Tuesday 19 June 2012

ကုရ်သာအကျီရှည်သည် အစ္စလာမ်၏ အမှတ် သင်္ကေတ မဟုတ် မွတ်စလင် တို့၏ ၀တ်စုံမဟုတ်

ရန်ကုန်မြို့ တခြမ်းပဲ့ဗလီအနီးရှိ အစ္စလာမ်ဘာသာရေး အသုံးအဆောင်များ ရောင်းချသော ဆိုင်များမှ ကုရ်သာ အကျီရှည်များ၊ ဘုရ်ခါ ၀တ်ရုံအနက်များကို မွတ်စလင်မဟုတ်သူများ က အများအပြားဝယ်ယူသွားကြကြောင်း မြန်မာမွတ်စလင် အင်တာနက် စာမျက်နှာများတွင် သတိပေးဖေါ်ပြလာပါသည်။ ရခိုင်ပြည်နယ် ဒေသများတွင် မွတ်စလင်အယောင်အဆောင်ပြီး အဖျက်အမှောင့် လုပ်ငန်းများ ကျုးလွန် ခဲ့သည့်နည်းတူ ရန်ကုန်မြို့တွင်လည်း ဖြစ်ပွားလာမည်ကို ရန်ကုန်မြို့နေ မွတ်စလင်များက စိုးရိမ်နေကြကြောင်း ဖေါ်ထားပြထားသည်။ အစ္စလာမ် ဘာသာတွင် သတ်မှတ်ထားသော ၀တ်စုံပုံစံမျိုးမရှိကြောင်း ၊ နေရာဒေသ ၊ လူမျိုးဓလေ့စရိုက် အရ အစ္စလာမ့် တရားတော် မူဘောင်နှင့်ကိုက်ညီသော မည့်သည့်ဝတ်စုံမဆို ၀တ်ဆင်ခွင့်ရှိကြောင်း ကုရ်သာ အကျီရှည် ၀တ်ခြင်း မ၀တ်ခြင်းသည် လည်းကောင်း၊ အစ္စလာမ် ဘာသာဝင်ဖြစ်ခြင်း မဖြစ်ခြင်းနှင့်မည်သို့မျှ မသက်ဆိုင် ကြောင်း မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများက ဓမ္မသတ် များထုတ်ပြန်ပေးခဲ့ပြီးဖြစ်သည်။ ၄င်းဓမ္မသတ်များကို သီးခြားဖေါ်ပြပေးပါမည်။ မွတ်စလင် သတင်းစဉ်

No comments:

Post a Comment