(၃) တတိယနည်းမှာ မလာအိကဟ် ကောင်းကင်တမန် ဂျီဘရာအီလ်ကို စေလွှတ်၍ အလ္လာဟ်ထံမှ ဝဟီအမိန့်တော်နှင့် သတင်းကိုပေးခြင်း ဖြစ်သည်။
Tuesday, 7 August 2012
အလ္လာဟ်နှင့် လူသားဆက်သွယ်မှု
“အမြင်အာရုံများသည် ထိုအရှင်မြတ်အား (လွှမ်းခြုံ) ငုံမိနိုင်သည် မဟုတ်ပေ။ ထိုအရှင်မြတ်မှာကား အမြင်အာရုံများကို (လွှမ်းခြုံ) ငုံမိလျက် ရှိတော်မူ၏” (ကုရ်အာန် ၆း၁၀၃)
“အလ္လာဟ်သည် မည်သည့်လူသား တစ်ဦးတစ်ယောက်ကိုမျှ ဝဟီအမိန့် ထုတ်ပြန်တော်မူခြင်းမှ တစ်ပါး၊ သို့တည်းမဟုတ် အကွယ်နောက်မှတစ်ပါး စကားပြော (ဆက်သွယ်)တော်မူသည် မဟုတ်ပေ၊ သို့တည်းမဟုတ် ထိုအရှင်မြတ်သည် စေတမန်တစ်ပါးကို စေလွှတ်တော်မူ၏။ ထိုအခါ ၄င်းစေတမန်သည် ထိုအရှင်မြတ် အလိုရှိတော်မူသော ဝဟီထုတ်ပြန်ချက်ကို ပို့ပေးလေသည်” (ကုရ်အာန် ၄၂း၅၁)
ဂုဏ်ရည်တူဟူ၍ အလျင်းမရှိဘဲ နိစ္စထာဝရ ပြီးပြည့်စုံနေတော်မူသော၊ ကန့်သတ်မှု အပေါင်းမှ ကင်းလွတ်တော်မူသော အလ္လာဟ်ကို ကန့်သတ်ချက်များ အတွင်းမှ မပြီးမပြည့်စုံသော လူသားက မည်သို့တိုက်ရိုက် မြင်နိုင်၊ စကားပြောနိုင်အံ့နည်း။ သို့သော် မဟာကရုဏာတော်ရှင် အလ္လာဟ်သည် နည်း(၃)မျိုးဖြင့် ဖန်ဆင်းခံ လူသားတို့ကို သနားကြင်နာစွာဖြင့် ဆက်သွယ်လေသည်။
(၁) ဝဟီပေးခြင်းခြင့် ဆက်သွယ်ခြင်းဟူသည် မိမိပေးလိုသော အသိများကို သက်ဆိုင်ရာ ပေးပို့ခံရသော လူသား၏ စိတ်နှလုံးတွင်း၌ ထင်ရှားပေါ်လွင်စေခြင်း၊ သို့တည်းမဟုတ် လူသား ဘာသာ စကားအသွင်ဖြင့် လည်းကောင်း၊ စာပေအသွင်ဖြင့် လည်းကောင်း အမိန့်လမ်းညွှန် ပေးခြင်းတို့ကို ခေါ်သည်။
(၂) ဒုတိယနည်းမှာ အလ္လာဟ်သည် အကွယ်မှ နေ၍ ဝဟီပေးခြင်းဖြစ်သည်။ သို့သော် ရုပ်တ၇ား အရာဝတ္ထု အကာအကွယ်ကို ဆိုလိုခြင်း မဟုတ်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment