Sunday 30 September 2012

အလ္လာဟ်နှင့်သက်သလက္ခဏာတော်များ

အလ္လာဟ်နှင့်သက်သလက္ခဏာတော်များ ငြိမ်းချမ်းလုလင် တတိယအကြိမ်
ပထမအကြိမ် ၁၉၈၇ ခုနှစ်၊ အုပ်ရေ (၃၀၀၀) ဒုတိယအကြိမ် ၁၉၈၈ ခုနှစ် အုပ်ရေ (၃၀၀၀)
တတိယအကြိမ် ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ ဟစ်ဂျရီ ၁၄၁၃ ခုနှစ်၊ ဂျမာဒီအာခိရ်လ အုပ်ရေ နှစ်ထောင် တန်ဖိုး……………
ဘာသာရေးဆိုင်ရာစာမူခွင့်ပြုချက် (၇/၉၂) (၁) မျက်နှာဖုံးခွင့်ပြုချက်အမှတ် (၄၂/၉၂) (၁၁) မျက်နှာဖုံးဒီဇိုင်း အာဒမ်ချစ် စာအုပ်ချုပ် မြတ်
ထုတ်ဝေသူ ဦးကျော်ဝေ (မကွေး) (၀၉၂၈) စာပေသစ် စာပေတိုက် ၁၅၄/၄၅ လမ်း၊ ဗိုလ်တထောင် ၊ရန်ကုန်မြို့
ပုံနှိပ်သူ ဦးဝင်းမြိုင် (၀၂၄၈၆) သဒ္ဓိမြိုင် ပုံနှိပ်တိုက် ၁၁၃/၃၄ လမ်း၊ ရန်ကုန်မြို့။
In the name of Allah, Most Gracious, Most Merciful ပြည်ထောင်စု မြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ အလ်ဟာဂ်ျ မုဖတ်စေရွလ်ကုရ်အာန် အလ္လာမဟ်ဃာဇီ မုဟမ္မဒ်ဟာရှင်မ်၏ အမှာစာ
ငြိမ်းချမ်းလုလင် ပြုစုထားသော “အလ္လာဟ်နှင့် သက်သေလက္ခဏာတော်များ” စာအုပ်ကို လေ့လာခွင့်ရပါသည်။ ကုရ်အာန်ကျမ်းလာ အာယာသ်တော်(အမိန့်တော်)များကို တင်ပြထားပါသည်။ ကုရ်အာန်ကျမ်းမြတ်သည် ရွတ်ဖတ်ရန်သာမဟုတ်၊ လေ့လာရန်၊ ဆည်းပူးရန်၊ တွေးခေါ်မြော်မြင်ရန်၊ သုံးသပ်ရန်၊ ထွင်းဖောက် သိမြင်ရန်၊ စာတွေ့လက်တွေ့ ကျင့်သုံးရန်သာ ဖြစ်ပါသည်။ ဤသည်ကို ကုရ်အာန်ကျမ်းမြတ် (၄၇း၂၄)တွင် ညွှန်ကြားထားတော်မူသည်။
ဤသည်ကိုပင် ငြိမ်းချမ်းလုလင်သည် မိမိစာအုပ်တွင် သမိုင်း၊ သိပ္ပံ၊ ရှုထောင့်စုံမှ လေ့လာဆည်းပူး၍ တင်ပြထားပါသည်။ အထူးသဖြင့် အလ္လာဟ်၏ သက်သေလက္ခဏာတော်များကို သိပ္ပံနည်းကျကျ တင်ပြထားသည်မှာ အမှန်တရားကို လိုလားသူများ အဖို့ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
သိပ္ပံထွန်းကားနေသော ဤသည့်ခေတ်မျိုးတွင် သိပ္ပံနှင့်ယှဉ်၍ တင်ပြထားသော ဤစာအုပ်ပေါ်ထွက်လာသည့် အတွက် ဂုဏ်ယူမိပါသည်။ ငြိမ်းချမ်းလုလင်အားလည်း ကျေးဇူးတင်မိပါသည်။ ဤသို့သော အသိပညာပေးစာအုပ်များ ပြုစုထုတ်ဝေနိုင်ရန်အတွက် ဆုတောင်းပေးပါသည်
ဃာဇီမုဟမ္မဒ် ဟာရှင်မ် (၂၁.၈.၈၇)
စာရေးသူ၏ အမှာစာ
လူသားတိုင်းသည် အောင်မြင် ငြိမ်းချမ်းသောဘဝကို ရလိုကြ၏။ သို့သော် အဘယ့်ကြောင့် လူသားတို့ဆုံးရှုံးနေကြရသနည်း။ ဤစာအုပ်တွင် အစ္စလာမ်ခေါ် ငြိမ်းချမ်းရေး သာသနာက ပြဆိုသည့် ဆုံးရှုံးရမှု၏ အကြောင်းရင်းနှင့် အောင်မြင်ငြိမ်ချမ်းမှု၏ သော့ချက်ကို တင်ပြထားပါသည်။
မဟာကရုဏာတော်ရှင် အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခံ လူသားတို့အတွက် ပြီးပြည့်စုံသော ကျမ်းမြတ်ကုရ်အာန်ကို ချပေးထားပေသည်။ အလ္လာဟ် အရှင်မြတ်၏ ဒေသနာတော်တို့သည် မည်သည့်အခါမျှ ပြောင်းလဲမှုမရှိသည့် အလ်ဟတ်က်ခေါ် သစ္စာတရားများပင်တည်း။ သို့သော် လူသားတို့၏ အတွေးအခေါ် ဆင်ခြင်တုံတရားတို့သည်ကား ခေတ်ကာလ၊ အချိန်အခါ၊ အခြေအနေကိုလိုက်၍ ပြောင်းလဲလျက်ရှိပေသည်။ လူသားဟူသည် ပြီးပြည့်စုံသည် မဟုတ်ချေတကား။
ဤစာအုပ်တွင် အလ္လာဟ်အရှင်မြတ်ထံမှ ချပေးတော်မူသော ကျမ်းမြတ်ကုရ်အာန်၏ အာယာသ်တော်အချို့ကို ယနေ့ခေတ် လူသားတို့၏ အာကာသ၊ နျူကလီးယား၊ ကွန်ပြူတာ၊ သမိုင်းစသော သိပ္ပံ၊ ဝိဇ္ဇာ ပညာရပ်တို့ဖြင့် ဆန်းစစ်လေ့လာတင်ပြထားပေရာ နောင်တစ်ချိန် လူသားတို့ အသိပညာတိုးတက်လာသည်နှင့်အမျှ စာရေးသူ ယခုတင်ပြသော အချက်များသည် အားနည်းကောင်း နည်းသွားပေမည်။ သို့သော် နိစ္စထာဝရ ပြီးပြည့်စုံတော်မူသော အလ္လာဟ် အရှင်မြတ်ကမူ ခေတ်တိုင်းရှိ ဖန်ဆင်းခံ လူသားတို့ကို ကုရ်အာန်ကျမ်းမြတ် (အလ်ဟတ်က်)အား ဆန်းစစ်လေ့လာကြရန် ဖိတ်ခေါ်ထားပေသည်။
သော့ရှိပါလျက် မဖွင့်သူအတွက် ကုသရန် ဆေးမရှိတော့ပြီ…။ ငြိမ်းချမ်းလုလင် (၇.၄.၈၇)
စာရှုသူများသို့
ဤစာအုပ်တွင် ကုရ်အာန်ကျမ်းမြတ်၏ အာယာသ်တော်များကိုဖော်ပြရာ၌…. … ဥပမာ-ကုရ်အာန်(၁း၂) ဟူသည် ကုရ်အာန်ကျမ်းမြတ်၏ စူရဟ်ကဏ္ဍ အမှတ်(၁)၊ အာယာသ်တော်အမှတ်(၂) ကို ဆိုလိုသည်။ …ဥပမာ-(၁၀း၁၁-၁၅) ဟူသည်….
စူရဟ်ကဏ္ဍအမှတ် (၁၀)၊ အာယာသ်တော်အမှတ်(၁၁ မှ ၁၅)ကို ဆိုလိုသည်။ …ကုရ်အာန်ကျမ်းမြတ်မှ သက်ဆိုင်ရာ အာယာသ်တော်များ၏ တိုက်ရိုက် မြန်မာဘာသာပြန်ကို “….” အဖွင့်အပိတ် ကော်မာများအတွင်း ထည့်သွင်းထား၍ အဆုံးတွင် သက်ဆိုင်ရာ အာယာသ်တော်နံပါတ်ကို ဖော်ပြထားပါသည်။ …တိုက်ရိုက် ဘာသာပြန်မဟုတ်ဘဲ ရည်ရွယ်ချက်သက်သက်သာ ဖြစ်ပါက အဖွင့်အပိတ် ကော်မာမပါဘဲ အဆုံးတွင် ရည်ညွန်းလိုသော အာယာသ်နံပါတ်ကို ဖော်ပြထားပါသည်။
…မုစ်လင်မ် စာရှုသူများအနေနှင့် တမန်တော်မြတ် မုဟမ္မဒ်၏ နာမတော်၊ အခြား တမန်တော်များ၏ နာမတော်များ၊ ဆွလာဟာဘဟ်၊ ဆွဟာဘဟ်မကြီးများ၏ နာမတော်များကို ဖတ်တိုင်း သက်ဆိုင်ရာ နည်းအတိုင်း မေတ္တာပို့ကြပါကုန်။ …မည်သူမဆို ဤစာအုပ်နှင့်ပတ်သက်ပြီး အကြံပြု၊ ဝေဖန်၊ ဆွေးနွေးစရာများရှိလျင် အောက်ပါ လိပ်စာများအတိုင်း ဆက်သွယ်နိုင်ပါသည်
ငြိမ်းချမ်းလုလင် အမှတ် ၂၃၊ ၁၃၉ လမ်း မအူကုန်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ ။
ငြိမ်းချမ်းလုလင် မြတ်-စာပေလုပ်ငန်း၊ အမှတ်-၂၁၁၊ ၃၂ လမ်း (အထက်)ရန်ကုန်မြို့

No comments:

Post a Comment