Sunday 31 July 2011

အစ္စလာမ့်အခြေခံယုံကြည်ချက်များ


                     အစ္စလာမ့်အခြေခံယုံကြည်ချက်များ
အောက်ပါအချက်များကို သက်ဝင်ယုံကြည်သူတိုင်းမုစ်လင်မ် ဖြစ်လာနိုင်ပါသည်။ (Quran 2:177)
(၁) အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာယုံကြည်ခြင်း
ထိုအရှင်မြတ်သည် နိစ္စထာဝရဖြစ်ပြီး ဘုန်းတော်၊ ဂုဏ်တော်၊ ဥာဏ်တော်အနန္တဖြင့်ပြည့်စုံတော်မူ၏ ။
အလ္လာဟ်အရှင်မြတ်သည် တစ်ပါးတည်းတည်ရှိတော်မူ၏။ မိဘမရှိ သားသမီးမရှိ၊ ဂုဏ်ရည်တူဟူ၍ မရှိ ။
အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းကင်းတော်မူသော အရှင်။ အရာအားလုံးတို့၏ မှီခိုအားထားရာ အရှင်။
(၂) ထိုအရှင်မြတ်၏ မလာအိကဟ်ကောင်းကင်တမန်စွမ်းအားရှင်များကို သက်ဝင်ယုံကြည်ခြင်း
၎င်းတို့သည် အလ္လာဟအရှင်မြတ်၏ ဖန်ဆင်းခံများဖြစ်ကြ၏ ရုပ်စကြဝဠာများ၌လည်းကောင်း၊ ဆင်ခြင်တုံ့တရား အလွန်ရှိလောကများ၌လည်း၊ သက်ဆိုင်ရာ သဘာဝ အသီးသီးဖြင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်အတိုင်း တာဝန်ထမ်းဆောင်နေကြသည်။ အလ္လာဟ်အရှင်၏ အမိန့်တော်ကို ငြင်းဆန်ပိုင်ခွင့် မရှိကြပေ လူသားကဲ့သို့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်မရှိကြ သို့သော်.အာဒမ် ခေါ်လူသား၌ ဆင်ခြင်တုံ့တရားနှင့် လွပ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသည်။ ဗီဇသဘာဝအားဖြင့် မလာအိကဟ် ထက်အသိပညာသာလွန်သည် လူသားသည် အသိပညာဖွံ့ဖြိုးအောင်ပြုပါက သဘာဝအင်အားစုများကို စောင့်ကြပ်သော မလာအိကဟ်တို့က လူသားကို နာခံဦးချကြရ၏။ လူသားသည် မီုးနှင့်မြေကိုအောင်နိုင်မည်ဖြစ်သော်လည်း မိမိကိုယ် မိမိအောင်နိုင်ရန် ကြိုးပမ်းရမည်။ ရှိုဿွာန် ခေါ်အဖျက်အင်အားစုက လူသားကို ဆန့်ကျင်လျှက်ရှိသည် ငါတည်းဟူသော မာနတရားအစွဲကား အမှန်တရားကို ဖုန်းကွယ်ငြင်းဆန်မှုပြုတတ်သည်။အလ္လာဟ်အရှင်မြတ်၏
သစ္စာတရားလမ်းညွှန်ကို ကရုမပြုက ရှိုဿွာန် အဖျက်အင်အားစု၏ ခြေရာသို့ လိုက်မိကြတော့သည်။ လောကီဘဝနှင့် တမလွန်တို့၌ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ကြရပေသည် (Quran 2:30-39)
(၃) အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ချတော်မူသော လမ်းညွှန်ကျမ်းတော်များကို သက်ဝင်ယုံကြည်ခြင်း
လူသား၏ဆင်ခြင်တုံ့တရားသည် အစွမ်းထက်လှသော်လည်း အရာခပ်သိမ်းကို လွှမ်းခြုံမသိနိုင်ကြချေ ဆင်ခြင်တုံ့တရား၏ အလွန်၌လည်း သစ္စာတရားများရှိနေ၏ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်က ဝဟီလမ်းညွှန် စနစ်ဖြင့် ခေတ်တိုင်း၊ လူမျိုးတိုင်းသို့ တရားလမ်းညွှန် အလင်းကိုပို့ချပေးခဲ့သည် ။ ခေတ်တိုင်းအတွက် ကျမ်းတစ်စောင်ရှိ၏ (Quran 13:38) သို့သော် ကုရ်အာန်ကျမ်းမြတ်၌ ကျမ်းအမည်(၅)ခုကိုသာ ဖော်ပြထားသည် ၂င်းတို့မှာ…
(က) စုဟုဖ်အိဗ်ရာဟီမ်
(ခ) သောင်ရာဟ်ကျမ်း (တမန်တော် မူစာထံထုတ်ပြန်ပို့ချတော်မူခဲ့သည်)
(ဂ) ဇဗူရ်ကျမ်း (တမန်တော် ဒါဝုဒ်ထံထုတ်ပြန်ပို့ချတော်မူခဲ့သည်)
(ဃ) အင်ဂျီလ်ကျမ်း (တမန်တော် အီစာထံထုတ်ပြန်ပို့ချတော်မူခဲ့သည်)
(င) ကုရ်အာန်ကျမ်း (တမန်တော်ချုပ် မုဟမ္မဒ်ထံထုတ်ပြန်ပို့ချတော်မူခဲ့သည်)
                           (Quran 87:19/ 4:163/ 3:43)
ယခုအခါ ကမ္ဘာပေါ်တွင် ကုရ်အာန်ကျမ်းမှလွဲ၍ မူရင်းအတိုင်းတိကျစွာ ရှိသောကျမ်း မရှိတော့ချေ ။
(၄) အလ္လာဟ်အရှင်မြတ်၏ လူသားတမန်တော်များကို သက်ဝင်ယုံကြည်ခြင်း    
အလ္လာဟ်အရှင်မြတ်ထံမှ ဝဟီလမ်းညွှန်တရားတော် လက်ခံရရှိသောလူသားကို နဗီဟုခေါ်သည်။ ထို ဝဟီဥာဏ်စင်လက်ခံရရှိသော နဗီခေါ်လူသားဘုရားလမ်းများသည် အလ္လာဟ်အရှင်မြတ်ထံမှ ထိုသစ္စာတရားလမ်းညွှန်ကို သက်ဆိုင်ရာခေတ်ရှိ လူသားတို့ထံ ဟောကြားသွန်သင်ပြကြရသည်။ လက်တွေ့ဆောင်ရွက်ပြကြရသည်။ ယင်းသို့တရားတော်ကို ဆင့်ပြန်ပို့ချကြသဖြင့် ၄င်းတို့ကို ရစူလ်တမန်တော်ဟူ၍လည်းခေါ်သည် လူ့သမိုင်း၏ ပထမဆုံး တမန်တော်မှာ အာဒမ်ဖြစ်ပြီးနောက်ဆုံး တမန်တော်မှာ မုဟမ္မဒ်ဖြစ်သည်။ ကုရ်အာန်အတွင်း၌ တမန်တော်အမည်(၂၅)ပါးကိုသာ ဖော်ပြထားသော်လည်း မုစ်လင်မ် တစ်ဦးအနေဖြင့် ခေတ်တိုင်း၊ လူမျိုးတိုင်း၌ အလင်းပြပုဂ္ဂိုလ် ရစူလ်တမန်တော်များ ပွင့်ပေါ်ခဲ့ကြောင်း ခွဲခြားမှုမပြုပဲ သက်ဝင်ယုံကြည်ရမည်။ မူရင်းကျမ်းများအတိုင်း တိကျစွာမရှိတော့၍ နောက်လိုက်များအကြား ကွဲပြားနေမှုမှာ နောက်လိုက်များနှင့်သာ သက်ဆိုင်ပေသည် ။ မူလဟောကြားသူ နဗီတမန်တော်ဘုရားများကို မပစ်မှားအပ်ချေ။ “စင်စစ်လူမျိုးတိုင်း၌ သတိပေးနှိုးဆော်သူ တစ်ဦးပွင့်ပေါ်ခဲ့သည်သာဖြစ်သည်” (Quran 35:24)
(၅) စကြဝဠာကြီး၏ နောက်ဆုံးနေ့ကို သက်ဝင်ယုံကြည်ခြင်း
အလ္လာဟ်အရှင်မြတ်သည် လက်ရှိသကြဝဠာကြီးကို ကာလ(၆)ခု အတွင်းဆင့်ကဲ့ဖြစ်စဉ်ဖြင့် အဆင့်ဆင့်ဖန်ဆင်းခဲ့သည် နောက်ဆုံးတမန်တော်ချုပ်လည်း ပွင့်ပေါ်ခဲ့ပြီးဖြစ်သည်။ မကြာမီလက်ရှိစကြဝဠာကြီးသည် ပျက်သုဉ်း၍အသွင်ဖြစ်လာမည်။ ဂျန္နသ်ခေါ် ငရဲဘုံတို့လည်း ထင်ရှားပေါ်လွင်လာမည်။ လူတိုင်းသည် လောကီဘဝ၌ မိမိတို့၏ အကောင်း အဆိုးပြုမူဆောင်ရွက်ခဲ့ကြသည့်အတိုင်း အစားပေးခြင်းခံရမည်..။ ယင်းနေ့ကို ရှင်ပြန်ထမြောက်ရမည့်နေ့ (ကိယာမသ်နေ့) ဟုခေါ်သည်(ရှင်ပြန်ထမြောက်ရမည့်နေ့မတိုင်မီ သေသမျှသော လူတိုင်း၏ဝိညာဉ်ကို အလ္လာဟ်အရှင်မြတ်သည် ဗရဇခ် ခေါ်ကြားအခြေအနေတွင် ထိန်းသိမ်းထားသည်)
(Quran 23:100/ 32:17/ 75:6-25/ 18:49/ 56:27-38/ 39:68/14:48/ 56:60)
သက္ကသီရ် ဟူသည် အလ္လာဟ်၏ တိုင်းတာသတ်မှတ်ချက် စည်းမျဉ်း၊ နိယာမ၊ ဥပဒေသများကိုခေါ်သည်
ဖန်ဆင်းခံတိုင်းအား အလ္လာဟ်အရှင်မြတ်က ၄င်းတို့၏ သဘာဝနှင့် ဖန်ဆင်းခံရသည့် ရည်ရွယ်ချက်အတိုင်း ၄င်းတို့အသီးသီး၏ စွမ်းဆောင်နိုင်မှုကို တိုင်းတာသတ်မှတ်ပေးထားသည် ဖန်ဆင်းခံလောက၌ လွတ်လပ်စွာရွေးချယ်ပြုပိုင်ခွင့်မရှိသော ဖန်ဆင်းခံနှင့် လွတ်လပ်စွာရွေးချယ်ပြုပိုင်ခွင့်ရှိသော ဖန်ဆင်းခံဟူ၍ရှိပါသည်။ ဥပမာ သစ်ပင်လောက တိရစ္ဆာန်လောကနှင့် မလာအိကဟ်လောကမှာ ဆင်ခြင်တုံ့တရားပေးမထား၍ လွတ်လပ်စွာရွေးချယ်ပြုပိုင်ခွင့်မရှိကြချေ။ ၄င်တို့သည် အလ္လာဟ်အရှင်မြတ်အမိန့်အတိုင်းနာခံနေကြရ၍ ၄င်းတို့အား ကိယာမသ်နေ့၌ စစ်ဆေးရန်အကြောင်းမရှိချေ ။ သို့သော် လူသားနှင့်ဂျင်န်မှာ ဆင်ခြင်တုံ့တရားရှိနေ၍ လွပ်လပ်စွာရွေးချယ်ခွင့် အရပြုသမျှအတွက် အကောင်းအဆိုး အစားပေးခြင်းခံကြရပေမည်။ ယင်းသို့ အကောင်းနှင့်အဆိုး လမ်းနှစ်သွယ်သတ်မှတ်ပေးခြင်း၊ လွတ်လပ်စွာရွေးချယ်ပြုပိုင်ခွင့် ပေးထားခြင်းတို့မှာလည်း အလ္လာဟ်၏ နိယာမ ဥပဒေ သတ်မှတ်ချက်(သက္ကဒီရ်)
အရပင်ဖြစ်သည် ။         (Quran 42:30/ 17:13/ 13:11/ 90:10 )
*အစ္စလာမ့် ဘဝတည်ဆောက်မှုလမ်းစဉ်တွင် အဓ္မစနစ် မရှိစေရ…(Quran2:256)
* အသိညဏ်စိတ်နှလုံးကို အသုံးမချသူသည် တိရစ္ဆာန်ထက်နိမ့်သွားသည်…(Quran 7:179)
* အသိညဏ်နှလုံးသားဖြင့် အီမာန်သက်ဝင်ယုံကြည်အပ်ပေသည်… (Quran 49:14)
*စစ်မှန်သောယုံကြည်သူတစ်ဦး၏ လုပ်ရပ်မှာ
…၄င်းတို့သည် သံသယမရှိကြချေ၊ မိမိတို့၏ဥစ္စာဓနနှင့် မိမိတို့၏ အသက်များဖြင့် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် သက်စွန့်ကြိုးပမ်းကြသည်…(Quran 49:15)
* ယုံကြည်သူတို့၏ အဓိဋ္ဌာန်မှာ
မုချဧကန် ကျွှန်ုပ်၏စွန့်လှုမှု၊ ကျွှန်ုပ်၏ရှင်ခြင်း၊ ကျွှန်ုပ်၏သေခြင်းတို့သည် လောကခပ်သိမ်းအား အဆင့်ဆင့်ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်၏   (Quran 6:162)
* ကာဖိရ်=အမှန်တရားကိုငြင်းပါယ်သူ၊ အမှန်တရားကိုဖုံးကွယ်သူ၊ အမှန်တရားကိုကျေးဇူးကန်းသူ
* မုနာဖိက်=ယုံကြည်ဟန်ဆောင်သူ
* မုရှ်ရိက်=အလ္လာဟ်အရှင်မြတ်နှင့် အခြားဆစ်စုံတစ်ရာကို တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သူ
အီဗာဒသ်  ဟူသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်အတိုင်း ဘဝတစ်လျှောက်လုံး နာခံဘဝတည်ဆောက်ခြင်း ။
အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှာ ကုရ်အာန်အတွင်း၌ရှိသည် မုစ်လင်မ်တစ်ယောက်အတွက် မဟာဗျူဟာသည် ကုရ်အာန် နည်းဗျူဟာသည် ဟဒီးဆ်ဖြစ်ပါသည် ။ အဓိကကျသော အစ္စလာမ့်မဏ္ဍိုင်ကြီးများမှာ
(၁) ရှဟာဒသ်=အမှန်တရားကို သက်သေထွက်ဆိုဖြင်း
(၂) ဆွလာသ်=ဝတ်ပြုတည်ဆောက်ခြင်း
(၃) ဇကာသ်=သတ်မှတ်ရန်ပုံငွေပေးဆောင်ခြင်း
(၄) ဆွိယာမ်=ဥပုသ်တည်ဆောက်ခြင်း
(၅) ဟဂ်ျ ပြုခြင်းနှင့် (၆) ဂျီဟာဒ်=သက်စွန့်ကြိုးပမ်းဆောင်ရွက်ခြင်း…..။


                                                                                                                                                                                         
   စာရေးသူ                                                                          စီစဉ်တင်ဆက်သူ
ငြိမ်းချမ်းလုလင်                                                                     မီုးစက် (အလ်အဇ်ဟရ် အစ္စလာမ့်သိပ္ပံ)                                         

No comments:

Post a Comment