Tuesday, 7 August 2012

လူသားတစ်ဦးချင်း၏ မှတ်တမ်း

လူသားတစ်ဦးချင်း၏ မှတ်တမ်း “ထိုအရှင်မြတ်သည် မိမိ ပြုလုပ်တော်မူသော ကိစ္စများနှင့် စပ်လျဉ်း၍ (မည်သူ့ရှေ့၌မျှ) စစ်ဆေးမေးမြန်းခြင်း ခံရမည် မဟုတ်ပေ။ သို့ရာတွင် လူခပ်သိမ်းတို့မှာမူကား (မိမိတို့ ပြုလုပ်ခဲ့ကြသော အမှုကိစ္စများနှင့် စပ်လျဉ်း၍ ထို အရှင်မြတ်ထံတော်တွင်) စစ်ဆေးမေးမြန်းခြင်းကို ခံကြရပေမည်။ (ကုရ်အာန် ၂၁း၂၃)
“ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် လူသားအား ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၄င်း၏ နဖ်စ် (ဝိညာဉ်)က မသိမသာ ပေါ်ပေါက်စေသော အရာကိုလည်း သိတော်မူ၏။ စင်စစ် ငါအရှင်မြတ်သည် ၄င်း၏ လည်းချောင်း သွေးကြောထက်ပင် ၄င်းနှင့် ပိုမိနီးကပ်စွာ ရှိနေတော်မူ၏” (ကုရ်အာန် ၅၀း၁၆)
“(မယုံကြည် သွေဖည်သူတို့က) ကျွန်ုပ်တို့ သေဆုံးခဲ့ကြပြီးနောက် မြေပြန်ဖြစ်သွားခဲ့သောအခါ (ရှင်ပြန် ထကြရဦးမည်လော) ထိုကဲ့သို့ရှင် ပြန်ထကြရခြင်းသည် (အသိဉာဏ်နှင့်) အလွန် ဝေးလံပေသည်” (ကုရ်အာန် ၅၀း၃)
“မြေကြီးက ၄င်းတို့၏ ခန္ဓာကိုယ်များအနက် မည်မျှ (စား၍) လျော့နည်းစေမည်ကို ငါအရှင်မြတ် သိတော်မူ၏။ စင်စစ် ငါအရှင်မြတ်ထံတော်တွင် ထိန်းသိမ်း စောင့်ရှောက်ထားသော မှတ်တမ်းသည်လည်း ရှိနေပေသည်” (ကုရ်အာန် ၅၀း၎) အလျင်းမဟုတ်၊ စင်စစ် ဧကန် ပြစ်မှုကျူးလွန်သူတို့၏ မှတ်တမ်းသည် စစ်ဂ်ျဂျီန် (မလွတ်မြောက်နိုင်သော အခြေအနေ)၌ ရှိ၏” (ကုရ်အာန်၈၃း၇)
“အလျင်းမဟုတ်၊ ဧကန်အမှန် သူတော်ကောင်းတို့၏ မှတ်တမ်းမှာ အီလ်လီယီန် (အလွန်မြင့်မြတ်လှစွာသော အခြေအနေ)၌ ရှိ၏” (ကုရ်အာန် ၈၃း၁၈)
“ထို့ပြင် ငါအရှင်မြတ်သည် လူတိုင်း လူတိုင်း၏ ကံ(အပြုအမူ)ကို ၄င်း၏ လည်ကုတ်တွင် ခိုင်မြဲစွာ ချည်ထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် ကိယာမသ် ရှင်ပြန်ထရမည့်နေ့တွင် ၄င်းအား မှတ်တမ်းတစ်ခုကို ထုတ်ပေးတော်မူမည်။ ၄င်းသည် ထိုမှတ်တမ်းကို ဖွင့်လျက်တွေ့ပေလိမ့်မည်။ (ထို့နောက် ၄င်းအား) အသင်သည် မိမိမှတ်တမ်းကို ဖတ်လော့၊ ယနေ့ကား အသင်ကိုယ်တိုင်ပင် မိမိကိုယ်နှင့် ဆန့်ကျင်၍ စစ်ဆေးသူအဖြစ် လုံလောက်ပေသည်” (ကုရ်အာန် ၁၇း၁၃-၁၄)

No comments:

Post a Comment