Tuesday 18 September 2012

‘နုသ်ွဖတ်’ ကလလရေကြည် အနည်းငယ်မျှဖြင့် မျိုးဆက်ပြန့်ပွားခြင်း

‘နုသ်ွဖတ်’ ကလလရေကြည် အနည်းငယ်မျှဖြင့် မျိုးဆက်ပြန့်ပွားခြင်း
လူသားအားလုံး၊ ကျား/မ မရွေး ရုပ်ခန္ဓာကိုယ်သည် မြေပေါ်မြေအောက်ရှိသက်မဲ့ ပစ္စည်းတို့ဖြင့် ဖွဲ့စည်းထားသည်။ မိခင်လောင်း၊ ဖခင်လောင်းတို့သည် မြေမှထွက်သောပစ္စည်းများကို စားကြရသည်။ တနည်းဆိုသော် သက်မဲ့ပစ္စည်းတို့သည် အစားအစာအဖြစ် သက်ရှိတို့၏ ရုပ်ခန္ဓာထဲဝင်ရောက်ကြသည်။ ဤသို့ဖြင့်သက်ရှိ ရုပ်ခန္ဓာကိုယ်တွင် ဆဲလ်များစွာတို့ တိုးတက်ဖြစ်ပေါ်လာ၍ ရုပ်ခန္ဓာ ကြီးထွားလာရသည်။ ဖခင်လောင်းတွင် ကလလရေကြည် (သုတ်)ဖြစ်လာ၍ မိခင်လောင်းတွင် မမျိုးဥဖြစ်လာသည်။ စင်စစ်သန္ဓေသားကို ဖြစ်ပေါ်စေနိုင်သော သုတ်နှင့် မမျိုးဥတို့သည် လူသား၏ ရုပ်ခန္ဓာကိုယ် မြေထွက်ပစ္စည်း အစားအစာများ ပေါင်းစပ်၍ မရှိရာမှရှိရာသို့ ပေါ်ပေါက်လာကြသည်။
“ထို့နောက် အရှင်မြတ်သည် ‘၄င်း’၏ အဆက်အနွယ်တို့ကို အဖိုးမတန်သော ရေ၏ အနှစ်သာရဖြင့် ပြုလုပ်တော်မူခဲ့သည်” (ကုရ်အာန် ၃၂း၈)
“မုချဧကန် ငါအရှင်မြတ်သည် လူသားကို မြေ၏ အဆီအနှစ်ဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ငါအရှင်မြတ်သည် ၄င်းအား ကလလရေကြည်၏ အနည်းငယ်သော ပမာဏအဖြစ် လုံခြုံသောနေရာတစ်ခု (သားအိမ်တွင်း)၌ ထားတော်မူခဲ့သည်” (ကုရ်အာန် ၂၃း၁၂-၁၃)
“အို….လူခပ်သိမ်းတို့၊ စင်စစ် ငါအ၇ှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက် မိန်းမတစ်ယောက်မှ ဖန်ဆင်းထင်ရှားဖြစ်ပေါ်စေတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သင်တို့အချင်းချင်း တစ်ဦးကို တစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး၊ မျိုးနွယ်အသွယ်သွယ်ပြုလုပ်တော်မူခဲ့သည်” (ကုရ်အာန် ၄၉း၁၃)
မိခင်လောင်းနှင့် ဖခင်လောင်းတို့ ပေါင်းသင်းကြ၍(အလ္လာဟ်၏ သတ်မှတ်ချက်ရှိသော်) သန္ဓေသား တည်လေသည်။ ယင်းအခြေမှ စတင်သော သန္ဓေသား၏ ဘဝသည်လည်း သားအိမ်တွင်း၌ အလ္လာဟ်၏ သတ်မှတ်ချက်ကာလများအတိုင်း အဆင့်ဆင့်ကြီးထွားရလေသည်။ ဒုတိယအဆင့်မှာ ရုပ်ပိုင်းဆိုင်ရာ တိရစ္ဆာန်အဆင့်သာရှိသေး၍ ကုရ်အာန် (၃၂း၈)၌လည်း“၄င်း”ဟူ၍သာ သဒ္ဒါနည်းအရ သုံးစွဲထားသည်။ >ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှု
“ထို့နောက် ထိုအရှင်မြတ်သည် ၄င်းအား ဖန်ဆင်းရသည့် သဘာဝနှင့်အညီ ကျင့်ကြံနိုင်ရန် နေထားကျန်စွာ ပြုလုပ်တော်မူခဲ့၏” (ကုရ်အာန် ၃၂း၉)
လူသား၏ အဆင့်ဆင့်ပြောင်းလဲ တိုးတက်မှု တတိယအဆင့်မှာ(စောင်ဝါ) ဖန်ဆင်းခံရသည့် ရည်ရွယ်ချက် သဘာဝနှင့် အညီကျင့်ကြံဆောင်ရွက်နိုင်ရန် အလ္လာဟ်၏ ဘုန်းတော် ဉာဏ်တော် အနန္တဖြင့် နေသားကျနစွာ ပြုလုပ်ခြင်း ဖြစ်၏။ မြေမှတစ်ဆင့်ဖြစ်လာသော ကလလရေကြည် (သုတ်)နှင့် မမျိုးဥတို့ မိခင်လောင်း၏ သားအိမ်တွင်း၌ ပေါင်းစပ်အောင်မြင်ပြီးနောက် သီးခြားဘဝတစ်ခု ဖြစ်ပေါ်လာ၍ အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာခြင်းသည်။ သားအိမ်တွင်း၌ ကလလရေကြည် အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုကို ကုရ်အာန်၌…
“ထို့နောက် ငါအရှင်မြတ်သည် ယင်းကလလရေကြည်၏ အနည်းငယ်သော ပမာဏမှ အလတ်က် (မျှော့ကောင်ကဲ့သို့ ပုံသဏ္ဍာန်ရှိပြီး) တွယ်ကပ်နေသော အရာဖြစ်ဖန်ဆင်း ပြုလုပ်တော်မူခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် ယင်းတွယ်ကပ်နေသောအရာ (အလတ်က်)ကို (မုဒ်ွဂတ်) သွားဖြင့် ဝါးထားသော ပုံသဏ္ဍာန် အသားတုံးဖြင့် ဖန်ဆင်းပြုလုပ်တော်မူခဲ့၏။
တဖန်ဆင်းယင်း သွားဖြင့် ဝါးထားသော သဏ္ဍာန်အသားတုံးမှ အရိုးများအဖြစ် ဖန်ဆင်းပြုလုပ်တော်မူခဲ့ပြန်သည်။ ထို့နောက် ငါအရှင်မြတ်သည် ယင်းအရိုးများကို အသားဖြင့် တန်ဆာဆင်မြန်း၍ ပေးတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်း(အသားဖြင့်ဆင်မြန်းပြီးသော အရိုးများ)ကို အခြား ဖန်ဆင်းခံအရာ တစ်ခုအသွင် ဖြစ်ပေါ်လာတော်မူခဲ့၏” (ကုရ်အာန် ၂၃း၁၄)
