Sunday 15 July 2012

မိုးစက်တွေကြားက ကဗျာ

(၁) သူ တံခါးမခေါက်ပဲ ငါ့နှလုံးသားထဲ အခွင့်မရှိ တိတ်တဆိတ် ၀င်လာခဲ့တယ်... ချစ်စဖွယ် မျက်နှာထားလေးနဲ့ အဆိပ်သင့် အပြုံးတွေ ငါ့အိပ်မက်ထဲ စိုးမိုးဝင်ရောက်ခဲ့တာ ငါကိုယ်တိုင်က မသိကျိုးကျွန်ပြုမိလျက်သားပါလား... (၂) အရာအားလုံး အတွက် တောင်းပန်ပါတယ်... အဲ့ စကား တစ်ခွန်းနဲ့ ငါ့ရင်ကို နင်းခြေပြီး တစ်ခြားတစ်ဦးရဲ့ ရင်ခွင်ထဲ နင်ပျော်နေတုန်း အလွမ်းသင့် မျက်ရည်တစ်ချို့ကတော့ အေးစက်စက် နေ့တွေထဲ ကူကယ်ရာ မဲ့နေတုန်းပါပဲ... (၃) ချစ်သူ အလှဖွဲ့ ကဗျာစာတွေ ရေးဖွဲ့လို့ငါ ကြည်နူးပါရစေ.. မိုးကောင်းကင်ယံ ထက်မှာ ချစ်သူ မျက်နှာ ရွှေရည်ငွေရည်ဖွဲ့ ပျိုးပျိုးပျက်ပျက် နဲ့ လင်းလက်နေတုန်း... မာယာများတဲ့ မျက်နှာထားနဲ့ နောက်ဆုံးနေ့ရက်တွေမှာ သွေဖယ်မသွားပါနဲ့... (၄) ခုချိန် လာကြည့်လှည့်ပါအုံး ငါ့ရင်ခွင်မှာ ပန်း မပွင့်တာကြာလို့ သာယာမှုတွေတောင် ပျက်သုန်းကုန်ပြီ ဘာအတွက် ရည်ရွယ်ပြီးရေးမှန်း မသိတဲ့ ကဗျာ တစ်ပုဒ်ဟာလဲ ဒီနေရာလေးမှာ သောင်တင်နေလျက်ပါပဲ... သစ်ဆန်းခန့်

No comments:

Post a Comment