Thursday 28 February 2013

စည်းလုံးညီညွတ်ရေးသို့(၃)

ဂိုဏ်းဂဏ၀ါဒ၏အနိဌာရုံစစ်တမ်း
တမန်တော်မြတ်၏ ကြိုးပမ်းလှုပ်ရှားခဲ့သော (နဗူဝသ်)သက်တမ်းမှာ ကာလအားဖြင့် (၂၃) နှစ်တာသာရှိခဲ့သည်။  ယင်းကြိုးပမ်းချက် လုပ်ငန်းအတိုင်းအတာ ထိရောက်မှုမှာမူ ကိယာမသ်တိုင် ကျယ်ဝန်းလှပေသည်။ တမန်တော်မြတ်၏ ဘ၀တာမှ တစ်စက္ကန့်ဟူသော အချိန်ကလေးသည်ပင်လျှင် မွတ်စလင်မ်တို့၏ နှစ်ပေါင်း ထောင်သောင်းမကထက် ပင်ပို သည်ဟု ဆိုရပေမည်။
၂၃ နှစ်တာအနက် သက်တမ်းတစ်ဝက်ကျော်ဖြစ်သော ၁၃နှစ်ကာလကိုမူ မက္ကာမြို့တွင် ရုန်းကန်လှုပ်ရှားရင်းသာ ကုန်ဆုံးခဲ့လေသည်။  ဤကာလအတွင်း ကြောက် ခမန်းလိ လိ ဘေးအန္တ ရာယ်ဒုက္ခမျိုးစုံကို ရင်ဆိုင်ခဲ့ရပြီးခက်ခဲသော သမိုင်းကြောင်းကို အများအ သိ ဖြစ်ပေသည်။ ဤမျှ အသက်ဘေးနှင့်နီးလှသည့် အန္တရာယ်အ၀၀ ကို ကြံ့ကြံ့ ခံရင် ဆိုင်ပြီး ကြိုးပမ်းအားထုတ် ခဲ့ရ သည့်အတွက် ရလဒ်မှာမူ လူသုံးရာခန့်ကိုအစ္စလာမ့်အေး ရိပ်ဆာ ယာအောက်သို့ အရောက်ပို့ဆောင်နိုင်ခဲ့သည်။
၁၃ နှစ်နောက်ပိုင်း ဟစ်ဂျရသ်ပြုပြီး မဒီမြို့တွင်(၁၀)နှစ်တာအထိ““ဒအ်ဝအ်”” ပို့ချခဲ့သည်။ ဤမြို့ရှိ မွတ်စလင်မ် လူနည်းစု၏ ရှေ့ရေးအတွက်လည်းကောင်း၊ အဖိုး ထိုက်တန်လှ သည့် သာသနာတော်ကြီးကို ထိမ်းသိမ်းနှိုင်ရေး အတွက်လည်းကောင်း၊ တမန်တော်နှင့် မဟာသာဝကများအနေဖြင့် ရန်သူများ၏ ကျူးကျော်တိုက် ခိုက်လာသော တိုက်ပွဲပေါင်း များစွာကို ခုခံတိုက် ခိုက်ဆင်နွှဲခဲ့ရလေသည်။  ထိုတိုက်ပွဲများတွင် များစွာသော ရဲဘော်ရဲ ဘက် များ၏ အသက်အိုးအိမ်စည်းစိမ်များ စွန့် လွှတ်စတေးခဲ့ကြရလေသည်။

ဤသို့ဖြင့် တမန်တော်မြတ်၏ နောက်လိုက်နောက်ပါ ရဲဘော်ရဲဘက်များဖြစ်ကြသော  ဆွဟာ ဘာကြီးများသည်  မြူမှုန်အစိတ်အပိုင်းကလေးမှ သည်အွမ္မသ်တည်းဟူ သော မွတ်စလင်မ် လူ့ဘောင်ထု ရေအလျင်ကို တစ်သွင်သွင် စီးဖြာမ ပျက်ရှိစေခဲ့သည်။  ဤသို့ဖြင့် တစ်စ ထက်တစ်စ အင်အားတိုးပွားလာရာက ကြီးမားကျယ်ပြော လှသည့် သမုဒ္ဒရာကြီးအလားပင် အစ္စလာမ် သာသနာကို ကမ္ဘာအနှံ့ကျယ်ပြန့်လာစေနှိုင်ရုံတွင်မက ကမ္ဘာ့လူသားတစ်ရပ်လုံးက စွဲမက်စေသော သာသနာတစ်ရပ် အဖြစ် စွမ်းဆောင်နှိုင် ခဲ့ကြသည်။
ထိုခေတ်မွတ်စလင်မ်ဟူသည် ခဲရည်ဖြင့်သွန်းလောင်းထားသော အဆောက်အဦးကြီး တစ် ခုကဲ့သို့ စည်းလုံးညီ ညွတ်သော လူ့အဖွဲ့အစည်းကြီးတစ်ရပ် ဖြစ်ခဲ့သည်။ တစ်ဦး တစ်ယောက် အပေါ် သို့ကျ ရောက်လာသော ဒုက္ခသည် ထိုလူ့အဖွဲ့ အစည်း ကြီးတစ် ခုလုံး၏ ဒုက္ခ အဖြစ်ခံယူကြသည်။ တစ်ဦးတစ်ယောက်၏ တိုးတက်ဖွံ့ဖြိုးမှု သည် ထိုလူ့အ ဖွဲ့အ စည်းကြီး တစ်ခုလုံး၏ ဖွံ့ဖြိုး တိုး တက်မှုအဖြစ် ခံယူသူများဖြစ်ကြသည်။ မိမိတို့အချင်း ချင်းအတွင်း စည်းလုံးညီ ညွတ်မှုရှိသည့်နည်းတူ အခြားသူ များ နှင့်လည်း သဟဇာ တ ဖြစ်စွာ နေထိုင်နှိုင်သူများဖြစ်သည်။
ထိုသို့သောအကြောင်းများကြောင့် ကျမ်းကုရ်အာန်တွင် ထိုပုဂ်္ဂိုလ်များနှင့်စပ်လျင်း၍ (အလ္လာဟ်အရှင်သည် ၄င်းတို့အား နှစ်မြှို့တော်မူသကဲ့သို့ ၄င်းတို့သည်လည်း အလ္လာဟ် အရှင်အားနှစ်မြှို့ သူများ ဖြစ်ကြ၏) ဟူ၍် မှတ်တမ်းတင်ထားသည်။ (ထိုပုဂ်္ဂိုလ်မွန်များ အပေါ်သို့ အလ္လာဟ်အရှင်မြတ်နှစ်မြှို့တော် မူပါစေ)
နောက်ပိုင်းတွင် ၄င်းတို့၏အရိုက်အရာကို ဆင့်ကဲဆင့်ကဲဆက်ခံလာသော မွတ်စလင်မ် မျိုးဆက်များတွင် အဏာရှင်စနစ်များနှင့်အတူ သာသနာပိုင်စနစ်များသည် လည်း တစ်စ တစ်စကြီး ထွားလာခဲ့သည်။ ထိုဝါဒနှစ်ခုသည် ရှေးကျမ်းရများ၏ သာသနာကိုပျက်စေ ခဲ့သော အကြောင်းရင်းများ ဖြစ်သည့်အတွက် ထိုဝါဒလမ်းစဉ်များ ကို ကျမ်းမြတ်ကုရ် အာန်က အထပ်ထပ် တား မြစ် ပိတ်ပင်ထားပြီးဖြစ်သည်။
သို့ပါလျှက် ထိုဝါဒဆိုးများသည် အစ္စလာမ်သာသနာအတွင်းသို့ တစ်ဖြေးဖြေးချင်းချင်း အ နယ်ထိုင်အခြေခိုင် လာသည်နှင့် အတူ ထိုဝါဒလမ်းစဉ်များသည် မျိုးဆက် သစ် မွတ်စ လင်မ်များအဖို့ မလွဲမသွေ လိုက်နာကျင့်သုံးရမည့် ဘ၀တည်ဆောက်မှု လမ်းစဉ်ကြီး အဖြစ် လက်ခံယုံကြည်လာခဲ့ကြသည်။
ထိုဂိုဏ်းဂဏ၀ါဒ ဆိုးမွေများသည် တမန်တော်မြတ်နှင့် ဆွဟာဘာကြီးများ၊ သာဗေအီန် များ၊ အသက်အိုးအိမ် စည်းစိမ်အ ၀၀နှင့် အန္တရာယ်အသွယ်သွယ်ကို ခါးစီး ရင်ဆိုင်ပြီး မှ ပြုစု ပျိုးထောင် ထားခဲ့သော အစ္စလာမ့်ပန်းဥယျာဉ်ကြီးအတွင်းမှ မွတ်စလင်မ်ပန်း မာလာ များကို တစ်ပွင့်ချင်းတစ်ပွင့်ချင်း တစ်စစီတစ်စစီ ဖဲ့ချွေခံခဲ့လေ သည်။ ထိုသို့သော အဖြစ်များ သည် တစ်နေ့ ထက် တစ်နေ့ ပိုမိုဆိုးရွားစွာ များပြားလာခဲ့သည်။

