Thursday 28 February 2013

စည်းလုံးညီညွတ်ရေးသို့(၃)

ဂိုဏ်းဂဏ၀ါဒ၏အနိဌာရုံစစ်တမ်း
တမန်တော်မြတ်၏ ကြိုးပမ်းလှုပ်ရှားခဲ့သော (နဗူဝသ်)သက်တမ်းမှာ ကာလအားဖြင့် (၂၃) နှစ်တာသာရှိခဲ့သည်။  ယင်းကြိုးပမ်းချက် လုပ်ငန်းအတိုင်းအတာ ထိရောက်မှုမှာမူ ကိယာမသ်တိုင် ကျယ်ဝန်းလှပေသည်။ တမန်တော်မြတ်၏ ဘ၀တာမှ တစ်စက္ကန့်ဟူသော အချိန်ကလေးသည်ပင်လျှင် မွတ်စလင်မ်တို့၏ နှစ်ပေါင်း ထောင်သောင်းမကထက် ပင်ပို သည်ဟု ဆိုရပေမည်။
၂၃ နှစ်တာအနက် သက်တမ်းတစ်ဝက်ကျော်ဖြစ်သော ၁၃နှစ်ကာလကိုမူ မက္ကာမြို့တွင် ရုန်းကန်လှုပ်ရှားရင်းသာ ကုန်ဆုံးခဲ့လေသည်။  ဤကာလအတွင်း ကြောက် ခမန်းလိ လိ ဘေးအန္တ ရာယ်ဒုက္ခမျိုးစုံကို ရင်ဆိုင်ခဲ့ရပြီးခက်ခဲသော သမိုင်းကြောင်းကို အများအ သိ ဖြစ်ပေသည်။ ဤမျှ အသက်ဘေးနှင့်နီးလှသည့် အန္တရာယ်အ၀၀ ကို ကြံ့ကြံ့ ခံရင် ဆိုင်ပြီး ကြိုးပမ်းအားထုတ် ခဲ့ရ သည့်အတွက် ရလဒ်မှာမူ လူသုံးရာခန့်ကိုအစ္စလာမ့်အေး ရိပ်ဆာ ယာအောက်သို့ အရောက်ပို့ဆောင်နိုင်ခဲ့သည်။
၁၃ နှစ်နောက်ပိုင်း ဟစ်ဂျရသ်ပြုပြီး မဒီမြို့တွင်(၁၀)နှစ်တာအထိ““ဒအ်ဝအ်”” ပို့ချခဲ့သည်။ ဤမြို့ရှိ မွတ်စလင်မ် လူနည်းစု၏ ရှေ့ရေးအတွက်လည်းကောင်း၊ အဖိုး ထိုက်တန်လှ သည့် သာသနာတော်ကြီးကို ထိမ်းသိမ်းနှိုင်ရေး အတွက်လည်းကောင်း၊ တမန်တော်နှင့် မဟာသာဝကများအနေဖြင့် ရန်သူများ၏ ကျူးကျော်တိုက် ခိုက်လာသော တိုက်ပွဲပေါင်း များစွာကို ခုခံတိုက် ခိုက်ဆင်နွှဲခဲ့ရလေသည်။  ထိုတိုက်ပွဲများတွင် များစွာသော ရဲဘော်ရဲ ဘက် များ၏ အသက်အိုးအိမ်စည်းစိမ်များ စွန့် လွှတ်စတေးခဲ့ကြရလေသည်။

ဤသို့ဖြင့် တမန်တော်မြတ်၏ နောက်လိုက်နောက်ပါ ရဲဘော်ရဲဘက်များဖြစ်ကြသော  ဆွဟာ ဘာကြီးများသည်  မြူမှုန်အစိတ်အပိုင်းကလေးမှ သည်အွမ္မသ်တည်းဟူ သော မွတ်စလင်မ် လူ့ဘောင်ထု ရေအလျင်ကို တစ်သွင်သွင် စီးဖြာမ ပျက်ရှိစေခဲ့သည်။  ဤသို့ဖြင့် တစ်စ ထက်တစ်စ အင်အားတိုးပွားလာရာက ကြီးမားကျယ်ပြော လှသည့် သမုဒ္ဒရာကြီးအလားပင် အစ္စလာမ် သာသနာကို ကမ္ဘာအနှံ့ကျယ်ပြန့်လာစေနှိုင်ရုံတွင်မက ကမ္ဘာ့လူသားတစ်ရပ်လုံးက စွဲမက်စေသော သာသနာတစ်ရပ် အဖြစ် စွမ်းဆောင်နှိုင် ခဲ့ကြသည်။
