Monday 24 September 2012

အလ္လာဟ်ကို မမြင်ဘဲ လက်ခံကိုးကွယ်ခြင်းသည် အဓိပ္ပယ်ရှိပါသလော

အလ္လာဟ်ကို မမြင်ဘဲ လက်ခံကိုးကွယ်ခြင်းသည် အဓိပ္ပယ်ရှိပါသလော
လူသားတို့မမြင်နိုင်သော်လည်း၊ ဆင်ခြင်တုံ့တရားနှင့် အသိဉာဏ်တို့ဖြင့် ဝန်းခြုံ စောကျောနိုင်ခြင်း မရှိသော်လည်း အလ္လာဟ် ရှိတော်မူကြောင်းကို အလ္လာဟ်၏ ဖန်ဆင်းခံ လောကခပ်သိမ်း၊ စကြဝဠာ၊ ကမ္ဘာခပ်သိမ်း၊ သက်ရှိ သက်မဲ့ ခပ်သိမ်းတို့မှ တစ်ဆင့် သိနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လောကခပ်သိမ်းရှိ သက်ရှိသက်မဲ့ ခပ်သိမ်းသည် အလ္လာဟ်၏ ဂုဏ်တော်များကြောင့် ထင်ရှားဖြစ်ပေါ်လာသော ဖန်ဆင်းခံတို့သာ ဖြစ်ကြပေရာ မိမိတို့၏ အရှင်သခင် အလ္လာဟ်ရှိကြောင်းကို သက်သေခံနေ ကြပေသည်။
အလ္လာဟ်သည် အလ္လာဟ်ရှိတော်မူကြောင်း လူသားတို့ ဆင်ခြင်စောကျောနိုင်စေရန် လူသားအပါအဝင် ဖန်ဆင်းခံ လောကအတွင်း၌ သက်သေလက္ခဏာ သာဓများစွာ ပြုလုပ်ပေးထားတော်မူ၏။ ဖန်ဆင်းခံ လောကအတွင်းမှ သက်သေ သာဓများကိုကား လူသားတို့ အသိဉာဏ် တိုးတက်လာသည်နှင့်အမျှ ပို၍ သိလာနိုင်ပေသည်။
ထို့ကြောင့် အလ္လာဟ်ကို အလ္လာဟ်၏ သက်သေလက္ခဏာများမှ တစ်ဆင့်သာ လူသားတို့ သိနိုင်ကြပေသည်။ အလ္လာဟ်၏ သက်သေလက္ခဏာတော်များ ကဏ္ဍတွင် အသေးစိတ်ဖော်ပြထားပါသည်။ သက်မဲ့လောကတွင် အဏုမြူ (အက်တမ်)မှုန်လေး အတွင်းမှ စကြဝဠာခပ်သိမ်းအထိ သက်ရှိလောကတွင် (ဆလ်)လေးများမှ ခန္ဓာကိုယ် ဖွဲ့စည်းပုံအထိ အရာခပ်သိမ်းက အလ္လာဟ်ရှိကြောင်း သက်သေထွက်ဆိုနေကြ၏။ လူသားတို့သည် နှလုံးသားတံခါးဖွင့်၍ ရှာဖွေဆန်းစစ်ရန်သာ လို၏။
အလ္လာဟ်၏ နောက်ဆုံးနှင့် ပြီးပြည့်စုံသည့် တရားရောင်ခြည် ကျမ်းမြတ်ကုရ်အာန်သည် လူသားတို့အတွက် သက်သေလက္ခဏာတော်များ အဖြစ် စတွေ့ အလင်းပေးနေသလို အလ္လာဟ်၏ ဖန်ဆင်းခံလောကခပ်သိမ်းကလည်း ရှာဖွေဆင်ခြင်သူတို့အဖို့ လက်တွေ့ သက်သေလက္ခဏာများအဖြစ် ပြည့်နက် နေပေတော့သည်။
“ဧကန်စင်စစ် ငါရှင်မြတ်သည် မိမိ၏ သက်သေလက္ခဏာ သာဓများကို စဉ်းစားဆင်ခြင် သိနားလည်သော သူတို့အဖို့ အသေးစိတ် ရှင်းလင်း ဖော်ပြတော်မူခဲ့လေ သတည်း” (ကုရ်အာန်၆း၉၇)
“ငါအရှင်မြတ်သည် သက်သေသာဓများကို မည်သို့ မည်ပုံ ပြသတော်မူလျက် ရှိသည်ကို အသင်ရှုပါလေ…” (ကုရ်အာန် ၆း၄၆)

No comments:

Post a Comment