Friday 1 March 2013

စည်းလုံးညီညွတ်ရေးသို့(၂)



မွတ်စလင်မ်များတွင်အဖွဲ့အစည်းတစ်ခုရှိရမည်

وَلْتَكُن مِّنكُمْ أُمَّةٌ يَدْعُونَ إِلَى الْخَيْرِ وَيَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنكَرِ ۚ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
And let there be [arising] from you a nation inviting to [all that is] good, enjoining what is right and forbidding what is wrong, and those will be the successful.(3;104)
(၎င်းပြင်အသင်တို့တွင် (အကြင်သို့သော) အဖွဲ့အစည်းတစ်ခုရှိရပေမည်။ထိုအဖွဲ့အစည်း သည်(လူသားတို့အား) ကောင်းရာကောင်းကြောင်းဖက်သို့ ဖိတ်ခေါ်ကြရမည်။ထို့ပြင်တ ၀ကောင်းမြတ်သော အရာများကို ညွှန်ကြားကြရမည်။ ၎င်းပြင်ထိုအဖွဲ့ အစည်းသည် မကောင်းမှုများမှ မြစ်တားကြရမည်။ ဤသို့သောသူများသည်ပင်လျှင် (လုံးဝ) အောင်မြင် မည့်သူများဖြစ် ကြပေသတည်း။) (ကုရ်အာန်၃း၁၀၄)

မွတ်စလင်မ်များအတွင်း ကောင်းရာသို့ ဖိတ်ခေါ်ခြင်း၊ အကျိုးရှိမည့်အရာများကိုတိုက် တွန်းခြင်း၊ မကောင်းမှုများမှ တားဆီးနှိုင်မည့် အဖွဲ့အစည်းတစ်ခုရှိရမည်ဟု ထို အာယာသ် က အ မိန့်ပေး ဝေါဟာရထားဖြစ်သော وَلْتَكُن (ရှိကြရမည်)ဟုဆိုထားသည်။ ထိုကဲ့သို့ အချက်သုံးချက် နှင့် ညီသောအဖွဲ့အစည်းများသည် မိမိတို့၏လူ့ အဖွဲ့အစည်းကြီးအတွင်း ရှိနေပါက မွတ်စ လင်မ် များ အတွင်း စိတ်ဝမ်းကွဲဖွယ်ရာ အကြောင်းရှိနှိုင်တော့မည်မ ဟုတ် ပေ။ အကယ်၍ စိတ်ဝမ်းကွဲမှုများရှိနေပါကလည်း ညီအကိုစိတ် ဓါတ်ကို အခြေခံ၍ မျက်နှာ ချင်းဆိုင် ဖြေရှင်းခြင်းဖြင့် အချင်း ချင်းရန်ငြိမ်းကြမည်သာဖြစ်သည်။ (၄၉း၁၀) သို့မှသာ မွတ်စလင်မ်များသည် ကျမ်းမြတ်ကုရ် အာန်က ပိတ်ပင်တားဆီးထားသော အချင်းချင်း စိတ် ၀မ်းကွဲခြင်း မှ ရှောင် လွှဲနှိုင် မည်ဖြစ် သည်။

وَلَا تَكُونُوا كَالَّذِينَ تَفَرَّقُوا وَاخْتَلَفُوا مِن بَعْدِ مَا جَاءَهُمُ الْبَيِّنَاتُ ۚ وَأُولَٰئِكَ لَهُمْ عَذَابٌ عَظِيمٌ
And do not be like the ones who became divided and differed after the clear proofs had come to them. And those will have a great punishment.(3;105)
၎င်းပြင် အသင်တို့သည် အကြင်သူများကဲ့သို့မဖြစ်ကြကုန်လင့်၊ ယင်းသူတို့သည် (အလ္လာဟ် အရှင်မြတ်၏ တစ်ခုတည်းသော သာသနာကိုတစည်းတလုံးတည်း မလိုက်နာ ကြဘဲ) အချင်းချင်း ကွဲကြသည့်အပြင် မိမိတို့ထံ (အလ္လာဟ်အရှင်မြတ်၏) ထင်ရှားလှ စွာသော သက်သေသာဓကများရောက်ရှိ လာပြီးသည့်နောက်တွင်လည်း (ဂုဏ်တုဂုဏ် ပြိုင် ပြုလိုကြ ၍) အချင်းချင်းကွဲလွဲခဲ့ ကြကုန်၏။ အမှန်သော်ကားယင်း(ကဲ့သို့သော) သူတို့အ ဘို့သာလျှင် ကြီးလေးသောအပြစ်ဒဏ်သည် ရှိပေသည်။)(ကုရ်အာန်၃း၁၀၅)

ထိုအာယာသ်ပါ تَفَرَّقُوا အချင်းချင်းစိတ်ဝမ်းကွဲသော ယင်းသူများကဲ့သို့ မဖြစ်လေနှင့် ဆိုသော အချက်မှာ ရှေးကျမ်းရများဖြစ်သည်။ ၄င်းတို့သည် မှန်ကန်သောဗျာဒိတ်ကျမ်းဂန် ကို ရရှိပြီးဖြစ်ပါ လျက် ထိုဗျာဒိတ်ကျမ်းပါဥပဒေများကို မိမိတို့၏ လူရေးအတွေးအခေါ် များ ဖြင့် အစားထိုးကိုယ်ကျိုးရှာသော ပုပ်ရဟန်းများကြောင့် ဖြစ်ကြောင်းကုရ်အာန် တွင်မြောက် များစွာဖေါ်ပြထား သည်။ (ကုရ်အာန် ၂း၇၈/၇၉/၁၀၉/၁၇၄/၂၁၁။ ၃း၁၈၇။ ၅း၄၇/၆၁/၆၂။
ကျမ်းမြတ်ကုရ်အာန်သည် အတိတ်ခေတ်ကာလရှိ မှားယွင်းသောသူများ၏ အဖြစ်များ ကို ဖေါ်ပြ၍ ပစ္စုပ္ပန်ရှိလူသား များကို ထိုကဲ့သို့ မဖြစ်စေရန် တားမြစ်ထားချက်ဖြစ်သည်။
ထိုအာယာသ်ပါ الْبَيِّنَاتُ the clear proofs သူတို့ထံရောက်ရှိခဲ့ပြီးသော ထင်ရှား သည့်(သာ ဓက)ဟူသည် ခေတ် တိုင်းနှင့်လူမျိုးတိုင်းအတွက် ချပေးခဲ့သော ကျမ်းများ၊ တမန်တော် များကို ရည် ညွှန်းခြင်းဖြစ်သည်။
အလ္လာဟ်ချပေးသောဗျာဒိတ်များသည် တစ်မျိုးတစ်စားတည်းဖြစ်သည့်အတွက် ကျမ်းမြတ် ကုရ်အာန်တွင် ချပေး ပြီးခဲ့သော အလ္လာဟ်အရှင်၏ ဗျာဒိတ်များကို الْكِتَابُ the Book ဟုသာတစ် ကိန်းဖြင့်သုံးသည်။ နဗီတမန်တော်များထံသို့ အလ္လာဟ်အရှင်ချပေးခဲ့သော ဗျာဒိတ်များသည်တူညီသော အတွေးအခေါ်များကိုသာ ပေးထားသည့်အတွက် ဗျာဒိတ် ကျမ်းဂန်အတိုင်း လိုက်နာ ကျင့်သုံးသူများသည် ညီအကိုအရင်းများဖြစ်သည်။အချင်း ချင်းစိတ်ဝမ်းကွဲကြမည်မဟုတ်၊ ရှေးကျမ်းရများသည် ၄င်းတို့ထံကို ရောက်ရှိလာသော ဗျာဒိတ်ကျမ်းဂန်ကို စွန့် ၍လူတို့၏ အတွေး အခေါ်များစွက်ဖက်ထားသော လူရေးကျမ်း အတွေးအခေါ်များကြောင့် စိတ်ဝမ်းကွဲသွားကြသူ များဖြစ်သွားကြသည်။
အသင်တို့လည်း ၄င်းတို့နည်းတူ မှန်ကန်သောဗျဒိတ်ကျမ်းကိုစွန့်ပြီး လူရေးအတွေးအခေါ် များအားဖြင့် စိတ်ဝမ်း ကွဲသူများမဖြစ်ကြရန် အထက်ပါကုရ်အာန်(၃း၁၀၅) က အလေးပေး ပြဌာန်း ထားခြင်းဖြစ်သည်။


