Saturday, 4 August 2012
ကိယာမသ်တိုင် တည်မည့် အစ္စလာမ်
တမန်တော်မြတ် ရှိစဉ်မှစ၍ အစ္စလာမ်ကို မလိုလားသူ ရန်သူတို့သည် စစ်ပွဲများ အကြိမ်ကြိမ်နွဲ၍ ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြသောအခါ များစွာသောသူတို့သည် မုနာဖိက်ခေါ် မုစ်လင်မ်အယောင်ဆောင်များ ပြုလုပ်၍ အတွင်းမှ လှိုက်စားဖျက်ဆီးရန် ကြံစည်ခဲ့ကြ၏။ တမန်တော်မြတ်မရှိသည့်နောက် ခေတ်အဆက်ဆက်တွင်လည်း ထင်ရှားစွာ တိုက်ခိုက်သော ရန်သူများ မုစ်လင်မ်အယောင်ဆောင်များ၏ အန္တရာယ်ရှိခဲ့၏။
ယနေ့တိုင် များစွာသောအနောက်တိုင်းသားတို့သည် ကုရ်အာန်ကျမ်းမြတ်၏ စိန်ခေါ်မှုကို ရင်မဆိုင်ရဲကြဘဲ ကုရ်အာန်ကို ဖျက်ဆီး ဖျောက်ဖျက်ရန် မတတ်နိုင်သောအခါ လူသားတို့ပြုစုခဲ့ကြသော ကျမ်းများအနက် အလွန်အားနည်း၍ မမှန်ကန် မခိုင်မာသော တမန်တော်မြတ်၏ သြဝါဒမှတ်တမ်းများ၊ တမန်တော်မြတ်၏ အတ္ထုပ္ပတ္တိ ဖော်ပြချက်အမှားများကို ပုံကြီးချဲ၍ တမန်တော်မြတ်နှင့် အစ္စလာမ်သာသနာကို ညစ်ညမ်းစွာ လူတို့မုန်းတီးအောင် ရေးသားဖော်ပြကြလေတော့သည်။ သို့သော် ကုရ်အာန်ဖြင့် ဆန်းစစ်ရမည် ဟူသော အဓိကအချက်ကိုမူ မပြုလုပ်ကြချေ။ မည်သို့ဆိုစေ ကုရ်အာန်သည် လူသားတို့ မှားယွင်းစွာ ပြုမူနေမှု များကို ဆန့်ကျင်လျက် မြဲမြံခိုင်မာစွာ ကမ္ဘာတည်သရွေ့ ရှိနေမည်သာတည်း။
“ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင်လျှင် ဤကျမ်းတော်ကို ချပေးသနားတော်မူ၏။ ဧကန်မလွဲ ငါအရှင်မြတ်သာလျှင် ထိန်းသိမ်းစောင့်ရှောက်တော်မူမည့် အရှင်မြတ် ဖြစ်တော်မူသတည်း” (ကုရ်အာန် ၁၅း၉)
“၄င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ တရားရောင်ခြည်ကို မိမိတို့၏ ပါးစပ်ဖြင့် ငြိမ်းသတ်လိုကြ၏။ သို့ရာတွင် ကာဖိရ် သွေဖည်ငြင်းပယ်သူများ မနှစ်မြို့ငြားကြသော်လည်း အလ္လာဟ်သည် မိမိ၏ တရားရောင်ခြည်ကို ပြည့်ဝစုံလင်အောင် ပြုလုပ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်၏။ မုရှရိက်တို့ မနှစ်မြို့ကြသော်လည်း ထိုအရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော် (မုဟမ္မဒ်)အား တရားလမ်းညွှန်နှင့်တကွ လည်းကောင်း မှန်ကန်သော ဒီန်သာသနာနှင့် လည်းကောင်း (ယင်းဒီန်သာသနာကို) ဘာသာ သာသနာ အလုံးစုံတို့ထက်ဝယ် လွှမ်းမိုးစေရန် လည်းကောင်း စေလွှတ်တော်မူမူခဲ့ပေသတည်း” (ကုရ်အာန် ၆၁း၈-၉)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment