Wednesday 30 January 2013

ဟာဂ်ျအကြောင်း

Allah, the Almighty, says: [Surely! Those who disbelieved in Our Ayat (proofs, evidences, verses, lessons, signs, revelations, etc.) We shall burn them in Fire. As often as their skins are roasted through, We shall change them for other skins that they may taste the punishment. Truly, Allah is Ever Most Powerful, All¬Wise.] Allah, the Almighty, says: [Surely! Those who disbelieved in Our Ayat (pro ofs, evidences, verses, lessons, signs, revelations, etc.) We shall burn them in Fire. As often as their skins are roasted through, We shall change them for other skins that they may taste the punishment. Truly, Allah is Ever Most Powerful, All¬Wise.] (Quran An-Nisa’: 56)
Referring to the dwellers of the Fire, Almighty Allah also says: [… and be given, to drink, boiling water, so that it cuts up their intestines?] (Quran Muhammad: 15) The Scientific Fact: Before the age of scientific discovery, it was commonly believed that the whole human body could feel pain. It was not until the role of nerve endings in the skin were discovered, that people learned about the existence of certain nerve endings which transmit feelings of pain to the brain. The skin is associated with sensitivity because it contains the majority of nerve endings. According to Dr. Head’s classification of the skin’s sensitivity, there are two groups of feelings: 1) Epictritic which senses light things, like a light touch or a slight change in temperature; and 2) Protopathic which feels pain and considerable change in temperature. Each of these categories uses certain nerve cells in addition to other receptors for sensing any environmental change.
These receptors can be categorized into four kinds: 1) Exteroceptors which are concerned with the faculty of sense and touch and which contain meissners and merkels corpuscles, 2) Krause End Bulbes which are concerned with coldness, 3) Ruffini Cylinders which are concerned with heat and 4) Nerve Endings that can transmit any feeling of physical pain. The skin is considered the part of the body that is rich with such nerve endings that transmit heat and pain. Anatomists have proved that people whose skin has been completely burnt cannot feel pain because their nerve endings are damaged. This is different from a person who has a second-degree burn, for he will experience severe pain as his nerve endings are not damaged, but are rather, uncovered. Anatomists have also proved that the small intestines do not have any receptors. However, receptors can be found between the peritoneum and the outer layer of the intestines. This area contains a lot of small bodies known as pacini. The size of the peritoneum is 20,400 cubic centimeters, which makes it equal to the size of the outer layer of the skin. Also, the receptors of the intestines are similar to those in the skin. Facets of Scientific Inimitability: A) Almighty Allah explains to us in the first verse that the skin is the part of the body that will receive the punishment, i.e. there is a connection between the skin and the sensation of pain. The verse also tells us that when the skin is burnt (i.e. in the Fire), man can no longer feel the pain of the punishment and so his burnt skin is replaced with new fresh skin where the nerve endings are functioning properly and can transmit the feeling of pain. In this way, a disbeliever will suffer due to his denial of Allah’s signs. Modern science has shown us that the majority of nerve endings are found in the skin. Prior to the invention of microscopes and the progress made in the field of anatomy, no human being could have any knowledge about this scientific fact related by the Ever-Glorious Qur'an fourteen centuries ago. This is a miracle and a great sign of Allah. The Qur'an threatens the disbelievers in the second verse that their intestines will be severed. The secret behind this threat has been solved only recently when scientists discovered that the intestines are not affected by heat. However, if they are severed, the boiling water will flow out to the place between the peritoneum and the outer layer of the intestines. This place contains a lot of nerve endings that transmit the feeling of pain to the brain and thus man will experience severe pain. These facts show the miraculous scientific nature of the Ever-Glorious Qur'an which related these facts to mankind a long time before modern science was able to give any information about them Imaan — with စင်စစ်ဧကန် အကြင်သူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား မကြာမြင့်မီ(ငရဲ)မီးထဲသို့ ထည့်သွင်းတော်မူအံ့၊ ထိုသူတို့၏ အရေပြားသည် ကျွမ်းလောင်၍သွားတိုင်း ထိုသူတို့သည် ပြစ်ဒဏ်(၏အရသာ)ကို (အမြဲမပြတ်)မြည်းစမ်းကြရန် ငါအရှင်မြတ်သည် ၄င်းတို့အား (ကျွမ်းလောင်ခဲ့သော) ထိုအရေပြား၏အစား အခြား(အသစ်ဖြစ်သော) အရေပြားကို လဲလှယ်၍ပေးတော်မူအံ့။ ဧကန်စင်စစ် “အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) ကျိုးကြောင်းပြ ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။ (ကုရ်အာန် ၄း၅၆) “မုဿကီ” သူတော်စင်များကို ကတိပေးခြင်းကို ခံကြရသော “ဂျန္နသ်”သုခဘုံ၏ အခြေအနေမှာ (ဤသို့ဖြစ်၏။) ယင်း“ဂျန္နသ်”သုခဘုံ၌ အနံ့အရသာ မပျက်သော ရေချောင်းများသည်၎င်း၊ အရသာ ပြောင်းလဲသွားခြင်းမရှိသော နို့ချောင်းများသည်လည်းကောင်း၊ သောက်သုံးသူတို့အဖို့ အထူးအနံ့ အရသာကောင်းသော ယမကာချောင်းများသည်၎င်း၊ ကြည်လင်သန့်ရှင်းစင်ကြယ်သော ပျားရည်ချောင်းများသည်၎င်း ရှိကြပေသည်။ ထိုမှတပါး ၄င်းတို့အဖို့ ယင်း“ဂျန္နသ်”သုခဘုံ၌ သစ်သီးဝလံမျိုးစုံတို့သည်လည်းရှိပေမည်။ ထိုမှတပါး ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်သည်လည်း ရှိပေမည်။ (သို့ဖြစ်ပေရာ ထိုသူတို့သည်) အကြင်သူတို့ကဲ့သို့ (ဖြစ်နိုင်ပါကြပါမည်လော။) ထိုသူတို့သည် မီးထဲ၌ အမြဲထာဝရ နေထိုင်ကြအံ့သော သူများပင် ဖြစ်ကြကုန်၏။ ထိုမှတပါး ၄င်းတို့သည် ကျိုက်ကျိုက်ဆူပွက်လျက်ရှိသောရေ တိုက်ကျွေးခြင်းကို ခံကြရမည် ဖြစ်ပေရာ ထိုရေမှာမူကား ၄င်းတို့၏ အူသိမ်၊ အူမ များကို အပိုင်းပိုင်းဖြတ်စေအံ့သတည်း။ (၄၇း၁၅)

”ဇကာသ်”ခေါ် ဆင်းရဲသားဘ၀ မြှင့်တင်ရေးခွန်


”ဇကားသ်”ခေါ် ဆင်းရဲသားဘ၀ မြှင့်တင်ရေးခွန် မွတ်စလင်မ်ဟူသည် မိမိ၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းကို ထာဝရအရှင်ပြစနစ်ဇယားအတိုင်း နေ ထိုင်ရသကဲ့သို့ မိမိတို့ပိုင်ဆိုင်သော ပစ္စည်းများအနက် နှစ်စဉ်အချိုးအစားအလိုက် ဆင်းရဲ သားများနှင့် အရေးပေါ်လိုအပ် သူများအတွက် ဘ၀မြှင့်တင်ရေးရန်ပုံငွေခွန် ပေးဆောင်ရ သည်မှာလည်း တာဝန်တစ်ရပ်ဖြစ်သည်။ ဇကားသ်(ခေါ်)ဆင်းရဲသားများနှင့်အရေးပေါ် လိုအပ်သူများအတွက် ဘ၀မြှင့်တင်ရေးရန်ပုံငွေခွန် ပေးဆောင်ရသောအကြောင်းရင်း သည် လူ့အဖွဲ့အစည်းကြီးအတွင်း ဆင်းရဲလွန်းခြင်း၊ ချမ်းသာလွန်းခြင်းဟူသောဆင်းရဲ ချမ်း သာကွာဟချက်ကို ညှိပေးသော စနစ်ဖြစ်သည်။ ဇကားသ်ဟူသော ဆင်းရဲသားများအတွက်ရန်ပုံငွေခွန်သည် စားရမဲ့သောက်ရမဲ့ဆင်းရဲ သားများကို တစ် လုပ်တစ်ဖဲ့ကျွေးမွေးရန်သက်သက်မဟုတ်ပေ။ ထိုဆင်းရဲသားများကို ဆင်းရဲသည့် ဘ၀မှလွတ်မြောက်ရန် အတွက် အရင်းအနှီးမတည်၍ ချမ်းသာကြယ်ဝနိုင် သည့် စီပွားရေးလမ်းကြောင်းပေါ်သို့ တွန်းပို့ပေးခြင်းဖြစ်သည်။ ဆင်းရဲသားများနှင့်လို အပ်ချက်ရှိသူများ ကိုပေး ကမ်းလှူဒါန်းရမည့် တာဝန်မှာ(အီမာန်)သက်ဝင်ယုံကြည်မှုနှင့် ထပ်တူထပ်မျှ ဖြစ်သည်။ အချိန်နေရာဒေသ သတ်မှတ်ချက် မရှိပေ။(ကုရ်အာန်၂း၁၇၇) ဇကားသ်သည် မိမိဆွေမျိုးသားချင်းများအတွက် ပထမဦးစားပေး ဆောင်ရွက်ရမည်ဖြစ် သည်။ လူ့အဖွဲ့အစည်းကြီးအတွင်းရှိ လူသားများသည် မိမိတို့၏ဆွေမျိုးသားချင်းများ၏ လိုအပ်ချက် များကို ဦးစားပေး ဆောင်ရွက်နိုင်ခြင်းဖြင့် ဆင်းရဲသားအများစုအတွက် ဆင်းရဲ မှုဘ၀မှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ လူ့အဖွဲ့အစည်းကြီးအတွင်းရှိ လူသားတိုင်းသည်တစ်နည်းအားဖြင့် ဆက်နွယ်လျက် ရှိသောဆွေမျိုးသား ချင်းများဖြစ်သည်။ လူတစ်ဦးချင်းသည်လည်းကောင်း မိသားစုတစ် စုချင်းသည် လည်းကောင်းလူ့အ ဖွဲ့အစည်းကြီးအတွင်းရှိ လူတိုင်းလူတိုင်းမိသားစုတိုင်း မိသားစုတိုင်း စားဝတ်နေရေးနှင့်လိုအပ်ချက်အား လုံး ချောမွေ့ရမည့်တာဝန်မှာ မွတ်စ လင်မ်တိုင်းအပေါ်တွင် တာဝန်တစ်ရပ် ဖြစ်သည်။ ဇကားသ်ဟူသည် အရဗီဝေါဟာရဖြစ်၍ အဓိပ္ပာယ်မှာ တိုးပွားခြင်းသည်။ မိမိပိုင်ပစ္စည်းဥစ္စာ တိုးပွားခြင်းမှ အခြားဆင်းရဲသားမိသားစုများ၏ ဥစ္စာပစ္စည်းများကိုပါတိုးပွားစေခြင်း ဖြစ် သည်။ လူ့အဖွဲ့အစည်းကြီးအတွင်းတွင် များသောအားဖြင့် ခိုးဆိုးလုယက်၊ တိုက်ခိုက်သတ်ဖြတ်ခြင်းများမှာ ဆာ လောင်ငတ်မွတ်၊ လိုလားတောင့်တရာမှတစ်ဆင့်၊ ဆင်းရဲလွန်းခြင်း၏ဒဏ်၊ လူရာမ ဝင်လွန်းဟုခံစားရ ခြင်း၏ဒဏ်၊ အနှိမ်ခံရသည်ဟု ထင်မြင်စွဲမှတ်လာသည့်ဒဏ်စသည့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာဒဏ်ချက် ပေါင်းများစွာမှ အခြေခံဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။ ဆာလောင် ငတ်မွတ်ခြင်းဒဏ်၊ လိုလားတောင့်တ ခြင်းဒဏ်များကို ကျင့်သားရစေရန်၊ ဆာလောင်ငတ်မွတ်လာလျှင်လည်း စိတ်ပိုင်းဆိုင်ရာစွမ်းရည်ကို မ ယိမ်းမယိုင်ကြံ့ကြံ့ခိုင်တည်မြဲနိုင်စေရန် ဥပုသ် သီလကို ပြဌာန်းထားသကဲ့သို့ ဥပုသ်သီလစောင့်ထိန်းခြင်း ဖြင့် ဆင်းရဲသားများ၏စားရမဲ့သောက်ရမဲ့ဘဝကို လက်တွေ့ခံစားလာကြသော မွတ်စလင်မ်များသည်(ဇ ကားသ်)ခေါ် ဆင်းရဲသား များ၏ ဘ၀လုံခြုံရေးခွန်ကိုလည်း လိုလိုလားလား ပေးဆောင်နှိုင်ရန်ဖြစ်သည်။ ထိုကဲ့သို့သော ဇကားသ် ဆင်းရဲသားများအတွက် ရန်ပုံငွေခွန်သည် မပေးမနေရပြဌာန်း ချက် ဥပဒေဖြစ် သည်။ ကုရ်အာန်၉း၆၀ တွင်- (ဧကန်ဆွသ်ကဟ် (ဇကားသ်)သည် ဆင်းရဲနွမ်းပါးသူတို့ အဖို့လည်းကောင်း၊ လိုအပ်ချက်ရှိနေသူတို့အ ဖို့လည်းကောင်း၊ ဇကားသ်နှင့်စပ်လျှင်း၍ အမှုထမ်းသူတို့အဖို့လည်းကောင်း၊ အမှန် တရားဘက်သို့ စိတ် ညွှတ်လာစေနှိုင်သူများအတွက်လည်းကောင်း၊ အချုပ်အနှောင်တွင် ရှိနေသူတို့အဖို့လည်ကောင်း၊ ကြွေး မြီပိနေသူများအဖို့လည်းကောင်း၊ အရှင့်လမ်းတွင်ရှိနေသူများ အဖို့လည်းကောင်း ခရီးသည်များအဖို့ လည်းကောင်းဖြစ်သည်။ ဤသည်ကား အရှင်မြတ်ထံမှပြဌာန်းထားသော ပညတ်ချက်ဖြစ်သည်။ အရှင် မြတ်သည် အကြွင်းမဲ့သိသော ဆင်ခြင်တုံတ ရားနှင့်် ပြည့်စုံသော အရှင်ဖြစ်သည်။) ဇကားသ်စားထိုက်သူ(၈)မျိုးအနက်(၀လ်အားမေလီးန်)ဇကားသ်နှင့်စပ်လျှင်း၍အမှုထမ်း များကိုလည်းဇကာသ်ငွေမှ၎င်းတို့၏လုပ်အားခကို ပေးဆောင်ရမည်ဟုပြဌာန်းထားသည်။ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဇကာသ်နှင့် စပ်လျင်း၍ အစိုးရကဖြစ်စေ အဖွဲ့ အစည်းကဖြစ်စေ ကမကထပြု၍ ဇကာသ်ကိုခွဲဝေ ပေးရာ၌ တိတိကျကျဆောင်ရွက်ရမည့် တာဝန်ရှိသည်။ တမန်တော်မြတ်(အရှင်၏အေးငြိမ်းမှုအပေါင်းခညောင်းပါစေ) ခေတ်နှင့်ခလီဖါဟ်ကြီးလေး ပါးခေတ်တို့ တွင် ဇကာသ်ကိုကောက်ခံရာတွင် စာရင်းဇယားကျွမ်းကျင်သော သူများဖြင့် ဖွဲ့စည်း ထားသောအဖွဲ့ကဦး ဆောင်ကောက်ခံသည်။ ကောက်ခံရာတွင်လည်း ချမ်းသာသူ များ၏ပိုလျှံငွေကြေးနှင့် ဆင်းရဲသူများ၏လိုအပ်ချက်ကို တွက်ချက်၍ အချိုးအစားအ လိုက်ကောက် ခံပေးဝေ သည့်စနစ်ကိုကျင့်သုံးခဲ့သည်။ ထိုက်သင့်သောဇကာသ်အရေ အ တွက်ထက် ပိုပေးလိုသူမဟာသာဝကများက မေတ္တာရပ်ခံခဲ့သည်ကိုတမန်တော်မြတ်(အ ရှင်၏အေးငြိမ်းမှုအပေါင်းခညောင်း ပါစေ)ကလက်ခံ၍ကောင်းခြီးမင်္ဂလာပေးခဲ့ကြောင်း (အဟ်မဒ်၏ မွတ်စနသ်ကျမ်း ဇကာသ်ကဏ္ဍ) တွင်ဖေါ်ပြထားသည်။ ဇကာသ်စနစ်နည်းလမ်းတိကျမှုအရေးကြီးပုံ ယနေ့မွတ်စလင်မ်နိုင်ငံများနှင့် မွတ်စလင်မ်အများစုသည် ဇကာသ်ကောက်ခံပေးဝေရေး စနစ် အားနည်း မှုကြောင့် ဆင်းရဲချမ်းသာကွာဟနှုန်း သည် နှစ်စဉ်နှင့်အ မျှပိုမိုများပြား လာသည် ကို တွေ့ရပေသည်။ ကျွန် တော်တို့ဝန်းကျင်တွင် ခေတ်အဆက်ဆက်မှယနေ့တိုင် မွတ်စလင်မ်များအတွင်း ဇကာသ်တောင်းခံသူ လူတန်းစားတစ်ရပ်ဟူ၍ သီးခြားပေါ်ပေါက် လျှက်ရှိလာသည်။ ဥပမာ ဒီနှစ်လင်နှင့်မယား နှစ်ယောက်မှ နောင်နှစ်ကလေးများပါ ဇကာသ်တောင်းရန်ပါဝင်လာလေသည်။ ကုရ်အာန်ကပြဌာန်းသော ဇကာသ်စ နစ်သည် ဒီနှစ်မိသားစုတစ်စုအား ရင်းနှီးမ တည်ပေးလိုက်ခြင်းဖြင့် ထိုမိသားစုသည် နောင်နှစ်ဇကာသ် ယူရန်မလိုဘဲ ဇကာသ်ပြန်ထုတ်နှိုင်သူဖြစ်ရမည်။ ဇကာသ်ကိုစနစ်တစ်ကျအသုံးပြုနှိုင်ခြင်းဖြင့် နှစ်စဉ် ဇ ကာသ်တောင်းသူလျှော့ နည်းလာပြီး ဇကာသ်ထုတ်နှိုင်သူ ပိုမိုများလ မည်ဖြစ်သည်။ ကုရ်အာန်ကပြဌာန်းသောဇကာသ်စနစ်ကိုမွတ်စလင်မ်များကဆောင်ရွက်နှိုင်စွမ်းမရှိသည့် အတွက် ကမ္ဘာနှင့်အ၀ှမ်း မွတ်စလင်မ်နိုင်ငံများနှင့် မွတ်စလင်မ်အများစုအတွင်းဆင်းရဲချမ်း သာ ကွာ ဟမှု နှစ်စဉ် တိုးပွားလာသည်ကို တွေ့ရပေသည်။ သို့ရာတွင် ကမ္ဘာချမ်းသာသော နှိုင်ငံကြီးများ၏ အခွန်ကောက်ခံခြင်းနှင့် ထိုအခွန်များကို ၄င်းတို့နှိုင်ငံအတွင်းရှိ လစာနည်းဝန်ထမ်းများနှင့် ပင်စင်စားများ၏ဘ၀လုံခြုံရေးကိုတာဝန် ယူထား ပုံ နည်းစနစ်မှာ ကုရ်အာန်ကပြဌာန်းသောစနစ်နှင့် တူနေသည်ကိုတွေ့ရပေသည်။ ထိုနိုင်ငံများအတွင်းရှိလူအများစုသည် လူလတ်တန်းစားများဖြစ်သည်။ ရုတ်တရက်ကျမ်း မာရေးကြောင့်သော် လည်ကောင်း အလုပ်ရပ်စဲခြင်း ခံရသည်သော်လည်းကောင်း အစိုးရကကောက် ခံထားသောအခွန်များမှ အလုံအလောက်ထောက်ပံ့သည်။ ထိုနိုင်ငံများ တွင် တောင်းရမ်းစားသောက်သော လူတန်းစားဟူ၍ သီးခြားမရှိပေ။ ကုရ်အာန်ပြဇကာသ်စနစ်သည် ဆင်းရဲသားလူတန်းစားပပျောက်ပြီး လူတိုင်းတူညီစွာဘ၀ ရပ်တည်နှိုင်ရေးဖြစ်သည့်အတွက် ဇကာသ်တာဝန်မကျေသူများနှင့်စပ်လျှင်၍ ကျမ်းမြတ် ကုရ်အာန် ၄၁း၇တွင်(အကြင်သူတို့သည်ဇကာသ်တာဝန်ကိုမကျေပြွန်ပါက တမလွန်တွင် အလ္လာဟ်ရှင်ကိုမယုံကြည်သော(ကာဖေရူးန်)ဘ၀နှင့်ရှင်ထကြရသူများဖြစ်မည်။) ဖေါ်ပြပါ ဗျာဒိတ်အားဖြင့် အစ္စ လာမ်သာသနာတွင် ဇကာသ်တာဝန်သည် အလွန်အရေး ပါကြောင်း သိနှိုင် ပေသည်။ ဆွသ်ကဟ် (ဇကာသ်)ပေးဆောင်ခြင်း၏သဘောသည် စပါးတစ်စေ့ကိုစိုက်လျှင် စပါးတစ်နှံတစ်နှံတွင် စပါးစေ့တစ်ရာစီပါသော အနှံခုနှစ်နှံပါသည့်စပါးတစ်ပင်ပေါက်သကဲ့သို့ ဇကာသ်ပေး သူဇကာသ် လက်ခံရရှိသူနှစ်ဦးစလုံးအဖို့ ၄င်းတို့၏ စီးးပွားဥစ္စာတွင် အဆပေါင်းများစွာပိုမိုတိုးပွားမည်ဖြစ်သည်။ (၂း ၂၆၁) ဇကာသ်၏ မူလရည်ရွယ်ချက်သည် တစ်ဦးကောင်းတစ်ယောက်ကောင်းတိုးပွားမှုမှ မွတ် စလင်မ်အသိုက် အမြုံတစ်ခုလုံး ကြီးပွားတိုးတက်ရေးဖြစ်သည်။ ထိုဇကာသ်သည် မိမိပိုင် ပစ္စည်းဥစ္စာ အနက်အချိုးအစားအ လိုက် ဆင်းရဲသားများနှင့်အရေးပေါ် လိုအပ်သူများ၏ ရသင့်ရထိုက်သော ငွေဖြစ်သည်။ မိမိပိုင်မဟုတ်ပေ။ ဇကာသ်ထုတ်ရန်တာဝန်ရှိသူတစ်ဦး က ဇကာသ်မထုတ်ခြင်း သည် ဆင်းရဲသားများနှင့်အရေးပေါ်လိုအပ်သူများ၏ပိုင်ဆိုင်သော ဥစ္စာပစ္စည်းကို မတရားစားခြင်းဖြစ်သည်။ သူတစ်ပါး၏ ရသင့်ရထိုက်သောပစ္စည်းကို မတ ရားသဖြင့်စားသုံးခြင်းသည် မီး ကျည်ခဲကို စားခြင်းဖြစ်သည်။ ဥစ္စာပစ္စည်း လှူဒါန်းသုံစွဲခြင်းဟူသည် လိုအပ်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး ရသော လူမှုရေးကဏ္ဍတစ်ရပ်ပင်ဖြစ်၏။ အစ္စလာမ်သာသနာဝင် မွတ်စလင်မ်ဖြစ်ပါလျှက် လူမှုရေး ကဏ္ဍတွင် တာဝန်မကြေပါက သာသနာကို ငြင်းပယ်သောသူများဟု ကျမ်းမြတ် ကုရ်အာန် ၁၀၇း၁မှ၇တွင်= (အစားပေးသောနေ့ကို ငြင်းပယ်သူအား အသင်မမြင်လေသလော) (ထိုသူသည် ဖသက်ဆိုး ကလေးများကို အဖက်မတန် ဆက်ဆံသူဖြစ်၏။) (ထို့ပြင်ထိုသူသည် စားရမဲ့သောက်ရမဲ့များကို ကြွေးမွေးရန်တိုက်တွန်းခဲ့ခြင်းလည်းမရှိပေ။) (ထိုသူတို့၏ ဆွလာသ်တည်ဆောက် မှူသည် ပျက်ဆီးဆုံးရှူံးကြကုန်၏။) (ထိုသူတို့သည် ဆွလာသ်တည်ဆောက်ခြင်း ကိုမေ့လျော့ ထားကြကုန်၏။) (ထိုသူတို့သည် လူများကို ပြသရန် ဆွလာသ် တည်ဆောက်သူများ ဖြစ်ကြ၏။) (ထို့နောက် ထိုသူတို့သည် လိုအပ်သူများ၏ တောင်းခံလာသော အသေးအမွှားပစ္စည်းများကိုပင် ပိတ်ပင် တားဆီးသူများ ဖြစ်ကြ၏။) များသောအားဖြင့် မွတ်စလင်မ်အများစုသည် လူမှုရေးကဏ္ဍများတွင် အားနည်းချက်များ ရှိနေသည်ကိုတွေ့ရပေသည်။ ကျွန်တော်တို့၏ပတ်ဝန်းကျင်တွင်အိမ်နီးချင်းမိသားစုများစား ရ မဲ့သောက်ရမဲ့ဖြစ်နေသည်ကိုလည်း သိကြသည်။ ဗလီဝတ်ကျောင်းများတွင် ကုရ်အာန် ကျမ်းများလည်းအပြည့်ရှိနေပါလျှက် လှုဒါန်းသုံစွဲရာ၌ ဗလီဝတ်ကျောင်းများတွင်ကုရ်အာန် ကျမ်းများ ကို လှူဒါန်းသူ ဦးရေကများပြီး စားရမဲ့အိမ်နီးချင်းများကိုမူ လှုဒါန်းသူ ဦးရေ က နည်းနေပေသည်။ ထိုနည်းတူစွာ မွတ်စလင်မ်မိသားစုများအတွင်း များသောအားဖြင့်တစ်အူတုံဆင်း ညီအ ကိုမောင်နှမအ ရင်းများအတွင်း၌ပင်လျှင် ဆင်းရဲချမ်းသာကွာဟမှုများက ရှိနေသည့် အ တွက် သွေး ရင်းသားရင်းမဟုတ်သောမွတ်စလင်မ်များအဖို့ ဆင်းရဲတွင်းမှလွတ်နှိုင်ရန် မလွယ်ကူပေ။ ထို့ကြောင့်ကုရ်အာန်က မွတ်စလင်မ်များသည် တစ်အူတုံဆင်းညီအကိုအ ရင်းဟူသော (အစ်ခ၀သွန် မွတ်စလင်မ်)ဟုသုံးထားသည်။ မွတ်စလင်မ်များသည် ညီအကို အရင်းများ ကဲ့သို့ဖြစ်သည်ဟူသော (အစ်ခ၀ါးနွန် မွတ်စလင်မ်) ဟုသုံးမ ထားပေ။ ထိုသို့သောအကြောင်းများကြောင့် ကျမ်းမြတ်ကုရ်အာန်တွင် လူမှုရေးကဏ္ဍကို သက်ဝင် ယုံကြည်မှုနှင့်ထပ်တူထပ်မျှ ပြဌာန်းထားသကဲ့သို့ လူမှုရေးနှင့်ဆက်နွယ်နေသောဇကာသ် ပျက်ကွက် သူသည်ကေယာမသ်နေ့တွင် အလ္လာဟ်ရှင်ကို မယုံကြည်သော (ကာဖီရူးန်) ဘ၀နှင့် ရှင်ထကြရသူများဖြစ်မည် ဟု ကုရ်အာန်၄၁း၇ ပြဌာန်းထား ခြင်းဖြစ်သည်။ အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။ ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)

ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်စေချင်သည်။

ရခိုင်ပြည်နယ်အတွင်း မတရားအကြမ်းဖက် သတ်ဖြတ်ခဲ့မှုများကို ကြည့်ပြီး ကမ္ဘာ့လူခတ်သိမ်းတို့က အမျိုးမျိုးဝေဖန်ခဲ့ကြ ပါတယ်။မြန်မာသမိုးင်းတွင် တစ်ခါမျှမဖြစ်ခဲ့ဖူးတဲ့အဖြစ်တစ်ခုဆိုတာ အားလုံးက မှတ်ချက်ပေးခဲ့ကြပါတယ်။ ကောင်းပြီ ဒီပြသနာအရပ်ရပ်ကို ဘယ်သူက ဦးဆောင်လုပ်သလဲဆိုတာကမေးခွန်းတစ်ခုပါ။ ဒါရည်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုတာက အခိုင်အမာပြေားရဲးတဲ့ ကိစ္စတစ်ခုဘဲ။ဘယ်သူ့အပေါ်မှာတာဝန်အရှိဆုံးလဲ၊ ဘယ်သူကဒီပြသနာကို ကိုင်တွယ်ဖြေရှင်းရမလဲ၊ ဒီပြသနာအတွက် ဘယ်သူကတာဝန်ခံမှာလဲဆိုတာက ရှိလာပြန်တယ်။အဲတော့ ကျွန်တော်အနေနဲ့လည်း ပြန်စဉ်းစာကြည့် တော့ ဟုတ်ပါတယ် ဒီပြသနာအတွက် မြန်မာနိုင်ငံတွင် ဦးဆောင်ဖြေရှင်းပေးမယ့်သူ တစ်ဦးတစ်ယောက်မျှ မရှိဘူးဆိုတဲ့ကိစ္စ အပေါ်ကျွန်တော် တော်တော်အစာမကြေဖြစ်ခဲ့တယ်။ကောင်းပြီး ဆက်ပြေားပါမယ် ကျွန်တော်တစ်ခုသွားသတိရမိတယ် တစ်ချိန်တုန်းက အမေရိကန်ပြည်ထောင်စုမှာလည်း ဒီလိုအဖြစ်အပျက်လေးတစ်ခုဖြစ်ခဲ့ဘူးတယ်။ အဲဒါလေးကို ကျွန်တော် အရင်ရှင်းပြပါမယ်။တစ်ချိန်က ငွေဝယ်ကျွန်အဖြစ်အသုံးပြုခြင်းခံခဲ့ရသော နီဂရိုးလူမည်းများကို အမေရိကန် သမ္မတ အီဗရာဟင်မ် လင်ကွန်းလက်ထက်မှာ ကျွန်အဖြစ်မှ လွပ်လပ်ခွင့်ပေးခဲ့ပါတယ်။ထိုကစ္စကိုမကြေနပ်တဲ့ လူဖြူတစ်ဦးက သမ္မတအီဗရာဟင်မ် လင်ကွန်းကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ နောင်တွင် (Ku Klux Klan) ဆိုတဲ့ ကေသုံးလုံး ကိုဏ်းကိုထူထောင်ပြီး လူမည်းတွေ ကို သတ်ဖြတ်ခဲ့ပါတယ်။လူမည်းထောင်ပေါင်းများစွာဟာ လူငါးသိန်ကျော်လောက်နဲ့ ဖွဲ့စည်းထားတဲ့ ကေသုံးလုံးကိုဏ်မှ မတရာသတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါတယ်။ထိုကေသုံးလုံးကိုဏ်းကို အမေရိကန် ကွန်ဂရက် လွှတ်တော်က ဥပဒေဖြင့် (မတရားအသင်းဟု) ကြေငြာခဲ့ပါတယ်။လူဖြူတွေရဲ့အဓိက ရည်ရွယ်ချက်ကတော့ လူမည်မှန်သမျှဟာ ငွေဝယ်ကျွန်အဖြစ်နဲ့ ဘဲနေထိုင်ဖို့ပါ။
(၁)လူမဲများသည် လူဖြူများအသုံးပြုသော အိမ်သာကို မတက်ရ။
(၂)ဘစ်ကားပေါ်တွင် လူဖြူများဝင်လာပါက လူမဲမှထပေးရမည်။
(၃)လူဖြူကလေးငယ် တက်သောကျောင်းတွင် လူမဲကလေးမတက်ရ။
(၄)လူဖြူစားသောင်ဆိုင်အတွင် လူမဲမ၀င်ရ။
(၅)လူဖြူကြိုက်သောနေရာတွင် လူမဲများ အိမ်ငှားနေခွင့်မရှိ။
(၆)လမ်းမကြီးပလက်ဖောင်းပေါ်တွင် လူဖြူက လမ်းလျှောက်လာပါက လူမဲမှပလက်ဖောင်အောက်ကို ဆင်းပေးရသည်။
(၇)(၁၄)နှစ်သားလူမဲမှ မျက်နှာဖြူမလေးကို ရည်းစားစကားလိုက်ပြေားသဖြင့် ကေသုံးမှ လိုက်လံရှာဖွေသတ်ဖြတ်ခဲ့သည်။ (၈)လူမဲများ မဲပေးပိုင်ခွင့်မရှိ။
ဒီလိုမျိုးတွေခွဲးခြားကန်သတ်လာခဲ့ကြတာ နှစ်ပေါင်းတော်တော်များများပေါ့။ နောက်တော့လူမဲတွေကို ဦးဆောင်မှု့ပေးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပေါ်ထွန်းလာခဲ့ပါတယ် သူ့နာမည်က Malcolm X တဲ့ သူဟာလူမဲတွေ အနှိမ်ခံဘ၀မှာနေရတဲ့အတွက် များစွာဝမ်းနဲးခဲ့ပါတယ်။ နောက်တော့သူထောင်ကျတယ် ထောင်ထဲမှာ တကယ်နိုင်ငံခေါင်းဆောင်တွေနဲ့သူတွေ့ခဲ့တယ် စာအုပ်စာပေတွေကို သူလေ့လာတယ်။ အဲဒီမှာသူတကယ်လိုချင်တဲ့ လူဖြူလူမဲခွဲးခြားတဲ့ပြသနာကို သူသွားတွေ့တယ် အစ္စလာမ်သာသနာမှာ လူဖြူလူမဲခွဲးခြားမှူ မရှိတာကို သူသွားတွေ့တယ် ထောင်ထဲမှာအစ္စလာမ်ကိုလက်ခံလိုက်တယ် ကမ္ဘာကြီးတိုးတက် ပြောင်းလဲ လာသည်နှင့် တစ်ပြေးညီ ဒီမိုကရေစီဆောင်ရွက်ချက်တွေဟာလည်း တစ်ဖြေးဖြေးနဲ့ ရှင်သန်လာခဲ့ပါတယ်။ သူထောင်ကနေထွက်လာတော့ လူမဲတွေကို မိန်ခွန်တွေခဏခဏပြေားခွင့်ရတယ်။ လူမဲတွေလဲသူ လက်ခံတဲ့ အစ္စလာမ်ကို လက်ခံလာခဲ့ကြတယ်။ နောက်ဆုံးမှာတော့ Malcolm X မိန့်ခွန်းပြေားနေစဉ်မှာဘဲ လူဖြူ ကေသုံးလုံဂိုဏ်မှ လူသတ်သမားသုံဦးရဲ အကြမ်းဖက် ၀င်ရောက်ခါ တရစက်ပြစ်ခတ်ခြင်းကို ခံလိုက်ရရှာပါတယ်။ အဲဒီမှာဘဲ သတ်နပ် ဆယ်နှစ်ချက်ထိမှန်ပြီး အလ္လာဟ်သျှင်မြတ်အမိန့်တော်ခံယူခဲ့ပါတယ်။ ကျွန်တော်ဒီအကြောင်းကို ဘာကြောင့်အခုလို Malcolm X နဲ့ လူမဲအကြောင်းကိုမှ ရွေးချယ်ပြီး ပြေားခဲ့ရသလဲဆိုတာ ပြန်ရှင်းပြပါ့မယ်။ လက်ရှိကျွန်တော်တို နိုင်ငံတွင် ဖြစ်ပွားခဲ့တဲ့ ပြသနာများကို ပြန်သုံးသတ်မိလို့ပါ။ သေချာလေ့လာကြည့်ပါ။ နောက်ဆုံးမှာအချက်နှစ်ခုဘဲကွားခြားနေတာကို တွေရမှာဖြစ်ပြီး အကုန်တူညီနေတာကိုတွေ့ရမှာပါ။
(၁)ကုလား ကုလားဟုခေါ်ပြီး လူကို အနိမ်ခံဘ၀မှာထားခြင်း
(၂)ရခိုင်တွေဘဲ မြန်မာပြည်အနှံ မည်သည့်နေရာမဆိုသွားခွင့်ရှိပြီး ကုလားဆိုတဲ့ အနှိမ်ခံတွေက တောင်ကုပ်လောက်ထိလာ လို့ လူဆယ်ဦးကိုသတ်ပြစ်ခြင်း။
(၃)ဒီရပ်ကွက်၊ ဒီလမ်း၊ ဒီမြေ၊ ဒီနေရာဟာ ငါတို့နေရာ ကုလားတွေလာနေပိုင်ခွင့်မရှိဟု ခွဲးခြားထားခြင်း။
(၄)ခေတ်အဆက်ဆက်ကနေမှ စရ်ျ ကုလားမျာကို သုတ်သင်ရှင်လင်းလာခဲ့တာ သမ္မတဦးသိန်းစိန်အလှည့်တွင် ကုလားများ မျိုးတုန်းသတ်ဖြတ်ခံလိုက်ရခြင်း။
(၅) ကုလားများကို လွှတ်တော်ဆိုတဲ့နေရာတွင် မထိုက်တန်ပါဟုဆိုကာ ဖယ်ထုတ်ပေးရန်တောင်ဆိုနေကြခြင်း။
(၆)ကုလားများဆိုင်တွင်ဈေးမ၀ယ်ရ၊ ကုလားများနှင့်အိမ်ထောင်မပြုရ၊ ကုလားဆိုသူနှင့်လုံးဝ ပတ်သတ်မှူမရှိစေရလို့ တောင်း ဆိုနေခြင်း။
(၇)မည်သည့်ဥပဒေနှင့်မျှ ကုလားများကို နိုင်ငံသား/တိုင်းရင်းသားထဲသို့ မ၀င်လာအောင် အာဏာပိုင်းများမှ အစပြုရ်ျဖန်တီးနေခြင်းတို့သည်။ လူသားချင်းခွဲးခြား ဆက်စံမှူသာဖြစ်ပြီး။မြန်မာပြည်၏ ဒီမိုကရေစီပင်လျှင် ကုလားများအား ငရဲးတွင်းသို့တွန်းချခံလိုက်ရခြင်းပင်ဖြစ်သည်။ အဲတော့ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သား ညီနောင်မွတ်စလင် အပေါင်းတို့ ကျွန်တော်တို့၏ ဒီမိုကရေစီသည် ကျွန်တော်တို့ညီနောင်များအား အရှင်လတ်လတ် အရေခွန်စုတ်သလို ဖြစ်နေ ပါသဖြင့် ဒီမိုကရစီလှုတ်လျှားဆောင်ရွက်သူ ညီနောင်မွတ်စလင်များအနေဖြင့် မိမိတို့လှုတ်လျှားဆောင်ရွက်နေသော ဒီမိုကရေစီသည် မည်သည့် ဒီမိုကရေစီဖြစ်နေသည်ကို အထူးသတိပေးအပ်ပါသည်။
ကောင်းပါပြီ အထက်တွင်ဖော်ပြခဲ့သေား လူမဲများအကြောင်းနှင့် ကုလားများအကြောင်းကို ကောင်းမွန်စွာသိရှိပြီးဖြစ်သည်ဟု မျော်လင့်မိပါသည်။ ဆက်လက်တင်ပြရန်အနည်းငယ်သာကျန်ပါတော့သည်။ အခုလိုစိတ်ရှည်သည်းခံစွာ ဖက်ကြားပေး သူတိုင်းအား ကျွန်တော် အောင်ကျော်မိုး ကျေးဇူးတင်မဆုံးဖြစ်မိပါသည်။နိဂရိုးလူမျိုးများဟု လူဖြူများမှ လူမဲများအား ခေါ် ဝေါ်ခြင်းကို လူမဲများအလွန်စိတ်ဆိုးသည် ဒီလိုခေါ်ဝေါ်နေခြင်းမျိုးကို မကြိုက်ပါ။သို့သော်လည်း လူဖြူများက ခေါ်သည်။ မကြိုက်မှန်သိသည်။ သို့သော်ခေါ်သည်။ အဲဒီလိုဘဲကုလားများဟုခေါ်ဝေါ်ခံနေကြသူများသည် အစ္စလာမ်ဘာသာ ကိုးကွယ် ပြီး မွတ်စလင်ဟု တကမ္ဘာလုံးက အသိအမှတ်ပြုခေါ်ဝေါ်နေကြသော်လည်း မြန်မာပြည်ရှိ စာတက်ပေတက်ပုဂ္ဂိုလ်ကြီးများက ကုလားဟုပင်ခေါ်ဝေါ်နေကြသည်။ ကုလားဟုခေါ်သော် မကြိုက်ပါ၊သို့သော် မကြိုက်မှန်းသိသည် ခေါ်သည်။မည်သို့ပင်ဖြစ် ပါစေ လူတစ်ဦးတစ်ယောက်က မကြိုက်သည်ကို ပြုမူခြင်း၊ ပြေားဆိုခြင်း၊ ပြုလုပ်ခြင်း အစရှိသည်တို့သည် မည်သည့် တရာတော်နှင့်မျှ မကိုက်ညီပါသဖြင့် ဒီစာကိုဖက်ပြီး ပြုပြင်မည်ဆိုပါက များစွာဝမ်းသာမိပါသည်။ အမေရိကန်နိုင်ငံတွင် လူဖြူ/လူမဲ ပြသနာသည် တစ်ဖြေးဖြေးနှင့် လျှော့သွားပြီး လက်ရှိအချိန်တွင် လူမဲဘက်မှ သမ္မတအဆင့်ထိ ဖြစ်ခွင့်ရရှိခဲ့ပြီး မိမိတို့နိုင်ငံမက တစ်ခြားသော နိုင်ငံများအပေါ်သို့ပါလွှမ်းမိုးနိုင်ခဲ့ပြီးဖြစ်သည်။ လက်ရှိ အမေရိကန်သမ္မတ အိုဘားမားသည် လူမဲထဲမှ ပေါက်ဖွားလာသော်လည်း အမေရိကန် တစ်မျိုးသားလုံးက လေးစားကြည်ညိုကြသည်။ အားကိုးကြသည်။ မိမိတို့သည် မိမိတို့နိုင်ငံတွင် လူဖြူ/လူမဲ မခွဲးခြားဘဲ ရှေ့ဆက်သွားမည် မူဝါဒလမ်းစဉ်းများကို မှန်မှန်ကန်ကန် သိမြင်ပြီး ဒီမိုကရေစီ၏ အနှစ်သာရကိုရင်ဝယ်ပိုက်ခါ မိမိတို့၏ တိုတောင်းသော ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်း နေကြသည်။ထိုကဲ့သို ပင်ကျွုန်ုပ်တို့ နိုင်ငံသည်ပင် အီကဲ့သို့ဖြစ်လာစေချင်သည် ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်စေချင်သည်။ မိမိတို့ဘ၀မှာ အသက်အိုးအိမ် အတွက် ဘစ၏အာမခံချက်လိုချင်သည်။ မည်သည့်ဘာသာဝင်မဆို ခွဲးခြားဆက်စံခြင်းမပြုဘဲ တစ်ဦးကို တစ်ဦး လူ့ဂုဏ်သိက္ခာရှိခြင်းကို သိရှိပြီး အပြန်အလှန်လေးစားစွာ အတူယှဉ်တွဲနေထိုင်ချင်သည်။ ဖွံဖြိုးတိုးတက်သောနိုင်ငံ တစ်ခုအဖြစ် ရပ်တည်လာနိုင်သည့် အချိန်တွင် မိမိတို့၏ အတူတစ်ကွ ကြိုးစားအားထုတ်မှူကို ပုံဖော်ကာ ကြည်နူးဝမ်း သာရခြင်းဟူသော အရသာကို ခံစားချင်သည်။လက်ရှိအစိုးရတစ်ရပ်သည် နောက်နှစ်ပေါင်းများစွာ ပြည်သူဆန္ဒနှင့်အညီ အုပ်ချုပ်မည်ဆိုပါက များစွာဂုဏ်ပြုဝမ်းသာမိပါသည်။ သို့သော်လည်း လက်ရှိအခြေနေတွင် ဖြစ်ပွားခဲ့သော်ပြသနာများအား တာဝန်ယူရန် အထက်ပါစာကြောင်းများမှာ ဖော်ပြခဲ့ခြင်းဖြစ်သည်။နိုင်ငံတစ်နိုင်ငံဟု မဆိုထားနှင့် မည်သည့်ကိစ္စအသေးအဖွဲး ပင်ဖြစ်နေပါစေ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ ရှိစမြဲပင်၊ ဒါကြောင့် နိုင်ငံတော်သမ္မကြီးနှင့် ပြည်သူလူထုတစ်ရပ်လုံးအား ကျွန်တော်၏ အားနည်းချက်ကြောင့် ပုံဖော်ပြေားဆိုနိုင်ခြင်း မရှိသော အကြောင်အရာကိစ္စတစ်ချိုကိ အမေရိကန် နိုင်ငံ၏ လူမဲပြသနာတစ်ရပ်ဖြင့် ပုံဖော်ပြခြင်းဖြစ်ပါသည်။ ဒီစာကိုဖက်နေစဉ်အချိန်အတွင် အောင်ကျော်မိုး၏ ရင်တွင်စိတ်စေတနာ အမှန်ကို သိရှိနိုင်မည်ဟု မျော်လင့်မိပါသည်။တစ်ခါတစ်ရံ လူ့သဘာဝနှင့် အညီ ဒေါးသဖြစ်မှူများကိုလည်း ပွင့်လင်းစွာ ပုံဖော်ပြသလျှက်ရှိပါသည်။သိုသော် အောင်ကျော်မိုး၏ မည်သည့် ပုံဖော်မှူကိုမဆို နိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံးကို ကောင်းစားစေလိုသော ကြောင့်ဖြစ်သည်ကို မိမိရင်ဝယ်အတွင် မှတ်သားပေးပါရန်တောင်ဆိုအပ်ပါသည်။ ဆက်လက် ရ်ျလည်း တိုင်ပြည်ကောင်းကျိုးအတွက် ဆောင်ရွက်သွားမည်ဟု အဆုံးအဖြတ်ပြုပါသည်။ နိုင်ငံတစ်ဝှမ်း ချစ်ခင် လေးစားစွာဖြင့် နိုင်ငံအကျိုး ပြည်သူ့အကျိုးကို အပြန်အလှန်ဆက်သွယ် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း
အောင်ကျော်မိုး
ဗမာ့တိုင်းရင်းသားမွတ်စလင်
E-mail : burmanativemuslim@gmail.com,

ဒေါက်တာ ဦးမြင့်သိန်း

Sami Yusof

Monday 7 January 2013

လင်ခန်းမယားခန်းပြတ်စဲမှူဥပဒေ

အစ္စလာမ့်အခြေခံဥပဒေတွင်၊ကျမ်းမြတ်ကုရ်အာန်သည် လူသား တစ်ရပ်လုံးအတွက်အခြေ ခံဥပဒေဖြစ်သည်။ ထိုဥပဒေ အား ရေးဆွဲပြဌာန်းသူမှာ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်ပင်ဖြစ် သည်။      တ မန်တော်သည် ဗျာဒိတ်ကုရ်အာန်ကို ချပေးခြင်းခံရသူဖြစ်သည်။ သို့ရာတွင်တ မန်တော်သည် ကုရ်အာန်၏အခြေခံဥပဒေနှင့် မြူမှုံမျှဆန့်ကျင်ပိုင်ခွင့်မရှိပေ။ ထိုဥပဒေ အတိုင်းသာဘဝ တည်ဆောက်ခဲ့ခြင်း၊ ထိုဥပဒေအတိုင်းသာ လူသားတစ်ရပ်လုံး ကို ပို့ချ ခဲ့ခြင်းဖြစ်သည်။ ထိုဥပဒေနှင့် ဆန့်ကျင်၍ဟောပြော ပို့ချခဲ့ခြင်းအလျင်းမရှိခဲ့ပေ။ကျမ်းမြတ် ကုရ်အာန်(ရး၂၀၃) ကျမ်းမြတ်ကုရ်အာန်တွင် လင်နှင့်မယား ပြတ်စဲမှုှုှု ဥပဒေကို စူရာတွလာက်ဟူ၍ ကုရ်အာန် ပါကဏ္ဍ ၁၁၄-ခု အနက် သီးခြားကဏ္ဍ တစ်ရပ်ပြဌာန်းထားပြီးဖြစ်သည်။ ထို ဥပဒေ၌ ၊
(၁) လင်နှင့်မယားကွာရှင်းလိုပါကခုံသမာဓိထားရမည်။ ၄း၃၅
(၂)ကွာရှင်းရာ၌ စောင့်ဆိုင်းကာလကိုရေတွက်နိုင်ရန် ရာသီပန်းပွင့်ပြီး ပြန်လည်သန့်ရှင်းချိန်၌သာ ကွာရှင်း ပြတ်စဲရမည်။ ၆၅း၁
(၃) တွလာသ်တစ်ကြိမ်ပေးပြီး စောင့်ဆိုင်းကာလသည် ရာသီပန်းပွင့်သော အမျိုးသမီးများအတွက် ရာသီ သုံးခါပွင့်သည်အထိ စောင့်ဆိုင်းရမည်။၂း၂၂၈
(၄) တွလာသ်တစ်ကြိမ်ပေးပြီး စောင့်ဆိုင်းကာလသည် ရာသီပန်းမပွင့်သော အမျိုးသမီးများအတွက်သုံး လထိ စောင့်ဆိုင်းရမည်။၆၅း၎
(၅) တွလာသ်တစ်ကြိမ် ပေးပြီးစောင့်ဆိုင်းကာလသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ကလေး မွေးပြီးအထိ စောင့်ဆိုင်းရမည်။၆၅း၎
(၆) ကွာရှင်းခံရသောဇနီးက အိမ်မှဆင်းမသွားရ လင်ယောက်ျားကလည်း ဇနီးအားအိမ်မှနှင်မချရ ၆၅း၁
(၇) ကွာရှင်းပြီး စောင့်ဆိုင်းကာလအတွင်း လင်နှင့်မယားအတူနေရမည်။ အတူနေစဉ်ပြန်လည်ပေါင်းနိုင် ရေးကို နှစ်ဦးစလုံးကဖန်တီးရမည်။ ထိုကဲ့သို့ဖန်တီးရာ၌ လင်ယောက်ျား တွင်သာပို ၍အခွင့်အရေးရှိ သည်။ ၂း၂၂၈
(၈)ထိုသုံးလအတူနေစဉ်အတွင်း နှစ်ဦးစလုံးတွင် ပြန်ပေါင်းလိုစိတ်မရှိတော့ပါက ဒုတိယ(တွလာသ်)ကွာ ရှင်းပြတ်စဲမှုကို ကျေညာရမည်။ ဒုတိယစောင့်ဆိုင်းကာလ(၃)လ ထပ်မံစောင့်ဆိုင်း ရမည်။ စုစုပေါင်း (၆) လအတွင်း ပြန်ပေါင်းလိုပါက ပြန်ပေါင်းနိုင်သည်။ မပေါင်းလိုတော့ပါက စွန့်လွတ်ရမည် ဖြစ်သည်။ ၂း၂၂၉
(၉) အပြီးစွန့်လွတ်ရန်အတွက် နောက်ဆုံးတွလာသ်ပေး၍ စွန့်လွတ်ရမည်။ ထိုနောက်ဆုံးတွလာသ်ပေးပြီး လင်နှင့်မယားစပ်ကြား လုံးဝပြန်ပေါင်း၍မရနိုင်တော့ပေ။ အကယ်၍ ထိုအမျိုးသ မီးအနေဖြင့် နောက် အိမ်ထောင်ပြု၍ နောက်အိမ်ထောင်နှင့်ကွဲသွားပါက (သို့မဟုတ်) ခင်ပွန်းသေဆုံးသွားပါက နှစ်ဦးသဘော တူပြန်လည်၍ ထိမ်းမြားခွင့်ပြုထားသည်။ ၂း၂၃၀ (၁၀) တွလာသ်နှင့်စပ်လျင်း၍ ယောက်ျားနှင့်မိန်းမတို့ နှစ်ဦးစလုံးတို့သည် တူညီသော အခွင့်အရေးများရှိ သည်။ ၂း၂၂၉ ဤသည် ကျမ်းမြတ်ကုရ်အာန်က ပြဌာန်းထားသော အမြဲတန်းလန်းဆန်းသစ်လွင်နေသည့် လင်ခန်းမယား ခန်းပြတ်စဲသော ဥပဒေဖြစ်သည်။ လင်နှင့်မယားစပ်ကြား တော်ရုံတန်ရုံ ကိစ္စကြီး ငယ်များကိုအခြေခံ၍ ကွာရှင်းပြတ်စဲကြမည်ကို မလိုလားသောကုရ်အာန်၏ပြတ် စဲမှုဥပဒေဖြစ်သည်။
အကယ်၍တစ်ဦးနှင့်တစ် ဦးကွာရှင်းပြီးပါကစောင့်ဆိုင်းကာလအိမ် တွင် အတူနေစဉ် (၆) လအတွင်းနှစ်ဦးစလုံးအဖို့ ပြန်ပေါင်းလိုစိတ်မရှိတော့ပါကသွေးအေး စွာဖြင့် လမ်းခွဲခြင်းသာဖြစ်သည် အကယ်၍ သံယောဇဉ်ရှိနေသေးပါက အပြီးအပြတ် သွလာသ်ဟုခေါ်သော(၃) ကြိမ် ၊မြောက် သွလာသ် မတိုင်ခင်(၆)လအ တွင်းပြန် လည် ၍ပြေလည် သွားကြမည်သာဖြစ်သည်။ ထိုကဲ့သို့အပြီးအပြတ်ကွာရှင်းပြီးပါ က သားသမီး များကို လင်ယောက်ျားကတာ ဝန်ယူရ မည်။
ကုရ်အာန်ပါတွလာသ် ဥပဒေအတိုင်း ကိုမွတ်စလင်မ်များ၊ မွတ်စလင်မ်နိုင်ငံများ ထက်ပိုမို၍ အမေရိကန် ပြည်ထောင်စုက ဥပဒေပြဌာန်း၍ တိကျစွာလိုက်နာသည်ကို တွေ့ရပေသည်။ သို့ရာ တွင်မွတ်စလင်မ်အများစု သိထားသောလက်တွေ့ကျင့်သုံးနေသည့် ဥပဒေများ တွင် ယောက်ျားများကသာတွလာသ် ပေးပိုင် ခွင့်ရှိ၏။ထိုကဲ့သို့လင်ယောက်ျားက တွ လာသ်ပေးရာတွင်လည်း ခုံသမာဓိမလို၊ အစ်ဒသ်စောင့်ဆိုင်းကာလမလို လင်ယောက်ျား ကဒေါသဖြစ်၍သော်လည်းကောင်း အရက်မူး၍သော်လည်းကောင်း ကြည်စယ်၍သော် လည်းကောင်း၊တစ်ကြိမ်တစ်ခါ တည်း သုံးတွလာသ်ဟုဆိုရုံဖြင့် တွလာသ်အထမြောက် သည်။
ဤသည် မွတ်စလင်မ်အများစု လက်တွေ့လိုက်နာကျင့်သုံးလျက်ရှိသောလင်ခန်းမယား ခန်းပြတ်စဲသည့် ဥပဒေဖြစ်သည်။ ထိုကဲ့သို့စိတ်လိုက်မာန်ပါ လင်ယောက်ျား၏နှုတ်ထွက် စကားတစ် လုံးထဲနှင့်လင်နှင့် မယားစပ်ကြား လုံးဝဥဿုံပြတ်စဲခဲ့ကြရ သည်။ ထိုကဲ့ သို့စောင့်ဆိုင်းကာလမရှိဘဲ ပြတ်စဲခဲ့ကြသည့်အတွက်စိတ်ဆိုးပြေသွားသောအချိန်များ ၌ လင်နှင့်မယားစပ်ကြား သံယောဇဉ်မပြတ်ဘဲ ပြန်လည်ပေါင်းရန် နည်းလမ်းရှာကြသည်။ ထိုအခါလက်ရှိ မွတ်စလင်မ်များ၏ လက်တွေ့ကျင့်သုံးနေသော ဥပဒေအရ(ကုရ်အာန်ပါ ဥပဒေကိုဆိုခြင်းမဟုတ်၊)ထိုလင်နှင့် မယားပြန်လည်ပေါင်းနိုင်ရန် အတွက်ထိုဇနီးအား အခြား အမျိုးသားတစ်ဦးနှင့်ခေတ္တ (နေကာ)ဖတ်စေပြီး ထိုအမျိုးသားကပြန်လည်ကွာရှင်း ခဲ့ သည့် အခါတွင်မှ၎င်းတို့နှစ်ဦးပြန်ပေါင်း ထုတ် ကြသည်။
ကုရ်အာန်တွင် (ဖတွလ်လေကူးဟွန္နလေအစ်ဒသေဟင်းန) (အစ်ဒသ်ရက်ကိုရေတွက်နိုင် သည့်အချိန်ကာလ၌သာ အသင်တို့တွလာသ်ပေးကြ)ဟု လက်ဦးမဆွကပင်မိန့်ဆိုထားပြီး ၊ဖြစ်သည်။ ကုရ်အာန်အရ လင် နှင့်မယားစပ်ကြား “အစ်ဒတ်”ဟူသောစောင့်ဆိုင်းကာလ ကို လုံးဝအခြေခံ၍ ပြဌာန်းထားသော ဥပဒေ ဖြစ်သည်။ ထိုကဲ့သို့ပြတ်စဲရာ၌ လင်နှင့်မ ယားနှစ်ဦးစလုံးက သဘော တူကွာရှင်းပြတ်စဲလိုပါကလည်း (၆) လဟူသောတွလာသ်နှစ် ကြိမ်၏ စောင့်ဆိုင်းကာလမပြီးမချင်း လုံးဝဥဿုံကွာရှင်းပြတ်စဲမှု အထမဖြစ် ပေ။
ထိုကဲ့သို့ကွာရှင်းရာ၌လည်း နှုတ်မှထွက်သော (တွလာသ်)၏ အကြိမ်ပေါ်တွင်မူတည်၍ ပြဌာန်းထားသော ဥပဒေမဟုတ်ပေ။ စောင့်ဆိုင်းကာလကို အခြေခံထားသော ဥပဒေသာဖြစ်သည်။ (တွလာသ်)တစ်ကြိမ်၏ စောင့်ဆိုင်းကာလ (၃)လမပြည့်မီအလျင် အခြား(တွလာသ်)ဟူသောဝေါဟာရကို မည်မျှပင်ပေးစေကာမူ သတ်မှတ်ပြဌာန်းထားသော စောင့်ဆိုင်းကာလအတွင်း တစ်ကြိမ်သာအထမြောက်မည်။
ကျမ်းမြတ်ကုရ်အာန်ပါ တွလာသ်ဆိုင်ရာဥပဒေများကို မွတ်စလင်မ်မဟုတ်သူတစ်ဦးအား ၎င်းတတ်သိသော ဘာသာစကားဖြင့် ဖတ်ခိုင်းခြင်းဖြင့် ထိုသူသည်အထက်မှ ဖော်ပြ ထားသော ကုရ် အာန်ဆိုင်ရာတွလာသ် ဥပဒေကို တထိုင်တည်း နားလည် သဘောပေါက် သွားမည်သာဖြစ်သည်။
ရေတိမ်နစ်ခဲ့ကြရသော မွတ်စလင်မ် ဇနီးမောင်နှံများ
ထိုသို့ လင်ယောက်ျား၏ နှုတ်ထွက်စကားကို အခြေခံ၍မဟာဖိုဝါဒဖြင့်နိုင်လိုမင်းထက်ပြု ကွာရှင်းပြတ်စဲမှုများကြောင့် များစွာသောဇနီးမောင်နှံတို့သည် မပြတ်စဲသင့်ဘဲ ပြတ်စဲကြရ သည့်အခြေ အနေသို့ရောက်ရှိကြရလေသည်။ သုံး(တွလားက်)ဟူ၍တစ်ကြိမ်တည်း ကို (တွလာက်)ပေးခြင်းခံရသော ဇနီးသည်စောင့်ဆိုင်းကာလ (၃)လအ တွင်း၊ ဇနီးအဖြစ် တရားဝင်ရှိနေသေး သည်။ အ ချိန်မရွေးပြန်လည်ပေါင်း ပိုင်ခွင့်ရှိနေသေးသည်။ ထိုတရား ၀င်ရှိနေသေးသော ဇနီးအားခင်ပွန်းက တစ်စိမ်းယောက်ျားတစ်ဦးနှင့်ခေတ္တအငှား(နေ ကာဟ်)ဖတ်ပေးတော့မှသာ လင်နှင့်မယား စပ်ကြား လုံးဝဥဿုံကွာရှင်းပြတ်စဲခြင်း အဖြစ် သို့ရောက်ရှိသွားတော့သည်။
အဘယ်ကြာင့်ဆိုသော် ကုရ်အာန်အရ အိမ်ထောင်သည်အမျိုးသမီး(၀ါ)လင်ရှိမယားအား (နေကာဟ်)ပြုခွင့်မရှိပေ။(၄း၂၄) ထိုနည်းတူစွာ ကုရ်အာန်အရ(နေကာဟ်)ဟူသည်သေ တစ်ဖန်သက် တစ်ဆုံးရိုးမြေကျပေါင်းသင်းမည်ဟု အရှင့်အားတိုင်တည်၍ ခုံသမာဓိရှေ့တွင် သစ္စာဆိုခြင်းဖြစ်သည်။ကုရ်အာန်(၄း၂၁)ကခေတ္တလင်မယားအဖြစ်ပေါင်းသင်းပြီးပြန် လည်ကွာရှင်းပေး ရသည်ကို (နေကာဟ်) ဟုမ ခေါ်ပေ။
ကျမ်းမြတ်ကုရ်အာန်တွင်စောင့်ဆိုင်း ကာလမရှိသောလင်နှင့် မယားကွာရှင်းမှုအမျိုးအ စားနှစ်မျိုးရှိသည်။ တစ်မျိုးမှာ(နေကာဟ်)ဖတ်ပြီး လင်နှင့်မယား ကိုယ်လက်နှီးနှောမှုမပြုမီ ကွာ ရှင်းပြတ် စဲခြင်း။ (၃၃း ၄၉) အခြားတစ်မျိုးမှာ – ဇနီးမယားသည် အခြားယောက်ျားတစ်ဦးနှင့် ဖေါက်ပြန်နေသည် ကို သက်သေ (၄) ဦးသော်လည်းကောင်း (သို့မဟုတ်)လင်ယောက်ျားက ကိုယ်တိုင်မြင်တွေ့ ပါက စောင့် ဆိုင်းကာလမလိုအပ် ဘဲ ချက်ခြင်းပြတ်စဲသွားသည်။ (၂၄း၆) ဖေါ်ပြပါကုရ်အာန်နှင့်ဆန့်ကျင်သော ကွာရှင်းပြတ်စဲမှုများသည် အစ္စလာမ့်မတိုင်မီ အမိုက်ခေတ်အရဗ်များ ၏ ဥပဒေများသာ ဖြစ်ကြောင်း ကုရ်အာန်၏ ကဏ္ဍ ၅၈-တွင် ဖေါ်ပြ ထားပေသည်။
ကုရ်အာန်မှကဏ္ဍ-၅၈ကို “အမျိုးသမီးတစ်ဦး၏ စောဒကကဏ္ဍ” ဟုခေါ်ဆိုပေသည်။ ရှေး အရဗ်ရိုးရာယဉ် ကျေးမှုအရမိမိ၏ဇနီး ကိုမပေါင်းလိုသော လင်ယောက်ျားက အသင်မ ၏ ကျောရိုး သည် ငါ့မိခင်၏ကျော ရိုးနှင့်တူသည် (သို့မဟုတ်)အသင်မသည်ငါ၏အမေနှင့် တူသည်ဟုဆိုရုံမျှဖြင့် လင်ခန်းမယားခန်းပြတ် စဲပြီးဖြစ်သည်။ ထိုကဲ့သို့ပြောဆို၍ ပြတ် စဲခြင်းဖြင့်ဇနီးမယား အား မည်သည့်နစ်နာကြေးမျှပေးရန်မလိုပေ။
အစ္စလာမ်သာသနာကို လက်ခံပြီးမှရှေးအရဗ်ရိုးရာ ယဉ်ကျေးမှုအတိုင်း ခင်ပွန်းဖြစ်သူက မိမိ၏ဇနီးကိုပြောဆိုပြတ် စဲခြင်းခံရသော အမျိုးသမီးတစ်ဦးက တမန်တော်မုဟမ္မဒ်(ဆွ)အား စောဒကတက်၍မေး ခွန်းမေး လာသည့်အပေါ် ကျရောက်လာသည့် ကဏ္ဍဖြစ်သည်။ ၅၈း၁ (ဧကန်စင်စစ် တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်သည် အကြင်မိန်းမ၏ပြောဆိုမှုကို ကြားတော်မူခဲ့လေ သည်။ ထိုမိန်းမသည် မိမိ၏လင်ယောက်ျားနှင့် ပတ်သက်၍ အသင်နှင့် ငြင်း ခုံပြောဆို ဆွေးနွေးလျက်ရှိ သည့်အပြင် မကျေနပ်ကြောင်းငါအရှင့်ထံတော်တွင် ထုတ်ဖော်လျှောက်ထားတိုင်တန်းလျက် ရှိခဲ့၏။ ၎င်း ပြင် ထာဝရအရှင်သည် အကြွင်းမဲ့ သိတော်မူသော အရှင်ဖြစ်၏။)
