Tuesday 26 February 2013

စည်းလုံးညီညွတ်ရေးသို့ (၆)




ဗျိတိသျှတို့၏မဟာကြံစည်မှုကြီး

ဗြိတိသျှတို့က အိန်္ဒိယတိုင်းရင်းသားများကို ယဉ်ကျေးလာစေရန် အကြောင်းပြချက်ဖြင့် ခ ရစ်ယာန်သာသနာပြုမက်ရှင်းများကို ၁၇၉၃ခုခန့်မှစတင်၍အိန်္ဒိယလူမျိုးများအား ခရစ် ယာန် သာသနာ စပြုလေတော့သည်။ ဥရောပ၏ ရည်ရွယ်ချက်မှာ ခရစ်ယာန်သာသနာ လွှမ်းမိုးခြင်းဖြင့် ဥရောပသားတို့အား ဒေသခံများမှ အထင်ကြီးစေ ရန်ဖြစ် ၍ နိုင်ငံရေးအရ သူတို့ ရည် မှန်းသော ဥရောပသားတို့က လွှမ်းမိုးနိုင်ရန် ဖြစ်ပေသည်။
ထိုအချိန်တွင် ဥရောပသားများ ရင်ဆိုင်နေရသူများမှာ မွတ်စလင်မ် အင်ပါယာများ ဖြစ်၍ အခြားတိုင်းရင်းသားများ က မွတ်စလင်မ်များအား အထင်အမြင်မှား မုန်းတီးစိတ်များ ဖြစ် တည်စေရန် ၀ါဒဖြန့်မှုများကို ဗျူဟာချ လုပ်ဆောင်ခဲ့ ကြ၍ အခြားတစ် ဘက်တွင် ခေတ် ပညာကျောင်းများနှင့် ကင်းကွာသော မွတ်စလင်မ်များ ၏အကြား ၌လည်း ကျမ်းမြတ်ကုရ် အာန်နှင့် ကင်းကွာသည် ထက် ကင်းကွာစေ၍ ပုံတိုပတ်စများ၏နောက်သို့ တစ်စိုက် မတ်မတ် ကျိုးနွံလိုက်နာနေရန် စနစ်တကျ ဆောင် ရွက်နိုင်ခဲ့ ပေသည်။
အေဒီ၁၇၉၈ နှင့်၁၈၁၈စပ်ကြားတွင် စာချုပ်အရသော်လည်းကောင်း စစ်အားဖြင့်သော် လည်းကောင်း ဗြိတိသျှတို့သည် အင်ဒွတ်စ်တောင်ကြားမှအပ အိန်္ဒိယတစ်နှိုင်ငံလုံးကို အုပ်ချုပ်နိုင်ခဲ့၍ ထို အင်ဒွတ်စ်တောင်ကြား အရပ်ကို၁၈၄၃နှင့်၁၈၄၉တွင် အုပ်ချုပ်နိုင် ခဲ့သည်။
တစ်ချိန်တည်းတွင်ပင် ပြင်သစ်တို့ကလည်း ကိုယ်ပိုင်အင်ပါယာတစ်ခုအဖြစ် အိန်္ဒိယ နိုင် ငံတွင် ထူထောင်ရန် ကြိုးပမ်း ခဲ့သည်။
အေဒီ ၁၇၈၉တွင် နပိုလီယံဘိုနာဘတ်သည် အီဂျစ်နိုင်ငံကို သိမ်းပိုက်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ စူးအက်တူးမြောင်းကို အခြေခံ၍ ဗြိတိသျှတို့၏ ပင်လယ်ခရီး လမ်းကို ပိတ်ဆို့ပြီး အိန်္ဒိ ယနိုင်ငံအား သိမ်းပိုက်ရန် ဖြစ်သည်။ နပိုလီယံသည် သူနှင့်အတူ ပညာရှင် အုပ်စုကိုပါ အီဂျစ်နိုင်ငံသို့ ခေါ်ဆောင်လာခဲ့သည်။ အီဂျစ်နိုင်ငံတွင် ဥရောပ ခေတ်သစ် စာပေဆိုင်ရာ စာကြည့် တိုက်ကြီးကို ဖွင့်လှစ်ခဲ့သည်။ သိပ္ပံဆိုင်ရာ သုတေ သနပြု ဓါတ်ခွဲခန်း တစ်ခုကိုလည်း တည်ဆောက်ခဲ့သည်။
အရဗီစာပေနှင့် ရိုက်နှိပ်သော ပုံနှိပ်စက်ကြီးကိုလည်း ယူဆောင်လာခဲ့သည်။ အစပိုင်း တွင် ခေတ်မှီသော ဥရောပနည်းပညာများဖြင့် ခန့်ညားထည်ဝါစွာ ဆွဲဆောင်၍ခေတ်မှီစစ် တပ်ကြီးကို အီ ဂျစ်နိုင်ငံတွင် တည်ထောင်ခဲ့သည်။ ထိုမှတစ်ဆင့် အရှေ့အလယ်ပိုင်းတစ် ခုလုံးကို ၀ါးမြိုရန်ဖြစ်သည်။ ထိုမှတဖန် ဗြိတိသျှတို့အား ရုရှား၏ အကူ အညီဖြင့် အိန်္ဒိယမြောက်ပိုင်းမှ ၀င်ရောက် တိုက် ခိုက်ရန်ဖြစ်သည်။ နောင်လာမည့် ရာ စုတွင် ရုရှားသည် အိန်္ဒိယမြောက်ပိုင်း နိုင်ငံများကို ထိန်းချုပ်ရန်တာစူ ခဲ့သည်။
ထိုအချိန်တွင် အီရန်နိုင်ငံသည် လုံးလုံးလျားလျား အချက်အခြာကျသော နိုင်ငံတစ်ခု ဖြစ် လာသည်။ အီရန်နိုင်ငံတွင် ရေနံ မထွက်သေးသောကြောင့် အီရန်နိုင်ငံအား ၎င်းတို့နှစ် ဦးစလုံးက ၎င်း တို့၏ လက်အောက်ခံ ပြုရန် သို့မဟုတ် အကာအကွယ်ပေးရန် စိတ်မ၀င် စားခဲ့ချေ။ သို့ရာတွင် ထိုနှစ်ဦးစလုံး၏ သြဇာအာဏာသည် အီရန်နိုင်ငံ ကာဂျာမင်းဆက် သစ်ပေါ်သို့ လွှမ်းမိုးခဲ့ကြသည်။ သို့ဖြစ်၍ အီရန်ဘုရင် ရှားသည်ထိုနှစ်ဦး အနက် တစ်ဦး ဦး၏ ထောက်ခံမှုမပါဘဲ မည်သည့် ခြေလှမ်းကိုမျှ မလှမ်းဝံ့ခဲ့ပေ။
ဘင်္ဂလားပြည်နယ် အပေါ်သို့ ဗြိတိသျှနှင့် ရုရှားတို့ နှစ်ဦးစလုံးက မိမိတို့၏ နည်းပညာ အသစ်များဖြင့် ထိန်းချုပ်လျှက် ရှိခဲ့ကြသည်။
ထိုအချိန်တွင် ဘင်္ဂလားပြည်နယ်တွင် ရထားလမ်း ဖောက်လုပ်ခြင်းဖြင့် အီရန်ပြည်သူများ အတွက်လည်း အကျိုးရှိမည်ကို သိထားကြသည်။ ထိုကဲ့သို့ ဘင်္ဂလား ပြည် နယ်နှင့် အီရန်နိုင်ငံတို့ စပ် ကြား လွယ်ကူစွာ သွားလာနိုင်ခြင်းဖြင့် ၎င်းတို့ နှစ်ဦးစလုံး အတွက် အန္တာရာယ် ဖြစ်နိုင်သည်ဟု ယူဆခဲ့ခြင်းဖြင့် ရထားလမ်း ဖောက် လုပ်ခွင့် ကို ပိတ်ဆို့ခဲ့ ကြသည်။


မွတ်စလင်မ်နှိုင်ငံများကိုစတင်သိမ်းခြင်း

ဥရောပသည် အစ္စလာမ်နိုင်ငံများအား တစ်နိုင်ငံပြီးတစ်နိုင်ငံ သိမ်းပိုက်ခဲ့ကြသည်။ ၁၈၃၀ တွင် ပြင်သစ်က အယ်လ်ဂျီးရီးယားနိုင်ငံကို သိမ်းပိုက်ခဲ့သည်။ ၁၈၈၁တွင် တူ နီးရှားအား သိမ်းပိုက်ခဲ့ သည်။ ၁၈၈၂တွင် အီဂျစ်အား သိမ်းပိုက် ခဲ့သည်။ ၁၈၈၉ တွင် ဆူဒန်နိုင်ငံနှင့် ၁၉၁၂တွင် လစ်ဗျား၊ မော်ရိုကို နိုင်ငံများအား သိမ်းပိုက်ခဲ့သည်။ ထွက်သက် ငင်နေ သည့် အော်တိုမန် အင်ပါယာ သည် ၁၉၁၅တွင် (ဆိုက်ကက်စ်-ပီး ကော့တ်) သဘော တူ စာချုပ်အ ရ၊ပထမကမ္ဘာစစ်အတွင်း ဂျာမနီနိုင်ငံနှင့်ပူးပေါင်းခဲ့သည်။ ပြင်သစ်နှင့် ဗြိတိသျှ တို့က လက်ဦးမဆွကပင်အော်တိုမန် ပိုင် နယ်မြေများအားခွဲဝေသိမ်းပိုက်ခဲ့ပြီးဖြစ် သည်။ ပထမကမ္ဘာ စစ်အပြီးတွင်ဆီရီးယား၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ အီရတ်နှင့် ဂျော်ဒန် တစ်လျှောက်ကို ဗြိတိသျှနှင့် ပြင် သစ်တို့၏ ကာ ကွယ်စောင့်ရှောက် ခံ နိုင်ငံများ ဖြစ်လာ ခဲ့တော့သည်။
အော်တိုမန် အင်ပါယာ အတွင်းမှ အာရဗ်နိုင်ငံများအား ဥရောပ လွတ်လပ်ရေးပေး မည်ဟု ကတိပြုခဲ့ပြီး ယခုကဲ့သို့ ဥရောပများ စစ်နိုင်သွားသောအခါ ၎င်းတို့အား အစောင့် အရှောက်နှိုင် ငံများ အဖြစ် ကြေညာခဲ့ခြင်းကို အာရဗ်များက မကျေနပ်ခဲ့ပေ။ အော်တိုမန်၏ အချက်အခြာ ဒေသဖြစ်သည့်  ဥရောပပင်လယ်အော်အနီး ရပ်ဝန်း အား မွတ်စ်တဖာ ကမားလ်(၁၈၈၁ မှ ၁၉၃၈)က  လွတ်လပ်သော တူရကီနိုင်ငံအဖြစ် အုပ်ချုပ်ခဲ့သည်။
ဘော်လကန်ဒေသရှိ ရုရှားနှင့် အာရှအလယ်ပိုင်း ဒေသများသည် ဆိုဗီယက်၏ လက်အောက်ခံနိုင်ငံများ ဖြစ်ခဲ့သည် ပင်လျှင် လွတ်လပ်ရေး ရရှိခဲ့ကြသည်။ သို့ရာ တွင် အနောက်တိုင်းသားတို့၏ လက်အောက်ခံဖြစ်သော အစ္စလာမ့် နိုင်ငံများ သည် လွတ် လပ်ရေး မရရှိခဲ့ကြသည့်အပြင် တိုင်းပြည်ထွက် ရေနံအပါအ၀င် သယံဇာတများနှင့်စူးအက် တူးမြောင်း ကြီးကိုပါ ထိန်းချုပ်ထားခြင်း ခံခဲ့ရကြသည်။ ထိုဒေသများရှိ အာရဗ်များ ကိုလည်း အချင်းချင်း ထာဝရ ရန်သူများ အဖြစ် ဖန်တီးထား ခြင်းကို ခံနေရပေသည်။
၁၉၄၇တွင်အိန်္ဒိယနိုင်ငံမှ ဗြိတိသျှများထွက်သွားခဲ့သည်။ ထိုအချိန်မှစတင်၍ အိန်္ဒိယတိုက် ငယ်တွင်ဟိန္ဒူများအတွက် အိန်္ဒိယနှင့်မွတ်စလင်မ်များအတွက် ပါကစ္စတန်ဟူ၍အမုံးတံ တိုင်း ခြားပေး ခဲ့၍ ယနေ့တိုင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ငြိုးကြီး သော မဟာပြိုင် ဘက် ဒေ သအဖြစ် ဖန်တီးထားနိုင်ခဲ့လေသည်။
၁၉၄၈တွင်ပါလက်စတိုင်းနယ်မြေရှိ မွတ်စလင်မ်များသည် မိမိတို့နယ်မြေကို ဆုံးရှုံးခံခဲ့ကြ ရသည်။ အဘယ့်ကြောင့်ဆိုသော် စစ်နိုင်အနောက်နိုင်ငံသားများ ဦးဆောင် သော ကုလ သမဂ္ဂနှင့် ဥရောပ သြဇာလွှမ်းမိုးသော အပြည်ပြည်ဆိုင်ရာနိုင်ငံများ၏ ထောက်ခံမှုဖြင့် ဥရောပမှ စစ်ပြေးဂျုးကပြား ရေ၀တီဘာသာဝင်များအား ဗြိတိသျှစောင့်ရှောက် နယ်ဖြစ် သည့် ပါလက်စတိုင်းမြေ တွင် ခိုလှုံအခြေချရန် ခွင့်ပြုရာမှနောက်ပိုင်းတွင်အစ္စရေးလ်နိုင် ငံဟူ၍ ပေါ်ထွန်းလာကာ ဒေသခံဂျူးလူမျိုး အစစ်မှ အစ္စလာမ် သို့ ကူးပြောင်းလာခဲ့သော ပါလက်စတိုင်းတို့အတွက် အိုးမဲ့အိမ် မဲ့နေရာမဲ့ပြည်မဲ့ ဖြစ်ခဲ့ရသည်မှာ ယနေ့တိုင်ပင်။ တ နည်းအားဖြင့် အစ္စလာမ့်ကမ္ဘာ ကြီးအား အချင်းချင်း ဖြစ်စေ၊ အခြား သူများနှင့်ဖြစ်စေ အမြဲ တိုက်ခိုက်နေခြင်းဖြင့် ငြိမ်းချမ်းမှုကင်းဝေးနေရန် ၄င်းတို့၏ မဟာ ဗျူဟာပင်ဖြစ် သည်။


ဗျိတိသျှတို့၏ရေရှည်စီမံကိန်း

ဗျိသျှနယ်ချဲ့တို့သည် မွတ်စလင်မ်အချင်းချင်းအတွင်း သွေးကွဲရန်အတွက်လည်း ကောင်း မွတ်စလင်မ်များနှင့် မွတ်စလင်မ် မဟုတ်သူများစပ်ကြား သွေးကွဲရန်အတွက် ထိရောက် စွာ ကြံ စည်နှိုင်ခဲ့သည်။ ၄င်းတို့ရေးဆွဲခဲ့သောရေရှည်စီမံကိန်း၏ ထိရောက်မှုမှာ ကမ္ဘာနှင့် အ၀ှမ်း မွတ်စလင်မ်များအချင်းချင်း စိတ်ဝမ်းကွဲမှုများအတွက် ယနေ့တိုင်ပြန်လည်ကုစား၍ ပင်မရနှိုင်သေးပေ။
ဥပမာအားဖြင့် အိနိ္ဒနိုင်ငံတွင် နှစ်ပေါင်းထောင်နှင့်ချီ၍ မွတ်စလင်မ်များသည် ဥမကွဲသိုက် မပျက် အတူနေခဲ့သော သွေးချင်းသားချင်းများဖြစ်ခဲ့ ကြသည်။ မိမိကြိုက်နှစ်သက်ရာ ဘာ သာတရား အား ကိုးကွယ်ယုံကြည်ခဲ့သော်လည်း သမိုင်းတွင်လောက် သည့် မည်သည့် ပဋိပက္ခများမျှမရှိခဲ့ချေ။ သို့သော်- ဥရောပသားများအနေဖြင့် ထိုကြီးမားသော အိနိ္ဒယနိုင် ငံကြီးအား လွတ် လပ်ရေးပေးရ တော့မည့်အချိန်တွင်- မွတ်စလင်မ်များ စိုးမိုးသွားမည်ဟု ကြီးမားစွာထိတ်လန့်ခဲ့ ပေသည်။
ဥရောပသားများ အိနိ္ဒယအားမစိုးမိုးမီ နှစ်ရာပေါင်းများစွာက အိနိ္ဒယအားအုပ်ချုပ်ထား သူ များမှာ မွတ်စလင်မ်များဖြစ်ခြင်း၊ အိနိ္ဒယသားတို့ အနေဖြင့် အင်္ဂလိပ်တို့၏ လက်အောက် တွင် ထွက် လမ်းမဲ့နေခဲ့စဉ် အင်္ဂလိပ်တို့အား ပြန်လည်တော်လှန်ရန် စခဲ့သူများမှာ မွတ်စ လင်မ်လူငယ် အသင်းဖြစ်ခဲ့ခြင်း၊ ထိုလူငယ်အသင်းသည်မြန်မာနိုင်ငံ၌ မျိုးချစ်စိတ်များဖြစ် လာစေရန် စတင်လှုပ် ရှားခဲ့သော ဗုဒ္ဓဘာသာ ကလျှာဏယုဝ အသင်းကဲ့သို့ ဖြစ်ပြီး အိန်္ဒိ ယတိုက်ငယ်အတွင်းရှိ ပြည်သူများ အားနိုင်ငံရေးနိုး ကြားစေရန်မျိုးစေ့ချပေးခဲ့ သည်။
အိန်္ဒိယ- မွတ်စလင်မ်တို့သည် အိနိ္ဒယရိုးရာ၊ အိန်္ဒိယယဉ်ကျေးမှု၊ အိနိ္ဒယအနုပညာ များကို အိနိ္ဒယဟိန္ဒူများနှင့် မခြားနား မြတ်နိုးခုံမင်စွာ ထိမ်းသိမ်းစောင့် ရှောက် ခဲ့ခြင်း-ဘာသာရေး အယူ သည်းများ ခေါင်းဆောင်များ၏ ဖါ့သ်ဝါ ဓမ္မသတ်အားဂရုမထားဘဲပြည်သူ၏နှ လုံးသားကို ဖမ်းစားနိုင်သော အနုပညာများတွင် ထူးချွန်ကျော် ကြားသည်အထိ ကြိုးစား ကြခြင်း၊ အိနိ္ဒလူ မျိုး စုရိုးရာ အိုးစည်ဗုံမောင်းများဖြင့် ဘာသာရေးရိုးရာ တေးသီ ချင်းများ သီဆိုသည့် အသင်းအဖွဲ့များရှိနေခြင်း၊ နောက်ဆုံး အယူသည်းပါ ပေ့ဆိုသည့်အိန်္ဒိယအိုလ မာများကိုယ်တိုင်ပင် အိန်္ဒိယ ၀တ် စား ဆင်ယဉ်မှုဖြင့် ၀တ် စားဆင်ယဉ်ကြခြင်း။
အမျိုးသမီးများမှာလည်း အိန်္ဒိယဓလေ့အတိုင်း အိမ်တွင်းပုန်းခြင်း၊အိနိ္ဒယရိုးရာဆာရီများကို ရစ်သိုင်းပတ်နှောင် ၀တ်ဆင်ခြင်းစသည့်လိုက်လျှောညီထွေလူနေမှုပုံစံကြောင့် အများပြည် သူများ၏ အမြင်တွင် ဟိန္ဒူနှင့်မွတ်စလင်မ်၊ တမီလ်နှင့် ကျိုလီယာ၊ ဆက်ခ်နှင့်ပန်ဂျာပီတို့မှာ သီးခြားဖြစ်နေခြင်း မရှိခဲ့ချေ။
သို့ဖြင့်- ဥရောပသားများက အိနိ္ဒတိုက်ငယ်တစ်ခုလုံးကို မွတ်စလင်မ်၏သြဇာလွမ်း မိုး သွားမည်ကိုစိုးရိမ်ကြီးစွာဖြင့် အိန္ဒူမွတ်စလင်မ်သွေးချောင်းစီးအရေးအခင်းကြီးကိုဖန်တီး လိုက်တော့ သည်။ ထိုဘာသာရေး လှိုင်းဂယက်သည် နီးစပ်ရာ နိုင်ငံများထံသို့ ရိုက်ခတ်ခဲ့ ရလေသည်မှာ သမိုင်းဆိုင်ရာ အထောက်အထားများ ရှိနေခဲ့ သည်။ ထိုသွေးချောင်းစီး အရေးအခင်းကြီး ၏နောက် ဆက်တွဲ အကျိုးဆက်သည်  အိန်္ဒိယပြည်ရှိ မွတ်စလင်မ် လူနည်းစုများမှာ လူများစုဖြစ်သော ဟိန္ဒူများ၏ လက်စားချေမှု- ရန်ရှာမှု၊အနိုင်ကျင့်မှုများ စွာကိုယနေ့တိုင်အကြီးအကျယ်ခံ စားရသည်။
၁၉၄၇ခုနှစ်တွင် ပေါ်ပေါက်လာသော ပါကစ္စတန်နိုင်ငံသို့ မပြောင်းရွေ့ဘဲ အိန်္ဒိယတွင်နေ ခဲ့သော မွတ်စလင်(မ်)များသည် လူဦးရေ၁၁၅သန်းကျော်ရှိခဲ့၍အိနိ္ဒ၏၁၂ရာခိုင်နှုန်းခန့်ဖြစ် သည်။ ထို အိန်္ဒိယနိုင်ငံအတွင်းမှ  မွတ်စလင်(မ်)များသည် အနောက်နိုင်ငံများအ တွင်း မှ မွတ်စလင်(မ်)များထက် ပိုမို၍ ဘေးအန္ဒရာယ် ၀ိုင်းရံလျှက် ရှိခဲ့ ပေသည်။
ထိုကဲ့သို့ တစ်ချိန်တစ်ခါက စည်းလုံးညီညွတ်သော လူ့အဖွဲ့အစည်းကြီးကို ၁၉၄၇ ခုနှစ် တွင်နယ်ချဲ့များက လွတ်လပ်ရေး ပေးရာတွင် ဟိန္ဒူများအတွက်အိန္ဒိယ၊ မွတ်စ လင်မ်များ အတွက် ပါက စ္စန်ဟူ၍ တံတိုင်းခြားသွေးခွဲ ပေးနှိုင်ခဲ့ခြင်းကြောင့် အိန္ဒိယ နှင့်ပါကစ္စတန်နိုင် ငံတို့မှာ ထာဝရပြိုင်ဖက်ဖြစ်လာသည်။ ထိုကဲ့သို့ ပြိုင်ဖက် ရှိနေခြင်း  ကြောင့် ပါကစ္စတန်နိုင် ငံသည် မိမိတို့ ၏နှိုင်ငံ အ တွင်းအများစုဖြစ်သောမွတ်စလင်မ်များကြီးပွားတိုးတက်ရေး ထက် အိန္ဒိယနှင့်အပြိုင် ညူကလီယားလက်နက်ထုတ်လုပ်မှု စစ်ရေးစစ်ရာတွင်မိမိပြိုင် ဖက်နှင့်ထာဝရ ယှဉ်ပြိုင်နှိုင်ရေး အ တွက်ခေတ်မီစစ် လက်နက်များ ဖြည့်ဆည်း နေ ရခြင်းကြောင့် စီးပွားရေး ချွတ်ခြုံကြသော မွတ်စလင်မ် နှိုင်ငံတစ်ခုအဖြစ် ရပ်တည်လျှက် ရှိတော့သည်။


အီရန်အီရတ်စစ်ပွဲ

မွတ်စလင်မ်နှိုင်ငံများ အချင်းချင်းဖြစ်စေ၊ အခြားမွတ်စလင်မ်မဟုတ်သော နှိုင်ငံ များနှင့် ဖြစ်စေ တိုက်ရင်းခိုက်ရင်းဖြင့် အချိန်ကုန်လူပမ်း၍ တိုင်းပြည်၏တိုး တက်မှု ထာဝ ရ ကျဆုံးနေစေရန် ဗျိတိသျှတို့က တမင်ကြံစည်ခဲ့ခြင်း ဖြစ် သည်။
ထို့အတွက်ကြောင့် ပါကစ္စတန်နှိုင်ငံသည် မွတ်စလင်မ်နှိုင်ငံဖြစ်ပါလျှက်၎င်း၏တိုင်း ပြည် အတွင်းရှိ မွတ်စလင်မ်များကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်လာသော အမေရိကန်ဘက် မြှပန် လည် အားပေးကူညီသော အမေရိကန်၏လက်ပါးစေနှိုင်ငံ တစ်နှိုင်ငံ ဖြစ် လာ ရ တော့သည်။
ဤသည် ဗျတိသျှတို့၏ မွတ်စလင်မ်များအပေါ် မရေတွက်နှိုင်သော မကောင်းကြံစည် မှုများစွာအနက်မှ တစ်ခုကိုသာတင်ပြခြင်းဖြစ်သည်။ ထိုနည်းတူစွာ မွတ်စ လင်မ် နှိုင်ငံများ အတွင်း အင်အားကြီးပါသည်ဆိုသော နှိုင်ငံများကိုပြပါဆိုပါက အီရန်နှိုင်ငံနှင့် အီရတ်နှိုင် ငံတို့ဖြစ်ခဲ့သည်။
ထိုနှိုင်ငံနှစ်ခုစလုံးကို အနောက်တိုင်းသားတို့နှင့် အမေရိကန်နှိုင်ငံတို့၏ သွေးခွဲမှု တို့ကြောင့် အချင်းချင်းအတွင်း ရှစ်ခွဲကြာစစ်ပွဲဖြစ်ပွားခဲ့သည်။ ရှစ်နှစ်ခွဲကြာစစ်ပွဲအပြီး တွင် ပြန်လည်နလံမ ထူနှိုင်လောက်အောင် နှစ်နှိုင်ငံစလုံး စီးပွားရေးချွတ်ခြုံကျခဲ့ သည်။ အီ ရတ်နှိုင်ငံတွင် မည်သည့်ခုခံမှုမျှ မပြုနှိုင်တော့သည့် အချိန်ကို ချိန် ကိုက် စောင့်၍ ညူကလီ ယားနှင့် ဓါတုလက်နက်များ ရှိသည်ဟုအကြောင်းပြချက်ဖြင့် အ နောက်နှိုင်ငံများ၏ ဖိ အားဖြင့် အမေရိကန်က၀င်ရောက်တိုက်ခဲ့သည်။
သမ္မတဆတ်ဒန်ဟူစိန် အုပ်ချုပ်ချိန်က အီရတ်နှိုင်ငံတွင် ရှီယာနှင့်စွန္နီပြဿနာ တစ်ခုသာရှိ ခဲ့သည်။ အမေရိကန်ဝင်ရောက် တိုက်ခိုက်ပြီးမှ ရှိပြီးသားရှီယာနှင့် စွန္နီjပဿနာ အပြင် ကဒ်လူမျိုး တို့၏ ပြဿနာကိုပါ အီရတ်နှိုင်ငံတွင် ထည့်သွင်းပေးခဲ့သည်။ ထို့ကြောင့် အီ ရတ်နှိုင်ငံသည် မိမိနှိုင်ငံနှင့်ပြည်သူများ၏ တိုးတက်ရေးကြိုးပမ်းဆောင်ရွက်နှိုင်မှုကို လာ မည့်ရာနှစ်တစ်ရာလောက် အထိ ပြုနှိုင်တော့မည်မဟုတ်ဘဲ၊ ရှီယာစွန္နီကာဒ် အရေး အခင်း အတွင်း တ၀ဲလည်လည် တိုက်ခိုက်လျှက် ရှိနေတော့ပေမည်။
ထိုကဲ့သို့မွတ်စလင်မ်နှိုင်ငံများ ကမ္ဘာတွင်ဦးမထောင်နှိုင်ရန် အနောက်တိုင်းတို့က အိမ် ကြက်အချင်းချင်း အိုးမဲသုတ်၍ တစ်ကောင်နှင့်တစ်ကောင် ခွပ်ခိုင်းသည့်နှယ်ပြုလုပ်ခဲ့ သည်။ သို့ရာတွင် မွတ်စလင်မ်တို့သည် ခေတ်အဆက်ဆက် ရေရှည်စီမံကိန်းများရေးဆွဲ၍ အနောက်တိုင်းတို့က ကျွန်ပြုနေသည်ကိုမသိသေးဘဲ ဆက်လက်၍၄င်းတို့ကြိုးဆွဲရာ က ကြရသည့်အဖြစ်များ သည် ရင်နာဘွယ်ရာဖြစ်တော့သည်။ မွတ်စလင်မ်အများစု ၏ ဖြစ် အင်သည် ကျောအချခံနေရသည်ကိုပင် ဓါးပြမှန်းမ သိသေးသောအဖြစ်သို့ ရောက်ခဲ့ ရလေ သည်။

 အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

No comments:

Post a Comment