Tuesday 11 February 2014

ကျန်းမာသန့်ရှင်းခြင်း

“သန့်ရှင်းစင်ကြယ်ခြင်းသည် အစ္စလာမ့်ယုံကြည်ချက် (အီမာန်) ၏ ထက်ဝက်ဖြစ်သည်။” (မုစ်လင်မ်ကျမ်း)
အစ္စလာမ့်တရားတွင် ရေကောင်းရေသန့် အိမ်သာနှင့် အပေါ့အလေးသွားခြင်း၊ သွားသန့်ရှင်းခြင်း၊ နေ့စဉ် ၅-ကြိမ်းဝတ်ြပုရန် ၀ုဒွူခေါ်ကိုယ်လက်ခန္ဓာသန့်စင်ခြင်း၊ ရေချိုးခြင်း၊ ရေအသုံးပြုရန်အခက်အခဲရှိပါက စိတ်ြဖင့်ပြဌာန်းသန့်စင်ခြင်း (သယမ်မွန်) စသည့် တစ်ကိုယ်ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းစင်ကြယ်ခြင်းကို အလေးထားသင်ကြား ပြီးဖြစ်ပါသည်။ ဤနေရာတွင် အသေးစိတ်မရှင်းလင်းလိုတော့ပါ။ သို့သော် မိသားစု ကျန်းမာရေးအတွက် မြန်မာနိုင်ငံ၏ အခြေအနေနှင့် စပ်လျဉ်း၍ သိအပ်သည် တို့ကိုတင်ပြ အပ်ပါသည်။
(၁) တစ်ကိုယ်ရေသန့်ရှင်းစင်ကြယ်ခြင်း
အစာမစားမီ၊ အစာစားပြီးတိုင်း အိမ်သာမှ ဆင်းချိန်တွင်သာမက အညစ်အကြေး တစ်ခုခု ကိုင်ပြီးတိုင် လက်ကိုဆပ်ပြာ၊ သဲဆပ်ပြာ၊ ပြာ စသည့်တစ်ခုခုဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ ဥပမာ- မစင်စွန့်ပြီးသော ကလေးကို သန့်စင်မှုပြုပြီးလျှင်ဖြစ်စေ၊ ခွေး၊ ကြောင် စသည်တို့ကို ကိုင်ပြီးလျှင်ဖြစ်စေ၊ သားစိမ်း ငါးစိမ်းများကို ကိုင်တွယ်ပြီးလျှင် ဖြစ်စေ လက်ကို သန့်စင်စွာ ဆေးပါ။ သို့မှသာ မသန့်ရှင်းသော လက်မှ ရောဂါပိုးများ အစားအသောက်အတွင်းသို့ ၀င်ရောက်ခြင်းကို ကာကွယ်ပြီး ရောဂါအန္တရယ်ကို ကာကွယ်နိုင်ပါသည်။
ကလေးသည် ကစားရင်းဖြစ်စေ၊ ကစားပြီးသောအခါဖြစ်စေ ပါးစပ်တွင်းသို့ လက်ထည့်သွင်း လေ့ရှိပါသည်။ ထို့ကြောင့် ကလေး၏လက်ကို စစ်ဆေး၍ လက်ဆေးပေးရန် လိုအပ်ပါသည် ပါးစပ်ထဲသို့လက်ထည့်သည့်အကျင့်ကိုလည်း ဖျောက်ပေးပါ။
ကလေး၏မျက်နှာစင်ကြယ်အောင်ထားပါ။ ဆပ်ြပာဖြင့် မျက်နှာသစ်ပေးပါ။ သို့မှသာ ကလေးမျက်နှာတွင် ယင်နားခြင်းကင်းဝေးပြီး ကလေးမျက်လုံးထဲ ယင်ကောင်များ ၀င်ဥကာ ရရှိမည့် ရောဂါပိုးမှ ကာကွယ်နိုင်ပါသည်။လက်သည်းခြေသည်းများသည် ခန္ဓာကိုယ်မှ မလိုအပ်တော့သော ပစ္စည်းများဖြစ် ပါသည်။ အညစ်အကြေးရောဂါပိုးများ ခိုအောင်းရန်ကောင်းသောနေရာဖြစ်သည်။ ကလေးငယ်ဘ၀မှပင် မှန်မှန်ညှပ်ပေးပါ။ လက်သည်းရှည်၊ ခြေသည်းရှည်ထားသော ဓလေ့ဇရိုက်ဆိုးကို ငယ်စဉ် ကပင်ရှောင်ရှားပါ။ (၂) ယင်လုံ၊ အနံ့လုံ၊ အရှက်လုံသည့် သန့်ရှင်းသော အိမ်သာဆောက်လုပ်သုံးစွဲခြင်း
မစင်မှတစ်ဆင့် ၀မ်းနှင့်ပတ်သက်သောရောဂါများ အသည်းရောင်၊ အသားဝါ၊ တိုကဖွိုက် (ခေါ်) အူရောင်ငန်းဖျား၊ သန်ကောင်ရောဂါများ ကူးစက်နိုင်ပါသည်။ ရောဂါပိုးများသည် မစင်မှတစ်ဆင့်အစားအစာ၊ သောက်ရေ၊ လက်၊ အိုးခွက်၊ ပန်းကန်များပေါ်သို့ ရောက်ရှိကူးစက်ပြန့်ပွားနိုင်ပါသည်။
ကူးစက်ရောဂါအန္တရယ်မှ ကင်းဝေးစေရန်-
- အနံကင်းရှင်းသော ယင်လုံအိမ်သာဆောက်လုပ်ရန်၊
- အိမ်သာကို သောက်သုံးရေတွင်း၊ ရေကန်စသည်တို့မှ ပေ-၅၀ အကွာတွင်ဆောက်လုပ်ရန်။
- အိမ်သာကို အမြဲသန့်ရှင်းစွာထားပါ။ ယင်ကောင်နှင့်မစင် မထိတွေ့အောင်ကာကွယ်ပါ။
ကလေးငယ်၊ ရင်ခွင်ပိုက်ကလေးအချို့၏မစင်တွင် ရောဂါပိုးများရှိခဲ့ပါက လူကြီးမစင် ထက်ပင် ကြောက်စရာကောင်းပြီး အန္တရယ်ကြီးပါသည်။ ကလေး၏မစင်ကို အိမ်သာ သို့ ချက်ချင်း စွန့်ပစ်ပါ။ သို့မဟုတ် မြေမြှုပ်ပစ်ပါ။ (၃) ရေကောင်ရေသန့်သောက်သုံးပါ ရေကောင်းရေသန့်ဆိုသည်မှ သောက်သုံးသောသူအား ဘေးအန္တရယ်ဖြစ်စေနိုင်သည့် ရောဂါပိုးများ၊ ဓါတ်သတ္တုများ အနယ်အနှစ်၊ အမှုန်အမွှားများ ကင်စင်သည့် ရေမျိုးကို ခေါ်ပါသည်။ ရေကောင်းရေသန့်ကို (၁) အ၀ီစိတွင်း၊ (၂) အကာအကွယ်ပြု လုပ်ထားသော တွင်းနှင့်စိမ့်စမ်းရေ၊ (၃) အညစ်အကြေးမ၀င်အောင်ကာကွယ်ထားပြီး စနစ်တကျခံယူထား သောမိုးရေ (၄) စနစ်တကျလွှတ်ပေးသော ရေပိုက်လိုင်း စသည်တို့မှ ရရှိနိုင်ပါသည်။
မသန့်ရှင်းသောရေကို (၁) ရေစစ်အိုးဖြင့် စစ်ယူခြင်း (၂) ကျောက်ချဉ်ကို အသုံးပြုခြင်း၊ (၃) ရေကိုကျိုချက်သောက်ခြင်း စသည့်နည်းလမ်းတို့ဖြင့် သန့်ရှင်းအောင်ပြု လုပ်နိုင်ပါသည်။
ရေထဲသို့ ရောဂါပိုးများမ၀င်ရောက်စေရန်
(၁) သောက်သုံးရေတွင်းများကို လုံခြုံဖုံးအုပ်ပေးပါ။ (၂) ရေကိုသန့်ရှင်းသော ရေကန်၊ ရေစည်၊ ရေအိုးတို့တွင်သိုလှောင်ပြီးစနစ်တကျဖုံးအုပ် ထားပါ။ (၃) ရေကို သန့်ရှင်းသော ရေပုံး၊ ရေအိုးဖြင့် သယ်ဆောင်ပါ။ (၄) လက်ကိုင်ပါသော ရေပုံး၊ ရေအိုးမျာဖြင့် သယ်ဆောင်ပါ။ (၅) လက်ကိုင်ပါသော သောက်ရေခွက်နှင့် ရေကိုသုံးပါ။ လက်ကိုင်နစ်သည်အထိရေကို နှစ်ပြီး မခက်ပါနှင့်။ (၅) မကျန်းမာသူအတွက် သောက်ရေခွက်ကို သီးသန့်ထားသုံးပါ။ (၆) ရေတွင်း၊ ရေကန်မျာအနီး၌ ရေချိုးခြင်း၊ အ၀တ်လျှော်ခြင်း တိရစ္ဆာန်မွေးမြူခြင်းတို့ မပြုရ။ (၄) အစားအစာများကို ကျက်အောင်ချက်ပြုပြီးစားသောက်ခြင်းသည် ရောဂါပိုးများကိုသေစေ နိုင်သည်။
ချက်ပြုပြီးအစားအစာတို့ အေးစက်သွားပါက ရောဂါပိုးများဝင်ရောက်နိုင်ရန် ပိုမိုလွယ်ကူပါ သည်။ စားကာနီးတွင် ပူအောင်နွှေးပြီးမှ စားသင့်ပါသည်။ ဓါး၊ စဥ့်နီတုံးစသည်တို့ကို အသုံးပြုပြီး
စနစ်တကျဆေးကြောပါ၊ လုံခြုံစွာ သိမ်းဆည်းပါ။
သားငါးစိမ်း၊ ဟင်းသီးဟင်းရွက်မျာ မချက်ပြုတ်မီ မကိုင်တွယ်မီ လက်ကို စင်ကြယ်အောင် ဆေးကြောပါ။ ပန်းကန်ဆေးသည့်ရေနှင့် သုတ်သည့်အ၀တ်တို့ကို လည်း သန့်ရှင်းစွာထားပါ။ မကြာခဏ လဲလှယ်အသုံးပြုပါ။
ဝမ်းနှင့်ပတ်သတ်သော ရောဂါဖြစ်နေသူ အသည်းရောင်အသားဝါရောဂါဖြစ်သူ၊ လက်တွင်အနာရှိသူတို့သည် အစားအစာပြင်ဆင်ချက်ပြုတ်ခြင်း မပြုရ။
အိုးခွက်ပန်းကန်တို့ကို သန့်ရှင်းစွာထားပါ။ ယင်၊ ကြွက်၊ ခွေနှင့် အခြားတိရစ္ဆာန်များ မ၀င်အောင်လုံခြုံစွာထားပါ။ ယင်နှင့်ကြွက် နှိမ်နင်းပါ။ ယင်နားစာ မစားပါနှင့်။ (၅) အမှိုက်များကို စနစ်တကျစွန့်ပစ်ပါ မီးရှို့ပစ်ပါ၊ မြေမြှုပ်ပါ။ အမှိုက်နှင်တိရိစ္ဆာန်တို့၏မစင်မှ ရောဂါပိုးများ ကူးစက်ပြန့်ပွား နိုင်ပါ သည်။
ကလေးငယ်များအား လစ်လျူရူခြင်း၊ ညှင်းပမ်းခြင်းတို့မှ အကာအကွယ်ပေးခြင်း
အစ္စလာမ်သည် ကရုဏာတရားပေါ်တည်ဆောက်ထားခြင်း
အလ္လာဟ်အရှင်မြတ်သည် တုနှိုင်းမဲ့ကရုဏာတော်ရှင်ဖြစ်တော်မှု၏။ အလ္လာဟ်၏ ကရုဏာတော်သည် အရာခပ်သိမ်းအပေါ်လွှမ်းခြုံလျက်ရှိတော်မှု၏။ (ကုရ်အာန် ၇း၁၅၆)
တမန်တော်ချုပ် မုဟမ္မဒ်သခင်ကိုလည်း အလ္လာဟ်အရှင်မြတ်က လောကခပ်သိမ်း အတွက် ကရုဏာတော်တစ်ရပ်အဖြစ် စေလွှတ်ခဲ့ခြင်းသာဖြစ်သည်။ (ကုရ်အာန် ၂၁း၁၀၇)
ကျမ်းမြတ်ကုရန်အာန်သည် လူသားတို့အတွက် ရောဂါပျောက်ဆေးနှင့် ကရုဏာတော် ဖြစ်၏။ (၁၇း၈၂)
အစ္စလာမ်ဘ၀တည်ဆောက်မှုလမ်းစဉ်သည် ကရုဏာတရားပေါ်အခြေခံ တည်ဆောက်ထား ပေရာ အမှန်တရားကို သက်ဝင်ယုံကြည်သူတို့ကိုလည်း ကရုဏာတရားပွားများရေးအတွက် ညွှန်ကြားထား၏။
“. . . ထို့ပြင် ၎င်းတို့သည် ကရုဏာတရားထားရှိကြရန် အချင်းချင်း လေးနက်စွာ တိုက်တွန်းနှိုးဆော်ကြကုန်၏။” (ကုရ်အာန် ၉၀း၁၇)
“ . . . စင်စစ် ညှင်းပန်နှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက်ပင် ပို၍ ဆိုးရွားလှ၏။” (၂း၁၉၁)
“ . . . ၎င်းပြင် အသင်သည် အလေးမမှု လစ်လျူရှုသူတို့သည် အပါအ၀ါ အဖြစ်လေနှင့်။” (ကုရ်အာန် ၇း၂၀၅)
အလ္လာဟ်အရှင်မြတ်သည်လည်း ဖန်ဆင်းခံလောကတွင်နှင့်စပ်လျဉ်း၍ အလေးအနက် ထားတော်မှု၏။ (ကုရ်အာန် ၂၃း၁၇)။ လူသားတို့ကိုလည်း အလေးအနက်ထား စေလို၏။ လူသားတို့ လမ်းလွဲရခြင်းအကြောင်းအရင်းတွင် လစ်လျူရှုခြင်းလည်း ပါဝင်ပါသည်။ (ကုရ်အာန် ၇း၁၄၆၊ ၁၀း၇၊ ၃၀း၇)

No comments:

Post a Comment