Saturday 12 November 2011

အစ္စလာမ်သာသနာသည် ဓါးမိုး၍ဖြန့်ချီခဲ့သလော(၃)

အစ္စလာမ်သာသနာသည် ဓါးမိုး၍ဖြန့်ချီခဲ့သလော(၃)

အွတ်စမာန်းအိဗ်နုအဖ်ဖားန် (အေဒီ ၆၄၄)

မွတ်စလင်မ်အများစု၏ ဆန္ဒအားဖြင့် အွတ်စမာန်းအိဗ်နုအဖ်ဖားန်သမ္မတဖြစ်လာသည်။ သူ၏အုပ်ချုပ်မှု သက်တမ်း ပထမခြောက်နှစ်အတွင်း မွတ်စလင်မ်အသိုက်အမြုံကြီးမှာဘိုင် ဇင်တိုင်း အင်ပါယာမှ ဆိုက်ပရပ်စ်၊ မြေထဲပင်လယ် အရှေ့ပိုင်း၊ မြောက်အာဖရိက ထရီပိုလီ (ယခုအခေါ်လစ်ဗျား)နှင့် အာမေးနီးယားမှ ကော့ကေးဆပ်၊ အီရန်နိုင်ငံ အော့စပ်မြစ် တစ် လျှောက်၊ အာဖ ဂန်နိုင်ငံ၊ အီရတ်နှင့် အိန်္ဒိယတိုက်ငယ် ဆင်းဒ်ပြည်နယ်အထိ အစ္စလာမ် သာ သနာကို လက်ခံလာသူများပြား ကျယ်ပြန့်ဖွံ့ဖြိုးလာခဲ့သည်။

မိုအာဝေယာ (အေဒီ ၆၆၁ - ၆၈၀)ခေတ်အစ္စလာမ်သာသနာ

သူ၏အုပ်ချုပ်မှုပုံစံသည် သမ္မတအွမ္မရ်၏အုပ်ချုပ်မှု ပုံစံကဲ့သို့ဖြစ်၍ အွမ္မရ်၏လမ်းစဉ်အတိုင်း ပုံဖေါ်ဆောင် ရွက်ခဲ့ သည်။ သူ၏ထူးခြားချက်မှာ ရှိပြီးသားနယ်မြေများနှင့် ပြည်သူများကို သာ နိုင် နိုင်နင်းနင်းအုပ်ချုပ် နိုင်ရန် ဦးစား ပေးခဲ့၍၊ ခိုလှုံပူးပေါင်းလာမည့် နယ်မြေအသစ် များ၊ အစ္စလာမ်သာသနာသို့ အသစ်ဝင် ရောက်လာရန် ဆောင် ရွက်မှုများကို ဦးစားမပေးခဲ့ ချေ။ (မိုအာဝေ ယာအပါအ၀င်သူ၏သားမြေးများ အုပ်ချုပ်သောခေတ်ကို အိုမိုက်ယာ) အုပ်ချုပ် ရေးခေတ်ဟုဖေါ်ဆိုသည်။

အိုမိုက်ယာမင်းဆက်အုပ်ချုပ် ချိန်(၄၅)နှစ်တွင်လည်းကောင်း ၄င်းတို့၏နောက်ပိုင်းဆက် လက်အုပ်ချုပ်ခဲ့သော (အ ဘာစီယာ) အုပ်ချုပ်ရေးခေတ်(၁၃၅)နှစ်တွင် လည်းကောင်းအစ္စ လာမ်သာ သနာသို့ အသစ် ၀င် ရောက်လာရန် ဆောင်ရွက်မှုများကို ဦးစားမပေးခဲ့ချေ။ သို့ပါ လျှက်လည်း အစ္စလာမ်သာသနာသို့ ၀င် ရောက်လာသည်များသည် ရပ်တန့်သွား သည်ဟူ မရှိခဲ့ပေ။

ယ္ခုတင်ပြခဲ့သော အစ္စလာမ့်အုပ်ချုပ်ရေးများမှာ တမန်တော်မုဟမ္မဒ်ခေတ်နှင့် နှစ်ပေါင်းနှစ် ရာဝန်းကျင် သာ ကွာ ခြားသော အုပ်ချုပ်ရေးစနစ်များဖြစ်သည်။

