Sunday 23 September 2012

ဖန်ဆင်းတော်မူခြင်း၏ ရည်ရွယ်ချက်

ဖန်ဆင်းတော်မူခြင်း၏ ရည်ရွယ်ချက် (အစ္စလာမ့်ယုံကြည်ချက်)
“အလ္လာဟ်သည်ပင် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူသည့်ပြင် ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ အပေါ်ဝယ် ထိန်းသိမ်းတော်မူသော အရှင်ဖြစ်တော်မူ၏” (ကုရ်အာန်၄၉း၆၂)
“ဖန်ဆင်းမှုသည် လည်းကောင်း၊ အမ်ရ် အမိန့်အာဏာတော်သည် လည်းကောင်း ထို အရှင်မြတ်၌သာလျင် ရှိသည်ကို ကောင်းစွာမှတ်ယူကြလေကုန်” (ကုရ်အာန်၇း၅၄)
“…အလ္လာဟ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်တို့ကို လည်းကောင်း၊ ယင်းနှစ်ခုစပ်ကြား၌ ရှိသမျှတို့ကို လည်းကောင်း မှန်ကန်သော ရည်ရွယ်ချက်နှင့် သတ်မှတ် ပြဋ္ဌာန်း အပ်သော အချိန်ကာလ အတွက်သာ ဖန်ဆင်းတော်မူခဲ့သည်။ သို့တစေလည်း များစွာသော သူတို့မှာမူကား မိမိတို့အား ဖန်ဆင်းတော်မူသော အရှင်မြတ်နှင့် တွေ့ဆုံရမည်ကို အမှန်ပင် ငြင်းပယ်သူများသာ ဖြစ်ကြကုန်၏” (ကုရ်အာန် ၃၀း၈)
“ပြောလော့၊ အသင်တို့သည် အလ္လာဟ်အပြင် မိမိတို့ထင်မှား ကိုးကွယ်ခဲ့ကြသော သူတို့အား ဟစ်ခေါ်ကြလေကုန်၊ ထိုသူတို့သည် မိုးကောင်းကင် စကြဝဠာများ၌ လည်းကောင်း ကမ္ဘာဂြိုဟ်၌ လည်းကောင်း (ဇရ်ရဟ်) အဏုမြူမှုန်ခန့်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ ထိုမှတစ်ပါး ယင်းမိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်နှစ်ခု၌ ၄င်းတို့၏ ဖက်စပ်မှု၍ လုံးဝမရှိပေ။ ထို့အတူ ၄င်းတို့အနက် ထိုအရှင်မြတ်အား ရိုင်းပင်းကူညီသူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိချေ။ (ကုရ်အာန်၃၄း၂၂)
“မိုးခုနှစ်ထပ် (စကြဝဠာများ)သည် လည်းကောင်း၊ ကမ္ဘာဂြိုဟ်သည် လည်းကောင်း၊ ထိုမိုးများနှင့် ကမ္ဘာဂြိုဟ်တွင် ရှိသူတို့သည် လည်းကောင်း ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း ကျူးရင့်လျက် ရှိကြ၏။ စင်စစ် သက်ရှိသက်မဲ့ အရာခပ်သိမ်းတို့သည် ထိုအရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်းနှင့် တကွ သန့်ရှင်းစင်ကြယ်တော်မူကြောင်း ရွတ်ဆို ကျူးရင့်လျက်ပင် ရှိကြကုန်၏။ သို့ရာတွင် အသင်တို့မှာကား ၄င်းတို့၏ ပွားများ သရဇ္ဈယ်မှုကို နားမလည်ချေ” (ကုရ်အာန် ၁၇း၄၄)
“၄င်းတို့ အသီးသီးတို့တွင် မိမိတို့၏ (သဘာဝအလျောက်) ဆုတောင်း ပတ္တနာ ပြုခြင်းကို လည်းကောင်း၊ မိမိတို့၏ ဘာဝနာ စီးဖြန်းပုံကို လည်းကောင်း ဧကန်အမှန် သိရှိပြီးဖြစ်ကြကုန်၏” (ကုရ်အာန်၂၄း၄၁)
“စင်စစ် ငါရှင်မြတ်သည် ဂျင်များနှင့် လူသားတို့အား ငါအရှင်မြတ်အား အိဘာဒတ်ပြုရန် (အလ္လာဟ်လမ်းညွှန်အတိုင်း ကျွန်အဖြစ် နာခံကိုးကွယ်ရန်)သာလျင် ဖန်ဆင်းတော်မူခဲ့၏” (ကုရ်အာန် ၅း၁၅၆)
“အို လူသားအပေါင်းတို့ အသင်တို့သည် (သာလျင် မိမိတို့၏ ကိစ္စအရပ်ရပ်တွင်) အလ္လာဟ်အား လိုအပ်တောင့်တကြရသူများ ဖြစ်ကြကုန်၏။ သို့ရာတွင် အလ္လာဟ်သည် လိုလားတောင့်တခြင်း လုံးဝ ကင်းမဲ့တော်မူသော အရှင်ဖြစ်၏” (ကုရ်အာန် ၃၅း၁၃၅)
“ထိုအရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာ ဖြစ်၏” (ကုရ်အာန် ၁၁း၇)
“ထိုအရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) ဖန်ဆင်းတော်မူပြီးနောက် နေသားတကျ ဖြစ်အောင်လည်း ပြုလုပ်တော်မူခဲ့၏။ ထို့ပြင် အရှင်မြတ်သည် တိုင်းတာ သတ်မှတ်ပြီးနောက် (အရာခပ်သိမ်းကို) လမ်းညွှန်တော်မူ၏” (ကုရ်အာန် ၈၇း၂-၃)
“စင်စစ် အလ္လာဟ်သည် (လူခပ်သိမ်းတို့အား) ငြိမ်းချမ်းရေး ဗိမာန်သို့ ဖိတ်ခေါ်တော်မူလေသည်” (ကုရ်အာန် ၁၀း၂၅)
“အလ္လာဟ်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ စွမ်းအားထက် ပို၍ တာဝန်ပေးတော်မမူချေ။ မိမိကိုယ်တိုင် ရှာဖွေဆည်းပူးခဲ့မူ (ကောင်းမှု၏ အကျိုး)သာလျင် ထိုသူတို့ အဖို့ဖြစ်၍ မိမိကိုယ်တိုင် ရှာဖွေပြုကျင့်ခဲ့မူ(မကောင်းမှု၏အပြစ်)သာလျင် ထိုသူ၏အပေါ်၌ တင်ရှိအံ့” (ကုရ်အာန် ၂း၂၈၆)
“ထိုလူသားသည် ယင်းကြိုးပမ်းမှုနှင့် စပ်လျဉ်း၍ လွန်စွာ ပြည့်စုံသော အစားပေးခြင်းကို ခံရမည်” (ကုရ်အာန် ၅၃း ၄၁)

No comments:

Post a Comment