Saturday 16 February 2013

ဗဒရ်တော်လှန်စစ်ပွဲဆိုင်ရာ သမိုင်းမှားတစ်ခု




တမန်တော်မုဟမ္မဒ်(ဆွ) သက်တော်ထင်ရှားရှိစဉ်က တိုက်ပွဲအားလုံးသည် ခုခံတော်လှန် စစ်များသာဖြစ်ခဲ့သည်။ ဤသည်ကိုမဆင်ခြင်ဘဲ မွတ်စလင်(မ်)ခေါင်းစဉ်အောက်၌ ခိုလှုံ လျှက်အချို့ သော သမိုင်းဆရာများက တမန်တော် မုဟမ္မဒ်(ဆွ)နှင့် မွတ်စလင်(မ်)တစ်စု သည် ဆီးရီးယားဘက်မှ ပြန်လာသော မက္ကာဟ်သားကုန်သည်များကို ၀င်ရောက် တိုက် ခိုက်၍ ထိုသူတို့၏ပစ္စည်း များကို လုယက်ခြင်းကြောင့် ဗဒရ်စစ်ပွဲဖြစ်ခဲ့ရသည်ဟု ပြော ဆိုရေးသားသည်များလည်း ရှိနေပေသည်။
 ကုရ်အာန်ပါနိယာမ ပြဋ္ဌာန်းချက်နှင့် မကိုက်ညီသော ဤသို့မဆင်မခြင် ရေးသားမှတ်တမ်း တင်မှုများသည် အစ္စလာမ်သာသနာအား ပုတ်ခတ်စော်ကားရန် အကွက်ချောင်းနေ သူ များတွက် လက်ခမောင်းခတ်စရာ အချက်အလက်များဖြစ်လာကာ မြောက်များစွာသော အနောက်တိုင်းသားတို့က ဗဒရ်စစ်ပွဲနှင့်စပ်လျဉ်းပြီး အစ္စလာမ်နှင့်တမန်တော် မုဟမ္မဒ်(ဆွ) ကိုရစရာမ ရှိလောက် ၊အောင်စွပ်စွဲပုတ်ခတ်သော စာအုပ်စာပေမြောက်များစွာ ထွက်လာ ခဲ့ပေသည်။ ထိုသို့သောစွပ်စွဲချက်မှာ  ယခုခေတ်ထိပင် အချို့နေရာများ၌ ရှိနေသေးသည်။ ထိုမှတစ်ဆင့် အစ္စလာမ်သာသ နာအားဓားမိုး၍ ဖြန့်ချီခဲ့သော သာသနာအဖြစ်  ပုတ်ခတ် စွပ်စွဲမှုများ  အတောမသတ်ပင်  ဖြစ်လာတော့သည်။
အရိုးခံရှိသော သာမန်မွတ်စလင်(မ်)လူထုကြီးမှာ  သမိုင်းဆရာများ၏ ပြောစကားနှင့် မှတ် တမ်းများကို  အစ္စလာမ်သာသနာ၏ သာသနာရေးဆိုင်ရာ  ကျင့်ဝတ်ပြဋ္ဌာန်းချက်အဖြစ် လိုက် နာယုံ ကြည်စေရန်  စည်းရုံးသိမ်းသွင်းခြင်းများလည်း များစွာခံခဲ့ရပေသည်။ ထိုအ တွက်ကြောင့်  မွတ်စလင်(မ်)လူထုကြီးသည်ပင်  မိမိတို့၏ချစ်လှစွာသော  တမန်တော် မုဟမ္မဒ်(ဆွ)နှင့်စပ်လျှဉ်း၍  လွဲမှားစွာနားလည်ထားချက်များလည်း ရှိနေပေသည်။ မွတ် စလင်(မ်)များအဖို့  ကုရ်အာန်သည်  လောကီလောကုတ္တရာနှစ်ဋ္ဌာနလုံး၏ လမ်းညွှန် ကျမ်းဖြစ်သကဲ့သို့  အရာခပ်သိမ်းကို  တိုင်း တာ ချင့်ချိန်၍  အမှားအမှန်ကို ခွဲခြားသိရှိရန် အတွက် ““ဖွရ်ကာန်”” ဟူသော မှတ်ကျောက်လည်းဖြစ်သည်။

သို့သော်လည်းမွတ်စလင်(မ်) အများစုသည် တမန်တော်မုဟမ္မဒ်(ဆွ)ကို မြင်တွေ့ရာ၌ ကုရ်အာန်ကိုကျော်၍ သမိုင်းဆရာတို့၏ မှတ်တမ်းမှတ်ရာအမြင်ရှုထောင့်မှဖွင့်ဆိုပြသော သဏ္ဌာန် အားဖြင့်သာ မြင်တွေ့ခံစားကြရသည်က များပေသည်။ ထိုဖော်ပြပါ  သမိုင်း ဆ ရာများ၏ ရေးသားချက်များကို ကုရ်အာန်၏ ရှုထောင့်မှ ပြန်လည် ဆန်းစစ်ရမည်မှာ မွတ် စလင်(မ်)များ၏ တာ ၀န်ဖြစ်သည်ဟူသော အချက်ကို သိနားလည်သူများမရှိတော့ဟုပင် ဆိုရတော့မည်ဖြစ်သည်။ မွတ်စလင်(မ်)တိုင်းသည် ကုရ်အာန်ကဖော်ညွှန်းပြသော တ မန်တော်မုဟမ္မဒ်(ဆွ)၏ အကြောင်းကို သိရှိရမည်မှာ အရေးကြီးသော အချက်ဖြစ် သည်။ တမန်တော်မုဟမ္မဒ်(ဆွ)၏ ကျင့်ကြံဆောင်ရွက်သမျှအားလုံးသည်  ကုရ်အာန်၏ ဥပဒေ အတိုင်းသာဖြစ်ပေသည်။(ကုရ်အာန် ၇း၂၀၃) သို့ဖြစ်၍ ဗဒရ်စစ်ပွဲကို အမှန်အတိုင်း နား လည်ရန် ချည်းကပ်ရာတွင်-
ကုရ်အာန်က စစ်တိုက်ခွင့်ပြုထားသည်။ ထိုစစ်တိုက်ခွင့်သည် သူတစ်ပါးက ကျူးကျော် ထိပါး ရန်စလာသည့် အခါ၌သာ တိုက်ခိုက်ရမည် ဖြစ်သည်။ စစ်တိုက်ရခြင်းဟူသည် မိမိ တို့၏ အသက် စည်းစိမ်ဥစ္စာများကို ကာကွယ်ရန်အတွက် ဖြစ်သည်။ မိမိတို့ဘက်မှ ကျူးကျော် စစ်တိုက် ခိုက်ရန်အတွက် လုံးဝပိတ်ပင်တားမြစ် ထားပြီး ဖြစ်သည်။(၂း၁၉၀)  စစ်ကာ လ၊ စစ်ဒေသ၊ စစ်၌ပါ ၀င်ဆင်နွဲသူ မဟုတ်ဘဲ သူတစ်ပါးပစ္စည်းကို တိုက်ခိုက် သိမ်းပိုက်၍ စစ်သုံ့ ပစ္စည်းအဖြစ် သိမ်းဆည်းခြင်းကို ကုရ်အာန်က တားမြစ်ပိတ်ပင်ထား သည်။ သို့ဖြစ်၍ ဗဒရ်စစ်ပွဲ မတိုင်မီစစ်နှင့် မပတ် သက်သော ကုန်သည်များထံမှ စစ်သုံ့ ပန်းအဖြစ် ဖြစ်စေ၊ မတော်မတရားဖြစ်စေ မွတ်စလင်(မ်)များက တိုက်ခိုက်သိမ်းပိုက်ယူ သည် ဆိုခြင်းသည် ကုရ်အာန်ပါ ဥပဒေနှင့်လုံးဝ ဆန့် ကျင့်နေပေသည်။ ထိုအချိန်၊ ထို ကာလ ဘာသာရေးစိတ် ထွန်းတောက်နေချိန်တွင် မွတ်စလင်(မ်)များက ကုရ် အာန်အား ဆန့်ကျင်သောအမှုကို ကျူးလွန်သည်ဟု ဆိုခြင်းမှာ သမိုင်းမှား သာဖြစ်တော့ သည်။ ဆက်လက် ဆင်ခြင်ရန်မှာ-

မွတ်စလင်(မ်)တပ်၊ ရန်သူတပ်နှင့် ကုန်သည်တို့၏အနေအထား   
 ဗဒရ်စစ်ပွဲမဖြစ်မီ၊ ဖြစ်နေဆဲကာလများတွင် မွတ်စလင်(မ်)တပ်၊ ရန်သူတပ်နှင့် ကုန်သည် တို့၏ တည်ရှိနေမှုကို သိရန်လိုအပ်ပေသည်။ မွတ်စလင်(မ်)တို့သည် ကုရ်အာန်ပါ ဥပဒေ အတိုင်းလိုက် နာဆောင် ရွက်ကြသည်ဖြစ်ရာ- ရန်သူများရှိသည့် မက္ကာဟ်ဒေသပိုင်နက်သို့ သွားရောက်၍ ရန်ရှာစော်ကားခြင်း မဟုတ်ချေ။ ရန်သူများနေထိုင်သည့် မက္ကာဟ်မြို့နှင့် မွတ်စလင်(မ်)များ နေထိုင် သည့် မဒီနာမြို့သည် မိုင်၂၅၀ (အသွားအပြန် မိုင် ၅၀၀) ကွာဝေးပေသည်။ မက္ကာဟ် သား အရဗ်တို့သည် မွတ်စလင်(မ်)များကို တိုက်ခိုက် ချေမှုန်း ပစ်ရန် မဒီနာ ပိုင်နက်ထဲသို့ ချီ တက် လာနေ ချိန်ဖြစ်သည်။ ထို သ တင်းကို မွတ်စလင်(မ်) များရ၍- ကုရ်အာန်ပါ သွန်သင်ချက်နှင့်အညီ ခုခံတော် လှန်ရန် မိမိတို့၏ပိုင်နက် ဗဒရ် အရပ်မှ ရန်သူများ ကိုစောင့်နေခြင်း သာ ဖြစ်သည်။

ထိုသို့ ရန်သူတပ်များ ချီတက်လာသည့် လမ်းကြောင်းနှင့် မွတ်စလင်မ်တပ်များ စောင့်နေ သည့် စခန်းကြားတွင် ကုန်သည်အုပ်စုတစ်စုက တိုက်တိုက်ဆိုင်ဆိုင် ခရီးသွားနေပေ သည်။ ၄င်းကို ကျမ်းတော် က-““အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်တွေ့ရသောအခါ ထို အချိန်တွင် အသင်တို့အုပ်စုသည် စစ်မြေပြင်အနီး၌ ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၄င်း တို့မှာမူ စစ်မြေပြင်နှင့် အဝေး၌ရှိ၍ ကုန်သည်အုပ်စုတို့မှာကား အသင်တို့၏အောက် ဖက်တွင် ရှိခဲ့လေသည်။ အကယ်၍သာ  အသင်တို့နှင့် ထိုသူတို့သည် အချင်းချင်း တစ်ဖက်နှင့်တစ်ဖက် ချိန်းချက် ခဲ့ပါလျှင် မုချဧကန် အသင်တို့သည် ထိုချိန်းချက် မှုနှင့်စပ်လျဉ်း၍ ကွဲလွဲကြမည်သာဖြစ်သည်။သို့ရာတွင်အရှင်သည်ဖြစ်ရမည့်ကိစ္စရပ် ကို ဖြစ်စေတော်မူခဲ့၏။”” ဟု ဆိုထား သည် ၈း၄၂။

အဓိပ္ပါယ်မှာ မွတ်စလင်မ်လူနည်းစုကို ကျူးကျော်စော်ကား မတရားတိုက်ခိုက်သူများကို အစော်ကားခံရသော မွတ်စလင်မ်လူနည်းစုအားဖြင့် ကျူးကျော်စော်ကားမှု ရပ်တန့် သွားသည့် တိုင်အောင်ပြန်လည်တော်လှန်သော စစ်ကို ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ အ တွက်ကြောင့်  “ညှဉ်းပန်းနှိပ်စက်ခြင်း ရပ်တန့်သည့်တိုင်တော် လှန်ရေးဆင်နွဲကြ ကုန်လော့”၂း၁၉၃၊ ၈း၃၉ ဟု လည်းကောင်း၊ “သင်တို့သည် စစ်ဖြစ်ရမည်ကို မုန်း တီးသော်လည်း သင်တို့အတွက်တော်လှန်ရေးကို ပြဋ္ဌာန်းတော်မူပြီ”၂း၂၁၆။“ညှဉ်း ပန်းနှိပ်စက်ခြင်းသည် သတ်ခြင်း ထက် ပို၍ ဆိုးသော အမှုဖြစ်သည်”” (၂း၂၁၇) ဟု ဗဒရ်ဆိုင်ရာ စစ်ပွဲကို အကြောင်းပြု၍ ကျရောက်သော ဗျာဒိတ်များတွင် ထိုသို့ပြဋ္ဌာန်း ထားခြင်း ဖြစ်သည်။

ကျမ်းတော်၏ ဤအပိုဒ်က ပထ၀ီ မြေပြင်အရ သင်တို့ မွတ်စလင်မ်များသည် စစ်ရင် ဆိုင် တွေ့ရမည့် ဗဒရ်အရပ်ဒေသ၏ အနီး၊ ရန်သူတပ်များက ထိုဒေသနှင့်ဝေးသည့်ဘက်၊ ကုန် သည် လူစုက မွတ်စလင်(မ်)များ၏ အောက်ဘက် မြေနိမ့်ပိုင်းတွင်ရှိနေကြောင်းကို အတိအကျ ပြောဆိုပေသည်။ ဤစကားအရ““စစ်ပွဲတွင် ကုန်သည်များနှင့် လုံးဝမပတ် သက်ပေ။ ကုန်သည် များသည် မွတ်စလင်(မ်)များ မဟုတ်ချေ။ သို့သော်လည်း မွတ် စလင်(မ်) ကို ရန်မရှာသော”” သာမာန် ကူးသန်းရောင်းဝယ် စားသောက်သောသူ များ သာဖြစ်၍ ထိုသို့သော သူများအား ရန်သူအဖြစ် သတ်မှတ်လျှက် တော်လှန်တိုက် ခိုက်ခြင်း မပြုစေရန်သာ သတိပေးခြင်းဖြစ်ပေသည်။ မွတ်စလင်(မ်) ဟုတ်၏၊ မ ဟုတ်၏ ဆိုသည် ထက် ရန်သူသည် ရန်သူသာဖြစ်၏ ဆိုသောအမြင်အား မွတ် စလင်(မ်)များကို သိစေခြင်းသာ ဖြစ်ပေသည်။

(သမိုင်းဆရာတို့၏ အဆိုအရ ဆီးရီးယားဘက်မှလာသော ကုန်သည်များကို မွတ်စလင်(မ်) များက တိုက်ခိုက်ခဲ့သည် ထိုအကြောင်းကို မက္ကာဟ်အရဗ်များထံသို့ သတင်းသွားပို့သည်- ထို အခါ မက္ကာဟ်အရဗ်များက လိုက်လာ၍ မွတ်စလင်(မ်)များကို တိုက်ခိုက်ရာမှ ဗဒရ်စစ် ဖြစ် လာ ရသည် ဟုဖေါ်ပြထားသည်)

ထိုခေတ် ထိုအခါက တိုက်လေယာဉ်များ ခေတ်မဟုတ်ချေ။ အီးမေးလ်၊ ဆဲလ် ဖုံး၊ဖက်စ် များကို သုံးသော ခေတ်သို့လည်း မရောက်သေးချေ။အကယ်၍ ကုန်သည်များ ဓားပြတိုက် ခံရပါက- ထို ကုန်သည်များ သေကြေပျက်စီးသွားသည်အထိ သူတို့အား ကယ်တင်နိုင် မည့်သူများရောက်လာနိုင်မည် မဟုတ်ပေ။ ကုန်သည်များရှိသော ဗဒရ်အရပ်သည် မက္ကာဟ်နှင့်အသွားအပြန် မိုင် ၅၀၀ ခန့်ဝေး ကွာပေသည်။ ထိုခေတ်ထိုအခါမှ အလွန် လျှင်မြန်သောမြင်း၊ နှင့်ပြေးမည်ဆိုက အသွား (၃)ရက် အနည်း ဆုံးကြာမည်။ ထို့နောက် စစ်လှုံ့ဆော်၍ စစ်သားများ စုဆောင်းပြင်ဆင်ရ ဦးမည်။ စစ်ပွဲအတွက် ရိက္ခာများ စုဆောင်းရဦး မည်။ ထိုသို့ အဆင် သင့် ဖြစ်သော အခါတွင်မှ ထိုအ ခင်းဖြစ်ပွားရာသို့ အ လျှင် အမြန်လိုက်လာ ရမည်။ ထိုသို့ ကြာ မည့် ရက်များကို ယုတ်္တိဗေဒ ရှိစွာတွက်ကြည့် လျှင်- ကုန်သည်များ အနေဖြင့် အသက်ရှင်ခွင့် ရှိ တော့မည် မဟုတ်ချေ။

ကုရ်အာန်ပါပြဋ္ဌာန်းချက်ဖြင့်သာမက လောကယုတ်္တိဗေဒဖြင့်ပင် မကိုက်ညီသောအဆိုအား အတည်ပြုလျှက် အစ္စလာမ်သမိုင်းဖြစ်ရပ်ဟု ဖေါ်ပြလာခြင်းမှာ ရိုးသားမှုတစ်ရပ်ဟုဆိုရန် ပင် ခက် ခဲပေသည်။ဗဒရ်စစ်ပွဲ မဖြစ်မီအလျင်ကတည်းက မွတ်စလင်(မ်)များသည် ကာ ဖိရ်များအပေါ်သို့ လွှမ်းမိုးမည်ဟူသော ဗျာဒိတ်ကို ကုရ်အာန် ၃း၁၂တွင်ကြိုတင်သ တိပေးပြီး ဖြစ်သည်။ 
(အို- မုဟမ္မဒ်(ဆွ)၊အသင်သည် ယင်းမယုံကြည်သွေဖည်သူ များကို ဤသို့ပြော ကြားပါလေ။ မကြာမီအတွင်း အသင်တို့သည် (ဤ္ပပစ္စုပ္ပန် မျက်မှောက်ဘ၀တွင် ပင်လျှင်) ““ဂျ ဟန္နမ်”” ငရဲဘုံ၌ စုဝေးစေခြင်းကို ခံကြရ အံ့။ စင်စစ် ထိုငရဲဘုံ၏နေ ရာထိုင်ခင်းသည် အလွန်ယုတ်ညံ့ သိမ်ဖျင်းလှပေတ ကား။)
ဆက်လက်၍ကုရ်အာန် ၃း၁၃တွင်(ဧကန်စင်စစ်အသင်တို့ ဆင်ခြင်ရန်အတွက် (ဗဒရ်) စစ်ပွဲတွင် လူနှစ်စုသည် တစ်ဖက်နှင့်တစ်ဖက် ရင်ဆိုင်ကြသော (အချင်းအရာ)၌ သက်သေ သာဓက တစ်ရပ်ဖြစ်သည်။ ယင်းနှစ်စုအနက်တစ်စုသည် မွတ်စလင်(မ်) များ ဖြစ်ကြပေရာ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်လျက်ရှိခဲ့ ကြ၏။ သို့ရာတွင် နောက်တစ်စုသည် မယုံကြည်သွေဖည် ငြင်း ပယ်သူများဖြစ်ကြ၏။ ယင်း(ကာဖိရ်)တို့သည် မိမိတို့ကိုယ်ကို မွတ်စလင်(မ်)များ ထက် နှစ်ဆဖြစ်နေသည်ကို လည်း မျက်ဝါးထင်ထင်မြင်တွေ့ ကြရပေသည်။ သို့ ရာတွင် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်သည် မိမိနှစ်သက်သူများကိုသာ မိမိအကူအ ညီဖြင့် အားပေး၍နိုင်စေခဲ့သည်။ ဧကန် ယင်းအချင်းအရာ၌ ဉာဏ်စက္ခုအမြော် အမြင် ရှိသူများအဖို့ရာ ကြီးကျယ်သော သင်ခန်းစာသည် အမှန်ပင်ရှိပေသ တည်း။)ဟုဆို ထားပြီးဖြစ် သည်။

ဗဒရ်စစ်ပွဲဖြစ်ရသည့် အကြောင်းရင်းကို ကုရ်အာန်က အသေးစိတ်ဖော်ပြထားပြီးဖြစ် သည်။ ထိုဗဒရ်စစ်ပွဲဖြစ်ရခြင်းသည် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ ချိတ်ဆက်မှုတစ်ရပ် အဖြစ် ကုရ်အာန် တွင် ဖော်ပြထား သည်။  ကုရ်အာန်အရ ထိုစစ်ပွဲမှ မွတ်စလင်(မ်)များကို ၀င်ရောက် တိုက်ခိုက်ကြမည့် ဦးရေမှာ မွတ်စလင်(မ်) စစ်သား ဦးရေထက် သုံးဆပိုများ သည်။ သို့သော် ထိုအင်အား အတိုင်း  မွတ်စလင်(မ်)များ သိသွားပါက၊ သူတို့ အတွက် ပွဲဦးထွက် စစ်ပွဲတွင်ပင် အင်အား ကြီးမားသော ရန်သူကို ရင်ဆိုင်ရမည်ဟု စိုးရိမ်ထိတ် လန့်စိတ်များ ဖြစ်လာနိုင် ဘွယ်ရှိပေသည်။  သို့ဖြစ်၍ တမန်တော် မုဟမ်္မဒ်(ဆွ)၏ အာရုံ တွင် ရန်သူအင်အားကို လျှော့၍ ပေါ်စေ ခဲ့သည်။ ထိုစစ်ပွဲသည် မွတ်စလင်(မ်)များအ တွက် ပွဲဦးထွက်စစ်ပွဲ ဖြစ်သည့်အလျောက် ထိုစစ်ပွဲအားဖြင့် မွတ်စလင်(မ်)များသည် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်ထံမှ အကူအညီ များကို မျက်ဝါးထင်ထင် တွေ့ကြုံခံစားကြရပြီး ထိုအရှင့်အပေါ် ယုံကြည်ကိုးစားအပ်နှင်းစိတ်များ ပိုမို ခိုင်မာစေခဲ့သည်။
ရန်သူများ၏ စိတ်တွင်လည်း မွတ်စလင်(မ်)ဟူသည် သူတစ်ပါးကို ကျူးကျော် စော်ကားသူ များမဟုတ်သကဲ့သို့ သူတစ်ပါး၏ ကျုးကျော် စော်ကားမှုကိုလည်း ခေါင်းငုံ့ခံ သူများမဟုတ် ဟုသိစေခဲ့ သည်။ ဗဒရ်စစ်ပွဲဖြစ်ရသည့် အကြောင်းရင်းသည် ငါအရှင်ကိုယ်တိုင် ချိတ် ဆက်ပေးသော တိုက်ပွဲ ဖြစ်သည်။ ထိုကဲ့သို့ ချိတ်ဆက်ရန်အတွက် မည်သူတစ်ဦး တစ်ယောက်ကမျှလည်း ထိုကဲ့သို့ အချိတ်အဆက်ပြုရန် စွမ်းနိုင်မည်မဟုတ်။

အဘယ်ကြောင့်ဆိုသော် တရားသောစစ်ပွဲကိုဆင်နွှဲရာ၌ လူဦးရေအနည်းအများနှင့်လက် နက်ပစ္စည်းများသာ အဓိကမဟုတ်ဘဲ စိတ်ဓာတ်ကြံ့ခိုင်မှုသာလျှင် အဓိကဖြစ်ကြောင်း ကိုပေါ် လွင်ထင် ရှားစေသော တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ အစီအစဉ်ဖြစ်ကြောင်း ကုရ် အာန်တွင်ဖော်ပြထားပေသည်။ တိုက်ပွဲနှင့်စပ်လျဉ်း၍ လူ့သမိုင်းတွင် ထင်ဟပ်ရန်အ လို့ငှာ ကုရ်အာန်တွင် အသေး စိတ်ဖော်ပြထားပြီးဖြစ်သည်။  ကုရ်အာန် ၃း၁၄၃တွင်

(နဗီတမန်တော် မြောက်များစွာတို့သည် လွန်မြောက်သွားခဲ့ပြီးဖြစ်သည်။ များ စွာသော စိတ်တူကိုယ်တူ ရဲဘော်များသည် နဗီတမန်တော်များနှင့်အတူဘဝတိုက် ပွဲများဆင်နွှဲ ခဲ့ကြသည်။အလ္လာဟ်၏ အရေးကိစ္စများတွင်ပါဝင်ရင်း ၎င်းတို့အပေါ် သက်ရောက်ခဲ့သော ဒုက္ခဘေးအန္တရာယ်များကြောင့် စိတ်ဓါတ်ကျခြင်းလည်းအ လျှင်းမရှိအားငယ်ပျော့ ညံ့သွားခြင်းလည်း အလျှင်းမဖြစ်၊ လက်မြောက်အညံ့ခံ သွားခြင်းလည်း မလုပ်ကြချေ။) ဤသူတို့သာလျှင် ဆွဗရ်လုပ်သူ(ဝါ) (ဆွာဗေ ရီးန်း) စိတ်ဓါတ်ကြံ့ခိုင်သူများ၊ ရဲစွမ်း သတ္တိရှိသူများ၊ အနိုင်မခံအရှူံးမပေးဘဲ တိုက် ပွဲတစ်ရာအောင်ပွဲတစ်ရာရအောင်၊ ဘဝတိုက်ပွဲဝင်သည့် သူများဖြစ်သော အား မာန်၊ဇွဲ၊လုံ့လ၊ ကြံ့ခိုင်တောင့်တင်းသူ တို့ နှင့် အလ္လာဟ်အရှင်မြတ်သည် အတူ တကွ ရှိနေ တော်မူ၏။) ဤသည်မပြီးသေးပါ။ ကိန်းဂဏန်းအတွက် အချက်ဖြင့်ပင်အတိ အကျ ထပ်ဆင့်ဖွင့်ဆိုရှင်း လင်းချက်ကို ကုရ်အာန် ၈း၆၆ တွင်တွေ့ ရပေမည်။ (အကယ်၍ အသင်တို့ ထံတွင် အားမာန်၊ ဇွဲ၊ လုံ့လ၊ ကြံ့ခိုင်သူတစ်ရာရှိလျှင် (တစ်ဖက်ရန်သူ တိုက်ပွဲဝင်) နှစ်ရာ ကို ရွပ်ရွပ်ချွံချွံအောင်ပွဲခံနိုင်မည်ဖြစ်သည်။ )
ဗဒရ်စစ်ပွဲနှင့်စပ်လျဉ်း၍ ကုရ်အာန် ၃း၁၃၊၁၇၂၊၁၇၄ ၈း၇-၁၀၊ ၁၂၊ ၁၉၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၈၊၅၀၊၅၁။၇၀၊ တို့တွင်လေ့လာ နိုင်ပေသည်။

မွတ်စလင်မ်များကို ထိရောက်စွာထိုးနှက်ချက်များ
မွတ်စလင်မ်ဟူသည်မိမိတို့၏ အခြေခံဥပဒေဖြစ်သောကျမ်းတော်မြတ်ကုရ်အာန်ကိုအခြား အခြားသော လူသားတို့၏ စီရင်ရေးသား မှတ်တမ်းမှတ်ရာများထက် ပိုမိုလေ့လာလိုက် စားနားလည် သဘောပေါက်ရမည်မှာ ဘ၀ပေးတာဝန်တစ်ရပ်ဖြစ်သည်။ ထိုကျမ်းမြတ် ကုရ်အာန်သည် လူသားလမ်းညွှန် ကျမ်းတစ်ဆောင်သာ ဖြစ်ရုံမက ကမ္ဘာမြေကြီး တည် ရှိနေသ၍ ပေါ်ပေါက်လာသ မျှသော အယူဝါဒများအားလုံးကို အမှားနှင့်အမှန်၊ အတုနှင့် အစစ်၊ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်တို့ကို ခွဲခြားစိတ်ဖြာ၍ စီစစ်ပေးသော “” ဖုရ် ကာန်”" မှတ်ကျောက်လည်းဖြစ် သည်။ (ကုရ်အာန်သည် သာလျှင် အရာအား လုံးကို စမ်းစစ်ရန် မှတ်ကျောက်ဖြစ်သည်။)(ကုရ်အာန်၂၅း၁)

သို့ရာတွင် မွတ်စလင်မ်များသည် ခေတ်အဆက်ဆက်  မွတ်စလင်မ်အုပ်ချုပ်ရေး အာဏာ ရှင်များနှင့် ထိုအာဏာရှင်ကြိုက် သာဘာရေးအာဏာရှင်များ၏ မိုးလုံးပြည့်လူရေးအတွေး အခေါ် ပုံပြင် ဒဏ္ဍာရီများ၏ လှိုင်းလုံများအောက်မှ ရုံးရင်းကန်ရင်း ကြီးထွားရှင်သန်လာ ကြရသူများ ဖြစ်ခဲ့ရသည့်အတွက် ကျမ်းမြတ်ကုရ်အာန်သည် နားလည်သဘောပေါက်၍ လိုက်နာကျင့်သုံးရမည့် ဘ၀ လမ်းညွှန်ဖြစ်သည်ကိုပင် သိရှိသူများ ရှားပါးတိန်ကော ပပျောက် လျှက် ဖြစ်နေရတော့၏။ ပို၍ဆိုးနေသောအချက်မှာ -“” ကုရ်အာန်သည် အရာ ခပ်သိမ်းတို့၏ မှတ်ကျောက် ဖြစ်ပါသည်ဟု ကုရ် အာန်ကမိန့်ဆိုပြဋ္ဌာန်းထားပါသော် လည်း “” ယနေ့ မွတ်စလင်မ်များအဖို့ ကျမ်းတော်မြတ်ကုရ်အာန်သည် လူသားများ၏ လူရေး အတွေးအခေါ် များအားဖြင့် အစမ်းစစ်ခံအဖြစ်သို့ ရောက်ရှိခဲ့ ရတော့သည်။ ထို သို့သော မှားယွင်းချွတ်ချော်မှုသည် ယ္ခင်ခေတ်ကာလများက မည်သို့မျှ ထူးခြားမှုမရှိ ခဲ့သော်ငြား လည်း ယနေ့ခေတ်သစ်တွင် ကမ္ဘာ့အလယ်၌ မွတ်စလင်မ်များအတွက် ဂုဏ် သိမ်ဘွယ်ရာ အဖြစ်နှင့်ရင်ဆိုင်ရပေတော့သည်။

နှစ်ဆယ့်တစ်ရာစုနှစ်တွင် မွတ်စလင်မ်မဟုတ်သူ အများစုသည် ကျမ်းမြတ်ကုရ်အာန် ကို လေ့လာဆည်းပူးသူ များပြားလာခဲ့သည်။ ထိုသို့ မွတ်စလင်မ် မဟုတ်သော ကုရ်အာန် ကို လေ့လာသူ များအနက်မှ အချို့သည် အစ္စလာမ်သာသနာကို တိုက်ခိုက် ထိုးနှက် ရန်ဖြစ်သည်။ သို့ရာတွင်  ကျမ်းမြတ်ကုရ်အာန်၌ လူသားများ စီရင်ရေးသား အပ်သော လူရေးကျမ်းများကဲ့သို့ မည်သည့် ချွတ်ချော်မှားယွင်းမှုများကိုမျှ ရှာဖွေ၍မရနှိုင်ခဲ့တော့ပေ။ ထိုအခါ ထိုသူတို့သည် အစ္စလာမ်သာသနာအတွင်းရှိ မွတ်စလင်မ်များ ကုရ်အာန်ထက် အလေးထားပိုမို လိုက်စားကြသော ဘာ သာရေး ဆိုင်ရာကျမ်းကြီးကျမ်းငယ်များကိုလေ့ လာ ပါတော့သည်။ ထိုသို့လေ့လာ၍ ကျမ်းမြတ်ကုရ်အာန်၏ မူဝါဒများနှင့် ချွတ်ချာ် တိမ်းစောင်းလျှက် ညီညွတ်မှုမရှိသော  အဆိုအမိန့်များကိုဖေါ် ထုတ်၍ အစ္စလာမ်သာသ နာကို ပြစ်တင်ဝေဘန် စော်ကားမှုများကို ထိရောက်စွာပြု လာပေတော့သည်။ ၄င်းတို့ ၏ထိုးနှက် ချက်များစွာအနက် ကိုယ်တွေ့အဖြစ်အပျက် နှစ်ခုကို တင်ပြလိုပါသည်။

တစ်ခုမှာ ကလီဖိုးနီးယားပြည်နယ် လော့စ်အင်းဂျလီးစ်မြို့ ဟောလီးဝုဒ်ရှိ (သာတ်စတိ) ဟူခေါ်သော ၃လမ်းသည် စနေညတွင် လူပေါင်းများစွာတိုးမပေါက်အောင် စည်ကား ၍ ဖျော်ဖြေရေးအစီ အစဉ်မျိုးစုံ ရှိသော နေရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် နိုင်ငံတစ်ကာ မှလူစုံ စုရုံးသောနေရာလည်းဖြစ်သည်။ ထိုသို့ ဖျော်ဖြေရေးအစုံ အခမဲ့ပြုလုပ်နေသည့်နေ ရာတွင် ဆိုင်ဘုတ်တင်၍ အစ္စ လာမ်သာသနာ၏ အဓိပတိခေါင်းဆောင် တမန်တော်မြတ် (အရှင်၏အေးငြိမ်းမှုအပေါင်း ခညောင်းပါစေ) အား တရားဝင် ဆိုင်းဘုတ်တင်လျှက် စော် ကားခြင်းတစ်ရပ်ကို ပြုလုပ်နေသည်ကိုတွေ့ ရသည်။ ထိုဆိုင်းဘုတ်တွင် တင်ထားသော အကြောင်းအရာကို ပြန်လည်ဖေါ်ပြရန်အတွက်ပင် လက်ကရေးပြရန် မ၀န့်တော့ပေ။ ထို ဆိုင်းဘုတ်တွင် တမန်တော်မြတ်သည် ကျမ်းမြတ်ကုရ်အာန် ကိုချပေးခြင်းခံရပါသော် လည်း ကျမ်းမြတ်ကုရ်အာန်အတိုင်း လိုက်နာကျင့်သုံးမှုမရှိကြောင်းကို မွတ်စလင်မ်တို့၏ သမိုင်းမှတ်တမ်းမှတ်ရာ များတွင်မှတ်တမ်းတင်ထားကြောင်း “” မွတ်စလင်မ်တို့ ၏မှတ် တမ်းတင်ကျမ်းများနှင့် ကျမ်းမြတ်ကုရ်အာန်ကို ယှဉ်တွဲဖေါ်ပြဆွေးနွေးချက် များဖြစ်သည့် အတွက်ကြောင့် ထိုသူနှင့် ကျနော်အပါအ၀င် မည်သည့်မွတ်စလင်မ် တစ်ဦးတစ်ယောက်မျှ ပါဝင်ဆွေး ခဲ့နှိုင်ခြင်းမရှိပေ။

ထိုနည်းတူစွာ ကနေဒါနိုင်ငံမှ မွတ်စလင်မ်မဟုတ်သူ တစ်ဦးကလည်း  တမန်တော်မြတ်နှင့် စပ်လျင်းသော သမိုင်းဆိုင်ရာမှတ်တမ်းမှတ်ရာကျမ်းများနှင့် ကျမ်းမြတ်ကုရ်အာန်ကို ယှဉ် တွဲဖေါ်ပြ၍ တမန်တော်မြတ်သည် ကျမ်းမြတ်ကုရ်အာန်ကို ဗျာဒိတ်အဖြစ်ရရှိခဲ့သော်ငြား လည်း ကုရ်အာန်၏ဥပဒေနှင့် ဆန့်ကျင်သူဖြစ်ကြောင်း မွတ်စလင်မ် သမိုင်းကျမ်းများကို ကိုးကား၍ ဟောကြားချက် များကို အင်တာနက်မှ လှိုင်လှိုင်ထုတ်လွှင့် လျှက်ရှိနေပေ သည်။ ထိုသို့ မွတ်စလင်မ် မဟုတ်သူများက ကျမ်းမြတ်ကုရ်အာန်ကို မွတ်စလင်မ်များထက် ပိုမိုလေ့လာနှိုင်ခြင်းကြောင့် မွတ်စလင်မ်များ မျက်စိမှိတ် ပုံယုံထားသော လူသားတို့၏ မှတ်တမ်းမှတ်ရာ လူရေးကျမ်းများကို ကျမ်းမြတ်ကုရ်အာန်၏ အခြေခံမှတ်ကျောက်ဖြင့် အမှားထောက်ပြနေသည်များကို မွတ်စလင်မ်များအနေဖြင့် မည်သို့ ပြန်လည်တုံ့ပြန်ရန်မှန်း ကိုပင်မသိတော့ပေ။ ထို့အတွက်ကြောင့် မွတ်စလင်မ်တို့သည် မိမိတို့၏ အခြေခံ ဥပဒေဖြစ်သော ဘ၀လမ်းညွှန်ဖြစ်ရုံမက အမှန်နှင့်အမှား အကောင်းနှင့်အဆိုးကို တိတိ ကျကျ ခွဲခြားသိမြင်နှိုင်သည့် မှတ်ကျောက်ကုရ်အာန်ကို လေ့လာလိုက်စားရန် အချိန် တန်လေပြီ။
ဦးစိုးလွပ်စစ်)(ငြိမ်းချမ်းလျှပ်စစ်)

No comments:

Post a Comment