မွန်ဂိုတာတာများခေတ်အစ္စလာမ်သာသနာ

အေဒီ၁၂၃၁တွင် မွန်ဂိုများသည် မွတ်စလင်(မ်)များ၏ မြို့ကြီးများကို တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ဖျက်ဆီးခဲ့၍ ဘိုခါရာမြို့သည် အုတ်ကျိုးများအဖြစ်သာ ကျန်ရှိခဲ့သည်။ ဘဂ္ဂဒက် မြို့သည် လည်း မွန်ဂိုများ၏ လက်သို့ကျ ရောက်ခဲ့ရသည်။ ဘဂ္ဂဒက်မြို့သို့ မွန်ဂိုတာတာ များ ကျူးကျော်သိမ်းပိုက်ရာတွင် လမ်းမများ ပေါ်၌ အလောင်း များမှာ မြင်မကောင်းနိုင် လောက် အောင်စုပြုံ၍ ရှိနေခဲ့သည်။ များစွာသော မွတ်စလင်(မ်) တို့သည် အီဂျစ်၊ ဆီးရီး ယား နှင့် အိနိ္ဒယနိုင်ငံများသို့ သွားရောက် ခိုလှုံခဲ့ကြသည်။

အစ္စမာအီလီများ၏ အလာမွတ်ဒေသသည်လည်း မွန်ဂိုများ၏လက်တွင်း ကျရောက်ခဲ့၍ ပြည်သူများ အတုံးအရုံး အသတ်ခံခဲ့ကြရသည်။ (ဆယ်လ်ဂျွတ်)များ၏ (ရွမ်)(ခေါ်)ရောမ အဖြစ် တည် ဆောက်ထားသော တူရကီနိုင်ငံကို ခုခံမှုမပြုဘဲ မွန်ဂိုများ၏ လက်သို့ အပ်ခဲ့သည်။

မွတ်စလင်(မ်) အုပ်ချုပ်သူများအတွင်းမှ အီဂျစ်ပြည်ကို တူရကီလက်အောက်ခံ အဖြစ်အုပ် ချုပ်သော စူလ်တန် ဘေဘာရ်သည် မွန်ဂိုများ၏ကျူးကျော်မှုကို ပထမဦးဆုံး ခုခံတွန်းလှန် ခဲ့သူတစ် ဦးဖြစ်သည်။ အေဒီ ၁၂၆၀တွင် စူလ်တန်ဘေဘာသည် မွန်ဂိုစစ်တပ်ကို ပါလက် စတိုင်းမြောက်ပိုင်း(အိန်းဂျလွတ်)အရပ်တွင် အကြီးအကျယ်ထိုး နှက်နိုင်ခဲ့သည်။ မွန်ဂိုများ အားလုံး အလုံး အရင်းဖြင့် ပြန်လည်ထိုးစစ် ဆင်ခဲ့သည့်အ တွက် စူလ်တန်ဘေဘာသည် ဒေ လီမြို့သို့လမ်းကြောင်းပြောင်း၍ ဒေလီမြို့တွင်စူလ်တန်အုပ်ချုပ်ရေးစ နစ်ကို ထူထောင်ခဲ့ သည်။

ထိုအချိန်တွင် မွန်ဂိုများသည် မွတ်စလင်(မ်)များ၏ အချက်အခြာကျသော နိုင်ငံများကို သိမ်းပိုက်၍ အုပ် ချုပ်လျှက် ရှိသည်။

မွန်ဂိုတာတာများအုပ်စုလိုက်အစ္စလာမ်ကိုလက်ခံလာခြင်း

၁၃ရာစုအကုန် ၁၄ရာစုအစတွင် မွန်ဂိုတာတာအားလုံးသည် အစ္စလာမ်သာသနာသို့ ကူးပြောင်းလာခဲ့ကြ သည်။ ထိုအချိန်မှစ၍ အချက်အချာကျသော နယ်ပယ်များတွင် မွတ်စလင်(မ်)များ သည် တန်ခိုးအာဏာ ကြီးသော အုပ် ချုပ်သူများ ဖြစ်လာကြသည်။

ကြမ်းတမ်းသော စိတ်ဓါတ်ရှိသည့် မွန်ဂိုများသည် အစ္စလာမ်သာသနာ၏ နူးညံ့သိမ်မွေ့ သောလမ်းညွှန်ချက်များက ၎င်းတို့၏စိတ်နှလုံးအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှ ၄င်းတို့၏ မူလဇာတိအားဖြင့် အလွန်ရက် စက်သည့် စစ်အာဏာရှင်ကြီးများ ဘ၀မှ သဘောထားနူးညံ့ ပျော့ပျောင်း သောကမ္ဘာ့အဆင့်မှီ နိုင်ငံရေးခေါင်း ဆောင်များ အ ဖြစ်သို့ ပြောင်းလဲလာ ခဲ့တော့သည်။

မွန်ဂိုတာတာများကဲ့သို့ ရက်စက်ကြမ်းကြုပ်သောစစ်အာဏာရှင်များကို မည်သည့်မွတ်စ လင်မ်တစ်ဦးတစ်ယောက် ကမျှ အတင်းအဓမ္မတိုက်တွန်း၍ သော်လည်းကောင်း၊ဓါးမိုး၍ သော်လည်း ကောင်း အစ္စလာမ် သာသနာသို့ ၀င် ရောက်လာရန်တိုက်တွန်းခဲ့ခြင်း မရှိခဲ့ပေ။ ထိုနည်းတူစွာ စစ်အာဏာရှင်မွန်ဂိုတာတာ များကို ၄င်းတို့ဆန္ဒမပါဘဲ မွတ်စလင်မ်တစ်ဦး တစ်ယောက်က အ တင်းအဓမ္မ အစ္စလာမ်သာသနာသို့ ၀င်ရောက်လာရန်တိုက်တွန်း ခြင်းကို လည်း ၄င်းတို့ကခေါင်းငုံ့၍ ခံကြမည့်သူများမဟုတ်ပေ။

မွန်ဂိုတာတာများခေတ်သည် တမန်တော်မုဟမ္မဒ်ခေတ်နှင့် နှစ်ပေါင်းခုနှစ်ရာကျော် ကွာခြား လာခဲ့သော ကာလ ဖြစ်သည်။

ဟိန္ဒူဇာတ်နိမ့်များအုပ်စုလိုက် အစ္စလာမ်သာသနာကိုလက်ခံလာခြင်း

မွန်ဂိုတာတာအင်ပါယာနောက်ပိုင်း ဒေလီမြို့၏စူလ်တန်သည် ၁၃ရာစုနှင့်၁၄ရာစုအစတွင် ဘင်္ဂလား မြေနိမ့်ဒေသမှ အလွန်ဝေးသော ဘင်္ဂလားပြည်နယ်အထိ အစ္စလာမ့်အုပ်ချုပ် ရေးဖြင့် အုပ်ချုပ်ခဲ့သည်။ အစ္စ လာမ့်အုပ်ချုပ်ရေးနှင့် ဝေးဝေးနေထိုင်သော တောင်တန်းဒေ သများရှိဟိန္ဒူ(ရတ်ဂျပွတ်) လူမျိုးများမှအပအခြားဟိန္ဒူများသည် အစ္စလာမ့် အုပ် ချုပ်ရေး အောက်တွင်နေ ထိုင်ကြသည်။ အိန်္ဒိယနိုင်ငံတွင် ဇာတ် နိမ့် ဇာတ်မြင့်ဟူ၍လူမျိုးခွဲခြား ထားလေ သည်။ အိန္ဒိယတွင်ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားခြင်း၏ အစဉ်အလာမှာ ခေတ်အ ဆက်ဆက်ကပင် ခွဲခြားမှုများရှိခဲ့ သည်။

မွတ်စလင်မ်များ၏ အုပ်ချုပ်ရေးမူဝါဒမှာ လူသားတိုင်းသည် တူညီသောအခွင့်အရေးများ ကို တစ်ပြေးညီခံ စားခွင့် ရှိရမည်ဟူသော မူဝါဒဖြင့်အုပ်ချုပ်သည်။ ထို့အတွက်ကြောင့် ၄င်းတို့၏ အုပ် ချုပ်ရေးအောက်တွင် မွတ်စလင်မ် မဟုတ်သော လူမျိုးများအားလုံး တန်း တူအခွင့်အရေးများရရှိခဲ့ကြသည်။ မွတ်စလင်မ်အုပ် ချုပ်မှု အောက်တွင်ဟိန္ဒူ ဇာတ်နိမ့်များ သည် အများစုဖြစ်သည်။

အစ္စလာမ်သာသနာတွင် လူ့အဆင့်အတန်းခွဲခြားမှု မရှိသောကြောင့် ဟိန္ဒူဇာတ်နိမ့်များအ တွင်းမှ လူအများစုသည် အစ္စလာမ်သာသနာသို့ ၀င်ရောက်လက်ခံလာခဲ့ကြသည်။

မဂိုအင်ပါယာခေတ်အစ္စလာမ်သာသနာ

အက်ဘာရ် (အေဒီ၁၅၄၂-၁၆၀၅)သည် အိန်္ဒိယမြောက်ပိုင်းကို တည်တံ့ခိုင်မြဲစွာ အုပ်ချုပ် နိုင်ခဲ့သည်။ အက်ဘာရ် အုပ်ချုပ်ချိန်အတွင်း ပန်ဂျတ်ပြည်နယ် မလ်ဘာအရပ်နှင့် ဒက်ကန် နယ်မြေ များအထိအစ္စလာမ် သာသနာသို့ ၀င် ရောက်လာသူ များပြား ခဲ့သည်။ အက်ဘာရ် ၏ အုပ်ချုပ်မှုအောက်တွင် တိုင်းသူပြည်သား အားလုံး တူညီသော အ ခွင့်အရေးများကို တစ် ပြေးညီခံစားကြ ရသည်။

မိမိတို့နှစ်သက်ကြသော အယူဝါဒများကို ယုံကြည်ခွင့်ရှိကြသည်။ ၎င်း၏အုပ်ချုပ်ရေး အောက်တွင်မွတ်စလင်မ် များမှာ လူနည်းစုများသာဖြစ်သည်။အများစုမှာဟိန္ဒူဘာသာဝင် များဖြစ်သည်။ အက်ဘာရ်၏အုပ် ချုပ်ရေး အောက် တွင် ဘာသာရေးဆိုင်ရာနှင့် လူမျိုးရေး ဆိုင်ရာပဋိပက္ခတ်များ အလျဉ်းမရှိခဲ့ပေ။ ဟိန္ဒူ များအတွင်း များစွာသော ဇာတ်အဆင့်အ တန်းအမျိုးမျိုးရှိခဲ့ သည်။ ထိုဇာတ်အဆင့်အတန်းများ အ လိုက် ယုံကြည်ကိုးကွယ်ရာ အယူဝါ ဒများလည်း အမျိုးမျိုး ရှိခဲ့ကြသည်။ ထိုကဲ့သို့ပင် ဗုဒ္ဓဘာသာ၊ ခရစ် ယာန်၊ စွန်္နီမွတ်စလင်မ် များ၊ ရှီယာမွတ်စလင်မ် များ၊ အစ္စမာအီလီများ ဖြစ်ကြသည်။ ထိုဘာသာ ၀င် အားလုံးသည် မိမိတို့၏သာသနာ အယူဝါဒများကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိခဲ့ကြသည်။

၁၄ရာစုနှင့်၁၅ရာစုကြားတွင် ဟိန္ဒူဇတ်အသီးသီးတို့မှလူများစုနှင့် မွတ်စလင်မ်များပူးပေါင်း ၍ လူမျိုးရေးအဖွဲကြီးကို တည်ထောင်ခဲ့သည်။ အဖွဲ့၏ရည်ရွယ်ချက်မှာ လူမျိုးမတူ၊ ဘာသာ မတူ သူများအတွင်း စည်း လုံးညီ ညွတ်မှုကို ပိုမို ခိုင်မြဲရန်နှင့် စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းမှ ကာကွယ်ရန် ဖြစ်သည်။

ထိုအချိန်က ဘာသာမတူသူ၊ လူမျိုးမတူသူများအတွင်း စည်းလုံးညီညွတ်၍ ပူးပေါင်း ဆောင်ရွက်နိုင်စွမ်း ရှိသော လူ့အဖွဲ့အစည်းကြီးကို အိန်္ဒိယနိုင်ငံတွင် စံပြတည်ထောင်နိုင် ခဲ့သည်။