အစ္စလာမ့်သမိုင်းကို လေ့လာသုံးသပ်ကြည့်မည်ဆိုပါက ကာဖိရ်များနှင့် စစ်ဖြစ် မှုကြောင့် သွေးမြေကျခဲ့ရသော မွတ်စလင်မ် ဦးရေကနည်းပြီး မွတ်စလင်မ်အချင်းချင်း ၀ါဒရေးရာ ကွဲပြားခြား နားမှုများမှ ပေါ်ပေါက်လာသော စစ်ပွဲများကြောင့် သွေးမြေကျခဲ့ ရသော မွတ်စ လင်မ်ဦးရေက ပိုမိုများပြားသည်ကို ရင်နင့်ဖွယ်ရာတွေ့ ရှိရပေ သည်။
ထိုသို့ဖြစ်ရခြင်းများ၏ အရင်းအမြစ်ကို ပြန်လည်စမ်းစစ်ခြင်းဖြင့် တွေ့ရှိရသည့်အချက်မှာ ကျမ်းမြတ်ကုရ်အာန်က အထပ်ထပ်တားမြစ် ပိတ်ပင်ထားသော ဂိုဏ်းဂဏ၀ါဒလမ်းစဉ် များ ကြောင့် ပင်ဖြစ်သည်။ ထိုဝါဒလမ်းစဉ်များတွင် သေးမွှားသော အကြောင်းအရာများ အပေါ် အငြင်းပွားရင်း ကျမ်းမြတ်ကုရ်အာန်က တားမြစ်ထား သော ကြီမားသည့် ပြစ်မှုများ ကိုပင် ကျူး လွန် လာကြ သည်ကို တွေ့ရတတ်ပေသည်။
ကျမ်းမြတ်ကုရ်အာန်က အမိန့်ပေးပြဌာန်းချက် တစ်ခုဖြစ်သော (အသင်တို့အချင်းချင်းစိတ် ၀မ်းမကွဲကြလေနှင့်) ဟူသောအမိန့်ကို ဆန့်ကျင်လျှက်ရှိနေကြသည်။ မွတ် စလင်မ်များအ တွင်း ပေါ်ပေါက်လာသော ပြဿနာရပ်များကို ဖြေရှင်းရန်အတွက် (ထိုပြဿနာသည် မည်မျှအတိုင်းအတာအထိ လိုအပ်သနည်း သို့တည်းမဟုတ် ဖြေ ရှင်းခြင်းအားဖြင့်နောက် ဆက်တွဲ အ ကျိုးဆက်အဖြစ် အချင်းချင်းအတွင်း စိတ်ဝမ်းကွဲနှိုင်ခြင်းရှိမရှိ သုံးသပ်ရ မည်ဖြစ်သည်။ ပေါ်ပေါက်သောပြဿနာသည် ကျမ်းမြတ် ကုရ်အာန်၏ ပြဌာန်းချက်နှင့် မဆန့်ကျင်ပါဘဲလျှက်ဖြေရှင်း လိုက်တော့မှ ကုရ်အာန်ကတားမြစ်ထားသောအချင်းချင်း စိတ်ဝမ်းကွဲရမည့်  အဖြစ်မျိုးနှင့်ရင်ဆိုင်ရမှု များမှ ရှောင်ရမည်ဖြစ်သည်။ ပို၍ရှောင်သင့် သည်မှာ တစ်ဦး၏နောက် ကွယ်တွင် တစ်ဦးက ပုတ်ခတ် စွပ်စွဲခြင်းမပြုရပေ။ ထိုအချက် များကို ကျမ်းမြတ်ကုရ်အာန်က တား ဆီးပိတ်ပင်ထားပြီးဖြစ်သည်။
ယနေ့မွတ်စလင်မ်အများစုသည် ရှေးကျမ်းရများနည်းတူ သေးမွှားသောကိစ္စရပ်များကို အ ကြောင်းပြု၍ ကုရ်အာန်ကတားမြစ်ထားသော အမိန့်များကိုဆန့်ကျင်ရာတွင် သာမန် မွတ် စလင်မ် များအတွင်းတွင်မက ဘာသာရေးဆိုင်ရာ ဆရာတော်ကြီးအချို့ပင်ပါဝင် လာသည် ကို ၀မ်းနည်းဖွယ်ရာ တွေ့နေရပေသည်။ ကမ္ဘာတွင်လူအများဆုံး ၀င်ရောက် ကြည့်ရှု ကြသော youtube တွင် အမ္ဘာကျော်မွတ်စလင်မ် ဘာသာရေးကျောင်း ကြီးများမှ ဆရာတော်ကြီးအချို့က ကမ္ဘာကျော်ခေတ်ပညာတတ် မွတ်စလင်မ် ပညာရှင် တစ်ဦးအား အမည်နှင့်င့်တစ်ကွ ပုတ်ခတ် စွပ်စွဲပြော ဆို ထားသော ဗီဒီယိုခွေများသည် ပလူပျံလျှက် ရှိနေပေ သည်။ ထိုခွေများကို ၀င်ရောက်ကြည့်ရှုသူများသည် သန်းချီ၍ရှိနေ သည်ကိုတွေ့ ရပေ သည်။
ထိုဆရာတော်ကြီးများ အမည်နာမနှင့်တကွ  ပုတ်ခတ်ပြောဆိုနေသူမှာ ကမ္ဘာ့ခေတ်ပြိုင် ဘာသာဝင်များနှင့် မျက်နှာချင်းဆိုင်ဆွေးနွေးလျှက်ရှိသော ခေတ်ပညာတတ် ဘာသာရေး ပညာရှင် တစ် ဦးဖြစ်သည်။ သူသည်အစ္စလာမ်သာသနာကို ခေတ်သစ်သိပ္ပံနည်းကျ ကမ္ဘာ ကိုဖြန့်ချီလျှက် ရှိနေသူဖြစ်သည်။ ဆွေးနွေးပွဲပြီးတိုင်း အခြားဘာ သာဝင်များစွာသည် အစ္စလာမ်သာသနာကို လက်ခံ ယုံကြည်သွားကြပေသည်။
ဖေါ်ပြပါပုဂ္ဂိုရ်အား စွပ်စွဲပြောဆိုသော အကြောင်းအရာများမှာ ဘာသာရေးတွင် အဓိက မကျသော၊ ကျမ်းမြတ်ကုရ်အာန်က မည်သို့မျှတားဆီးပိတ်ပင် ထားခြင်းမရှိ သ ကဲ့သို့ ပြု လုပ်ရမည်ဟု လည်းပြဌာန်းထားခြင်းမရှိသောအကြောင်းများသာဖြစ်သည်။ထိုအကြောင်း အရာသည် အဓိကမကျသော်လည်း ဆရာတော်ကြီးများက ထိုသူ အားအမည် နှင့်တစ်ကွ ပုတ်ခတ်စွပ် စွဲပြော ဆိုမှု ကိုမူ ကျမ်းမြတ်ကုရ်အာန်က တားဆီးပိတ်ပင်ထားပြီးဖြစ်သည်ကို ထိုဆရာတော်ကြီးများ သိဟန်မတူပေ။ သို့ရာတွင် ထိုဆရာတော်ကြီးများ၏ ပြုမူဆောင် ရွက်ချက်များကို အတုယူ၍ ဖွံ့ဖြိုး တိုးတက်မှု နည်းနေသေးသော ပတ်ဝန်းကျင်ရှိဗလီ ၀တ်ကျောင်း( မင်ဗရ်)များတွင် ထိုပုဂ္ဂိုရ်ကြီးအား ဆက်လက်ပုတ်ခတ်မှုများ ပြုလာကြ သည်ကို တွေ့ရပေသည်။
မွတ်စလင်မ်များကိုဦးဆောင်သော ဆရာတော်ကြီးများ၏ထိုစံများသည် မွတ်စလင်မ်မျိုး ဆက်သစ်များအတွက် စည်းလုံးညီညွှတ်မှုကိုပြိုကွဲစေသည့်အစဉ်အလာဆိုးများသာဖြစ် လာတော့ သည်။ ထိုဝါဒလမ်းစဉ်များသည် ရှေးကျမ်း ရများ၏လမ်းစဉ်သာဖြစ်ပြီး ကျမ်းမြတ် ကုရ်အာန်က တားဆီးပိတ်ပင်ထားပြီးသော မွတ်စလင်မ်များ ရှောင် ကျဉ်အပ်သည့် ပြစ်မှု များဖြစ်သည်။

ဗျာဒိတ်ကျမ်းဂန်တတ်ခေါင်းဆောင်များလိုအပ်ခြင်း
ထိုအချက်ကို ကျမ်းမြတ်ကုရ်အာန် ၂း၁၇၈တွင်ဖေါ်ပြထားပုံမှာ-
وَمِنْهُمْ أُمِّيُّونَ لَا يَعْلَمُونَ الْكِتَابَ إِلَّا أَمَانِيَّ وَإِنْ هُمْ إِلَّا يَظُنُّونَ
And among them are unlettered ones who do not know the Scripture except in wishful thinking, but they are only assuming.(2;178)
(၎င်းတို့သည် ဗျာဒိတ်ကျမ်းဂန်ကို မတတ်သော ပညာမဲ့လူ့ဘာလများသာ ဖြစ်ကြသည်။ ၎င်းတို့တတ်သိ နားလည် ထား သည်များမှာ သူပြောငါပြော ကောလဟလ များသာဖြစ်၏။ ၎င်းတို့ပြုလုပ်လိုပါက မည်သည့်အဆိုက ပြုလုပ် ခွင့်ရှိသည်ဟူ၍၊ ၎င်းတို့မပြုလုပ်လိုပါက မည်သည့်အဆို မည်သည့်အယူဝါဒက ပြုလုပ်ခွင့်မရှိဟူ၍ မှန်းဆရန်း ဆ၍ပြုလုပ်သူများ သာဖြစ် ကြ၏။)
ထိုဗျာဒိတ်သည်  တိုတောင်းသော်ငြားလည်း အလွန်အနှစ်သာရများဖြင့် ပြည့်ဝလျက်ထိ မိသည့်လမ်းညွှန်မှု တစ်ရပ်ဖြစ်သည်။ ဘာသာသာသနာတိုင်းတွင် မိမိတို့၏ ဗျာဒိတ်ကျမ်း ဂန်များ သည်သာ Supreme Law အခြေခံ ဥပဒေများဖြစ်သည်။ no one is above the law မည်သူတစ်ဦးတစ်ယောက်ကမျှ ဥပဒေဘောင်ကို ကျော် ပိုင်ခွင့်မရှိပေ။ မိမိတို့၏ ဘာသာ သာသနာကို ဦးဆောင်သော ခေါင်းဆောင်တိုင်းသည်၊ မိမိတို့၏ဘာသာသာ သနာ၏ ဗျာ ဒိတ်ကျမ်း ဂန်ကို တတ်သိနားလည်ရမည်မှာ တာဝန်တစ်ရပ်ဖြစ်သကဲ့သို့ ထိုဥပဒေများအ တိုင်း လိုက်နာရ မည်ဖြစ် သည်။
ဗျာဒိတ်ကျမ်းဂန်၏ လမ်းညွှန်ချက်များသည်သာ စည်းလုံးညီညွှတ်မှုပြိုကွဲလျှက်ရှိသော လူ့အဖွဲ့အစည်းကြီးကို စည်းလုံးညီ ညွတ်ရန် စွမ်းဆောင်နှိုင်သည့်အတွက် လူ သားတစ် ရပ်လုံးကို ဦးဆောင်သောခေါင်းဆောင်များသည် ဗျာဒိတ်ကျမ်းဂန်ကို တတ်သိနားလည် သူများဖြစ်ရမည်။ ထိုကျမ်းပါဥပဒေများအတိုင်း ကျင့်သုံးသူများဖြစ် ရမည်။ ထိုကျမ်းပါ ဥပဒေများနှင့်ယှဉ်လာပါ က မိမိတို့၏ကျောင်းတော်ဝါဒ၊ ဂိုဏ်းဂဏ၀ါဒ၊ ဆရာပုံအပ် ဆည်း ကပ်ဝါဒ၊ မိမိ၏အတ္တတိက ၀ါဒများကို စွန့်လွှတ်နှိုင်ရမည် ဖြစ်သည်။

ထိုအာယာသ်သည် ရှေးကျမ်းရဘာသာရေး ခေါင်းဆောင်များသည် ဖန်ဆင်းရှင်၏ လူ သားလမ်းညွှန် ဗျာဒိတ်ကျမ်းထက် မိမိတို့၏ သက်ဆိုင်ရာ ဂိုဏ်းဂဏများရှိ ပုပ်ရ ဟန်း ကြီး များ၏ အယူဝါ ဒလမ်းစဉ်များကို ပိုမိုလေ့လာလိုက်စားသူများ ဖြစ်ကြသည်။ လူသားများ ၏ အတွေးအခေါ်အယူဝါဒများသည် တူညီမှုမရှိသောကြောင့် မိမိတို့ ပြုလုပ်လိုသော ကိစ္စရပ် ကိုပြုလုပ်ပါ က ပြုလုပ် ၍ရသည်ဟူသော အဆိုကိုလက်ကိုင်ထား ကြသည်။ မိမိ တို့မပြုလုပ်လိုသော ကိစ္စရပ်ကိုမပြုလုပ်ပါက ပြုလုပ်၍မရ ဟူသောအဆိုကိုစွဲကိုင်လျှက် မပြု လုပ် ကြသော ရှေး ကျမ်း ရခေါင်းဆောင် များ အကြောင်းဖြစ်သည်။
ဘာသာသာသနာကို ဦးဆောင်သော ခေါင်းဆောင်များသည် ဘာသာသာသနာ၏ အနှစ် သာရဖြစ်သော ဖန်ဆင်းရှင်က လူသားတစ်ရပ်လုံးအတွက် ဗျာဒိတ်အဖြစ် ချ ပေးခဲ့သော ကျမ်းဂန်ကို မတတ်ဘဲ အခြားမူဝါဒလမ်းစဉ်များ၊ အခြားကျမ်းဂန်များကို မည်မျှပင်တစ်ဖက် ကမ်းခတ် တတ်မြောက်ထားစေကာမူ ဘာသာရေးနှင့် စပ် လျှင်း၍ ထိုသူများသည် ပညာမဲ့လူ့ဘာ လများ သာ ဖြစ်သည်ဟု ထိုအာယာသ်က မီးမောင်းထိုးပြထား ခြင်းဖြစ် သည်။
ရေးကျမ်းရ ဘာသာရေးခေါင်းဆောင်များသည် ဗျာဒိတ်ကျမ်းပါဥပဒေများကို လေ့လာ လိုက်စားခြင်းထက် မိမိတို့၏ ဂိုဏ်းဂဏဆိုင်ရာ ပုပ်၊ရဟန်းကြီးများ၏ အဆို အမိန့် များကို ပိုမိုနှစ်သက် လိုက်စားကြသူများဖြစ်သည့် အားလျော်စွာ ၄င်းတို့သည် ထိုစနစ်ကြီးကို ကမ္ဘာတည်သ၍ တည်ရှိနှိုင်ရန်အတွက် မိမိတို့၏စိတ်သန်ရာဂိုဏ်း ဂဏ၀ါဒလမ်းစဉ်များ ကို သူ့ထက်ငါ အပြိုင်အ ဆိုင် ကျောင်းများဖွင့်၍ မျိုးဆက်သစ်များကို ဆက်တိုက်မွေးထုတ် ခဲ့ကြသည်။ ဤသို့အားဖြင့် ၄င်းတို့အတွင်းတွင် အယူဝါ ဒမတူသော ဂိုဏ်းဂဏကွဲပေါင်း များစွာ ပေါ် ပေါက်ခဲ့လေသည်။
ရှေးကျမ်းရ ခေါင်းဆောင်များ၏ မှားယွင်းသော ထိုအယူဝါဒမျိုးကဲ့သို့ မွတ်စလင်မ်များ အတွင်းတွင်လည်း ဗျာဒိတ်ကျမ်းဂန်ကိုမတတ်သော ဗျာဒိတ်ကျမ်းဂန်ထက် မိမိ တို့၏ ဂိုဏ်းဂဏ၀ါဒ များ၊ ကျောင်းတော်ဝါဒများကို ပိုမိုဦးစားပေးသော ခေါင်းဆောင်များကို ဆရာမတင်မိ စေရန် ကြိုတင်သတိပေးထားသော အာယာသ်ဖြစ်သည်။

ထိုဖေါ်ပြချက် တစ်ချက်ထဲနှင့်ပင် ခေတ်တိုင်းအတွက် အများနောက်လိုက် တပည့်တိုင်းက မိမိတို့၏ ခေါင်းဆောင်များသည် လူသားတစ်ရပ်လုံးကို စည်းလုံးညီညွတ် စေနှိုင်သော အရည်အ ချင်းများနှင့် ပြည့်စုံသောခေါင်း ဆောင်ဖြစ်၏၊ မဖြစ်၏ ဟူသော အချက်ကို တိုင်းတာ၍ ခွဲခြားတတ်သော နည်းစနစ်စံကို ကျမ်းမြတ်ကုရ်အာန်တွင် ထည့်သွင်းထား သည်။
ဥပမာအားဖြင့် ကျမ်းမာရေးချို့တဲ့သူ တစ်ဦးက မိမိ၏ရောဂါကို ကုသရန်အတွက်ဆရာဝန် ထံသို့ သွားမည်ဖြစ်သည်။ ထိုကဲ့သို့ပင် ဆရာဝန်ဟူသော ဘွဲ့အမည်ကို ခံယူ ထားသူက လည်း၊ဆေး ပညာနှင့်စပ်လျှင်းသော ပညာရပ်များကိုသာ အဓိကဘာသာရပ်အဖြစ် ဆည်း ပူး၍ ဆေးဝါးအကြောင်းကို တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသော ပါရဂူတစ်ဦးဖြစ်ရမည် သာဖြစ်သည်။ ဆရာဝန် ဟူသောဆေး ပညာပါဂူဘွဲ့ကို ခံယူထားပြီး ဆေးပညာနှင့်စပ် လျှင်း၍ တစ်လုံးတစ်ဘာဒမျှ မတတ်ဘဲ အခြားဆေးဝါးနှင့်မဆိုင်သော ပညာရပ်များကို မည်မျှ ပင်တတ်ကျွမ်းနေစေကာမူ ထို  သူ အားဆရာဝန်ဟူ၍ မည် သူကမျှ အသိအမှတ်ပြု မည်မဟုတ်ပေ။
ဆရာဝန်အမည်ခံ၍ ဆေးဝါးအကြောင်း နားမလည်သော အမည်ခံဆရာဝန်အား မိမိ ၏ ရောဂါကို ကုသရန် ပုံအပ် သော လူနာသည် ၎င်း၏ရောဂါ ပျောက်ကင်းနိုင်မှုထက် အ သက်အန္တရာယ် စိုး ရိမ်ရမှုက ရာနှုန်းပိုများမည်သာဖြစ်သည်။ အကယ်၍သာနောက်လိုက် တပည့် များသည် ဘာသာသာသနာနှင့် စပ်လျှင်း၍ ဗျာဒိတ်ကျမ်း ဂန်ကိုမတတ် သည့် ခေါင်းဆောင်များ၏ နောက်သို့ လိုက်မိပါက နှစ်ဘဝအတွက် အဆုံးကြီးဆုံးရှုံးရ မည် သာ ဖြစ်သည်ဟု ထို အာယာသ်က ကွက် ကွက်ကွင်းကွင်း ပီပီပြင်ပြင် ညွှန်ပြထား သည်။

ဗျာဒိတ်ကျမ်းမတတ်သောခေါင်းဆောင်များ၏အန္တရာယ်
ဗျာဒိတ်ကျမ်းဂန်ကို မတတ်သောရှေးကျမ်းရများ၏ ခေါင်းဆောင်များသည် မိမိတို့ ၏နောက်လိုက်တပည့်များကို မည်သို့မည်ပုံလမ်းလွဲသို့ရောက်ရှိရန် ဆောင်ရွက်ခဲ့ကြသည် ကို ကုရ် အာန်အာ ယာသ် ၂း၇၉တွင်-

فَوَيْلٌ لِّلَّذِينَ يَكْتُبُونَ الْكِتَابَ بِأَيْدِيهِمْ ثُمَّ يَقُولُونَ هَٰذَا مِنْ عِندِ اللَّهِ لِيَشْتَرُوا بِهِ ثَمَنًا قَلِيلًا ۖ فَوَيْلٌ لَّهُم مِّمَّا كَتَبَتْ أَيْدِيهِمْ وَوَيْلٌ لَّهُم مِّمَّا يَكْسِبُونَ
So woe to those who write the “scripture” with their own hands, then say, “This is from Allah ,” in order to exchange it for a small price. Woe to them for what their hands have written and woe to them for what they earn.
(၎င်းတို့သည် စာအုပ်များကို မိမိတို့၏လက်များဖြင့် ရေးသားကြသည်။ ထို့နောက်၎င်း တို့က ဆိုကြသေးသည် ဤသည် အလ္လာဟ့်ထံမှ ဖြစ်သည်ဟူ၍ ဈေးပေါပေါနှင့် အလွဲ သုံးစားပြုကြ၏။ ၎င်းတို့လက်များဖြင့် ရေးသား ခဲ့ကြသော အရာများ သည်လည်း ကောင်း၊ ၎င်းတို့  ဆည်းပူးခဲ့ကြသော အရာများသည် လည်းကောင်း ပျက်စီးဆုံး ရှုံးကြရမည် သာဖြစ်၏။ )
ဖော်ပြပါ ခေါင်းဆောင်မျိုးသည် ခေတ်တိုင်း ဘာသာသာသနာတိုင်းတွင် ရှိခဲ့ပြီးဖြစ် သည်။ ရှိနေသည်၊ ရှိနေဦးမည်သာ။ ကျမ်းမြတ်ကုရ်အာန်သည် ရှေးအတိတ်မှမှားယွင်း သည့် ဖြစ်ရပ်များ ကိုဖေါ်ပြ၍ ပစ္စုပ္ပန်နှင့် အနာဂတ်ရှိ လူသားတစ်ရပ်လုံးကို မည်သို့မည်ပုံ စစ်ဆေး ရ မည်ကို  သင်ကြားပေးသော အာယာသ်များဖြစ်သည်။

ဓမ္မဓိဌာန်ကျကျ ထိုအာယာသ်များအပေါ် စဉ်းစားဆင်ခြင်ခြင်းဖြင့် မျက်မမြင်တစ်ဦးကို ဆရာတင်၍ အနောက်မှလိုက်သောတပည့် သားမြေးများသည် အချိန်မရွေး အန္တရာယ် တွင်းသို့ သက် ဆင်းရန် အခွင့်အလန်းရှိ နေပေသည်။ ထိုအာယသ်၏ ရည် ညွှန်းချက်မှာ လူသားတိုင်းသည် မိမိတို့သက်ဝင်ယုံကြည်သော ဘာသာသာ သနာ၏ ဗျာဒိတ်ကျမ်း ဂန်ကိုနားလည်သဘောပေါက် ရမည်ဖြစ်သည်။ ဘာသာသာသနာကို ဦးဆောင် သည့် ခေါင်းဆောင်ဖြစ်ပါလျက် ဗျာဒိတ်ကျမ်းဂန်ကို မတတ် သောသူသည် အများသူငှာ ကို မည်ကဲ့သို့ လမ်းမှန်ကို ညွှန်ပြနှိုင်သူဖြစ်မည်နည်း။
ဘာသာသာသနာတိုင်း၏ခေါင်းဆောင်တိုင်းသည် မိမိတို့၏ ဘာသာသာသနာရှိ ဗျာဒိတ် ကျမ်းဂန်များကို တပည့်နောက် လိုက်များထက် ပိုမို၍နားလည်သဘောပေါက်ရမည် ဟုပြ ဌာန်းချက်ဖြစ် သည်။ ထိုနည်းတူစွာ နောက်လိုက်တပည့် များကလည်း ဗျဒိတ်ကျမ်း ဂန်ကို တတ်သိနားလည်သောခေါင်းဆောင်များကို ချဉ်းးကပ်ရန်ဖြစ်သည်။ကျမ်းမြတ် ကုရ်အာန် ၏ဖေါ်ပြချက်အရ ကုရ် အာန့်မတိုင်မီက ရှိခဲ့သောဘာသာ သာသနာများအနက် များ စွာသော သာသနာများ တွင်ဆရာပုံ အပ်ဆည်းကပ်ရာမှ လူပုဂ္ဂိုရ်ကိုးကွယ်သော ၀ါဒလမ်း စဉ်များ ပေါ်ပေါက်ခဲ့ သည်။ လူ သား တစ် ရပ်လုံးအတွင်း ထိုသို့သော ခေါင်းဆောင် မျိုး ၏ နောက်လိုက်ဖြစ်ခြင်းမှ ကာကွယ်နှိုင်ရန်အ တွက် သတိပေး တားမြစ်ထားသော ဗျာ ဒိတ်ဖြစ်သည်။
မှားယွင်းသော ခေါင်းဆောင်များကြောင့် ပြန်လည်ပြုပြင်လို့ မရလောက်အောင်ဘ၀ပျက် ခဲ့ကြရသော နောက်လိုက်များ၏ဖြစ်အင်ကို ကျမ်းမြတ်ကုရ်အာန်(၃၃း၆၇-၆၈)တွင်ထို သို့ ဖေါ်ပြ ထား သည်မှာ-

وَقَالُوا رَبَّنَا إِنَّا أَطَعْنَا سَادَتَنَا وَكُبَرَاءَنَا فَأَضَلُّونَا السَّبِيلَا
And they say; Our Lord we only obeyed our leaders and great men, so they led us astray from the path.
رَبَّنَا آتِهِمْ ضِعْفَيْنِ مِنَ الْعَذَابِ وَالْعَنْهُمْ لَعْنًا كَبِيرًا
Our Lord give them a double chastisement and curse them with a great curse.
(၄င်းတို့ကပြောဆိုကြမည်မှာ ကျွန်တော်မျိုးတို့အား မွေးမြူဖန်ဆင်းတော်မူသောအရှင် ဧကန်ကျွန်တော်မျိုးတို့ သည် ကျွန် တော်တို့၏ခေါင်းဆောင်များ၊ အကြီးအကဲ များ၏ လမ်းစဉ်များအ တိုင်း ဖ၀ါးထပ်တူ လိုက်နာသူများဖြစ် ပါ၏၊ သို့ဖြစ်ပေရာ ၄င်းတို့သည် ကျွန်တော်မျိုးတို့အား လမ်းမှားသို့ ခေါ်ဆောင်ခဲ့ကြပါ၏။)
(ကျွန်တော်မျိုးတို့အား မွေးမြူဖန်ဆင်းသောအရှင် ကျွန်တော်တို့ခံရသောပြစ်ဒဏ်ထက် နင်းတို့အား ပြစ်ဒဏ်နှစ်ဆ ပေး တော်မူပါ၊ ထို့ပြင်၎င်းတို့အပေါ်သို့ ကြီးမား သော (လအ်နသ်) အရှင်မြတ်၏ ဂရုဏာကင်းဝေးမှုကို ကျ ရောက်စေတော်မူပါ (ဟူ၍ဆုမွန်များတောင်းကြမည်)။

 အင်ရှာအလ္လာဟ်ဆက်လက်တင်ပြပါဦးမည်
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

Wednesday 27 February 2013

စည်းလုံးညီညွတ်ရေးသို့(၅)



 

မွတ်စလင်မ်များအပေါ်ထာဝရအောင်နှိုင်ရေးဗျူဟာ

ဗျိတိသျှတို့က မွတ်စလင်မ်များအပေါ် စစ်ပွဲများအပွဲပွဲနွဲပြီး အသက်ပေါင်းများစွာသေဆုံးပြီး မှ အောင်မြင်ခြင်းထက် ရန်သူဖြစ်သူများကပင် အညံ့ခံလက်မြှောက်အရှုံးပေးပြီးကျွန်ပ်တို့ မွတ်စ လင်မ်များအတွက် အသင်တို့ဗြိတိသျှများသာ အုပ်ချုပ်စိုးမိုးသူအရှင်သခင်များဖြစ် သည်ဟု မွတ်စလင်မ်တို့၏ လက်တွေ့ဘ၀ကပင် သက်သေခံရလောက်အောင် ကြိုး ပမ်းဆောင်ရွက်ချက် တစ် ရပ်ကိုပြုလုပ်ခဲ့သည်။
သာမန်အားဖြင့် ၄င်းတို့ဖက်မှကြည့်လျှင် လိမ်မာပါးနပ်သော လုပ်ရပ်တစ်ခုဟု ဆိုနှိုင် သော်လည်း မွတ်စလင်မ်များဖက်မှ ကြည့်လျှင်အကြံပက်စက်သော လုပ်ရပ်တစ် ခု ဖြစ်လေ သည်။ ဗြိတိသျှတို့မှာ အသိဥာဏ်ဖြင့် ပရိယာယ်ကိုသုံးစွဲရာတွင်အလွန် ထက် မျက်လေသည်။ တစ်ဖက်သားအပေါ် လိမ်လည်လှည့်ဖြားရာတွင် တစ်ထက် ရန်သူ က အလိမ်ခံရသည်ဟု မထင် သည့်အပြင် ကျေးဇူးရှင်ဟုပင် ထင်မှတ်လာရန် ပြုနှိုင် စွမ်းရှိ၏။ ရန်သူသည် မိမိနှင့် နောင်လာနောက်သား အဆက်အ နွယ်များ ကိုပင် ယင်း အမွေဆိုးကို မက်မက်မောမော လိုလိုချင်ချင် ဆက် ခံယူစေကြသည်။
နယ်ချဲ့တို့သည် ထိတ်တိုက်တွေ့နေရသော မွတ်စလင်မ်အင်အားစု အရေးနှင့်ပတ်သက် ၍ ကောင်းစွာလေ့လာ ဆည်းပူးပြီး ထိုအချိန်ထိုအခါက ဗြိတိသျှအစိုးရ၏ နန်း ရင်းဝန် ဝီလီယံအက်(ဒ) ဝါဒ်ဂလက်စတုံး (၁၈ဝ၉-၁၈၉၈)သည် မိမိ၏ပါလီမန် တွင် မွတ်စလင်မ် တို့အပေါ် ထာဝစဉ်အောင်နှိုင်ရေး သုတေသန စာတန်းတစ်ဆောင် တင်သွင်းခဲ့သည်။
ဝီလီယံအက်(ဒ)ဝါဒ် ဂလက်စတုံးသည် ၁၈၈၂ခုနှစ်တွင် ဗြိတိသျှပါလီမန်တွင် ကျမ်းမြတ် ကုရ်အာန်ကို လက်တွင်ကိုင်၍ အောက်ပါမိန့်ခွန်းကို ပြောကြားခဲ့သည်။

ရဲဘော်တို့ အဲ့ဒီကျမ်းစာအုပ်ဟာ မွတ်စလင်မ်တို့အတွက်ဘဝတည်ဆောက်မှုဥပဒေဖြစ် တယ်။ မွတ်စလင်မ်တွေဟာ အဲ့ဒီကျမ်းကို သဘောပေါက်ပြီး လက်တွေ့လိုက်နာကျင့်သုံး သမျှ ကာလ ပတ်လုံး ဒို့ဗြိတိသျှများ အပါအဝင်မည်သည့် လူမျိုးများကမျှ မွတ်စလင်မ်တို့ ကို ဖိနှိပ်ချုပ်ချယ်နှိုင်မှာ မဟုတ်ဘူး။  ၄င်းတို့၏ နယ်ပယ်များ ကို အေး ချမ်းစွာကြီးစိုးနှိုင်မှာ မဟုတ်ဘူး။ ဘာကြောင့် လည်းဆိုတော့မွတ်စလင်မ်တို့ရဲ့ အတွေးအခေါ်အမျှော်အမြင်လုပ် ရည်ကိုင်ရည်ကို ထက်မြက်မြင့်မားအောင်သွန်သင်ရာမှာဘယ်လုပ်ငန်းတာဝန်တွေဆောင် ရွက်ရင်းနဲ့ ဘယ်လိုဘဝရပ်တည် ရတယ်လို့ မွတ်စလင်မ်များကို ဒီကျမ်းက အသေးစိပ် ညွန်ကြားပြဌာန်းထားတယ်။
ဒီတော့ တို့ဗြိတိသျှ အာဏာပိုင်တွေဟာ ရောက်လေရာ အရပ်တိုင်းမှာရှိတဲ့ မွတ်စ လင်မ်တွေအတွက် အလိမ္မာတရားသုံးပြီးအောက်ပါပညာရေးမူဝါဒတစ်ခုကို လုံဝမဖြစ်မနေ ကြိုးစား အကောင် အထည်ဖော်ကြရမယ်။ ဗြိတိသျှနန်းရင်းဝန် ဂလက်စတုံးမှ မွတ်စလင်မ် တို့အတွက် ပညာရေးမူဝါဒ ပြဌာန်းချက်မှာ-

(၁) အစ္စလာမ်သာသနာသည် မွတ်စလင်မ်အားလုံးအတွက်နေ့စဉ်နှင့်တစ်သက်တာပတ် လုံး အလ္လာဟ်အရှင်မြတ်အား တသသတိရလျက်ဝတ်ပြုလျက် ရှိနေရမည်ဖြစ်သည်။တစ် ကိုယ်ရေ တစ်ကာယ တရားဘာဝနာစီးဖြန်းပြီး၊ ဤလောကအလှ ကို ရွံရှာမုန်းတီးမှုကို သာပြ ဌာန်းကြောင်းကောင်းစွာ သဘောပေါက်စေရမည်။ ဤလူ့ဘောင်လောကသည် အကုသိုလ်အတိပြီးလျက် ရှိပြီး ကောင်းမှုနှင့်မကောင်းမှုကို နား လည်သည့် ကယ်တင် ရှင် လမ်းပြများကို ရှာဖွေပြီးတပည့်ခံ လိုက်နာကြ ရမည်ဟု သင်ကြားပေးရမည်။

(၂) ကုရ်အာန်ကျမ်းသည် အလွန်မြင့်မြတ်သော ကောင်းကင်ကျကျမ်းဖြစ်သည်။ လူ တိုင်းနှင့်မဆိုင် လူတိုင်းနားမလည်နိုင် ဘာသာစကားမျိုးစုံတတ် မှ လေ့လာနိုင် မည်။ လူတိုင်းမလေ့လာရ။ လမ်းလွဲသွားမည်။ အဓိပ္ပါယ်ဖွင့်ဆိုရန် မည်သူမျှ မစွမ်း ဆောင် နိုင်။ ဘာသာရေးပညာရှင် အလင်းရပုဂ္ဂိုလ် အဆောင် အယောင်ရှိသူတို့ အတွက်သာ ချပေးသောကျမ်း၊ သူတို့၏ သင် ကြားပြသလမ်းညွှန်မှုကိုသာ ခံယူရမည်။ သူတို့ထံမှ သာ ဘာသာသာသနာ အစစ်အမှန်ကို ရရှိနိုင်မည်ဟုသာ သင်ကြား ပို့ချပေးရမည်။ သာမန် လူတို့အတွက် လာဘ်လာဘတိုးပွားဘို့ အသံထုတ်ဖတ်ရွတ်ခြင်းသက် သက် ပြုလုပ်ရုံဖြင့် အလွန်မတန် လုံလောက်လှပြီဟုသာ သင်ကြား ပို့ချပေးရမည်။
ဒီအချက်နှစ်ချက်ကို ပိုင်ပိုင်နိုင်နိုင် မွတ်စလင်မ်များအား အကွက်ကျကျ ပုံစံချမှတ်ပါက တို့ နယ်ချဲ့များများအတွက် မွတ်စလင်မ်များကို လက်နက်စွဲကိုင်တိုက်ခိုက် ရန်မလို၊ ယှဉ်ပြိုင် ကြိုး စားနေ ရန် မလိုဘဲလျက် သူတို့သည်တို့အဖို့ ထာဝရအလုပ်အကြွေးပြုမည့် တပည့် ၊ကောင်း၊ ကျွန်ကောင်းများအဖြစ် ကမ္ဘာတည်သရွေ့ ရပ်တည်နေကြမည်မှာမြေကြီး လက် ခပ်မလွဲ ပင်ဖြစ်သည်။
ဤကဲ့သို့သင်ကြားပေးခြင်းမျိုးမဟုတ်ဘဲ အကယ်၍ကုရ်အာန်လမ်းညွန်မှုကို မွတ်စလင်မ် များ နားလည် သဘောပေါက်သည် ဆိုသည်နှင့် ဧကန်အမှန်အစ္စလာမ် သည် –

(၃)လူမှုဆက်ဆံရေးနှင့် စီးပွားရေး၊ ကြီးပွားရေးတို့ကို လူ့လောကတစ်ခွင်တွင် တစ်သက် ပတ်လုံးမည်သို့ ရှာဖွေဆည်းပူး ခံစား၍၊ သာယာဝပြောသော လောကသစ်ကို ဖန်တည်း ရန် သင် ကြားပေးသည့် လမ်းညွှန်ဖြစ်ကြောင်း သိသွားကြပေ မည်။ အဲဒီအခါ ဒို့ဗျိတိသျှ များအဖို့ ဒီလောကတွင် တိုးတက်ကြီးပွားချမ်းသာဖို့အခြေအနေ လုံး ဝရှိတော့မည် မဟုတ် သဖြင့် မွတ်စ လင်မ် များအား ကုရ်အာန်ပါ လူမှုဆက်ဆံရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ဆိုင်ရာများကို နားလည်သဘောပေါက်ခြင်း မရှိစေဘဲ၊ အဖတ်သက်သက် (အသံထုတ်ရုံ မျှလောက်)ဖြင့် အလွန်မ တန် လုံလောက်ပြီဟု သိစေလျက်၊ မြင်သာမြင်စေ မကြင်စေနှင့်၊ ဖတ် သာဖတ်စေ၊ နားလည်ရန်၊ တတ် သိရန်၊ သဘောပေါက်ရန်၊ လုံးဝမကြိုး စားစေနှင့် စိတ်ကူးပင်မပေါ်စေ နှင့်။

(၄)အစ္စလာမ်သည် လူတို့နေထိုင် အသက်ရှင်ရာ ရပ်ရွာ၊နယ်ပယ်၊ တိုင်းပြည်၊ လူ့ဘောင် တစ်ရပ်လုံးကို မည်သို့မည်ပုံစီမံ၊ ကွပ်ကဲအုပ်ချုပ်ရမည်ကို သင်ကြားပေးသော စနစ်ကျင့် စဉ် တစ် ခု ဖြစ်သည်ကို လုံးဝအသိမပေးရ။ ဒီနည်းတွေ ကုရ်အာန်မှာပါလို့ပါမှန်း မသိစေ ဘဲ၊ ကုသိုလ်ရရေး၊ ၈ျန္နတ်ရောက်ကြောင်းအတွက် အပတ်တကုတ် အလွတ်ကျက်မှတ် အာဂုံဆောင်စေ၊ ထပ်တ လဲလဲ ဖတ်စေရုံအခြေတွင် ရှိစေရမည်။ ဒါ မှသာ ဒီမြေဒီမိုး ရှိရှိသ မျှဟာ တို့ရဲ့ပိုင်နက်ဖြစ်ပြီး မွတ်စလင်မ် တွေဟာ ယင်းပိုင်နက်မှ သစ္စာအရှိဆုံးကျေးကျွန် များအဖြစ် သားစဉ်မြေး ဆက်တို့ အ တွက် ရပ် တည်နေပေမည်။

(၅)အစ္စလာမ်သည် လူသားတို့ဘဝဖြစ်စဉ်၊ လူသားဘဝ၏ရည်ရွယ်ချက်၊လူ့တန်ဖိုး၊ လူ့အ ရည်အသွေးဖြင့် အပြည့်အဝနေထိုင်အသက်ရှင်ရန် လမ်းညွှန်ပြသည်ကိုလုံးဝ ပြည်ဖုံးကား ချထားပြီး ၊ သေနေ့မွေးနေ့ နှစ်ရက်အတွင်း ဘဝကိုအရှုံးပေး လက်မြှောက် ပြီး အညံ့ဆုံး သတ္တဝါအဖြစ် မိမိကိုယ်ကို ခံယူထားရန်မျှသာ အသိပေးပါ။

(၆) အထက်ပါ အချက်အလက်များအစား အစ္စလာမ်သာသနာသည် အဆိုအမျိုးမျိုး၊ အတွေးအခေါ်ကင်းမဲ့သော ပုံပြင်ဒဏ္ဍာရီ သိန်းသောင်းဖြင့် သံသယဖြစ်ဖွယ် အသွယ် သွယ်နှင့် အငြင်းပွား စရာများပြည့်နက်လျက်၊ အသေးအဖွဲ ကွဲလွဲချက် များအပေါ်  ငြင်း ခုံနေခြင်း၊ ခိုက်ရန်ပွားနေခြင်း၊ မွတ်စလင်မ်အချင်းချင်း တစ်ဖက်နှင့် တစ်ဖက် ပုတ် ခတ် ပြောဆိုဝေဖန်ခြင်း၊ စွတ်စွဲခြင်း အဆုံး အဖြတ်ပေးခြင်း၊ အုပ်စုဖွဲ့တိုက်ခိုက်ခြင်းအသေ သတ်နိုင်သည် အထိတိုက်ပွဲဝင်ခြင်းသည် သာသနာ့အာဇာနည်ဘွဲ့ရရှိပြီး သာသနာကိုချစ် သူများ ပြုကိုပြုရမည့် တာဝန်ဟုသိနား လည်စေ ရမည် ဟု ဂလက်စတုံးက မိန့်ခွန်းကို အဆုံး သတ်ခဲ့သည်။
မွတ်စလင်မ်များအတွက် နယ်ချဲ့ဗြိတိသျှပါလီမန်မှ(၁၈၈၂)တွင် အထက်ပါပြဌာန်းချက်အ တိုင်း နယ်ချဲ့ဗြိတိသျှတို့သည် ရောက်လေရာအရပ်တိုင်း အထူးသဖြင့်အရှေ့အလယ်ပိုင်း၊ အာဖရိ က တိုက်၊အိန္ဒိယပြည်၊ မြန်မာပြည် အရှေ့ပါကစ္စတန်နှင့် အနောက်ပါကစ္စတန်တွင် တိတိကျကျ ဆောင်ရွက်ကြသဖြင့် ယင်းနယ်မြေများရှိ မွတ်စလင်မ် များသည် အစ္စလာမ် သာသနာကို နားလည် သဘောပေါက်ရာတွင် တူညီ နေကြလေသည်။
မြန်မာပြည် တိုင်းရင်းသား မွတ်စလင်မ်တို့ထံ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများမှတဆင့် အစ္စလာမ်သာသနာတော် ပြန့်ပွား ရောက်ရှိလာသည်။ ရှေးယခင်က Indian sub Conti- nental ဟုခေါ်သော အိန္ဒိယတိုက်ငယ်တွင် အိန္ဒိယပြည်၊ အနောက် ပါကစ္စ တန်၊ အရှေ့ ပါကစ္စတန် (ယခုအခေါ်) ဘင်္ဂလားဒေရှ့်နှင့် မြန်မာပြည်တို့ပါဝင်ပြီးဗြိတိသျှနယ်ချဲ့ သည် အိန္ဒိယပြည်တွင် ရုံးစိုက် ၍ကျန်ပြည်နယ်ငယ်များကို အုပ်စိုးလေသည်။ ထိုကြောင့်ယင်းဒေ သရှိ အစ္စလာမ်သာသနာဝင်တို့အပေါ် ဗြိတိသျှနယ်ချဲ့၏ ဖေါ်ပြပါ ပညာရေးမူဝါဒကို ၊ ကောင်းစွာပုံသွင်း နိုင်ခဲ့လေ သည်။ ၊ ပေါ်လွင်လာသော ရုပ်သွင်မှာလည်း အိန္ဒိယ သဘာ ဝ၊ အိန္ဒိယဓလေ့ ထုံးတမ်းများနှင့် အိန္ဒိယ ယဉ်ကျေး မှု အတိုင်းဖြစ်ကြသည်။ ၄င်းတို့ အား လုံးသည် အစ္စလာမ် အမွေအနှစ်ဟု နှစ်နှစ် ကာ ကာလက်ခံယုံကြည် ထားကြလေ သည်။ ၄င်းတို့သည် ဘာသာယဉ်ကျေး မှု၊ မိရိုးဖလာ ထုံးတမ်းဓ လေ့နှင့်လူမျိုး ယဉ်ကျေးမှု တို့ကို ခွဲခြား၍နားမလည်ကြချေ။

သို့ရာတွင် ဗြိတိသျှနယ်ချဲ့၏ လှည့်ဖြားမှုကမည်မျှအထိ ထိရောက်ပိုင်နိုင်ပုံကို လေ့လာ လျှင် ယင်းဗြိတိသျှ ပညာရေးစနစ် ပြိုးထောင်မှုအောက်တွင် ကြီးပြင်းလာသူသည်မစ္စတာ ဂလက်စတုံး မရှိတော့သည့်နောက် ဗြိတိသျှနယ်ချဲ့တို့၏နေမဝင်နိုင်ငံနေဝင်ပြီးသည့်နောက် ၊ခေတ်အဆက်ဆက်တိုင် ယင်းဒေသရှိ မွတ်စလင်မ်တို့မှာ ဆက်လက်၍ဗြိတိသျှတို့၏သွန် သင်မှုအတိုင်း မပြောင်း မလဲတွေ့နေရသေးသည်။ ထို့ကြောင့်ဗြိတိ သျှနယ်ချဲ့၏ မွတ် စလင်မ်များအတွက် ပညာရေးမူဝါဒ သက်ရောက်ရှင်သန်သည့်ဒေသရှိ မွတ်စလင်မ်တို့ တွင် ကုရ်အာန်ကျမ်းသည် အဓိ ပ္ပါယ်သိနား လည်ရန်မလိုဘဲ၊ အသံထုတ် ဖတ်တတ်ရုံဖတ် တတ်သော ဆရာဖြစ်သူက တပည့်ကိုလည်း အဖတ်သာသင်၏။ အဖတ်အရွတ်မျှဖြင့် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိတ်ပန်ဆင်အရို အသေထား၏။ သိနားလည်စရာမလို၊မသိဘဲ ဖတ်ရုံဖြင့် စာတစ်လုံးလျှင် အကျိုးပေါင်းများစွာဖြင့် အကျေနပ် ကြီးကျေနပ်နေ၏။ ယင်း ဆရာနှင့် တပည့်တို့ထံတွင် ကုရ်အာန်ဖတ်တတ်ရုံနှင့်သာ သနာ့ တည် ၊ဆောက်မှု ဘဝ မှာပြီးပြည့်စုံ နေလေပြီ။ ကုရ်အာန်ကျမ်းမြတ် ကို ရေးသားပို့ချသော အာရဗီစာပေသည် အခြား အခြားသော စာပေကဲ့သို့ စာပေတစ်ခု အနေဖြင့် လေ့ လာ ရကောင်း မှန်း မသိ ရှိ တော့ပေ။
ယနေ့ မွတ်စလင်မ်အများစုကို လေ့လာ ကြည့်ရှုကြပါလျှင် ဗြိတိသျှနယ်ချဲ့၏ မွတ်စလင်မ် များအတွက် ပညာရေးမူဝါဒမှာ ယနေ့ထိတိုင် အပီပြင်ဆုံး အကောင်အထည် ပေါ်လွင် လျှက် ရှိနေသေး ၏။ သင်ခန်းစာယူကြဖို့ အချိန်တန်နေလေပြီ။ ဘာသာရေး ဆိုတိုင်း မစဉ်းစားမဆင်ခြင်ဘဲ လက်ခံနားထောင် မနေသင့်ဘဲ၊ ကုရ်အာန်၏လမ်းညွှန်မှုဖြင့် လည်းကောင်း၊ တမန် တော်မြတ်၏ အ ဆုံး အမဖြင့်လည်းကောင်း၊ မိမိ၏ဆင်ခြင်တုံတ ရား အသိပညာဖြင့် အမှန်နှင့်အမှားကို ခွဲခြားနားလည်ဖို့ အချိန်တန်လေပြီ။ မွတ်စလင်မ် တိုင်း အမျိုးသမီးရော အမျိုးသားပါ လူကြီးရောလူငယ် ပါ မိမိ၏ ဘာသာသာသနာ အဆုံး အမကို မိမိကိုယ်တိုင်ကိုယ်ကျ အရင်းအမြစ်ကျကျလေ့လာဆည်းပူးသင့်ပါသည်။ လေ့ လာ ဆည်းပူးရန်လည်း တာဝန်ရှိပါ သည်။
ကိုးကားချက်။ကူဝိတ်နိုင်ငံ၊ဒါရွလ်ဘယာန်စာပေတိုက်မှ ၁၉၆၄ခုနှစ်တွင်(၆)ကြိမ်မြောက် ရိုက်နှိပ်ထုတ်ဝေခဲ့ရသော“မုဟမ္မဒ်ကုသုဗ်” ရေးသားသည့် “ရှဗ် ဟါသ်ဟောင် လုလ်အိစ် လာမ်” အရဗီကျမ်းမှဘာသာပြန်၍ www.quraninburmese.com တွင်တင်ပြ ထားသော ဆရာဦးမြတ်သူ၏ ဆောင်းပါး “သမိုင်းစာမျက်နှာပေါ်မှ သင်ခန်းစာများ” မှ ကောက်နှုတ် တင်ပြသည်။

အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျပ်စစ်)

Tuesday 26 February 2013

စည်းလုံးညီညွတ်ရေးသို့ (၆)




ဗျိတိသျှတို့၏မဟာကြံစည်မှုကြီး

ဗြိတိသျှတို့က အိန်္ဒိယတိုင်းရင်းသားများကို ယဉ်ကျေးလာစေရန် အကြောင်းပြချက်ဖြင့် ခ ရစ်ယာန်သာသနာပြုမက်ရှင်းများကို ၁၇၉၃ခုခန့်မှစတင်၍အိန်္ဒိယလူမျိုးများအား ခရစ် ယာန် သာသနာ စပြုလေတော့သည်။ ဥရောပ၏ ရည်ရွယ်ချက်မှာ ခရစ်ယာန်သာသနာ လွှမ်းမိုးခြင်းဖြင့် ဥရောပသားတို့အား ဒေသခံများမှ အထင်ကြီးစေ ရန်ဖြစ် ၍ နိုင်ငံရေးအရ သူတို့ ရည် မှန်းသော ဥရောပသားတို့က လွှမ်းမိုးနိုင်ရန် ဖြစ်ပေသည်။
ထိုအချိန်တွင် ဥရောပသားများ ရင်ဆိုင်နေရသူများမှာ မွတ်စလင်မ် အင်ပါယာများ ဖြစ်၍ အခြားတိုင်းရင်းသားများ က မွတ်စလင်မ်များအား အထင်အမြင်မှား မုန်းတီးစိတ်များ ဖြစ် တည်စေရန် ၀ါဒဖြန့်မှုများကို ဗျူဟာချ လုပ်ဆောင်ခဲ့ ကြ၍ အခြားတစ် ဘက်တွင် ခေတ် ပညာကျောင်းများနှင့် ကင်းကွာသော မွတ်စလင်မ်များ ၏အကြား ၌လည်း ကျမ်းမြတ်ကုရ် အာန်နှင့် ကင်းကွာသည် ထက် ကင်းကွာစေ၍ ပုံတိုပတ်စများ၏နောက်သို့ တစ်စိုက် မတ်မတ် ကျိုးနွံလိုက်နာနေရန် စနစ်တကျ ဆောင် ရွက်နိုင်ခဲ့ ပေသည်။
အေဒီ၁၇၉၈ နှင့်၁၈၁၈စပ်ကြားတွင် စာချုပ်အရသော်လည်းကောင်း စစ်အားဖြင့်သော် လည်းကောင်း ဗြိတိသျှတို့သည် အင်ဒွတ်စ်တောင်ကြားမှအပ အိန်္ဒိယတစ်နှိုင်ငံလုံးကို အုပ်ချုပ်နိုင်ခဲ့၍ ထို အင်ဒွတ်စ်တောင်ကြား အရပ်ကို၁၈၄၃နှင့်၁၈၄၉တွင် အုပ်ချုပ်နိုင် ခဲ့သည်။
တစ်ချိန်တည်းတွင်ပင် ပြင်သစ်တို့ကလည်း ကိုယ်ပိုင်အင်ပါယာတစ်ခုအဖြစ် အိန်္ဒိယ နိုင် ငံတွင် ထူထောင်ရန် ကြိုးပမ်း ခဲ့သည်။
အေဒီ ၁၇၈၉တွင် နပိုလီယံဘိုနာဘတ်သည် အီဂျစ်နိုင်ငံကို သိမ်းပိုက်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ စူးအက်တူးမြောင်းကို အခြေခံ၍ ဗြိတိသျှတို့၏ ပင်လယ်ခရီး လမ်းကို ပိတ်ဆို့ပြီး အိန်္ဒိ ယနိုင်ငံအား သိမ်းပိုက်ရန် ဖြစ်သည်။ နပိုလီယံသည် သူနှင့်အတူ ပညာရှင် အုပ်စုကိုပါ အီဂျစ်နိုင်ငံသို့ ခေါ်ဆောင်လာခဲ့သည်။ အီဂျစ်နိုင်ငံတွင် ဥရောပ ခေတ်သစ် စာပေဆိုင်ရာ စာကြည့် တိုက်ကြီးကို ဖွင့်လှစ်ခဲ့သည်။ သိပ္ပံဆိုင်ရာ သုတေ သနပြု ဓါတ်ခွဲခန်း တစ်ခုကိုလည်း တည်ဆောက်ခဲ့သည်။
အရဗီစာပေနှင့် ရိုက်နှိပ်သော ပုံနှိပ်စက်ကြီးကိုလည်း ယူဆောင်လာခဲ့သည်။ အစပိုင်း တွင် ခေတ်မှီသော ဥရောပနည်းပညာများဖြင့် ခန့်ညားထည်ဝါစွာ ဆွဲဆောင်၍ခေတ်မှီစစ် တပ်ကြီးကို အီ ဂျစ်နိုင်ငံတွင် တည်ထောင်ခဲ့သည်။ ထိုမှတစ်ဆင့် အရှေ့အလယ်ပိုင်းတစ် ခုလုံးကို ၀ါးမြိုရန်ဖြစ်သည်။ ထိုမှတဖန် ဗြိတိသျှတို့အား ရုရှား၏ အကူ အညီဖြင့် အိန်္ဒိယမြောက်ပိုင်းမှ ၀င်ရောက် တိုက် ခိုက်ရန်ဖြစ်သည်။ နောင်လာမည့် ရာ စုတွင် ရုရှားသည် အိန်္ဒိယမြောက်ပိုင်း နိုင်ငံများကို ထိန်းချုပ်ရန်တာစူ ခဲ့သည်။
ထိုအချိန်တွင် အီရန်နိုင်ငံသည် လုံးလုံးလျားလျား အချက်အခြာကျသော နိုင်ငံတစ်ခု ဖြစ် လာသည်။ အီရန်နိုင်ငံတွင် ရေနံ မထွက်သေးသောကြောင့် အီရန်နိုင်ငံအား ၎င်းတို့နှစ် ဦးစလုံးက ၎င်း တို့၏ လက်အောက်ခံ ပြုရန် သို့မဟုတ် အကာအကွယ်ပေးရန် စိတ်မ၀င် စားခဲ့ချေ။ သို့ရာတွင် ထိုနှစ်ဦးစလုံး၏ သြဇာအာဏာသည် အီရန်နိုင်ငံ ကာဂျာမင်းဆက် သစ်ပေါ်သို့ လွှမ်းမိုးခဲ့ကြသည်။ သို့ဖြစ်၍ အီရန်ဘုရင် ရှားသည်ထိုနှစ်ဦး အနက် တစ်ဦး ဦး၏ ထောက်ခံမှုမပါဘဲ မည်သည့် ခြေလှမ်းကိုမျှ မလှမ်းဝံ့ခဲ့ပေ။
ဘင်္ဂလားပြည်နယ် အပေါ်သို့ ဗြိတိသျှနှင့် ရုရှားတို့ နှစ်ဦးစလုံးက မိမိတို့၏ နည်းပညာ အသစ်များဖြင့် ထိန်းချုပ်လျှက် ရှိခဲ့ကြသည်။
ထိုအချိန်တွင် ဘင်္ဂလားပြည်နယ်တွင် ရထားလမ်း ဖောက်လုပ်ခြင်းဖြင့် အီရန်ပြည်သူများ အတွက်လည်း အကျိုးရှိမည်ကို သိထားကြသည်။ ထိုကဲ့သို့ ဘင်္ဂလား ပြည် နယ်နှင့် အီရန်နိုင်ငံတို့ စပ် ကြား လွယ်ကူစွာ သွားလာနိုင်ခြင်းဖြင့် ၎င်းတို့ နှစ်ဦးစလုံး အတွက် အန္တာရာယ် ဖြစ်နိုင်သည်ဟု ယူဆခဲ့ခြင်းဖြင့် ရထားလမ်း ဖောက် လုပ်ခွင့် ကို ပိတ်ဆို့ခဲ့ ကြသည်။


