Sunday 23 September 2012

အခန်း(၂) ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေတော်မူခြင်း {CREATION}

အခန်း(၂) ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေတော်မူခြင်း {CREATION}
“ချီးမွမ်းထောမနာခြင်း အပေါင်းတို့သည် စကြဝဠာလောကခပ်သိမ်းတို့ကို မရှိရာမှ ရှိရာသို့ ပြီးပြည့်စုံသည့်တိုင် အဆင့်ဆင့် ပြုစုပျိုးထောင် မွေးမြူ ဖန်ဆင်းတော်မူသော အလ္လာဟ် အရှင်မြတ် အတွက်သာတည်း” (ကုရ်အာန် ၁း၂) (အစ္စလာမ့်ယုံကြည်ချက်)
>ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေတော်မူခြင်း
အစ္စလာမ်၏ သောဝ်ဟီးဒ်(ခေါ်) နိစ္စသစ္စာဖြစ်သော အလ္လာဟ်တစ်ပါးတည်း နိစ္စထာဝရ ပြီးပြည့်စုံစွာ ရှိနေခြင်းကို လေ့လာပြီးလျင် အစ္စလာမ်က ပြဆိုသော ဖန်ဆင်းတော်မူခြင်း သဘောကို ရှင်းလင်းစွာ သိရှိရန်လိုအပ်ပေသည်။ ကုရ်အာန်ကျမ်းမြတ်အတွင်း၌ ဖန်ဆင်းတော်မူခြင်း နှင့် စပ်လျဉ်း၍ နေရာများစွာတို့၌ ခွဲခြား ရှင်းလင်း ပြဆိုထားပေသည်။ အဓိက အချက်အလက်တို့ကို လေ့လာကြပါစို့။

No comments:

Post a Comment