ဗျာဒိတ်ကျမ်းနှင့်လူရေးကျမ်းကွာခြားခြင်း

أَفَلَا يَتَدَبَّرُونَ الْقُرْآنَ ۚ وَلَوْ كَانَ مِنْ عِندِ غَيْرِ اللَّهِ لَوَجَدُوا فِيهِ اخْتِلَافًا كَثِيرًا
Then do they not reflect upon the Qur’an? If it had been from [any] other than Allah , they would have found within it much contradiction.(4;82)
(၄င်းတို့သည် ကျမ်းမြတ်ကုရ်အာန်ကို ဂဃနဏ နှိုက်နှိုက်ချွတ်ချွတ် စေ့ငုံစွာ လေ့လာသမှု မပြုကြလေသလော၊ အကယ်၍သာ ထိုကျမ်းသည် အလ္လာဟ့်ထံမှမဟုတ်ဘဲ တစ်ဦးဦးထံ မှဖြစ် ခဲ့သော် အမှန်ပင်များစွာသော ကွဲလွဲမှု များကို တွေ့ကြရမည်ဖြစ်သည်။ (ကုရ်အာန် ၄း၈၂)
ထိုအာယသ်၏ ရည်ညွှန်းချက်သည် ကျမ်းမြတ်ကုရ်အာန်မှလွဲ၍ လူသားများရေးသားသော ကျမ်းများ၊ လူသားတို့ ၏ပြောသောစကားများသည် ဧကန်ကွဲလွဲမည်သာ ဖြစ်ကြောင်း အခိုင်အ မာ ဖေါ်ပြထားသော အာယာသ်ဖြစ်သည်။
ရှေးကျမ်းရများသည် ဗျာဒိတ်ကျမ်းဂန်ကိုစွန့်၍ လူရေးအတွေးအခေါ်များကို အခြေ ခံခြင်း ကြောင့် ၄င်းတို့အတွင်း တွင်များစွာသောဂိုဏ်းဂဏကွဲများကြောင့် စည်းလုံးညီ ညွတ် မှု ပြိုကွဲ ခဲ့ကြ သည်။
မွတ်စလင်မ်များသည် ထိုအဖြစ်မျိုးမကြုံရလေအောင် လူရေးအတွေးအခေါ်များကိုစွန့်၍ ကျမ်း မြတ်ကုရ်အာန်ကို အခြေခံသောအဖွဲ့အစည်း တစ်ခုရှိရမည်။ ထိုအဖွဲ့ အစည်းကြီးက လူသား တစ်ရပ်လုံးကို ကောင်းရာကိုညွှန်၊ အကျိုးရှိမည့်အရာများကို တိုက်တွန်း၍ မ ကောင်းသောအရာများမှ တားဆီးပိတ်ပင်ရမည်။ ထိုကဲ့သို့သော အဖွဲ့အစည်းသည်သာ လျှင် လူသားတစ်ရပ်လုံး ကို စည်းလုံးညီညွတ်သော လူ့အဖွဲ့အစည်းကို တည်ထောင်နှိုင် မည်ဖြစ်သည်။
ဗျာဒိတ်ကျမ်းဂန်၏အခြေခံမူဝါဒသည် လူသားများစီရင်ရေးသားသောကျမ်းများကဲ့သို့ ကွဲလွဲမှုမရှိသည့်အပြင်လွယ်ကူသောနည်းလမ်းဖြင့် ဒဿနပညာရှင်ကြီးတစ်ဦးမှသာ မန်နွားကျေင်း သား တစ်ဦးထိ တူညီသောအသိကိုပေးနှိုင်သော ဖန်ဆင်းရှင်၏အနှိုင်းမဲ့ လက်ရာဖြစ်သည်။ ထိုကျမ်းပါဥပဒေများသည် လူတို့၏လက်ရာကျမ်းများကဲ့သို့ လက် တစ်လုံးခြားလိုတိုး ပိုလျော့ပြု ၍မ ရလောက်အောင်ကို ရှင်းလင်းပြတ်သားစွာ ပြဌာန်း ထားကြောင်း ဥပမာအဖြစ် (ကုရ်အာန်၅း၃) တစ်ခုတည်းကို လေ့လာခြင်းဖြင့် လူတိုင်းအ တွက် ဒဿနပညာရှင်ကြီး တစ်ဦးမှသာ မန်နွားကျေင်းသားလေးတစ်ဦးထိ တူညီစွာသိ ရှိနှိုင်သည်ကိုတွေ့ရသည်။

