Thursday, 23 August 2012

ထိုရောနှော ပေါင်းစပ်ထားသော မျိုးဥ သားအိမ်တွင်စိုက်မှု

ထိုရောနှော ပေါင်းစပ်ထားသော မျိုးဥ သားအိမ်တွင်စိုက်မှု (Implantation) ယနေ့ ဆေးသိပ္ပံအရ မိခင်၏ သားအိမ်ပြွန်အတွင်း၌ ဖခင်၏ သုက်နှင့် ပေါင်းစပ်အောင်မြင်ပြီးသော မမျိုးဥသည် စိုက်ရန်သားအိမ်တွင်းသို့ သက်ဆင်း၏။ ယင်းကို (Implantation) ဟုခေါ်သည်။ အလ္လာဟ် မိန့်တော်မူ၏။
“ငါအရှင်မြတ်သည် (သန္ဓေသားများကို မွေးစေရန်) အလိုရှိတော်မူပါက (ယင်းတို့အား မိခင်များ၏) သားအိမ်များတွင် သတ်မှတ် ပိုင်းခြားအပ်သော ကာလတိုင်အောင် တည်စေတော်မူသည်….” (ကုရ်အာန် ၂၂း၅)
ကုရ်အာန် ၂၃း၁၃ နှင့် ၇၇း၂၁ တို့တွင် ထို ကလလရေကို လုံခြုံသော နေရာတစ်ခုတွင် ထားသည်ဟူ၍ ဆိုထားသည်။ မိခင်၏ သားအိမ်ကို ဆိုလိုခြင်းပင် ဖြစ်ပေသည်။ (သို့သော် ပို၍ လေးနက်သော အဓိပ္ပာယ်များ ရှိကောင်းရှိပေလိမ့်မည်)။ ဆေးသိပ္ပံအရ သုတ်ပိုးနှင့် ပေါင်းစပ်အောင်မြင်ပြီးသော မမျိုးဥသည် ဖွံ့ဖြိုးတိုးတက်ရန် သားအိမ် နံရံတွင်စိုက်၏။ သားအိမ်မှ အစာရေစာများ ရယူရလေသည်။ ထိုသို့ ဖွဲ့စည်းမှုကို စာပေအရ သုက်ဖြင့် ပေါင်းစပ်အောင်မြင်ပြီးသော မမျိုးဥသည် သားအိမ်သို့ တွယ်ကပ်ခြင်းဟု ခေါ်သည်။
‘အလတ်က်’ တွယ်ကပ်သောအရာလေး ဖြစ်လာခြင်း
“ထို့နောက် ငါအရှင်မြတ်သည် (သားအိမ်တွင်း၌) နုသ်ွဖဟ် (ကလလရေကြည်) အစက်ကလေးကို အလတ်က် တွယ်ကပ်သော အရာတစ်ခုအဖြစ် ဖန်ဆင်းတော်မူခဲ့သည်……” (ကုရ်အာန် ၂၃း ၁၀) ထို့အတူ ကုရ်အာန် (၉၆း၂။ ၂၂း၅။ ၄၀း၆၇။ ၇၅း၃၇-၃၈) တို့တွင် အလတ်က် ဟူသော စာလုံးကို တွေ့နိုင်သည်။ အလတ်က် ဟူသည် မျှော့ကောင် ကဲ့သို့ သဏ္ဍာန်ရှိပြီး တွယ်ကပ်နေသော အရာတစ်ခုကို ခေါ်သည်။ တည်စ ပဋိသန္ဓေ (၁၄)ရက်သည် အာရဗ်နိုင်ငံ၏ မျှော့ကောင်ကဲ့သို့ တူညီနေသည်ကို ဒေါက်တာမူးရ်နှင့် ပါရဂူများ တွေ့ရှိခဲ့ကြသည်။ ထို့ပြင် ပေါင်းစပ်အောင်မြင်ပြီေးသာ မျိုးဥသည် သားအိမ်နံရံတွင် စိုက်ခြင်း (သို့မဟုတ်) တွယ်ကပ်ခြင်းသည် ကုရ်အာန်ကို ထောက်ခံနေခြင်းသာ ဖြစ်သည်။ (အလတ်က်ကို မူရင်း အဓိပ္ပာယ် ဖြစ်သော “တွယ်ကပ်သောအရာ” အစား ဆင့်ပွား အဓိပ္ပာယ်ဖြစ်သော “သွေးခဲ”ဟု ဖွင့်ဆိုမှုသည် ကုရ်အာန်၏ ဆိုလိုရင်းကို ထိရောက်မှု မရှိချေ မမျိုးဥ သားအိမ်ပုံ မျိုးရိုးအင်္ဂါ သတ်မှတ်ချက်
လူသား၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပေါင်းစပ်အောင်မြင်ထားသော မေထုန်ဆဲလ် (Zygote) ၏ ခရိုမိုဆုမ်းခေါ် မျိုးရိုးအင်္ဂါအတွင်းရှိ မျိုးရိုး အင်္ဂါများ အစီအစဉ်အတိုင်း (သို့မဟုတ်) ရေးဆွဲထားသော ပုံသဏ္ဍာန် အတိုင်းသာ ဖြစ်ကြောင်းကို (၁၉) ရာစု အဆုံးပိုင်းတွင်သာ သိပ္ပံပညာက ရှာဖွေတွေ့ရှိခဲ့လေသည်။ သို့သော် (၇) ရာစုကတည်းက ချပေးထားသော ကုရ်အာန် ကျမ်းမြတ်တွင်း၌ ဖန်ဆင်းရှင် အလ္လာဟ်က မိန့်တော်မူထားပြီး ဖြစ်၏။
“ထိုအရှင်မြတ်သည် ယင်း(လူသား)အား (နုသ်ွဖဟ်) ကလလရေကြည် တစ်စက်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ တစ်ဖန် ထိုအရှင်မြတ်သည် ၄င်းအား (ကဒရ်) သတ်မှတ်တိုင်းတာ၍ ပြုလုပ်ထားတော်မူ၏” (ကုရ်အာန် ၈၀း၁၉) အထက်ပါ အာယာသ်တော်တွင် ‘ကဒရ်’ ဟူသည်မှာ တိုင်းတာ သတ်မှတ်ထားခြင်းဖြစ်၍ တစ်နည်းဆိုသော် အလ္လာဟ်သည် ဖန်ဆင်းခံ သန္ဓေသား၏ မျိုးရိုးအဂါင်္အစီအစဉ်ကို ရေးဆွဲထား၍ ထိုအစီအစဉ်အတိုင်း သန္ဓေသားကြီးထွားရခြင်းပင် ဖြစ်သည်။ (မိခင်၏အနေအထိုင် အစားအသောက်ကြောင့် သန္ဓေသားကို ထိခိုက်စေခြင်းမှာ တစ်ကဏ္ဍ ဖြစ်သည်။)

No comments:

Post a Comment