"အကြင် မည်သူမဆို ကရုဏာထားတတ်သော
စိတ်ထားရှိအံ့၊
ထိုသူအား ကိုးကွယ်ရာအရှင်က ကရုဏာထားတော်မူအံ့။
ဒါကြောင့် ကမ္ဘာဂြိုလ်ရှိ လူသားများအား ကရုဏာထားကြလော့။
ထိုသူအား ကိုးကွယ်ရာအရှင်က ကရုဏာထားတော်မူအံ့။
ဒါကြောင့် ကမ္ဘာဂြိုလ်ရှိ လူသားများအား ကရုဏာထားကြလော့။
အသင်တို့အား မိုးကောင်းကင်ပေါ်ရှိ
ကိုးကွယ်ရာအရှင်က ကရုဏာထားတော်မူအံ့။"
မြတ်တမန်တော်မုဟမ္မဒ်
(ဂျူးလူမျိုး Michael H Hart ပြုစုခဲ့ပြီး၊ ဗုဒ္ဓဘာသာဝင် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း မြန်မာဘာသာပြန်ဆိုထားတဲ့ ကျော်စွာ (၁၀၀) ရဲ့ နံပါတ်တစ်)
ကျော်စွာ ၁၀၀ ဆိုတော့ ကြားဖူးသူရှိနိုင်သလို၊ မသိသေးသူ၊ မဖတ်ရသေးသူများလဲရှိနိုင်ပါတယ်။ မြန်မာလိုပြန်တော့ကျော်စွာ ၁၀၀ ပေါ့။မူရင်းစာအုပ်နာမည်က “A Ranking of the Most Influential Persons in the History”ပါ။ မူရင်းစာရေးသူက Michael H.Hart ပါ။ ဘာသာပြန်ဆိုသူက ဒေါက်တာသန်းထွန်း ဖြစ်ပါတယ်။
ကျော်စွာ ၁၀၀ ကိုစတင်ပုံနှိပ်ခဲ့တာက ၁၉၈၀ မှာပထမအကြိမ်၊၁၉၉၂ မှာ ဆရာကပြန်လည်ပြင်ဆင်ဖြည့်စွက်ခဲ့ပါတယ်။အဲဒီထဲက ဆရာ့လက်ရေးမူစာ တစ်ချို ကိုပြန်လည်တင်ဆက်ပါ့မယ်။“လူပုဂ္ဂိုလ်မျိုးစုံ ထဲကလောကီ၊ လောကုတ္တရာပုရိသတ် အစုအစည်းများတဲ့ လူကိုရှေ့ တန်းထားတယ်။အဲဒါအပြင် လူတွေကိုအကျိုးပြုတဲ့ အတွေးအခေါ်(စိတ်ပိုင်း)အောင်မြင်သူကိုထိပ်တန်းထားတယ်။နိုင်ငံရေးသမားက နောက်ကနေရတယ်။ကမ္ဘာ့ ကိုးကွယ် ယုံကြည်မှုမှာ ဗုဒ္ဓ၊ ခရစ်ယန်၊ ဟင်ဒီ၊ မုဟမ္မဒ် ဆိုသလို တန်းစီ တဲ့အခါ ယုံကြည်သူလူဦးရေ နဲ့ ပြောရ ရင် ခရစ်ယာန်ကများတယ်။လူတွေအပေါ်မှာ (နေ့ စဉ်နေထိုင်ရေး၊ ဘဝလမ်းကြောင်း) အပါအဝင် သြဇာရှိဆုံးက မုဟမ္မဒ်ဖြစ်လို့ သူ့ ကိုဘဲနံပါတ်တစ်ပေး ထားလိုက်ရတယ်။အဲဒါကို မြန်မာဗုဒ္ဓဘာသာဝင်များက လက်ခံကြမည်မထင်ပါ။ ဒါပေမယ့် သူ့ စာအုပ်ကိုဘာသာပြန်မယ့်သူက သူ့ အစီအစဉ်ကို ပြင်ဆင်ခွင့်မရှိကြောင်းကို”ဆရာက ဝန်ခံသွားပါတယ်။
မူရင်းစာရေးသူက လူကျော် တစ်ရာကိုတန်းစီးဖို့ ဆုံးဖြတ်ရာမှာ ပေတံ သုံးခု နဲ့ ဆုံးဖြတ်တာပါတဲ့…..အဲဒါတွေက
(၁)ဘယ်အခြေခံနဲ့ ဒီပုဂ္ဂိုလ်ဟာကြီးမြင့်လာရသလဲ။
(၂)ဒီလူရဲ့ အစွမ်းနဲ့ လူတွေဘယ်လောက်များများ အကျိုးခံစားရပါသလဲ။
(၃)ဒီလူ့ ကျေးဇူးကို လူတွေ ဘယ်လောက်ကြာကြာ ခံစားရသလဲ။
အဲဒီ မေးခွန်းပေတံ သုံးခုနဲ့ ဘဲ လူတွေကို ပထမ၊ဒုတိယဆိုပြီးတန်းစီလိုက်တယ်။အဲဒီလို ရွေးချယ်တာကို ဆရာသန်းထွန်းက ကြိုက်ပါတယ်တဲ့။ ဒါဟာ သမိုင်းနည်းလမ်းကျတော့ သူဘာသာပြန်ဖြစ်သွားတာပါတဲ့။
အသေးစိတ်တော့ မပြောတော့ပါဘူး။ဒါပေမယ့် လူကျော် ၁၀၀ ကိုစီပေးလိုက်ပါတယ်။
(၁) တမန်တော် မိုဟမ္မဒ်
(၂) အိုက်ဆက်နယူတန်
(၃)သခင်ယေရှု
(၄) ဗုဒ္ဓဂေါတမ
(၅)ကွန်ဖြူးရှပ်
(၆)ရှင်ပေါလု(စိန့် ပေါလ်)
(၇)ဆိုင်လန်
(၈)ဂျိုဟန်ဂူတင်ဘတ်
(၉)ကိုလံဘတ်စ်
(၁၀)အိုင်စတိုင်း
(၁၁)လူဝီပေါ့စချာ
(၁၂)ဂယ်လီလီယိုဂယ်လီလေး
(၁၃)အရစ္စတိုတယ်
(၁၄)ယူကလစ်
(၁၅)မိုးဇက်
(၁၆)ချားလ်စ်ဒါဝင်
(၁၇)ရှီဟွန်ဂ်တိ
(၁၈)သြဂတ်စ်တပ်ဆီဇာ
(၁၉) နိကိုးလပ်စ်ကော့ပါးနိကပ်စ်
(၂၀)အန်တွိုင်းလောရင့်လဗွိုင်ဆာ
(၂၁)မဟာကွန်စတဲန်တင်း
(၂၂)ဂျိမ်းစ်ဝပ်
(၂၃)မိုက်ကယ်ဖာရာဒေး
(၂၄)ဂျိမ်းစ်ကလပ်စ်မက်ဝဲလ်
(၂၅)မာတင်လူသာ
(၂၆)ဂျော့ဝါရှင်တန်
(၂၇)ကားလ်မာ့က်စ်
(၂၈)အောဗီလ်ရိုက်၊ဝီဗာရိုက်
(၂၉)ဂျဲန်ဂျစ်ခန်
(၃၀)အဒမ်စမစ်
(၃၁)အက်ဒွပ် ဒေဗရာ
(၃၂)ဂျွန်ဒဲလ်တန်
(၃၃)မဟာအလက်ဇန္ဒား
(၃၄)နပိုလီယန်
(၃၅)သောမတ်စ်အက်ဒီဆင်
(၃၆)အန်တိုနီ ဗန် လီဥဝဲန်ဟောက်
(၃၇)ဝီလီယံ တီဂျီ မော်တင်
(၃၈)ဂဂလီယယ်မို မာကိုနီ
(၃၉)အဒေါ့ ဟစ်တလာ
(၄၀)ပလေတို
(၄၁)အော်လီဗာ ကရွမ်းဝဲလ်
(၄၂)ဂရေဟမ်ဘဲလ်
(၄၃)အလက်ဇန္ဒား ဖလဲမင်း
(၄၄)ဂျွန်လော့ခ်
(၄၅)လုဒ်ဝစ် ဗန် ဗင်သိုဗင်
(၄၆)ဝါနာ ဟေဆဲန်ဘာ့ဂ်
(၄၇)လွီစ် ဒဂွဲယာ
(၄၈)ဆီမွန် ဘိုလီဗား
(၄၉)ရီနီဒေး ကား
(၅၀)မိုကကယ် အိန်ဂျယ်လို
(၅၁)ပုပ်ရဟန်းမင်းကြီး ဒုတိယအာဗင်
(၅၂)ဥမာ အိဗအယ် ခတ္တဗ်
(၅၃)အသောက
(၅၄)စိန့် သြဂတ်စတင်း
(၅၅)ဝီလီယံ ဟာဗေး
(၅၆)အားနက်စ်ရုသာဖို့ ဒ်
(၅၇)ဂျွန်ကာဗင်
(၅၈)ဂရီဂေါ် မဲန်ဒဲလ်
(၅၉)မက်စ် ပလင့်ခ်
(၆၀)ဂျိုးဆက် လစ္စတာ
(၆၁)နစ်ကိုလပ်စ် သြဂတ်စိသြတို
(၆၂)ဖရန်စစ်စကို ပီဇာရို
(၆၃)ဟာနန်ဒို ကောတေ့စ်
(၆၄)သောမတ်စ်ဂျက်ဖာဆင်
(၆၅)မိဖုရား အစ္စဘဲလာ (၁)
(၆၆)ဂျိုးဆက် စတာလင်
(၆၇)ဂျူးလီးယပ်စ်ဆီဇာ
(၆၈)အောင်နိုင်သူဝီလီယံ
(၆၉)ဆစ်ဂမန်ဖရိုဒ်
(၇၀)အက်ဒဝဒ် ဂျဲန်နာ
(၇၁)ဝေလ်ဟဲမ် ကွန်ရက် ရောင့်တ်ဂျဲန်
(၇၂)ဂျိုဟန်ဆေဗစတိယန်ဘာ့ခ်ျ
(၇၃)လောင်ဇု
(၇၄)ဗောလ်တဲ
(၇၅)ဂျိုဟန်နက်စ်ကက်ပလာ
(၇၆)အဲန်ရိကို ဖာမိ
(၇၇)လီယိုနဒ်ယူလာ
(၇၈)ဇန်ဂျက်ကွိ ရူးဆိုး
(၇၉)နစ်ကိုလို မက်ခီယာဗယ်လီ
(၈၀)သောမတ်စ် မေးလ်သပ်စ်
(၈၁)ဂျွန်ဖစ်ဂျရယ် ကနေဒီ
(၈၂)ဂရယ်ဂေါ်ရီ ပင်ကပ်စ်
(၈၃)မနိ
(၈၄)လီနင်
(၈၅)ဆွိဝဲန်တ
(၈၆)ဗာစကိုဒဂါးမား
(၈၇)မဟာဆိုင်ရပ်စ်
(၈၈)မဟာပီတာ
(၈၉)မော်စီတုန်း
(၉၀)ဖရန်စစ် ဘေကွန်
(၉၁)ဟင်နရီဖို့ ဒ်
(၉၂)မဲန်စိယပ်စ်
(၉၃)ဇော်ရော့ အက်စတာ
(၉၄)ဘုရင်မ ပထမ အယ်လီဇဘက်
(၉၅)မိခေးဂေါ်ဘာချော့
(၉၆)မဲန်နက်စ်
(၉၇)သျှာလမိန်း
(၉၈)ဟိုမာ
(၉၉)ပထမ ဂျပ်စတိနိယဲန်
(၁၀၀)မဟာဝိဟာရ
No comments:
Post a Comment