျမ်းမြတ်ကုရ်အာန် (၂း၁၀၉၊၁၇၄၊၂၂၁။ ၃း၁၈၇။ ၅း၄၄၊၄၇၊၆၁။) တို့တွင်ဖေါ် ပြထားပေသည်။

ထို ခေါင်းဆောင်တို့သည် ဗျာဒိတ်ကျမ်းဂန်နှင့် ဆန့်ကျင်သော မိမိတို့၏လက်များဖြင့် ရေး သားထားသည့် လူ့အ တွေးအခေါ် လူရေးကျမ်းမူဝါဒများအားဖြင့် လူရေးကျမ်းတတ် တ ပည့်သား မြေး ပညာရှင်များကို မည်ကဲ့သို့ မွေး ထုတ်ခဲ့ကြောင်းကို အောက်ဖေါ်ပြပါ ဗျာဒိတ် ကို ဆင်ခြင်ခြင်းဖြင့် သိရှိနှိုင်ပေသည်။ ကျမ်းမြတ်ကုရ်အာန်၂း၇၉တွင်- -

(ထိုသူတို့အဖို့ ပျက်စ်ီးခြင်းသည်ရှိနေပေပြီ၊ ၄င်းတို့သည် မိမိတို့၏လက်များဖြင့်စာအုပ်များ ကို ရေးသားကြ၏။ ထို့ နောက် ဈေးပေါပေါဖြင့် ကိုယ်ကျိုးရှာရန် အလှို့ငှာ ဤသည် အလ္လာဟ့်ထံမှ ဖြစ်သည်ဟု ပြောဆိုကြသေးသည်။ ၄င်းတို့သည်လည်းကောင်း၎င်းတို့ ၏ လက်များဖြင့် ရေးသားထားသော အယူဝါဒများသည်လည်းကောင်း ၄င်းတို့ ၏စု ဆောင်း ထားသောအရာများသည် လည်းကောင်း ပျက်စီးကြရမည်သာ ဖြစ်သည်။)

ထိုဗျာဒိတ်သည် ရှေးကျမ်းဂန်များဖြစ်သော ဓမ္မဟောင်းသည်လည်းကောင်း ဓမ္မသစ်သည် လည်းကောင်း ရှေးအ ထက်ကျော်ကာလက ရှိနှင့်ခဲ့ပြီးသော လူမျိုးများ၏ ဗျာဒိတ်မူရင်း ကျမ်းများ သည်လည်းကောင်း လူတို့၏လက်ရာ များစွာ စွက်ဖက်ထားသော လူရေးကျမ်း များအဖြစ်သို့ လုံးဝဥဿုံရောက်ရှိခဲ့ရကြောင်းကို ဖေါ်ပြထားခြင်းတစ် ရပ် ဖြစ်သည်။ထိုဖြစ် ရပ်များကို ဆင်ခြင် လျှက် လူသားတစ်ရပ်လုံးအဖို့ ထိုကဲ့သို့အမှားမျိုးမှ ကင်းဝေးနှိုင်ရန် မီးမောင်း ထိုးပြထားသော လမ်းညွှန်ချက်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဗျာဒိတ်ကျမ်းဂန် မူရင်းတိုင်းသည် တစ်ပါးတည်းသော ဖန်ဆင်း ရှင်ကိုသာ ကိုးကွယ်ရမည် ဟူသော မူဝါဒလမ်းစဉ်ကိုသာ ပြဌာန်းခဲ့ခြင်းဖြစ်သည်။ သို့ရာ တွင် ရှေး ကျမ်းရများအနက် ဂျူးများသည် လူသား တမန်တော် (အိုဇိုက်)အား ဖန်ဆင်းရှင် ၏သားအဖြစ် လည်းကောင်း၊ ခရစ်ယာန်များက (ယေရှု)အား ဖန်ဆင်းရှင်၏ သားအဖြစ် လည်းကောင်း၊ထို နည်းတူစွာ အခြားအခြားသော ရှေးကျမ်းရများသည်လည်း မိမိတို့၏တ မန်တော်များ ကို ကိုးကွယ်လျှက်ရှိကြပြီး မိမိတို့၏မူရင်းဗျာဒိတ်အယူဝါဒများနှင့်ဆန့်ကျင် ၍ လက်ခံယုံကြည် ခဲ့ကြ ကြောင်း ကုရ် အာန် ၉း၃ဝတွင် ဖေါ်ပြ ထားသည်။

ထိုကဲ့သို့ မှန်ကန်သော ဗျာဒိတ်ကျမ်းများ၏ အယူဝါဒမှ မှားယွင်းသောလူသားအတွေးအ ခေါ် လူရေးကျမ်းများ၏ အယူဝါဒများသို့ တစ်ဖြစ်လည်း ရောက်ရှိသွားရသော အကြောင်း ရင်းမှာ ရှေးကျမ်းရ ဆရာတော် ပုပ်ရဟန်းမင်းကြီး များ၏ လက်ချက်ပင်ဖြစ်တော့သည်။

ထိုပုပ်ရဟန်းမင်းကြီးများသည် ၄င်းတို့၏ မှားယွင်းသော လူရေးကျမ်းမူဝါဒများကို လူ သားတစ်ရပ်လုံးအတွင်း ထာဝ ရရှင်သန်နှိုင်ရေးအတွက် ဗျာဒိတ်ကျမ်းဂန်မတတ်သော လူ ရေးကျမ်း တတ်ပညာရှင်များကို မည်ကဲ့သို့မွေးထုတ်ခဲ့ပုံ ကို ကျမ်းမြတ်ကုရ်အာန် ၂း၇၈တွင် -ဖေါ်ပြထားသည်။

(၄င်းတို့သည် ဗျာဒိတ်ကျမ်းဂန်ကို မတတ်သော ပညာမဲ့လူ့ဘာလများသာ ဖြစ်ကြသည်။ ၄င်းတို့တတ်သိနားလည် ကြသည်မှာ သူပြောငါပြော ကောလဟလများသာ ဖြစ်၏။ ထို့ အတွက် ကြောင့်၎င်းတို့ပြုလုပ်လိုပါက ဘယ်အဆို ကပြုလုပ်ခွင့်ရှိသည် ဟူ၍လည်းကောင်း ၄င်းတို့မပြုလုပ်လိုပါက ဘယ်အဆိုက ပြုလုပ်ခွင့်မရှိ ဟူ၍လည်းကောင်း မှန်ဆရမ်းဆ၍ ပြုလုပ်သူများ သာ ဖြစ်ကြသည်။) ဟု ဖေါ်ပြထားသည်။

ထိုဗျာဒိတ်သည် ဗျာဒိတ်ကျမ်းဂန်ကို မတတ်ဘဲမိမိတို့၏ ကျောင်းတော်ဝါဒများ မိမိတို့၏ ဂိုဏ်းဂန၀ါဒများ သူပြော ငါပြောကောလဟဠများကိုသာ တတ်သိနားလည်သော လူရေး ကျမ်းတတ် ပညာရှင်အမည်ခံသာသနာပိုင် ဆရာ သခင်ပုပ်ရဟန်းများကို ဆရာမတင်မိစေ ရန် သတိပေးလမ်းညွှန်ချက်ဖြစ်သည်။ ထိုဖေါ်ပြပါ ကုရ်အာန်၏ လမ်းညွှန် ချက်ကိုမှတ် ကျောက်စံထား၍ မိမိတို့ ၏ သာသနာအတွင်းမှ ဗျာဒိတ်ကျမ်း မတတ်သော ခေါင်းဆောင် များကို ဖယ် ရှားပစ်ရန် တာဝန်တစ်ရပ်လည်း ဖြစ်ကြောင်းကို သတိပေးနှိုးဆော်ချက် တစ် ရပ်လည်းဖြစ်သည်။

ဘာသာ သာသနာတိုင်း၌ မိမိတို့၏ ဗျာဒိတ်ကျမ်းဂန်များသည်သာလျှင် Supreme Law အခြေခံ ဥပဒေဖြစ်သည်။ မိမိတို့၏ ဘာသာသာသနာကို ဦးဆောင်သောခေါင်းဆောင် တိုင်းသည်၊ မိမိတို့၏ ဘာသာသာသနာ၏ ဗျာဒိတ်ကျမ်း ဂန်ကို တတ်သိနားလည်ရမည်မှာ တာဝန်တစ်ရပ်ဖြစ်သည်။ အကယ်၍ ဘာသာသာသနာကို ဦးဆောင်သော ခေါင်း ဆောင် များသည် ဘာ သာသာသနာ၏ အနှစ်သာရဖြစ်သော ဗျာဒိတ်ကျမ်းဂန်ကို မတတ်ဘဲ အခြားမူဝါဒ လမ်းစဉ် များ၊ အခြားလူရေးကျမ်းများ၊ လူရေးဝါဒများကိုမည်မျှပင် တစ်ဖက် ကမ်းခတ် တတ်မြောက်ထား စေကာမူ ပညာမဲ့ လူ့ဘာလများသာ ဖြစ်သည်။ ထိုပညာမဲ့ ခေါင်းဆောင်များကို ဆရာတင်မိပါက နှစ်ဘ၀စလုံး ဆုံးရှုံးကြရမည် ဖြစ် ကြောင်း ထိုဗျာဒိတ်က သတိပေးနှိုးဆော်ချက် ဖြစ်သည်။

ထို့အတွက်ကြောင့်ကျမ်းမြတ်ကုရ်အာန်သည် စကြ၀ဠာဆိုင်ရာခပ်သိမ်းကုန်သောလူသား တစ်ရပ်လုံးအတွက် နောက်ဆုံးကျမ်း ဖြစ်သည်နှင့်အညီ ထိုကျမ်းပါဗျာဒိတ်များကို ၏၊ သည်၊မလွဲ တည်မြဲနေရန်အတွက် ဖန်ဆင်းရှင် ကိုယ်တိုင် ထိမ်းသိမ်းထားမည်ဖြစ်သည် (၁၅း၁၀။၅၆း၇၈၊၈၁)။ ထိုကျမ်းသည်အရာခပ်သိမ်းတို့၏ ရှင်းလင်းချက် ဖြစ်သည်(၁၆း၈၉) နှင့်အညီ (ပေါ်ပေါက် ပြီးဖြစ်သော၊ ပေါ်ပေါက်လျှက်ရှိနေသော၊ ပေါ်ပေါက်နေဦးမည် ဖြစ်သော) ဘာသာရေးအယူဝါဒအားလုံးကို ထိုကျမ်း၏ အခြေခံမူဝါဒ မှတ်ကျောက်ဖြင့် စံထား၍ စမ်းစစ်ရမည်မှာ မွတ်စလင်မ် တိုင်းအဖို့ တာဝန်တစ်ရပ် ဖြစ်သည်(၅း၄၈။၂၅း၁)။ ကျမ်းမြတ်ကုရ်အာန်၏ အမည်သည်ပင် လျှင် (ဖုရ်ကာန်)ခေါ် အမှားနှင့်အမှန်ကို စမ်းစစ် ရန် မှတ်ကျောက်ဖြစ်သည်။

အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

www.quraninburmese.com မှပြန်လည်ဖေါ်ပြသည်

http://www.quraninburmese.com/blog/2011/01/beyond-quran