မွတ်စလင်မ်နှိုင်ငံများကိုစတင်သိမ်းခြင်း

ဥရောပသည် အစ္စလာမ်နိုင်ငံများအား တစ်နိုင်ငံပြီးတစ်နိုင်ငံ သိမ်းပိုက်ခဲ့ကြသည်။ ၁၈၃၀ တွင် ပြင်သစ်က အယ်လ်ဂျီးရီးယားနိုင်ငံကို သိမ်းပိုက်ခဲ့သည်။ ၁၈၈၁တွင် တူ နီးရှားအား သိမ်းပိုက်ခဲ့ သည်။ ၁၈၈၂တွင် အီဂျစ်အား သိမ်းပိုက် ခဲ့သည်။ ၁၈၈၉ တွင် ဆူဒန်နိုင်ငံနှင့် ၁၉၁၂တွင် လစ်ဗျား၊ မော်ရိုကို နိုင်ငံများအား သိမ်းပိုက်ခဲ့သည်။ ထွက်သက် ငင်နေ သည့် အော်တိုမန် အင်ပါယာ သည် ၁၉၁၅တွင် (ဆိုက်ကက်စ်-ပီး ကော့တ်) သဘော တူ စာချုပ်အ ရ၊ပထမကမ္ဘာစစ်အတွင်း ဂျာမနီနိုင်ငံနှင့်ပူးပေါင်းခဲ့သည်။ ပြင်သစ်နှင့် ဗြိတိသျှ တို့က လက်ဦးမဆွကပင်အော်တိုမန် ပိုင် နယ်မြေများအားခွဲဝေသိမ်းပိုက်ခဲ့ပြီးဖြစ် သည်။ ပထမကမ္ဘာ စစ်အပြီးတွင်ဆီရီးယား၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ အီရတ်နှင့် ဂျော်ဒန် တစ်လျှောက်ကို ဗြိတိသျှနှင့် ပြင် သစ်တို့၏ ကာ ကွယ်စောင့်ရှောက် ခံ နိုင်ငံများ ဖြစ်လာ ခဲ့တော့သည်။
အော်တိုမန် အင်ပါယာ အတွင်းမှ အာရဗ်နိုင်ငံများအား ဥရောပ လွတ်လပ်ရေးပေး မည်ဟု ကတိပြုခဲ့ပြီး ယခုကဲ့သို့ ဥရောပများ စစ်နိုင်သွားသောအခါ ၎င်းတို့အား အစောင့် အရှောက်နှိုင် ငံများ အဖြစ် ကြေညာခဲ့ခြင်းကို အာရဗ်များက မကျေနပ်ခဲ့ပေ။ အော်တိုမန်၏ အချက်အခြာ ဒေသဖြစ်သည့်  ဥရောပပင်လယ်အော်အနီး ရပ်ဝန်း အား မွတ်စ်တဖာ ကမားလ်(၁၈၈၁ မှ ၁၉၃၈)က  လွတ်လပ်သော တူရကီနိုင်ငံအဖြစ် အုပ်ချုပ်ခဲ့သည်။
ဘော်လကန်ဒေသရှိ ရုရှားနှင့် အာရှအလယ်ပိုင်း ဒေသများသည် ဆိုဗီယက်၏ လက်အောက်ခံနိုင်ငံများ ဖြစ်ခဲ့သည် ပင်လျှင် လွတ်လပ်ရေး ရရှိခဲ့ကြသည်။ သို့ရာ တွင် အနောက်တိုင်းသားတို့၏ လက်အောက်ခံဖြစ်သော အစ္စလာမ့် နိုင်ငံများ သည် လွတ် လပ်ရေး မရရှိခဲ့ကြသည့်အပြင် တိုင်းပြည်ထွက် ရေနံအပါအ၀င် သယံဇာတများနှင့်စူးအက် တူးမြောင်း ကြီးကိုပါ ထိန်းချုပ်ထားခြင်း ခံခဲ့ရကြသည်။ ထိုဒေသများရှိ အာရဗ်များ ကိုလည်း အချင်းချင်း ထာဝရ ရန်သူများ အဖြစ် ဖန်တီးထား ခြင်းကို ခံနေရပေသည်။
၁၉၄၇တွင်အိန်္ဒိယနိုင်ငံမှ ဗြိတိသျှများထွက်သွားခဲ့သည်။ ထိုအချိန်မှစတင်၍ အိန်္ဒိယတိုက် ငယ်တွင်ဟိန္ဒူများအတွက် အိန်္ဒိယနှင့်မွတ်စလင်မ်များအတွက် ပါကစ္စတန်ဟူ၍အမုံးတံ တိုင်း ခြားပေး ခဲ့၍ ယနေ့တိုင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ငြိုးကြီး သော မဟာပြိုင် ဘက် ဒေ သအဖြစ် ဖန်တီးထားနိုင်ခဲ့လေသည်။
၁၉၄၈တွင်ပါလက်စတိုင်းနယ်မြေရှိ မွတ်စလင်မ်များသည် မိမိတို့နယ်မြေကို ဆုံးရှုံးခံခဲ့ကြ ရသည်။ အဘယ့်ကြောင့်ဆိုသော် စစ်နိုင်အနောက်နိုင်ငံသားများ ဦးဆောင် သော ကုလ သမဂ္ဂနှင့် ဥရောပ သြဇာလွှမ်းမိုးသော အပြည်ပြည်ဆိုင်ရာနိုင်ငံများ၏ ထောက်ခံမှုဖြင့် ဥရောပမှ စစ်ပြေးဂျုးကပြား ရေ၀တီဘာသာဝင်များအား ဗြိတိသျှစောင့်ရှောက် နယ်ဖြစ် သည့် ပါလက်စတိုင်းမြေ တွင် ခိုလှုံအခြေချရန် ခွင့်ပြုရာမှနောက်ပိုင်းတွင်အစ္စရေးလ်နိုင် ငံဟူ၍ ပေါ်ထွန်းလာကာ ဒေသခံဂျူးလူမျိုး အစစ်မှ အစ္စလာမ် သို့ ကူးပြောင်းလာခဲ့သော ပါလက်စတိုင်းတို့အတွက် အိုးမဲ့အိမ် မဲ့နေရာမဲ့ပြည်မဲ့ ဖြစ်ခဲ့ရသည်မှာ ယနေ့တိုင်ပင်။ တ နည်းအားဖြင့် အစ္စလာမ့်ကမ္ဘာ ကြီးအား အချင်းချင်း ဖြစ်စေ၊ အခြား သူများနှင့်ဖြစ်စေ အမြဲ တိုက်ခိုက်နေခြင်းဖြင့် ငြိမ်းချမ်းမှုကင်းဝေးနေရန် ၄င်းတို့၏ မဟာ ဗျူဟာပင်ဖြစ် သည်။


