Tuesday 7 August 2012

အံ့ဖွယ်အသေးစိတ်မှတ်တမ်း

အံ့ဖွယ်အသေးစိတ်မှတ်တမ်း အတိတ်ခေတ် အာရပ်တို့သည် ငှက်များ ပျံသန်းမှုကို ကြည့်၍ လူတို့၏ကံကို နိမိတ်ကောက်ယူလေ့ရှိ၏။ အလ္လာဟ်က လူသားတိုင်း၏ကံသည် ၄င်းလူသား၏ အပြုအမူလုပ်ရပ်ပေါ်တွင်သာ အခြေခံကြောင်း၊ လူတိုင်း၏ လည်ကုတ်တွင်ပင်ထားကြောင်း ဖော်ပြထားခြင်းဖြင့် အယူသီးမှု၊ မိမိကိုယ်မိမိ အားမကိုးမှုတို့ကို ဖယ်ရှားထားသည်၊ လူသားတစ်ဦးချင်း၏ ရုပ်ခန္ဓာကို ဖွဲ့စည်းထားသော ဆဲလ်လေးများအတွင်း၌ (D.N.A) ခေါ် မျိုးရိုး အင်္ဂါအစီအစဉ် ညွှန်ကြားလွှာ ထည့်သွင်းပေး၍ ကြီးထွားစေပြီး ဖန်ဆင်းရှင် အလ္လာဟ်သည် လူသားတစ်ဦးချင်းအတွက် နဖ်စ်ဝိညာဉ်ဆိုင်ရာ မှတ်တမ်းကိုလည်း အမှန်ပင်ထားရှိနေပေသည်။၏။
“၄င်းပြင် မှတ်တမ်းစာအုပ်များသည် ချထားလျက်ရှိပေမည်။ ထိုအခါ အသင်သည် အပြစ်ရှိသူတို့အား ယင်း (တစ်ဦးချင်း၏) မှတ်တမ်းစာအုပ်များ၌ (ရေးသားထားသော) အကြောင်းအရာများကြောင့် ထိတ်လန့်လျက်ရှိနေကြသည်ကို တွေ့မြင်ရပေမည်။ ထို့ပြင် ၄င်းတို့က အလိုလေး- ကိုယ်ကျိုးနည်းရလေခြင်း၊ ဤမှတ်တမ်းသည် မည်သို့သော စာအုပ်ပါနည်း……… ဤစာအုပ်သည် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ မည်သည့် (ကောင်းမှု၊ ပြစ်မှု) တစ်စုံတရာကိုမျှ ခြွင်းချန်ထားခြင်း မပြုဘဲရေတွက် (မှတ်သား)ထားခဲ့လေသည်ဟု မြည်တမ်းညည်းညူကြပေမည်။ ထိုမှတစ်ပါး ၄င်းတို့သည် မိမိတို့ပြုကျင့်ခဲ့သမျှတို့ကို ရှေ့ဝယ် အသင့်ရောက်ရှိနေသည်ကို တွေ့ရပေမည်။ သို့ရာတွင် အသင့်အား မွေးမြူ ဖန်ဆင်းတော်မူသော အရှင်မြတ်မှာမူကား မည်သူတစ်ဦး တစ်ယောက်ကိုမျှ မတရားပြုလုပ်တော်မူမည် မဟုတ်ပေ။ (ကုရ်အာန် ၁၈း၄၉)
“ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်တို့အား မကြာမီ (ကျရောက်မည့်) ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ သတိပေးနှိုးဆော်တော်မူခဲ့ချေပြီ၊ ထို့နေ့တွင် လူတိုင်းသည် မိမိလက်နှစ်ဖက်ဖြင့် ကြိုတင်ပို့နှင့်ခဲ့သော အပြုအမူတို့ကို တွေ့မြင်ကြပေမည်။ ထိုမှတစ်ပါး မယုံကြည် သွေဖည်ငြင်းပယ်သူတို့က………”
“သြော်…ငါသည် မြေကြီးဖြစ်ခဲ့ရလျင် ကောင်းလေစွတကား……. ဟု (ညည်းညူ) ပြောဆိုအံ့တည်း” (ကုရ်အာန် ၇၈း၄၀)

No comments:

Post a Comment