Wednesday 19 February 2014

ဆွိယာမ်ဥပုသ်ဆောက်တည်ရန် လေ့ကျင့်ပေးခြင်း

ကလေးငယ်များကို ဆွိယာမ်ဥပုသ်ဆောက်တည်ခြင်း အလေ့အထကို ငယ်စဉ်ကပင် စတင်လေ့ကျင့်ပေးနိုင်သည်။ ရမဒွါန်လတွင် အာရုဏ်ဦးထမင်းထ၍ စားစေခြင်းဖြင့် ကလေးငယ်တို့အား ရမဒွါန်လ၏ ခံစားချက်နှင့် ယင်းလကို ချစ်ခင်မြတ်နိုးစိတ် မွေးမြူပေးရာရောက်ပေသည်။ ထို့နောက် ကျောင်းသားအရွယ်ကလေးငယ်ကို နာရီပိုင်းဖြစ်စေ၊ နေ့တစ်ဝက်ဖြစ်စေ ဆွိယာမ်ဥပုသ်ဆောက်တည်စေခြင်းဖြင့် တစ်စစ အချိန်တိုးမြှင့်ပေးပါ။ သရာဝီဟ်ဆွလာသ်ကို အခါအားလျှော်စွာ ခေါ်သွားပါ။ ကလေးအရွယ် ရောက်ပြီးပါက အချိန်ပြည့် ဥပုသ်ဆောက်တည်ရန်၊
ဆွလာသ်ဝတ် ပြုရန် ဆောင်ရွက်ပါ။
ရက်ရောသော စိတ်မွေးမြူးပေးခြင်း
မိဘအုပ်ထိန်းသူတို့ကို အလှူဒါန်ပြုသောလုပ်ငန်းတွင် သားသမီးကို ရှိနေစေပါ။ သိအောင်ပြောပြပါ။ တစ်ခါတစ်ရံ ကလေးတို့၏လက်ဖြင့် ငွေကြေးဖြစ်စေ၊ ပစ္စည်းဖြစ်စေ သူဆင်းရဲတို့ကို ပေးခိုင်းပါ။ တိရစ္ဆာန်များကို အစာကျွေးခိုင်းပါ။ သစ်ပင်ပန်းပင်များကို မချိုးဖဲ့ရန်ပြောပါ။ ဤသို့အာဖြင့် ရက်ရောစိတ်၊ ကြင်နာစိတ်ဖွံ့ဖြိုးလာစေရန်ဖြစ်ပါသည်။
မိသားစုအတွင်း စားစရာ၊ သောက်စရာများရှိပါက သားသမီးတို့အား လူကြီးမိဘ၏ ပါးစပ်ထဲလာကျွေးရန် အလေ့အကျင့်ပြုပေးပါ။ ပြီးမှ သူတို့စားပါစေ။ ဤသို့အားဖြင့် လူကြီး မိဘကို ဦးစားပေးသည့်အလေ့အကျင့်ဖွံ့ဖြိုးလာနိုင်သည်။ ညီအစ်ကို မောင်နှမများအတွင်း၌ လည်း သူတို့ကို စားစရာဝေပေးခိုင်းပါ။ သူတစ်ပါး၏ အခွင့်အရေးနှင့် တရားမျှတမှုသဘော ဖွံ့ဖြိုးစေရန်ဖြစ်ပါသည်။ ဧည့်သည်ကလေး များလာပါကလည်း မိမိသားသမီးက မျှဝေပေးခိုင်းပါ။ သူတစ်ပါး၏ အခွင့်အရေးနှင့် မျှဝေကျွေးသောဓလေ့ ပျိုးထောင်ပေးပါ။ ကလေးများအကြားမျှဝေစားသောက် တတ်သောဓလေ့ ဖွံ့ဖြိုးအောင်ပြုပေးပါ။
တစ်ခုတည်းသော အွမ်မသ်စိတ်ဓါတ်နှင့် ကအ်ဗဟ်ကျောင်းတော်
“မုချဧကန် အသင်တို့၏ ဤအွမ္မသ်သားချင်းသည် တစ်ခုတည်းသော အွမ်မသ်သားချင်း ဖြစ်ပေသည် . . . ” (ကုရ်အာန် ၂၃း၅၂)
ကမ္ဘာပေါ်ရှိနိုင်ငံတိုင်း၌ မုစ်လင်မ်များရှိကြောင်း၊ အ၀တ်အစားမျိုးစုံ၊ ဘာသာစကားမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံရှိကြောင်း၊ သို့မဟုတ် မုစ်လင်မ်များရှိကြောင်း၊ အ၀တ်အစားမျိုးစုံ၊ ဘာသာ စကားမျိုးစုံ၊ ယဉ်ကျေးမှုတမန်တော်အာဒမ်က ကအ်ဗာကျောင်းတော်ကို တည်ဆောက်ခဲ့ ကြောင်း၊ တမန်တော်အသီးသီးပွင့်ခဲ့ပြီးနောက်ဆုံးတမန်တော်ချုပ်မှာ မုဟမ္မဒ်သခင် ဖြစ်ကြောင်း၊ မက္ကဟ်မြို့၌ မွေးပြီး၊ မဒီနဟ်မြို့၌ ၀ဖသ်ဖြစ်ကွယ်လွန် ကြောင်း၊ ကမ္ဘာ့မုစ်လင်မ် အသီးသီးသည် မည်သည့်နေရာ၌နေနေ ညီညွှတ်ခြင်းကိုပြ သည့်သဘောဖြင့် ‘ကအ်ဗဟ် ကျောင်းတော်သို့ မျက်နှာမှု၍ ၀တ်ပြုကြရကြောင်း၊ တတ်စွမ်းနိုင်သူများကအ်ဗဟ်ပုံ၊ မဒီနဟ်ပုံပြု၍ အွမ်မသ်စိတ်ဓါတ်မွေးပေးပါ။ မုစ်လင်မ်အချင်းချင်း ဂိုဏ်းဂဏအုပ်စု မပြုအပ်ကြောင်း ညီအစ်ကိုမောင်နှစ်မအဖြစ် ဆက်ဆံရမည်ဖြစ်ကြောင်း သွန်သင်ပါ။ မုစ်လင်မ် မဟုတ်သူများကို မုန်းတီးစရာ မလိုဖြစ်ကြောင်း၊ ကမ္ဘာ့မိသားစုအဖြစ် မျှတစွာဆက်ဆံရ မည်ဖြစ်ကြောင်း သို့သော် သူတို့နှင့်အတူအစာစားရတွင် ဟရ်ာမခေါ် တားမြစ်ထားသော တရားများကို သတိပြုရှောင်ရှားရမည်ဖြစ်ကြောင်း၊ အလ္လာဟ်တစ်ပါးတည်းမှအပ အခြားမည် သည့်အရာကိုမျှ ကိုးကွယ်ဆည်းကပ်မှု မပြုအပ်ကြောင်း သင်ကြားပေးပါ။
သေခြင်းတရားအကြောင်း မိတ်ဆက်အသိပေးခြင်း
“ဖိနပ်စ်ဝိညာဉ်တိုင်းသည် သေခြင်းတရားကို မြည်းစမ်းကြရလတ္တံ။” (ကုရ်အာန် ၃း၁၉၅)
မိမိ၏သားသမီးတို့အား သေခြင်းတရားမှ မလွှဲမရှောင်သာသော ကိစ္စဖြစ်ကြောင်း၊ ဈာပနအိမ်သို့ခေါ်သွားပြခြင်း၊ အခါအားလျာ်စွာ ကဗရ်စတန်ဥယျာဉ်တော်သို့ သွားရောက် ဇိယာရ်သ်ပြုရာတွင် ခေါ်သွားပြခြင်းတို့ဖြင့် မိတ်ဆက်ပေးထားပါု။ ကလေးကို မမြင်ရသောသူရဲဖြင့် မခြောက်လှန်ပါနှင့်။ မုစ်လင်မ်ကို တစ္ဆေသူရဲက ကြောက်ကြောင်း အသိပေးပါ။ မုစ်လင်မ်အဖြစ် မသေက ဂျဟန်နမ် ငရဲကျမည့်အကြောင်း သင်ကြားပါ။ ရှဟီဒီခေါ် သာသနာ့အာဇာနည်များအကြောင်း ၀လီသူတော်စင်တို့ အကြောင်း ရှင်းပြပါ။ ယသီမ်ခေါ် မိဘမဲ့ကလေးများ၊ မုဆိုးများကို သနားညှာတာ ကူညီရကြောင်းရှင်းပြပါ။
အပြောအဆိုယဉ်ကျေးသိမ်မွေ့ခြင်း
“ . . . အသင်တို့သည်လူသားတို့အား ကောင်းမြတ်လှပယဉ်ကျေးစွာ စကားပြေဆိုကြ လော့။” (ကုရ်အာန် ၂း၈၃)
သားသမီးတို့အား ငယ်စဉ်မှပင် အပြောအဆိုယဉ်ကျေးစေရန် သွန်သင်ပါ။ အိမ်ဝင်အိမ်ထွက်တါင စလာမ်မေတ္တာပို့ကြရန်၊ ကြီးသူတို့ ရိုသေစွာပြောရန် သင်ကြားပါ။
သူတစ်ပါးပျော်ရွှင်စေရန် လိမ်လည်သောစကားကို ဆိုခြင်းကိုပင် တမန်တော်မြတ် မနှစ်သက်ပါ။ ရှုတ်ချတော်မှု၏။ (အဗူဒါဝူဒ်၊ သိရ်မိဇီ၊ အဟ်မဒ်) လိမ်လည်ထားသော သတင်းမှာ တစ်ရပ်ကို မိမိ၏ ညီနောင်အား ပြောဆိုယုံကြည်စေခြင်းသည် အမြင့်ဆုံးအလွဲ သုံးစားမှု (ခိယာနသ်) ဖြစ်သည် (အဗူဒါဝူဒ်)။ လူတစ်ဦး လိမ်လည်သောအခါ သူ့ကိုယ်မှထွက် သော အနံ့ဆိုးကြောင့် မလာအိကဟ်ကောင်း ကင်တမန်သည် သူ့ထံမှ တစ်မိုင်ခန့်ခွာနေ ကြောင်း တင်စားပြဆိုထားသည်။ (သိရ်မိဇီ)
ဆွဟာဗဟ်တစ်ဦးဖြစ်သော စုဖ်ယာန်ဗင်န်အဗ်ဒုလ်လာဟ်က တမန်တော်မြတ်အား ကျွန်ုပ်အတွက်ကြောက်ဖွယ်အကောင်းဆုံးအရာ အဘယ်အရာဟု အသင်ယူဆပါ သနည်းဟုမေးရာ တမန်တော်မြတ်က လျှာကိုပြ၍ “ဒါဘဲ” ဟုရှင်းပြတော်မှုခဲ့၏။ (သိရ်မိဇီကျမ်း)
ထို့ကြောင့် သားသမီးကို လိမ်လည်ခြင်းကို မုန်းတီးစေရန်၊ အမှန်ကို ပြောရဲသော သတ္တိရှိစေရန်မိမိအမှားကို ၀န်ခံရဲသောသတ္တိ၊ ပြုပြင်လိုသော စိတ်ဓါတ်ရှိစေရန် သတိထား၍ လေ့ကျင့်ပေးပါ။
သူတစ်ပါးကို နှိပ်ချပြောဆိုခြင်း၊ လှောင်ပြောင်ခြင်း၊ ဆဲဆိုခြင်း ကျိန်ဆဲခြင်းတို့ကို မပြုရန် သင်ကြားပေးပါ။

No comments:

Post a Comment