Sunday 17 June 2012

ဟိဂျဗ်ဝတ်တဲ့ အမေရိကန်မွတ်စ်လင်မ် အမျိုးသမီးဘောလုးံကစားသမား တစ်ယောက်ရဲ့ အခက်အခဲကို မျှဝေသောအားဖြင့် တစ်သင်းလုးံ ဟိဂျာဗ် ၀တ်ဆင်

ဟိဂျဗ်ဝတ်တဲ့ အမေရိကန်မွတ်စ်လင်မ် အမျိုးသမီးဘောလုးံကစားသမား တစ်ယောက်ရဲ့ အခက်အခဲကို မျှဝေသောအားဖြင့် တစ်သင်းလုးံ ဟိဂျာဗ် ၀တ်ဆင် Posted by taqwaone in Uncategorized. Leave a Comment ဖလော်ရီဒါ အထက်တန်းကျောင်းရှိ အမျိုးသမီးဘောလုးံ အသင်းခေါင်းဆောင် ဖြစ်သူ ဟိဂျဗ်ဝတ်တဲ့ မွတ်စ်လင်မ် ကစားဖော် ကို အားပေးသောအနေဖြင့် တစ်သင်းလုးံ ဒီနှစ်နောက်ဆုးံပွဲစဉ်တွေ မတိုင်ခင်အထိ ၀တ်ဆင်မည် ဖြစ်သည်။ သူမသည် မိမိယုံကြည်ချက်အပေါ် ခွဲခြားဆက်ဆံခံရမှု လှော်ပြောင်ခံရမှုများ မကြာခဏ ကြူံတွေရသည်။ “လူတွေက ကျွန်မတို့ကို သဘာဝလွန်ဖြစ်ရပ်တွေလို ၀ိုင်းကြည့်ကြတယ်” လို့ ကစားသမားတစ်ယောက်ဖြစ်တဲ့ ၀က်စ်ဘရို မာရီလိုင်းန် က Sun Sentinel ၀ဘ်ဆိုက်မှာ ပြောပါတယ်။ “ကျွန်မ အခု နားလည်ပြီ။ သူဘယ်လောက် ဒုက္ခတွေ ရင်ဆိုင်ခဲ့ရမလဲဆိုတာ” ယင်းက ထပ်ပြောသည်။ အလယ်တန်းကျောင်းသူ ဘ၀ကတည်းက ဟိဂျဗ်ဝတ်တဲ့ အသက် ၁၇ နှစ်အရွယ်ရှိ ဘောလုးံအသင်းခေါင်းဆောင်ဖြစ်တဲ့ အိုင်းရှုန်းခန်း ဟာ အခြား ဆယ်ကျော်သက်တွေနဲ့ မတူတဲ့ ခွဲခြားဆက်ဆံခံရမှု၊ အကြမ်းဖက်သမားလို့ ခေါ်ခံရမှုတွေနဲ့ သာမာန်မဟုတ်တဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ခဲရသည်။ ပြီးနောက် တစ်ကြိမ်ထက် မက ကိုယ်ထိလက်ရောက် တိုင်ခိုက်မှုတွေထိ ကြုံတွေခဲရကြောင်းသိရသည်။ သူမဟာ မိမိယုံကြည်ရာပေါ်မှာလည်း ရပ်တည်ပြီး၊ ကိုယ်ကြိုက်နှစ်သက်တဲ့ အားကစားကို ပြုလုပ်နေသည်။ သူမသည် နောက်နှစ်တွင် ဆေးကျောင်းတက်ရောက်၍ အားကစားဆိုင်ရာ ဆေးပညာ ကို လည်းသင်ယူ မှာဖြစ်ကြောင်း သိရသည်။ “ကျွန်မ က အလုပ်၊ ကျောင်း၊ အားကစား မိသားစု အချိန် နဲ့ ဘာသာရေးပေါ်မှာ ဟန်ချက် ညီ စွာ ညို နိုင်တယ်လို့ မိသားစုကို ပြနိုင်ခဲ့ပြီ” လို့ ပြောသည်။ “အရှုးံမပေးပါနဲ့ လိုဏ်ခေါင်းဆုးံရင် အလင်းရှိတယ်လို့” သူမကပြောပါတယ်။

No comments:

Post a Comment