အိန္ဒိယရိုးရာကိုအခြေခံအုပ်ချုပ်ခြင်း

အက်ဘာရ်သည် အိန်္ဒိယနိုင်ငံတွင် အုပ်ချုပ်ရာ၌ လူများစုဖြစ်သော ဟိန္ဒူရိုးရာဓလေ့ကို အ ခြေခံသောအုပ် ချုပ်ရေး စနစ်ဖြင့် အုပ်ချုပ်နိုင်ခဲ့သည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေး အ ပြည့်အ၀ ရရှိခဲ့သည်။ အက် ဘာရ်သည် မွတ်စ လင်မ်ဘုရင် ဖြစ်သော်လည်း ဟိန္ဒူအများ စုထံမှ “ဂျစ်ဇယာ”(ခ) ဘာသာခြားများထံမှ လုံခြုံရေးခွန်ကောက်ခံခြင်း မရှိခဲ့ပေ။ အက် ဘာရ်သည် ဟိန္ဒူများ ကို လေးစားခြင်းအားဖြင့် မိမိ အလွန်ဝါ သနာထုံသောအမဲလိုက် ခြင်း အမှု ကိုလည်း စွန့်လွှတ်ခဲ့သည်။ သက်သတ် လွတ်စားခြင်းများကို ပြုလုပ်ခဲ့သည့် အတွက် ဟိန္ဒူများ၏ လေးစားမှု ကိုခံ ခဲ့ရသော ဘုရင်တစ်ပါးဖြစ်သည်။ အေဒီ ၁၅၇၅တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအထိမ်းအမှတ် ဖြစ်သည့် သာ သနာ့ဗိမာန်ဝတ်ကျောင်း ကြီးကိုတည်ဆောက်ခဲ့သည်။ ထိုဗိမာန်ကြီးတွင် ဘာသာပေါင်းစုံမှ ပညာရှင်များ ဘာသာ ရေးဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပသည်။

ထိုသို့အားဖြင့် အိန္ဒိယနှိုင်ငံအတွင် မည်သူတစ်ဦးတစ်ယောက်၏ အတင်းအဓမ္မတိုက်တွန်း နှိုးဆော်ခြင်းမရှိ ဘဲ ဟိန္ဒူ အများစုသည် အစ္စလာမ်သာသနာဝင်များ ဖြစ်လာကြသည်။

အော်တိုမန်ခေတ်အစ္စလာမ်သာသနာ

အေဒီ၁၅၃၀အော်တိုမန်ခေတ်တွင် ဥရောပနှင့်သြစတီးယားနိုင်ငံ ဗီယန်နာမြို့ရှိလူများစု အစ္စလာမ်သာသ နာကို လက်ခံခဲ့သည်။ စူလ်တန်သည်ကျယ်ဝန်းသော နယ်ပယ်များကို အုပ်ချုပ်နိုင်ခဲ့ သည်။ စူလ်တန်လက် အောက်ရှိ ပြည်သူများကို ခွဲခြားမှုမရှိဘဲ အုပ်ချုပ်နိုင်ခဲ့ သည့်အတွက် ဂျူး၊ ခရစ်ယာန်၊ အာရဗ်၊ တူရကီ၊ ကုန်သည်၊ အိုလမာ၊ ဆူဖီများအားလုံး လွတ်လပ်စွာဖြင့် မိမိတို့ ၏ယုံကြည်ရာကို ကိုးကွယ်ပိုင်ခွင့်ရှိခဲ့ ကြ သည်။ ဗဟိုတွင် စူလ် တန်ဘု ရင်က အုပ်ချုပ်ပြီး ပြည်နယ်များတွင် ““ပါရှား””ဟု ခေါ်သော အုပ်ချုပ်ရေးမှုးများ က အုပ်ချုပ်ကြသည်။

အေဒီ၁၅၂၀-၁၅၆၆တွင် ဆူလိုင်မာန်ကာနူနီ(တရာမျှတသောဆူလိုင်မာန်)လက်ထက်တွင် အော်တိုမန်၏ အုပ်ချုပ် ရေးသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ မြင့်မြတ်သော ဆူ လိုင်မာန် ဟူ၍ လည်းကောင်း တရားမျှတသော ဆူလိုင်မာန်ဟူ၍လည်းကောင်း အနောက် တိုင်းများကသိထားကြသည်။ သူ၏တရားမျှ တသောအုပ်ချုပ်ရေးကို နှိုင်ငံတစ်ကာက ယ နေ့တိုင်အသိအ မှတ်ပြုလျှက် ရှိနေကြောင်းကို - အမေရိကန် နှိုင်ငံဝါရှင်တန်ဒီစီရှိ တရား ရုံးချုပ် အဆောက်အဦးကြီးတွင် သူ၏ကိုယ်တစ်ပိုင်းပုံအောက်တွင် ဆူလိုင်မာန် ကာနှုနီ (တရားမျှတသော-ဆူလိုင် မာန်) ဟူ၍ချိတ်ဆွဲထားပေသည်။

ထိုကဲ့သို့နှိုင်ငံတစ်ကာက ယနေ့ထက်တိုင်အသိအမှတ်ပြုခြင်း ခံရသောတရားမျှတသည့် မွတ်စလင်မ်အုပ်ချုပ်သူ များသည် (အစ္စလာမ်သာသာသနာ၏ အဆုံးအမဖြစ်သောအစ္စ လာမ်သာ သနာအတွင်းသို့အတင်း အဓမ္မ၀င် ရောက် ရန်မတိုက်တွန်းရ) ဟူသောအမိန့်ကို ဆန့်ကျင်လျှက် အစ္စလာမ်သာသနာအတွင်းသို့ အ တင်းအဓမ္မ ဓါးမိုး၍သွတ် သွင်းခဲ့သည် ဟုဆိုခြင်းသည် ဓမ္မ ဓိဌာန်မကျသော မတရားစွတ်စွဲချက်များသာ ဖြစ် ပေသည်။

ခန့်ညားထယ်ဝါသောအစ္စလာမ့်အုပ်ချုပ်ရေး( အေဒီ ၁၅၀၀-၁၇၀၀)

ထိုခေတ်မွတ်စလင်မ်များသည် ကြီးမားသော နယ်မြေကြီးများကို ထိမ်းချုပ်၍ ထိရောက်စွာ အုပ်ချုပ်နိုင်ခဲ့ ကြသည်။ ၎င်းတို့၏ အုပ်ချုပ်ရေးတွင် စစ်တပ်ကိုအခြေခံ၍ အုပ်ချုပ်သောစ နစ်ဖြစ် သည်။ ထိုခေတ်ထိုအ ခါက ဥရောပတွင် လည်း ဘုရင်စနစ်အုပ်ချုပ်ရေးဖြစ်၍ စစ် တပ်ကိုပင်အခြေခံအုပ်ချုပ်ခဲ့ပေသည်။ စစ်တပ်ကိုအခြေခံသော အုပ်ချုပ် ရေးသည်ခေတ် ကာလအလျှောက် ပေါ်ပေါက်ထွန်းကားနေသော အုပ်ချုပ် ရေး စနစ်ပင်။

သို့သော်အနောက်တိုင်း သမိုင်းဆရာများက မွတ်စလင်မ်တို့၏ စစ်တပ်ကိုနောက်ခံထား အုပ်ချုပ်သည့် စနစ်ကိုသာ ပြစ်တင်ဝေဖန်လျှက် အစ္စလာမ်သာသနာ၏မူဝါဒသည်စစ်တပ် ကို အခြေခံ သော စစ်ဝါဒကြီးစိုး သည့် စနစ်ဖြစ် သည်ဟု ယိုးမယ်ဖွဲ့ချဲ့ကားရေးသားခဲ့ကြ ပေသည်။

၁၅ရာစုနှောင်းပိုင်း၁၆ရာစုအစ၌ အီရန်နိုင်ငံတွင် ဆဖာဖစ်ဒ်အင်ပါယာ ဟူ၍လည်း ကောင်း၊ အိန်္ဒိယနိုင်ငံတွင် မဂို အင်ပါယာ ဟူ၍လည်းကောင်း၊ အနာတိုးလီးယား(ခေါ်)တူရ ကီ၊ ဆီး ရီးယား မြောက်အာဖရိက နှင့် အာရေးဗီး ယား တို့တွင် အော်တိုမန်အင်ပါယာ ဟူ၍ လည်း ကောင်း ကမ္ဘာ့အဓိကကျသော အစ္စလာမ့် အင်ပါယာသုံးခုကိုတည် ထောင် ခဲ့သည်။

အလားတူဆီးရိးယားနိုင်ငံ ချိုင့်ဝှမ်းဒေသနှင့်ဥဇဘက်ကစ္စတန်တွင် ကြီးမားသောမွတ်စ လင်မ်ပြည်နယ် အဖြစ်တည် ထောင်ခဲ့သည်။ ထိုနည်းတူစွာမော်ရိုကိုနိုင်ငံကို ရှီယာများက မွတ်စလင်မ် ပြည်နယ်အဖြစ် သီး ခြားအုပ်ချုပ်ခဲ့ကြ သည်။ ထိုအချိန်တွင် မွတ်စလင်မ်များ သည် မလေးကျွန်းဆွယ်တွင် တရုတ်၊ဂျပန်၊ဟိန္ဒူ များနှင့်အပြိုင် ကူးသန်း ရောင်းဝယ်မှုပြု ကြသည်။

၁၆ရာစုတွင် မွတ်စလင်မ်များသည် နိုင်ငံတကာအတွင်း အောင်မြင်ဆုံးသော ကုန်သွယ် သူများအဖြစ် လူသိများခဲ့ သည်။ ၁၆ရာစုသည် မွတ်စလင်မ်များ၏ အောင်မြင်မှု ရာစုနှစ် ဟုဆိုရပေ မည်။ အထူးသဖြင့် အဓိက မွတ်စလင်မ် အင်ပါယာသုံးခုအပြင် အခြားမွတ်စ လင်မ်ပြည်နယ်များ အားလုံးတွင် ကုရ်အာန် ၏အခြေခံမူဝါဒဖြစ်သော (လူတိုင်း သည်တူ ညီသောအခွင့်အရေး များကိုတန်းတူခံစားခွင့်ရခဲ့ကြသည်။) ထိုကဲ့သို့အုပ်ချုပ်ခံပြည် သူများအတွင်း မွတ် စလင်မ်များရော၊ မွတ်စလင်မ်မဟုတ်သူများပါ တပြေးညီအကျိုးခံ စားခွင့်ရှိ သောအုပ်ချုပ်ရေးများအောက် တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ကြသည်။

တရားမျှတသော မွတ်စလင်မ်အုပ်ချုပ်သူများနှင့် မွတ်စလင်မ်တို့၏ လက်တွေ့ဘ၀တည် ဆောက်မှုများက အစ္စ လာမ်သာသနာ၏ အနှစ်သာရများကို ပါတ်ဝန်းကျင်ရှိ မွတ်စလင်မ် မဟုတ်သူ များကိုပါ ထင်ဟပ်စေ ခဲ့သည်။ ထိုသို့ သောအကြောင်းများကြောင့် အစ္စလာမ်သာ သနာသည် ကမ္ဘာ့လူသားတစ်ရပ်လုံးအတွက် စွဲမက်နှစ်သက်ဖွယ်ရာ သာသနာတစ်ရပ် ဖြစ်ခဲ့၍ အစ္စလာမ့် အေးရိပ်ဆာယာသို့ ၀င်လာမစဲတစသဲသဲ ဖြစ်ခဲ့ ခြင်းဖြစ်သည်။

အင်ရှာအလ္လာ အလျင်းသင့်ပါက ထိုအကြောင်းကိုပင် ပိုမိုကျယ်ပြန့်စွာ တင်ပြပါဦးမည်။

ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

ကိုးကားစာအုပ်များ

Armstrong,Karen, Mohammed; A Biography of the Prophet (London 1991)

Gabrieli Francesco, Mohammed and the Conquests of Islam.(trans. Virginia Luling and Rosamund Linell (London 168)

. Rosenthal, F. Knowledge Triumphant;The Concept of knowledge in Medieval Islam.(Leiden 1970)

. Lewis Bernard, The Muslim Discovery of Europe (New York, London 1982)

www.quraninburmese.com မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment