Thursday 23 August 2012

နို့၏ သက်သေ

နို့၏ သက်သေ လူသားမိခင်တို့၏ သားမြတ်များမှ ရင်သွေးငယ်များအတွက် နှစ်လိုဖွယ် နို့ရည် ဖြာထွက်မှုမှာ အဘယ်မျှ ဆန်းကြယ်ဘိသနည်း၊ ရင်သွေး မမွေးမီ နို့မထွက်၊ ရင်သွေးမွေးပြီးမှသာ မိခင်၏ မေတ္တာစမ်းရေအဖြစ် သွေးမှ နို့ဖြစ်လာရ၏။ ရင်သွေးငယ်၏ နုနယ်သော နှုတ်ခမ်းနှင့် မိခင်၏ သားမြတ်ထိပ်မှာ အနေတော်ဖြစ်၏။ ရင်သွေးငယ်ကို ထိခိုက်နာကျင်စေခြင်း မရှိချေ။ အလ္လာဟ်၏ အံ့ဖွယ်စီမံမှုသာဖြစ်၏။
“ထိုအရှင်မြတ်သည် လူသားကို ကလလရေကြည်၏ အနည်းငယ်သော ပမာဏဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ သို့ဖြစ်ပါလျက် (အလ္လာဟ်အရှင်မြတ်အား) ထင်ရှားသော အန်တုသူ ဖြစ်လာ၏” (ကုရ်အာန် ၁၆း၎)
“ထို့မှတစ်ပါး ဧကန်စင်စစ် အသင်တို့အဖို့ ခြေလေးချောင်း သတ္တဝါများ၌ အမှန်ပင် သင်ခန်းစာ ရှိပေသည်။ ငါအရှင်မြတ်သည် အသင်တို့အား ၄င်းတို့၏ ခန္ဓာများအတွင်းရှိ(အူ) အစာဟောင်းနှင့် သွေး၏ အကြားမှ သန့်စင်၍ သောက်သုံးသူတို့အဖို့ အရသာရှိသော နို့ရည်ကို တိုက်ကျွေးတော်မူ၏” (ကုရ်အာန် ၁၆း၆၆)
အထက်ပါ အာယာသ်တော်ကို သိပ္ပံပညာက သွေးလှည့်ပတ်မှုနှင့် နို့ဖြစ်ပေါ်လာပုံကို ရှာမတွေ့မီက တိကျစွာ နားမလည်နိုင်သော်လည်း ရှာဖွေတွေ့ရှိသောအခါ ဖန်ဆင်းရှင် အလ္လာဟ်ကို သိပ္ပံပညာက ထောက်ခံ ဦးချပြန်လေသည်။
အူအတွင်း အစာတို့ကို ဓာတုဗေဒနည်းအရခြေ၍ ရရှိသော စွမ်းအင်တို့ကို ဓာတ်ပြုမှုသဘာဝကို အခြေခံ၍ သွေးကြောများတွင်းသို့ ပေးပို့လေသည်။ သွေးတို့က ထိုအူနှင့် အစာမှရသော စွမ်းအင်တို့ကို ခန္ဓာကိုယ်တစ်ခုလုံးရှိ အဂါင်္ အစိတ်အပိုင်းများကို ပို့ပေးရာနို့ ထုတ်ပေးသော ဂလင်းများသို့လည်း ရောက်ပေသည်။ သိပ္ပံ၏တွေ့ရှိချက်သည် အထက်ပါ အာယာသ်တော်ကို ထောက်ခံနေခြင်းသာ ဖြစ်၏။ သိပ္ပံပညာ မရှိခင် အာရေဗျ သဲကန္တာရတွင် စာပေမသင်ကြားရသူ တမန်တော် မုဟမ္မဒ်၏ နှုတ်မှ များစွာသော ယနေ့ခေတ် သိပ္ပံအချက်အလက်များ ထွက်ခဲ့ရခြင်းမှာ ကုရ်အာန်သည် ဖန်ဆင်းရှင် အလ္လာဟ်ထံမှ ဝဟီလမ်းညွှန်ဖြစ်၍သာ ဖြစ်ပေသည်။
ကုရ်အာန်သည် သိပ္ပံဖတ်စာအုပ်ကြီး မဟုတ်သဖြင့် သိပ္ပံဆိုင်ရာ အသေးစိတ်များ ဖော်ပြမထားပေ။ လူသားတို့ ဆင်ခြင် စဉ်းစားနိုင်ရန် အခြေခံ အချက်အလက်များကို ပေးထားခြင်းသာ ဖြစ်၏။ အလ္လာဟ်၏ သက်သေလက္ခဏာတော်များကို ဆင်ခြင်၍ အလ္လာဟ်၏ ဝဟီလမ်းညွှန်အတိုင်း ဘဝတည်ဆောက်ရန် ဖြစ်ပေသည်။
မိုးကောင်းကင်မှ မိုးရေဖြင့် သေနေသော မြေကို ရှင်သန်စေခြင်း၊ အူတွင်း အစာမှနေ၍ နို့ဖြစ်စေခြင်း။ စွန်ပလွံနှင့် စပျစ်သီးတို့မှ စားဖွယ်သောက်ဖွယ်များ ပြုခြင်း၊ ဝတ်ရည်တို့စုပ်၍ ပျား၏ ခန္ဓာတွင်း၌ အံ့ဖွယ်ပျားရည်ကို ပြုလုပ်စေခြင်း၊ အားလုံးတို့၏ နောက်ကွယ်တွင် ဖန်ဆင်းရှင် အလ္လာဟ်၏ ဘုန်းတော်၊ ဂုဏ်တော် ဉာဏ်တော် အနန္တနှင့် သက်သေ လက္ခဏာတော်များကို တွေ့ရပေသည်။ လူသားကို ဤမျှ ချီးမြှင့်နေခြင်းမှာလည်း အကြောင်းမဲ့ မဟုတ်ချေ။ (ကုရ်အာန် ၁၆း၆၅-၇၀)
ကုလားအုတ်နှင့် မိုးတိမ်များ၏ သက်သေ
“သို့ပါနည်း။ အိဘိလိ (ကုလားအုတ်များ၊ သို့မဟုတ် ရေများ သယ်ဆောင်ထားသော မိုးတိမ်များ) သည် မည်ကဲ့သို့ ဖန်ဆင်းခြင်း ခံခဲ့ကြရသည်ကို ယင်းတို့ ကြည့်ရှု့လေ့လာ ဆင်ခြင်ခြင်း မပြုကြလေသလော့“ (ကုရ်အာန် ၈၈း၁၇)
အိဘိလိ” ဟူသော စာလုံးသည် ကုလားအုတ်များ၊ သို့မဟုတ် ရေများ သယ်ဆောင်ထားသော တိမ်များဟူ၍ နှစ်မျိုးလုံး အဓိပ္ပာယ် ထွက်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းခံ လူသားတို့ အကျိုးငှာ ရေပင်လယ်များတွင် သဘောင်္များကို ရေကို ခွင်း၍ သွားလာနိုင်သော သဘာဝ နိယာမများ ပြုလုပ်ထားပေသည်။ သဲပင်လယ် (ကန္တာရ) များတွင်ကား ပူပြင်းလွန်းသော အပူဒဏ်ကို ခံနိုင်၍ လူနှင့် ကုန်တို့ကို သယ်ဆောင်ပေးသော သဲကန္တာရ၏ သဘောင်္များအဖြစ် ကုလားအုတ်များကို သဘာဝနှင့်အညီ ဖန်ဆင်းပြုလုပ်ထားပေးသည်။ ကုလားအုတ်တို့သည် ဝမ်းတွင်း၌ ရေကို ရက်ပေါင်းများစွာ သိုလှောင်ထား၏။ ပူလောင်သော သဲကန္တာရတွင် နေနိုင်၏။ ကုလားအုတ်၏ အသားမှာ စား၍ရ၏။ အမွှေးတို့မှာ ရက်လုပ်၍ရ၏။ အလွန်သိမ်မွေ့သော သတ္တဝါများ ဖြစ်ကြ၏။
သက်ဆိုင်ရာ သဘာဝတ၇ားနှင့်အညီ ဖန်ဆင်းရှင် အလ္လာဟ်က ပြုပေးထားသော ကျေးဇူးတော်ရှင် အလ္လာဟ်ကို လူသားတို့ အဘယ်နည်းဖြင့် ငြင်းပယ်၍ ရအံ့နည်း။ စင်စစ် သတ္တဝါများသည် လူသားအကျိုးပြု လုပ်ငန်းများတွင် ဆောင်ရွက်နေခြင်းမှာ အလ္လာဟ်၏ အမိန့်တော်များကို နာခံနေခြင်းသာဖြစ်၏ ကျွဲနွားများ ရှိရုံဖြင့် စပါးမပေါက်ချေ။ မိုးရေလို၏။ လူ့လုပ်အားလို၏။ မျိုးစေ့များ လို၏။ ထိုစပါးမျိုးတို့အား ပေါက်စေရန် အလ္လာဟ်က ပြုပေး၏။ အမိုးရေကို အလ္လာဟ်ကသာ ချပေးခြင်းဖြစ်၏။ လူသားတို့သည် ဆားငန်ပင်လယ်ရေမှတစ်ဆင့် ရေချိုအဖြစ် အလွန်များပြား လေးလံသည့် ရေများကို စရိတ်စက မကုန်စေဘဲ ခဲယဉ်းမှု မရှိဘဲ မိုးတိမ်များမှတစ်ဆင့် ရကြ၏။ စင်စစ် လူသားသည် မိမိပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းတို့က လူသားကို အကျိုးပြုနေမှုများ၏ နောက်ကွယ်တွင် ဖန်ဆင်းရှင် အလ္လာဟ်၏ ကရုဏာတော်ကို တွေ့မြင်ကြရပေမည်။ အလ္လာဟ်သည် အရာအားလုံးကို မှန်ကန်သောရည်ရွယ်ချက်ဖြင့် ဖန်ဆင်းထားခြင်းသာ ဖြစ်၏။

No comments:

Post a Comment