Monday, 6 August 2012
အစ္စလာမ် (ဒီန်)တွင် အဓမ္မစနစ် မရှိ
အစ္စလာမ် (ဒီန်)တွင် အဓမ္မစနစ် မရှိ
“……အလ္လာဟ်အရှင်မြတ် ညွှန်ကြားပြသတော်မူသော လမ်းညွှန်သာလျင် မုချဧကန် ဖြောင့်မတ်မှန်ကန်သော တရားလမ်းပင်တည်း။ (ကုရ်အာန် ၂း၁၂၀)
“စင်စစ် ငါအရှင်မြတ်သည် အသင် (တမန်တော် မုဟမ္မဒ်)အား လောက ကမ္ဘာခပ်သိမ်းတို့အဖို့ ကရုဏာတော်အဖြစ်သာလျှင် စေလွှတ်တော်မူခဲ့လေသည်” (ကုရ်အာန် ၂၁း၁၀၇)
“စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်တော်တွင် သက်ဝင်ယုံကြည်သူတို့အဖို့ ရောဂါ ပျောက်ကင်းစေသော ဆေးနှင့် ကရုဏာတော်ကို ချပေးသနားတော်မူလေသည်….” (ကုရ်အာန် ၁၇း၈၂)
“ကာဖိရ်တို့သည် အလ္လာဟ်အရှင်မြတ်၏ တရားရောင်ခြည်ကို မိမိတို့၏ ပါးစပ်ဖြင့် ငြိမ်းသတ်လိုကြကုန်၏။ သို့ရာတွင် ကာဖိရ်သွေဖည် ငြင်းပယ်သောသူများ မနှစ်မြို့ငြားသော်လည်း အလ္လာဟ်မှာမူကား မိမိ၏ တရားရောင်ခြည်ကိုပြည့်ဝ စုံလင်အောင် ပြုလုပ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏ ‘မုရှရိက်’ တွဲဖက်ကိုးကွယ်သူတို့ မနှစ်မြို့ငြားသော်လည်း ထိုအရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော် (မုဟမ္မဒ်)အား တရားလမ်းညွှန်နှင့်တကွ လည်းကောင်း မှန်ကန်သော (ဒီန်)ဘဝတည်ဆောက်မှု လမ်းစဉ် သာသနာတော်နှင့် လည်းကောင်း (ယင်းမှန်ကန်သော ဒီန်ကို) ဘာသာ သာသနာ အလုံးစုံတို့ထက်ဝယ် လွှမ်းမိုးစေတော်မူအံ့သောငှာ စေလွှတ်တော်မူခဲ့ပေသတည်း” (ကုရ်အာန် ၆၁း၈-၉)
(အစ္စလာမ်) ဒီန်အတွင်း အဓမ္မ အနိုင်အထက်အလျင်း မပြုရ။ ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်သည် မမှန်ကန်သော လမ်းစဉ်နှင့် ရှင်းလင်း ထင်ရှားစွာ ကွဲပြားခြားနားလျက် ရှိနေပေပြီ…” (ကုရ်အာန် ၂း၂၅၆)
“အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော (အလ္လာဟ်) အရှင်မြတ်၏ လမ်းတော်သို့ (လူတို့အား) ဉာဏ်ပညာဖြင့် လည်းကောင်း၊ ကောင်းမြတ်သော သြဝါဒဖြင့် လည်းကောင်း ဖိတ်ခေါ်ပါလေ၊ ထို့ပြင် အသင်သည် ၄င်းတို့အား အကောင်းဆုံးသော နည်းဖြင့် အချေတင် ပြောဆိုပါလေ……” (ကုရ်အာန် ၁၆း၁၂၅)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment