Wednesday 19 February 2014

အစားအစာ

အစ္စလာမ့်တရားတော်အရ (၁) အလိုအလျောက်သေသော တိရစ္ဆာန်အသား၊ (၂) စီးထွက်သောသွေး၊ (၃)၀က်သား၊ (၄) အလ္လာဟ်၏ နာမတော်မှ လွဲ၍ အခြားအမည်များကသ၍ လှီးဖြတ်ထားသော သတ္တ၀ါ၏အသား၊ (၅) လည်မျိုလိမ် ညှစ်ခံရ၍ သေသောအသား၊ (၆) ရိုက်နှက်ထိခိုက်၍ သေသောအသား၊ (၇) အမြင့်မှကျ၍ သေသောသတ္တ၀ါ၏အသား၊ (၈)ဦးချိုဖြင့် ဝှေ့ခတ်ခံရ၍သေသော သတ္တ၀ဒအသား၊ (၉) သားရဲတိရစ္ဆာန်များကို ကိုက်ဖြတ်၍ သေသောသတ္တ၀ါ၏အသား၊ (၁၀) အရက်နှင့် မှုးရစ်ဆေးဝါး၊ (၁၁) လောင်းကစား စသည်တို့သည် ဟရာမ်အဖြစ် အလ္လာဟ်က တားမြစ်ထားကြောင်း။ (ကုရ်အာန် ၂း၁၇၂၊ ၅း၃၊ ၆း၁၄၆၊ ၁၆း၁၁၅)
ဟလာဟ်ခေါ် တရားဝင် ရိုးသားစွာ ရှာဖွေထားခြင်း၊ သွိုင်ယိဗ်ခေါ် ကျန်းမာရေးကိုအထောက်အကူပြုသော သန့်စင်ကောင်းမြတ်သည့် အစာအာဟာ ရကိုသာ စားရမည်ဖြစ်ကြောင်း၊ (ကုရ်အာန် ၂း၁၆၈) သင်ကြားထား ပါသည်။ သူတစ်ပါးကို အားနာခြင်း၊ မျက်နှာသာရလိုခြင်းကြောင့် ‘ဟရာမ်’ ခေါ်တားမြစ် ထားသောအရာများကို မစားသုံးရန်၊ အလ္လာဟ်အပေါ် သစ္စာမရှိသူသည် ပျက်စီးမည့် အကြောင်းပညာပေးပါ။
မှုးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင် မိသားစုအတွင်း ဆေးလိပ်သောက် ခြင်းကို ရှောင်ကြဉ်ပါ။ ကွမ်းစားခြင်းဓလေ့ကိုလည်း ငယ်စဉ်ကပင် မပြုပါနှင့်။ “အသင်တို့သည် မိမိတို့၏လုပ်ရပ်ကြောင့် ပျက်စီးခြင်းသို့ မရောက်ကြစေနှင့်” (ကုရ်အာန် ၂း၁၉၅)

No comments:

Post a Comment