Tuesday 13 November 2012

ကုရ်အာန့်သမိုင်း(၂) ကုရ်အာန်ကိုကျောခိုင်းစေသောစနစ်များ

တမန်တော်မြတ်၏ မဟာသာဝကကြီးများခေတ် နောက်ပိုင်းတွင် အစ္စလာမ်သာသနာအတွင်း အာဏာရှင်အုပ်ချုပ်ရေးများ စတင်ခဲ့သည်။ ဥပမာအားဖြင့် အိုမိုက်ယာမင်းဆက်များ၏ အုပ်ချုပ် ရေး(၄၅)နှင့် အဘာစီ အုပ်ချုပ်ရေး(၁၃၅)နှစ် အုပ်ချုပ်ချိန်များတွင် အဖေဘုရင်၏ အရိုက်အရာ ကို သားကဆက်ခံသော စနစ်ကြီးဖြစ်တည်ခဲ့သည်။
အုပ်ချုပ်ခံပြည်သူများ၏ သဘောထားကို သွေဖည်သောအုပ်ချုပ်ရေးတွင် အများပြည်သူများ ကျမ်းမြတ်ကုရ်အာန်နှင့်ဝေးဝေးရှိစေသောစနစ်သည် အဓိကအရေးကြီးသော အချက်တစ်ချက် ဖြစ် လာသည်။ သို့မှသာ ၄င်းတို့၏အုပ်ချုပ်ရေး တည်မြဲမည်ဖြစ်သည်။ ထိုသို့အားဖြင့် အစ္စလာမ် သာသနာတွင် အသက်သွေးကြောတစ်မျှ အရေးပါသော လူတိုင်းအတွက်ဖြစ်သည့် ကျမ်းမြတ် ကုရ် အာန်၏ ဥပဒေများသည် လက်ရွေးစဉ်လူတစ်စုမှလွဲ၍ မွတ်စလင်မ်များ မသိရှိနှိုင်ဟူသော အယူဝါဒများ စတင်ခဲ့ သည်။
အာဏာရှင်စနစ်ဖြင့် တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်ရာတွင် အုပ်ချုပ်သူများ၏ အာဏာစက် တင်မက ဘာသာရေးဆိုင်ရာ ပုပ်ရဟန်းများ၏ ဓမ္မစက်သည်လည်း အဓိကအရေးပါသော အ ခန်းကဏ္ဍတစ်ရပ်ဖြစ်သည်။ ထိုနည်းစနစ်များသည် ကမ္ဘာဦးစမှ စတင်လာခဲ့ခြင်း ဖြစ်သည်။ ထို နည်းအားဖြင့် အစ္စလာမ်သာသနာတွင် ကျမ်းမြတ်ကုရ်အာန်က တားဆီးပိတ်ပင်ထားသော အာ ဏာရှင်ဝါဒ လမ်းစဉ်များနှင့် သသနာပိုင်ဝါဒ လမ်းစဉ်များသည် တမန်တော်မြတ်နှင့် မဟာသာ ၀ကများ၏ ခေတ်နောက်ပိုင်းတွင် အစ္စလာမ့် ဥပဒေအသွင်ဖြင့် ပေါ်ပေါက်လာခဲ့သည်။
သို့ဖြင့် အစ္စလာမ်သာသနာ အတွင်းသို့ အုပ်ချုပ်သူအာဏာရှင်များနှင့် ဘာသာရေး အာဏာရှင်များ၏ ပရောဂများကြောင့် မွတ်စလင်မ်များအတွက် ကျမ်းမြတ်ကုရ်အာန်သည် စကြ၀ဠာလုံးဆိုင်ရာ စွယ်စုံဥပဒေကျမ်းကြီးအဖြစ်မှ နှုတ်တိုက်ရွတ်ဆိုရသော ဂါထာမန္တန်ကျမ်း အဖြစ် သို့ရောက်ရှိခဲ့ရ သည်။
ထိုနည်းတူစွာ ဥရောပ၏ ကျုးကျော်စိုးမိုး အုပ်ချုပ်မှုတို့ကြောင့် မွတ်စလင်မ်အသိုက် အမြုံကြီး အပါအ၀င် ကမ္ဘာ့ကိုလိုနီပြုခံရသော နိုင်ငံဒေသအားလုံး ပြုပြင်၍မရနိုင်လောက်အောင် အ ပြောင်း အလဲကြီး ပြောင်းခဲ့ရလေပြီ။ ဥရောပသားတို့သည် သူတို့စိုးမိုးရာဒေသများတွင် သူတို့၏ သြဇာအာဏာ တည်တံ့ရန်အတွက် ဘာသာရေး၊စီးပွားရေး၊ ပညာရေး၊ လူမှုရေးတို့၌ အကြီးအ ကျယ်ချယ်လှယ်ပြီးလည်း ဖြစ်ခဲ့လေပြီ။ အထူးသဖြင့် အစ္စလာမ်သာသနာ၏ အဓိကဥပဒေ ချမှတ်သွန်သင်သည့် ကုရ်အာန်ကျမ်းတော်အား ဥရောပသားတို့၏ အယူများဖြင့် ဘာသာပြန် ခြင်း ဖွင့်ဆိုခြင်းများဖြင့် မွတ်စလင်မ် စင်စစ်များကို ခရိယာန်အရောင် ဆိုးပြီးခဲ့လေပြီ။
ဥရောပနယ်ချဲ့သမားများက အခွင့်ကောင်းယူလျှက် မွတ်စလင်မ်တို့၏အုပ်ချုပ်ထားသော နယ် မြေများသို့ ထိုးဖေါက်ဝင်ရောက်နိုင်ရန် စနစ်တကျစီမံချက်ချမှုထဲတွင် မွတ်လင်မ်များ အနေဖြင့် တမန်တော်အီဆာ၏ နောက်လိုက်များဖြစ်သော ခရိယာန်များအား အားကိုးအားထား ဦးထိပ် ထားရမည့် သူများဖြစ်စေရန် စိတ်ဓါတ်စစ်ဆင်ရေးများ ပြုလုပ်ခဲ့လေသည်။ အခြားတစ်ဘက် တွင် မွတ်စလင်မ် သာသနာရေး ခေါင်းဆောင် အိုလမာများကလည်း မွန်ဂိုအင်ပါယာ စိုးမိုးချိန် မှစတင်၍ (အေ့ဂျတေဟဒ်) ဥပဒေပြုမှုတံခါး ပိတ်သွားခြင်း(၀ါ) ကျမ်းမြတ်ကုရ်အာန်အား နား လည်မှုရပ်တန့်သွား ပြီဟု ဓမ္မသတ်ထုတ်ပြန်ပြဋ္ဌာန်းလျှက် ကျမ်းမြတ်ကုရ်အာန်အား ဖွင့်ဆိုခြင်း များမပြုလုပ်တော့ဘဲ ရှေးယ္ခင်ဆရာတော်ကြီးများ၏ ဖွင့်ဆိုထားမှုများမှ ကျော်လွန်၍ ကျမ်း မြတ်ကုရ်အာန်၏ ဗျာဒိတ်များအပေါ် စဉ်းစားဆင်ခြင် တွေးခေါ်ခြင်းတံခါးကို အပြီးအပိုင်ပိတ်ခဲ့ ကြသည်။
ထိုအချက်များကို စနစ်တကျအသုံးချတတ်သော ဥရောပသားများက ခရိယာန် ဆရာတော် များဖြစ်သော ပါလ်မာ၊ ဆေးလ်၊ ရော့ဒ်ဝဲလ် ကဲ့သို့ ပုဂ္ဂိုလ်များအား ထောက်ပံ့ကူညီလျှက် ကျမ်း မြတ် ကုရ်အာန်အား ခရိယာန်အရောင်ခြယ်သ ဘာသာပြန် အစာသွတ်မှုပေါင်းများစွာကို ပြု လုပ်လျှက် မွတ်စလင်မ်လူထု၏ ဦးနှောက်အား ခရိယန်အယူများ ပနက်ရိုက် သွတ်သွင်းခဲ့လေ တော့ သည်။ ထိုအချိန်မှမျိုးဆက်များ ပြောင်းလာသောအခါ၊ ထိုအယူများမှာ မိရိုးဖလာအစွဲ အ ယူများဖြစ်လာလေတော့သည်။
ဥပမာအားဖြင့်-ကုရ်အာန်ဒဿနမှ ပြောဆိုသော ကိုးကွယ်ရာအရှင် အလ္လာဟ်ဆိုသည်မှာ လူ သား သဏ္ဍာန်ကဲ့သို့ ခံစားတွေးသိနိုင်စွမ်းမရှိသော- – ဥာဏ်အသိအားဖြင့် ဥာဏ်စဉ်အားဖြင့် သာ တွေးသိနိုင်သော-အတုလံအတုမရှိသော လောကအပေါင်း၊ လူသားအားလုံးတို့အတွက်- မူလဘူတဇစ်မြစ်တော်အရှင် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်ဟု ကျမ်းမြတ်ကုရ်အာန်၏နေရာပေါင်း များစွာတွင် မကြာခဏ ပြောဆိုထားသော် လည်း– ထိုအလ္လာဟ်အရှင်အား ခရိယာန်များ သက်ဝင်ယုံကြည်သော သမ္မကျမ်းပါ အိသရေလ (အစ္စရေးလ်) လူမျိုးတို့၏ မူပိုင်ဘုရားဖြစ်သည့် လူသားသဏ္ဍာန် ခံစားဖွင့်ဆိုသည့် ကောင်းကင် ယံတွင်စံမြန်းနေသည့် ထာဝရဘုရားဟု မွတ်စလင်မ်များ နားလည်ခံစားသွားစေရန် ဖွင့်ဆိုရိုက် သွင်းခြင်း- ကျမ်းမြတ်ကုရ်အာန်ပါ နဗီ၊ရစူလ်ဆိုသည့် ဝေါဟာရများကို ခရိယာန်သမ္မကျမ်း ပါ ယေရှုလောက်အဆင့်မမြင့်သည့် ပရောဖက်များအား ပြန်ဆိုသကဲ့သို့ တမန်တော်များဟု ပြန် ဆိုကာ မွတ်စလင်မ်များအား ယုံမှတ်နေစေရန် ဖွင့်ဆိုခြင်း၊ ထိုသို့သော ခရိယာန် အယူအဆ များအား မွတ်စလင်မ်လူထုထဲသို့ ရိုက်သွင်းနိုင်ရန် အရဗ်မှ အရဗီစကား ပြောခရိယာန်များအား မွတ်စလင်မ်ပုပ်ရဟန်းများအသွင်ဆောင်စေလျှက် အရဗီစကားမပြောသည့် မွတ်စလင်မ် တိုင်း ဒေသများသို့ စနစ် တကျ စီမံစေလွှတ်ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့ပေသည်။
အခြားတစ်ဘက်တွင် မွတ်စလင်မ်မဟုတ်သော အခြားဘာသာဝင်များအားလည်း မွတ်စလင်မ် များ သည် ကမ္ဘာ့လူသားမျာ၏ အန္တရာယ်ကောင်များ ဘီလူးသဘက်များ၊ မကောင်းဆိုးဝါးများ ဖြစ်သည်ဟု ထင်မှတ် လာစေရန် နည်းပေါင်းစုံကိုသုံးလျှက် ၀ါဒဖြန့်ချီခဲ့ပေသည်။ ထိုဝါဒဖြန့်ချီမှု မှာ- အာဏာရှိသော၊ ငွေကြေး တတ်နိုင်သော၊ ပညာတတ်သော၊ ခေတ်မှီနည်းစနစ်များကို ပိုင်ဆိုင်သော၊ သူလျှိုဒလန်များအား စနစ်တကျ မွေးနိုင်သောသူများက ရေရှည်စီမံကိန်း ဖြင့်ပြု လုပ်ခဲ့သည့်အတွက် ကိုလိုနီပြုခံ သာမန်ရိုးသားသည့် လူထုကြီး၏စိတ်နှလုံး၌ မိရိုးဖလာယုံ ကြည်မှုအဖြစ် စွဲမှတ်သွားလေတော့သည်။ ထိုသို့သောအချိန်သို့ ဆိုက်ရောက်နေ ပြီဖြစ်သော အခါ၊ အမှန်ကိုသိမြင်လာသော မွတ်စလင်မ်ပညာ တတ်များမှာ အနောက်တိုင်းသားအား မည် သို့တုန့်ပြန်ရမည်ကိုပင် နည်းလမ်းရှာမရ လမ်းစပျောက် နေရပေ တော့သည်။
အဘယ်ကြောင့်ဆိုသော်- အမှန်ကိုဖေါ်လိုသော ပညာတတ်များ၊ မျိုးချစ်ပညာရှင်များမှာ
(၁) မိမိတို့၏လူထုဖြစ်သော မိရိုးဖလာအရိုးစွဲ လူထုကြီးနှင့် ထိပ်ဆိုင်တိုးရခြင်း။
(၂) မိမိတို့၏ လူထု ကြီးအား ဦးဆောင်နေသော ထိုခေတ် သာသနာဦးဆောင် ဆရာတော်များကလည်း နောက် လိုက်ပြည်သူများအား ခေတ်ပညာနှင့် အဆက်ဖြတ်ထားခြင်း၊ ကျမ်းမြတ်ကုရ်အာန်အား နား လည်စေရန် လေ့လာခြင်းနှင့် အဆက် ဖြတ်ထားခြင်း၊
(၃) ခေတ်ပညာတတ်များအား သာသ နာပျက်များ၊ အယူတိမ်းသူများဖြစ်သည်ဟု လူထု အတွင်းလှုံ့ဆော်စေရန် ထိုမွတ်စလင်မ် ဆရာတော်များ အတွင်းတွင် ကိုလိုနီပြု အစိုးရများမှ သူလျှိုများထည့်ထားခြင်း’စသည့် အလွန် အခက်အခဲအကြပ်အတည်းများကို ရင်ဆိုင်ကြုံတွေ့နေရလျှက် ခေတ်ပညာ ဘာသာရေးပညာ ဘက်စုံတတ်ပညာ ရှင်များမှာ လူထုအတွင်းသို့ ထိုးဖေါက်၍မရနိုင်အောင် ဖြစ်ခဲ့ရလေသည်။
သို့ဖြင့် ကိုလိုနီပြုခံရသည့် နိုင်ငံများတွင် လူထုမှ အမှန်တရားအား ဆန်းစစ်ခြင်းဆို သည်ထက် ပုံပြင်များ ဒဏ္ဍာရီများဖြင့် ကြားဖူးနားဝများ၌ ပျော်ရွှင်စုံမက် နှလုံးဖက်နေစေရန် မှိုင်းတိုက် ထားလျှက်’ လူထု၏ အတွေးအခေါ်အား ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်နေစေ ရန် မွမ်းမံ ထားပေသည်။ လူထုမှာလည်း ဆင်းရဲတွင်းနစ်လေလေ’ကြားဘူးနားဝ ပုံပြင်လာ ဘုရားတရား အား အားကိုးအားထားပြုလေလေဖြစ်ရကာ’ ပုံပြင်ဒဏ္ဍာရီများအတွင်း၌ မိမိ၏ဦး နှောက်ကို ကျွန်ခံနေရမှန်းမသိဖြစ်လျှက် ပုံပြောကောင်းလေလေ ထိုပုံပြောကောင်း သူအား ဆရာသခင် ကြီးအဖြစ် ဆည်းကပ်လေလေ ဖြစ်လာရလေတော့သည်။
အခြားတစ်ဘက်တွင်မူ အနောက်တိုင်းသားတို့သည် မိမိတို့၏လူမျိုးများအတွင်း၌- ပုံပြင် ဒဏ္ဍာ ရီများဖြင့် လူထုအား မှိုင်းမမိစေရန် ပေါ်လစီမျိုးစုံ အားသုံးလျှက် နိုင်ငံရေးနှင့် ဘာသာရေးအား သီးခြား ခွဲထုတ်လျှက် လူထုအား တွေးနိုင်ခေါ်နိုင် ပြောနိုင်ဆိုနိုင်စေရန် လမ်းဖွင့်ပေးထားခဲ့ သည်။ သို့မှသာသူတို့၏ လူထုမှာ တိုးတက်လာမည် ဖြစ်ပြီး ကမ္ဘာကြီးအား လက်ဆင့်ကမ်း အုပ်ချုပ်ထားနိုင်မည် မဟုတ်ပေလော။
အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ReF; ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

No comments:

Post a Comment