အလ္လာဟ်သည် လူသားတို့၏ ဖန်ဆင်းရှင် ဖြစ်တော်မူ၏။ ကုရ်အာန်သည် အလ္လာဟ်ထံမှ လမ်းညွှန်ဖြစ်၏ အနောက်တိုင်း ဆေးသိပ္ပံ ပါရဂူများကို မယုံနိုင်အောင် အံ့သြစေသော မှန်ကန်တိကျသည့် ကုရ်အာန် အတွင်းမှ အလ္လာဟ်၏ ဖန်ဆင်းမှုကို ဖော်ပြသော အာယာသ်များအကြောင်း သက်သေလက္ခဏာများ ကဏ္ဍတွင်ကြည့်ပါ။ အခြားဖန်ဆင်းခံအရာတစ်ခုအသွင်” ဟူသည် မိခင်မှ ခွဲထွက်နိုင်သော ပြီးပြည့်စုံသော သီးခြားဘဝတစ်ခုသို့ ရောက်ရှိသော အဆင့်ကို ခေါ်သည်။ ထို(စတုတ္ထအဆင့်)သည် တိရစ္ဆာန်တို့ထက်သာလွန်သော အဆင့်ဖြစ်၏။ အလ္လာဟ်ထံမှ ရူဟ်စွမ်းအင်ရသောအဆင့် ဖြစ်၏။
အလ္လာဟ်ထံမှ ရူဟ်စွမ်းအင် လက္ခံရရှိခြင်း
“ထို့နောက် ထိုအရှင်မြတ်သည်‘၄င်းအား’ ဖန်ဆင်းခံရသည့် သဘာဝနှင့်အညီ ကျင့်ကြံနိုင်ရန် နေထားကျနစွာ ပြုလုပ်တော်မူ၍ ၄င်း၏(ရုပ်ခန္ဓာအတွင်း)၌ မိမိ၏အထံတော်မှ ‘ရူဟ်’ ဝိညာဉ်ကို မှုတ်သွင်းတော်မူခဲ့၏။ ထို့ပြင် ထိုအရှင်မြတ်သည် ‘အသင်တို့’ အဖို့ ကြားခြင်း၊ မြင်ခြင်းနှင့် စိတ်နှလုံးများ (စိတ်နှင့်ခံစားမှု)များကို ပြုလုပ် ပေးသနားတော်မူခဲ့၏။ (သို့ပါလျက်) အသင်တို့သည် အနည်းငယ်သာလျင် ကျေးဇူးတင်ကြကုန်သတည်း” (ကုရ်အာန် ၃၂း၉)
လူသားကို ဖန်ဆင်းသည့် သဘာဝနှင့် လျော်ညီစွာ ကျင့်ကြံနိုင်ရန် နေထားကျနစွာ အဆင့်ဆင့် ဖန်ဆင်းပြုလုပ်ပြီးနောက် စတုတ္ထဆင့်တွင် လူသားကို အလ္လာဟ်သည် မိမိအထံတော်မှ ရူဟ်စွမ်းအင်ကို ချီးမြှင့်ခြင်းဖြင့် တိရစ္ဆာန်တို့ထက် သာလွန်သော၊ ကျန် ဖန်ဆင်းခံတို့ထက် သလွန်သော လူသားအဆင့်သို့ ရောက်လေတော့သည်။ မိခင်၏ သားအိမ်မှ ခွဲထွက်၍ ကမ္ဘာမြေပေါ်ဝယ် ခလီဖဟ် ကိုယ်စားလှယ် အဖြစ်ဆောင်ရွက်နိုင်သော အခြေခံစွမ်းအင်တို့ကို ရလေသည်။ အထက်ပါ အာယာသ်၌ ဤအဆင့်တွင် “၄င်းတို့”ဟု မသုံးစွဲတော့ဘဲ “အသင်တို့”ဟု ပြောင်းလဲခေါ်ဝေါ်လိုက်လေသည်။
အလ္လာဟ် အရှင်မြတ်သည် မိမိအထံတော်မှ ရူဟ်ကို မှုတ်သွင်းသည်ဟူသော အဓိပ္ပာယ်မှာ ပထမဆုံး လူသားကို အလ္လာဟ် စတင် ဖန်ဆင်း ပြုလုပ်စဉ်က ရုပ်ပိုင်းဆိုင်ရာ အဆင့်ဆင့် တိုးတက်ဖြစ်ပေါ်၍ နေထားတကျ ဖြစ်ပေါ်သောအခါ ရူဟ်စွမ်းအင် ထည့်သွင်းပေးခဲ့ရာ ထို ရူဟ်စွမ်းအင်သည် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်ကို ကြားနာ လက္ခံနိုင်စွမ်း၊ ခံစားနိုင်စွမ်းတို့ ရလေသည်။ ထိုကဲ့သို့ ပထမဆုံး လူသားကို ရူဟ်ထည့်သွင်းပေးခြင်း သက္ကဒီရ် သတ်မှတ်ချက်သည် လူသားမျိုးဆက်အားလုံးတို့တွင် သဘာဝအဖြစ် ဆက်လက် အစဉ်အဆက်ဖြစ်နေခြင်းကို ဆိုလိုသည်။ အလ္လာဟ်၏ အမရ်စီမံမှုအမိန့်တော်အရ “ဖြစ်စေ”ဟု ဆိုလျင် ဖြစ်လာ၏ ။ (ကုရ်အာန် ၂း၁၁၇)။
ကုရ်အာန်တွင်“ဖြစ်စေ”ဟုဆိုလျင် “ဖြစ်ခဲ့၏ ဖြစ်ပြီးပြီ” စသည်ဖြင့် မဆို၊ “ဖြစ်လာ၏ (ဖယကူန်း)ဟု ဆိုထားရာ နောက်ဆုံး လူသားတိုင်အောင် သဘာဝတရားအဖြစ် ဆက်လက်ဖြစ်ပေါ်နေမည်သာ ဖြစ်၏။ အလ္လာဟ်၏ အမရ် စီမံမှုအမိန့်တော်နှင့် ဖြစ်စေဟုဆိုလျင် ဖြစ်လာ၏ ဟူသော သဘာဝတို့ကို လူသားတို့၏ မပြီးမပြည့်စုံသော ဉာဏ်အဆင့်ဆင့်နှင့် ဆင်ခြင်တုံတရားတို့က မသိနိုင်ချေ။ သို့သော် ဖြစ်ပေါ်လာပြီးသော အရာဝတ္ထုတိုင်း၌ ဖန်ဆင်းရှင်၏ လက်ရာတော်အဖြစ် သက်သေ လက္ခဏာများကို အထင်အရှား တွေ့မြင်နိုင်ပေသည်။ ထို သက်သေသာဓကများမှတစ်ဆင့် အလ္လာဟ်ကို သိနိုင်ပေသည်။
“ရူဟ်” ဝိညာဉ်သည် အဘယ်နည်း
“စင်စစ် ၄င်းတို့သည် အသင် (တမန်တော် မုဟမ္မဒ်)အား ‘ရူဟ်’နှင့် စပ်လျဉ်း၍ မေးမြန်းကြကုန်၏။ အသင်သည် ၄င်းတို့အား ပြောကြားပါလေ၊ ရူဟ်သည် ငါ့အား မွေးမြူ ဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမရ်စီမံမှု အမိန့်အတိုင်း ဖြစ်လာသည်။ စင်စစ် အသင်တို့သည် အနည်းငယ်မျှသော အသိပညာကိုသာ ချီးမြှင့်ပေးသနားတော်မူခဲ့ခြင်းခံခဲ့ကြရကုန်သတည်း (ဟု ပြောလော့) (ကုရ်အာန် ၁၇း၈၅)
ရူဟ် ဝိညာဉ်သည် အလ္လာဟ်၏ အမရ်အမိန့်တော်မှ ဖြစ်လာ၍ လူသားတို့၏ ဉာဏ်အဆင့်ဆင့်နှင့် ဆင်ခြင်တုံတရားတို့ ထိုးဖောက်ဝန်းခြုံနိုင်စွမ်း မရှိချေ။ အနည်းငယ်မျှလောက်သာ သိနိုင်ပေသည်။ သို့သော် ထို ရူဟ်စွမ်းအင်သည် လူသားတိုင်း၌ရှိနေမှုကို အသွင်မျိုးစုံဖြင့် သိနိုင်ပေသည်။
အဓိကအားဖြင့် လူသားတွင် အသက်အပြင် တိရစ္ဆာန်တို့၌ မရှိသော ဆင်ခြင်တုံ့တရားနှင့် ဉာဏ်လွှာ အဆင့်ဆင့်တို့ ရှိနေမှုပင် ဖြစ်သည်။ ထို ရူဟ်နှင့် ထင်ဟပ် ဆက်စပ်လျက် လူသားတို့တွင် ‘နဖ်စ်’ ဝိညာဉ်နှင့်“ကလ်ဘ်” စိတ်နှလုံးနှင့် ခံစားမှုတို့ ပေါ်ပေါက်လာလေသည်။

No comments:

Post a Comment