you are number one
၁။ လူတိုင်းဟာ ကိုယ့်ကံကြမ္မာကိုဖန်တီးရမယ်၊ ကိုယ့်ကံကြမ္မာကို ကိုယ်ကိုယ်တိုင် မဖန်တီးဘူးဆိုရင် သူများကိုယ့်ကို ဖန်တီးသွားတာခံရလိမ့်မယ့်။ ဒါကြောင့်သင့်ဘဝကို သူများလက်ထဲပုံမအပ်ပါနှင့်။
၂။ ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်မမွေးသေးသ၍ ကိုယ်မလုပ်ချင်တာတွေပဲ လုပ်နေရမယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားပါ။ ကိုယ့်ခြေထောက်ပေါ်ကို မြန်မြန်ရပ်တည်နိုင်မှ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို မြန်မြန်လုပ်လိုရမယ်။ ကိုယ်ဝါသနာပါတာတွေလုပ်ဖို့အတွက် ဝါသနာမပါတဲ့ အလုပ်တွေကိုလုပ်နေရလိမ့်ဦးမယ်။ ဒါလည်းစိတ်မပျက်ပါနဲ့။
၃။ မုန်တိုင်းတွေဟာအမြဲတမ်းထန်မနေပါဘူး။ လေငြိမ်တဲ့နေ့တော့ရှိဦးမှာပေါ့။ ကိုယ့်မှာဝီရိယမရှိ ပျင်းရိသူဖြစ်နေရင်တော့ ဝီရိယရှိတဲ့သူတွေရဲ့ခိုင်းစေခြင်းကိုခံရလိမ့်မယ်။
၎။ ကိုယ့်မှာ တိတိကျကျစိတ်ကူးယဉ်မျှော်မှန်းချက်မရှိဘူးဆိုရင် တိတိကျကျစိတ်ကူးယဉ်မျှော်မှန်းချက် ရှိသူတွေရဲ့ ခိုင်းစေခြင်းကိုခံရလိမ့်မယ်။
၅။ လူတိုင်းမှာနောက်ဆုံးအချိန်အထိရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့်ကိုယ့်ဘဝကို သေလူလို့မမှတ်ပါနဲ့။
၆။ လူ့ဘဝမှာ လူဖြစ်လာတာဟာရှုံးနိမ့်ဖို့အတွက် မွေးဖွားလာတာမဟုတ်ဘူး။ အောင်မြင်ဖို့အတွက် မွေးဖွားလာတာပဲဖြစ်တယ်။
၇။ ၇ွှံ့တုံးကိုအပေါ်ကနေပစ်ချလိုက်၊ မြေကြီးမှာ ဘုတ်ဆိုပြီးပြားကပ်သွားလိမ့်မယ်။ လူတွေရဲ့ ခြေနင်းဖြစ်သွားမယ်။အကယ်၍သင်ဟာ ကိုယ့်ဘဝအောင်မြင်မှုအတွက် ယှဉ်ပြိုင်ရင်ဆိုင်လိုတဲ့စိတ်မရှိဘူး။ အရာရာကိုအရှုံးပေးမယ်ဆိုရင် လူတွေရဲ့ နင်းချေခြင်းကိုခံရလိမ့်မယ်။ အကယ်၍ သင်ဟာ ရွှံ့တုံးမဟုတ်ဘဲ ဘောလုံးဖြစ်ခဲ့မယ်ဆိုရင် လူတွေရဲ့ခေါင်းပေါ်ကို ကျော်တက်သွားမှာပဲဖြစ်တယ်။ဒါကြောင့် သင့်ကိုသင်ပြန်မေးပါ။ ငါဟာရွှံ့တုံးလား ?ဘောလုံးလား ?
၈။ ဒုက္ခဆိုတာ နှင်းထုကြီးနဲ့တူတယ်။ နှင်းထုကြီးဟာအုံ့ဆိုင်းပိန်းမှောင်နေပေမယ့် တကယ်တမ်း ဖြတ်သန်းသွားလာကြည့်ရင်တော့ နှင်းထုဆိုတာမရှိတော့ပါဘူး။ဒုက္ခဆိုတာလဲဒီအတိုင်းပါပဲ၊ ကြည့်လိုက်ရင်တော့ကြောက်စရာကြီးပါ။ တကယ်တမ်း ဖြတ်သန်းသွားလာကြည့်လျှင် မနက်ဖြန်ဆိုတာ ရောက်တာနဲ့သူဟာ နောက်မှာကျန်နေခဲ့ပါပြီ။ နက်ဖြန်ဆိုတဲ့နေ့ရောက်လျှင် သူနဲ့မသက်ဆိုင်တော့သလိုပါပဲ။ ဒုက္ခဆိုတာ သုခကိုမွေးပေးတဲ့ အရှင်သခင်ပဲလို့ မှတ်ယူထားပါ။
၉။ သူများကိုတောင်မယုံရဲသေးရင် ကိုယ့်ကိုယ်ကို မယုံဘူးဆိုတဲ့စကားကိုမပြောပါနဲ့တော့။
၁၀။ ကိုယ့်ကိုလူတွေက မကောင်းပြောကြတယ်။ ဝမ်းမနည်းပါနဲ့။ ကိုယ့်ရဲ့အောင်မြင်မှုက အဲဒီမကောင်းပြောတဲ့လူတွေအတွက် လုပ်နေတာမဟုတ်ဘူး။
၁၁။ ကိုယ့်ကိုယ်ကို ကံဆိုးတဲ့သူတစ်ယောက်လို့မြင်နေမယ်ဆိုရင် ကိုယ့်ထက်ကံဆိုးတဲ့သူတွေလဲ အများကြီးရှိတယ်ဆိုတာကိုစဉ်းစားမိရင် သင့်ကိုသင်ကံဆိုးတယ်လို့ထင်မှာ မြင်မှာမဟုတ်ဘူး။ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်တာဟာလဲ သင်ကိုတိုင်ပါပဲဖြစ်တယ်။ သင့်ကိုယ်သင် ဘာဖြစ်ချင်သလဲ? သင့်ကိုယ်သင်ဘာလို့သတ်မှတ်ထားသလဲ? အဲဒါသင်ဖြစ်ရမဲ့ဘဝပဲ။
၁၂။ နေရောင်ကိုမြင်ရပေမယ့် သူတစ်ပါးရဲ့လောင်းရိပ်အောက်မှာပဲ လမ်းလျှောက်နေမယ်ဆိုရင် သင်ဟာဘယ်တော့မှအလင်းရောင်ကိုရရှိမှာမဟုတ်တော့ဘူး။ အမှောင်ထဲမှာပဲ ဘဝနိဂုံးချုပ်သွားရလိမ့်မယ်။
၁၃။ လူတိုင်းဟာတစ်စုံတစ်ယောက်ရဲ့ အကူအညီကိုမျှော်လင့်နေတတ်ကြတယ်။ အချိန်တိုင်းမှာ သူတစ်ပါးရဲ့ အကူအညီကို မျှော်လင့်နေမယ်ဆိုရင် ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ဖြစ်မလာနိုင်ဘူး။
အကူအညီပဲတောင်းခံနေမယ်ဆိုရင် ကိုယ့်ရဲ့စွမ်းအားတွေ ကျဆင်းလာသလို၊ အကယ်ခံလို့လဲ ဆုံးမှာမဟုတ်တော့ပါဘူး။ လွတ်လပ်ပျော်ရွှင်စရာကောင်းတဲ့၊ ဘဝမျိုးကိုလဲ မတည်ဆောက်နိုင်ဘူး။ လွတ်လပ်မှုရှိတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်လဲ ဖြစ်မလာနိုင်ဘူး။
၁၄။ ထမင်းစားရရင်တော်ပြီ အဲဒိလောက်ပဲစိတ်ကူးယဉ်ထားလျှင် မင်း ထမင်းမငတ်အောင် မနည်းကြိုးစားရမည်။ ဆင်းဆင်းရဲရဲနဲ့မွေးလာတာ မင်းအပြစ်မဟုတ်ဘူး။ ဒါပေမယ့် ဆင်းဆင်းရဲရဲဖြင့်သေသွားရင်တော့ အဲဒါမင်းအပြစ်ပဲ…။
NO.1စာအုပ်ကို ရယူလိုပါက ၀၁၇.၃၃၃ ၇၀၂၁ သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်
No comments:
Post a Comment