Sunday 31 July 2011

{ကိုယ်ကျင့်တရားရဲ့ အဓိပ္ပာယ်}


  {ကိုယ်ကျင့်တရားရဲ့ အဓိပ္ပာယ်}
သီလဆိုတာ ကိုယ် နှတ် စိတ်နှလုံး သုံးပါးစလုံး စောင့်ထိန်းကျင့်သုံးရတဲ့ အလုပ်ဖြစ်ပါတယ်။
(၁) ကိုယ်အနေနဲ့ လက်တွေ ခြေတွေ မျက်စိတွေ နားတွေ လိင်အဂါင်္တွေ ကိုမကျူးလွန်သင့်တာ မကျူးလွန်မိအောင် မလုပ်သင့်တာတွေ မလုပ်မိအောင်ထိန်းသိမ်းရတယ်။
(၂) နုတ်အနေနဲ့  မမှန်မကန်သက်သေခံခြင်း ထိန်ချန်ခြင်း အတင်းပြောခြင်း ဂုံးချောခြင်း မလိုအပ်တဲ့စကားအပိုတွေပြောခြင်း လိမ်လည်လှည့်ဖြားခြင်း ကြမ်းတမ်းစွာပြောခြင်း  ညစ်ညမ်းသောစကားပြောခြင်း ဆဲဆိုခြင်းစတာတွေကို မလုပ်မိအောင် ထိန်းသိမ်းရတယ်။
(၃) စိတ်နှလုံးဟာ လူတစ်ယောက် အတွက်အင်မတန်မှ အရေးကြီးတယ် စိတ်ဆိုတာ အသိဥာဏ်အဆင့်ဆင့်ကိုဦးဆောင်တယ် နှလုံးဆိုတာက ခံစာချက်အသီးသီးကိုဦးဆောင်တယ် စေခိုင်းချက်အားလုံးကို ခန္ဒာကိုယ်က လုပ်ဆောင်ပေးရတယ် ဥပမာ စေတသိတ်ရဲ့ စေခိုင်းချက်ကြောင့် ပါးစပ်ကပြောရတယ် လက်ကလှုပ်ရတယ် ဒါကြောင့် လူတစ်ယောက်ရဲ့ လုပ်ဆောင်မှူ အားလုံးဟာ စေတသိတ်ရဲ့ စေခိုင်းချက်ကြောင့်ပါပဲ၊စိတ်ရဲ့ စွမ်းအင်ဟာ အတွေးအခေါ် ဆင်ခြင်တုံ့တရား နှင့် အသိဥာဏ်လွှာအဆင့်ဆင့် ဖြစ်ပြီး၊ နှလုံးသားရဲ့ စွမ်းအင်ကတော့ ခံစားမှူ ဥပမာ သီချင်းတပုဒ်ကို မျက်ရည်ကျသွားတဲ့ထိ ခံစားရတာ ကဗျာတပုဒ်ကို ခံစားရတာ လူတစ်ယောက်ကို အသက်နဲ့အမျှ ချစ်လိုက်ရတာ လူတစ်ယောက်ကို သတ်ပစ်ချင်လောက်အောင် မုန်းသွားတာ ဒါဟာ နှလုံးသားရဲ့ခံစားမှူပါ၊ အဲဒိနှလုံးသားက ဖြူစင်သွားပြီဆိုရင်လဲ အင်မတန်သိမ်မွေ့တယ် အင်မတန် နူးညံ့တယ် သနားကြင်နာ တတ်တယ် ကိုယ်ချင်းစာတတ်တယ် ၊နှလုံးသားက ဆိုးသွမ်းသွားပြီဆိုရင်လဲ  ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံးရာဟာလဲ အဲဒီနှလုံးသားပါပဲ တောထဲက ကျားတွေ ခြင်္သေ့တွေ မြွေတွေ ကင်းတွေဟာ အဲဒိလောက် ကြောက်စရာမကောင်းတော့ဘူး လူတွေကို ဒုက္ခရောက်အောင် စိတ်ဆင်းရဲရအောင် လူတွေအမြောက်အများ သေကျေပျက်စီးအောင် ရက်စက်တတ်တာ လူမဆန်အောင် ယုတ်မာတတ်တာဟာ အဲဒီ့နှလုံးသားပါပဲ ။ငါသူဋ္ဌေးဖြစ်ပြီးရင်း ဖြစ်အောင်လုပ်မယ် ငွေရှိရင် ဘာမဆိုလုပ်လို့်ရတယ် ငါသိတယ် ငါရှိမှဖြစ်မယ် ငါ့စကာပဲနားထောင် ငါပဲခေါင်းဆောင်ဖြစ်ရမယ် ဆိုတဲ့ အသိမဲ့မှူနဲ့ ငါဆိုတဲ့ မာနတရားဟာ အမှန်သစ္စာတရားကို ငြင်းပယ်သူ ကျေးဇူးကန်းသူ မောက်မာပလွှားသူ ရုတ်ရင်းကြမ်းတမ်းသူ အဖြစ်ရောက်သွားနိုင်ပါတယ် ၊ဒါကြောင့် ငါဆိုတဲ့ အတ္တ မာန ဝီစိကစ္ဆာ မိစ္ဆာဒိဋ္ဌိ တို့ကို `ငါဖျောက်မှ ငါတောက်မယ်` ဆိုတဲ့အသိလေးနဲ့ မိမိစိတ်ကို မိမိပြင်ကြည့်လိုက်ပါ ပြင်ဆင်တိုင်းရ ပြင်တိုင်းလှ ဖြစ်လာပါလိမ့်မယ်။ဘဝမှာ အမှန်တရားနဲ့ အောင်မြင်မှူကိုရရှိဖို့ဆိုရင် စိတ်ကိုစေစားပြီး သတိဆင်ခြင်တုံ့တရားနဲ့ယှဉ်လို့ ဖြူစင်တဲ့ စိတ်စေတနာနဲ့ လောကကို အကျိုးပြုအလှဆင်ဖို့ သူတော်ကောင်းတို့ရဲ့လမ်းစဉ်ကိုကျင့်ကြည့်ပါ ကိုယ်ကျင့်မှကိုယ်ရမှာဖြစ်တဲ့အတွက် ကိုယ်ကျင့်လို့ခေါ်ပါတယ်။ နောက်တနည်းအားဖြင့် သူတပါးဒုက္ခရောက်မှာကို စီုးရိမ်တာထက် ကိုယ်ဒုက္ခရောက်မှာကို စိုးရိမ်တဲ့အတွက် ကိုယ်ဒုက္ခမရောက်အောင် ကျင့်ရတာမို့လို့လည်း ကိုယ်ကျင့်လို့ခေါ်ပါတယ် ။
ကိုယ်ပစ္စည်းကို သူများမခိုတာ သူများမယူတာ သူများအလစ်မသုတ်တာ သူများအချောင်မနှိုက်တာ သူများဂွင်ရိုက်မသွားတာ ကိုယ်ကြိက်တယ်။အဲဒိတော့ ကိုယ်ကြိက်တဲ့အတိုင်း ကိုယ်လည်းလုပ်ကျင့်ပေါ့နော် သူများပစ္စည်းကိုလည်း ကိုယ်မယူနဲ့ပေါ့၊သူများပစ္စည်းကိုယ်လည်း ကိုယ်ဂွင်မရိုက်နဲ့ပေါ့ သူများဇနီးမယား သားပျိုသ္မီးပျိုလေးတွေကိုလည်း မဖျက်ဆီးနဲ့ပေါ့ ဝတ်လည်တတ်တယ် ။အဲဒိလို ကိုယ့်အတွက်ကိုယ် ကျင့်တဲ့တရားမို့လို့ ကိုယ့်ကျင့်လို့ခေါ်ပါတယ် ။နောက်တနည်းအားဖြင့် ကိုယ်ချင်းစာတရားနဲ့ကျင့်ရတဲ့ အကျင့်မို့လို့လည်း ကိုယ်ကျင့်တရားလို့ခေါ်ပါတယ် ။ဒီလိုအားဖြင့် ကိုယ်ကျင့်သီလသာလျှင် လောကမှာ အကောင်းဆုံးသောအရာဖြစ်တယ် ။
ကိုယ်ကျင့်သီလမရှိတဲ့သူဆိုရင် ဘယ်သူကမှမယုံကြည်ကြဘူး ကိုယ်ကျင့်သီလမရှိတဲ့သူဆိုရင် ပိုက်ဆံသွားချေးတောင်မှ ဘယ်သူမှပေးမှာမဟုတ်ဘူး ။ကိုယ်ကျင့်သီလတရားရှိတဲ့သူကို လုပ်ဖော်ကိုင်ဖက်တွေကယုံတယ် ပတ်ဝန်းကျင်ကယုံတယ် ကိုယ်လိုအပ်တဲ့အခါအကူအညီတောင်းလည်း လွယ်လွယ် ကူကူနဲ့ ပေးကြတယ်သီလရှိတဲ့သူဟာ စီပွားဥစ္စာတိုးတက်ခြင်းဆိုတဲ့ အကျိုးကိုဖြစ်စေနိုင်တယ် သီလမရှိတဲ့သူကို လူကောင်းတွေက မိတ်ဆွေမလုပ်ချင်ကြဘူး နာမည်ပျက်တယ် မကောင်းသတင်း အတင်းအဖျင်း ပြောခံရတယ် ပြီးတော့သီလမရှိတဲ့သူဟာ စိတ်ရဲ့တည်ငြိမ်အေးချမ်းမှူကို မရနိုင်ဘူး 
