Thursday 19 July 2012

မိခင်များနေ့အတွက် အမျိုးသားတစ်ယောက်ဟာ မိခင်များနေ့မှာ သူနဲ့ မိုင်ပေါင်း ၂ဝဝ ဝေးတဲ့မြို့မှာနေထိုင်တဲ့ သူ့ရဲ့မိခင်အတွက် ပန်းစည်းပို့ပေးရန် အော်ဒါမှာဖို့ ပန်းရောင်းတဲ့ဆိုင်တစ်ဆိုင်ရှေ့မှာ ကားကိုရပ်လိုက်ပါတယ်။ ကားထဲကထွက်လိုက်တဲ့အချိန်မှာ ကောင်မလေးတစ်ယောက် ငိုရှိုက်နေတာကို သူတွေ့လိုက်ပါတယ်။ဒါနဲ့သူဟာ ကောင်မလေးကို ဘာကြောင့်ငိုနေတာလဲလို့ မေးလိုက်ပါတယ်။ ကောင်မလေးက “ ကျမ အမေ့အတွက် နှင်းဆီပန်းလာဝယ်တာပါ။ ဒါပေမယ့် နှင်းဆီပန်းက ၂ ဒေါ်လာပါ။ ကျမဆီမှာပါတာက ၇၅ ဆင့်ပဲပါလို့ ဝယ်ဖို့မတတ်နိုင်လို့ပါ.. ” လို့ပြန်ဖြေလိုက်ပါတယ် ..။ ဒါနဲ့ အဲ့ဒီအမျိုးသားဟာပြုံးလိုက်ပြီး ကောင်မလေးကိုပြောလိုက်ပါတယ်.. “ ကျနော်နဲ့လိုက်ခဲ့ပါ.. ခင်ဗျားလိုချင်တဲ့နှင်းဆီပန်းကို ကျနော် ဝယ်ပေးပါ့မယ်..” ဆိုပြီး ပန်းဆိုင်ထဲကို ခေါ်သွားပါတယ်..။ အမျိုးသားဟာ ကောင်မလေးအတွက် နှင်းဆီ ပန်းစည်းတစ်စည်းဝယ်ပေးလိုက်ပြီး သူ့ရဲ့မိခင်အတွက်လည်း ပန်းစည်းပို့ပေးဖို့ လိပ်စာပေးပြီး အော်ဒါမှာခဲ့ပါတယ်။ ပြီးတော့ ကောင်မလေးကို ကားနဲ့ခေါ်ပြီး သူမရဲ့အိမ်ကို လိုက်ပို့ပေးမယ်လို့ပြောလိုက်တော့ ကောင်မလေးက “ ဟုတ်ကဲ့ကျေးဇူးပြုပြီးတော့ ကျမကို အမေ့ဆီခေါ်သွားပေးပါ” လို့ပြောလိုက်ပါတယ်။ သူမဟာ သင်္ချိုင်းတစ်ခုကို ညွှန်လိုက်ပြီး သူ့မိခင်ရဲ့ လတ်ဆတ်လျှက်ရှိဆဲ အုတ်ဂူပေါ်မှာ ပန်းစည်းကိုတင်လိုက်ပါတယ်..။ ဒါကိုမြင်လိုက်ရတဲ့အမျိုးသားဟာ ပန်းဆိုင်ကိုပြန်သွားပြီး ခုနက ပန်းစည်းပို့ပေးဖို့ အော်ဒါမှာထားတာကို ဖျက်လိုက်ပါတယ်။ ပြီးတော့ သူကိုယ်တိုင် ပန်းစည်းကိုယူကာ မိုင် ၂ဝဝ ဝေးတဲ့ သူ့ မိခင်ရဲ့ အိမ်ကို ကားမောင်းပြီး ထွက်သွားပါတော့တယ်...

No comments:

Post a Comment