ဒေါက်တာဆောင်းလွင်အောင် မနုဿဗေဒသမိုင်းစာမျက်နှာများ ပေါ်တွင်မဟာတမန်တော်မြတ်မုဟမ္မဒ် (ဆွ) သခင်၏ ခေတ်အခါရှိ လူ့အဖွဲ့ အစည်းက horticultural and pastoral society (ဥယျာသ်ခြံ စိုက်ပျိုးသူ၊သိုး၊ ဆိတ်၊ ကုလားအုတ်စသည့် တိရိစ္ဆာန် မွေးမြူသူတို့၏ လူ့အဖွဲ့ အစည်း/သိုးအုပ်၊ ဆိတ်အုပ်တို့နှင့်အတူ လှည့်လည် နေ ထိုင်သည့် လူ့အဖွဲ့အစည်း)ဟု ကင်ပွန်း တပ်ကြသည်။ ၎င်း လူ့အဖွဲ့အစည်းသည် လူမှုယဉ်ကျေးမှုရေးရာဆင့်ကဲဖြစ်စဉ် sociocultural evolution သဘောအရ hunting and gathering society(သစ်ဥ သစ်ဖု ရှာဖွေသူတို့၏ လူ့အဖွဲ့အစည်း)အဖြစ်မှ တဆင့်တိုးတက်ပြောင်းလဲလာ သော ဒုတိယမြောက်လူ့အဖွဲ့အစည်းပုံစံဖြစ်သည်။ မဟာတမန်တော်မြတ်ကြီးလွန်လေပြီးနောက်ပိုင်း နှစ်ပေါင်းတစ်ထောင် ထိကာလသည် တတိယမြောက်လူ့အဖွဲ့ အစည်းပုံစံဖြစ်သည်။ ပဒေသရာဇ်တို့၏ ခေတ်တွင် လယ်ယာစိုက်ပျိုးရးကို အဓိ က လုပ်ကိုင်ကြသောကြောင့် စိုက်ပျိုးရေး လူ့အဖွဲ့အစည်း agriarian society ဟု ခေါ်ဆိုကြ၏။ (၁၉)ရာစုနှင့် (၂၀)ရာစုနှစ်ကာလ များမှာမူ စက်မှုလုပ်ငန်းများအရှိန်အဟုန်နှင့်တိုးတက်လာခဲ့ပြီး ကမ္ဘာ့လူ့အဖွဲ့ အ စည်း၏ လူမှုစီပွားရေးမှာလည်း ရုတ်တ ရက်တစ်ဆစ်ချိုး အပြောင်းလဲကြီးပြောင်းလဲလာခဲ့သည်။ စိုက်ပျိုးရေးခေတ်လွန်၍ စက်မှုခတ် industrial society ဖြစ်လာ သည်။ ယနေ့နှစ်ဆယ့် တစ်ရာစုတွင်မူ အိုင်တီသတင်း အချက်အလက်နည်း ပညာတိုးတက်ဖွံ့ဖြိုးလာပြီး စက်မှုလွန် လူ့အဖွဲ့အစည်း post industrial society အဖြစ်ပြောင်းလဲလာနေပြီဖြစ်ပါသည်။ လူ့အဖွဲ့အစည်းတို့သည် တစ်ဆင့် ပြီးတစ်ဆင့်၊ လှိုင်းတစ်ခုပြီးတစ်ခု တိုးတက် ပြောင်းလဲလာခဲ့သည်။ လူ့အဖွဲ့အစည်း အသစ်ပေါ်လာတိုင်း ထိုလူ့အဖွဲ့အစည်း သည် အတိတ်အစဉ်အလာ နှောင်ကြိုး များ ကင်းပြတ်ကာ အစွဲအလမ်း ဟောင်း များ လျော့ပါးမှေးမိန်သွားခဲ့ကြ စမြဲဖြစ် သည်။ ထိုလူ့အဖွဲ့အစည်း၏ ယဉ်ကျေး မှုအရည်အသွေးတို့သည်လည်း ပြောင်း လဲလာစမြဲသာဖြစ်သည်။ အသစ် ဖြစ်ပေါ် လာသည့် ခေတ်စနစ်၊ လူ့အဖွဲ့ အစည်း၊ လူနေမှုပုံစံနှင့် လျော်ညီသည့် ဓလေ့ အသစ်များ၊ ယဉ်ကျေးမှုအဆင်အပြင်များ ကို လူတို့က တီထွင်ဖန်တီးလာကြသည်။ လူ့အဖွဲ့အစည်းများ၏ အဆင့်ဆင့်ပြောင်း လဲမှုတွင် လူတို့၏ တီထွင်ကြံဆနိုင်စွမ်း၊ နည်းပညာအသစ်များကို ရှာဖွေနိုင်စွမ်း နှင့် အစဉ်အလာများမှ ရုန်းထွက်၍ စနစ် သစ်ကို လိုလားသောလူတို့၏ ကျိုး ကြောင်း ဆင်ခြင်နိုင်စွမ်းတို့သည် အဓိက ကျလှသည်။ ခေတ်စနစ်တို့ပြောင်းလဲ ဖြစ်ပေါ် လာသည်နှင့်အမျှ ဘာသာရေး လောက တွင် ဘာသာဝင်လူငယ်တို့ အကြား စိန် ခေါ်မှုအသစ်များ ကြုံတွေ့ လာနေစမြဲဖြစ် သည်။ ခရစ်ယာန် လောကတွင် ကက် သလစ်ဟူသော အစဉ်အလာစွဲ လူ့အဖွဲ့ အစည်းနှင့် ပရိုတက်စတင့်ဟူသော စဉ်း စား ဆင်ခြင်မှု အားပြု လူ့အဖွဲ့အစည်း ဟူ၍ နှစ်မျိုးကွဲပြားသွားခဲ့သည်။ ခေတ် သစ်ကမ္ဘာနှင့် ခေတ်သစ် အသုံးအဆောင် များအပေါ် ဘာသာရေး အမြင်အရ အပျက်ရှုကာ ပိတ်ပင်မည်လော၊ အ ကောင်းမြင်၍ အသုံးချမည် လောရွေး ချယ်ရမည့် လမ်းခွဆုံသို့ရောက် ရှိလာခဲ့ သည်။ ဆက်သွယ်ရေး နည်းပညာခေတ် ဟု ဆိုအပ်သော ယနေ့ခေတ်အခါတွင် ကမ္ဘာပေါ်၌ တယ်လီဖုန်းနှင့် အင်တာနက် အသုံးပြုမှု အများဆုံး နေရာဖြစ်သည့် အမေရိကတိုက်မှာပင် လျှပ်စစ်မီး၊ မော် တော်ကား၊ တယ်လီဖုန်းများကို အသုံး မပြုအပ်ဟု ယုံကြည်၍ အထူးရှောင်ကြဉ် ကြသော အေးမစ်ရှ်(ခေါ်) ရှေးရိုးစွဲ ခရစ် ယာန်ဝါဒီ မျိုးနွယ်စုများရှိနေဆဲဖြစ်သည်။ အာဖရိကတိုက် အနောက်ပိုင်းမှ မာလီ နိုင်ငံရှိ တွာရက် Tuareg ဟူသောလူမျိုး များသည် (တမန် တော်မြတ်လက်ထက်မှ ဗဒူအင်များကဲ့သို့) ဆိတ်အုပ်၊ သိုးအုပ် များနှင့်အတူ ရေကြည်ရာ မြက်နုရာ လှည့်လည်ပြောင်းရွှေ့ သွားလာနေကြဆဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အခြား မည်သည့်လူမျိုးနှင့်မှ ဆက်ဆံခြင်းမပြု သော မနုမနော၊ ဗရဲ့ စသည့် လူမျိုးများ သည် ကယား၊ ကရင် နယ်စပ်ဒေသတို့၌ ရှိနေသေးသည်။ အစဉ်အလာTraditional အားပြု လူ့အဖွဲ့အစည်းတွင် တိုးတက်ပြောင်းလဲ မှုနည်းပါး၏။ လူ့အဖွဲ့အစည်းဝင် တို့၏ ပြင်ပပုံစံ၊ စားဝတ်နေရေး၊ နေထိုင်မှု ဟန် ပန် Life Style တူညီမှုအပေါ် အလွန် အမင်း အာရုံပြု၏။ လူ့အဖွဲ့အစည်း တွင်း ရှိ လူတို့၏ စုပေါင်းအသိစိတ် collective conscience အလွန်ကြီးမား အားကောင်း ကြပြီး အစဉ်အလာ နေထိုင် မှုပုံသဏ္ဌာန် ကို ဖျောက်ဖျက်သော မည်သည့် ပုဂ္ဂိုလ် ကိုမဆို စက်မှုခေတ် မတိုင်မီအလယ် ခေတ်ကာလများတွင် အပြစ်ပေး ထိန်း ကွပ်မှုများ ပြုလုပ်လေ့ရှိခဲ့ကြသည်။ ကယားပြည်နည်ရှိ ပဒေါင်လူမျိုးများ၏ လည်ပင်း၌ ကြေးကွင်းများစွပ်ထားရခြင်းအကြောင်းကို ထိုလူမျိုးတို့ကိုယ်၌က မိမိ တို့သည် နဂါးမျိုးနွယ်မှ ဆင်းသက်လာ သောကြောင့် ဟု အဖြေပေး၏။ သို့သော် လက်ငင်းအကျိုးအားဖြင့် ငယ်ရွယ်စဉ်မှ စတင်၍ ထိုသို့ လည်ကွင်းများတပ်ထား ခြင်းကြောင့် အမျိုးသမီးတို့သည် မျက်နှာ သွင်ပြင်အားလုံး တူဆင်သွားကြပြီး ရုပ် ရည်ကွဲပြားမှုမရှိ သလောက်ဖြစ်သွား၏။ ပြင်ပ ရုပ်ရည်တူဆင်ရေး အစွဲအလမ်း သည် ရှေးရိုးစွဲဝါဒ၏ တစ်စိတ်တစ်ပိုင်း အဖြစ် သုတေသီတို့ ရှုမြင်ကြသည်။ စက်မှုခေတ်မှ စတင်၍ ယနေ့ စက်မှုခေတ်လွန် လူ့အဖွဲ့အစည်း၌မူ မတူ ကွဲပြားမှု difference ကို အခြေခံ၍ စုစည်းညီညွတ်မှုကို တည်ဆောက်ရေး အတွေးအခေါ်သစ်များ ပေါ်ပေါက်လာ၏။ တူမှတည့်သည့်သဘော (sence of identity) ၏ အခန်းကဏ္ဍ အားပျော့လာ သည်။ ကမ္ဘာ့လူမျိုး အသီးသီးအားကမ္ဘာ့ ရွာ အတွင်းရှိ ကမ္ဘာ့ရွာသူရွာသားများ အဖြစ်သာ မြင်နိုင်ဖို့အား ယူလာပြီဖြစ် သည်။ ယဉ်ကျေးမှုများအပြန်အလှန် ဖ လှယ်ပြီး ဘုံယဉ်ကျေးမှု တစ်ခုပေါ်ထွန်း လာဖို့ တာစူနေပြီဖြစ်သည်။ ဤသည် ကား ဘာသာရေး လောကအတွက် နောက်ထပ်စိန်ခေါ်မှု အသစ်တစ်ရပ်ဖြစ် သည်။ အေးမစ်ရှ်နှင့် တွာရက်ခ်လူမျိုး များကဲ့သို့ ရှေးရိုးစွဲ၍ နောက်ချန်ရစ်ကြ မည်လား။ ခေတ်စနစ်ကို ရင်ဘောင်တန်း ၍ အမီလိုက်ကြမည်လား။ မည်သည့် လမ်းကို လျှောက်သည်ဖြစ်စေ၊ ဘာသာ တရားကို ထိန်းသိမ်းနိုင်ရေးနှင့်အနာဂတ် မျိုးဆက်၏ ဦးနှောက်ယိုစီးမှုကို ကာကွယ် ရန် ကြိုတင်အစီအမံများလိုအပ်မည်ဖြစ်သည်။ စဉ်းစားဆင်ခြင်မှုအားပြု လူ့ အဖွဲ့ အစည်းသည် လွတ်လပ်မှု၊ အချုပ်အချယ် ကင်းမဲ့မှုကို အားပေးသဖြင့်ခေတ်သစ် လူ တို့၏ သဘာဝနှင့် ကိုက်ညီသောကြောင့် ခေတ်သစ်လူတို့၏ စိတ်နှလုံးသားကို ဖမ်း စားနိုင်စွမ်းရှိပေသည်။ သို့သော် လူတစ် ဦးချင်းအပေါ်၌ ကျင့်ဝတ်ရေးရာ လမ်း ညွှန်မှုနည်းပါးလာခြင်း၊ လူမှုရေးအထိန်း အကွပ်ချို့တဲ့လာခြင်း၊ ဘာသာတရားဆိုင်ရာကျင့်စဉ်ကျင့်ရပ်များကို စောင့်ထိန်းနိုင်မှုအားလျော့လာခြင်းဟူသော အန္တရာယ် တို့က ရှိနေပြန်သည်။ မည့်သည်ခေတ် စနစ်ပြောင်းလဲနေသည်ဖြစ်ပါစေ၊ ခေတ် စနစ်တိုင်း၌ အံဝင်နေသော အကောင်း ဆုံးနည်းလမ်းမှာ တရား၏ပြင်ပ သဘော တရား၌ သောင်မတင်ဘဲ အနှစ်သာရကို ထုတ်ဖော်၍ ထိုအနှစ်သာရကို ခေတ်သစ် နည်းလမ်းဖြင့် အကောင်အထည် ဖော် ဆောင်ခြင်းသာဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတို့အပေါ် စိတ်နှလုံးဖွင့်ထား ရင်း အခြားတစ်ဖက်၌ နာမ်ပိုင်းဆိုင်ရာ တိုး တက်မှုအတွက် အစီအမံပါဝင်သော နည်းစနစ်သာ ဘာသာတရားကို ကျင့်သုံး ရင်း ခေတ်စနစ်အဆက်ဆက်ကို အောင် မြင် ကျော်လွှားနိုင်မည်ဖြစ်သည်။ မဟာ တမန်တော်မြတ်ကြီးသည် အာရဗ်တို့၏ ဓလေ့ထုံးစံအတိုင်း နေထိုင် ခဲ့၏။အာရဗ်တို့၏ ဓလေ့ထုံးစံဆိုသည်မှာ မဟာတမန်တော်မြတ်ကြီးနှင့် ဆွဟာဗာ ကြီးများသည် အစ္စလာမ်သာသနာဝင် ဖြစ်ခြင်းကြောင့် အများနှင့်မတူတသီးတ ခြား ပြုလုပ်ခဲ့သော လုပ်ဆောင်ချက် မဟုတ်ဘဲ မဟာတမန်တော်မြတ် လက် ထက်ရှိ ယုံကြည်သူ၊ မယုံကြည်သူ အား လုံး၊ အဗူလဟဗ်၊ အဗူဂျာဟိလ်တို့က အစ လုပ်ဆောင်သော လုပ်ရပ်များဖြစ် သည်။ ၎င်းဓလေ့ထုံးစံများသည် မဟာ တမန်တော်မြတ်နှင့် ဆွဟာဗာများပြုလုပ် သဖြင့် စွန္နသ်မဟုတ်သလောဟု မေးလာ သော် စွန္နသ်ဖြစ်သည်။ သို့သော် စွန္နသ် ဇာအိဒဟ်သာဖြစ်၏။ အာဒတ်သာဖြစ်၏။ အီဗာဒသ်မဟုတ်ပါ။ မဟာတမန်တော် မြတ်၏ နိစ္စဓူဝ လူ့ဘ၀ တည်ဆောက်မှု တွင် သူမတူ တမူထူး၍ ဆောင်ရွက်ချက် များတော့ရှိ၏။ ဥပမာ ထိုင်၍ အပေါ့သွား ခြင်းမျိုးဖြစ်သည်။ အာအရှာသခင်မကြီး၏ ဆင့်ပြန်ချက် တစ်ရပ်တွင် အာအေရှာ သခင်မကြီးက မိန့်သည်မှာ ကိုယ်တော် မြတ်၏ အပေါ့သွားပုံသည် မိန်းမများ အပေါ့သွားသကဲ့သို့ ဖြစ်သည်။ (ဗုခါရီ) ဤရေ၀ါယသ်တွင် ကိုယ်တော် မြတ်လက်ထက်တော်အခါက အမျိုးသား အားလုံးသည် မတ်တပ်ရပ်၍ အပေါ့သွား ကြသော်လည်း ကိုယ်တော်မြတ်မှာမူ ထိုင်၍သွားသည်။ အများက ရပ်၍ ရေ သောက်စဉ်တွင် ကိုယ်တော်သည် များ သောအားဖြင့် ထိုင်၍ ရေသောက်သည်။ ကိုယ်တော်၏ လမ်းလျှောက်ပုံ၊ ရေချိုးပုံ၊ လက်သည်းညှပ်ပုံကအစ တစ် မူထူးခြား သည့် ပုံသဏ္ဌာန်ရှိလျှင် ၎င်းတို့သည်အဒဗ် များဖြစ်၏။ ၎င်းတို့ကို အာရဗ်ဓလေ့ထုံးစံ ဟု မဆိုနိုင်တော့ပေ။ အဆိုပါ စွန္နသ်ဇာ အေဒဟ်များကို ကျင့်မူခြင်းသည် ကိုယ် တော်မြတ်အပေါ် ချစ်စိတ်ကြောင့် အကျိုး စ၀ါးဗ်ရရှိမည်ဖြစ်ပြီး စွန့်လွှတ်သူကို ပြစ် တင် ဝေဖန်ခြင်းမပြုထိုက်ပေ။ မဟာတမန်တော်မြတ်ကြီး (ဆွ)လက်ထက်တော်အခါက ကိုယ်တော်မြတ် နှင့် ဆွဟာဗာကြီးများ လိုက်နာခဲ့သော အာရဗ်ထုံးဓလေ့များအပေါ်တွင် မည်သို့ သဘောထားရမည် ဆိုသည်ကို နှောင်း ခေတ်ပညာရှင်တို့၏ အမြင်၌ ကွဲပြား လျက်ရှိသည်။ စွန္နသ်အဖြစ်သတ်မှတ်၍ ကမ္ဘာ့လူမျိုးအသီးသီး၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို လွှမ်းမိုးနိုင်ရေး တဇွတ်ထိုးပြုလုပ်ရမည်လား။ ကိုယ်တော် သည် မိမိအာရဗ်ဓလေ့ထုံးတမ်းကိုတန်ဖိုးထားလိုက်နာခဲ့သည့်နည်းတူ မတူ ကွဲပြား သော အခြားလူမျိုးများ သည်လည်း မိမိတို့ လူမျိုး၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းကို မိမိတို့ တန်ဖိုးထားခြင်းကို စွန္နတ်ဟု သတ်မှတ်ရမည်လော။ ကိုယ် တော်မြတ်ကြီးက ခေါင်းပေါင်းသည် မိမိ တို့ အဟ်လုအာရဗ်- အာရဗ်တို့၏ သရဖူ ဖြစ်ကြောင်းမိန့်ကြားချက်၌ ကိုယ်တော် သည် မိမိအမျိုးသားဝတ်စုံအပေါ် ဂုဏ်ယူ သကဲ့သို့ လူမျိုးတိုင်းသည်လည်း မိမိတို့ အမျိုးသားဝတ်စုံ၊ အမျိုးသား ခေါင်းပေါင်း ကို ဂုဏ်ယူအပ်သည်ဟု အဓိပ္ပာယ် ကောက်ယူမည်လော။ အင်္ဂလိပ်ဖြစ်စေ၊ တရုတ်ဖြစ်စေ၊ အစ္စလာမ်ကို လက်ခံလျှင် မုဟမ္မဒ်သခင်နည်းတူ ခေါင်းပေါင်း ပေါင်း ဖို့ မိန့်ကြားချက်အဖြစ် အဓိပ္ပာယ်ကောက် ယူမည်လော။ (ခေါင်းပေါ်၌ ကွင်းတပ်ခြင်း မှာ ယနေ့ခေတ်သစ် အာရဗ်တို့၏ ယဉ် ကျေးမှုဖြစ်ပြီး ၎င်းတို့၏ တီထွင်မှု တစ်ခု သာဖြစ်သည်။) အစ္စလာမ်သာသနာ၏ ရှေးပညာ ရှင်ကြီးများသည် ဟစ်က်မသ် ဉာဏ် အမြော်အမြင်ကို သုံး၍ ကွဲပြားသောဓလေ့ ထုံးစံ၊ မတူညီသာယဉ်ကျေးမှုများအကြား တွင် ပေါင်းကူးညှိနှိုင်းနိုင်သော အစဉ် အလာဓလေ့အသစ်များကို တီထွင်လာ ခဲ့ကြသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် မွတ်စလင်များ၏ အုပ်ချုပ်ရေးကာလတွင် အုပ်ချုပ်ခံလူများစု ဖြစ်သော ဟိန္ဒူလူ့ အဖွဲ့အစည်းနှင့် အုပ်ချုပ်သူ လူနည်းစု မွတ်စလင်တို့အကြား cultural shock ယဉ်ကျေးမှုချင်း ထိပ်တိုက်မတွေ့စေရန် အတွက် နှစ်ဦးနှစ်ဖက်စလုံး၌ လက်ခံနိုင် သော ထုံးဓလေ့အသစ်များ တီထွင်လာ ကြရာ ဟိန္ဒူနှင့် မွတ်စလင်အချင်းချင်း ယဉ်ကျေးမှုခြင်း အပြန်အလှန် ဖလှယ်နိုင် မှုကြောင့် မိမိတို့၏ အုပ်ချုပ်ရေးစနစ် အောင်မြင်ခဲ့သည်။ အထူးသဖြင့် တွရီ ကဟ်နယ်ပယ်မှ တီထွင်မှုများသည် ဟိန္ဒူ လူမျိုးတို့၏ စိတ်နှလုံးသားကို ဖမ်းစားနိုင် ခဲ့သည်။ ဒေသခံအိန္ဒိယတိုင်းရင်းသားတို့ အစ္စလာမ့်အေးရိပ်ကို ခိုလှုံလာကြသဖြင့် အစ္စလာမ့်အင်အားသည် အိန္ဒိယ၌ အား ကောင်းလာခဲ့သည်။ အိန္ဒိယနိုင်ငံနည်းတူ မြန်မာနိုင်ငံ၌ ရှေးမြန်မာမွတ်စလင်ပညာရှိများသည် မြန်မာ့လူဘောင်နှင့် အံဝင်မည့်အစ္စလာမ်ဘာသာရေးထုံးဓလေ့များကို တီထွင်ခဲ့ ကြသည်။ မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုး ထားကြသည်။ မြန်မာ့လူ့ဘောင်တွင် ယဉ်ကျေးမှုချင်း အပြန်အလှန်ဖလှယ်၍ တိုင်းပြည်တာဝန်များကျေပွန်ခဲ့ကြသည့်အတွက် မြန်မာမင်းအဆက်ဆက်တို့၏ နေရာပေးခြင်း၊ မြှောက်စားခြင်းကို ခံခဲ့ကြ ရသည်။ ဇာတိသွေး၊ ဇာတိမာန်ထက်သန် စွာဖြင့် အမိမြေကို ကာကွယ်ခဲ့ကြသည်။ အမိမြေချစ်စိတ်ဖြင့် ယုံကြည်မှုကို တည် ဆောက်နိုင်ခဲ့ကြသည်။ မြန်မာ့လူဘောင် တွင် တိုင်းရင်းသားများအဖြစ် ပဋိပက္ခ ကင်းစွာ သိက္ခာရှိရှိရပ်တည်နေထိုင်ခဲ့ကြသည်။ နှောင်းခတ်တွင်မူ ရှေးမြန်မာ မွတ် စလင်ကြီးများ၏ ဟစ်က်ကမသ်အမြင် တို့ကို သဘောမပေါက်ကြတော့ပဲ စွန္နသ် နှင့် ဗိဒအသ်ကို တလွဲအဓိပ္ပာယ် ဖွင့်ဆို လာကြသည်။ မြန်မာ့ လူဘောင်တွင် သိက္ခာရှိရှိရပ်တည်နေထိုင်ခဲ့သော ရှေးဦး မြန်မာမွတ်စလင်ပညာရှိကြီးများ၏ ဓလေ့ များလွဲမှား၍ ယနေ့ ပြုပြင်ပစ်ရမည်ဟု ကြွေးကြော်လာကြသည်။ သို့ဖြင့်ရှေးမြန်မာမွတ်စလင်ကြီးများရရှိခဲ့သောနေရာမှ ကျွန်ုပ်တို့ဘေးခွာ ပေးလိုက်ရတော့သည်။ မိမိအိမ်ပေါ်နေရင်း ဧည့်သည် ဖြစ်ရတော့ မည့်အရေးတို့ဖြင့် တွေ့ကြုံလာရသည်။ မိမိကျောခင်းသော ပျဉ်ပြားကိုပင် ထင်း လုပ်ဖို့ မျက်စောင်းထိုးခြင်း ခံရပေပြီ။ကမ္ဘာ ပညာရှင်တို့က ပဋိပက္ခများသည် အရိုင်း စိတ်ချင်း ထိပ်တိုက်တွေ့ခြင်းဟု ဆိုကြ သည်။ မြန်မာမွတ်စလင်အရေးကမူ ယဉ် ကျေးမှုချင်း ထိပ်တိုက်တွေ့နေခြင်းဟုပင်ဆိုနိုင်၏။ ဒေါက်တာဆောင်းလွင်အောင် အသ်-တွရီကဟ် အမှတ်(၁)မှ ကူးယူဖော်ပြသည်။
Sunday 15 December 2013
ပြောင်းလဲသော လူ့အဖွဲ့အစည်းနှင့် ထိပ်တိုက်တွေ့ရသော ယဉ်ကျေးမှုများ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment