Sunday 24 February 2013

စည်းလုံညီညွတ်ရေးသို့(၈)



ဆွလာသ်၏ ဂုဏ်အင်လက္ခဏာရပ်များ

အစ္စလာမ်သာသနာတွင် အဓိကအရေးကြီးသော မွတ်စလင်မ်များအတွက် ပြဌာန်းချက်များ မှ ဆွလာသ်တည်ဆောက်မှု တစ်ခုတည်းကို ပြန်လည်စမ်းစစ်ကြည့်မည်ဆိုပါက ဆွလာသ် ဆိုင်ရာ ص ل و ဟူသောဝေါဟာရ (၉၉)ကြိမ်ပါဝင်သည်။ ဆွလာသ်နှင့်စပ်လျင်းပြီး ကျမ်းမြတ်ကုရ်အာန်တွင် အဓိကအချက်များကို ထိုကဲ့သို့ ကျမ်းမြတ်ကုရ်အာန်တွင် ဖေါ်ပြ ဌာန်းထားသည်ကို တွေ့ရ သည်။ 

(၁) ဆွလာသ်တည်ဆောက်ရန်အတွက် (၀ိုဇူ)ရေသန့်စင်ခြင်း။ (ကုရ်အာန်၅း၆)
(၂) (အဇာန်) ဆွလာသ်တည်ဆောက်ရန် ဖိတ်ခေါ်ခြင်း။ (ကုရ်အာန်၅း၅၈)
(၃) (ကစ်ဘလာ) မျက်နှာမူရာအရပ်။ (ကုရ်အာန်၂း၁၄၉)
(၄) ဆွလာသ်အချိန်များ။ ၂း၂၃၁။၎း၁၀၃။၁၁း၁၁၄။ ၁၇း၇၈။ ၃၀း၁၇၊၁၈။
(၅) (စဂ်ျဒဟ်) ဦးချခြင်းဆိုင်ရာ ဝေါဟာရ س ج د (၉၂)ကြိမ်ပါဝင်သည်။
(၆) (ရကူအ်) ကိုင်းညွှတ်ခြင်းဆိုင်ရာ ဝေါဟာရ ر ك ع(၁၃)ကြိမ်ပါဝင်သည်။
(၇) (အကားမ) မတ်တတ်ရပ်ခြင်းဆိုင်ရာ ဝေါဟာရ ق و م (၆၆၀)ကြိမ်ပါဝင်သည်။
(၈) (ကာအေဒအ်) ထိုင်ခြင်းဆိုင်ရာ ဝေါဟာရ ق ع د (၃၁)ကြိမ်ပါဝင်သည်။
(၉) (ဆွလာသ်)တွင် ကုရ်အာန်ရွတ်ဖတ်ခြင်း။ (ကုရ်အာန်၂၉း၄၅)
(၁၀) (ဆွလာသ်)မပြုရသော အခြေအနေများ။ (ကုရ်အာန်၎း၄၃)
(၁၁) (ဂျမာအသ်)ဖြင့် ဆွလာသ်ဝတ်ပြုခြင်း။ (ကုရ်အာန် ၂း၄၃)
(၁၂) ခရီးတွင်တိုတို တည်ဆောက်ရသော (ဆွလာသ်) များ။ (ကုရ်အာန်၎း၁၀၁)
(၁၃) စစ်အတွင်း တည်ဆောက်သော (ဆွလာသ်) (ကုရ်အာန်၎း၁၀၂)
(၁၄) (ဂျွမ္မာဟ်ဆွလာသ်) တည်ဆောက်ရန်။ (ကုရ်အာန်၆၃း၉-၁၁)
(၁၅) (သဟ်ဂျွတ်ဆွလာသ်) တည်ဆောက်ရန်။ (ကုရ်အာန်၁၇း၇၉။၃၂း၁၆။၇၃း၁-၈)

ဆွလာသ်ကိုပြဌာန်းရခြင်း၏အဓိကရည်ရွယ်ချက်။
اتْلُ مَا أُوحِيَ إِلَيْكَ مِنَ الْكِتَابِ وَأَقِمِ الصَّلَاةَ ۖ إِنَّ الصَّلَاةَ
تَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنكَرِ ۗ وَلَذِكْرُ اللَّهِ أَكْبَرُ ۗ وَاللَّهُ يَعْلَمُ مَا تَصْنَعُونَ
Recite, [O Muhammad], what has been revealed to you of the Book and establish prayer. Indeed, prayer prohibits immorality and wrongdoing, and the remembrance of Allah is greater. And Allah knows that which you do.(29;45)
(အသင်သည် မိမိထံထုတ်ပြန်ခြင်း ခံရလေသော ကျမ်းတော်မြတ်(ကုရ်အာန်)ကို ရွတ်ဖတ်ပါလေ။ ၎င်း အပြင်သင်သည် ‘ဆွလာတ်’ ၀တ်ပြုမှုကိုဆောက်တည်ပါလေ။ ဧကန်မလွဲ ဆွလာတ် ၀တ်ပြုမှုသည် အ လွန့်အလွန် စက်ဆုပ်ဖွယ်ရာဖြစ်သော အမှုကိစ္စများမှလည်းကောင်း၊ မဖွယ်မရာသော်အမှုကိစ္စများမှ လည်းကောင်း၊ ပိတ်ပင်တားဆီးလေ၏။ စင်စစ်မှာမူကား အလ္လာဟ် အရှင်မြတ်အား အောက်မေ့တ,သ သတိရခြင်းသည် အကြီးကျယ်ဆုံး၊ (အမြင့်မြတ်ဆုံး)ပင်ဖြစ်ပေသည်။ စင်စစ် အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုမူသမျှတို့ ကို ကောင်းစွာ သိရှိတော် မူပေသတည်း။)(29;45)

ကျမ်းမြတ်ကုရ်အာန်က ဆွလာသ်တည်ဆောက်မှုကို ပြဌာန်းရသော ရည်ရွယ်ချက်များ စွာအနက် အ ထက်ပါအာယာသ်တွင် ဆွလာသ်တည်ဆောက်ရခြင်း၏ အဓိကအချက်သုံး ချက် ပါဝင် သည်။

(၁) اتْلُ مَا أُوحِيَ إِلَيْكَ مِنَ الْكِتَابِ وَأَقِمِ الصَّلَاةَ ۖ
Recite, what has been revealed to you of the Book and establish prayer.
‘ဆွလာတ်’ တည်ဆောက်ရာတွင် ကျမ်းမြတ်ကုရ်အာန် ဖတ်ရွတ်ရခြင်း။

(၂) ۖ إِنَّ الصَّلَاةَ تَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنكَرِ
Indeed, prayer prohibits immorality and wrongdoing,
ဧကန်မလွဲ ဆွလာတ်တည်ဆောက်မှုသည် အလွန် စက်ဆုပ်ဖွယ်ရာသော အမှုကိစ္စများမှ လည်းကောင်း၊ မဖွယ်မရာသော အလွန့်လွန်အမှုကိစ္စများမှ လည်းကောင်း၊ ပိတ်ပင်တား ဆီးလေ၏။

(၃) وَلَذِكْرُ اللَّهِ أَكْبَرُ ۗ
The (salaat) is greatest remembrance of Allah.
(ဆွလာသ်) တည်ဆောက်ခြင်းသည် အလ္လာဟ်အရှင်မြတ်အားအောက်မေ့တသခြင်း တွင် အကြီးကျယ်ဆုံး၊ (အမြင့်မြတ်ဆုံး)သတိရခြင်း ပင်ဖြစ်ပေသည်။
ထိုအာယာသ်ပါ အချက်သုံးချက်သည် ဆွလာသ်တည်ဆောက်ရခြင်း၏ အဓိကရည်ရွယ် ချက်များအနက် အပါအ၀င်ဖြစ်သည်။ ဆွလာသ်တည်ဆောက်မှုအတွင်း ကျမ်းမြတ်ကုရ် အာန် ဖတ် ရခြင်း၊ အထူးသဖြင့် (ရကကသ်)တိုင်းတွင် စူရာဖါတိဟာဟ် ဖတ်ရခြင်းသည် ဖန် ဆင်းခံ ကျေးကျွန်လူသားနှင့် ဖန်ဆင်းရှင် သခင်တို့စပ်ကြား စိတ်ပိုင်းဆိုင်ရာ ဆက် သွယ်ခြင်းဖြစ်သည်။
ဖန်ဆင်းခံလူသား၏ စိတ်နှလုံးတွင် ဆွလာသ်တည်ဆောက်မှုအတွင်း စူရာဟ်ဖါတေ ဟာဟ် ၏ အနှစ်သာရများကို နှလုံးသွင်းသော အလေ့အထများမှ လက်တွေ့ဘ၀ တစ်ခု လုံးက စူရာဟ် ဖါ တိဟာဟ်အတိုင်း ရပ်တည်နှိုင်ရေးဖြစ်သည်။ သို့မှသာ ထိုလူသား၏ ဆွလာသ် တည်ဆောက်ခြင်းသည် ထိုသူ့အတွက် မကောင်းမှုအမှုများနှင့် အလွန့်အလွန် စက်ဆုပ်ဖွယ်ရာများမှတား ဆီးနှိုင် မည်ဖြစ်သည်။ သို့မှသာထိုသူ၏ ဆွလာသ်သည် ဖန် ဆင်းရှင်အလ္လာဟ် အရှင်မြတ်အား တသ,သတိရခြင်း များတွင် အကြီးအကျယ်ဆုံး သတိ ရခြင်း ပင် ဖြစ်မည်။
ဆွလာသ်တည်ဆောက်ခြင်းဟူသည် ဆွလာသ်အတွင်း၌ မိမိ၏နှုတ်လျှာ အမူအရာများနှင့် စိတ်ပိုင်း ဆိုင်ရာအားလုံးက ဖန်ဆင်းရှင်၏ရှေ့မှောက်တွင် အခစားဝင်ရောက်၍ မိမိတို့၏ ကာယကံ၊ ဝစီကံ ၊မနော ကံတို့ဖြင့် ကျူးလွန်ခဲ့သောအပြစ်များကို ဝန်ချတောင်းပန်၍နောင် ထိုသို့သော မကောင်းမှုတို့မှ ရှောင် ကျဉ်ပါတော့မည်ဟူ၍ အာမဗန္တေခံခြင်းဖြစ် သည်။
ဆွလာသ်၏ရကသ်တိုင်း၌ ဖန်ဆင်းရှင်၏ရှေ့မှောက်တွင် ဖန်ဆင်းခံများကတောင်းခံချက် များ ဖြစ်သည်။ ထိုကဲ့သို့ပင် ‘ရကူ’ကိုင်းညွတ်ရာ၌ စွဗ္ဗဟားနရဗ္ဗေယလ်အဇွီး(မ်) (အရှင် သည်ချို့တဲ့မှု အပေါင်းမှကင်းစင်ဆုံးသော အရှင်ဖြစ်တော်မူ၏။) ‘ရကူ’မှ‘ကေယမ်’ ပြန်ထ ရာ၌ (စမိယလ္လာဟ်ဟုလိမန်းဟမိဒ) အရှင်သည်ချီးကျူးသူ၏ ချီးကျူးမှုကိုအကြွင်းမဲ့ သိတော်မူသောအ ရှင်ဖြစ်တော်မူ၏။)ဟူ၍ Superlative Degree ဖြင့် အလ္လာဟ့် အား အထပ်ထပ်ချီးကျူးချက်များဖြစ်သည်။ ထိုကဲ့သို့ ဖန်ဆင်းရှင်အား ချီးကျူး သောဝေါ ဟာရ များနှင့်၊ စူရာဖာတေဟာပါ ဖန် ဆင်းရှင်ထံမှ တောင်းခံရိုကျိုးလျက်ရှိသော ဝေါ ဟာရများ သည် ဆွလာသ်တည်ဆောက်ခြင်း၏ အဓိကသော့ချက်များဖြစ် သည်။
မွတ်စလင်မ်တစ်ဦးသည် အထက်ပါပြဌာန်းချက်အတိုင်း ဆွလာသ်တည်ဆောက်မှု၏ အနှစ် သာရများကို နားလည်သဘောပေါက်ပြီး တိတိကျကျ ဆောင်ရွက်နှိုင်မည် ဆိုပါက အလ္လာဟ်အရှင် ၏ ညွှန်ကြားပြသ ထားသော ဥပဒေစည်းကမ်းများအတိုင်း လိုက်နာသူ များဖြစ်မည်သာ။

 ထိုသို့သော အကြောင်းကြောင့် ကျမ်းမြတ်ကုရ်အာန်က ‘အကေမစ်ဆွလာသ် ဆွလာသ် တည်ဆောက်ပါ ဟူ၍ ပြဌာန်းထားခြင်းဖြစ်သည်။ ဆွလာသ်အတွင်း၌ မိမိတို့၏ နှုတ်လျှာ အမူ အရာနှင့် စိတ်ပိုင်းဆိုင်ရာ အားလုံးက အရှင့်အမိန့်ကို တစ်သဝေမတိမ်း နာခံ သကဲ့သို့ ဆွလာသ်၏ ပြင်ပဖြစ်သော နေ့စဉ်ဘဝ တည်ဆောက်ရာ၌လည်း မိမိတို့၏နှုတ်လျှာ အမူအရာများနှင့် စိတ်ပိုင်းဆိုင် ရာ အားလုံးက အရှင့်အမိန့် အတိုင်း တစ်သွေးတည်းတစ် သားတည်း ဖြစ်နေခြင်းကို ဆွလာသ်တည်ဆောက်ခြင်းဟု ကုရ်အာန်ကဆိုခြင်းဖြစ်သည်။ သို့မှသာ ဆွလာသ်တည်ဆောက်သော မွတ်စလင်မ်တစ်ဦးသည် ကျမ်းမြတ်ကုရ်အာန်  (၂၃း၁မှ၁၁)ပါ မုအ်မင်န်များ၏ ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံမည်ဖြစ်သည်။

၁။ ( အကြင်သက်ဝင်ယုံကြည်သူများသည် အောင်မြင်မှုလည်းရရှိပြီးဖြစ်သည်။)
၂။ ( ထိုသူများသည် ဆွလာသ်အတွင်း တစိတ်တ လက်ကျိုးနွံသူများဖြစ်ကြ၏။)
၃။ ( ထိုဆွလာသ်အတွင်း ကျိုးနွံခဲ့သူများသည် အကျိုးမဲ့သောအရာများမှ ရှောင်ကျဉ်သူများဖြစ် ကြ၏။)
၎။ ( ထိုဆွလာသ်အတွင်းကျိုးနွံသူများသည် ‘ဇကားသ်’ ဆင်းရဲသားများ၏ ရန်ပုံငွေခွန်များကိုလည်း တာ ဝန်ကျေစွာပေးဆောင်ကြ၏။)
၅။ ( ထိုဆွလာသ်အတွင်း ကျိုးနွံသူများသည် မိမိတို့၏ အရှက်အင်္ဂါများကို ကာမေသုမိစ္ဆာစရကံ မှ ရှောင်ကျဉ်ခဲ့ကြ၏။)
၆။ ( ထိုဆွလာသ်အတွင်းကျိုးနွံသူများသည် မိမိတို့၏ ဇနီးမယားများ နှင့်သာဆက်ဆံပေါင်းသင်း ကြခြင်း ကိုအပြစ်ဆို ဖွယ်ရာမရှိပေ။)
၇။ ( မိမိတို့၏ဇနီးမယားမဟုတ်သူများအပေါ်သို့ စိတ်ရောက်ခြင်းသည် ကျူးလွန်သူများဖြစ်ကြ၏။)
၈။ ( ထိုဆွလာသ်အတွင်းကျိုးနွံသူများသည် အပ်နှံပစ္စည်းများ၊ ယုံကြည်စိတ်ချ၍ ရင်ဖွင့်ချက်များနှင့်ကတိ ကဝတ် ဆိုင်ရာစည်းကမ်းချက်များ ကိုထိမ်းသိမ်းသူများဖြစ်ကြ၏။)
၉။ ( ထိုဆွလာသ်အတွင်းကျိုးနွံသူများသည် မိမိတို့၏ဆွလာသ်တည် ဆောက်မှုများကိုထိမ်းသိမ်းသူများ ဖြစ်ကြ၏။)
၁၀။ ( ထိုဆွလာသ်အတွင်းကျိုးနွံသူများသည် အမွေစားအမွေခံများဖြစ်ကြ၏။)
၁၁။ ( ထိုဆွလာသ်အတွင်းကျိုးနွံသူများ၏ အမွေမှာ ‘ဖေရ်ဒေါက်(စ်)’ (ခေါ်)မြင့်မြတ်သော နိဗ္ဗန်ဘုံနန်းများ တွင် ထာဝရနေထိုင်ကြရမည့်သူများဖြစ်၏။)

ကျမ်းမြတ်ကုရ်အာန်က ပြဌာန်းထားသော ဆွလာသ်တည်ဆောက်မှုတွင် တည်ဆောက် သူသည် ဆွလာသ်တည်ဆောက်မှုအတွင်း မိမိ၏နှုတ်မှ ဖတ်ရွတ်ပြောဆိုသော အကြောင်း အရာများကို သိနားလည်ရမည်မှာအဓိက တာဝန်တစ်ရပ် ဖြစ်ကြောင်း (ကုရ်အာန်၎း၄၃) တွင် – ဤသို့ဖေါ်ပြထားသည်။
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَقْرَبُوا الصَّلَاةَ وَأَنتُمْ سُكَارَىٰ حَتَّىٰ تَعْلَمُوا مَا تَقُولُونَ
O you who have believed, do not approach prayer while you are intoxicated until you know what you are saying.

(အိုသက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မူးဝေနေသောအခါတွင် အသင်တို့၏နှုတ်မှ ထွက်ဆိုသော ထွက်ဆို ချက်ကို မမိသေးသမျှ ဆွလာသ်တည်ဆောက်မှု၏ အပါးသို့ပင် မချဉ်းကပ်လေနှင့်။) ဟူ၍ပြဌာန်းထားသည်။

ဆွလာသ်အတွင်း မိမိ၏နှုတ်ထွက်စကားများကို မိမိတို့ကိုယ်တိုင် သိနားလည် ရမည်ဖြစ် သည်။ မွတ်စလင်မ်တစ်ဦးသည် မိမိ၏ခန္ဓာနှင့် စိတ်ညဉ်တို့သည်စုစည်းနေသော အချိန် တွင်သာ ဆွ လာသ်တည်ဆောက်ရမည်။ သတိ လစ်ချိန်၊ ခန္ဓာမှစိတ်ညဉ်သည် ကစဉ့်က လျားဖြစ်နေချိန်တွင် ဆွလာသ်တည်ဆောက်မှု၏ အနားသို့ပင် မကပ်ရန်ဖြစ်သည်။ ထိုအ ချိန် တည်ဆောက်သော ဆွလားသ်သည် ထိုသူ၏ပြောဆို ၀န်ခံကတိများကို ထိုသူကိုယ် တိုင် နားလည်သဘော ပေါက်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သာမန်လူမှုကိစ္စ အဝဝတို့အတွက် စာချုပ်ချုပ်ဆိုခြင်း၊ ကတိက ဝတ်ပြုခြင်း၊ သက်သေခံခြင်းကိစ္စတို့၌ပင်လျှင်ထိုစာချုပ်ကို လက်မှတ်ရေးထိုးသူသည်စာ ချုပ်ပါအ ချက်အလက် အားလုံးကို နားလည်သဘောပေါက်၍ သတိရှိစွာဖြင့် လက် မှတ်ရေး ထိုးပါသည်ဟု ဝန်ခံကတိပြုရသည်။ ဆွလာသ်တည်ဆောက်ခြင်းဟူသည် ဖန် ဆင်းရှင်၏ရှေ့မှောက်တွင် ဖန်ဆင်းခံက မိမိ၏အမှားများကို ဝန်ချတောင်းပန်၍ နောင် ထို သို့သောအမှားများမှ ရှောင်ကျဉ်ပါတော့မည်ဟု ကတိသစ္စာဆိုခြင်းဖြစ်သည့်အတွက် မိမိ ၏နှုတ်ထွက်စကားကို မိမိကိုယ်တိုင် သတိရှိစွာဖြင့် နားလည်သဘောပေါက်ရမည်ဖြစ် သည်။
အကယ်၍တစ်ဦးတစ်ယောက်သည် မူးရစ်နေသောအချိန်၌ ဆွလာသ်တည်ဆောက် မှုပြုခြင်းဖြင့် ၎င်း၏နှုတ်ထွက်ကတိသစ္စာစကားများကို ၎င်းကိုယ်တိုင်နားလည်နိုင်မည် မ ဟုတ်ပေ။ ကျမ်းမြတ်ကုရ်အာန်ပါ ဆွလာသ်တည်ဆောက်မှုဆိုင်ရာ အာယာသ်ပေါင်း(၉၉) အာယာသ်အနက်မှ အနည်းငယ်မျှသောအာယာသ်များကို ဆင်ခြင်ခြင်းဖြင့် ဆွလာသ် တည်ဆောက်ရာတွင် မည်သည့်အချက်က အဓိကကျသည်။ မည်သည့် အချက်က အဓိ ကမကျသည်ကို ကွက်ကွက်ကွင်းကွင်း သိရှိနှိုင်ပေ သည်။

မွတ်စလင်မ်များအတွင်း မတူညီသော ဂိုဏ်းကွဲများစွာ ရှိသည်ကားမှန်၏။သို့ ရာတွင် မည်သည့်ဂိုဏ်းကမျှ မိမိတို့၏ နောက်လိုက် မွတ်စလင်မ်များကို ဆွလာသ်နှင့် စပ်လျင်း သည့် ဟောပြော ပညာပေးရာတွင်လည်းကောင်း၊ပညာပေးစာအုပ်များရေးသားရာတွင် လည်းကောင်း၊ ဆွလာသ်၏အဓိကကျသော ကျမ်းမြတ်ကုရ်အာန်က ပြဌာန်းထား သည့် လမ်းညွှန်ချက်များ ပါဝင်ခြင်း မရှိပေ။ ၄င်းတို့၏အရေးပေးဟောကြားချက်များနှင့် ရေးသား ချက်များ သည် ဆွလာသ်၏ ပြင်ပရုပ်ပိုင်းဆိုင်ရာ အနေအထားများ သာဖြစ်သည်။
ထိုသို့ အဓိကမကျသော အကြောင်းအရာများသည်နောက်လိုက်မွတ်စလင်မ်များအဖို့ အ လွန်အရေးပါသော ဆွလာသ်၏အချက်အလက်များ ဖြစ်လာတော့သည်။ ထိုကဲ့သို့ အဓိက မကျသော ကိစ္စရပ်များ သည် မွတ်စလင်မ်များ အတွက် အရေးပါသည်ဟု သိမြင်လာ သည်နှင့်အညီ ဆွလာသ်တည်ဆောက်မှု၏ အဓိကအချက်အလက်များသည်လည်း မွတ် စလင်မ်များ အတွင်းမှ တိန်ကောပပျောက် သွား ရလေ တော့ သည်။


အစ္စလာမ်သာသနာ၏ ထီးရိပ်တစ်ခုတည်းအောက်မှ

တစ်ပါးတည်းသော အလ္လာဟ်အရှင်ကို ကိုးကွယ်သော မွတ်စလင်မ်များဖြစ်ပါလျှက် တစ်ဦး တည်းသော တမန်တော်မြတ်၏ နောက်လိုက်များဖြစ်ပါလျှက်၊ တစ်ဆူတည်းသောကျမ်း ဂန်ကုရ် အာန်ကို လက်ခံယုံကြည်သူများ ဖြစ်ပါလျှက်၊ကစ်ဗလာတစ်ခုတည်းကို မျက်နှာ မူသူများဖြစ်ပါလျှက်၊ မွတ်စလင်မ်များအတွင်းအချင်းချင်း ပြန်လည်စည်းလုံးရေး သည် မည်သို့သော အကြောင်း များကြောင့် မ ဖြစ်နှိုင်စရာ အကြောင်းများရှိ မည်နည်း။

အစ္စလာမ်သာသနာအတွင်း ဘာသာသာသနာဆိုင်ရာ ဂိုဏ်းဂဏ၀ါဒကွဲများ မည်မျှပင် များနေစေကာမူ မည်မျှပင်ကွဲလွဲချက်များ ရှိနေစေကာမူ အစ္စလာမ်သာသနာ က ပြဌာန်း ထားသော အမိန့် ပညတ်ချက်များမှ အဓိကနှင့်အဓိကမကျသော အချက်များကို ခွဲခြား ရှုမြင်နှိုင်ခြင်းဖြင့် မွတ်စလင်မ်အချင်း ချင်း ပြန်လည် ပူးပေါင်းနှိုင်သော အခွင့်အလန်းတံခါး များသည် အစဉ်ပွင့် လျှက် ရှိနေပေသည်။ အချင်းချင်းအတွင်း ပြန်လည်ပူးပေါင်း ဆောင် ရွက်ရန်လည်း တာဝန်ရှိပေသည်။
နှစ်ဆယ့်တစ်ရာစုနှစ်သည် ကမ္ဘာတစ်ဝှမ်းတွင် အယူဝါဒမတူညီသော နိုင်ငံရေးရာ ဂိုဏ်းဂ ဏကွဲများသည်ပင်လျှင် ပြန်လည်ပေါင်း စည်းလျှက်ရှိနေသည်ကို တွေ့နေရပါလျှက် မွတ်စ လင်မ်များ သည် ညီအကိုများဖြစ်ကြသည့်အတွက် ပြန်လည်ပေါင်းစည်း ရေးသည် မည်ကဲ့ သို့ ခက်ခဲနှိုင်စရာ အကြောင်းရှိနေမည်နည်း။
မွတ်စလင်မ်ဟူသည် မိမိတို့၏ဆန္ဒစိတ်ရိုင်းကိုချိုးနှိမ်ချုပ်တည်း၍ တုနှိုင်းမဲ့ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ်၏ ပြဌာန်းချက်အမိန့်အတိုင်း လက်တွေ့ဘ၀ တည်ဆောက်သူ များဖြစ်သောကြောင့် ပင်။

ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

No comments:

Post a Comment