Thursday, 13 September 2012

အာဒမ်

အာဒမ် “ဤသူတို့ကား အလ္လာဟ်အရှင်မြတ်ကျေးဇူးတော်ပြုတော်မူခဲ့သော နဗီတမန်တော်များပင်တည်း။ ၄င်းတို့အနက် အချို့မှာ အာဒမ်၏ သားစဉ်မြေးဆက်များ၊ အချို့မှာ ငါအရှင်မြတ်သည် နဗီတမန်တော် နူဟ်နှင့်အတူ (သင်္ဘောပေါ်တွင်) တင်ဆောင်တော်မူခဲ့သော သူတို့၏ မျိုးဆက်များ၊ အချို့မှာ အီဘရာဟီမ်၏ မျိုးဆက်များ၊ အချို့မှာ အစ္စရာအီလ်၏ မျိုးဆက်များ ဖြစ်ကြပေသည်။ ၄င်းပြင် ၄င်းတို့အားလုံးမှာ ငါအရှင်မြတ်တရားလမ်းမှန် ညွှန်ပြခဲ့တော်မူသော၊ ရွေးချယ်တော်မူသော သူတို့အနက်မှလည်း ဖြစ်ခဲ့ကြကုန်၏” (ကုရ်အာန် ၁၉း၅၈)
ရုပ်စကြဝဠာကြီးနှင့် ကမ္ဘာဂြိုဟ်သည် အလ္လာဟ်၏ အမိန့်တော်ကြောင့် ကာလခြောက်ခုဖြင့် အဆင့်ဆင့်ပြောင်းလဲ တိုးတက်ဖြစ်ပေါ်ခဲ့သည်။ ဤသို့ဖြင့် ကမ္ဘာဂြိုဟ်သည်လည်း သက်ရှိတို့ နေထိုင်နိုင်သော အနေအထားသို့ ကာလများစွာ ကြာပြီးမှ ရောက်ရှိခဲ့သည်။ သစ်ပင်လောက၊ တိရစ္ဆာန်လောကတို့ စတင်ဖြစ်ပေါ်ပြီး နောက်ဆုံးတွင် လူသားတို့ဖြစ်ပေါ် နေထိုင်နိုင်သော အခြေအနေရောက်ခဲ့လေသည်။
>လူ့သမိုင်းအစမှာ အာဒမ်မှ စတင်ခဲ့သည်။
အထက်ဖော်ပြပါ အာယာသ်တော် (၁၉း၅၈)အရ လူ့သမိုင်း အစကို ဝိညာဉ်ပိုင်းဆိုင်ရာ ရှုထောင့်မှ (၃)ပိုင်းတွေ့နိုင်သည်။ တမန်တော် အာဒမ်ခေတ်မှ တမန်တော် နူဟ်ပွင့်သည်ထိ၊ တမန်တော်နူဟ်ခေတ်မှ တမန်တော် အီဘရာဟီမ်ပွင့်သည်ထိ၊ တမန်တော် အီဘရာဟီမ် ပွင့်ပြီးနောက်ပိုင်း ခေတ်ကာလများဖြစ်သည်။ ထိုကမ္ဘာဦး လူ့သမိုင်းတွင် ထိုတမန်တော်ကြီးများအပြင် အခြားများစွာသော တမန်တော်များသည် လူမျိုးတိုင်း၊ ဒေသတိုင်းတွင် ပွင်ခဲ့သည်သာဖြစ်သည်။
ထို့အတူ တမန်တော်ကြီး အီဘရာဟီမ်၏ နောက်ပိုင်းတွင်လည်း တမန်တော် ယာအ်ကုဘ်(အစ္စရာအီးလ်) အပါအဝင် တမန်တော်များ ပွင့်ခဲ့ကြသည့်ပြင် ခေတ်အသီးသီး၊ ဒေသအသီးသီးတွင် အခြားလူမျိုး အသီးသီး၌လည်း နဗီတမန်တော်များ ပွင့်ပေါ်ခဲ့ကြသည်။ ဤသို့ဖြင့်နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင်ပွင့်တော်မူခဲ့သည်။ တမန်တော်ချုပ် မုဟမ္မဒ်သခင်၏ ခေတ်မှာ ကိယာမသ်ရှင်ပြန်ထကြရမည့်နေ့အထိဖြစ်သည်။ လူ့သမိုင်းအစ ကမ္ဘာဦးတွင် တမန်တော် အာဒမ်နှင့် ၄င်း၏မျိုးဆက်တို့ခေတ်ကာလ ပြီးနောက် တမန်တော် နူဟ် ပွင့်ပေါ်တော်မူခဲ့လေသည်။
ဂျူဒီတောင်ပေါ်မှ တမန်တော် နူဟ်၏ သဘောင်္
“ငါအရှင်မြတ်သည် နူဟ်အား ၄င်း၏ အမျိုးသားတို့ထံ (နဗီတမန်တော်အဖြစ်) စေလွှတ်တော်မူခဲ့ရာ ထိုနူဟ်သည် ၄င်းတို့ထံတွင် နှစ်ပေါင်းတစ်ထောင်တွင် ငါးဆယ်လျော့၍ (၉၅၀ နှစ်) နေထိုင်ခဲ့လေသည်။ ထို့နောက် ရေလွှမ်းမိုးခြင်း (ပြစ်ဒဏ်)သည် ၄င်းအမျိုးသားတို့အား ဖမ်းဆီးကွပ်မျက်ခဲ့သည်။ အမှန်သော်ကား ထိုသူတို့သည် မတရားသူများ ဖြစ်ကြကုန်၏။ သို့သော် ငါအရှင်မြတ်သည် နူဟ်အားလည်းကောင်း၊ (နူဟ်နှင့်အတူ) သဘောင်္ပေါ်တွင် ပါရှိခဲ့ကြသော သူတို့အားလည်းကောင်း ကယ်တင်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ထိုအရာကို ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့အဖို့ အာယာသ်တော်…… သက်သေလက္ခဏာတော် တစ်ရပ်အဖြစ် ပြုလုပ်တော်မူခဲ့ပေသည်” (ကုရ်အာန် ၂၉း၁၄-၁၅)၏ တမန်တော်နူဟ်နှင့် သူ့ခေတ် လူများအကြောင်းကို အလ္လာဟ်က ကုရ်အာန်(၁၁း၂၅ မှ ၄၈) (၂၆း၁၀၅ မှ ၁၁၂ထိ)တွင် ဖော်ပြထားပေသည်။
ကမ္ဘာဦးတမန်တော် တစ်ဦးဖြစ်သော နူဟ်သည် သူ့ခေတ်လူများအတွင်း နှစ်ပေါင်း၉၅၀ တိုင် နေထိုင်၍ အလ္လာဟ်၏ထံမှ တရားလမ်းညွှန်များ ဟောကြားခဲ့သော်လည်း များစွာသောသူတို့မှာ ဆန့်ကျင်မြဲ ဆန့်ကျင်ခဲ့ကြ၍ မတရားမှုများ ပြုခဲ့ကြသည်။ အလ္လာဟ်ကို မယုံကြည်ကြဘဲ ပြစ်ဒဏ်ချရန်ပင် လှောင်ပြောင် ပြောခဲ့ကြသည်။ နောက်ဆုံးတွင် အလ္လာဟ်သည် တမန်တော်နူဟ်အား သဘောင်္ဆောက်ရန်နှင့် မည်သို့ဆောက်လုပ်ရမည်ကို ဝဟီလမ်းညွှန်ပေးတော်မူခဲ့သည်။ ထို့နောက် တမန်တော် နူဟ်နှင့် ယုံကြည်သူ နောက်လိုက်တို့အား လိုအပ်သော အသုံးအဆောင်များကို တင်ဆောင်စေခဲ့ပြီး နောက် ရေလွှမ်းမိုးမှုပြစ်ဒဏ်သည် ပြစ်မှုကျူးလွန်သော တမန်တော်နူဟ်၏ လူများအပေါ်သက်ရာက်လေသည်။
တမန်တော်နူဟ်၏ ဇနီးနှင့် သားတစ်ဦးသည်ပင် အလ္လာဟ်နှင့် အမှန်တရားကို ဆန့်ကျင်ခဲ့မှုအတွက် အခြားသူများနှင့်အတူ ရေလွှမ်းမိုးခြင်း ပြစ်ဒဏ်တွင် ခံစားသေဆုံးခဲ့ကြရသည်။ နောက်ဆုံးတွင် အလ္လာဟ်နှင့် အမှန်တရားကို လက္ခံခဲ့ကြသော နူဟ်၏ နောက်လိုက်တို့ကို အလ္လာဟ်ကကယ်တင်၍ ၄င်းတို့သဘောင်္ကို ဂျူဒီတောင်ပေါ်သို့ တင်စေတော်မူခဲ့သည်။(၁၁း၄၄)။ နောက်ခေတ် အဆက်ဆက် ကမ္ဘာသူကမ္ဘာသား အားလုံးအတွက် အလ္လာဟ်၏ သက်သေလက္ခဏာတစ်ရပ်အဖြစ် ပြုလုပ်တော်မူခဲ့ပေသည်။
နူဟ်၏ သဘောင်္တင်ခဲ့သော ဂျူဒီတောင်သည် ယနေ့ဆီးရီယားနိုင်ငံ၏ အလ်ဂျဇီရဟ် ဒေသရှိ အလ်ဂျဇီရဟ်အိဘ်နုအုမရ်မြို့၏ အရှေ့မြောက် ၂၅မိုင် အကွာရှိ“ဗန်”ဟု အမည်တွင်သော ရေအိုင်ကြီး (Van Lake)၏ ဒေသတွင်ရှိသည်။ သမ္မာကျမ်းစာတွင် နူဟ်၏ သဘောင်္သည် အရာရတ်တောင်ပေါ်တွင် တင်ခဲ့သည်ဟု ဆိုထား၏။ (Genesis8:4)။ ထိုရေအိုင်ကြီး၏ တောင်ပိုင်းဒေသအားလုံးမှာ တစ်ချိန်က အရာရတ်ဒေသ သတ်မှတ်ချက်တွင် ပါဝင်ခဲ့ပေသည်။ ကုရ်အာန်တွင် ဖော်ပြသော ဂျူဒီတောင်သည် ထိုအရာရတ် ဒေသအတွင်းရှိ တောင်တန်းတစ်ခုသာ ဖြစ်သည်။ တမန်တော်နူဟ်၏ သဘောင်္သည် ဂျူဒီ တောင်ပေါ်တွင် ရှိခဲ့ကြောင်း ရှေးဟောင်းသမိုင်းမှတ်တမ်းများက ထောက်ခံနေပေသည်။
ဥပမာ တမန်တော် အီဆာ(သခင်ယေရှု) မတိုင်မီ နှစ်ပေါင်း ၂၅၀ကျော်အလျင်က ဘေဘီလုံးနီးယားမှ ဘာသာရေးခေါင်းဆောင် ဘေရာဆပ်(Berasus)က ၄င်း၏ “Chaldean”တို့၏ သမိုင်းစာအုပ်တွင်လည်း ဖော်ပြထား၏။ အရစ်တိုတယ်၏ တပည့်တစ်ဦး ဖြစ်သော အဘီဒေနပ်စ်(Abydenus)ကလည်း ဂျူဒီ တောင်ပေါ်တွင် တည်ရှိကြောင်း ထောက်ခံရုံသာမက ၄င်းခေတ်ရှိ အီရတ် နိုင်ငံမှ လူတို့ထံတွင် နူဟ်သဘောင်္မှ အပိုင်းအစများ ရှိနေကြောင်း၊ ရေဖြင့်သွေး၍ လူမမာကို ဆေးအဖြစ်တိုက်ကြောင်း ဆိုခဲ့သည်။
တမန်တော် နူဟ်ခေတ် ရေလွှမ်းမိုးခြင်း အဖြစ်ပျက်ကို အချင်းဖြစ်ရာ ထိုဒေသများ၊ ခူရ်ဒစ်စန်နှင့် အာမေးနီးယားမှ ရှေးဟောင်းသမိုင်းများ၊ ဘီဘဲလ်(Bebel) ဒေသမှ တူးဖော်တွေ့ရှိခဲ့သည့် ရှေးဟောင်း ကျောက်စာ(Tablets) များက ထောက်ခံနေပေသည်။ ယနေ့ အသုံးပြုနေသော သမ္မာကျမ်းစာများတွင် ထိုအချိန်က တစ်ကမ္ဘာလုံးကို ရေလွမ်းမိုးခဲ့သည်ဟု ဆိုသည်။
သို့သော်…..အလ္လာဟ်ထံမှ နောက်ဆုံးကျသော ကုရ်အာန်ကျမ်းတွင် တမန်တော်နူဟ်ကို ဆန့်ကျင်ငြင်းဆန်သူတို့ အပေါ်၌သာ လွှမ်းမိုးခဲ့သည်ဟု ဖော်ပြထားသည်။ ရှေးဟောင်း သုတေသန တူးဖော်မှုများအရ သော်လည်းကောင်း၊ ရှေးဟောင်း သမိုင်းများအရ သော်လည်းကောင်း၊ ပထဝီဝင် အနေအထားအရသော် လည်းကောင်း၊ ကမ္ဘာ၏ အခြားနေရာများတွင် ရေလွမ်းမိုးခြင်းခံရသည့် အထောက်အထား မတွေ့ရ။ ယူဆနိုင်သည်မှာ ထိုတမန်တော်နူဟ်၏ ကမ္ဘာဦးခေတ်က လူတို့သည် ထိုဘေဘီလုံးနီးယား တစ်ဝိုက်တွင်သာ ရှိခဲ့ကြ၍ နူဟ်၏သဘောင်္ပေါ်ရှိ ရေလွှမ်းမိုးခြင်းဒဏ်မှ လွတ်မြောက်ခဲ့သူတို့သည် နောက်ပိုင်းတွင် ကမ္ဘာအနှံ့ ပြန့်ပွားသွားပြီး သားစဉ် မြေးဆက်တို့က ထိုအဖြစ်အပျက်ကို သိနေခြင်း ဖြစ်တန်ရာ၏

No comments:

Post a Comment