Tuesday 25 February 2014

ကောင်းမြက်သော သားသမီးထားခဲ့ရန် တမန်တော်မြတ်၏ သြ၀ါဒ

“လူတစ်ဦး၏ (ကောင်းမှု၊ မကောင်းမှု) လုပ်ရပ်များသည် ထိုသူသေဆုံးသည်နှင့် ရပ်ဆိုင်း သွား၏။ သို့သော် ထိုသူသေဆုံးပြီးသော်လည်း သူ၏ကောင်းမှုအကျိုး ကျေးဇူးမရပ်သော လုပ်ရပ်သုံးခုရှိ၏။ ဆွဒကဟ် ဂျာရီယဟ်ခေါ် ထာဝရကောင်းမှု အကျိုးရှိစေမည့်အလှူ၊ အကျိုးဖြစ်ထွန်းစေသည့်ပညာနှင့် သူ( မိဘ) အတွက် ဆုမွန်ဒုအါအ်ပြုပေးသည့် ကောင်းမြတ် သောသားသမီးထားရှိခဲ့ခြင်းပင်းဖြစ်သည်။” (မုစ်လင်မ်ကျမ်း)
လူတိုင်းသည် မိမိ၏ လုပ်ရပ်အတိုင်း ကောင်းမှု၊ မကောင်းမှုအကျိုးစစ်ဆေးခံကြရမည် ဖြစ်သည်။ သို့သော် မုစ်လင်မ်တစ်ဦးအနေဖြင့် အခြားမုစ်လင်မ်ညီနောင်များအတွက် ‘မဃ်ဖိရသ်’ ခေါ်လွတ်ငြိမ်းချမ်းသာခွင့် ဆုမွန်ဒုအါအ်ပြုပေးရန် လမ်းညွှန်ထား၏ (၅၉××)။ ထို့ကြောင့် မိဘကျေးဇူးသိတတ်ပြီး ကိုယ်ကျင့်တရားကောင်းမြတ်သော သား၊ သမီးများပျိုးထောင်ထားခဲ့ရန် ညွှန်ပြခဲ့ခြင်းဖြစ်၏။
>ကျောင်းရွေးချယ်ခြင်း
၅-နှစ်အရွယ်မှစ၍ နောက်ထပ်ငါးနှစ်တာကာလသည် ကလေးသည် ခေတ်ပညာမှုလတန်း အဆင့်ပညာရေးကို တတ်ရောက်ရတော့မည်ဖြစ်သည်။ ထို့အတူ အစ္စလာမ်ဘာသာရေး ကျောင်းကိုလည်း တတ်ရောက်ကြတော့မည်ဖြစ်သည်။ ထိုကာလအတွင်းကလေးသည် သြဇာသက် ရေက်မှုအသစ်အဆန်းများ၊ သင်ကြားမှုများ ပုံသွင်းမှုများခံရမည်ဖြစ်ရာ ယင်းတို့ကို မိဘက တိုက်ရိုက်ကွပ် ကဲနိုင်စွမ်းရှိပါ။ ထို့ကြောင့် မိဘအုပ်ထိန်းသူအနေဖြင့် အခြေအနေ ပေးက ကျောင်းရွေးချယ်တတ်ရန်လိုအပ်သည်။
(က) ကလေးသည်သူမြင်သမျှကို အတုယူမည်ဖြစ်ရာ ကိုယ်ကျင့်တရားကောင်းသောအပြု အမှုအပြောအဆိုကောင်းမြတ်သော ဆရာများ၊ ၀န်ထမ်းများရှိသောကျောင်း။
(ခ) အခြားသောကျောင်းသားကလေးများသည် အသင့်ကလေးအပေါ် ကြီးမားသောသြဇာ သက်ရောက်မှုရှိမည်ဖြစ်ရာ မိမိကလေးအတွက် ပျော်ရွှင်ဖွယ်စည်းကမ်းရမည့်ကျောင်း မျိုးကို ရွေးချယ်သင့်ပါသည်။
ကျောင်းများအနေဖြင့် ကျောင်းသားများကို အကောင်းဆုံးအဆင့်အတန်းဖြစ်စေရန် ပညာပေးခြင်း၊ လေ့ကျင့်ခြင်းများ ပြုကြပါသည်။ ယင်းလုပ်ငန်းအောင်မြင်စေရန် မိဘအုပ်ထိန်း သူတို့၏ ပူးပေါင်းဆောင်ရွက်မှု အကူအညီလည်း လိုအပ်ပါသည်။ ကလေး၏စာပေအရည် အသွေးတိုးတက်ကောင်းမွန်ရေးကို တတ်အားသရွေ့ ကူညီပေးပါ။
အိမ်စာသည် ပညာရေး၏အခြေခံလိုအပ်ချက်တစ်ရက်ဖြစ်ပါသည်။ ကလေးများ အတွက် ကျောင်း၌ပညာသင်ပြီး အကြောင်းအရာများကို ပြန်လည်လေ့လာစေ ခြင်းသာမက မိဘအုပ်ထိန်းသူများအတွက် ကျောင်းနှင့် ကလေး၏ ပညာရေးအဆင့် အတန်ကို သတိပြုနိုင်စေရန် အခွင့်အရေးတစ်ရပ်ဖြစ်ပေသည်။ ကလေး၏ စာပေ အရည်အသွေးတိုးတက်ကောင်းမွန်ရေးကို တတ်အားသရွေ့ကူညီပေးပါ
ဘ၀အတွက်လေ့ကျင့်ပေးခြင်း
တမန်တော်မြတ်သည် ရေကူးခြင်း၊ မြင်းစီးခြင်း မြှားပြစ်ခြင်းတို့ကို သူ့ခေတ်သူ့အခါအရ အားပေးခဲ့သည်။ ထို့ကြောင့် ကလေးငယ်တို့ကို ငယ်စဉ်ကပင် ရေကူးခြင်းအပါအ၀င် ယခုခေတ်နှင့် လျော်ညီသော အားကစားပညာရပ်ကို သင်ကြား ပေးရပေမည်။ ကလေးတို့ကို ငယ်စဉ်ကပင် ကိုယ်ကာယနှင့် စိတ်ဓါတ်ဖွံ့ဖြိုး တိုးတက်စေသော အားကစားဖြစ်စေ၊ အနုပညာဖြစ်စေ စိတ်ဝင်စားအောင် ပြုထားပေး ခြင်းဖြင့် နောင်အခါ မှုးယစ်ဆေးဝါးအပါအ၀င် လွဲမှားသော အသိုင်းအ၀န်းများမှ ရှောင်ရှားစေနိုင်အောင် ဆောင်ရွက်ပေးရမည်။
>ခေတ်ပညာနှင့် ဘာသာရေးပညာနှစ်မျိုးလုံးအရေးကြီးသည်
အစ္စလာမ်သည်(ဒီန်) ဘ၀တည်ဆောက်မှုလမ်းစဉ်ဖြစ်ပေရာ လောကီရေး၊ တမလွန် ရေးဟူ၍ခွဲခြမ်းမှုမရှိ။ လူ့လောက၌ကြုံတွေ့ရမည့် ရေးရာအားလုံးကို အလ္လာဟ်၏ လမ်းညွှန်အတိုင်း နာခံဆောင်ရွက်ရန်ညွှန်ကြားထား၏။ လောကီနှင့်တမန် လွန်နှစ်ဘ၀လုံးကို အလှဆင်ရန် သင်ကြားပေးထား၏။ ထို့ကြောင့် အစ္စလာမ့်ပာရေး စနစ်တွင် ကုရ်အာန်ကို အခြေပြု၍ သိပ္ပံ၊ ၀ိဇ္ဇာ၊ စီးပွားရေး၊ ဥပဒေ၊ ဒဿနပညာရပ်အား လုံးကို သင်ကြားစေသည်။ အစ္စလာမ့် တက္ကသိုလ်များတွင် ယင်းပညာရပ်တို့နှင့်အတူ ကုရ်အာန်၊ ဟဒီဆ်၊ ဖိကဟ်ပညာ ရပ်တို့ကို ယှဉ်တွဲလျက်သင်ကြားပေး၏။ ယင်းကဲ့သို့ ပညာရေးစနစ်မရှိသောနေရာများတွင် မုစ်လင်မ် မိဘများအနေဖြင့် ကလေးများကို လောကီခေတ်ပညာနှင့် ဘာသာရေးပညာ နှစ်မျိုးစလုံးကို တတ်အောင်စီစဉ်သင်ကြား ပေးကြရပါမည်။ (ကုရ်အာန် ၃၅း၂၇-၂၉၊ ၃း၁၉၀-၁၉၁) ကုရ်အာန်ဖတ်ရွတ်လေ့လာစေခြင်း
“. . . ၎င်းပြင် အသင်သည်ကုရ်အာန်ကို အလွန်ကောင်းမွန်စွာရှင်းလင်းပီသအောင် ဖြည်းဖြည်းမှန်မှန် စနစ်ကျစွာ ရွတ်ဖတ်ပါလေ” (ကုရ်အာန် ၇၃း၎)
ကလေးကိုငယ်စဉ်ကပင် သဂ်ျဝီဒ်ခေါ် ကုရ်အာန်ကို စနစ်တကျ ရွတ်ဖတ်နည်းပညာဖြင့် သင်ကြားပေးရမည်။ သင်သည့်ဆရာ သို့မဟုတ် အသံထွက်အမှားများ နှုတ်မှစွဲသွားပါက နောင်ကြီးပြင်းသည့်အခါတွင် ပြင်ရန်ခဲယဉ်သွားပါသည်။ ကလေး သည် ကျောင်း၌ပင် နေ့စဉ် အချိန်တစ်ချိန်သတ်မှတ်၍ ကလေးကို ကုရန်အာန်ရွတ်ဖတ်မှု သင်ကြားစစ်ဆေးပေရမည်။ မိဘကိုယ်တိုင် မတတ်ပါက သဂ်ျဝီဒ်ဖြင့်တတ်ကျွမ်းသူဆရာကို အိမ်ခေါ်၍ တစ်ပတ်တွင် နာရီအနည်းငယ် သတ်မှတ်၍ သင်ပေးပါ။
ဆွလာသ်ဝတ်ပြုတည်ဆောက်ရန်လေ့လာလေ့ကျင့်ပေးခြင်း
မုစ်လင်မ်တိုင်းသည် မိမိကိုယ်တိုင်နှင့် သားစဉ်မြေးဆက်ကို ဆွလာသ်စွဲ မြဲစွာ ဆောက်တည်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်။ နေ့စဉ် ၅-ကြိမ်းဆွလာသ် ၀တ်ပြုမှုသည် အစ္စလာမ်မဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်၏။
တမန်တော်မြတ်၏ သြ၀ါဒမှတ်တမ်းတစ်ရပ်တွင်- “အသင်တို့၏ သားသမီးများကို အသက် ခုနှစ်အရွယ်ရောက်သောအခါ ဆွလာသ်ဝတ်ပြုရန် အမိန့်ပေးကြကုန်လော့။ ဆယ်နှစ်အရွယ် ရောက်သည့်အခါ (ဆွလာသ်ဝတ်ပြုရန် ငြင်းဆန်ခဲ့လျှင်) အပြစ်ပေးလော့။ ဆယ်နှစ်အရွယ် ရောက်ချိန်တွင် ၎င်းတို့အား သီးခြားအိမ်ရာ ခွဲသိပ်လော့” (အဗူဒါဝူဒ်ကျမ်း)
ထို့ကြောင့်မိမိတို့၏ ကလေးငယ်များကို ၇-နှစ်မတိုင်မီကပင် ဆွလာသ်ဝတ်ပြုမှုနှင့် ရင်းနှီးမှုရှိ စေရန် မိဘတို့ဝတ်ပြုမှုအနီး၌ ရှိစေရမည်။ ဒုအာအ်ဆုတောင်း မှုတွင်ပါဝင်စေရမည်။ အခါအား လျာ်စွာ ဗလီဝတ်ကျောင်းတော်သို့ ခေါ်ဆောင်သွား ရမည်။ ၇-နှစ်အရွယ်၌ ဆွလာသ်ဝတ်ပြုမှု တတ်မြောက်ပြီဖြစ်ရမည်။ အလွယ်ဆုံး တစ်ကြိမ်မှစလေ့ကျင့်၍ တစ်စစ ငါးကြိမ်ထိ တိုးမြှင့် လေ့ကျင့်ပေးပါ။ ဆွလာသ်ကို ဂရုမစိုက်က မိဘတို့ လုံးဝမနှစ်သက်ကြောင်း ပြင်းထန်စွာ ပြဆိုထားရမည်။ မိဘကိုယ်တိုင်ကလည်း ဆွလာသ်ကို စံပြ၀တ်ပြုပြင်ရမည်။ အိမ်တွင် မိသားစု ဂျမာအသ်ဖြင့် စုပေါင်း၍၀တ်ပြုချိန်တစ်ချိန်သတ်မှတ်ထားသင့်သည်။ ဤသို့ အားဖြင့် မိသားစု စုစည်းချိန်ရပြီး ဆွလာတ်ဝတ်ပြုပြီးပါက ကုရ်အာန်နှင့် ဟဒီဆ်သြ၀ါဒ လေ့လာချိန် မိသားစု ရေးရာဆွေးနွေးချိန် ပုံမှန်ရရှိလာမည်ဖြစ်သည်။

No comments:

Post a Comment