Sunday 24 June 2012

ဦးနု ပြောတဲ့ ဦးအောင်ဆန်း

ဦးနု ပြောတဲ့ ဦးအောင်ဆန်း (၁၉၃၄-၃၅) ပညာသင်နှစ်ထဲ ရန်ကုန် တက္ကသိုလ်မှာ ကိုအောင်ဆန်း ကို ကျွန်တော် ပထမဆုံး တွေ့ဖူးတာ။ သူက အင်တာ မီဒီယိတ် ကျောင်းသား။ ကျွန်တော် ကတော့ တက္ကသိုလ်ကို တတိယ အကြိမ် ပြန်ရောက် လာပြီး ဥပဒေတန်း တက်နေတယ်။ ခုလန်ဒန်မှာ AFPEL ကိုယ်စားလှယ် လုပ်နေတဲ့ ကိုအုန်းက ကျောင်းသား သုံးယောက်နဲ့ တွေ့ဖို့ ကျွန်တော့်ကို တိုက်တွန်းတယ်။ ဒီသုံးယောက်က မြန်မာ့သမိုင်းမှာ ဧရာမ ပြယုဂ်ကြီးတွေ ဖြစ်လာမယ် လို့ သူက တွေ့ရှိ ထားတယ်။ အဲဒီ သုံးယောက်ထဲမှာ ကိုအောင်ဆန်းက တစ်ယောက် အပါအ၀င်။ ကျန်တဲ့ နှစ်ယောက်ကတော့ ပြည်ထဲရေး ၀န်ကြီး ကိုကျော်ငြိမ်းနဲ့ တက်ဘုန်းကြီး စာအုပ်ရေးလို့ တက်ဘုန်းကြီး လို့ နာမည် ကျော်လာတဲ့ ကိုသိန်းဖေ။ ကိုအောင်ဆန်း ရဲ့ ကိုယ်ရည် ကိုယ်သွေး ကတော့ ပြိုင်ဘက်ကင်းပါပဲ။သူက စကား နည်းတယ်။ ကျွန်တော်နဲ့ စတွေ့တွေ့ ချင်းတောင် လှိုက်လှိုက်လှဲလှဲ ပျူပျူငှာငှာ ပြောဆိုတာမျိုး မရှိဘူး။ သူ့ကို ကျွန်တော်က လူ့ခွစာ လို့ပဲ ထင်လိုက်တယ်။ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ ကိုအုန်းနဲ့ ကျွန်တော်တို့ ကတော့ ရင်းနှီး ကျွမ်းဝင်တဲ့ မိတ်ဆွေတွေ ဖြစ်လာ ကြတယ်။ လမ်းတွေ့ရင် သဲလှိုက်၊ အူလှိုက် နှုတ်ဆက်ကြတယ်။ ကိုအောင်ဆန်း ကတော့ အဲသလိုမျိုး မဟုတ်ဘူး။ လမ်းတွေ့လည်း နှုတ်ဆက်ချင် မှ နှုတ်ဆက်တာ။ တစ်ခါတလေ ကျွန်တော်တို့ဆီ ရောက်လာ တတ်ပြီး သူ့ကို ပြောစရာရှိရင် ပြောဖို့ ဖိတ်တယ်။သူနဲ့ တော်တော် ရင်းနှီး လာတော့မှ သူ့အကြောင်းကို နားလည် သဘောပေါက်လာတယ်။ သူက အလဟဿ အလာပသလ္လာပတေ ပြောတာမျိုးတွေ၊ လူမှုရေးအရ အပေါ်ယံ နှုတ်ဆက် ပြောတာမျိုးတွေနဲ့ အချိန်ဖြုန်း နေတာတွေကို မယုံကြည်ဘူး။ တကယ့်ကို ရင်ဘတ်နဲ့ ပေါင်းသင်း ဆက်ဆံတာမှ လိုအပ်တာကို ကူညီ လုပ်ကိုင်ပေးနိုင်တယ် လို့ ယုံကြည်ထားတာ။ မိတ်ဆွေဆိုတာအချင်းချင်း ရင်ဘတ်ချင်းအပ်ပြီး လိုအပ်တာကို ပွင့်ပွင့်လင်းလင်းရှင်းပြနိုင်ရမယ်လို့ ယုံကြည်ထားတယ်။ သူက အပေါင်းအသင်း လုပ်လို့ မရတဲ့ လူမျိုး မဟုတ်ဘူး။ ကဖျက်ကယက် လုပ်တဲ့လူမျိုး မဟုတ်ဘူး။ သူက တိကျတယ်။ ပြတ်သားတယ်။ မှန်တယ်။အဖွဲ့ အနေနဲ့ ကတော့ (၁၉၃၅-၃၆) ပညာသင်နှစ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် ရွေးကောက်ပွဲ အတွက် ကျွန်တော်တို့တွေ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ် ကြရတယ်။ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ တို့က အကြံပေးလို့ ကျွန်တော်က ဥက္ကဋ္ဌ နေရာ ကနေ အရွေးခံတယ်။ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေနဲ့ မစ္စတာ ရာရှစ် တို့ကတော့ အဖွဲ့ဝင်တွေပေါ့။ ကျွန်တော်တို့ အနိုင်ရတယ်။ ကျွန်တော်တို့ တွေ သမဂ္ဂမှာ စလုပ်တာနဲ့ သမဂ္ဂ အလုပ် တွေကို တက်တက်ကြွကြွ သူ့ထက် အရင် အောင်အောင်မြင်မြင် ဆောင်ရွက် ကြတယ်။ အဲဒီနှစ်မှာပဲ ကျောင်းသား သပိတ်ကြီး ပေါ်ပေါက် လာတယ်။ အဲဒီတုန်းက ယေဘုယျ အားနဲ့ ကျွန်တော် ယုံကြည်ထားတာ ကတော့ ကျွန်တော့်ကို ကျောင်းထုတ်လို့ သပိတ်ကြီး ဖြစ်ပေါ်လာတယ် ဆိုတာပါပဲ။ဦးနု ဒါနဲ့ ပတ်သက်ပြီး အမြင်ချင်း ကတော့ မတူကြဘူး။ ကျွန်တော့်ကို ကျောင်းထုတ်လိုက်တဲ့ အကြောင်း တက္ကသိုလ် အာဏာပိုင် အဖွဲ့ဆီက အသိပေးစာ ကျွန်တော် လက်ခံရရှိတော့ စာမေးပွဲနီးနေပြီမို့ ခပ်မဆိတ် နေမယ် လို့ ကျွန်တော် ကတော့ ဆုံးဖြတ်ထားတယ်။ ကျွန်တော့် အတွက် နဲ့ ကျောင်းသားတွေ စိတ် အနှောင့်အယှက် မဖြစ်စေချင်ဘူး။ ဒါပေမယ့် လို့ သတင်းက ပျံ့သွားပြီ။ သမဂ္ဂ အဖွဲ့ဝင် ကျွန်တော့် သူငယ်ချင်းတွေ ကျွန်တော့်ဆီေ ရာက်လာကြပြီး တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်လို့ ပြောကြတယ်။ ကျွန်တော့် ကိုယ်ပိုင်ကိစ္စ ဖြစ်လို့ ကျွန်တော်ကတော့ ဘာမှ ပြောစရာ မလိုဘူး။ ကော်မတီက ပြောမယ်။ ကျောင်း ထုတ်တယ် ဆိုတာ နာမည်လောက် ပါပဲ။ ပညာသင်နှစ် ပြီးသွားပြီ။ ငါ့ကို ဥပဒေ စာမေးပွဲ မဖြေနိုင်အောင်လည်း မတားနိုင်ပါဘူး လို့ ပြောပြီး ကျွန်တော့် သူငယ်ချင်းတွေကို နှစ်သိမ့်ဖို့ ကြိုးစား ပါသေးတယ်။ ကျွန်တော်တို့ အစည်းအဝေး လုပ်နေတုန်း မှာပဲ ကိုအောင်ဆန်း လည်း ကျောင်း ထုတ်ခံလိုက်ရပြီ ဆိုတဲ့ သတင်းကို ကျောင်းသား တစ်ယောက်က သယ်လာတယ်။ ဒီသတင်းမှန်လား ဆိုတာ စုံစမ်းဖို့ တက္ကသိုလ် ကော်မတီ ၀င်လူကြီး ဦးဘလွင် ဆီ သူငယ်ချင်း တစ်ယောက် ကို လွှတ်လိုက်တယ်။ မှန်တယ် တဲ့။ ကျွန်တော်တို့ သခင်လူငယ် နိုင်ငံရေး သမားတွေ အနေနဲ့ ချောက်ချီးချောက်ချက် လောက်ပဲ ဖြစ်နေကြတာ။ ဒါပေမယ့်လို့ တကယ်တမ်း ကြတော့ ကျွန်တော်တို့က တကယ်ကို ပင်ပင်ပန်းပန်း လုပ်နေကြရတာ။ ကျွန်တော်တို့တွေ သိပ်ဆင်းရဲတယ်။ သိပ်ပင်ပန်းတယ်။ တချို့နေ့တွေ မှာဆို ထမင်းစားစရာ မရှိလို့ လက်ဖက်ရည် တစ်ခွက်၊ နှစ်ခွက် သောက်သောက်ပြီး အသက်ဆက် ကြရတယ်။ ပါတီ အစည်းအရုံး ကိစ္စကို ကျွန်တော် စိတ်မ၀င်စားဘူး။ သခင် အောင်ဆန်းနဲ့ သခင် သန်းထွန်းတို့က နယ်လှည့် ဟောပြောနေတုန်း ကျွန်တော်က ရန်ပုံငွေရှာ ထွက်ရတာကို ပျော်တယ်။ လုပ်ဖော်ကိုင်ဖက်တွေ ကျွန်တော့်ဆီ ခဏခဏ ရောက်လာကြတယ်။ ကျွန်တော်က ဘဏ္ဍာငွေ ရှာသူ ဆိုတော့ ဒီငွေနဲ့ ထမင်းစားကြရမှာ မဟုတ်လား။ အဲကိုအောင်ဆန်း ကတော့ ထမင်းဆာ နေတာတောင် ငွေလာတောင်းတာ၊ ထမင်း ၀ယ်ကျွေးခိုင်းတာမျိုး မလုပ်ဘူး။ သူက တစ်ထောင့်ထောင့်မှာ ထိုင်ပြီး စာအုပ်ထဲ အာရုံ နစ်ဝင်နေတာ။ ဘာမှ မငြီးငြူဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်တယ်။ သူက ပုံစံ တစ်မျိုးနဲ့ လေ့ကျင့် ထားပြီး သူ့စွမ်းရည်ကို တည်ဆောက်တယ်။ ပါတီ ဌာနချုပ်မှာ ရှိတဲ့ သခင်အောင်ဆန်း အခန်းက ရှုပ်ပွ နေတာ ကတော့ နာမည်ကြီးပဲ။ ဘာမှ မပြုပြင် ထားတဲ့ အိပ်ယာ ပေါ်မှာပဲ ဖြစ်သလို အိပ်တာ။ သူ့အခန်းထဲ ရောက်လာသူ တွေကို ဂျပိုး တွေက တိုက်ထုတ်လို့ ထွက်ပြေး ကြရတယ်။ သခင်အောင်ဆန်း တစ်ယောက်ပဲ အဲဒီ ဂျပိုးတွေ နဲ့ နေနိုင်၊ အိပ်နိုင်တာ။ တစ်ခါတော့ နယ်က ရောက်နေတဲ့ သခင်တွေ၊ သခင်မတွေ ရှိနေတယ်။ ဌာနချုပ်က ကောင်လေးတွေက အဲဒီ နယ်ကိုယ်စားလှယ် တွေကို သခင်အောင်ဆန်း အခန်းမှာ နေရာပေးကြတယ်။ ဘာလို့လဲ ဆိုတော့ သူတို့က စင်္ကြန်လမ်းမှာ မအိပ်ချင်ကြဘူး။ အဲဒီတုန်းက သခင်အောင်ဆန်း က အထွေထွေအတွင်းရေးမှူး ဖြစ်နေတာ။ ဧည့်သည်တွေက အထွေထွေ အတွင်းရေးမှူး အခန်းထဲ အိပ်ရလို့ ပျော်နေကြတယ်။ ဂျပိုးတွေ စစ်ပွဲ မခင်းခင်တော့ နေနိုင်သေးတာပေါ့။ သန်းခေါင်လည်း ရောက်ရော ဂျပိုးတွေရဲ့ ထိုးစစ်ကို ခံစစ် မလုပ်နိုင်ကြတော့ဘူး။ ဘာပြော ကောင်းမလဲ။ ကျွန်တော်တို့ ဧည့်သည်တော်ကြီး တွေဟာ အိပ်ရာခင်းတွေ၊ စောင်တွေကို ကမန်းကတန်း သယ်ပြီး စင်္ကြန်လေးမှာပဲ အိပ်ကြရရှာတယ်။ နိုင်ငံရေး ဆိုတာ သခင်အောင်ဆန်းရဲ့ ဘ၀ပဲလေ။ ထမင်းဆာ တာတို့၊ ဆင်းရဲတာတို့ ဆိုတာ သူ့အတွက် ဘာမှ အရေးမကြီးဘူး။ အသေးအမွှား ကိစ္စပဲ။ အခု ဗိုလ်လက်ျာ ဖြစ်လာတဲ့ သခင်လှဖေက တခါတလေ ထမင်းဟင်း ကောင်းကောင်းတွေ တမ်းတတယ်။ သီချင်း ကောင်းကောင်းလေး တွေကို နားဆာတယ်။ သခင်အောင်ဆန်း ကတော့ အဲဒါတွေကို လုံးဝ မတမ်းတဘူး။. သူက လူပျော့ မဟုတ်ဘူး။ သံမဏိလို မာကျောသူ၊ သူ့စွမ်းရည်နဲ့ သူတော်လှန် ရေး လုပ်နေတာ။ သာယာဝတီ ညီလာခံမှာ သခင်အောင်ဆန်းက ကျွန်တော်တို့ ပန်းတိုင် ဖြစ်တဲ့ လွတ်လပ်ရေး ကို ကြေညာတဲ့ ဆုံးဖြတ်ချက် တစ်ခုကို အောင်အောင်မြင်မြင် ချမှတ်လိုက်တယ်၊၊ ကျွန်တော်တို့ ခေါင်းဆောင် တွေဟာ တစ်နိုင်ငံလုံး သွားကြပြီး ပြည်သူတွေရဲ့ အဆုံးအဖြတ် ခံယူကြတယ်။ ဒီလှုပ်ရှားမှု ကြောင့်မို့လို့ ကိုလိုနီ နယ်ချဲ့ အစိုးရ ရဲ့ ဒေါသတကြီး တုံ့ပြန်မှု ကို ခံကြရတယ်။ သခင် အောင်ဆန်းက ဇလွန်မှာ နိုင်ငံရေး တရားဟောတယ်။ ဟင်္သာတ ရဲမှူးကြီး က နိုင်ငံတော်ကို အကြည်အညို ပျက်အောင် လုပ်တဲ့ ဥပဒေနဲ့ သခင် အောင်ဆန်းကို ချက်ချင်း ဖမ်းဝရမ်း ထုတ်လိုက်တယ်။ ကျွန်တော် ကိုလည်း မကြာခင်မှာ အဲသည်လိုမျိုး ဖမ်းဝရမ်း ထုတ်မယ့် သဘော ရှိတယ်။ ကျွန်တော်တို့တွေ ကိုကျော်ငြိမ်း အိမ်မှာ ဆွေးနွေး ကြပြီးတော့ တစ်ခုခုတော့ လုပ်မှ ဖြစ်တော့မယ် ဆိုတာကို ဆုံးဖြတ် လိုက်ကြတယ်။ သခင် အောင်ဆန်း က အညံ့ခံတာ မျိုးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်။ ထောင်ကျ သွားရင်တော့ အချိန်ဖြုန်း နေသလို ဖြစ်သွားမှာပဲ ဆိုတဲ့ အမြင် ရှိတယ်။ ကျွန်တော်တို့ တွေက စည်းစည်းလုံးလုံး စုစုစည်းစည်း ရှိကြပြီး တိုက်ပွဲ အရောက် ချီတက်သင့်တယ်။ သူက နိုင်ငံတွင်းက ထွက်ပြီး မြေအောက် သွားချင်တယ်။ ကျွန်တော်တို့ အလုပ်ကို အကူအညီ ပေးဖို့ နိုင်ငံခြားမှာ မိတ်ဆွေ ရှာချင်တယ်။ ကျွန်တော်ကတော့ အဲဒီလောက်ကြီး ရှည်ရှည်ဝေးဝေး မမြင်တတ်ဘူး။ ကျွန်တော် ဥပဒေကို ချိုးဖောက်ရင် ထောင်ကျမှာပဲ ဆိုတဲ့ အတွေးပဲ ရှိတာ။ အဲဒီ နေ့တုန်းက ကျွန်တော်တို့တွေ အကြာကြီး ဆွေးနွေးကြတယ်။ ကျွန်တော့် အမြင်ကို သခင်အောင်ဆန်း လက်ခံလာအောင် ကျွန်တော် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ သူ မြေအောက် သွားတာကို ကူညီဖို့ ကျွန်တော် သဘောတူ လိုက်တယ်။ သူနဲ့ ကျွန်တော် ရဲစခန်း ရှေ့က ပြည်လမ်း ပေါ်မှာ ရပ်နေတာကို သတိရ နေပါသေးတယ်။ သူ့ကို ဖမ်းမှာနဲ့ ပတ်သက်တဲ့ အကြောင်းကို ပြောဆို နေခဲ့ကြတာ လို့ ထင်တယ်။ အဲဒီနောက်တော့ ကျွန်တော်တို့ ခွဲခွာ လိုက်ကြတယ်။ ကျွန်တော်က အိမ်ပြန် ၊ မောင်ဆန်းကြယ် အဖမ်းခံပြီး နောက်နေ့မှာပဲ ထောင်ထဲ အသွင်းခံ လိုက်ရတယ်။ ထောင်ကျတဲ့ နှစ်နှစ် ကတော့ အချိန်တွေ ဖြုန်းပစ် လိုက်တာပါပဲ။ ထောင်ကျစ လတွေ ကတော့ သိပ် မဆိုးလှသေးဘူး။ ငါ ထောင်ကျရဲတဲ့ သတ္တိရှိတဲ့ ကောင်ပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့် နိုင်ခဲ့တယ်။ ဒါပေမယ့်လို့ အချိန်တွေ ကြာလာတာ နဲ့အမျှ ခံပြင်းစရာတွေ ပေါ်လာတယ်။ စိတ်ပျက်စရာ တွေ ဖြစ်လာတယ်။ ကိုအောင်ဆန်းရဲ့ ပညာဉာဏ်၊ ရင့်ကျက်မှုနဲ့ အမြော်အမြင် ကြီးမှု တွေကို ကျွန်တော် သဘောပေါက် လာပါတယ်။ နှစ်ခြိုက်လာတယ်။ အောင်နိုင်ရေး အတွက် သူ အပါအ၀င် ကျွန်တော်တို့ သူငယ်ချင်းတွေ နဲ့အတူ လက်တွဲပြီး အလုပ်လုပ် ဖို့ပဲ တမ်းတ နေရတယ်။ မော်နီတာ – မှာ ဆရာ မောင်ဆန်းကြယ် ဘာသာပြန် ထားတာ ဖြစ်ပါတယ်။ ဘာသာပြန်သူ - မောင်ဆန်းကြယ် မူရင်း – Aung San’s Stering Qualities by U Nu —

ကွန်ပျူတာသမားတို့ရဲ့ လေ့လာနည်းများ

ကွန်ပျူတာသမားတို့ရဲ့ လေ့လာနည်းများ ကျနော်က ကွန်ပျူတာသမားတစ်ယောက်ပါ။ ကွန်ပျုတာသမား တစ်ယောက်ဖြစ်တဲ့အတွက် အင်ဂျင်နီယာ တစ်ယောက်မဟုတ်ပါဘူး။ ဆရာဝန်တစ်ယောက် မဟုတ်ပါဘူး။ အဲဒီတော့ လေ့လာတဲ့နေရာမှာလည်း သူတို့နဲ့မတူပါဘူး။ ကွန်ပျူတာသမားတွေ ဘယ်လိုလေ့လာသလဲ။ လေ့လာပုံ လေ့လာနည်းတွေကို ကျနော်လေ့လာပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း ဒီလိုပဲလေ့လာပါတယ်။ (၁) အစွန်းအစကို ဆွဲထုတ်ခြင်း ဘာအစွန်းအစလဲဆိုတော့ သိချင်သောအကြောင်းအရာ..၊ လေ့လာလိုသောအရာများကို ဆိုလိုပါတယ်။ ဥပမာဆိုပါတော့ ကွန်ပျူတာအကြောင်းသိချင်တာ .. ။ သွားမေးတော့ ညွှန်းလိုက်တဲ့သူကလည်း အခြေခံကနေပြီး စတင်လေ့လာပါ။ ကျွန်တော်တို့ဆီမှာ ခက်တာက လေ့လာချင်သူကလည်း အခြေခံဆိုတာကို မသိဘူးဖြစ်နေပါတယ်။ ပြသနာကတော့ ကွန်ပျူတာအကြောင်းသိချင်ရင် ကွန်ပျူတာနားကိုမသွားပဲနဲ့တော့ အပြည့်အစုံမသိရပါ။ ကျနော်ကတော့ ပရိုဂမ်းမင်းသိချင်ပါတယ်။ ကျနော်က ဟာ့ဒ်ဝဲ ။ ကျနော်က ၀က်ဘ်ဆိုက်ပိုင်း ..။ သိချင်တယ်ဆိုရင်တော့ လေ့လာရပါမယ်။ ပထမဆုံး လေ့လာစရာတွေကို ရှာဖွေရပါမယ်။ ရှာဖွေတွေ့ရှိပါက သင်ကြားဆည်းပူးရပါမယ်။ သင်ယူတဲ့နေရာမှာ (၂)မျိုးရှိပါတယ်။ ကိုယ်ကိုယ်တိုင်လေ့လာသင်ယူခြင်း ( self-study learning) နဲ့ အခပေးသင်တန်းများ၊ ပညာရပ်ကို တတ်မြောက်ထားသော ဆရာများ ထံမှ လေ့လာသင်ယူခြင်း ဆိုပြီးရှိပါတယ်။ ကိုယ်ကိုယ်တိုင်သင်ယူလေ့လာခြင်းမှ အစွန်းအစများကိုဆွဲထုတ်ယူခြင်း အကြောင်းပြောပြပါမယ်။ ကျနော်တို့ သူငယ်ချင်းတွေကြားမှာပြောကြပါတယ် .. programming, programming ဆိုပြီး။ အဲဒီနောက် Software, Software ။ အဲဒီနှစ်ခုက ဘာကွာလဲ ။ သိချင်လာပါတယ်။ အဲဒီမှာ စကားလုံးနှစ်လုံး ရတယ်။ သူတို့အကြောင်းတွေကို ရှာဖွေတယ်။ လေ့လာတယ်။ အဲဒီမှာ , .. ထပ်သိရတယ်။ C++, VB, Java, Programming Languages များ။ VB နဲ့ programming ရေးသတဲ့။ Software ရေးသတဲ့။ အဲဒီနောက် စကားလုံးလေးတွေတွေ့တာက .net(dot Net), VB.Net, ASP.Net ။ နောက်ထပ်ကြားရတယ်။ Window Developer, Web Developer, Software Enginner .. ။ ဒါဘာလေးတွေလဲဆိုတော့ စကားလုံးအစွန်းအစလေးတွေဖြစ်ပါတယ်။ အဲဒါလေးတွေက သူဘာသာထွက်နေသည်ဖြစ်စေ၊ ကိုယ်က ဆွဲထုတ်လို့ဖြစ်စေ ထွက်လာပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကြားရပါမယ် .. တွေ့ရပါမယ်။ (၂) သိချင်စိတ်ဖြင့် နည်းလမ်းများကို ရှာဖွေ၍ လေ့လာခြင်း ပထမဆုံးစာဖတ်ရပါတယ်။ ဘာစာလဲ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ များသောအားဖြင့် ကွန်ပျူတာနဲ့ပတ်သက်တဲ့ စာအုပ်တွေက အင်္ဂလိပ်လိုဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာကို စိတ်ဝင်စားပြီး ဖတ်ရှုလေ့လာနိုင်ရပါမယ်။ စာအုပ်တွေမှာ နှစ်မျိုးရှိပါတယ်။ • အီလက်ထရောနစ်စာအုပ် (Ebook) နှင့် ပုံနှိပ်စာအုပ်တွေ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ ကွန်ပျုတာနဲ့ပတ်သက်တဲ့စာအုပ်တွေက အင်မတန်ကို နည်းပါတယ်။ ကွန်ပျုတာနဲ့ပတ်သက်တဲ့ စာအုပ်တွေကို ဘယ်မှာရှာဖွေရရှိနိုင်မလဲ။ (၁)စာအုပ်အရောင်းဆိုင်တွေကနေ မြန်မာဘာသာနဲ့ရေးသားထားတဲ့ ကွန်ပျုတာစာအုပ်၊ ကွန်ပျုတာဂျာနယ်၊ ပီစီဝါးလ်၊ အင်တာနက်ဂျာနယ် အစရှိတဲ့ စာအုပ်တွေရနိုင်ပါတယ်။ (၂) တက္ကသိုလ် library များမှတဆင့် ငှားရမ်းဖတ်ရှုနိုင်ပါတယ်။ (၃) အင်တာနက်မှတဆင့် Ebook များကို ရှာဖွေကူးယူပြီး ဖတ်ရှုနိုင်ပါတယ်။ (၄) နီးစပ်ရာ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများမှတဆင့် စာအုပ်များလဲလှယ်ဖတ်ရှုနိုင်ပါတယ်။ (၅) Website များမှတဆင့် လေ့လာဖတ်ရှုနိုင်ပါတယ်။ Amazon ရဲ့ Computer and Internet books တွေမှာ လိုချင်တဲ့စာအုပ်တွေရဲ့ နာမည်နဲ့ စာရေးသူကို မှတ်သားပြီး စာအုပ်တွေကို ရှာဖွေနိုင်ပါတယ်။ Library Catalogue တွေက တဆင့် ကြည့်ရှုရှာဖွေနိုင်ပါတယ်။ စင်္ကာပူနိုင်ငံရဲ့ Library တွေမှာတော့ ကွန်ပျူတာစာအုပ်အမြောက်အမြားကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပါတယ်။ စာအုပ်တွေစုံလင်ပြီး အသစ်ထွက်စာအုပ်တွေကိုလည်း ငှားရမ်းနိုင်ပါတယ်။ National University တွေမှာတော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့စာအုပ်ဆိုရင် မရှိဘူးဆိုတာရှားပါတယ်။ ဒါကြောင့် ကျနော်တို့အတွက် Library တွေဟာ အဖိုးတန်ပါတယ်။ ထိန်းလည်းထိန်းသိမ်းတတ်ရပါမယ်။ ချစ်လည်းချစ်မြတ်နိုးတတ်ရပါမယ်။ နောက်တစ်ခုက မေးမြန်းခြင်း၊ ဆွေးနွေးခြင်း။ စာဖတ်ထားရင် အနည်းငယ်သိလာပါပြီ။ တစွန်းတစသိလာတဲ့အတွက် မေးမြန်းရပါတော့မယ်။ ကိုယ့်ထက်ကြီးသူပဲဖြစ်ဖြစ်၊ ငယ်သူပဲဖြစ်စေ ပညာရပ်တစ်ခုကို တတ်ကျွမ်းထားသူကို ဂရုတစိုက်မေးမြန်းသင့်ပါတယ်။ ဆရာကိုသော်လည်းကောင်း၊ ကျောင်းသားအချင်းချင်းသော်လည်းကောင်း ဆွေးနွေးမေးမြန်းခြင်းက ပိုမိုတိုးတက်စေပါတယ်။ နောက်တစ်ခုက အင်တာနက်မှာ မေးမြန်းခြင်းဖြစ်ပါတယ်။ အင်တာနက်မှာဘယ်လိုမေးမလဲ ။ အလွယ်ဆုံးကတော့ Google မှာ ရိုက်ပြီး ရှာဖွေခြင်းပါပဲ။ ဒါလေးများလို့ မပြောပါနဲ့ .. ကိုယ့်ဘာသာရှာဖွေလေ့လာနေသူတစ်ယောက်အတွက် Google မှလွဲလို့ အားကိုးစရာမရှိခဲ့ပါဘူး။ Keyword လေးတွေရှိပါတယ် ။ ဥပမာ Window XP Tips and Tricks, Disadvantages and Advantages of ….. , between …. and ….. စသဖြင့် ရိုက်ရှာလေ့ရှိပါတယ်။ နောက်တစ်ခုက blog တွေ၊ forum တွေကို ဖတ်ရှုလေ့လာခြင်း။ အင်တာနက်မှာ မြန်မာဘလော့တွေ၊ ဖိုရမ်တွေ အများကြီးရှိပါတယ်။ နည်းပညာဘလော့တွေ၊ ဖိုရမ်တွေကို ဖတ်ရှုသင့်ပါတယ်။ ဥပမာ- Mystery zillion ဖိုရမ်၊ Myanmar IT Pro၊ MMShare.org ၊ စတဲ့ ၀က်ဘ်ဆိုက်တွေ အပြင်၊ တခြားဘလော့တွေ၊ ၀က်ဘ်ဆိုက်တွေကိုလည်း လေ့လာနိုင်ပါတယ်။ မြန်မာဘလော့တွေပဲ လေ့လာသင့်တာလားဆိုတော့ .. မဟုတ်ပါဘူး။ ဒီအပေါ်မှာ အခြေယူပြီး ပိုမိုလေ့လာသွားရမှာပါ။ အကောင်းဆုံးကတော့ ကိုယ့်ထက် နည်းပညာပိုင်းအစစအရာရာသာတဲ့ နိုင်ငံတွေဆီက website တွေ၊ ဘလော့တွေကို လေ့လာရမှာဖြစ်ပါတယ်။ သူတို့ရေးသားထားတဲ့စာအုပ်တွေကို လေ့လာခြင်းသည် အကောင်းဆုံးပေါ့ဗျာ .. ။ (၃) နည်းလမ်းများအားရှာဖွေပြီးနောက် စာအုပ်တွေဖတ်တယ်။ ဘလော့တွေဖတ်တယ်။ လေ့လာတယ်..မှတ်သားတယ်။ လက်တွေ့မလုပ်ရင်တော့ အလကားပါပဲ။ အဲတော့ ပြန်စမ်းကြပါတယ်။ ကျနော်တို့ဆီမှာတော့ Lab ခန်းတွေ မရှိပါဘူး။ အဲဒီတော့ ကိုယ့်ကွန်ပျုတာနဲ့ကိုယ်ဖတ်ထားတဲ့စာ ကိုယ့်ဘာသာစမ်းရပါတယ်။ Programmer က ကိုယ့်ဘာသာစာဖတ်ပြီး Program ပြန်ရေး၊ Hardware သမားကလည်း ကိုယ့်ဖတ်ထားတဲ့စာနဲ့ ကိုယ့်စက်ကိုပြန်စမ်းသပ် ။ ပျက်တဲ့အခါလည်းပျက် ။ အောင်မြင်တဲ့အခါလည်းအောင်မြင်ပါမယ်။ ကိုယ့်ဘာသာလုပ်နေရတာကိုး ..။ ဒီတော့ Hardware သမားဆိုတာ ပျက်တာကိုပြင်တာနဲ့ပဲ အချိန်ကုန်သွားပါတယ်။ အသစ်တီထွင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကိုလည်း လွှင့်ပစ်လို့ကမရပြန်သေးဘူး။ အချုပ်ပြောရရင် ဖတ်ထားတဲ့စာကို ပြန်အသုံးချရမှာ၊ ပြန်လုပ်တတ်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ကွန်ပျုတာစပြီး လေ့လာခါစက ပီစီဝါးလ်မှာပါတဲ့ တချို့နည်းပညာဆောင်းပါးတွေကို နားမလည်ပါဘူး။ ကိုယ်ကမလိုက်နိုင်တာပါ။ ပစ္စည်းတွေက မြင့်တယ်။ နည်းပညာအသစ်တွေဆိုတော့ ဖတ်ရတာ နားမလည်ပါဘူး။ ဒါအမှန်တိုင်းပြောတာပါ။ ဒါပေမယ့် ၀ယ်တယ်။ တချို့နားမလည်တာကို စူးစမ်းလေ့လာတယ်။ မေးမြန်းတယ်။ တချို့နားမလည်တာတွေကို ပစ်ထားလိုက်ပါတယ်။ ၁၉၉၉ ခုနှစ်က ၀ယ်ထားတဲ့ မဂဇင်းက ၂၀၀၀ခုနှစ်မှာ ပြန်ဖတ်တော့ နားလည်သွားပါတယ်။ အဲတော့ အဟောင်းတွေကို ပြန်ပြန်ဖတ်ရင်းနဲ့ ပြန်ပြီးပညာပြန်ရပါတယ်။ ဒါက ကျနော်တို့က မလိုက်နိုင်တာပါ။ နည်းပညာအဆင့်အတန်းမှာ နိမ့်နေတယ်လို့ ပြောရမှာပါ။ နောက်ဆုံးပေါ်ပစ္စည်းအသစ်တွေ မမြင်ဘူး၊မတွေ့ဘူးပါဘူး။ အင်တာနက်မှာတွေ့ရတဲ့ ကွန်ပျူတာနည်းပညာပစ္စည်းတိုင်း ကျနော်တို့နိုင်ငံမှာမရှိဘူး။ ဒါပေမယ့် ကျနော်တို့ လေ့လာထားရပါမယ်။ အရေးအကြီးဆုံးကတော့ ကွန်ပျူတာသမားတို့ရဲ့ စိတ်ဓါတ်ပါပဲ။ ဘယ်လိုစိတ်ဓါတ်လေးလဲ ဆိုတော့ .. ။ ကျနော်တို့ ကြုံပါတယ်။ ကြုံခဲ့ဖူးပါတယ်။ Program လေးအောင်မြင်သွားပြီ၊ Hardware Problem လေး ဖြေရှင်းနိုင်သွားပြီ ဆိုရင်.. ငါကွ.. တယ်တော်တဲ့ငါပါလား ဆိုတာ မြောက်သွားတတ်ကြပါတယ်။ ဒါပေမယ့် ပြသနာတွေကို မရှင်းနိုင်တဲ့အခါ၊ ကိုယ်ရေးတဲ့ Program မှာ ပြသနာတွေတက်ပြီး ငါတယ်ညံ့ပါလား .. ငါလိုသေးပါလား ဆိုပြီး အားငယ်သွားကြပြန်ပါရော .. ။ အဲဒီတော့ တစ်ခုခုတတ်ပြီဆိုရင် ကိုယ့်စိတ်ဓါတ်က မြောက်သွားပြီး လွတ်မသွားစေဖို့ တခုခုမှာ အဆင်မပြေဖြစ်ခဲ့ရင်လဲ စိတ်ဓါတ်က ၀ုန်းကနဲပြုတ်ကျမသွားဖို့ အရေးကြီးပါတယ်။ ဒါကလေ့လာပြီးတဲ့နောက် သိရှိသွားရင် ဂရုစိုက်ရမယ့်အရာပါ။ အချုပ်အနေနဲ့ပြောရရင်တော့ Technology နယ်ပယ်က ကျယ်ပြန့်ပါတယ်။ ကွန်ပျူတာသမားတို့ရဲ့ လေ့လာစရာနယ်ပယ်က ပိုကျယ်ပြန့်ပါတယ်။ တစ်ခုတည်းကို ဦးတည်ပြီး လေ့လာခြင်းနဲ့ နယ်ပယ်များကို ဖြန့်ကျက်လေ့လာခြင်းမှာ ကျောင်းသားဘ၀၊ လေ့လာသူတစ်ယောက်ရဲ့ဘ၀မှာ ဖြန့်ကျက်ပြီးလေ့လာသင့်ပြီးတော့၊ Professional ဘ၀၊ အလုပ်လုပ်နေတဲ့သူတစ်ယောက်အတွက်ကတော့ ကိုယ်နဲ့သက်ဆိုင်ရာ ပညာရပ်နယ်ပယ်ကို အထူးဦးစားပေးပြီး လေ့လာလိုက်စားသင့်ပါကြောင်း ထင်မြင်မိပါတယ်။ from - aungkolatt

Tuesday 19 June 2012

ကုရ်သာအကျီရှည်သည် အစ္စလာမ်၏ အမှတ် သင်္ကေတ မဟုတ် မွတ်စလင် တို့၏ ၀တ်စုံမဟုတ်

ရန်ကုန်မြို့ တခြမ်းပဲ့ဗလီအနီးရှိ အစ္စလာမ်ဘာသာရေး အသုံးအဆောင်များ ရောင်းချသော ဆိုင်များမှ ကုရ်သာ အကျီရှည်များ၊ ဘုရ်ခါ ၀တ်ရုံအနက်များကို မွတ်စလင်မဟုတ်သူများ က အများအပြားဝယ်ယူသွားကြကြောင်း မြန်မာမွတ်စလင် အင်တာနက် စာမျက်နှာများတွင် သတိပေးဖေါ်ပြလာပါသည်။ ရခိုင်ပြည်နယ် ဒေသများတွင် မွတ်စလင်အယောင်အဆောင်ပြီး အဖျက်အမှောင့် လုပ်ငန်းများ ကျုးလွန် ခဲ့သည့်နည်းတူ ရန်ကုန်မြို့တွင်လည်း ဖြစ်ပွားလာမည်ကို ရန်ကုန်မြို့နေ မွတ်စလင်များက စိုးရိမ်နေကြကြောင်း ဖေါ်ထားပြထားသည်။ အစ္စလာမ် ဘာသာတွင် သတ်မှတ်ထားသော ၀တ်စုံပုံစံမျိုးမရှိကြောင်း ၊ နေရာဒေသ ၊ လူမျိုးဓလေ့စရိုက် အရ အစ္စလာမ့် တရားတော် မူဘောင်နှင့်ကိုက်ညီသော မည့်သည့်ဝတ်စုံမဆို ၀တ်ဆင်ခွင့်ရှိကြောင်း ကုရ်သာ အကျီရှည် ၀တ်ခြင်း မ၀တ်ခြင်းသည် လည်းကောင်း၊ အစ္စလာမ် ဘာသာဝင်ဖြစ်ခြင်း မဖြစ်ခြင်းနှင့်မည်သို့မျှ မသက်ဆိုင် ကြောင်း မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများက ဓမ္မသတ် များထုတ်ပြန်ပေးခဲ့ပြီးဖြစ်သည်။ ၄င်းဓမ္မသတ်များကို သီးခြားဖေါ်ပြပေးပါမည်။ မွတ်စလင် သတင်းစဉ်

ခုနှစ် အလိုက် တင်ပြ ထားသော မြတ်တမန် မုဟမ္မဒ်(ဆွ) သမိုင်း

တမန်တော် မုဟမ္မဒ် (ဆွ)သည် မြန်မာမွတ်စလင်များအတွက် ကမ္ဘာတည်သရွေ့ လိုက်နာရမည်ဖြစ်သော အစ္စလာမ့်လူမှု စနစ် ကြီး ကိုကျမ်းတော်မြတ် ကုရ်အာန် ဖြင့် လက်တွေ့ ပြသသွားခဲ့သည်။ ဤစနစ်ကို တမန်တော်မြတ် ကွယ်လွန်ပြီး နောက် ခွလ်ဖာအေရာရှီဒိင်း တို့ခေတ် (အေဒီ ၆၃၂-၆၆၁) တွင် လက်တွေ့အကောင်အထည်ဖေါ် ဆောင်ခဲ့ရာ ယနေ့ အထိ ရှင်သန်လျက်ရှိသော အစ္စလာမ့် လူမှု အဖွဲ့အစည်းကို ကမ္ဘာ အ၀ှမ်း တွင်ဖေါ်ဆောင်ပြသနိုင်ခဲ့သည်။ ယင်းစနစ် သည် အာဏာစက် ဓမ္မသတ် ၏ အရှိန် အ၀ါဖြင့် ပြဌာန်းခြင်းမဟုတ်ပဲ သက္က၀ါ အလ္လဟ်အရှင်မြတ် အားချစ်ကြောက် သိစိတ်ဖြင့် အကောင်အ ထည်ဖေါ် ဆောင် ခဲ့ခြင်းဖြစ်သည်။ မြတ် တမန်၏ သမိုင်း ကြောင်းကို အလွယ်တကူ မှတ်သားနိုင်ရန် ခုနှစ်အလိုက် တင်ပြလိုက်ရပါသည်။ အေဒီ ၅၇၁ - တမန်တော်မြတ် မုဟမ္မဒ် (ဆွ) သည် ခရစ်သက္ကရာဇ် ၅၇၁ ခုနှစ်ဧပြီလ ၂၂ရက်၊နံနက် အာရုဏ်ဦး အချိန်တွင် မီးရှုး သန့်စင် ဖွားမြင်သည်။ ဖခင်ဖြစ်သူ အဗ်ဒုလ္လဟ် သည် တမန်တော်မြတ် ဖွားမီ အလျင်က ဆီးရီးယားနိုင်ငံ သို့ ကုန်ကူးသန်းရန် အသွား၊ မဒီနာ မြို့တွင် ကွယ်လွန်ခဲ့သည်။ အေဒီ ၅၇၄ - မိခင်ဖြစ်သူ အာမိနဟ် သခင်မသည် တမန်တော်မြတ် မွေးဖွားပြီး ၄နှစ် အရွယ်တွင်ကွယ်လွန်ခဲ့ပြန်သည်။ မိဘမရှိသည့် နောက်အဖိုးဖြစ်သူ အဗ်ဒုလ် မုသွာလိဗ်က ထိန်းသိမ်းစောင့်ရှောက် ခဲ့သည်။ မိဘမဲ့ဖြစ်သူ မုဟမ္မဒ် လေးသည် ကိုယ်ထူကိုယ်ထ မိမိဘ၀ကို ရပ်တည်နိုင်ခဲ့သည်။ မည်သူ့ကိုမျှ ၀န်ထုပ်ဝန်ပိုး မဖြစ်စေခဲ့ပေ။ ဖြတ်လက်သွက်လက်သော မုဟမ္မဒ် ကလေးကို အားလုံးက လိုလိုလားလားရှိခဲ့သည်။ အရှက်ကြီးသည်၊ သစ္စာတရားကြီးသည်၊ တာဝန်ကိုကျေပွန်သည်၊ အလဟဿ စကားနှင့် အကျိုးမဲ့လုပ်ရပ်များကို ငယ်စဉ်က တည်းက ရှောင်ခဲ့သည်။ အေဒီ ၅၇၉ - ၈နှစ် ၂လ အရွယ်တွင် အဖိုးဖြစ်သူ အဗ်ဒုလ် မုသွာလိဘ် ကွယ်လွန်၍ ဘကြီးတော် အဗူမုသွာလိဗ် နှင့်အတူ နေထိုင်ခဲ့သည်။ ကုန်ကူးသန်းရင်း ၁၂နှစ်သား အရွယ်တွင် ဘကြီးနှင့်အတူ ဆီးရီးယား နိုင်ငံဘက်သို့ ရောက်ရှိခဲ့သည်။ ဤသို့အားဖြင့် ဒေသန္တရ ဗဟုသုတ ရှာကြံနိုင်ခဲ့သည်။ အေဒီ – ၅၈၆ ၁ ၅နှစ်သား အရွယ်တွင် ဖြစ်ပျက်ခဲ့သော ဖေဂျာရ်စစ်ပွဲတါင် ကိုယ်တိုင်ကိုယ်ကျ ဒေသခံတို့နှင့်အတူ ပါဝင်ခဲ့သည်။ ဟလ်ဖိဖူဇူလ် လူမှုဝန်ထမ်း အဖွဲ့အစည်းတါင် ပါဝင်ဆောင်ရွက်ခဲ့သည်။ အေဒီ – ၅၉၄ ၂၃နှစ်သား အရွယ်တွင်ဆီးရီးယား သို့ ကုန်သည်အဖြစ်အမှုထမ်း ကာသွားရောက်ခဲ့၏။ အေဒီ – ၅၉၆ သက်တော် ၂၅နှစ် အရွယ်တွင် ခတီဂျာသခင်မ နှင့် ထိမ်းမြားခဲ့သည်။ သူမသည် မုဆိုးမ တစ်ဦးဖြစ်ပြီး တမန်တော်မြတ်နှင့်အတူ အစ္စလာမ့်လှုပ်ရှားမှုကာလတွင် ကွယ်လွန်ချိန်အထိ ရွပ်ရွပ်ချွံချွံ ပါဝင်လှုပ်ရှားခဲ့သော အိမ်ထောင်ရှင် မ စံပြအမျိုးသမီး ဖြစ်သည်။ သား ၂ဦး၊ သမီး ၄ဦးထွန်းကားခဲ့သည်။ အေဒီ – ၆၀၉ စီးပွားရေး အခြေအနေတိုးတက် လာခဲ့၍ အားလပ်ချိန်တွင် သစ္စာတရားကို ရှာဖွေရေးအတွက် ဟီရာလှိုဏ်ဂူ တွင်တရားအားထုတ်ခဲ့သည်။ အေဒီ – ၆၀၉ သက်တော်လေးဆယ်အရွယ် တွင်အလ္လဟ် အရှင်မြတ်ထံတော်မှ ကျမ်းမြတ်ကုရ်အာန် ၀ဟီထုတ်ပြန်ချက် ကျရောက်လာပြီးနဗူဝသ် တာဝန်ကိုထမ်းဆောင်ခဲ့သည်။ ဇနီးဖြစ်သူ ခတီဂျာဟ် သခင်မ ၊သူငယ်ချင်းဖြစ်သူ အဗူဘကရ် (ရသွေ့) နှင့်သားရင်ပမာ ဖြစ်သူ ညီငယ်အလီ (ရသွေ့) တို့က အစ္စလာမ်ကို စတင်လက်ခံလာခဲ့သည်။ သုံးနှစ်တိတိ အစ္စလာမ်ဒေသနာ တော်ကိုလျှို့ဝှက်စွာ ဟောပြောဖိတ်ခေါ်ခဲ့ရာ ပညာတက်များ သစ္စတရားကိုရှာဖွေလိုသူ များ ၊ဆင်းရဲသား လူတန်းစားနှင့်သူကြွယ် အချို့အစ္စလာမ်ကို လက်ခံခဲ့ကြသည်။ ယင်းသူတို့အတွက် ဆွဖာတောင်တန်းတွင် လျှို့ဝှက် ဌာန ဖွင့်လှစ်ထားခဲ့သည်။ အေဒီ – ၆၁၃ အစ္စလာမ်ဒေသနာ တော်ကို ဆွဖာတောင် ထိပ်ပေါ်သို့ တက်ကာ အတိအလင်းကြေညာခဲ့ရာတွင် ပြက်ရယ် ပြုခြင်းကို ခံခဲ့ရသည်။ အေဒီ – ၆၁၄ ကုရိုက်ရှ် တို့သည် တမန်တော်မြတ် ဘကြီးဖြစ်သူ အဗူသွလိဘ် အားအမျိုးမျိုး သော ဖိအားပေးကာ တူဖြစ်သူအား အစ္စလာမ်တရားတော်ကိုမပို့ချရန် တွန်းအားပေးခဲ့သည်။ နဗူဝသ် ၏ တတိယနှစ်မှ ပဉ္စမ နှစ် အထိပတ်ဝန်းကျင်ရှိ အမျိုးအနွယ်များ၏ ဆန့်ကျင်မှု ကိုခံရပြီး ပဉ္စမနှစ် မှ စ၍ ပြင်းထန်သော ဖိနှိပ်ညှင်းပန်း မှုကို ဆက်လက်ခံရပြန်သည်။ ယင်းဒဏ်ကိုမခံနိုင်၍ တမန်တော်မြတ်သည် မွတ်စလင်တို့အား ပင်လယ်နီကိုကျော်ဖြတ်၍ အာဖရိကတိုက်ရှိ အီသီယိုပီးယား နိုင်ငံသို့ ဟစ်ဂျရသ် ပြုစေခဲ့သည်။ ကာဖိရ်တို့ သည် ဤ ဝေးလံသော ဒေသအထိ သွားရောက် ဒုက္ခပေးခဲ့ပြန်သည်။ ဤသို့အားဖြင့် အစ္စလာမ်သာသနာသည် မဒိနာမြို့သို့ မရောက်ခင်အလျင် အာဖရိကတိုက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အေဒီ – ၆၁၅ ဆဌမနှစ်တွင် အုမရ် သခင် နှင် ဟမ်ဇာသခင်တို့ အစ္စလာမ်ကိုလက်ခံလာ၍ မွတ်စလင်တို့အားတက်ခဲ့သည်။ အစ္စလာမ်ကို လက်ခံသူတို့ တစ်စတစ် စ များပြာလာ၍ မက္ကသားတို့သည် မွတ်စလင်တို့အား သတ္တမနှစ်မှ ဒဿမနှစ်အထိ မက္ကာမြို့ပြင်ဘက်ရှိ ဗါဗေအဘုသွာလိဘ် အရပ် ၌ အကျယ်ချုပ်ဖြင့် အပယ်ခံဘ၀တွင် နေထိုင်စေခဲ့သည်။ ဤကာလ တွင်ဘကြီးဖြစ်သူ အဗူသွာလိဘ် ကွယ်လွန်ပြီး နှစ်လအကြာတွင် ဇနီးဖြစ်သူ ခတီဂျာ သခင်မ ကွယ်လွန် ပြန်သည်။ အေဒီ – ၆၁၉ ဒဿမ မြောက်နှစ်တွင် တမန်တော်မြတ်သည် သွာအိဖ်မြို့သို့ အစ္စလာမ်သာသနာ တော်ကိုဟောကြားရန် သွားရောက်ခဲ့ရာဝိုင်း၍ ခဲပေါက်ခြင်းကိုခံခဲ့ရသည်။ သွေးမြေကျခဲ့ရ၏ ။ သွာအိဖ် မှ အပြန်တွင် မေ့အ်ရာဂ်ျ ခရီးစဉ်သို့ သွားခဲ့ရ၍ ခရီးစဉ်မှ အပြန် လူသားတို့အတွက် လမ်းညွှန်ချက်တရား ၁၄ ချက် (ကျမ်းမြတ်ကုရ်အာန် စူရဟ် ဗနီ အစ္စရာအီလ်)ကိုယူဆောင်လာခဲ့သည်။ ယင်းနှစ်တွင် မဒိနာမြို့သား တို့ အစ္စလာမ်ကို လက်ခံလာသည့် အပြင် တမန်တော်မြတ်နှင့် မွတ်စလင်တို့အား မဒိနာ မြို့သို့ လာရောက်ရန် ဖိတ်ခေါ် ခဲ့သည်။ ယင်းသည် အစ္စလာမ်သမိုင်း အလှည့်အပြောင်း ကိုဖြစ်စေခဲ့သော ဗိုင်အသ် အက္ကဗါအဖြစ် ထင်ရှားလှ၏ ။ မဒီနာမြို့သား တို့သည် ဒုတိယအကြိမ် လာရောက်အပြီးတွင် မက္ကာမြို့ရှိ မွတ်စလင်တို့သည် တဖွဲဖွဲ မဒိနာမြို့သို့ ထွက်ခွာ သွားတော့သည်။ မဒိနာဟ် ခေတ်ကာလ အေဒီ- ၆၂၂ တမန်တော်မြတ် ဟစ်ဂျရသ် ပြု၍ မဒိနာမြို့သို့ ထွက်ခွာခဲ့သည်။ ဤသို့ ဟစ်ဂျရသ် ပြုခြင်းကို အကြောင်းပြုကာ ယင်းကာလစတင်၍ မွတ်စလင် တို့၏ ပြက္ခဒိန် နှစ်ကို ရေတွက်ခဲ့ခြင်းဖြစ်သည်။ မွတ်စလင်တို့ ၏ ခုနှစ် သက္ကရာဇ် ရေတွက်မှုကို ဟစ်ဂျရီဟု ခေါ်သည်။ ဖေါ်ပြပါ မဒီနာမတိုင်မီ ခေတ်ကာ ကို မက္ကာခေတ် ဟု ခေါ်သည်။ ယင်းကာလတွင် ကျမ်းတော်မြတ်ကုရ်အာန် ၏ စုရဟ် ၉၃ စုရဟ် ကျရောက်ခဲ့သည်။ ယင်းစူရဟ်များသည် များသောအားဖြင့် သောင်ဟိဒ် သဘောတရား နှင့် ရှေးတမန်တော် များ၏အကြောင်းဖြစ်သည်။ ဖေါ်ပြခံခဲ့ရသော သူတို့ကား “ အို…လူသားတို့ ” “အို ..ကာဖိရ် အပေါ်င်းတို့ ” ကဲ့သို သော အာယသ်များ ဖြစ်သည်။ လမ်းခရီး၌ ကူဗာအရပ်တွင် ပထမဆုံး ၀တ်ကျောင်းတော် တည်ဆောက်ပြီး ပထမဆုံး ဂျုမုဒဟ် ဆွလဟ် ကိုဝတ်ပြုခဲ့သည်။ ကူဗာတွင် ၁၄ရက်မျှ နေထိုင်ခဲ့သည်။ တမန်တော်မြတ် ၀တ် ကျောင်းတော် ကိုမဒိနာ မြို့တွင် တမန်တော်မြတ်အပါအ၀င် မွတ်စလင်အားလုံး ပါဝင်တည်ဆောက်ခဲ့သည်။ မက္ကဟ် မြို့မှ လာရောက်သူများနှင့် မဒီနာ မြို့မှ အန်ဆွာရီ တို့ကို ပူးပေါင်းပြီး မ၀ါခါသ် ဟု ခေါ်သည့် ညီနောင် ဖွဲ့ပေးခဲ့သည်။ မဒိနာမြို့ကို ဗဟိုပြု၍ အစ္စလာမ့် လူ့အဖွဲ့အစည်းကို တည်ဆောက်သည်။ မဒီနာသားတို့သည် လယ်ယာလုပ်ငန်း ကို ကျွမ်းကျင်ပြီး မက္ကာသား တို့က ကုန်သွယ်ရေး လုပ်ငန်းကို ကျွမ်းကျင်ကြသည် ဖြစ်၍ မဒီနာမြို့ သည် စီးပွားရေးဗဟို အဖြစ်သို့ ရောက်ရှိသွားတော့သည်။ မဒီနာခေတ်တွင်ကျရောက်လာသော ဒေသနာ လမ်းညွန်ချက်များ မှာ “အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ ” ဟူ၍ ဦးတည် ချပေးချက်များဖြစ်သည်။ ဟီဂျရီ ပထမနှစ်တွင် ကာကွယ်ရေးအစီအစဉ် ကို ချမှတ်နိုင်ခဲ့သည်။ ယင်းနောက်ပိုင်း တွင် ကျရောက်သော ကုရ်အာန်ကျမ်း ကို လမ်းညွန်ချက် အရ မဒီနာခေတ်တွင် ကျရောက်သည် ဟု ဖေါ်ပြသည်။ မဒီနာမြိုကရှိခေါင်းဆောင်နှစ်ဦးဖြစ်သူ ယဟူဒီ လူမျိုး အဗ်ဒုလ္လဟ် ဗင် ဆလာမ် နှင့် ခရစ်ယာန် ဘုန်ကြီး အဗူကိုင်စ် တို့ အစ္စလာမ်လက်ခံခဲ့ကြသည်။ ထိုမျှ မက အာရဘ်ဒေသ ခေါင်းဆောင်များလည်း အစ္စလာမ့်ရေးရာနှင့်စပ်လျဉ်းပြီး စိတ်ဝင်စားလာခဲ့ကြသည်။ အေဒီ -၆၂၃(ဟီဂျရီ ၂ ခုနှစ်) မွတ်စလင်တို့အား ညှဉ်းပန်းနှိပ်စက်သော ရန်ပြုသူကို ပြန်လည်ခုခံတွန်းလှန်ခွင့်အမိန့် ဂျီဟဒ် ကျရောက်လာခဲ့၍ ရန်သူတို့အား ခုခံပိုင်ခွင် ရှိလာတော့သည်။ မဒီနာ ၀န်းကျင်ရှိ လူမျိုးများ အုပ်စုများနှင့် တစ်ဦးကို တစ်ဦး လေးစားရေး မကျုးကျော်ရေး စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ဇကားသ်အမိန့် ၊ ဆွီယာမ် ဥပုသ် သီလ အမိန့် ကျရောက်ခဲ့သည်။ ကအ်ဗာ သိုမျက်နှာမူ၍ ဆွလာဟ် ၀တ်ပြုမှု မိန့်  ၊အိဒ်ဂါ တွင် အီဒွလ်ဖိသ်သိရ် ဆွလာသ်ကို အစုအဝေးဖြင့် ပြုခြင်း၊ ပါရှန်း လူမျိုး ဆဲလ်မာန် ဖရ်စီ အစ္စလာမ့် ဘောင်အတွင် ၀င်ရောက်ခဲ့ခြင်း ၊ များ ရှိခဲ့သည်။ ဟီဂျရီ ၂ ခုနှစ်တွင် ကမ္ဘာ့သမိုင်းတွင် အရေးပါလှသော ဗဒရ်စစ်ပွဲ ဖြစ်ပွား၍ အရေအတွက် ၃၁၃ ရှိသော မွတ်စလင်တို့ အောင်ပွဲခံခဲ့သည်။ ဤနှစ်တွင် အလီသခင် နှင့် သမီးတော် ဖာသွီ မာဟ် သခင်မတို့ကို လက်ထက်ပေးခဲ့သည်။ အေဒီ – ၆၂၄ (ဟစ်ဂျရီ ၃ခုနှစ်) မူးယစ်စေသော သေရည်သေစာများကို ပိတ်ပင်သည့် အမိန့်ကျရောက်ခဲ့သည်။ ဤနှစ်တွင် ရမဒွာန် လတွင် တမန်တော်မြတ်မြေးတော် အီမာမ်ဟဆန် မွေးဖွားခဲ့သည်။ အုဟူဒ်စစ်ပွဲလည်း ဤ နှစ်တွင် ပင်ဖြစ်ပွားခဲ့သည် ။ တမန်တော်မြတ် အမိန့််မနာခံမှုကြောင့် အောင်ပွဲခံရဆဲ တွင် အထိနာ၍ မွတ်စလင် တို့ အလူးအလဲ ခံလိုက်ရသည်။ အတိုးစားခြင်း ကိုပိတ်ပင်သည့် အမိန့် ၊ မိဘနှင့်စပ်လျဉ်းသော အမိန့် ၊ အမွေ ခွဲဝေပေး သော အမိန့် ၊ ဇနီးမယားနှင့် စပ်လျဉ်းသော အမိန့် ၊ စသော အမိန့်များ ကျရောက်လာခဲ့သည်။ အေဒီ - ၆၂၅ (ဟစ်ဂျရီ ၄ခုနှစ်) ရှအ်ဗန်လတွင် မြေတော် အီမာမ် ဟူစိန်အားမွေးဖွားခဲ့သည်။ မွတ်စလင်အမျိုးသမီးများခန္ဒာကိုယ်လုံခြုံစွာဝတ်ဆင်ရန် အမိန်ကျရောက်လာခဲ့သည်။ အာရဗ်တို့သည် ရာသီဥတု အခြေအနေအရ ဦးခေါင်းလုံခြုံစွာဖုံးအုပ်ထားသော်လည်း အာရဗ်အမျိုးသမီး တို့သည် ခန္ဒာကိုယ် လုံးခြုံခြင်းမရှိခဲပေ။ သို့ဖြစ်၍ မဒိနာမြို့တွင် မုနာဖိက် နှင့် ကာဖရ်တို့က အမျိုးသမီးများကို လှောင်ပြောင်ရာ အလ္လဟ်အရှင်မြတ်က မွတ်စလင် အမျိုးသမီးများသည် အခြာသူများနှင့် မတူ ခန္ဒာကိုယ် ကိုလည်းလုံခြုံစွာ ဖုံးအုပ်ရန် အမိန့်တော်ကျရောက်လာခဲ့သည်။ မူလခြုံထည်ကို ရင်သားအား ဖုံးအုပ်ကာပတ် ၍ လွှဲချထားရမည် ဖြစ်သည်။ အရက် သေစာ ကိုလုံးဝ ပိတ်ပင်သော အမိန့်ရောက်ရှိလာသည်။ ဗနုနဆီရ် အုပ်စုဝင်များ နှင့်စစ်ပွဲဖြစ်ပွားခဲ့သည်။ အေဒီ – ၆၂၆ ( ဟစ်ဂျရီ ၅ ခု ) ခန်ဒက်စစ်ပွဲ အပါအ၀င် စစ်ပွဲများကို ဆင်နွဲရသည်။ တမန်တော်မြတ်သည် မဒီနာမြို့ တွင်ရှိစဉ်ကာလ ရက်ပေါင်း ၇၃၁ ရက်ကို ခုခံကာကွယ်ေ၇း ၂၇ခု တွင် ကုန်ဆုံးခဲ့သည်။ တနည်း အားဖြင့် တမန်တော်မြတ်၏ မဒိနာမြို့ရှိ ငါးပုံတစ်ပုံကာလသည် ခုခံရေးတွင် ကုန်ဆုံးခဲ့ရသည်။ ထိုမျှမက အကြိမ် ပေါင်း ၅၀ကျော် ဒေသအသီးသီးတို့ အစ္စလာမ်ဒေသနာ တော် ပို့ချရန် သွားရောက်ခဲ့သည်။ ဤ ဟစ်ဂျရီ ၅ခုနှစ် တွင် ဒေါက်ရ် အုပ်စု ၀င်များ ၊အလုံးအရင်း ဖြင့် အစ္စလာမ် ကို လက်ခံလာခဲ့သည်။ အေဒီ – ၆၂၇ (ဟစ်ဂျရီ ၆ ) မက္ကာဟ်သား တို့နှင့် ဟူဒိုင်ဘီယာ စာချုပ် ချုပ်ဆိုခဲ့သည်။ ဤနှစ်တွင် အာရဘ် သူရဲကောင်း ခါလီဒ် ဘင်ဝလိဒ် နှင့် အမရ် ဗင် အာဆ် တို့ အစ္စလာမ်ကို လက်ခံလာခဲ့သည်။ ဟုဒိုင်ဘီယာ စာချုပ်ပါ အချက်များကို ဆွဟာဗဟ် နောက်လိုက်များက မကြိုက် မနှစ်သက်သော်လည်း တမန်တော်မြတ် ၏ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းချက် ရလာဒ်ကို အသီးအပွင့် များဖြစ်ထွန်းခဲ့သည်။ စာချုပ်ချုပ်ဆိုပြီး မက္ကာဟ်ဒေသတွင် အစ္စလာမ်ကို လက်ခံသူ များပိုမိုများပြားလာခဲ့သည်။ အေဒီ – ၆၂၈ (ဟစ်ဂျရီ ၇ ) ဟစ်ဂျရီ ရခုနှစ်တွင် နိုင်ငံတကာခေါင်းဆောင် များ အကြီးအကဲများထံ သို့အစ္စလာမ့်သ၀ဏ်လွှာများ ပေးပို့နိုင်ခဲ့သည်။ ဤနှစ်တွင် ခိုင်ဗရ်စစ်ပွဲဖြစ်ပွားခဲ့သည် ။ ခိုင်ဗ၇် အောင်ပွဲ ကာလတွင် အီသီယိုပီးယား မှ မွတ်စလင်များပြန်လည်ရောက်ရှိခဲ့သည်။ ဟုဒိုင်ဗီယာ စာချုပ်အရ မက္ကာမြို့မှ မဒီနာမြို့သို့ လာရောက်ခွင့်မရှိသော မွတ်စလင်တို့ သည် ကြားစခန်းတွင် သီးခြားရပ်တည် ၍ ပျောက်ကျား စစ်ရေး ဆင်နွဲခဲ့သည်။ ဤနှစ်တွင် မွတ်စလင် တို့ အွမ္မရဟ်ပြုရန် သွားရောက်ခဲ့သည်။ ကွာရှင်းခြင်း။ထိမ်းမြားခြင်း အမိန့်များ ၊ လမ်းညွန်များကျရောက်လာခဲ့သည်။ အေဒီ – ၆၂၉ – ၆၃၀ (ဟစ်ဂျရီ ၈) မက္ကာသို့ ချီတက်ကာအောင်ပွဲခံရရာတွင် သွေးမကျပဲ တမန်တော်မြတ် စီစဉ်ပေးနိုင်ခဲ့သည်။ မက္ကာဟ်မြို့ရှိ မတရားသိမ်းပိုက်ခံထားရသော အိုးအိမ်ပစ္စည်းများအတွက် လက်စားချေခြင်း ကို မပြုခဲ့ပေ။ ကအ်ဗဟ် ကျောင်းတော် ၏ သော့ကို ပင် မူလ ဂေါပက လက်တွင် ပြန်လည်ပေးအပ်ခဲ့သည်။ ဤနှစ်တွင် အလုံးအရင်းနှင့် အစ္စလာမ်ကိုလက်ခံလာခြင်း၊ ကအ်ဗဟ် ၀တ်ကျောင်းကို သန့်စင်စေခြင်း၊ အတိတ်ကာလ ဓလေ့ဆိုးများကို ဖယ်ရှားပစ်ခဲ့သည်။ ဤနှစ်တွင် ဟုနိုင်န် စစ်ပွဲ လည်းဖြစ်ပွားခဲ့သည်။ အေဒီ – ၆၃၀-၆၃၁ (ဟစ်ဂျရီ ၉) ဟစ်ဂျရီ ၈ ခုနှစ်တွင် အာ၇ဘ်ခေါင်ဆောင်များ နှင့် လူအများအပြား အစ္စလာမ်ကို လက်ခံလာခြင်း၊ မဒိနာမြို့သို့ ကိုယ်စားလှယ်မျာား မပြတ်လာရောက်နေခြင်း၊ အဘူဘက္ကရ် သခင်ကြီးကို ဦးဆောင်စေ၍ တမန်တော်မြတ် ပထမဆုံးဟဂ်ျ ပြုစေခဲ့သည်။ အေဒီ – ၆၃၁ (ဟစ်ဂျရီ ၁၀) သဗူးက်စစ်ပွဲဖြစ်ပွားခဲ့သည်။ ဤနှစ်ရမဒွာန် လ ဆွီယာမ် ဥပုသ်ဆောက်တည် ခြင်းသည် တမန်တော်မြတ် အတွက် နောက်ဆုံးဖြစ်ခဲ့သည်။ တမန်တော်မြတ် ၏ နောက်ဆုံး မိန့်ခွန်းတော် ကို လူသား တစ်သိန်းကျော် ရှေ့မှောက်တွင်ဟောကြားခြင်းဖြင့် ကမ္ဘာ့လူသား တို့အတွက် လူ့အခွင့်အရေးဆိုင်ရာ ပဋိဉာဉ်ကြီးကို ကြေညာခဲ့သည်။ အေဒီ – ၆၃၂ (ဟစ်ဂျရီ ၁၁) ဟစ်ဂျရီ ၁၁ခုနှစ် ဆွဖရ် လမှစ၍ တမန်တော် မြတ်နေထိုင် မကောင်းဖြစ်ခဲ့သည်။ ရဗီအောင်ဝလ် လ ၁၂ရက်နေ့ တွင် တမန်တော်မြတ် အလ္လဟ့် အမိန့်တော်ခံ ကွယ်လွန်ခဲ့သည်။ ရေးသားတင်ပြသူ – ဂျာဝိဒ်သန်း

Sunday 17 June 2012

မြန်မာနိုင်ငံ မဒ်ရဆာဟ် ပညာရေး စနစ် ဖွံ့ဖြိုးရေး (၁)

တိုင်းရင်သားလူမျိုးပေါင်းစုံ ဘာသာတရားပေါင်း စုံတို့သည်မြန်မာနိုင် ငံ၌ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်လျက်ရှိကြ သည်။ မြန်မာနိုင် ငံကြီး အား ပန်းဥယျာဉ်အဖြစ် တင်စားပါက မြန်မာမွတ်စလင်တို့သည် အခြားသော ဘာသာဝင်များကဲ့သို့ပင် အနံကြိုင်ကြိုင် သင်းနေ သော ပန်း ပွင့် ပန်းပင်လေးများအလား ဖြစ်သည်။ ဤသို့ Diversityမျိုးမည်စုံလှသော ဖြစ်သောဓလေ့ထုံးစံများ ၊ယဉ်ကျေးမှုများ ဘာ သာရေး ကျင့်သုံး မှုများ အကြားအလယ် မြန်မာမွတ်စလင်တို့သည်ဂုဏ် ရောင် ထွန်းပြောင် စွာဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ဘက်စုံထောင့် စုံက အင်တိုက်အားတိုက် ပါဝင်ခဲ့ကြကြောင်း သမိုင်းစာမျက်နှာ၌ အထင်ကရရှိနေပါသည် ။ မြန်မာနိုင်ငံရေးဖြစ်စဉ်သည် ဒီမိုကရေစီစနစ်သို့ ချဉ်းနင်းဝင်ရောက်နေချိန် ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ရေး တွင် မြန်မာ မွတ်စ လင် တို့သည် နိုင်ငံသားကောင်းပီသစွာနှင့် အတိတ် သမိုင်းလှ သူများပီပီတိုင်း ရင်းသားပေါင်းစုံ ၊ ဘာသာပေါင်းစုံနှင့် ပိုမို လက်တွဲ ၍ ဆောင်ရွက်သွားကြရန် လိုအပ်လှပါသည်။ မိမိနေထိုင်ရာ ကမ္ဘာကြီးအကြောင်း ၊ မြန်မာ နိုင်ငံ အကြောင်း ၊ ဒေသအကြောင်း၊ မြန်မာ့ယဉ်ကျေးမှု အကြောင်း ၊ အထူးပြု ကျွမ်းကျင် နား လည်သော မဒ်ရဆာဟ် ကျောင်းဆင်းများ ရှားပါးလွန်းလှသည်။ ထို့ပြင် ပညာရပ်တစ်ခု အားစူးစူးစိုက်စိုက်လေ့ လာစာ တမ်းပြုနိုင်ေ သာ အဆင့်သို့ တက်လှမ်း နိုင်ကြသူ မှာမရှိသလောက် ပင်ဖြစ်နေသည်။ ထိုမျှမက မဒ်ရဆာဟ် ကျောင်းဆင်းပြီး သာသနာ့ က တောင်း ဆိုနေသော ပညာများ တနည်းဆိုသော် ခေတ်ပညာ ဆက်လက် ဆည်းပူးကြခြင်းမရှိ နိုင်၍ခေတ် စနစ် နှင့် မျက်ခြေပျက် ၊မြန်မာ့မြေနှင့် အစပ် အဟပ် အဆီငေါ်မ တည့်သည့် အဖြစ်သို့ရောက် သွားကြသည်က များနေသည်။ ယနေ့ မြန်မာနိုင်ငံရှိ မဒ်ရဆာ များ ၌ ပြဌာန်းထား သော သင်ရိုးသည် လည်းအိမ်နီးချင်းအိန္ဒိယ မှနေဇာမီသင်ရိုးကို ရယူ ထားခြင်း ဖြစ်နေ ရာ မြန်မာနိုင်ငံသား တစ်ဦး မဖြစ်မ နေ သိရမည့် မြန်မာ့ သမိုင်း၊ မြန်မာ့ ယဉ်ကျေး မှု၊ ပထ၀ီ ၊ ပြည်သူ့နိ တိ စသော အသိပညာ ဗဟုသုတ များကို မဒ်ရဆာ များအနေဖြင့် ကျောင်းသား များအားမည်သို့မျှ မပို့ချ ပေးနိုင်ချေ။ ရလာဒ်အားဖြင့် မြန်မာနိုင်ငံသား အဖြစ် မှတ်ပုံတင်ကဒ်တွင်ဖေါ်ပြထား သော်လည်း မြန်မာနိုင်ငံမြေပုံကိုပင် ဖြောင့်ဖြောင့် ရေးဆွဲတက်သူ ၊မြန်မာ့သမိုင်း၊ယဉ်ကျေးမှုတို့အား သိကျွမ်းကျင်မှုမရှိသူပညာရှင် (အာလင်မ်) ဆိုသူအ ချို့က အသိနုနယ်လှ သောမြန်မာမွတ်စလင် တို့အား ခက်ခဲ သည့် အနေအထား သို့ တွန်းပို့ပေးနေသလို ဖြစ်လာသည်။ ဤသို့နေထိုင်ကျင့် သုံးရင်း ကျင့်သုံးနေရင်း ကပင် မြန် မာ့ ရေမြေ ၊ ယဉ်ကျေးမှု လူမှုအသိုင်းအ၀ိုင်း နှင့် တဖြေးဖြေး တစိမ်းဆန်သော အခြေအနေ သို့ ရောက်မှန်း မသိရောက်သွားနေ ရှာ ရသည်။ အိမ်နီးချင်း ဘာသာခြား ကိုပင် မတူမတန် ဆက်ဆံလာ တော့သည်။ စိန်ခေါ်မှုမျိုးစုံနှင့်ရင်ဆိုင်နေရသော မြန်မာ မွတ်စလင်မ်တို့အား ထိထိရောက်ရောက်ဦးဆောင်နိုင်ရေးမှာ ရှရီအဟ်ကို ထုံလိုကျေရေ လိုနှောက် တက်မြောက်သူ ၊မြန်မာလူမှုဓလေ့နှင့်သဟဇာတဖြစ်သော ပညာရှင်များ အများအပြား လိုအပ်နေသည်။ အလွန်အမင်း လို အပ်သော သော ပညာရှင်များမွေးထုတ်နိုင်ရေးမှာလည်း အများလက်ခံသလောက် လက် တွေ့ဖြစ်ဖို့ အဆင့်များ စွာ ဆောင်ရွကသွားရ ပါမည်။ မဒ်ရဆာဟ် သင်ရိုး မဒ်ရဆာဟ်များတွင် နေဇာမီသင်ရိုးကို သင်ကြားနေသည်ဖြစ်ရာ လွန်ခဲ့သော နှစ်၅၀၀ကျော်နှောင်းပိုင်းက ဖိကာဟ်ကျမ်းစာ များ ကို အုရ်ဒူ ဘာသာစကားဖြင့် အဓိကထား သင်ကြားကြသည်။ သင်ရိုးဆိုင်ရာ အားနည်း ချက် ဆိုသည်ထက် လက်ရှိ ခေတ် စနစ် က တောင်း ဆိုနေသည်များ မပါဝင်ချေ။ အထူးသဖြင့် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု၊ ခေတ်သစ်အသုံးလုံးဟု ဆိုရမည့် အင်္ဂလိပ်စာ၊ အင်တာ နက် နှင့် အိုင်တီ ပညာရပ် များ၊ မြန်မာ လူနေ့မှုစနစ်လေ့ လာခြင်းစသော ဘာသာရပ်များ ၊ခေတ်သစ်ဖိကာဟ် ဘာသာရပ်များ မပို့ ချ နိုင်ကြချေ။ ဤသို့သော မဒ်ရဆာများတွင် နှစ်ရှည်ပညာ ဆည်းပူးလာ သူများသည်လည်း မြန်မာ့ရေမြေ၊မြန်မာယဉ်ကျေးမှု ဝေးသ ထက်ဝေး ရာကို သာရောက် သွားပြီး မြန်မာ့ လူမှုဟန်ချက် ကို သဘောပေါက်ခြင်းထက် အိန္ဒိယ ချစ်စိတ် များသာ ကိန်းအောင်းနေသော ကုရ်သာချစ် မဒ်ရဆဟ် ကျောင်းဆင်း များ သာ ပေါ်ထွက်လာတော့သည်။ သတိ ချပ်ရန် မှာ အိန္ဒိယ လူမျိုးတို့၏ ရိုးရာ အ၀တ်အစားကို တိုက်ခိုက်လိုခြင်း အလျင်းမ ဟုတ် ပဲ မြန်မာ လူမှု အသိုင်းအ၀ိုင်းနှင့် ကင်းကွာနေခြင်းကို သာ မီးမောင်းထိုးပြခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံရှိ မဒ်ရဆာ ကျောင်း(အများစု)သည် အိန္ဒိယ တိုက်ငယ် မှ ဆက်ခံထားခြင်းဖြစ်သည်။ ယင်းနိုင်ငံများ ရှိမဒ်ရဆာဖွံ့ဖြိုးရေးနှင့် ဆိုင်ရာများကို အပြောင်းအလဲများ၊တိုက်တွန်းနှိုးဆော်မှု များကို မြန်မာမွတ်စလင်များ သိရှိနိုင် ရန် အခန်းဆက် တင်ပြသွားမည်ဖြစ်ပါ သည်။

မြန်မာ မုစ်လင်မ်

မြန်မာမုစ်လင်မ်ဆိုတာ မြန်မာနိုင်ငံတွင်နေထိုင်ကြသော တိုင်းရင်းသား ညီနောင်တွေထဲက အစ္စလာမ်ဘာသာဝင်တွေကိုပြောတာပါ... တိုင်းရင်းသားပါ... လက်ရှိကျင့်သုံးနေတဲ့ မြန်မာနိုင်ငံက ၁၉၈၂နိုင်ငံသားအက်ဥပဒေအရကိုအကြုံးဝင်တဲ့ တိုင်းရင်းသားစစ်စစ်မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို မြန်မာမွတ်ဆလင်မ်လို့ခေါ်ကြောင်းပါ... ပိုပြီးပြောရင် ၁၉၄၇မှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဆရာဒီးဒုတ်ဦးဘချို၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့လို နိုင်ငံရေးဗိသုကာကြီးတွေရေးဆွဲတဲ့ နိုင်ငံသားဖြစ်ရေးအက်ဥပဒေအရရော တိုင်းရင်းသားသတ်မှတ်ရေးအရပါအကျုံးဝင်တဲ့ မြန်မာနိုင်ငံဌာနေတိုင်းရင်းသားများထဲမှာ အစ္စလာမ်ဘာသာကိုကိုးကွယ်တဲ့ မြန်မာမုစ်လင်မ်တွေဗျ... မြန်မာနိုင်ငံမှာမုစ်လင်မ်တွေ မနေ့တစ်နေ့ကမှဝင်လာပြီးနိုင်ငံသားဖြစ်နေတာလား ကိုလိုနီခေတ်မတိုင်ခင်ကတည်းက တိုင်းရင်းသားမြန်မာမုစ်လင်မ်တွေရှိနေသလားဆိုတာလေး မျက်စိလေးဖွင့်ပြီး စာလေးရှာဖတ်ကြစေချင်တယ်... မလိုလားအပ်တဲ့ ဘာသာရေးအားသန်တဲ့လူမျိုးကြီးဝါဒကိုဖြန့်ဖြူးပြီး ကိုယ့်တိုင်းရင်းသားလူမျိုးအချင်းချင်း ရန်တိုက်မပေးကြပါနဲ့ဗျာ... သေချာအောင်ပြောရရင် ဗမာလူမျိုးမှာလည်း မုစ်လင်မ်ရှိတယ်... မမြင်ဖူးရင် ရမည်းသင်း၊ ပခုက္ကူ၊ မြင်းခြံ၊ သာစည်၊ ရွှေဘို၊ မြေဒူး၊ စစ်ကိုင်း စတဲ့ဒေသတွေမှာ ဗမာစကားကလွဲလို့ ဘယ်စကားမှမတတ်တဲ့ အညာသားစစ်စစ်ဗမာလူမျိုး အစ္စလာမ်ဘာသာကိုးကွယ်တဲ့လူတွေ ရွာလုံးကျွတ်ရှိတယ်... အလားတူပဲ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးအဖြစ်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုးတွေမှာလည်း အစ္စလာမ်ဘာသာဝင်တွေရှိတယ်... အစ္စလာမ်ဘာသာကိုကိုးကွယ်လိုက်လို့ အဲ့ဒီလူတွေရဲ့ လူမျိုးစုဖြစ်ခွင့်ကြီးဆုံးရှုံးသွားတာမျိုးပြောဆိုရင်တော့ အဲ့ဒါဟာ ရိုးရိုးလူကပြောတာဆိုရင် ဘာသာရေးအားသန်တဲ့လူမျိုးကြီးဝါဒကိုဖြန့်ချိတာဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကပြောတာဆိုရင်တော့ အဲ့ဒါဟာ ဘာသာရေးနှိပ်ကွပ်ခြင်းပဲ... မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီမိုကရေစီစံနစ်ကို နည်းမှန်လမ်းမှန်နဲ့ကူးပြောင်းနေချိန်မှာ ဘာသာရေးအကြောင်းပြုပြီး လူမျိုးကြီးဝါဒကိုဖြန့်ဖြူးတာပဲဖြစ်ဖြစ်... လူမျိုးရေးအကြောင်းပြုပြီး ဘာသာရေးနှိပ်ကွပ်တာပဲဖြစ်ဖြစ် လုပ်ဆောင်တာက တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းစွာဖြစ်တည်ရေးကိုနှောက်ရှက်တာပဲဗျ... ရခိုင်မြောက်ပိုင်းဒေသမှာ လူမျိုးရေးပြဿနာပေါ်အခြေခံပြီး ဘာသာရေးအရပါ ဝင်ရောလို့ အဓိကရုဏ်းဖြစ်တော့ အပြစ်မဲ့တဲ့ လူတွေပဲ သေကျေပျက်ဆီးရ၊ အပြစ်မဲ့တဲ့မိသားစုတွေပဲ အိုးအိမ်တွေဆုံးရှုံးရဖြစ်ကြရတယ်... ဒါဟာအရင်အစိုးရကပေးခဲ့တဲ့ဆိုးမွေပဲ... မြန်မာနိုင်ငံက ကျန်ဒေသတွေမှာ အဲ့ဒီလိုဆိုးမွေမရှိပေမဲ့ ရခိုင်မြောက်ပိုင်းမှာ လွတ်လပ်ရေးရချင်ကစလို့ လူမျိုးရေးပြဿနာတွေရှိနေတယ်... ဒါကိုလူတော်တော်များများက ဘာသာရေးပြဿနာအထိဆွဲခေါ်လာပြီး မြန်မာမုစ်လင်မ်တွေ(တိုင်းရင်းသားမုစ်လင်မ်)တွေနဲ့ တိုင်းရင်းသားလူမျိုးအချင်းချင်း အိုးမဲသုတ်ပြီး တိုက်ပေးချင်ကြတယ်... ကျနော်တို့လိုချင်တာ သွားချင်နေတာ တစ်နိုင်ငံလုံး တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့တိုးတက်ရေးပဲ... နေရာတကာမှာ အဓိကရုဏ်းတွေ အိမ်နီးနားချင်း အချင်းချင်း သံသယမျက်လုံးတွေနဲ့နေချင်ကြတာမဟုတ်ဘူး... ဒါ့ကြောင့်လည်း ပြည်တွင်းက အမျှော်အမြင်ရှိတဲ့ ရဟန်းသံဃာတော်ကြီးတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူမျိုးရေးအဖွဲ့အစည်းတွေ၊ အစိုးရအာဏာပိုင်ထဲကသမာသမတ်ကျတဲ့မျှတသူတွေပူးပေါင်းပြီး တိုင်းပြည်အေးချမ်းတည်ငြိမ်အောင်ဆောင်ရွက်နေချိန်မှာ ဘာသာရေးကိုအခြေပြုတဲ့ Hate speeach, Hate letter, Hate ideology တွေမဖြန့်ဖြူးဖို့ ထောက်ခံအားမပေးဖို့လိုပါတယ်...

ဟိဂျဗ်ဝတ်တဲ့ အမေရိကန်မွတ်စ်လင်မ် အမျိုးသမီးဘောလုးံကစားသမား တစ်ယောက်ရဲ့ အခက်အခဲကို မျှဝေသောအားဖြင့် တစ်သင်းလုးံ ဟိဂျာဗ် ၀တ်ဆင်

ဟိဂျဗ်ဝတ်တဲ့ အမေရိကန်မွတ်စ်လင်မ် အမျိုးသမီးဘောလုးံကစားသမား တစ်ယောက်ရဲ့ အခက်အခဲကို မျှဝေသောအားဖြင့် တစ်သင်းလုးံ ဟိဂျာဗ် ၀တ်ဆင် Posted by taqwaone in Uncategorized. Leave a Comment ဖလော်ရီဒါ အထက်တန်းကျောင်းရှိ အမျိုးသမီးဘောလုးံ အသင်းခေါင်းဆောင် ဖြစ်သူ ဟိဂျဗ်ဝတ်တဲ့ မွတ်စ်လင်မ် ကစားဖော် ကို အားပေးသောအနေဖြင့် တစ်သင်းလုးံ ဒီနှစ်နောက်ဆုးံပွဲစဉ်တွေ မတိုင်ခင်အထိ ၀တ်ဆင်မည် ဖြစ်သည်။ သူမသည် မိမိယုံကြည်ချက်အပေါ် ခွဲခြားဆက်ဆံခံရမှု လှော်ပြောင်ခံရမှုများ မကြာခဏ ကြူံတွေရသည်။ “လူတွေက ကျွန်မတို့ကို သဘာဝလွန်ဖြစ်ရပ်တွေလို ၀ိုင်းကြည့်ကြတယ်” လို့ ကစားသမားတစ်ယောက်ဖြစ်တဲ့ ၀က်စ်ဘရို မာရီလိုင်းန် က Sun Sentinel ၀ဘ်ဆိုက်မှာ ပြောပါတယ်။ “ကျွန်မ အခု နားလည်ပြီ။ သူဘယ်လောက် ဒုက္ခတွေ ရင်ဆိုင်ခဲ့ရမလဲဆိုတာ” ယင်းက ထပ်ပြောသည်။ အလယ်တန်းကျောင်းသူ ဘ၀ကတည်းက ဟိဂျဗ်ဝတ်တဲ့ အသက် ၁၇ နှစ်အရွယ်ရှိ ဘောလုးံအသင်းခေါင်းဆောင်ဖြစ်တဲ့ အိုင်းရှုန်းခန်း ဟာ အခြား ဆယ်ကျော်သက်တွေနဲ့ မတူတဲ့ ခွဲခြားဆက်ဆံခံရမှု၊ အကြမ်းဖက်သမားလို့ ခေါ်ခံရမှုတွေနဲ့ သာမာန်မဟုတ်တဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ခဲရသည်။ ပြီးနောက် တစ်ကြိမ်ထက် မက ကိုယ်ထိလက်ရောက် တိုင်ခိုက်မှုတွေထိ ကြုံတွေခဲရကြောင်းသိရသည်။ သူမဟာ မိမိယုံကြည်ရာပေါ်မှာလည်း ရပ်တည်ပြီး၊ ကိုယ်ကြိုက်နှစ်သက်တဲ့ အားကစားကို ပြုလုပ်နေသည်။ သူမသည် နောက်နှစ်တွင် ဆေးကျောင်းတက်ရောက်၍ အားကစားဆိုင်ရာ ဆေးပညာ ကို လည်းသင်ယူ မှာဖြစ်ကြောင်း သိရသည်။ “ကျွန်မ က အလုပ်၊ ကျောင်း၊ အားကစား မိသားစု အချိန် နဲ့ ဘာသာရေးပေါ်မှာ ဟန်ချက် ညီ စွာ ညို နိုင်တယ်လို့ မိသားစုကို ပြနိုင်ခဲ့ပြီ” လို့ ပြောသည်။ “အရှုးံမပေးပါနဲ့ လိုဏ်ခေါင်းဆုးံရင် အလင်းရှိတယ်လို့” သူမကပြောပါတယ်။

ရှေးဟောင်း သမ္မာကျမ်းထဲမှာ ဂျီးဇတ် ပြောသော တမန်တော်မြတ် မုဟမ္မတ် ပွင့်မည့် အကြောင်း

ရှေးဟောင်း သမ္မာကျမ်းထဲမှာ ဂျီးဇတ် ပြောသော တမန်တော်မြတ် မုဟမ္မတ် ပွင့်မည့် အကြောင်း Posted by taqwaone in သတင်း. Leave a Comment တူရကီနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ သမ္မာကျမ်းစာ အဟောင်းထဲ မှ တမန်တော် မုဟမ္မတ် နဲ့ပတ်သတ်၍ ကြိုတင်ပြောကြားထားကြောင်း တွေ့ရှိရသည်။ “အစ္စလာမ် ရဲ့ယုံကြည်ချက်ရော သမ္မာကျမ်းထဲမှာပါ ဂျီးဇတ် ကို ဘုရားသခင်ရဲ့သားတော် တစ်ပါးအနေနဲ့ မဟုတ်ဘဲ၊ လူသားတစ်ယောက် အဖြစ်သာ ဖော်ပြထားပါတယ်” ဟု တူရကီနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ၀န်ကြီးဖြစ်တဲ့ အာသူဂရှုလ်း ဂူန်နေ က Daily Mail သတင်းစာမှာ ဖော်ပြထားပါတယ်။ “သုးံပါးတစ်ဆူ နဲ့ လက်ဝါးကပ်တိုင်ပေါ်မှာ ပေးဆပ်ခဲ့တယ်ဆိုတဲ့ အယူအဆကို လည်း အဲ့စာအုပ်က ငြင်းပယ်ထားပြီး တမန်တော်မြတ် မုဟမ္မတ် ပွင့်ပေါ်မည့် အကြောင်းကို ပြောကြားထားပါတယ်။” နှစ်ပေါင်း ၁၅၀၀ လောက်က သခင်ယေရှုရဲ့ အနီးကပ်ဆုးံ သာဝကကြီး ဘာနားဘာစ် ရဲ့ စာအုပ်သာ သမ္မာကျမ်းစာ အစစ်ဖြစ်တယ်လို့ မွတ်စ်လင်မ်တွေက ယုံကြည်ပါတယ်။ သာဝကကြီး ဘာနားဘာစ် ဟာ သခင်ယေရှု ရဲ့ သာဝက ၁၂ ပါးထဲက တစ်ပါးလည်းဖြစ်ပါတယ်။ သာဝကကြီး ဘာနားဘာစ် ဟာ ဆိုက်ပရိုက်တ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုတည်ထောင်သူဖြစ်ပြီး အစောပိုင်း ခရစ်ယာန်တွေကတော့ သူ့ကို သခင်ယေရှု စေလွတ်လိုက်တဲ့ ၁၂ ပါးထဲက သာဝကတစ်ပါးအဖြစ်သိကြပါတယ်။ “သားရေ သေတ္တာ ထဲက သားရေပေါ် မှာ ရေးထားပြီး အထဲမှာပါတဲ့ ကျမ်းချက်တွေကလည်း အစ္စလာမ်ရဲ့ ယုံကြည်မှုနဲ့ တူညီစွာ ဖော်ပြထားပြီး ခရစ်ယာန် ဘာသာဝင်တို့ကို အံအားသင့်စေခဲ့ပါတယ်” လို့ အာသူဂရှုလ်း ဂူန်နေ ကပြောပါတယ်။ ဂျီးဇတ်ကို အလ္လာဟ်စေလွတ်တဲ့ တမန်တော်များထဲမှမြင့်မြတ်တဲ့ တမန်တော်တစ်ပါးဖြစ်ပြီး၊ အလ္လာဟ်ရဲ့သားတော် မဟုတ်၊ မရ်ယမ်သခင်မရဲ့သားတော်သာဖြစ်ကြောင်း နဲ့ ထူးဆန်းစွာမွေးဖွားလာကြောင်း မွတ်စ်လင်မ်တွေက ယုံကြည်ကြပါတယ်။ ကုရ်အာန်ကျမ်းတော် မှာ ဂျီးဇတ်ကို အီစာလို့ သုးံထားပြီး အလ်မစီဟ် နဲ့ အီဗ်နေ့ မရ်ယမ် ( မရ်ယမ်၏သားတော်) ဟူ၍လည်း သုးံစွဲထားပါတယ်။ သူ့ရဲ့ လက်ဝါးကပ်တိုင်ပေါ်မှာ ပေးစပ်သွားခြင်း နဲ့ ပတ်သက်ပြီး မွတ်စ်လင်မ်တွေက ယင်းသို့ဖြစ်ခဲ့ခြင်း မဟုတ်၊ အရှင်မြတ်က ကောင်းကင်ဘုံ ဆောင်ယူ သွားခြင်းသာ ဖြစ်သည် ဟု ယုံကြည်ကြသည်။ ကမ္ဘာရဲ့နောက်ဆုးံနေ့ မတိုင်မီ ဂျီးဇတ်ပြန်လာ၍ ငြိမ်းချမ်းရေးကို ပြန်လှန် တည်မြဲစေပြီး၊ ခရစ်တော်ကို ဆန့်ကျင်သူများ (အလ်-ဒဂျလ်) ကိုခုခံပြီး အောင်မြင်မှုနဲ့ အမှန်တရားကို ယူဆောင်လာမည်ဟု ယုံကြည်ကြသည်။ အမှန်တကယ် ဂျီးဇတ်ရဲ့ နောက်လိုက်သူတွေဟာ ဂျီးဇတ်ကို တားဆီးသူ၊ ငြင်းပယ်သူ၊ မှားယွင်းစွာ ကိုယ်စားပြုသူတို့ အပေါ် မှာ အောင်မြင်မှုရမှာ ဖြစ်ကြောင်း မွတ်စ်လင်မ်တို့ က သက်ဝင်ယုံကြည်ကြသည်။

အမေရိကန်တွင် ဇူလိုင်၂၀ ရက်နေ့တွင် ရမသွာန်လမြတ် စတင်မည်

အမေရိကန်တွင် ဇူလိုင်၂၀ ရက်နေ့တွင် ရမသွာန်လမြတ် စတင်မည် Posted June 17, 2012 by taqwaone in Uncategorized. Leave a Comment အမေရိကန်ရှိ မွတ်စ်လင်မ် တို့သည် ရမသွာန်လမြတ်ကို ဇူလိုင်လ၂၀ ရက်နေ့ တွင် နက္ခတ္တဗေဒ တွက်ချက်မှုအရ စတင်မှာဖြစ်ကြောင်းသိရသည်။ “ရမသွာန် ပထမရက် က အလ္လာဟ်အလိုတော်နဲ့ သောကြာနေ့ဖြစ်မယ်” လို့ မြောက်အမေရိကား ဖိကာရ်ကောင်စီ(FCNA) ရဲ့ ထုတ်ပြန်ချက်ကို onislam.net မှ သိရသည်။ နောက်ထက် အဖွဲ့အစည်းတစ်ခုဖြစ်သော အမေရိကားအစ္စလာမ်အဖွဲ့အစည်းတစ်ခုဖြစ်သော (ISNA) မှပြောကြားချက်အရ ၁၉ရက်နေ့မှာ မက္ကာမြို့တွင် ရမသွာန်ရဲ့ ကနဦး လသစ် မွေးဖွားမှာဖြစ်ကြောင်း နက္ခတ္တဗေဒ တွက်ချက်မှုအရ သိရှိရသည်။ ပထမ တရာဝီ ဆွလာသ်ကို ကြာသပတေးနေ့တွင် စတင်ဖတ်မှာ ဖြစ်ကြောင်းထုတ်ပြန်ထားသည်။ ရမသွာန်လမြတ်တွင် မွတ်စ်လင်မ်တို့သည် ခရီးသွားခြင်း၊ အစားအစာ၊ရေ၊ ဆေးလိပ်၊ ကာမဆက်ဆံမှုတို့ကို အာရုဏ်ဦးမှ ညနေနေ၀င်ချိန်အထိ ရှောင်ရှားကြသည်။ ရမသွာန်လမြတ်အတွင်း မွတ်စ်လင်မ်တို့သည် မိမိတို့၏ အချိန်တို့ကို ထာဝရအရှင်နှင့် နီးစပ်မှုရရန် အတ္တကိုထိန်းချုပ်၍ တောင်းဆုပြုခြင်း၊ကောင်းမြတ်သောကိစ္စရပ်များ၌ နှစ်မြုပ်ထားကြသည်။ မွတ်စ်လင်မ်တို့သည် ရမသွာန်လမြတ်တွင် ကျမ်းမြတ်ကုရ်အာန် လေ့လာခြင်းဟာ သူတို့ရဲ ပုံမှန်ကိစ္စရပ်တစ်ခုလို ပြုလုပ်လေ့ရှိကြသည်။ တစ်ချို့လူတိုသည် နောက်ဆုးံ ရမသွာန် ၁၀ ရက်ကို ဗလီကျောင်းတော်တွင် မပျက်နေထိုင်၍ ကောင်းမြတ်သော အမူကိစ္စရပ်များအတွက် ၀ိညဉ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ကြသည်။ အိးဒ်ပွဲတော် နောက်ဆုးံ ရမသွာန်လမြတ်ကို သြဂုတ်လ ၁၉ရက် စနေနေ့ တွင်ပြီးဆုးံမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှ သိရသည်။ “ဒါကြောင့် ပထမ ရှောင်ဝလ်လ၊ အီးဒ်ကို သြဂုတ်လ ၁၉ရက် မှာ အလ္လာဟ်အလိုတော်နဲ ကျင်းပမှာဖြစ်ပါတယ်။” အမေရိကန်ရှိ အစ္စလာမ်အဖွဲ့ အစည်း နှစ်ခုဖြစ်တဲ့ FCNA နဲ့ ISNA ဟာ နက္ခတ္တဗေဒ တွက်ချက်မှု ကို ရှောင်ဝလ်လ နဲ့ ရမသွာန် အပါအ၀င် လနဲ့ ပတ်သက်တဲ့ ဆုးံဖြတ်ချက်ချတဲ့နေရာမှာ လက်ခံနိုင်ဖွယ်ရှိကြောင်း အသိအမှတ်ပြု လက်ခံကြသည်။ ပထမ ရမသွာန် လ ကြည့် မှုနဲ့ ပတ်သက်ပြီး မွတ်စ်လင်မ် နိုင်ငံတွေနဲ့ ပညာရှင်တွေကြားမှာ အငြင်းပွားဖွယ် ကွဲပြားတဲ့ အမြင်တွေရှိကြသည်။ အုပ်စုတစ်ခုက ပညာရှင်တွေက တခြားမွတ်စ်လင်နိုင်ငံတွေကို တူညီစွာ ပြုလုပ်ဖို့ အကယ်၍ ထို နိုင်ငံ များ ရဲ့ ညပိုင်းဟာ တူညီမှုရှိခဲ့မယ်ဆိုရင်ပေါ့၊ အခြား ပညာရှင်တွေက မွတ်စ်လင်မ်တိုင်း ဆော်ဒီနိုင်ငံရဲ့ ပြက္ခဒိန်ကို လက်ခံ သင့်တယ်လို့ပြောကြတယ်။ တတိယ အုပ်စုက အပေါ်အုပ်စု နှစ်ခုလုးံကို ငြင်းတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ တာဝန်ရှိ သူတွေက လ နဲ့ ပတ်သက်ပြီး ဆုးံဖြစ်ချက်ကို ယင်းနိုင်ငံမှ မွတ်စ်လင်မ် အားလုးံ လိုက်နာသင့်ကြောင်းပြောကြားသည်။ ပုံမှန်အားဖြင့် မွတ်စ်လင်မ်တွေအတော်များများ ကို ရှုပ်ထွေးစေသည် အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ရမာသွာန်လ နဲ့ နောက်ဆုးံ အိးဒ်ပွဲပြုလုပ်ရာတွင် အခက်အခဲဖြစ်စေသည်။ Ref: http://www.onislam.net/english/news/americas/457586-ramadan-starts-july-20-in-north-america.html