ထိုခေတ်မွတ်စလင်မ်ဟူသည် ခဲရည်ဖြင့်သွန်းလောင်းထားသော အဆောက်အဦးကြီး တစ် ခုကဲ့သို့ စည်းလုံးညီ ညွတ်သော လူ့အဖွဲ့အစည်းကြီးတစ်ရပ် ဖြစ်ခဲ့သည်။ တစ်ဦး တစ်ယောက် အပေါ် သို့ကျ ရောက်လာသော ဒုက္ခသည် ထိုလူ့အဖွဲ့ အစည်း ကြီးတစ် ခုလုံး၏ ဒုက္ခ အဖြစ်ခံယူကြသည်။ တစ်ဦးတစ်ယောက်၏ တိုးတက်ဖွံ့ဖြိုးမှု သည် ထိုလူ့အ ဖွဲ့အ စည်းကြီး တစ်ခုလုံး၏ ဖွံ့ဖြိုး တိုး တက်မှုအဖြစ် ခံယူသူများဖြစ်ကြသည်။ မိမိတို့အချင်း ချင်းအတွင်း စည်းလုံးညီ ညွတ်မှုရှိသည့်နည်းတူ အခြားသူ များ နှင့်လည်း သဟဇာ တ ဖြစ်စွာ နေထိုင်နှိုင်သူများဖြစ်သည်။
ထိုသို့သောအကြောင်းများကြောင့် ကျမ်းကုရ်အာန်တွင် ထိုပုဂ်္ဂိုလ်များနှင့်စပ်လျင်း၍ (အလ္လာဟ်အရှင်သည် ၄င်းတို့အား နှစ်မြှို့တော်မူသကဲ့သို့ ၄င်းတို့သည်လည်း အလ္လာဟ် အရှင်အားနှစ်မြှို့ သူများ ဖြစ်ကြ၏) ဟူ၍် မှတ်တမ်းတင်ထားသည်။ (ထိုပုဂ်္ဂိုလ်မွန်များ အပေါ်သို့ အလ္လာဟ်အရှင်မြတ်နှစ်မြှို့တော် မူပါစေ)
နောက်ပိုင်းတွင် ၄င်းတို့၏အရိုက်အရာကို ဆင့်ကဲဆင့်ကဲဆက်ခံလာသော မွတ်စလင်မ် မျိုးဆက်များတွင် အဏာရှင်စနစ်များနှင့်အတူ သာသနာပိုင်စနစ်များသည် လည်း တစ်စ တစ်စကြီး ထွားလာခဲ့သည်။ ထိုဝါဒနှစ်ခုသည် ရှေးကျမ်းရများ၏ သာသနာကိုပျက်စေ ခဲ့သော အကြောင်းရင်းများ ဖြစ်သည့်အတွက် ထိုဝါဒလမ်းစဉ်များ ကို ကျမ်းမြတ်ကုရ် အာန်က အထပ်ထပ် တား မြစ် ပိတ်ပင်ထားပြီးဖြစ်သည်။
သို့ပါလျှက် ထိုဝါဒဆိုးများသည် အစ္စလာမ်သာသနာအတွင်းသို့ တစ်ဖြေးဖြေးချင်းချင်း အ နယ်ထိုင်အခြေခိုင် လာသည်နှင့် အတူ ထိုဝါဒလမ်းစဉ်များသည် မျိုးဆက် သစ် မွတ်စ လင်မ်များအဖို့ မလွဲမသွေ လိုက်နာကျင့်သုံးရမည့် ဘ၀တည်ဆောက်မှု လမ်းစဉ်ကြီး အဖြစ် လက်ခံယုံကြည်လာခဲ့ကြသည်။
ထိုဂိုဏ်းဂဏ၀ါဒ ဆိုးမွေများသည် တမန်တော်မြတ်နှင့် ဆွဟာဘာကြီးများ၊ သာဗေအီန် များ၊ အသက်အိုးအိမ် စည်းစိမ်အ ၀၀နှင့် အန္တရာယ်အသွယ်သွယ်ကို ခါးစီး ရင်ဆိုင်ပြီး မှ ပြုစု ပျိုးထောင် ထားခဲ့သော အစ္စလာမ့်ပန်းဥယျာဉ်ကြီးအတွင်းမှ မွတ်စလင်မ်ပန်း မာလာ များကို တစ်ပွင့်ချင်းတစ်ပွင့်ချင်း တစ်စစီတစ်စစီ ဖဲ့ချွေခံခဲ့လေ သည်။ ထိုသို့သော အဖြစ်များ သည် တစ်နေ့ ထက် တစ်နေ့ ပိုမိုဆိုးရွားစွာ များပြားလာခဲ့သည်။

အစ္စလာမ့်သမိုင်းကို လေ့လာသုံးသပ်ကြည့်မည်ဆိုပါက ကာဖိရ်များနှင့် စစ်ဖြစ် မှုကြောင့် သွေးမြေကျခဲ့ရသော မွတ်စလင်မ် ဦးရေကနည်းပြီး မွတ်စလင်မ်အချင်းချင်း ၀ါဒရေးရာ ကွဲပြားခြား နားမှုများမှ ပေါ်ပေါက်လာသော စစ်ပွဲများကြောင့် သွေးမြေကျခဲ့ ရသော မွတ်စ လင်မ်ဦးရေက ပိုမိုများပြားသည်ကို ရင်နင့်ဖွယ်ရာတွေ့ ရှိရပေ သည်။
