Tuesday, 7 August 2012
လူသားတို့ ပုံစံသစ်ဖြင့် ရှင်ပြန်ထမြောက်ခြင်း
လူသားတို့ ပုံစံသစ်ဖြင့် ရှင်ပြန်ထမြောက်ခြင်း
“ငါအရှင်မြတ်သည်ပင်လျင် အသင်တို့အကြားဝယ် သေခြင်းကိုကြိုတင်စီမံတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့၏ အသွင်သဏ္ဍာန် ပြောင်းလဲရန်သော် လည်းကောင်း၊ အသင်တို့အား အသင်တို့ပင် မသိကြသော အခြေအနေမျိုး၌ ဖန်ဆင်းတော်မူရန်လည်းကောင်း ငါအရှင်မြတ်သည် မစွမ်းဆောင်နိုင်သော အရှင်မဟုတ်ပြီ” (ကုရ်အာန် ၅၆း၆၀-၆၁)
“ငါအရှင်မြတ်သည် အသင်တို့အား မြေမှပင် ဖန်ဆင်းတော်မူခဲ့၏။ ၄င်းပြင် ငါအရှင်မြတ်သည် အသင်တို့အား မြေသို့ပင် ပြန်လည်ရောက်စေတော်မူမည်၊ ထို့ပြင် ယင်းမြေမှပင် ငါအရှင်မြတ်သည် အသင်တို့အား ဒုတိယအကြိမ် ထွက်စေတော်မူအံ့” (ကုရ်အာန် ၂၀း၅၅)
“ထိုအရှင်မြတ်သည်ပင် အသင်တို့အား အသက်ရှင်ခြင်းကို ချီးမြှင့်တော်မူခဲ့သော် အရှင်ဖြစ်တော်မူ၏။ တစ်ဖန် အသင်တို့အား အသက်သေစေတော်မူမည်၊ ထို့နောက်တစ်ဖန် အသင်တို့အား အသက်ရှင်စေတော်မူမည် ဖြစ်ပေသည်” (ကုရ်အာန် ၂၂း၆၆)
“ထို့ပြင် ငါအရှင်မြတ်သည် လူတိုင်း၏ကံ (အပြုအမူ)ကို ၄င်းတို့၏ လည်ကုပ်ပေါ်၌ ခိုင်မြဲစွာ ချည်ထားတော်မူလေသည်။ ၄င်းပြင် ငါအရှင်မြတ်သည် ကိယာမသ် ရှင်ပြန်ထကြရမည့် နေ့တွင် ၄င်းအား မှတ်တမ်းတစ်ခုကို ထုတ်ပေးတော်မူမည်၊ ထိုမှတ်တမ်းကို ဖွင့်လျက် တွေ့ရှိပေလိမ့်မည်။ (၄င်းသည် ဤသို့ပြောခြင်း ခံရပေမည်) အသင်သည် မိမိမှတ်တမ်းကို ဖတ်လော့၊ ယနေ့သည်ကား အသင်ကိုယ်တိုင်ပင် အသင်၏ ကိုယ်နှင့်ဆန့်ကျင်၍ စစ်ဆေးသူအဖြစ် လုံလောက်ပေသည်” (ကုရ်အာန်၁၇း၁၃-၁၄)
“၄င်း (မယုံကြည်ခဲ့သူ) တို့က သြော် ငါတို့ အကျိုးနည်းရလေခြင်း၊ မည်သူသည်ငါတို့အား ငါတို့၏ အိပ်ရာမှ ထစေသနည်း ဟုပြောဆို ညည်းညူကြပေမည်” (ကုရ်အာန် ၃၆း၅၂)
“ထိုနေ့တွင် လူတိုင်းသည် မိမိ လက်နှစ်ဖက်ဖြင့် ကြိုတင်ပို့ထားခဲ့သော အပြုအမူတို့ကို တွေ့မြင်ကြရပေမည်။ ထို့ပြင် မယုံကြည်ခဲ့သူတို့က သြော်…..ငါသည် မြေကြီးဖြစ်သွားနိုင်ခဲ့လျှင် ကောင်းလေစွ ဟု ညည်းညူ ပြောဆိုအံ့သတည်း” (ကုရ်အာန် ၇၈း၄၀)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment