Tuesday, 18 September 2012

အခန်း(၅) လူသား MAN

အခန်း(၅) လူသား MAN
“ထို အရှင်မြတ်သည်ပင်လျင် အသင်(လူသား)တို့အား ကမ္ဘာဂြိုဟ်၏ ကိုယ်စားလှယ်များ အဖြစ် ချီးမြှင့်တော်မူခဲ့၏….” (ကုရ်အာန် ၆း၁၆၄)
လူသားသည် ဝဟီလမ်းညွှန်မှု ရခြင်းနှင့် စပ်လျဉ်း၍ အဘယ်ကြောင့် ထူခြားနေရသနည်း။ ပထမဦးစွာ လူသားနှင့် အခြား ဖန်ဆင်းခံတို့၏ ခြားနားချက်သဘာဝတို့ကို သိရပေမည်။
လူးသားသည် ကမ္ဘာဂြိုဟ်ကိုဆက်ခံသူ ကိုယ်စားလှယ်
“….အသင့်အား မွေးမြူ ဖန်ဆင်းတော်မူသော (အလ္လာဟ်)အရှင်မြတ်က မလာအိကဟ် ကောင်းကင်တမန်တို့အား မိန့်တော်မူခဲ့၏။ ဧကန် အမှန် ငါအရှင်မြတ်သည် ကမ္ဘာမြေပေါ်ဝယ် ခလီဖဟ် ကိုယ်စားလှယ်မြှောက်စား ခန့်အပ်တော်မူမည်” (ကုရ်အာန် ၂း၃၀)
“ထိုအရှင်မြတ်သည်ပင်လျင် အသင်(လူသား)တို့အား ကမ္ဘာဂြိုဟ်၏ ကိုယ်စားလှယ်များအဖြစ် ချီးမြှင့်တော်မူခဲ့၏” (ကုရ်အာန် ၆း၁၆၄)
ထို့ကြောင့် အလ္လာဟ်သည် လူသားကို အပြစ်ပေးထားခြင်း ဒုက္ခပေးထားခြင်း သဘောတို့ဖြင့် ဖန်ဆင်းထားခြင်း မဟုတ်ပေ။ ကမ္ဘာဂြိုဟ်ပေါ်ဝယ် ကျန်ဖန်ဆင်းခံတို့ထက် သာလွန်သော ကိုယ်စားလှယ် ဆက်ခံသူအဖြစ် အခွင့်အရေးပေးထားခြင်း ဖြစ်သည်။
စကြဠာလောကခပ်သိမ်းတွင် အကောင်းဆုံးပုံစံဖန်ဆင်းခံ
“ထို အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို)ဖန်ဆင်းပြီးနောက်(၄င်း အသီးသီးတို့အား ဖန်ဆင်းခံရသည့် သဘာဝနှင့် အညီဖြစ်စေရန်) နေသားတကျလည်း ပြုလုပ်တော်မူခဲ့၏” (ကုရ်အာန် ၈၇း၂)
“ဧကန်မလွဲ ငါအရှင်မြတ်သည် လူသားကို အကောင်းဆုံးသော (ရုပ်နာမ်သဘာဝ) ဖွဲ့စည်းမှုဖြင့် ဖန်ဆင်းတော်မူခဲ့၏” (ကုရ်အာန် ၉၅း၎)
အလ္လာဟ်သည် အဏုမြူမှုန် ကလေးမှအစ စကြဝဠာ လောကခပ်သိမ်းရှိ အရာခပ်သိမ်းတို့ကို ထင်ရှားဖြစ်ပေါ်စေရာတွင် ယင်း အသီးသီးတို့ကို ဖန်ဆင်းရသည့် သဘာဝ အကြောင်းရင်းနှင့် အညီကျင့်ကြံ နေနိုင်ရန် ကောင်းမွန်စွာ ပြုလုပ်သည့် အနက် လူသားကို လောကခပ်သိမ်းတွင် အကောင်းဆုံး သဘာဝစွမ်းရည်တို့ဖြင့် ဖန်ဆင်းထား၏။ ထို လူ့သဘာဝ စွမ်းရည်တို့သည် အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း ကျင့်ကြံဘဝတည်ဆောက်က မလာအိကဟ် ကောင်းကင်တမန်တို့သည်ပင်လျင် လူသားကို နာခံကြရမည် ဖြစ်သည်။ (ကုရ်အာန် ၂း၃၀-၃၄ နှင့် ၁၀း၃၀)

No comments:

Post a Comment