၅၈း၂ (အသင်တို့အနက် အကြင်သူတို့သည် မိမိတို့၏ဇနီးမိန်းမများအား ကျွန်ုပ်၏မိခင်ကဲ့သို့ ကျွန်ုပ်အပေါ်၌ “ဟရာမ်” ဖြစ်သည်ဟု ပြောဆိုပြုလုပ်လေ့ရှိသည်။ (ဤသည်ကို “ဇိဟာရ် ”ပြု ခြင်း)ဟုခေါ်သည်။ ထို ဇနီးမိန်းမများမှာ ၎င်းတို့၏ မိခင်များ မဟုတ်ကြပေ။ ၎င်းတို့အားမွေးဖွားခဲ့ကြသော မိန်းမများသာလျှင် ၎င်းတို့၏ မိခင်များဖြစ် ကြ လေသည်။ သို့ရာတွင် ဧ ကန်မလွဲ ထို (ဇီဟာရ်) ပြုလုပ်ကြသော ထိုသူတို့သည် စက်ဆုပ်ဖွယ်ရာစကားကိုလည်းကောင်း၊ မုသား စကားကိုလည်းကောင်း ပြောဆိုကြသည်မှာ အမှန်ဖြစ် ၏။ သို့တစေလည်း ဧကန်ဖန် ဆင်း ရှင်သည် အလွန်တရာ ခွင့်လွှတ်သောအရှင် ဖြစ်၏။)
၅၈း၃ (စင်စစ်မှာကား အကြင်သူတို့သည် မိမိတို့၏ ဇနီးများနှင့် (ဇီဟာရ်) ပြုလုပ်ကြ၏။ ထို့နောက်၎င်းတို့ သည် ပြောဆိုခဲ့သည်များမှ ပြန်လည်ရုပ်သိမ်းလိုက်ကြ၏။ သို့ဖြစ်လျှင် ၎င်းတို့ ဇနီး (မောင်နှံ)နှစ်ဦးကို ကိုယ်လက်နှီးနှော ထိတွေ့ခြင်းမပြုမီ ကျွန်တစ်ယောက်ကို သူကောင်းပြု ရမည်ဖြစ်သည်။ ဤသည် အသင်တို့အား ဆုံးမခြင်းကိုခံရခြင်းဖြစ်သည်။ စင်စစ် တုနှိုင်းမဲ့ကိုး ကွယ်ရာအရှင်သည် အသင်တို့၏ ပြုမူ ချက်များကို အကြွင်းမဲ့သိသော အရှင်ဖြစ်သည်။) ၅၈း၎ (သို့ရာတွင်မည်သူမဆို (ကျွန်တစ်ယောက်ကို) မရခဲ့လျှင် ထိုဇနီးမောင်နှံသည် ကိုယ်လက်နှီးနှော ခြင်းမပြုမီ နှစ်လတိုင်တိုင်တစ်ဆက်တည်း “ဆွီယာမ်” ဥပုသ်တည်ဆောက် ရမည် ဖြစ် သည်။ သို့သော် မည်သူမဆို ဥပုသ်တည်ဆောက်ခြင်းကို မတတ်စွမ်းနိုင်လျှင် သူဆင်းရဲခြောက်ဆယ်အား ထမင်းနှစ်နပ် ကျွေးမွေးပြီးမှသာ ဇနီးမောင်နှံနှစ်ဦး ကိုယ်လက်နှီးနှောကြ ရမည် ဖြစ် သည်။ ထိုအမိန့်ပညတ်ချက်သည် ကား အသင်တို့သည် တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်အားလည်းကောင်း၊ ထိုအရှင်၏ နဗီတမန်တော်အား လည်းကောင်း သက်ဝင်ယုံကြည်အံ့သော ငှာ ဖြစ်ပေ သည်။ စင်စစ်ဤသည် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ စည်းကမ်းချက်များ ဖြစ်သည်။ ထိုအမိန့်ကို သွေဖည်ကြကုန်သော သူတို့ ၌ နာကျင်ဖွယ်ဖြစ်သော ပြစ် ဒဏ်သည် ရှိပေသတည်း။)
၅၈း၁-မှ-၄ကို ကြည့်ခြင်းဖြင့် အမိုက်ခေတ်အရဗ်များ၏ ဇနီးမယားများအပေါ် တစ်ဖက် သတ်အနိုင်ကျင့် သောဓလေ့စရိုက်ဥပဒေများကိုပယ်ဖျက်၍ ကျမ်းမြတ်ကုရ်အာန်က အမျိုး သမီးများ၏ ဘ၀ကိုအမျိုးသား များနှင့် တန်းတူ ပြန်လည် ပို့ဆောင်ခဲ့ ခြင်း ဖြစ်သည်။
သို့သော်လည်း ကျမ်းမြတ်ကုရ်အာန်ကို အခြေမခံသော မွတ်စလင်(မ်)များ၏ ရှေ့ဆောင် လမ်းပြများ ခေတ်တို့တွင် ဇနီးမယားများအပေါ် တစ်ဖက်သတ်အနိုင်ကျင့်သော ဓလေ့စ ရိုက်များ ကို မိရိုးဖလာကြိုက် အရာင်ချယ်သ၍ အစ္စလာမ့်ဥပဒေအသွင်ဖြင့်ပြဌာန်းခဲ့ကြ သည်။ ၄င်းတို့၏အရောင်ဆိုးနိုင်အားကြောင့် ကုရ်အာန်၏သက်တမ်း၁၄၀၀ကျာ်ရောက် ရှိလာသော အခါ၌ အစ္စ လာမ့် ပြည်ထောင်စုကြီးအတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေး များသည် အစ္စလာမ့်မတိုင်မီ အရဗ်များ၏ခေတ်ကာလကဲ့သို့ အနှိမ်ခံဘ၀သို့ ပြန် လည်ရောက် ရှိခဲ့ရကြောင်းကို ၀မ်းနည်း စွာတွေ့မြင်ရပေသည်။
မွတ်စလင်မ်များနှင့် မွတ်စလင်မ်အများစုကို ရှေ့ဆောင်လျက်ရှိကြသည့် များစွာသော ကဝိအကျော်အမော်များသည်ပင်လျင်ကုရ်အာန်ကို ချဉ်းကပ်ရာ၌ ကုရ်အာန်၏ မူဝါဒများ အားဖြင့် ချဉ်း ကပ်နိုင်မှုမရှိကြ ပေ။ မွတ်စလင်မ်ဖြစ်စေ မွတ်စလင်မ်မဟုတ်သူဖြစ်စေ၊ မည် မျှပင်ကြီးမားသော ကဝိအကျော်အမော် ပုပ်ရဟန်းမင်းကြီးများပင် ဖြစ်နေစေကာမူ ကုရ် အာန်ကိုချဉ်းကပ်ရာ၌ ကုရ် အာန်တွင်တည်ရှိနေသော မူဝါဒအတိုင်းချဉ်းကပ်နိုင်မှသာ လျှင် ကုရ်အာန်ကထိုချဉ်းကပ်သူအား ကုရ်အာန်၏အသိကိုပေးမည်ဟူ၍လက်ဦးမဆွက ပင် ၅၆း၇၉တွင်(ကုရ်အာန်သည် အဖြူရောင် သက်သက်ရှိသူတို့မှအပအခြားသူများကို အကျိုး သက်ရောက်စေ မည်မဟုတ်)ဟူ၍ ပြဌာန်းထားပြီးဖြစ်သည်။
မည်သူမဆိုရိုးရာစွဲ၊ကျောင်းတော်ဝါဒစွဲ၊ ဂိုဏ်းဂနဝါဒစွဲများရှိနေသမျှ ကုရ်အာန်ပါဥပဒေပြ ဌာန်းချက်များကိုပြကတိအရှိအတိုင်း မြင်နိုင်မည်မဟုတ်ပေ။ ကုရ်အာန်သည်အဖြူ ထည် သက် သက်ဖြစ်သကဲ့သို့၊ အ ဖြူထည်ရှိသူများကိုသာ လမ်းညွှန်မည်။ ထိုအဖြူထည် ကုရ် အာန်ကို မိမိတို့၏ ကျောင်းတော်ဝါဒ လမ်းစဉ်များ ၊ဂိုဏ်းဂဏဝါဒလမ်းစဉ်များ ဆရာသမား ဝါဒလမ်းစဉ်များ ဟူသော ရောင်စုံမျက်မှန်များအားဖြင့် ကြည့်မည်ဆိုပါက ပကတိအရှိ တရား အဖြူထည်အတိုင်းမြင်နိုင် မည်မဟုတ်ပေ။ ထိုသို့သောအကြောင်း များကြောင့် အစ္စလာမ်သာသနာဝင် မွတ်စလင်မ် များအတွင်း ကုရ်အာန်က အတိအကျ အသေအခြာ တွ လာသ်နှင့်စပ်လျင်းပြီး ကဏ္ဍ၁၁၄-ခု အနက်တွလာသ်ကဏ္ဍဟူ၍သီးခြား ကဏ္ဍတစ်ခု ၊ပြဋ္ဌာန်းထားသည့်အပြင် များစွာသော ကဏ္ဍများ တွင်လည်း (တွလာသ်)ဆိုင်ရာ ဥပဒေ များစွာကို ဖေါ်ပြထားပြီး ဖြစ်သည်။
ကုရ်အာန်၏ပြဌာန်းချက် ဥပဒေများနှင့် ဖီလာဆန့်ကျင်သော လူရေးဥပဒေများက မွတ်စ လင်မ်များအပေါ်သို့ လွှမ်းမိုးထားပြီးဖြစ်သည့် အတွက်ကြောင့် များစွာသောမွတ်စလင်မ် ဇနီး မောင်နှံတို့ သည် ရေတိမ်နစ်ခဲ့ကြရလေသည်။ ထိုကဲ့သို့မဖြစ်သင့်သောကိစ္စ ရပ်များဖြစ်ကြရခြင်းမှာ အစ္စလာမ်သာသနာသည် ကုရ်အာန်က အထပ်ထပ်တားမြစ် ထားပြီးဖြစ်သော ရှေး ကျမ်းဂန်ရများနည်း တူ သာသနာပိုင်ဝါဒ ထူထောင်ခြင်း၊ဂိုဏ်းဂဏ ဝါဒများတည်ထောင်ခြင်း၊ ဗျာဒိတ်ကျမ်းဂန်ကုရ်အာန်၏အလွန် လူရေးကျမ်းများလူရေး အတွေးအခေါ်များကို ကုရ်အာန်ထက် ပိုမိုလေ့လာလိုက် စားခြင်းကြောင့်ဖြစ်သည်။
ဦးစိုးလွင် (ငြိမ်းချမ်းလျပ်စစ်)