حُرِّمَتْ عَلَيْكُمُ الْمَيْتَةُ وَالدَّمُ وَلَحْمُ الْخِنزِيرِ وَمَا أُهِلَّ لِغَيْرِ اللَّهِ بِهِ وَالْمُنْخَنِقَةُ وَالْمَوْقُوذَةُ وَالْمُتَرَدِّيَةُ وَالنَّطِيحَةُ وَمَا أَكَلَ السَّبُعُ إِلَّا مَا ذَكَّيْتُمْ وَمَا ذُبِحَ عَلَى النُّصُبِ وَأَن تَسْتَقْسِمُوا بِالْأَزْلَامِ ۚ ذَٰلِكُمْ فِسْقٌفَمَنِ اضْطُرَّ فِي مَخْمَصَةٍ غَيْرَ مُتَجَانِفٍ لِّإِثْمٍ ۙ فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
Prohibited to you are dead animals, blood, the flesh of swine, and that which has been dedicated to other than Allah , and [those animals] killed by strangling or by a violent blow or by a head-long fall or by the goring of horns, and those from which a wild animal has eaten, except what you [are able to] slaughter [before its death], and those which are sacrificed on stone altars, and [prohibited is] that you seek decision through divining arrows. That is grave disobedience. But whoever is forced by severe hunger with no inclination to sin – then indeed, Allah is Forgiving and Merciful.
အလိုအလျောက်သေသော တိရစ္ဆာန်သည်လည်းကောင်း သွေးသည်လည်းကောင်း၊၀က် တိရစ္ဆာန်၏အသားသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူး ထားသောတိ ရစ္ဆာန်သည်လည်းကောင်း၊လည်မျို(ညှစ်၍ဖြစ်စေ၊လိမ်၍ဖြစ်စေ) သေသော တိရစ္ဆာန်သည်လည်းကောင်း၊ရိုက်နှက်၍ဖြစ်စေထိခိုက်၍ ဖြစ်စေသေသောတိရစ္ဆာန်သည် လည်းကောင်း မြင့်ရာမှ ကျ၍ သေသောတိရစ္ဆာန်သည်လည်းကောင်း၊ ဦးချိုဖြင့်ဝှေ့ခတ်ခြင်း ခံရ၍ သေသော တိရစ္ဆာန်သည်လည်း ကောင်း၊ (အသက်မထွက်မီ တရားတော် နှင့် အညီ) အသင်တို့ “ဇဗ်ဟ်” လှီးဖြတ် နိုင်ခဲ့သောတိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များ ကိုက်ခဲ သတ်ဖြတ်ထားသော တိရစ္ဆာန်သည် လည်းကောင်း၊ အသင်တို့အပေါ်၌ ဟရာမ် ဟူ၍ တားမြစ် ထားပြီး ဖြစ်လေပြီ။ ရုပ်ပွား ဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြု ရန်လှီးဖြတ်ထား သော တိရစ္ဆာန်များသည်လည်းကောင်း၊ မဲမြှားတို့ဖြင့် အသင်တို့ ဝေ စု ဝေပုံ ခွဲခြင်း သည် လည်းကောင်း၊ အသင်တို့ အဖို့(စားသုံးခြင်း မပြုကြရန်) ဟရာမ် တားမြစ် ထားပြီး ဖြစ်ချေသည်။ ဤသည်တို့ကားပြစ်မှုဒုစရိုက်များ ပင်တည်း။
သို့ရာတွင် (အထက် တွင်မြစ် တားထားခဲ့သော အရာများနှင့်စပ်လျဉ်း၍ သိအပ်သောအ ချက် တစ်ရပ်မှာ) မည် သူမဆို အပြင်းအထန် ဆာလောင်မွတ်သိပ်၍မလွှဲမရှောင်သာ သည့် အခြေသို့ ဆိုက် ရောက်ခဲ့ သဖြင့် ထိုသူ သည် ပြစ် မှု ကို နှစ်သက်လိုလားခြင်း မရှိဘဲ (မြစ်တား ထားသော အရာများကို စားသုံးမိပါက) မချွတ် ဧကန်အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ် ငြိမ်းချမ်းသာ ခွင့်ပေးတော် မူသောအရှင်၊ အလွန် တရာ ကြင်နာ သ နားတော် မူသောအရှင် ဖြစ်တော်မူ ပေသတည်း။

ထိုဖေါ်ပြပါ ကျမ်းမြတ်ကုရ်အာန်၏ ပညတ်ချက်သည် သာမန်စာမတတ်သော လူပြိန်း တစ်ယောက်အား သူနားလည်သောဘာသာစကားဖြင့် စာဖတ်တတ်သူ တစ်ဦး က ထိုသူ အားထိုစာ လာ အတိုင်း ဖတ်ပြပါက ထိုစာမတတ် သူလူပြိန်းသည်ပင် တစ်ထိုင်တည်း ထို ဥပဒေကို နားလည်သဘောပေါက်သွားမည်သာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအာယာသ်တွင် အသေသားတစ်မျိုးကိုတားမြစ်ရာ၌ မည် သည့် လူသားတစ်ဦးတစ် ယောက်ကမျှ ထိုဥပဒေကို နားမလည်ပါဟူ၍လည်း ကောင်း၊ ခက်ခဲပါသည်ဟူ ၍လည်းကောင်း၊ မရှင်းလင်းပါဟူ၍ လည်းကောင်၊စောရက တက်၍ မရ နှိုင်လောက်အောင်-
အလိုအလျောက်သေသော သားကောင်၏အသား။
အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူးထားသော သားကောင်၏အသား။
လည်မျို (ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ) သေသောသားကောင်၏အသား။
ရိုက်နှက်၍ဖြစ်စေ၊ ထိခိုက်၍ဖြစ်စေ သေသောသားကောင်၏အသား။
မြင့်ရာမှကျ၍သေသော သားကောင်၏အသား။
ဦးချိုဖြင့်ဝှေ့ခတ်ခြင်းခံရ၍ သေသောသားကောင်၏အသား။
သားရဲတိရစ္ဆာန်များ ကိုက်ခဲသတ်ဖြတ်၍ သေသောသားကောင်၏အသား။
ရုပ်ပွားဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြုရန်လှီးဖြတ်ထားသောသားကောင်၏အသား။
မဲမြှားတို့ဖြင့် ဝေစုဝေပုံခွဲထားသော သားကောင်၏အသားထို့ဖြစ်သည်ဟူ၍ အသေးစိတ် ရှင်းလင်းထားပေသည်။
သို့ရာတွင် လူတစ်ဦးသည် ထိုအရာများမှလွဲ၍ စားသုံးရန် မည်သည့်အစားအသောက်မှ မရပါက ချွင်းချက်ဖြင့်စား သုံးခွင့်ပြုထားသည်။ ဤသည် ဗျာဒိတ်ကျမ်းဂန်၏ လူတိုင်းအ တွက်လွယ်ကူ ရှင်းလင်းသော လမ်းညွှန် ချက်ပင် တည်း။


အစ္စလာမ်သာသနာနှင့်ဂိုဏ်းဂဏကွဲဝါဒ

အစ္စလာမ်သာသနာသည် စည်းလုံးညီညွှတ်ရေးကို ပြိုကွဲစေမည့်အရာဟူသ၍ကိုတားမြစ် ပိတ်ပင်တားသည်ကို တွေ့ရပေသည်။ လူ့အဖွဲ့အစည်းကြီးအတွင်း စည်းလုံး ညီညွတ်ခြင်း ကိုအပြို ကွဲစေဆုံးသောအရာသည်ကား ဂိုဏ်းဂဏကွဲ ၀ါဒလမ်းစဉ်များပင်ဖြစ်သည်။ ရှေး ကျမ်းရများသည် လူရေးကျမ်းမူဝါဒ လမ်းစဉ်များအားဖြင့်များစွာသော ဂိုဏ်းဂဏများ ဖြစ် သွားခဲ့သည်။
မွတ်စလင်မ်တို့သည် ရှေးကျမ်းရများနည်းတူ လူရေးကျမ်းမူဝါဒများကို ကျမ်းမြတ်ကုရ် အာန်၏ လမ်းညွှန်ချက်များ ထက် ပိုမိုလိုက်နာခြင်းဖြင့် ဂိုဏ်းဂဏဝါဒများ၊ ဖြစ် ပေါ်လာ မည်ကို မလိုလားသောကြောင့် ဂိုဏ်းဂဏ၀ါဒအပေါ် ထိုကဲ့သို့ပြင်းပြင်း ထန်ထန်တားမြစ် ထား သည်ကို တွေ့ရသည်။

مِنَ الَّذِينَ فَرَّقُوا دِينَهُمْ وَكَانُوا شِيَعًا ۖ كُلُّ حِزْبٍ بِمَا لَدَيْهِمْ فَرِحُونَ
[Or] of those who have divided their religion and become sects, every faction rejoicing in what it has.(30;32)
(၎င်းတို့အနက်မှ ထိုသူတို့သည် မိမိတို့၏ သာသနာကို အစိပ်စိပ်အမွှာမွှာ ပြုလုပ်ခဲ့ကြပြီး ဂိုဏ်းဂဏ အသီးသီး ဖြစ် သွားကြကုန်၏။ ထိုဂိုဏ်းဂန အသီးသီးတို့သည် မိမိတို့ လက်ခံကျင့်သုံးသော ဝါဒလမ်းစဉ်များနှင့်ပင် ကျေနပ် ဝမ်း မြောက်လျှက် ရှိကြကုန်၏) ကုရ်အာန် ၃၀း၃၂
إِنَّ الَّذِينَ فَرَّقُوا دِينَهُمْ وَكَانُوا شِيَعًا لَّسْتَ مِنْهُمْ فِي شَيْءٍ ۚ إِنَّمَا أَمْرُهُمْ إِلَى اللَّهِ ثُمَّ يُنَبِّئُهُم بِمَا كَانُوا يَفْعَلُونَ
Indeed, those who have divided their religion and become sects – you, [O Muhammad], are not [associated] with them in anything. Their affair is only [left] to Allah ; then He will inform them about what they used to do.(6;159)
(စင်စစ်ဧကန်အကြင်သူတို့သည် မိမိတို့၏သာသနာကိုအစိတ်စိတ်ခွဲပစ်ခဲ့ကြ၏။၎င်းနောက် ထိုသူများသည် ဂိုဏ်းဂဏ အသီးသီးကွဲခဲ့ကြ၏။ (တမန်တော်) အသင် သည်ထို သူတို့နှင့် မည်သို့မျှ မပတ်သက်ပေ။ မုချဧကန် ၎င်းတို့၏ကိစ္စသည်အလ္လာဟ်အရှင်မြတ်အထံတော် သို့ လွှဲအပ်ပြီးဖြစ်ချေသည်။ ထိုနောက်ထိုအရှင်မြတ် သည် ပင်လျှင်၊ ၎င်းတို့ အား၊ ၎င်းတို့ ပြုမူခဲ့သည်တို့ကို သိစေတော်မူပေမည်။)ကုရ်အာန် ၆း၁၅၉ )

