Friday 1 February 2013

အဘယ့်ကြောင့် အစ္စလာမ်(ဒီန်)ကိုသာ အလ္လာဟ်လက္ခံရသနည်း

အဘယ့်ကြောင့် အစ္စလာမ်(ဒီန်)ကိုသာ အလ္လာဟ်လက္ခံရသနည်း “ထိုသူတို့သည် အလ္လာဟ်၏ “ဒီန်” ဘဝတည်ဆောက်မှု လမ်းစဉ်မှ တစ်ပါးအခြား (လမ်းစဉ်)ကို ရှာဖွေလိုကြပါသလား။ စင်စစ် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ဝယ် ရှိရှိသမျှသော အရာခပ်သိမ်းတို့သည် သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ၊ ထိုအရှင်မြတ်၏ အမိန့်တော်ကိုသာ နာခံလျက် ရှိကြကုန်၏။ တစ်ဖန် (နောက်ဆုံးတွင်) ထိုအရာခပ်သိမ်းတို့သည် အရှင်မြတ်ထံတော်သို့ သာလျှင် ပြန်ကြရပေမည်” (ကုရ်အာန် ၃း၈၃) အက်တမ်ခေါ် အလွန်သေးငယ်သော အဏုမြူမှုန် ကမ္ဘာလေးအတွင်းမှ အလွတ်ကြီးမားသော နေ၊ လ၊ ကမ္ဘာ၊ နက္ခတ်တာရာများ၊ ဂလက်ဆီကြီးများ၊ စကြဝဠာခပ်သိမ်းနှင့် လောကခပ်သိမ်း အတွင်းရှိ သက်ရှိသက်မဲ့ အပေါင်းတို့သည် မိမိတို့၏ အရှင်တစ်ပါးတည်းသော အလ္လာဟ်ကိုသာ မိမိတို့၏ သဘာဝအလျောက် တသလျက်ရှိကြကုန်၏။ တစ်နည်းဆိုသော် သောဝ်ဟီဒ် နိစ္စသစ္စတရားကို ရင့်ကျူးလျက် ရှိကြ၏။ ထိုအရှင်မြတ် ချမှတ်ပေးထာေးသာ လမ်းစဉ်တို့ကိုသာ မိမိတို့သဘာဝအလျေက် နာခံဆောင်ရွက်လျက် ရှိကြသည်။ တစ်နည်းဆိုသော် အစ္စလာမ် (ဒီန်) ကို ကျင့်သုံးလျက် ရှိနေကြ၏။ လူသားတို့၏ ကမ္ဘာဂြိုဟ်ပေါ်တွင်လည်း လူ့သမိုင်း စတင်ကတည်းက လူသားတို့အတွင်း နဗီတမန်တော် အပေါင်းအား ခေတ်အသီးသီး၊ မျိုးနွယ်အသီးသီးတို့တွင် အလ္လာဟ်က ပွင့်ပေါ်စေတော်မူခဲ့၏။ ထိုအလင်းပြပုဂ္ဂိုလ် တမန်တော် အပေါင်းတို့သည် သောဝ်ဟီဒ်ခေါ် တစ်ပါးတည်းသော ကိုးကွယ်ရာ ရှိကြောင်းနှင့် အစ္စလာမ်ခေါ် ထိုတစ်ပါးတည်းသော အရှင်သခင်၏ အမိန့်လမ်းညွှန်ကိုသာ နာခံခြင်းလမ်းစဉ်ကိုသာ ဟောကြားခဲ့ကြသည်။ ထို (အလ္လာဟ်)အရှင်မြတ်၏ နာမတော်နှင့် အစ္စလာမ်ဟူသော (လမ်းစဉ်၏) အမည်တို့ကို မိမိတို့ သက်ဆိုင်ရာ ဘာသာစကား အသီးသီးဖြင့်သာ ခေါ်ဝေါ်ခဲ့ကြလေသည်။ လူသားတို့တွင် သောဝ်ဟီဒ် နိစ္စသစ္စတရားနှင့်တကွ အစ္စလာမ်(ဒီန်) ဘဝတည်ဆောက်မှုလမ်းစဉ် မှေးမှိန်သွားတိုင်း နဗီတမန်တော် အသစ်တစ်ပါး ပွင့်ခဲ့ရာ နောက်ဆုံးတမန်တော်ချုပ်မှာ မုဟမ္မဒ်သခင် ဖြစ်လေသည်။ မုဟမ္မဒ်သခင်သည်လည်း လောကခပ်သိမ်း၊ ကာလခပ်သိမ်းနှင့် ယှဉ်သော အစ္စလာမ်ကိုသာ ဟောကြားခဲ့၏။

No comments:

Post a Comment