ထိုသို့ဖြစ်ရခြင်းများ၏ အရင်းအမြစ်ကို ပြန်လည်စမ်းစစ်ခြင်းဖြင့် တွေ့ရှိရသည့်အချက်မှာ ကျမ်းမြတ်ကုရ်အာန်က အထပ်ထပ်တားမြစ် ပိတ်ပင်ထားသော ဂိုဏ်းဂဏ၀ါဒလမ်းစဉ် များ ကြောင့် ပင်ဖြစ်သည်။ ထိုဝါဒလမ်းစဉ်များတွင် သေးမွှားသော အကြောင်းအရာများ အပေါ် အငြင်းပွားရင်း ကျမ်းမြတ်ကုရ်အာန်က တားမြစ်ထား သော ကြီမားသည့် ပြစ်မှုများ ကိုပင် ကျူး လွန် လာကြ သည်ကို တွေ့ရတတ်ပေသည်။
ကျမ်းမြတ်ကုရ်အာန်က အမိန့်ပေးပြဌာန်းချက် တစ်ခုဖြစ်သော (အသင်တို့အချင်းချင်းစိတ် ၀မ်းမကွဲကြလေနှင့်) ဟူသောအမိန့်ကို ဆန့်ကျင်လျှက်ရှိနေကြသည်။ မွတ် စလင်မ်များအ တွင်း ပေါ်ပေါက်လာသော ပြဿနာရပ်များကို ဖြေရှင်းရန်အတွက် (ထိုပြဿနာသည် မည်မျှအတိုင်းအတာအထိ လိုအပ်သနည်း သို့တည်းမဟုတ် ဖြေ ရှင်းခြင်းအားဖြင့်နောက် ဆက်တွဲ အ ကျိုးဆက်အဖြစ် အချင်းချင်းအတွင်း စိတ်ဝမ်းကွဲနှိုင်ခြင်းရှိမရှိ သုံးသပ်ရ မည်ဖြစ်သည်။ ပေါ်ပေါက်သောပြဿနာသည် ကျမ်းမြတ် ကုရ်အာန်၏ ပြဌာန်းချက်နှင့် မဆန့်ကျင်ပါဘဲလျှက်ဖြေရှင်း လိုက်တော့မှ ကုရ်အာန်ကတားမြစ်ထားသောအချင်းချင်း စိတ်ဝမ်းကွဲရမည့်  အဖြစ်မျိုးနှင့်ရင်ဆိုင်ရမှု များမှ ရှောင်ရမည်ဖြစ်သည်။ ပို၍ရှောင်သင့် သည်မှာ တစ်ဦး၏နောက် ကွယ်တွင် တစ်ဦးက ပုတ်ခတ် စွပ်စွဲခြင်းမပြုရပေ။ ထိုအချက် များကို ကျမ်းမြတ်ကုရ်အာန်က တား ဆီးပိတ်ပင်ထားပြီးဖြစ်သည်။
ယနေ့မွတ်စလင်မ်အများစုသည် ရှေးကျမ်းရများနည်းတူ သေးမွှားသောကိစ္စရပ်များကို အ ကြောင်းပြု၍ ကုရ်အာန်ကတားမြစ်ထားသော အမိန့်များကိုဆန့်ကျင်ရာတွင် သာမန် မွတ် စလင်မ် များအတွင်းတွင်မက ဘာသာရေးဆိုင်ရာ ဆရာတော်ကြီးအချို့ပင်ပါဝင် လာသည် ကို ၀မ်းနည်းဖွယ်ရာ တွေ့နေရပေသည်။ ကမ္ဘာတွင်လူအများဆုံး ၀င်ရောက် ကြည့်ရှု ကြသော youtube တွင် အမ္ဘာကျော်မွတ်စလင်မ် ဘာသာရေးကျောင်း ကြီးများမှ ဆရာတော်ကြီးအချို့က ကမ္ဘာကျော်ခေတ်ပညာတတ် မွတ်စလင်မ် ပညာရှင် တစ်ဦးအား အမည်နှင့်င့်တစ်ကွ ပုတ်ခတ် စွပ်စွဲပြော ဆို ထားသော ဗီဒီယိုခွေများသည် ပလူပျံလျှက် ရှိနေပေ သည်။ ထိုခွေများကို ၀င်ရောက်ကြည့်ရှုသူများသည် သန်းချီ၍ရှိနေ သည်ကိုတွေ့ ရပေ သည်။