မည်သည့်ဘာသာ သာသနာတွင်မဆို မိမိတို့၏ အခြေခံမူဝါဒဖြစ်သော တုနှိုင်းမဲ့ကိုးကွယ် ရာအရှင်၏ ဗျာဒိတ် ကျမ်းဂန်ကပင်လျှင် စည်းလုံးညီညွှတ်သော လူ့အဖွဲ့အ စည်းကြီးတစ် ခုကို တည်ဆောက်ပေးသော ဝါဒလမ်းစဉ်ဖြစ်သည်။ ဗျာဒိတ်ကျမ်း၏အခြေခံ နိယာမ သည် ကွဲပြားခြားနား၍ အယူဝါဒ မတူသူများကို တူညီသော လမ်း ညွှန် မှု၊တူညီသော အခွင့် အရေးများကို တပြေးညီခံစားခွင့် ပေးခဲ့သည်။ ထို မှန်ကန်သော ဗျာဒိတ်ကျမ်းဂန် ဝါဒမှ လူ သားတို့၏ အယူဝါဒများ စွက်ဖက်လာသည်နှင့် စည်းလုံးညီညွှတ်သည့် လူ့အ ဖွဲ့အစည်းကြီးအဖြစ်မှ ကွဲပြားခြား နားသော ဂိုဏ်းကွဲများဖြစ်ကြသည်ပင်။
ဂိုဏ်းဂဏ၀ါဒီများသည် မိမိတို့၏အယူဝါဒ ဂိုဏ်းဂဏသည်သာလျှင် ပိုမိုမှန်ကန်သည်ဟု ယုံကြည်ထားကြသည် နှင့်အညီ အခြားမတူညီသော ဂိုဏ်းဂဏ၀ါဒီများနှင့် ဆန့်ကျင်တိုက် ခိုက်မှု များ ဖြစ်ကြစမြဲပင်။ ထိုနည်းတူစွာ မိမိတို့၏ အယူဝါဒများကို မျိုးဆက်သစ်များအား  ထိရောက်စွာဆက်လက် အမွေပေးနိုင်ရန်အတွက် ကျောင်း များဖွင့်၍ ထိုဝါဒလမ်းစဉ် များကို တိုးပွားစေ ခဲ့ကြသည်။ မျိုးဆက်သစ်များ အချင်းချင်းအတွင်း၌ မတူညီသော မိမိတို့၏ ကျောင်းတော်ဝါဒ၊ ဂိုဏ်းဂနဝါဒ၊ ဆရာ့ဆရာ များ၏ မတူညီသော ဝါဒများကြောင့် အချင်းချင်းအတွင်း၌ အငြင်း ပွားမှု၊ တဖက်ကို တဖက်ထိုးနက်မှု တို့ကြောင့် အလွန်တရာမှ တိုတောင်းလှသော လူ့ဘဝအတွင်း စစ်မှန်သော ဘဝလမ်းညွှန်မှု ဗျာဒိတ်ကျမ်းဂန်ကို သိနားလည်ခွင့်ပင် မရရှိခဲ့ကြပေ။ ထိုကဲ့သို့သော ဆိုးမွေများသည် ခေတ်အ ဆက်ဆက် လွှမ်းမိုးလာမှုကြောင့် ရှေး ကျမ်းရများ၏ ဘာသာရေးဆိုင်ရာ အယူဝါဒများသည် ဗျာဒိတ် ကျမ်းပါ အခြေခံမူဝါဒများနှင့် တက်တက်စင် ကွဲလွဲခဲ့ကြရသည်။
ထိုသို့သော အကြောင်းများကြောင့် ကျမ်းမြတ်ကုရ်အာန်က မွတ်စလင်မ်များအတွင်း ဂိုဏ်း ဂဏ၀ါဒများကို တား ဆီးပိတ်ပင်ထားရုံမက ထိုဂိုဏ်းဂဏ၀ါဒီများနှင့် တ မန်တော် သည် မည်သို့မျှ မ သက်ဆိုင်ကြောင်း အထက်ပါဗျာဒိတ်များက သတိပေးနှိုးဆော် ထားခြင်း ဖြစ်သည်။

 အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

No comments:

Post a Comment