Saturday 4 August 2012

ရုပ် နာမ်ရောဂါပျောက်ဆေး

ရုပ် နာမ်ရောဂါပျောက်ဆေး “အို….လူသားအပေါင်းတို့ မုချဧကန် အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ် အထံတော်မှ အသင်တို့ထံသို့ ဆုံးမသြဝါဒတော်သည် လည်းကောင်း ရင်များအတွင်း၌ရှိသော (ဝေဒနာ)များ ပျောက်ကင်းစေသော ဆေးသည်လည်းကောင်း မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်သည်လည်းကောင်း ကရုဏာတော်သည် လည်းကောင်း ရောက်ရှိလာခဲ့လေပြီ” (ကုရ်အာန် ၁၀း၅၇) ကုရ်အာန်ကျမ်းမြတ်သည် ကမ္ဘာ့လူသား အားလုံးတို့ ခံစားနေရသော ရုပ်နာမ် နှစ်ပါး၏ ဒုက္ခဝေဒနာများကို ပျောက်ကင်းစေမည့် ဆေးနှင့် လမ်းညွှန်ဖြစ်ပေသည်။ သက်ဝင်ယုံကြည်၍ လက်တွေ့ဘဝ တည်ဆောက်သူ မုအ်မင်တို့အတွက် အလ္လာဟ်ထံမှ မဟာကရုဏာတော် အနန္တဖြင့် ဤလောကတွင်ပင် ငြိမ်းချမ်းမှုကို စတင်ခံစားရမည်ဖြစ်ပြီး တမလွန်ဘဝတွင် နိစ္စထာဝရ ပြီးပြည့်စုံသော ဂျန္နသ် ငြိမ်းချမ်းမှုကို ရပေမည်။ သက်ဝင်ယုံကြည်သော်လည်း လမ်းညွှန်အဖြစ် မလေ့လာသူ၊ မလိုက်နာသူ မုစ်လင်မ်တို့သည်လည်း မလိုက်နာမှုအတွက် ရုပ်-နာမ် နှစ်ပါးလုံး ဒုက္ခဝေဒနာ ပျောက်မည်မဟုတ်ချေ။ ကုရ်အာန်ကျမ်းမြတ်သည် ညီညွှတ်မှုမရှိ ဖြစ်နေသော မုစ်လင်မ်ထုကို စုစည်းပေးနိုင်မည့် တစ်ခုတည်းသော ဆေးဖြစ်သည်။ ‘ကုဖ်ရ်’ ဟူသည် အလ္လာဟ်အရှင်မြတ်အား မိမိ၏ ဖန်ဆင်းရှင် လောကခပ်သိမ်း၏ အရှင်သခင်၊ လူသားအားလုံး၏ ကရုဏာတော် ကျေးဇူးရှင် အဖြစ်ငြင်းပယ်ခြင်း၊ အလ္လာဟ်၏ ဝဟီလမ်းညွှန်တို့ကို လက်မခံ ငြင်းပယ်ခြင်းကို ခေါ်သည်။ ‘ကာဖိရ်’ဟူသည် ကုဖိရ်ဟူသော ငြင်းပယ်မှုများ ပြုလုပ်သူကိုခေါ်သည်။ ထိုသူတို့သည် တမလွန်တွင် အလ္လာဟ်၏ ကရုဏာတော်မှ ကင်းဝေးကြရပေမည်။ (ကုရ်အာန် ၅း၄၄) ‘ရှရိက်’ ဟူသည် အလ္လာဟ်ကို မိမိနှင့် လောကခပ်သိမ်း၏ အရှင်အဖြစ် လက္ခံသော်လည်း အခြားသော ဖန်ဆင်းခံအရာများ (သပမာ မလာအိကဟ်များ၊ ဂျင်များ၊ အလ္လာဟ်၏ တမန်တော်များ၊ လူသား ဘာသာရေးခေါင်းဆောင်များ၊ ရေ၊ မြေ၊ လေ၊ မီးနှင့် တောတောင် နက္ခတ် ကြယ်တာရာ စသည်တို့) ကို အလ္လာဟ်နှင့် တန်းတူထား၍ ကိုးကွယ်ခြင်းများကို ခေါ်သည်။ စင်စစ်မူ အလ္လာဟ်ကို နှိမ့်ချသော ပြစ်မှုကျူးလွန်ခြင်း ဖြစ်သည်။ ရှရိက် ပြစ်မှုကျူးလွန်သူကို မုရှရိက် ဟုခေါ်သည်။ (ကုရ်အာန် ၆း၁၆၃)

No comments:

Post a Comment