Sunday 17 June 2012

ရှေးဟောင်း သမ္မာကျမ်းထဲမှာ ဂျီးဇတ် ပြောသော တမန်တော်မြတ် မုဟမ္မတ် ပွင့်မည့် အကြောင်း

ရှေးဟောင်း သမ္မာကျမ်းထဲမှာ ဂျီးဇတ် ပြောသော တမန်တော်မြတ် မုဟမ္မတ် ပွင့်မည့် အကြောင်း Posted by taqwaone in သတင်း. Leave a Comment တူရကီနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ သမ္မာကျမ်းစာ အဟောင်းထဲ မှ တမန်တော် မုဟမ္မတ် နဲ့ပတ်သတ်၍ ကြိုတင်ပြောကြားထားကြောင်း တွေ့ရှိရသည်။ “အစ္စလာမ် ရဲ့ယုံကြည်ချက်ရော သမ္မာကျမ်းထဲမှာပါ ဂျီးဇတ် ကို ဘုရားသခင်ရဲ့သားတော် တစ်ပါးအနေနဲ့ မဟုတ်ဘဲ၊ လူသားတစ်ယောက် အဖြစ်သာ ဖော်ပြထားပါတယ်” ဟု တူရကီနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ၀န်ကြီးဖြစ်တဲ့ အာသူဂရှုလ်း ဂူန်နေ က Daily Mail သတင်းစာမှာ ဖော်ပြထားပါတယ်။ “သုးံပါးတစ်ဆူ နဲ့ လက်ဝါးကပ်တိုင်ပေါ်မှာ ပေးဆပ်ခဲ့တယ်ဆိုတဲ့ အယူအဆကို လည်း အဲ့စာအုပ်က ငြင်းပယ်ထားပြီး တမန်တော်မြတ် မုဟမ္မတ် ပွင့်ပေါ်မည့် အကြောင်းကို ပြောကြားထားပါတယ်။” နှစ်ပေါင်း ၁၅၀၀ လောက်က သခင်ယေရှုရဲ့ အနီးကပ်ဆုးံ သာဝကကြီး ဘာနားဘာစ် ရဲ့ စာအုပ်သာ သမ္မာကျမ်းစာ အစစ်ဖြစ်တယ်လို့ မွတ်စ်လင်မ်တွေက ယုံကြည်ပါတယ်။ သာဝကကြီး ဘာနားဘာစ် ဟာ သခင်ယေရှု ရဲ့ သာဝက ၁၂ ပါးထဲက တစ်ပါးလည်းဖြစ်ပါတယ်။ သာဝကကြီး ဘာနားဘာစ် ဟာ ဆိုက်ပရိုက်တ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုတည်ထောင်သူဖြစ်ပြီး အစောပိုင်း ခရစ်ယာန်တွေကတော့ သူ့ကို သခင်ယေရှု စေလွတ်လိုက်တဲ့ ၁၂ ပါးထဲက သာဝကတစ်ပါးအဖြစ်သိကြပါတယ်။ “သားရေ သေတ္တာ ထဲက သားရေပေါ် မှာ ရေးထားပြီး အထဲမှာပါတဲ့ ကျမ်းချက်တွေကလည်း အစ္စလာမ်ရဲ့ ယုံကြည်မှုနဲ့ တူညီစွာ ဖော်ပြထားပြီး ခရစ်ယာန် ဘာသာဝင်တို့ကို အံအားသင့်စေခဲ့ပါတယ်” လို့ အာသူဂရှုလ်း ဂူန်နေ ကပြောပါတယ်။ ဂျီးဇတ်ကို အလ္လာဟ်စေလွတ်တဲ့ တမန်တော်များထဲမှမြင့်မြတ်တဲ့ တမန်တော်တစ်ပါးဖြစ်ပြီး၊ အလ္လာဟ်ရဲ့သားတော် မဟုတ်၊ မရ်ယမ်သခင်မရဲ့သားတော်သာဖြစ်ကြောင်း နဲ့ ထူးဆန်းစွာမွေးဖွားလာကြောင်း မွတ်စ်လင်မ်တွေက ယုံကြည်ကြပါတယ်။ ကုရ်အာန်ကျမ်းတော် မှာ ဂျီးဇတ်ကို အီစာလို့ သုးံထားပြီး အလ်မစီဟ် နဲ့ အီဗ်နေ့ မရ်ယမ် ( မရ်ယမ်၏သားတော်) ဟူ၍လည်း သုးံစွဲထားပါတယ်။ သူ့ရဲ့ လက်ဝါးကပ်တိုင်ပေါ်မှာ ပေးစပ်သွားခြင်း နဲ့ ပတ်သက်ပြီး မွတ်စ်လင်မ်တွေက ယင်းသို့ဖြစ်ခဲ့ခြင်း မဟုတ်၊ အရှင်မြတ်က ကောင်းကင်ဘုံ ဆောင်ယူ သွားခြင်းသာ ဖြစ်သည် ဟု ယုံကြည်ကြသည်။ ကမ္ဘာရဲ့နောက်ဆုးံနေ့ မတိုင်မီ ဂျီးဇတ်ပြန်လာ၍ ငြိမ်းချမ်းရေးကို ပြန်လှန် တည်မြဲစေပြီး၊ ခရစ်တော်ကို ဆန့်ကျင်သူများ (အလ်-ဒဂျလ်) ကိုခုခံပြီး အောင်မြင်မှုနဲ့ အမှန်တရားကို ယူဆောင်လာမည်ဟု ယုံကြည်ကြသည်။ အမှန်တကယ် ဂျီးဇတ်ရဲ့ နောက်လိုက်သူတွေဟာ ဂျီးဇတ်ကို တားဆီးသူ၊ ငြင်းပယ်သူ၊ မှားယွင်းစွာ ကိုယ်စားပြုသူတို့ အပေါ် မှာ အောင်မြင်မှုရမှာ ဖြစ်ကြောင်း မွတ်စ်လင်မ်တို့ က သက်ဝင်ယုံကြည်ကြသည်။

No comments:

Post a Comment