ဗျိတိသျှတို့၏ရေရှည်စီမံကိန်း

ဗျိသျှနယ်ချဲ့တို့သည် မွတ်စလင်မ်အချင်းချင်းအတွင်း သွေးကွဲရန်အတွက်လည်း ကောင်း မွတ်စလင်မ်များနှင့် မွတ်စလင်မ် မဟုတ်သူများစပ်ကြား သွေးကွဲရန်အတွက် ထိရောက် စွာ ကြံ စည်နှိုင်ခဲ့သည်။ ၄င်းတို့ရေးဆွဲခဲ့သောရေရှည်စီမံကိန်း၏ ထိရောက်မှုမှာ ကမ္ဘာနှင့် အ၀ှမ်း မွတ်စလင်မ်များအချင်းချင်း စိတ်ဝမ်းကွဲမှုများအတွက် ယနေ့တိုင်ပြန်လည်ကုစား၍ ပင်မရနှိုင်သေးပေ။
ဥပမာအားဖြင့် အိနိ္ဒနိုင်ငံတွင် နှစ်ပေါင်းထောင်နှင့်ချီ၍ မွတ်စလင်မ်များသည် ဥမကွဲသိုက် မပျက် အတူနေခဲ့သော သွေးချင်းသားချင်းများဖြစ်ခဲ့ ကြသည်။ မိမိကြိုက်နှစ်သက်ရာ ဘာ သာတရား အား ကိုးကွယ်ယုံကြည်ခဲ့သော်လည်း သမိုင်းတွင်လောက် သည့် မည်သည့် ပဋိပက္ခများမျှမရှိခဲ့ချေ။ သို့သော်- ဥရောပသားများအနေဖြင့် ထိုကြီးမားသော အိနိ္ဒယနိုင် ငံကြီးအား လွတ် လပ်ရေးပေးရ တော့မည့်အချိန်တွင်- မွတ်စလင်မ်များ စိုးမိုးသွားမည်ဟု ကြီးမားစွာထိတ်လန့်ခဲ့ ပေသည်။
ဥရောပသားများ အိနိ္ဒယအားမစိုးမိုးမီ နှစ်ရာပေါင်းများစွာက အိနိ္ဒယအားအုပ်ချုပ်ထား သူ များမှာ မွတ်စလင်မ်များဖြစ်ခြင်း၊ အိနိ္ဒယသားတို့ အနေဖြင့် အင်္ဂလိပ်တို့၏ လက်အောက် တွင် ထွက် လမ်းမဲ့နေခဲ့စဉ် အင်္ဂလိပ်တို့အား ပြန်လည်တော်လှန်ရန် စခဲ့သူများမှာ မွတ်စ လင်မ်လူငယ် အသင်းဖြစ်ခဲ့ခြင်း၊ ထိုလူငယ်အသင်းသည်မြန်မာနိုင်ငံ၌ မျိုးချစ်စိတ်များဖြစ် လာစေရန် စတင်လှုပ် ရှားခဲ့သော ဗုဒ္ဓဘာသာ ကလျှာဏယုဝ အသင်းကဲ့သို့ ဖြစ်ပြီး အိန်္ဒိ ယတိုက်ငယ်အတွင်းရှိ ပြည်သူများ အားနိုင်ငံရေးနိုး ကြားစေရန်မျိုးစေ့ချပေးခဲ့ သည်။
အိန်္ဒိယ- မွတ်စလင်မ်တို့သည် အိနိ္ဒယရိုးရာ၊ အိန်္ဒိယယဉ်ကျေးမှု၊ အိနိ္ဒယအနုပညာ များကို အိနိ္ဒယဟိန္ဒူများနှင့် မခြားနား မြတ်နိုးခုံမင်စွာ ထိမ်းသိမ်းစောင့် ရှောက် ခဲ့ခြင်း-ဘာသာရေး အယူ သည်းများ ခေါင်းဆောင်များ၏ ဖါ့သ်ဝါ ဓမ္မသတ်အားဂရုမထားဘဲပြည်သူ၏နှ လုံးသားကို ဖမ်းစားနိုင်သော အနုပညာများတွင် ထူးချွန်ကျော် ကြားသည်အထိ ကြိုးစား ကြခြင်း၊ အိနိ္ဒလူ မျိုး စုရိုးရာ အိုးစည်ဗုံမောင်းများဖြင့် ဘာသာရေးရိုးရာ တေးသီ ချင်းများ သီဆိုသည့် အသင်းအဖွဲ့များရှိနေခြင်း၊ နောက်ဆုံး အယူသည်းပါ ပေ့ဆိုသည့်အိန်္ဒိယအိုလ မာများကိုယ်တိုင်ပင် အိန်္ဒိယ ၀တ် စား ဆင်ယဉ်မှုဖြင့် ၀တ် စားဆင်ယဉ်ကြခြင်း။
အမျိုးသမီးများမှာလည်း အိန်္ဒိယဓလေ့အတိုင်း အိမ်တွင်းပုန်းခြင်း၊အိနိ္ဒယရိုးရာဆာရီများကို ရစ်သိုင်းပတ်နှောင် ၀တ်ဆင်ခြင်းစသည့်လိုက်လျှောညီထွေလူနေမှုပုံစံကြောင့် အများပြည် သူများ၏ အမြင်တွင် ဟိန္ဒူနှင့်မွတ်စလင်မ်၊ တမီလ်နှင့် ကျိုလီယာ၊ ဆက်ခ်နှင့်ပန်ဂျာပီတို့မှာ သီးခြားဖြစ်နေခြင်း မရှိခဲ့ချေ။
သို့ဖြင့်- ဥရောပသားများက အိနိ္ဒတိုက်ငယ်တစ်ခုလုံးကို မွတ်စလင်မ်၏သြဇာလွမ်း မိုး သွားမည်ကိုစိုးရိမ်ကြီးစွာဖြင့် အိန္ဒူမွတ်စလင်မ်သွေးချောင်းစီးအရေးအခင်းကြီးကိုဖန်တီး လိုက်တော့ သည်။ ထိုဘာသာရေး လှိုင်းဂယက်သည် နီးစပ်ရာ နိုင်ငံများထံသို့ ရိုက်ခတ်ခဲ့ ရလေသည်မှာ သမိုင်းဆိုင်ရာ အထောက်အထားများ ရှိနေခဲ့ သည်။ ထိုသွေးချောင်းစီး အရေးအခင်းကြီး ၏နောက် ဆက်တွဲ အကျိုးဆက်သည်  အိန်္ဒိယပြည်ရှိ မွတ်စလင်မ် လူနည်းစုများမှာ လူများစုဖြစ်သော ဟိန္ဒူများ၏ လက်စားချေမှု- ရန်ရှာမှု၊အနိုင်ကျင့်မှုများ စွာကိုယနေ့တိုင်အကြီးအကျယ်ခံ စားရသည်။
၁၉၄၇ခုနှစ်တွင် ပေါ်ပေါက်လာသော ပါကစ္စတန်နိုင်ငံသို့ မပြောင်းရွေ့ဘဲ အိန်္ဒိယတွင်နေ ခဲ့သော မွတ်စလင်(မ်)များသည် လူဦးရေ၁၁၅သန်းကျော်ရှိခဲ့၍အိနိ္ဒ၏၁၂ရာခိုင်နှုန်းခန့်ဖြစ် သည်။ ထို အိန်္ဒိယနိုင်ငံအတွင်းမှ  မွတ်စလင်(မ်)များသည် အနောက်နိုင်ငံများအ တွင်း မှ မွတ်စလင်(မ်)များထက် ပိုမို၍ ဘေးအန္ဒရာယ် ၀ိုင်းရံလျှက် ရှိခဲ့ ပေသည်။
ထိုကဲ့သို့ တစ်ချိန်တစ်ခါက စည်းလုံးညီညွတ်သော လူ့အဖွဲ့အစည်းကြီးကို ၁၉၄၇ ခုနှစ် တွင်နယ်ချဲ့များက လွတ်လပ်ရေး ပေးရာတွင် ဟိန္ဒူများအတွက်အိန္ဒိယ၊ မွတ်စ လင်မ်များ အတွက် ပါက စ္စန်ဟူ၍ တံတိုင်းခြားသွေးခွဲ ပေးနှိုင်ခဲ့ခြင်းကြောင့် အိန္ဒိယ နှင့်ပါကစ္စတန်နိုင် ငံတို့မှာ ထာဝရပြိုင်ဖက်ဖြစ်လာသည်။ ထိုကဲ့သို့ ပြိုင်ဖက် ရှိနေခြင်း  ကြောင့် ပါကစ္စတန်နိုင် ငံသည် မိမိတို့ ၏နှိုင်ငံ အ တွင်းအများစုဖြစ်သောမွတ်စလင်မ်များကြီးပွားတိုးတက်ရေး ထက် အိန္ဒိယနှင့်အပြိုင် ညူကလီယားလက်နက်ထုတ်လုပ်မှု စစ်ရေးစစ်ရာတွင်မိမိပြိုင် ဖက်နှင့်ထာဝရ ယှဉ်ပြိုင်နှိုင်ရေး အ တွက်ခေတ်မီစစ် လက်နက်များ ဖြည့်ဆည်း နေ ရခြင်းကြောင့် စီးပွားရေး ချွတ်ခြုံကြသော မွတ်စလင်မ် နှိုင်ငံတစ်ခုအဖြစ် ရပ်တည်လျှက် ရှိတော့သည်။


အီရန်အီရတ်စစ်ပွဲ

မွတ်စလင်မ်နှိုင်ငံများ အချင်းချင်းဖြစ်စေ၊ အခြားမွတ်စလင်မ်မဟုတ်သော နှိုင်ငံ များနှင့် ဖြစ်စေ တိုက်ရင်းခိုက်ရင်းဖြင့် အချိန်ကုန်လူပမ်း၍ တိုင်းပြည်၏တိုး တက်မှု ထာဝ ရ ကျဆုံးနေစေရန် ဗျိတိသျှတို့က တမင်ကြံစည်ခဲ့ခြင်း ဖြစ် သည်။
ထို့အတွက်ကြောင့် ပါကစ္စတန်နှိုင်ငံသည် မွတ်စလင်မ်နှိုင်ငံဖြစ်ပါလျှက်၎င်း၏တိုင်း ပြည် အတွင်းရှိ မွတ်စလင်မ်များကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်လာသော အမေရိကန်ဘက် မြှပန် လည် အားပေးကူညီသော အမေရိကန်၏လက်ပါးစေနှိုင်ငံ တစ်နှိုင်ငံ ဖြစ် လာ ရ တော့သည်။
ဤသည် ဗျတိသျှတို့၏ မွတ်စလင်မ်များအပေါ် မရေတွက်နှိုင်သော မကောင်းကြံစည် မှုများစွာအနက်မှ တစ်ခုကိုသာတင်ပြခြင်းဖြစ်သည်။ ထိုနည်းတူစွာ မွတ်စ လင်မ် နှိုင်ငံများ အတွင်း အင်အားကြီးပါသည်ဆိုသော နှိုင်ငံများကိုပြပါဆိုပါက အီရန်နှိုင်ငံနှင့် အီရတ်နှိုင် ငံတို့ဖြစ်ခဲ့သည်။
ထိုနှိုင်ငံနှစ်ခုစလုံးကို အနောက်တိုင်းသားတို့နှင့် အမေရိကန်နှိုင်ငံတို့၏ သွေးခွဲမှု တို့ကြောင့် အချင်းချင်းအတွင်း ရှစ်ခွဲကြာစစ်ပွဲဖြစ်ပွားခဲ့သည်။ ရှစ်နှစ်ခွဲကြာစစ်ပွဲအပြီး တွင် ပြန်လည်နလံမ ထူနှိုင်လောက်အောင် နှစ်နှိုင်ငံစလုံး စီးပွားရေးချွတ်ခြုံကျခဲ့ သည်။ အီ ရတ်နှိုင်ငံတွင် မည်သည့်ခုခံမှုမျှ မပြုနှိုင်တော့သည့် အချိန်ကို ချိန် ကိုက် စောင့်၍ ညူကလီ ယားနှင့် ဓါတုလက်နက်များ ရှိသည်ဟုအကြောင်းပြချက်ဖြင့် အ နောက်နှိုင်ငံများ၏ ဖိ အားဖြင့် အမေရိကန်က၀င်ရောက်တိုက်ခဲ့သည်။
သမ္မတဆတ်ဒန်ဟူစိန် အုပ်ချုပ်ချိန်က အီရတ်နှိုင်ငံတွင် ရှီယာနှင့်စွန္နီပြဿနာ တစ်ခုသာရှိ ခဲ့သည်။ အမေရိကန်ဝင်ရောက် တိုက်ခိုက်ပြီးမှ ရှိပြီးသားရှီယာနှင့် စွန္နီjပဿနာ အပြင် ကဒ်လူမျိုး တို့၏ ပြဿနာကိုပါ အီရတ်နှိုင်ငံတွင် ထည့်သွင်းပေးခဲ့သည်။ ထို့ကြောင့် အီ ရတ်နှိုင်ငံသည် မိမိနှိုင်ငံနှင့်ပြည်သူများ၏ တိုးတက်ရေးကြိုးပမ်းဆောင်ရွက်နှိုင်မှုကို လာ မည့်ရာနှစ်တစ်ရာလောက် အထိ ပြုနှိုင်တော့မည်မဟုတ်ဘဲ၊ ရှီယာစွန္နီကာဒ် အရေး အခင်း အတွင်း တ၀ဲလည်လည် တိုက်ခိုက်လျှက် ရှိနေတော့ပေမည်။
ထိုကဲ့သို့မွတ်စလင်မ်နှိုင်ငံများ ကမ္ဘာတွင်ဦးမထောင်နှိုင်ရန် အနောက်တိုင်းတို့က အိမ် ကြက်အချင်းချင်း အိုးမဲသုတ်၍ တစ်ကောင်နှင့်တစ်ကောင် ခွပ်ခိုင်းသည့်နှယ်ပြုလုပ်ခဲ့ သည်။ သို့ရာတွင် မွတ်စလင်မ်တို့သည် ခေတ်အဆက်ဆက် ရေရှည်စီမံကိန်းများရေးဆွဲ၍ အနောက်တိုင်းတို့က ကျွန်ပြုနေသည်ကိုမသိသေးဘဲ ဆက်လက်၍၄င်းတို့ကြိုးဆွဲရာ က ကြရသည့်အဖြစ်များ သည် ရင်နာဘွယ်ရာဖြစ်တော့သည်။ မွတ်စလင်မ်အများစု ၏ ဖြစ် အင်သည် ကျောအချခံနေရသည်ကိုပင် ဓါးပြမှန်းမ သိသေးသောအဖြစ်သို့ ရောက်ခဲ့ ရလေ သည်။

 အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)