Monday, 6 August 2012
မုစ်လင်မ် ခေါ် လောကခပ်သိမ်းနှင့် ယှဉ်သောဘွဲ့
မုစ်လင်မ် ခေါ် လောကခပ်သိမ်းနှင့် ယှဉ်သောဘွဲ့
“၄င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ (ဒီန်- သာသနာရေးတွင်) သက်စွန့်ကြိုးပမ်း ဆောင်ရွက်ရန် တာဝန်ရှိသည်နှင့် အညီ ဂျီဟာဒ်- သက်စွန့်ကြိုးပမ်းဆောင်ရွက်နေကြလေကုန်၊ ထိုအရှင်မြတ်သည် အသင်တို့အား ရွေးချယ်ခဲ့လေပြီ။ ၄င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏ဖခင် (နဗီတမန်တော်) အီဗရာဟီမ်၏ ဒီန် သာသနာနည်းတူ အသင်တို့ အပေါ်၌လည်း ဒီန်သာသနာတော်၌ မည်သည့် ကျပ်တည်းခဲယဉ်းမှု တစ်စုံတစ်ရာကိုမျှပင် ပြုတော်မမူခဲ့ချေ။ ရစူလ်တမန်တော်မြတ် (မုဟမ္မဒ်)သည် အသင်တို့နှင် ပတ်သက်၍ အသိသက်သေ ဖြစ်အံ့သောငှာ လည်းကောင်း၊ အသင်တို့သည်လည်း လူခပ်သိမ်းတို့နှင့် ပတ်သက်၍ အသိသက်သေများ ဖြစ်ကြအံ့သောငှာ လည်းကောင်း ထိုအရှင်မြတ်သည်ပင် အသင်တို့အား ယခင်ကလည်း (မုစ်လင်မ်များဟူ၍) အမည်ပညတ်တော်မူခဲ့ပေသည်။ (ယခု) ဤ (ကုရ်အာန်ကျမ်းမြတ်)တွင်လည်း မုစ်လင်မ်များ အလ္လာဟ်ကို ယုံပုံအပ်နှင်း နာခံသူများ) ဟူ၍ပင် အမည် ပညတ်တော်မူခဲ့ပေသည်” (ကုရ်အာန် ၂၂း၇၈)
{ အစ္စလာမ်ဟူသည် တစ်ပါးတည်းသော အလ္လာဟ်ကို အပ်နှင်းနာခံခြင်း ဖြစ်သည်။
မုစ်လင်မ် ဟူသည် တစ်ပါးတည်းသော အလ္လာဟ်ကို အပ်နှင်း နာခံသူကို ခေါ်သည်။
အစ္စလာမ်ဟူသည် ငြိမ်းချမ်းရေးဟု အဓိပ္ပာယ်ရ၏။
မုစ်လင်မ်ဟူသည် ငြိမ်းချမ်းရေး ဝါဒီသာ ဖြစ်သည်။}
စကြဝဠာလောကခပ်သိမ်းတို့သည် အလ္လာဟ်ကို နာခံနေသူ မုစ်လင်မ်များ ဖြစ်နေကြ၏။ အဏုမြူမှုန်လေးမှသည် ကမ္ဘာ၊ နေ၊ လ၊ နက္ခတ်တာရာ၊ ဂလက်ဆီကြီးများအထိလည်းကောင်း၊ လူသားတိုင်း၏ ရုပ်ခန္ဓာကိုယ်ကြီးသည်လည်းကောင်း၊ တိရစ္ဆာန်၊ သစ်ပင် ပန်းမန် အားလုံးတို့သည် လည်းကောင်း (မုစ်လင်မ်များ) အလ္လာဟ်၏ လမ်းညွှန်အမိန့်တို့ နာခံသူများ ဖြစ်နေကြ၏။ လူသား၏ ရုပ်ခန္ဓာကြီးက မုစ်လင်မ် ဖြစ်နေပါလျက် လူသား၏ ‘နဖ်စ်ဝိညာဉ်’ သည် အဘယ်သို့ ငြင်းပယ်မည်နည်း။ မုစ်လင်မ်ဟူသည် အလ္လာဟ်ကို ယုံပုံ အပ်နှင်းနာခံသူ ကျား/မ မရွေး၊ အသားအရောင်မရွေး၊ နေရာဒေသမရွေး၊ မျိုးနွယ်မရွေး၊ လောက, ကာလမရွေး နာခံသူကို ခေါ်သည်။ ကမ္ဘာ့ တမန်တော် အသီးသီး ဟောကြားခဲ့သော အစ္စလာမ်ကို လက္ခံခဲ့သော အတိတ်ခေတ် လူသားအားလုံးသည်လည်း မုစ်လင်မ်များပင် ဖြစ်ခဲ့ကြသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment