Tuesday 26 February 2013

စည်းလုံးညီညွတ်ရေးသို့(၇)



အချင်းချင်းစည်းလုံးနှိုင်မည့် တစ်ခုတည်းသောနည်းလမ်း
မွတ်စလင်မ်များတွင် ဘာသာရေးဆိုင်ရာ အဓိကနှင့် အဓိကမကျသော ကိစ္စရပ်များကို ကျမ်းမြတ်ကုရ်အာန်၏ မှတ်ကျောက်ဖြင့် ခွဲခြားသိရှိနှိုင်သည့် ခေါင်းဆောင်များရှိ ရမည်ဖြစ် သည်။ သို့မှသာ ထိုခေါင်းဆောင်များက မွတ်စလင်မ်များအတွင်း မတူညီ ကြသော ဂိုဏ်း ဂဏများ၏ ကွဲပြားခြားနားချက်သည် ကျမ်းမြတ်ကုရ်အာန်၏ ဥပဒေ များနှင့် မည်မျှဆန့် ကျင်နေသည် သို့မဟုတ် ဆန့်ကျင်မှုမရှိဟူသော ကွဲပြားချက်များကိုခွဲခြားသိရှိနှိုင်မည်ဖြစ် သည်။
ထိုကဲ့သို့အဖြူအမဲ ခွဲခြားတတ်သူ ခေါင်းဆောင်များကသာ မွတ်စလင်မ်များကိုစည်းလုံးညီ ညွတ်သော လူ့အဖွဲ့အစည်းအဖြစ် ဦးဆောင်နှိုင်ပေမည်။ ယနေ့တည်ရှိနေသည့် ခေတ်ပြိုင် ဘာ သာရေးရာ ဂိုဏ်းဂဏကွဲများကို ဆန်းစစ်ရာတွင် ကျမ်းမြတ်ကုရ်အာန် ၂း၁၇၇ပါ သက်ဝင်ယုံကြည်မှုဆိုင်ရာ မှတ်ကျောက်ဖြင့် စမ်းစစ်ရမည်ဖြစ် သည်။ ထိုအ ချက်နှင့်ကိုက် ညီနေပါက တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ရန်အတွက် အခက်အခဲမ ရှိနှိုင် တော့ပေ။

لَّيْسَ الْبِرَّ أَن تُوَلُّوا وُجُوهَكُمْ قِبَلَ الْمَشْرِقِ وَالْمَغْرِبِ
Righteousness is not that you turn your faces toward the east or the west,
အရှေ့အရပ်ဘက်သို့သော်လည်းကောင်း၊ အနောက်အရပ်ဘက်သို့သော်လည်းကောင်း အသင်တို့၏မျက်နှာများမူခြင်းသည် (သာလျှင်)အသင်တို့ အဘို့ကောင်းမြတ်  သောအ ကျင့်သီလ မဟုတ်သေးပေ။
وَلَٰكِنَّ الْبِرَّ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَالْمَلَائِكَةِ وَالْكِتَابِ وَالنَّبِيِّ
Righteousness is not that you turn your faces toward the east or the west, but [true] righteousness is [in] one who believes in Allah , the Last Day, the angels, the Book, and the prophets
ကောင်းမြတ်သောသီလရှိသူ သီလ၀န် ဂုဏ၀န်တို့ ဟူသည်ကား အလ္လာဟ်အရှင် မြတ်ကိုလည်းကောင်း၊ နောက် ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကို လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်ကိုလည်း ကောင်း၊ နဗီတမန်တော် များကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများ တည်း။

ဖေါ်ပြပါ ကျမ်းမြတ်ကုရ်အာန်၏ မှတ်ကျောက်စံဖြင့် မတူညီသောဂိုဏ်းဂဏများကို စမ်းစစ်ရမည်။
ကျမ်းမြတ်ကုရ်အာန်၏ ထိုအာယာသ်ပါ အချက်(၅)ချက်ကို ယုံကြည်သူသည် မွတ်စလင်မ် တစ်ဦးဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ထိုအချက်(၅)ချက် မပါဘဲအရှေ့အရပ်ဖက် သို့ဖြစ်စေ၊ အနောက်အရပ်သို့ ဖြစ်စေ မျက်နှာမူ၍ မည်မျှပင် ခ၀တ်ကိုးကိုယ်မှုအစုစု ကို ပြုနေစေကာမူ ထိုသူသည် ကောင်းမြတ်သော သီလရှိသူဟု မှတ်ယူ၍မရ နှိုင်ပေ။
ယနေ့မွတ်စလင်မ်များအတွင်း ကွဲပြားခြားနားလျှက် ရှိနေသောဂိုဏ်းများ၊ အဖွဲ့အစည်း များသည် အထက်ဖေါ်ပြပါ ကုရ် အာန်၏မှတ်ကျောက်စံဖြင့် ကိုက်ညီနေပါက မွတ်စလင်မ် များပင်ဖြစ် သည်။ မွတ်စလင်မ်အချင်းချင်း ဖြစ်နေသည့် အတွက် မတူညီသောအချေအနေ အရပ်ရပ် အကြောင်းအမျိုးမျိုးကြောင့် ပူးပေါင်းဆောင်ရွက် နှိုင်ခြင်းမရှိသည့် တိုင်အောင် တစ်ဦးကိုတစ်ဦး ညီ ရင်းအကိုများပင် ဖြစ်နေသည့်အတွက် ရန်သူများကဲ့သို့ ဆက် ဆံပြောဆို တိုက်ခိုက်၍မရနှိုင် တော့ပေ။ အဘယ်ကြောင့်ဆိုသော် ညီရင်းအကိုမောင်ရင်း အမများ အချင်းချင်းအ တွင်း ပေါ်ါ်ပေါက်လာသော ပြဿနာ ရပ်များကို မည်ကဲ့သို့ ဖြေ ရှင်းရမည်ကို ကျမ်းမြတ်ကုရ်အာန်(၄၉း၁၀)က ထိုကဲ့သို့ပြဌာန်းထားပြီး ဖြစ်သည်။

فَأَصْلِحُوا بَيْنَ أَخَوَيْكُمْ ۚ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُرْحَمُونَ
so make settlement between your brothers. And fear Allah that you may receive mercy.
သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ ညီအစ်ကိုတို့်၏စပ်ကြားဝယ် ရန်ငြိမ်းအောင်(စေ့စပ်မှုကို) ပြုလုပ်ဆောင်ရွက်ကြ လေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ် အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင်အသင်တို့ သည် အရှင်မြတ်၏ သနားကရုဏာ ပြုတော်မူခြင်းကို ခံကြရကုန်အံ့သတည်း။)
မွတ်စလင်မ်များ၏ရန်သူများကိုပင်
အစ္စလာမ်သာသနာ၏ အခြေခံဥပဒေများသည် လူသားတစ်ရပ်လုံး၏ အေးငြိမ်းသာယာမှု ကိုသာ ရှေ့ရှုပြဌာန်းထားသော သာသနာတစ်ရပ်ဖြစ်သည်။ မွတ်စလင်မ်ဟူသည် မိမိ ကိုယ်တိုင် မည် ကဲ့သို့သော အခြေအနေတွင် ရှိနေစေကာမူ မိမိ၏လုပ်ဆောင်ချက်တိုင်း သည် လူသားတစ်ရပ်လုံးနှင့် သက်ရှိများအားလုံးကို အေးငြိမ်းချမ်းသာမှုပေးသူများဖြစ်ရ မည့်အကြောင်း (ကုရ် အာန်၄၁း၃၄)တွင် ထိုကဲ့သို့ သွန်သင်ဆုံးမထားသည်။
وَلَا تَسْتَوِي الْحَسَنَةُ وَلَا السَّيِّئَةُ ۚ ادْفَعْ بِالَّتِي هِيَ أَحْسَنُ فَإِذَا الَّذِي بَيْنَكَ وَبَيْنَهُ عَدَاوَةٌ كَأَنَّهُ وَلِيٌّ حَمِيمٌ
And not equal are the good deed and the bad. Repel [evil] by that [deed] which is better; and thereupon the one whom between you and him is enmity [will become] as though he was a devoted friend.
(အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်းမှုတို့မှာ တူကြသည်မဟုတ်ပေ။(သို့ဖြစ်ပေ ရာ) အသင်သည် (မကောင်း မှုကို) ကောင်းမှုဖြင့် ခုခံတွန်းလှန်ပါလေ။ သို့ဖြစ်လျှင် အ ကြင်သူနှင့်အ သင်၏အကြား၌ ရန်ငြိုးရှိ၏။ ထိုသူသည်မိတ်ဆွေ အရင်းကဲ့သို့ ဖြစ်လာပေ မည်။)
ထိုအာယာသ်သည် မွတ်စလင်မ်များကို အစဉ်တစ်စိုက် တိုက်ခိုက်လျှက်ရှိသော ရန်ငြိုး ထားကြသည့် (ကာဖိရ်)မယုံကြည်သွေဖည်သူ များ၏ မကောင်းသော ထိုးနှက်ချက်များကို ပင် စိတ်စေ တနာကောင်းဖြင့်  ပြန်လည်ခုခံရန် လမ်းညွှန်ချက်ဖြစ်သည်။ သို့ဆိုလျှင် မွတ် စလင်မ်များ အချင်းချင်းအတွင်း တစ်ဦးကိုတစ်ဦး၊ တစ်ဖွဲ့ကိုတစ်ဖွဲ့ မည်ကဲ့သို့ မတရား တိုက်ခိုက် စွပ်စွဲပုတ် ခတ်  ပိုင် ခွင့်ရှိနှိုင်ပေမည်နည်။
ကျမ်းမြတ်ကုရ်အာန်က အသိအမှတ်ပြုထားသော မွတ်စလင်မ်ဟူသည် မိမိတို့၏သာသ နာကို မွတ်စလင်မ်မဟုတ်သူများက စွပ်စွဲပုတ်ခတ်လာခဲ့သည်ရှိသော် မည်ကဲ့သို့ချေ ပပြောဆိုရမည် ကို ကျမ်းမြတ်ကုရ်အာန် ၁၆း၁၂၅တွင် ညွှန်ကြားထားသည်-

ادْعُ إِلَىٰ سَبِيلِ رَبِّكَ بِالْحِكْمَةِ وَالْمَوْعِظَةِ الْحَسَنَةِ ۖ وَجَادِلْهُم بِالَّتِي هِيَ أَحْسَنُ ۚ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِ ۖ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
Invite to the way of your Lord with wisdom and good instruction, and argue with them in a way that is best. Indeed, your Lord is most knowing of who has strayed from His way, and He is most knowing of who is [rightly] guided.
(အို-နဗီတမန်တော်) အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏လမ်းတော်သို့ (လူတို့အား) ဥာဏ် ပညာနှင့်လည်းကောင်း၊ ကောင်းမြတ်သော ဆုံးမသြ၀ါဒနှင့် လည်းကောင်း၊ ဖိတ်ခေါ်ပါလေ။ ထိုမှတစ်ပါးအသင်သည် ၎င်းတို့အား အကောင်းဆုံးနည်းဖြင့် အချေအတင်ပြောဆိုပါလေ။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူ တော်မူ သော အရှင်မြတ် သည်ပင် ထိုအရှင်မြတ်၏ လမ်းတော်မှ တိမ်းလွဲခဲ့သောသူအား အသိဆုံးဖြစ်တော် မူပေသည်။ ထိုနည်း တူ စွာထိုအရှင်မြတ်သည်ပင် တရားလမ်းမှန်ကို ရရှိကြကုန်သောသူတို့အားလည်း အသိဆုံး ဖြစ်တော်မူချေသတည်း။ )

အထက်တွင်ခွင့်ပြုထားသော وَجَادِلْهُم بِالَّتِي هِيَ أَحْسَنُ ۚ and argue with them in a way that is best. ထိုမှတစ်ပါးအ သင်သည် ၎င်းတို့အား အကောင်းဆုံးနည်းဖြင့် အချေ အ တင်ပြော ဆိုပါလေ။ ဟူသောအထက်ပါ အာယာသ်၏လမ်းညွှန်မှုကို ဆင်ခြင်ခြင်းဖြင့်-
အစ္စလာမ်သာသနာ၏ အဆုံးအမများသည် မွတ်စလင်မ်အချင်းချင်းဖြစ်စေ၊ မွတ်စလင်မ် မဟုတ်သူများကို ဖြစ်စေ၊ တစ် ဘက်သတ် စွပ်စွဲလာသည်ရှိသော် ပြန်လည်ခြေပရာတွင် အကောင်း ဆုံးနည်းဖြင့် အချေအတင်ပြောဆိုခွင့်ရှိသည်။ တစ်ဦးကိုတစ်ဦး တစ်ဖက်သတ် ပုတ်ခတ်ပြောဆို ပိုင်ခွင့်မရှိပေ။
ကျမ်းမြတ်ကုရ်အာန်က လုံဝဥဿုံ တားဆီးပိတ်ပင်ထားသော မွတ်စလင်မ်အချင်းချင်းတစ် ဖက်ကိုတစ်ဖက် မညှာတမ်း စွပ်စွဲတိုက်ခိုက်၊ ထိုးနှက်နေခြင်းများ ရှိနေခြင်းသည်ဗျာဒိတ် ကျမ်းဂန် ကုရ်အာန်ထက် မိမိတို့၏ ကျောင်းတော်ဝါဒများ၊ ပုပ်ရဟန်းဝါဒများကို ပိုမိုဦး စားပေးသည့် ရှေးကျမ်းရများကဲ့သို့ ဖြစ်နေခြင်းကြောင့် ပင်ဖြစ်သည်။
သို့တည်းမဟုတ် မိမိတို့၏ ကျောင်းတော်ဝါဒများ၊ ဂိုဏ်းဂဏ၀ါဒများကို တစ်ဖက်ကမ်းခပ် တတ်မြောက်ထားသကဲ့သို့ ကျမ်းမြတ်ကုရ်အာန်ကိုမူ အဖတ်သက်သက်မှလွဲ၍အဓိပ္ပါယ် နားမ လည်ခြင်းကြောင့် ဖြစ်နှိုင်ပေမည်။ သို့တည်းမဟုတ် ကျမ်းမြတ်ကုရ်အာန်ပါဥပဒေ များထက် မိမိတို့၏ကျောင်းတော် ၀ါဒလမ်းစဉ်များ၊ ဂိုဏ်းဂဏလမ်းစဉ်များသည် ပိုမိုအရေး ကြီးသည်ဟု နား လည်သဘောပေါက်ထား ခြင်းများကြောင့် ဖြစ်နှိုင်ပေမည်။ သို့တည်းမ ဟုတ် ဗျိတိသျှနန်းရင်းဝန် အက်ဒ်ဝါဒ်ဂလက်စတုံး၏ ဗျတိသျှပါလီမန်တွင် ၁၈၈၂ခုနှစ်က မွတ်စလင်မ်များအတွက် တင်သွင်းသော ပညာရေးမူဝါဒ စနစ်အတွင်းမှကျော်လွန်ရုံး မ ထွက်နှိုင်ခြင်းကြောင့်  ဖြစ်နှိုင်ပေမည်။ (ဂလက်စတုံးအကြောင်းအသေးစိပ် စည်းလုံးညီ ညွတ်ရေး(၅)တွင်ကြည့်ပါ။
သို့မဟုတ်ပါက သာမန်နောက်လိုက် မွတ်စလင်မ်တစ်ဦးဖြစ်စေ၊ အများမွတ်စလင်မ်များကို ဦးဆောင်သော ပညာရှိ သုခမိန်ကြီးဖြစ်စေ၊  မည်သည့်နည်းနှင့်မျှ ကျမ်းမြတ်ကုရ်အာန် က တိုက် ရိုက်တားဆီး ပိတ်ပင်းထားသော ဥပဒေတစ်ရပ်ကို သိပါလျှက်နှင့် ပေါ်ပေါ်ထင်ထင် လူသိရှင်ကြား ကျူးလွန်မည်မဟုတ်ပေ။


အဓိကနှင့်အဓိကမကျသောအရာကိုခွဲခြားခြင်း

အစ္စလာမ်သာသနာတွင် အဓိကအရေးကြီးသော မွတ်စလင်မ်များအတွက် ပြဌာန်းချက်များ မှ ဆွလာသ်တည်ဆောက်မှု တစ်ခုတည်းကို ပြန်လည်စမ်းစစ်ကြည့်မည်ဆိုပါ က ص ل و ဟူသောဝေါဟာရ (၉၉)ကြိမ်ပါဝင်သည်။ ဆွလာသ်နှင့်စပ်လျင်းပြီးကျမ်းမြတ် ကုရ်အာန် တွင် အဓိကအချက် များကို ထိုကဲ့သို့ဖေါ်ပြဌာန်းထားသည်ကို တွေ့ရသည်။

(၁) ဆွလာသ်တည်ဆောက်ရန်အတွက် (၀ိုဇူ)ရေသန့်စင်ခြင်း။ (ကုရ်အာန်၅း၆)
(၂) (အဇာန်) ဆွလာသ်တည်ဆောက်ရန် ဖိတ်ခေါ်ခြင်း။ (ကုရ်အာန်၅း၅၈)
(၃) (ကစ်ဘလာ) မျက်နှာမူရာအရပ်။ (ကုရ်အာန်၂း၁၄၉)
(၄) ဆွလာသ်အချိန်များ။ ၂း၂၃၁။၎း၁၀၃။၁၁း၁၁၄။ ၁၇း၇၈။ ၃၀း၁၇၊၁၈။
(၅) (အကားမ) မတ်တတ်ရပ်ခြင်းဆိုင်ရာ ဝေါဟာရ ق و م (၆၆၀)ကြိမ်ပါဝင်သည်။
(၆) (ရကူအ်) ကိုင်းညွှတ်ခြင်းဆိုင်ရာ ဝေါဟာရ ر ك ع(၁၃)ကြိမ်ပါဝင်သည်။
(၇) (စဂ်ျဒဟ်) ဦးချခြင်းဆိုင်ရာ ဝေါဟာရ س ج د (၉၂)ကြိမ်ပါဝင်သည်။
(၈) (ကာအေဒအ်) ထိုင်ခြင်းဆိုင်ရာ ဝေါဟာရ ق ع د (၃၁)ကြိမ်ပါဝင်သည်။
(၉) (ဆွလာသ်)တွင် ကုရ်အာန်ရွတ်ဖတ်ခြင်း။ (ကုရ်အာန်၂၉း၄၅)
(၁၀) (ဆွလာသ်)မပြုရသော အခြေအနေများ။ (ကုရ်အာန်၎း၄၃)
(၁၁) (ဂျမာအသ်)ဖြင့် ဆွလာသ်ဝတ်ပြုခြင်း။ (ကုရ်အာန် ၂း၄၃)
(၁၂) ခရီးတွင် တည်ဆောက်ရသော (ဆွလာသ်)
(၁၃) (ဆွလာသ်)တိုတို တည်ဆောက်ရသော ကာလများ။ (ကုရ်အာန်၎း၁၀၁)
(၁၄) စစ်အတွင်း တည်ဆောက်သော (ဆွလာသ်) (ကုရ်အာန်၎း၁၀၂)
(၁၅) (ဂျွမ္မာဟ်ဆွလာသ်) တည်ဆောက်ရန်။ (ကုရ်အာန်၆၃း၉-၁၁)
(၁၆) (သဟ်ဂျွတ်ဆွလာသ်) တည်ဆောက်ရန်။ (ကုရ်အာန်၁၇း၇၉။၃၂း၁၆။၇၃း၁-၈)
ဤသည် (ဆွလာသ်)နှင့်စပ်လျင်း၍ ကျမ်းမြတ်ကုရ်အာန်တွင် ပါဝင်သော အဓိကအချက်အလက်များအနက်မှ လက်လှမ်းမီသ၍တင်ပြခြင်းဖြစ်သည်။

ထိုကဲ့သို့ ကျမ်းမြတ်ကုရ်အာန်ပါ ဆွလာသ်နှင့်စပ်လျင်းသော အဓိကပါဝင်သည့်အချက် များကို ကောက်နှုတ်တင်ပြခြင်းမှာ ဆွလာသ်တည်ဆောက်မှု ကိုပြဌာန်းခဲ့ခြင်း၏ အဓိက ရည်ရွယ်ချက် များကိုသိရှိနှိုင် ရန်ဖြစ်သည်။  သို့မှသာ မွတ်စလင်မ်များအတွင်းရှိ မတူ ညီသော ဂိုဏ်းကွဲများတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆွလာသ်တည်ဆောက်ရာ၌ ကွဲပြားခြားနား ချက် များသည် မွတ်စလင်မ်များ အတွင်း အချင်းချင်းစိတ်ဝမ်း ကွဲလောက်ရသည်အထိ အငြင်း ပွား စရာ လိုသောကွဲလွဲမှုဖြစ်မဖြစ်ကို အတိအကျဝေဘန်ပိုင်းခြားနှိုင်မည်ဖြစ်သည်။


အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

No comments:

Post a Comment