ထိုဆရာတော်ကြီးများ အမည်နာမနှင့်တကွ  ပုတ်ခတ်ပြောဆိုနေသူမှာ ကမ္ဘာ့ခေတ်ပြိုင် ဘာသာဝင်များနှင့် မျက်နှာချင်းဆိုင်ဆွေးနွေးလျှက်ရှိသော ခေတ်ပညာတတ် ဘာသာရေး ပညာရှင် တစ် ဦးဖြစ်သည်။ သူသည်အစ္စလာမ်သာသနာကို ခေတ်သစ်သိပ္ပံနည်းကျ ကမ္ဘာ ကိုဖြန့်ချီလျှက် ရှိနေသူဖြစ်သည်။ ဆွေးနွေးပွဲပြီးတိုင်း အခြားဘာ သာဝင်များစွာသည် အစ္စလာမ်သာသနာကို လက်ခံ ယုံကြည်သွားကြပေသည်။
ဖေါ်ပြပါပုဂ္ဂိုရ်အား စွပ်စွဲပြောဆိုသော အကြောင်းအရာများမှာ ဘာသာရေးတွင် အဓိက မကျသော၊ ကျမ်းမြတ်ကုရ်အာန်က မည်သို့မျှတားဆီးပိတ်ပင် ထားခြင်းမရှိ သ ကဲ့သို့ ပြု လုပ်ရမည်ဟု လည်းပြဌာန်းထားခြင်းမရှိသောအကြောင်းများသာဖြစ်သည်။ထိုအကြောင်း အရာသည် အဓိကမကျသော်လည်း ဆရာတော်ကြီးများက ထိုသူ အားအမည် နှင့်တစ်ကွ ပုတ်ခတ်စွပ် စွဲပြော ဆိုမှု ကိုမူ ကျမ်းမြတ်ကုရ်အာန်က တားဆီးပိတ်ပင်ထားပြီးဖြစ်သည်ကို ထိုဆရာတော်ကြီးများ သိဟန်မတူပေ။ သို့ရာတွင် ထိုဆရာတော်ကြီးများ၏ ပြုမူဆောင် ရွက်ချက်များကို အတုယူ၍ ဖွံ့ဖြိုး တိုးတက်မှု နည်းနေသေးသော ပတ်ဝန်းကျင်ရှိဗလီ ၀တ်ကျောင်း( မင်ဗရ်)များတွင် ထိုပုဂ္ဂိုရ်ကြီးအား ဆက်လက်ပုတ်ခတ်မှုများ ပြုလာကြ သည်ကို တွေ့ရပေသည်။
မွတ်စလင်မ်များကိုဦးဆောင်သော ဆရာတော်ကြီးများ၏ထိုစံများသည် မွတ်စလင်မ်မျိုး ဆက်သစ်များအတွက် စည်းလုံးညီညွှတ်မှုကိုပြိုကွဲစေသည့်အစဉ်အလာဆိုးများသာဖြစ် လာတော့ သည်။ ထိုဝါဒလမ်းစဉ်များသည် ရှေးကျမ်း ရများ၏လမ်းစဉ်သာဖြစ်ပြီး ကျမ်းမြတ် ကုရ်အာန်က တားဆီးပိတ်ပင်ထားပြီးသော မွတ်စလင်မ်များ ရှောင် ကျဉ်အပ်သည့် ပြစ်မှု များဖြစ်သည်။

ဗျာဒိတ်ကျမ်းဂန်တတ်ခေါင်းဆောင်များလိုအပ်ခြင်း
ထိုအချက်ကို ကျမ်းမြတ်ကုရ်အာန် ၂း၁၇၈တွင်ဖေါ်ပြထားပုံမှာ-
وَمِنْهُمْ أُمِّيُّونَ لَا يَعْلَمُونَ الْكِتَابَ إِلَّا أَمَانِيَّ وَإِنْ هُمْ إِلَّا يَظُنُّونَ
And among them are unlettered ones who do not know the Scripture except in wishful thinking, but they are only assuming.(2;178)
(၎င်းတို့သည် ဗျာဒိတ်ကျမ်းဂန်ကို မတတ်သော ပညာမဲ့လူ့ဘာလများသာ ဖြစ်ကြသည်။ ၎င်းတို့တတ်သိ နားလည် ထား သည်များမှာ သူပြောငါပြော ကောလဟလ များသာဖြစ်၏။ ၎င်းတို့ပြုလုပ်လိုပါက မည်သည့်အဆိုက ပြုလုပ် ခွင့်ရှိသည်ဟူ၍၊ ၎င်းတို့မပြုလုပ်လိုပါက မည်သည့်အဆို မည်သည့်အယူဝါဒက ပြုလုပ်ခွင့်မရှိဟူ၍ မှန်းဆရန်း ဆ၍ပြုလုပ်သူများ သာဖြစ် ကြ၏။)
ထိုဗျာဒိတ်သည်  တိုတောင်းသော်ငြားလည်း အလွန်အနှစ်သာရများဖြင့် ပြည့်ဝလျက်ထိ မိသည့်လမ်းညွှန်မှု တစ်ရပ်ဖြစ်သည်။ ဘာသာသာသနာတိုင်းတွင် မိမိတို့၏ ဗျာဒိတ်ကျမ်း ဂန်များ သည်သာ Supreme Law အခြေခံ ဥပဒေများဖြစ်သည်။ no one is above the law မည်သူတစ်ဦးတစ်ယောက်ကမျှ ဥပဒေဘောင်ကို ကျော် ပိုင်ခွင့်မရှိပေ။ မိမိတို့၏ ဘာသာ သာသနာကို ဦးဆောင်သော ခေါင်းဆောင်တိုင်းသည်၊ မိမိတို့၏ဘာသာသာ သနာ၏ ဗျာ ဒိတ်ကျမ်း ဂန်ကို တတ်သိနားလည်ရမည်မှာ တာဝန်တစ်ရပ်ဖြစ်သကဲ့သို့ ထိုဥပဒေများအ တိုင်း လိုက်နာရ မည်ဖြစ် သည်။
ဗျာဒိတ်ကျမ်းဂန်၏ လမ်းညွှန်ချက်များသည်သာ စည်းလုံးညီညွှတ်မှုပြိုကွဲလျှက်ရှိသော လူ့အဖွဲ့အစည်းကြီးကို စည်းလုံးညီ ညွတ်ရန် စွမ်းဆောင်နှိုင်သည့်အတွက် လူ သားတစ် ရပ်လုံးကို ဦးဆောင်သောခေါင်းဆောင်များသည် ဗျာဒိတ်ကျမ်းဂန်ကို တတ်သိနားလည် သူများဖြစ်ရမည်။ ထိုကျမ်းပါဥပဒေများအတိုင်း ကျင့်သုံးသူများဖြစ် ရမည်။ ထိုကျမ်းပါ ဥပဒေများနှင့်ယှဉ်လာပါ က မိမိတို့၏ကျောင်းတော်ဝါဒ၊ ဂိုဏ်းဂဏ၀ါဒ၊ ဆရာပုံအပ် ဆည်း ကပ်ဝါဒ၊ မိမိ၏အတ္တတိက ၀ါဒများကို စွန့်လွှတ်နှိုင်ရမည် ဖြစ်သည်။

ထိုအာယာသ်သည် ရှေးကျမ်းရဘာသာရေး ခေါင်းဆောင်များသည် ဖန်ဆင်းရှင်၏ လူ သားလမ်းညွှန် ဗျာဒိတ်ကျမ်းထက် မိမိတို့၏ သက်ဆိုင်ရာ ဂိုဏ်းဂဏများရှိ ပုပ်ရ ဟန်း ကြီး များ၏ အယူဝါ ဒလမ်းစဉ်များကို ပိုမိုလေ့လာလိုက်စားသူများ ဖြစ်ကြသည်။ လူသားများ ၏ အတွေးအခေါ်အယူဝါဒများသည် တူညီမှုမရှိသောကြောင့် မိမိတို့ ပြုလုပ်လိုသော ကိစ္စရပ် ကိုပြုလုပ်ပါ က ပြုလုပ် ၍ရသည်ဟူသော အဆိုကိုလက်ကိုင်ထား ကြသည်။ မိမိ တို့မပြုလုပ်လိုသော ကိစ္စရပ်ကိုမပြုလုပ်ပါက ပြုလုပ်၍မရ ဟူသောအဆိုကိုစွဲကိုင်လျှက် မပြု လုပ် ကြသော ရှေး ကျမ်း ရခေါင်းဆောင် များ အကြောင်းဖြစ်သည်။
ဘာသာသာသနာကို ဦးဆောင်သော ခေါင်းဆောင်များသည် ဘာသာသာသနာ၏ အနှစ် သာရဖြစ်သော ဖန်ဆင်းရှင်က လူသားတစ်ရပ်လုံးအတွက် ဗျာဒိတ်အဖြစ် ချ ပေးခဲ့သော ကျမ်းဂန်ကို မတတ်ဘဲ အခြားမူဝါဒလမ်းစဉ်များ၊ အခြားကျမ်းဂန်များကို မည်မျှပင်တစ်ဖက် ကမ်းခတ် တတ်မြောက်ထားစေကာမူ ဘာသာရေးနှင့် စပ် လျှင်း၍ ထိုသူများသည် ပညာမဲ့လူ့ဘာ လများ သာ ဖြစ်သည်ဟု ထိုအာယာသ်က မီးမောင်းထိုးပြထား ခြင်းဖြစ် သည်။
ရေးကျမ်းရ ဘာသာရေးခေါင်းဆောင်များသည် ဗျာဒိတ်ကျမ်းပါဥပဒေများကို လေ့လာ လိုက်စားခြင်းထက် မိမိတို့၏ ဂိုဏ်းဂဏဆိုင်ရာ ပုပ်၊ရဟန်းကြီးများ၏ အဆို အမိန့် များကို ပိုမိုနှစ်သက် လိုက်စားကြသူများဖြစ်သည့် အားလျော်စွာ ၄င်းတို့သည် ထိုစနစ်ကြီးကို ကမ္ဘာတည်သ၍ တည်ရှိနှိုင်ရန်အတွက် မိမိတို့၏စိတ်သန်ရာဂိုဏ်း ဂဏ၀ါဒလမ်းစဉ်များ ကို သူ့ထက်ငါ အပြိုင်အ ဆိုင် ကျောင်းများဖွင့်၍ မျိုးဆက်သစ်များကို ဆက်တိုက်မွေးထုတ် ခဲ့ကြသည်။ ဤသို့အားဖြင့် ၄င်းတို့အတွင်းတွင် အယူဝါ ဒမတူသော ဂိုဏ်းဂဏကွဲပေါင်း များစွာ ပေါ် ပေါက်ခဲ့လေသည်။
ရှေးကျမ်းရ ခေါင်းဆောင်များ၏ မှားယွင်းသော ထိုအယူဝါဒမျိုးကဲ့သို့ မွတ်စလင်မ်များ အတွင်းတွင်လည်း ဗျာဒိတ်ကျမ်းဂန်ကိုမတတ်သော ဗျာဒိတ်ကျမ်းဂန်ထက် မိမိ တို့၏ ဂိုဏ်းဂဏ၀ါဒ များ၊ ကျောင်းတော်ဝါဒများကို ပိုမိုဦးစားပေးသော ခေါင်းဆောင်များကို ဆရာမတင်မိ စေရန် ကြိုတင်သတိပေးထားသော အာယာသ်ဖြစ်သည်။

ထိုဖေါ်ပြချက် တစ်ချက်ထဲနှင့်ပင် ခေတ်တိုင်းအတွက် အများနောက်လိုက် တပည့်တိုင်းက မိမိတို့၏ ခေါင်းဆောင်များသည် လူသားတစ်ရပ်လုံးကို စည်းလုံးညီညွတ် စေနှိုင်သော အရည်အ ချင်းများနှင့် ပြည့်စုံသောခေါင်း ဆောင်ဖြစ်၏၊ မဖြစ်၏ ဟူသော အချက်ကို တိုင်းတာ၍ ခွဲခြားတတ်သော နည်းစနစ်စံကို ကျမ်းမြတ်ကုရ်အာန်တွင် ထည့်သွင်းထား သည်။
ဥပမာအားဖြင့် ကျမ်းမာရေးချို့တဲ့သူ တစ်ဦးက မိမိ၏ရောဂါကို ကုသရန်အတွက်ဆရာဝန် ထံသို့ သွားမည်ဖြစ်သည်။ ထိုကဲ့သို့ပင် ဆရာဝန်ဟူသော ဘွဲ့အမည်ကို ခံယူ ထားသူက လည်း၊ဆေး ပညာနှင့်စပ်လျှင်းသော ပညာရပ်များကိုသာ အဓိကဘာသာရပ်အဖြစ် ဆည်း ပူး၍ ဆေးဝါးအကြောင်းကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသော ပါရဂူတစ်ဦးဖြစ်ရမည် သာဖြစ်သည်။ ဆရာဝန် ဟူသောဆေး ပညာပါဂူဘွဲ့ကို ခံယူထားပြီး ဆေးပညာနှင့်စပ် လျှင်း၍ တစ်လုံးတစ်ဘာဒမျှ မတတ်ဘဲ အခြားဆေးဝါးနှင့်မဆိုင်သော ပညာရပ်များကို မည်မျှ ပင်တတ်ကျွမ်းနေစေကာမူ ထို  သူ အားဆရာဝန်ဟူ၍ မည် သူကမျှ အသိအမှတ်ပြု မည်မဟုတ်ပေ။
ဆရာဝန်အမည်ခံ၍ ဆေးဝါးအကြောင်း နားမလည်သော အမည်ခံဆရာဝန်အား မိမိ ၏ ရောဂါကို ကုသရန် ပုံအပ် သော လူနာသည် ၎င်း၏ရောဂါ ပျောက်ကင်းနိုင်မှုထက် အ သက်အန္တရာယ် စိုး ရိမ်ရမှုက ရာနှုန်းပိုများမည်သာဖြစ်သည်။ အကယ်၍သာနောက်လိုက် တပည့် များသည် ဘာသာသာသနာနှင့် စပ်လျှင်း၍ ဗျာဒိတ်ကျမ်း ဂန်ကိုမတတ် သည့် ခေါင်းဆောင်များ၏ နောက်သို့ လိုက်မိပါက နှစ်ဘဝအတွက် အဆုံးကြီးဆုံးရှုံးရ မည် သာ ဖြစ်သည်ဟု ထို အာယာသ်က ကွက် ကွက်ကွင်းကွင်း ပီပီပြင်ပြင် ညွှန်ပြထား သည်။

ဗျာဒိတ်ကျမ်းမတတ်သောခေါင်းဆောင်များ၏အန္တရာယ်
ဗျာဒိတ်ကျမ်းဂန်ကို မတတ်သောရှေးကျမ်းရများ၏ ခေါင်းဆောင်များသည် မိမိတို့ ၏နောက်လိုက်တပည့်များကို မည်သို့မည်ပုံလမ်းလွဲသို့ရောက်ရှိရန် ဆောင်ရွက်ခဲ့ကြသည် ကို ကုရ် အာန်အာ ယာသ် ၂း၇၉တွင်-

فَوَيْلٌ لِّلَّذِينَ يَكْتُبُونَ الْكِتَابَ بِأَيْدِيهِمْ ثُمَّ يَقُولُونَ هَٰذَا مِنْ عِندِ اللَّهِ لِيَشْتَرُوا بِهِ ثَمَنًا قَلِيلًا ۖ فَوَيْلٌ لَّهُم مِّمَّا كَتَبَتْ أَيْدِيهِمْ وَوَيْلٌ لَّهُم مِّمَّا يَكْسِبُونَ
So woe to those who write the “scripture” with their own hands, then say, “This is from Allah ,” in order to exchange it for a small price. Woe to them for what their hands have written and woe to them for what they earn.
(၎င်းတို့သည် စာအုပ်များကို မိမိတို့၏လက်များဖြင့် ရေးသားကြသည်။ ထို့နောက်၎င်း တို့က ဆိုကြသေးသည် ဤသည် အလ္လာဟ့်ထံမှ ဖြစ်သည်ဟူ၍ ဈေးပေါပေါနှင့် အလွဲ သုံးစားပြုကြ၏။ ၎င်းတို့လက်များဖြင့် ရေးသား ခဲ့ကြသော အရာများ သည်လည်း ကောင်း၊ ၎င်းတို့  ဆည်းပူးခဲ့ကြသော အရာများသည် လည်းကောင်း ပျက်စီးဆုံး ရှုံးကြရမည် သာဖြစ်၏။ )
ဖော်ပြပါ ခေါင်းဆောင်မျိုးသည် ခေတ်တိုင်း ဘာသာသာသနာတိုင်းတွင် ရှိခဲ့ပြီးဖြစ် သည်။ ရှိနေသည်၊ ရှိနေဦးမည်သာ။ ကျမ်းမြတ်ကုရ်အာန်သည် ရှေးအတိတ်မှမှားယွင်း သည့် ဖြစ်ရပ်များ ကိုဖေါ်ပြ၍ ပစ္စုပ္ပန်နှင့် အနာဂတ်ရှိ လူသားတစ်ရပ်လုံးကို မည်သို့မည်ပုံ စစ်ဆေး ရ မည်ကို  သင်ကြားပေးသော အာယာသ်များဖြစ်သည်။

ဓမ္မဓိဌာန်ကျကျ ထိုအာယာသ်များအပေါ် စဉ်းစားဆင်ခြင်ခြင်းဖြင့် မျက်မမြင်တစ်ဦးကို ဆရာတင်၍ အနောက်မှလိုက်သောတပည့် သားမြေးများသည် အချိန်မရွေး အန္တရာယ် တွင်းသို့ သက် ဆင်းရန် အခွင့်အလန်းရှိ နေပေသည်။ ထိုအာယသ်၏ ရည် ညွှန်းချက်မှာ လူသားတိုင်းသည် မိမိတို့သက်ဝင်ယုံကြည်သော ဘာသာသာ သနာ၏ ဗျာဒိတ်ကျမ်း ဂန်ကိုနားလည်သဘောပေါက် ရမည်ဖြစ်သည်။ ဘာသာသာသနာကို ဦးဆောင် သည့် ခေါင်းဆောင်ဖြစ်ပါလျက် ဗျာဒိတ်ကျမ်းဂန်ကို မတတ် သောသူသည် အများသူငှာ ကို မည်ကဲ့သို့ လမ်းမှန်ကို ညွှန်ပြနှိုင်သူဖြစ်မည်နည်း။
ဘာသာသာသနာတိုင်း၏ခေါင်းဆောင်တိုင်းသည် မိမိတို့၏ ဘာသာသာသနာရှိ ဗျာဒိတ် ကျမ်းဂန်များကို တပည့်နောက် လိုက်များထက် ပိုမို၍နားလည်သဘောပေါက်ရမည် ဟုပြ ဌာန်းချက်ဖြစ် သည်။ ထိုနည်းတူစွာ နောက်လိုက်တပည့် များကလည်း ဗျဒိတ်ကျမ်း ဂန်ကို တတ်သိနားလည်သောခေါင်းဆောင်များကို ချဉ်းးကပ်ရန်ဖြစ်သည်။ကျမ်းမြတ် ကုရ်အာန် ၏ဖေါ်ပြချက်အရ ကုရ် အာန့်မတိုင်မီက ရှိခဲ့သောဘာသာ သာသနာများအနက် များ စွာသော သာသနာများ တွင်ဆရာပုံ အပ်ဆည်းကပ်ရာမှ လူပုဂ္ဂိုရ်ကိုးကွယ်သော ၀ါဒလမ်း စဉ်များ ပေါ်ပေါက်ခဲ့ သည်။ လူ သား တစ် ရပ်လုံးအတွင်း ထိုသို့သော ခေါင်းဆောင် မျိုး ၏ နောက်လိုက်ဖြစ်ခြင်းမှ ကာကွယ်နှိုင်ရန်အ တွက် သတိပေး တားမြစ်ထားသော ဗျာ ဒိတ်ဖြစ်သည်။
မှားယွင်းသော ခေါင်းဆောင်များကြောင့် ပြန်လည်ပြုပြင်လို့ မရလောက်အောင်ဘ၀ပျက် ခဲ့ကြရသော နောက်လိုက်များ၏ဖြစ်အင်ကို ကျမ်းမြတ်ကုရ်အာန်(၃၃း၆၇-၆၈)တွင်ထို သို့ ဖေါ်ပြ ထား သည်မှာ-

وَقَالُوا رَبَّنَا إِنَّا أَطَعْنَا سَادَتَنَا وَكُبَرَاءَنَا فَأَضَلُّونَا السَّبِيلَا
And they say; Our Lord we only obeyed our leaders and great men, so they led us astray from the path.
رَبَّنَا آتِهِمْ ضِعْفَيْنِ مِنَ الْعَذَابِ وَالْعَنْهُمْ لَعْنًا كَبِيرًا
Our Lord give them a double chastisement and curse them with a great curse.
(၄င်းတို့ကပြောဆိုကြမည်မှာ ကျွန်တော်မျိုးတို့အား မွေးမြူဖန်ဆင်းတော်မူသောအရှင် ဧကန်ကျွန်တော်မျိုးတို့ သည် ကျွန် တော်တို့၏ခေါင်းဆောင်များ၊ အကြီးအကဲ များ၏ လမ်းစဉ်များအ တိုင်း ဖ၀ါးထပ်တူ လိုက်နာသူများဖြစ် ပါ၏၊ သို့ဖြစ်ပေရာ ၄င်းတို့သည် ကျွန်တော်မျိုးတို့အား လမ်းမှားသို့ ခေါ်ဆောင်ခဲ့ကြပါ၏။)
(ကျွန်တော်မျိုးတို့အား မွေးမြူဖန်ဆင်းသောအရှင် ကျွန်တော်တို့ခံရသောပြစ်ဒဏ်ထက် နင်းတို့အား ပြစ်ဒဏ်နှစ်ဆ ပေး တော်မူပါ၊ ထို့ပြင်၎င်းတို့အပေါ်သို့ ကြီးမား သော (လအ်နသ်) အရှင်မြတ်၏ ဂရုဏာကင်းဝေးမှုကို ကျ ရောက်စေတော်မူပါ (ဟူ၍ဆုမွန်များတောင်းကြမည်)။

 အင်ရှာအလ္လာဟ်ဆက်လက်တင်ပြပါဦးမည်
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

No comments:

Post a Comment