Tuesday 7 August 2012

ကိယာမသ် ရှင်ပြန်ထကြရမည့် အချိန်

“၄င်း (ကာဖိရ်)တို့သည် အသင့်အား (ရုပ်စကြဝဠာ၏) နောက်ဆုံးအချိန် နာရီနှင့် စပ်လျဉ်း၍ ယင်း အချိန်နာရီသည် မည်သည့်အခါ၌ ဆိုက်ရောက်မည်နည်းဟု မေးမြန်းကြကုန်၏။ အသင်ပြောလော့၊ ထို (ရှင်ပြန်ထရမည့်) အချိန်နှင့် စပ်လျဉ်းသော အသိသည်ကား ငါ၏ အရှင်မြတ်၌သာ ရှိ၏။ ထိုအရှင်မြတ်သည်သာလျှင် ယင်း (ကိယာမသ်နေ့)ကို ထို(ကိယာမသ် ဆိုက်ရောက်မည့်) အချိန်ကာလတွင် ပေါ်လွင် ထင်ရှားစေတော်မူအံ့၊ ထို (ကိယာမသ် ဆိုက်ရောက်ခြင်း)သည် မိုးကောင်းကင်များ၌ လည်းကောင်း၊ ကမ္ဘာဂြိုဟ်၌ လည်းကောင်း အလွန်လေးလံ (ကြီးကျယ်လှစွာသော ကိစ္စဖြစ်)၏။ ယင်း (ကိယာမသ်)သည် အသင့်တို့ထံ ရုတ်တရက် ဆိုက်ရောက်လာပေမည်” (ကုရ်အာန် ၇း၁၈၇)
ကုရ်အာန်ကျမ်းမြတ်တွင် ကိယာမသ် ရှင်ပြန်ထရမည့် နေ့ကို (ရုပ်စကြဝဠာ၏) နောက်ဆုံးအချိန်နာရီ (စာအဟ်)ဟု လည်းကောင်း (ယောင်မုလ်အာခီရတ်) နောက်ဆုံးနေ့တော်ကြီး ဟု လည်းကောင်း စသည့် အမည်များဖြင့် ခေါ်ဝေါ်ထားသည်။ အခြား အမည်များစွာ ရှိသေးသည်။
“စင်စစ် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်၌ အမှန်တကယ်ရှိသည့် အကွယ်တရားများ၏ အသိသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။ ထို့ပြင် နောက်ဆုံးအချိန်နာရီသည် မျက်စိတမှိတ်ကဲ့သို့သာ လျှင်မြန်စွာ ဖြစ်မည်။ သို့မဟုတ် (ထိုထက်ပင်) ပို၍ လျှင်မြန်စွာ ဖြစ်မည်။ မုချဧကန် အလ္လာဟ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း” (ကုရ်အာန် ၁၆း၇၇)
“ငါအရှင်မြတ်သည် ယင်း(ရှင်ပြန်ထရမည့်) အချိန်ကို (မည်သူ့ကိုမျှ အသိမပေးဘဲ) လျှို့ဝှက်ထားရန် အလိုရှိတော်မူ၏။ (သို့သော်) ယင်းအချိန်သည် မုချဧကန် ဆိုက်ရောက်လာမည်သာဖြစ်၏။ လူတိုင်း လူတိုင်းသည် မိမိ၏ ကြိုးပမ်းမှုနှင့် လျော်ညီစွာ အကျိုး ခံစားနိုင်အံ့သောငှာ ဖြစ်သည်။ (ကုရ်အာန် ၂၀း၁၅)

No comments:

Post a Comment