ကိုယ်ကျင့်တရား ထားရှိတဲ့သူကို လူချစ်လူခင်ပေါတယ် စိတ်ရဲ့တည်ငြိမ်အေးချမ်းမှူကိုလည်းရတယ် ကောင်းသတင်းတွေလည်း ကျော်စောတာပေါ့
{ဘယ်ပန်းရနံ့ ဘယ်လောက်မွှေးမွှေး
လေညာဆန်ရိုးမရှိ ။
ကိုယ်ကျင့်သီလပန်းရနံ့ကတော့
လေစုန်ရော လေဆန်ပါ ၊
လေအောက်ရော လေညာပါ
ထက်အောက်ဝဲယာ မွှေးပျံ့သင်းကြိုင်ပါတယ် ။}
ပစ္စည်းဥစ္စာချို့တဲ့ရင် ချို့တဲ့နေပါစေ အဝတ်အစားတွေ နွမ်းပါးရင် နွမ်ပါးနေပါစေ ကိုကျင့်သီလကောင်းတဲ့သူဟာ ဘယ်လူတောထဲသွားသွား မျက်နှာကြည်ကြည်လင်လင် ပြုးံပြုံးရွှင်ရွှင် ရဲရဲတင်းတင်း သွားရဲပါတယ် ဘာလို့လဲဆိုတော့ ကိုယ်ကျင့်သီလပြည့်စုံတဲ့သူဟာ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချရမှူ အပြည့်အဝရှိနေလို့ပါပဲ သီလရဲ့အကျိုးကြောင့် သေရဲတယ် ပူပန်စရာတွေမရှိ ငါ့မှာကိုယ်ကျင့်သီလ ပျက်စီးသွာရလေခြင်း မလုပ်သင့်တာတွေလုပ်မိလေခြင်း ဆိုတဲ့ပူပန်ခြင်းနောင်တမရှိ နှလုံးမသာယာခြင်းဆိုတာမရှိ  စိတ်ကလေးကြည်လင်နေတယ်။ ဘဝမှာ အခက်အခဲတွေ ပြဿနာတွေ ကြည်နူးစရာတွေ အံ့သြစရာအခြေအနေ အမျိုးမျိုးကိုကျော်ဖြတ်ပြီးတဲ့ အခါမှ ရောက်လာတဲ့ သေခြင်းတရားကို ကြုံတွေ့ရတဲ့သူဟာ သီလမရှိတဲ့သူဆိုရင် မချိမဆံ့ နာနာကြင်ကြင် ဝေဒနာကို အလူးအလဲခံစားရပြီး ကြောက်မက်ဖွယ်ရာ အန္တရာယ်ဆိုးကြီးနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှသေရတတ်တယ်။ သီလရှိတဲ့သူကတော့ သေခြင်းတရားကို တည်ငြိမ်အေးချမ်းစွာနဲ့ ဘဝကိုသပ်သပ်ရပ်ရပ်လေး အဆုံးသတ်သွားတယ်။ *ကလေးတစ်ယောက် အုဝဲ လို့အော်ပြီးမွေးလာတာနဲ့ လောကကြီးဟာ နွေးထွေးတဲ့အပြုံးနဲ့ ကြိုဆိုတယ်’’
*ကိုယ်ကျင့်မရှိတဲ့သူ ဆိုးသွမ်းတဲ့သူ သေသွားရင်တော့ ကမ္ဘာမြေကြီးက သူ့ရဲ့ဝမ်ဗိုက်ထဲမှာ ပြစ်ဒဏ်ပေးဖို့ ကြိုးဝါးနေတယ်’’
*သူတော်ကောင်း တစ်ယောက်သေဆုံးခဲ့ရင် လောကကြီက ယူကျိုးမရ ဝမ်းနည်းတယ်တဲ့’’
ကဲ  နိဂုံးချူပ်အနေနဲ့ ငါးပါးသီလရဲ့ ကဗျာလေးကို နှလုံသွင်းဖို့ လက်ဆောင်လေးလိုက်မယ်နော်
**ပါဏာတိပါတ် သူ့အသက်သတ်က
ချို့တတ်အင်္ဂါ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း လျှင်ခြင်းလည်ဝေး
ဘေးကိုကြောက်တတ် အသတ်ခံရာ
အနာများလျှက် ခြွေရံပျက်၍
အသက်တိုလျှ ပြစ်များစွာသည်
ရောင်ကအမြန်အကျိုးတည်း…။
**အဒိန္နဒါ ခိုးမိပါမူ
ဥစ္စာနည်းမွဲ ဆင်းရဲငတ်ဘိ
လိုရှိမရ ဘောဂပျက်စီး
ရေမီးသူခိုး မွေခံဆိုးနှင့်
မင်းဆိုးအပြား ရန်မျိုးငါးကြောင့်
ပျက်ပြားဥစ္စာ ပြစ်များစွာသည်
ရှောင်ကအမြန်အကျိုးတည်း…။
**မိစ္ဆာစာရ ကျူးလွန်ကလည်း
မုန်းကြသူများ ရန်သူပွား၍
ရှားပါးလာဘ်တိတ် ချမ်းသာဆိတ်၍
က္ကုတ္ထိပဏ္ဍုပ် မျိုးယုတ်ခါခါ
မျက်နှာမလှ အရှက်ရလျှက်
လက္ခဏက္ကုနြေ္ဒ  ယွင်းသွေချို့သိမ်
စိုးရိမ်များစွာ ချစ်သူကွာသည်
ရောင်ကအမြန်အကျိုးတည်း…။
**မုသားစကား ပြောဆိုငြားမူ
စကားမပီ သွားမညီတည်း
ပုပ်ညှီပါးစပ် ခြောက်ကပ်ကိုယ်ရေ
က္ကုနြေ္ဒနောက် ပုံယွင်းဖောက်၏
မရောက်သြဇာ နှတ်လျှာကြမ်းထော်
လျှပ်ပေါ်လော်လီ စိတ်မတည်သည်
ရှောင်ကအမြန်အကျိုးတည်း…။
**သေရည်သောက်လင့် သင့်မသင့်၌
ရေးခွင့်မသိ ပျင်းရိမေ့ရူး
ကျေးဇူးမဆပ် ဟိရောတ္တပ်ကင်း{အရှက်အကြောက်ကင်း}
စကားများရန် ခိုက်ရန်ဒေါသ
ခမင်းများထို အကုသိုလ်ကို
မငြိုလွယ်စွာ ပြုကျင့်ရာသည်
ရှောင်ကအမြန်အကျိုးတည်း…။
**အပ္ပမာဒေန သမ္ပာဒေထ*
အပ္ပမာဒေန​​​-မမေ့မလျှော့ မပေါ့မဆ ပြင်းပြထက်သန် မှန်ကန်သော သတိတရားဖြင့်
သမ္ပာဒေထ-သီလ သမာဓိ ပညာဟူသော သိက္ခာသုံးပါးတို့ကို ကိုယ်စီကိုယ်င ပြည့်စုံအောင်
ကြိုးစားအားထုတ်နိုင်ကြပါစေ…။                                                                                                                           


အို…ကျွန်တော်မျိုးတို့၏ အရှင် ကျွန်တော်မျိုးအား ဤလောက၌ ကောင်းစွာထားရှိတော်မူပါ
ထို့ပြင် ငရဲမီး၏ အပြစ်ဒဏ်မှ ကင်းဝေးစေတော်မူပါ
ထို့ပြင် တမလွန်ဘဝ၌လည်း ကောင်းစွာထားရှိတော်မူပါ…။

                                                                        သက်လွင် {ငြိမ်းချမ်းရေး မိုးစက်}                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         


                                                                                                                                                                                                                                                                                               

No comments:

Post a Comment