Sunday 17 June 2012

မြန်မာ မုစ်လင်မ်

မြန်မာမုစ်လင်မ်ဆိုတာ မြန်မာနိုင်ငံတွင်နေထိုင်ကြသော တိုင်းရင်းသား ညီနောင်တွေထဲက အစ္စလာမ်ဘာသာဝင်တွေကိုပြောတာပါ... တိုင်းရင်းသားပါ... လက်ရှိကျင့်သုံးနေတဲ့ မြန်မာနိုင်ငံက ၁၉၈၂နိုင်ငံသားအက်ဥပဒေအရကိုအကြုံးဝင်တဲ့ တိုင်းရင်းသားစစ်စစ်မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို မြန်မာမွတ်ဆလင်မ်လို့ခေါ်ကြောင်းပါ... ပိုပြီးပြောရင် ၁၉၄၇မှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဆရာဒီးဒုတ်ဦးဘချို၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့လို နိုင်ငံရေးဗိသုကာကြီးတွေရေးဆွဲတဲ့ နိုင်ငံသားဖြစ်ရေးအက်ဥပဒေအရရော တိုင်းရင်းသားသတ်မှတ်ရေးအရပါအကျုံးဝင်တဲ့ မြန်မာနိုင်ငံဌာနေတိုင်းရင်းသားများထဲမှာ အစ္စလာမ်ဘာသာကိုကိုးကွယ်တဲ့ မြန်မာမုစ်လင်မ်တွေဗျ... မြန်မာနိုင်ငံမှာမုစ်လင်မ်တွေ မနေ့တစ်နေ့ကမှဝင်လာပြီးနိုင်ငံသားဖြစ်နေတာလား ကိုလိုနီခေတ်မတိုင်ခင်ကတည်းက တိုင်းရင်းသားမြန်မာမုစ်လင်မ်တွေရှိနေသလားဆိုတာလေး မျက်စိလေးဖွင့်ပြီး စာလေးရှာဖတ်ကြစေချင်တယ်... မလိုလားအပ်တဲ့ ဘာသာရေးအားသန်တဲ့လူမျိုးကြီးဝါဒကိုဖြန့်ဖြူးပြီး ကိုယ့်တိုင်းရင်းသားလူမျိုးအချင်းချင်း ရန်တိုက်မပေးကြပါနဲ့ဗျာ... သေချာအောင်ပြောရရင် ဗမာလူမျိုးမှာလည်း မုစ်လင်မ်ရှိတယ်... မမြင်ဖူးရင် ရမည်းသင်း၊ ပခုက္ကူ၊ မြင်းခြံ၊ သာစည်၊ ရွှေဘို၊ မြေဒူး၊ စစ်ကိုင်း စတဲ့ဒေသတွေမှာ ဗမာစကားကလွဲလို့ ဘယ်စကားမှမတတ်တဲ့ အညာသားစစ်စစ်ဗမာလူမျိုး အစ္စလာမ်ဘာသာကိုးကွယ်တဲ့လူတွေ ရွာလုံးကျွတ်ရှိတယ်... အလားတူပဲ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးအဖြစ်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုးတွေမှာလည်း အစ္စလာမ်ဘာသာဝင်တွေရှိတယ်... အစ္စလာမ်ဘာသာကိုကိုးကွယ်လိုက်လို့ အဲ့ဒီလူတွေရဲ့ လူမျိုးစုဖြစ်ခွင့်ကြီးဆုံးရှုံးသွားတာမျိုးပြောဆိုရင်တော့ အဲ့ဒါဟာ ရိုးရိုးလူကပြောတာဆိုရင် ဘာသာရေးအားသန်တဲ့လူမျိုးကြီးဝါဒကိုဖြန့်ချိတာဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကပြောတာဆိုရင်တော့ အဲ့ဒါဟာ ဘာသာရေးနှိပ်ကွပ်ခြင်းပဲ... မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီမိုကရေစီစံနစ်ကို နည်းမှန်လမ်းမှန်နဲ့ကူးပြောင်းနေချိန်မှာ ဘာသာရေးအကြောင်းပြုပြီး လူမျိုးကြီးဝါဒကိုဖြန့်ဖြူးတာပဲဖြစ်ဖြစ်... လူမျိုးရေးအကြောင်းပြုပြီး ဘာသာရေးနှိပ်ကွပ်တာပဲဖြစ်ဖြစ် လုပ်ဆောင်တာက တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းစွာဖြစ်တည်ရေးကိုနှောက်ရှက်တာပဲဗျ... ရခိုင်မြောက်ပိုင်းဒေသမှာ လူမျိုးရေးပြဿနာပေါ်အခြေခံပြီး ဘာသာရေးအရပါ ဝင်ရောလို့ အဓိကရုဏ်းဖြစ်တော့ အပြစ်မဲ့တဲ့ လူတွေပဲ သေကျေပျက်ဆီးရ၊ အပြစ်မဲ့တဲ့မိသားစုတွေပဲ အိုးအိမ်တွေဆုံးရှုံးရဖြစ်ကြရတယ်... ဒါဟာအရင်အစိုးရကပေးခဲ့တဲ့ဆိုးမွေပဲ... မြန်မာနိုင်ငံက ကျန်ဒေသတွေမှာ အဲ့ဒီလိုဆိုးမွေမရှိပေမဲ့ ရခိုင်မြောက်ပိုင်းမှာ လွတ်လပ်ရေးရချင်ကစလို့ လူမျိုးရေးပြဿနာတွေရှိနေတယ်... ဒါကိုလူတော်တော်များများက ဘာသာရေးပြဿနာအထိဆွဲခေါ်လာပြီး မြန်မာမုစ်လင်မ်တွေ(တိုင်းရင်းသားမုစ်လင်မ်)တွေနဲ့ တိုင်းရင်းသားလူမျိုးအချင်းချင်း အိုးမဲသုတ်ပြီး တိုက်ပေးချင်ကြတယ်... ကျနော်တို့လိုချင်တာ သွားချင်နေတာ တစ်နိုင်ငံလုံး တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့တိုးတက်ရေးပဲ... နေရာတကာမှာ အဓိကရုဏ်းတွေ အိမ်နီးနားချင်း အချင်းချင်း သံသယမျက်လုံးတွေနဲ့နေချင်ကြတာမဟုတ်ဘူး... ဒါ့ကြောင့်လည်း ပြည်တွင်းက အမျှော်အမြင်ရှိတဲ့ ရဟန်းသံဃာတော်ကြီးတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူမျိုးရေးအဖွဲ့အစည်းတွေ၊ အစိုးရအာဏာပိုင်ထဲကသမာသမတ်ကျတဲ့မျှတသူတွေပူးပေါင်းပြီး တိုင်းပြည်အေးချမ်းတည်ငြိမ်အောင်ဆောင်ရွက်နေချိန်မှာ ဘာသာရေးကိုအခြေပြုတဲ့ Hate speeach, Hate letter, Hate ideology တွေမဖြန့်ဖြူးဖို့ ထောက်ခံအားမပေးဖို့လိုပါတယ်...

No comments:

Post a Comment