Thursday 23 August 2012
လိင်ကွဲပြားမှု
လိင်ကွဲပြားမှု
သန္ဓေသားတို့၏ လိင်(ယောကျာင်္းလေး၊ မိန်းကလေးစသည် ကွဲပြားမှု)သည်သုတ်နှင့် မမျိုးဥ ပေါင်းစပ်ခြင်း၌သာ ဖြစ်ကြောင်းလွန်ခဲ့သော နှစ်ပေါင်း ၆၀က လိင်နှင့်ဆိုင်သော ခရိုမိုဆုမ်း မျိုးရိုးအဂါင်္များကို ဆေးသိပ္ပံက ရှာဖွေတွေ့ရှိပြီးမှ သိကြရသည်။ လွန်ခဲ့သော နှစ်ပေါင်း (၁၄၀၀)က ကုရ်အာန်တွင် ဖန်ဆင်းရှင် အလ္လာဟ်က ဤသို့ မိန့်ထား၏။
“ဧကန်စင်စစ် ထိုအရှင်မြတ်သည်ပင် ဖိုနှင့်မ နှစ်မျိုးနှစ်စားလုံးကို ကလလရေကြည်ဖြင့် ယင်း ကလလရေကြည် သွန်းလောင်းခြင်းခံရသောအခါ ဖန်ဆင်းတော်မူခဲ့သည်” (ကုရ်အာန် ၅၃း၄၅-၄၆)
“စင်စစ် မည်သည့်မိန်းမ တစ်ဦးတစ်ယောက်မျှ ထိုအရှင်မြတ် သိတော်မူခြင်းမရှိဘဲ ကိုယ်ဝန်ဆောင်ခြင်းလည်း မရှိ၊ သားဖွားခြင်းလည်း မရှိ” (ကုရ်အာန် ၃၅း၁၁)
“ထို့နောက် ၄င်းသုက်ရည်သည် တွယ်ကပ်သော အရာဖြစ်ခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ၄င်းအား ဖန်ဆင်းထင်ရှားဖြစ်ပေါ်စေခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် (၄င်းအား ဖန်ဆင်းခံရသည့် သဘာဝနှင့်အညီ နေထိုင်နိုင်ရန်) နေထားကျစွာ ပြုပြင်တော် မူခဲ့သည်” (ကုရ်အာန် ၇၅း၃၈)
“ထို့နောက် ထိုအရှင်မြတ်သည် ယင်းမှ ယောကျာင်္း မိန်းမ(ဟူ၍) နှစ်မျိုးနှစ်စား ပြုလုပ်တော်မူခဲ့သည်။” (ကုရ်အာန် ၇၅း၃၉)
အမေရိကန် မုစ်လင်မ် ကျောင်းသူကျောင်းသားများအသင်း၏ အထက်ပါ (၇၅း၃၉) ကိုဖွင့်ဆိုချက်မှာ “ယင်းမှ”ဟူသော စာလုံးကို ကုရ်အာန်တွင် “မင်းန်ဟူ” ဟူသော ဖိုလိင်ကို သုံးထား၏ ထို့ကြောင့် သုက်နှင့် မမျိုးဥပေါင်းစပ်ပြီးမှ လိင်ကွဲပြားမှု ဖြစ်သော်လည်း ကျား/မ လိင်ကွဲပြားမှုသည် ဖခင်၏ သုက်ပေါ် အခြေခံသည်ဟု ဆိုသည်။ ယနေ့ ဆေးသိပ္ပံက တွေ့ရှိသည်မှာ ယောကျာင်္းနှင့် မိန်းမတွင် လိင်ခရိုမိုဆုမ်းခေါ် လိင်မျိုးရိုးအင်္ဂါ ခြားနားမှု ရှိသည်။ ယောကျာင်္း၏ လိင်ခရိုမိုဆုမ်း X (အိပ်က်စ်)နှင့် Y (ဝိုင်) တွဲဖက်ပါဝင်သည်။
မိန်းမ၏ လိင်ခရိုမိုဆုမ်းတွင် X နှင့် X (X မျိုးတူ နှစ်လုံး) ပါဝင်သည်။
ကျား၏ X နှင့် မ၏ X ပေါင်းစပ် အောင်မြင်က မိန်းကလေးမွေးသည်။ ထို့ကြောင့်Y ခရိုမိုဆုမ်းရှိသော ကျား၏ သုက်သည် အဓိက ဖြစ်သည်ဟု ဆိုသည်။
စင်စစ် သားသမီး အမြွှာ၊ အမြုံ စသည်တို့ဖြစ်ခြင်း၊ ပိုခြင်း၊ လိုခြင်း အားလုံးတို့သည် အလ္လာဟ်၏ ပြဋ္ဌာန်းမှုအရာ ဖြစ်ကြောင်း (ကုရ်အာန် ၄၂း၄၉-၅၀။ ၁၃း၈) တွင် ဖော်ပြထား၏။ ကနဦး သန္ဓေတည်စအရာ (Blastocyst) သည် မေထုန် ပေါင်းစပ် အောင်မြင်ပြီး (၁၀) ရက် အကြာမျှတွင် သားအိမ်၏ နံရံတွင် စိုက်ခြင်း (သို့) တွယ်ကပ်ခြင်း ဖြစ်သည်။ ယင်းသည် လူသားအင်္ဂါရုပ် အသွင်သဏ္ဍာန် ပေါ်ရန် (ဂ) ပတ်ကြာသည်။ ထို့ကြောင့် သိသာထင်ရှားသော လူအဂါင်္ ရုပ်အသွင်ရှိ ရက် (၅၀) မှ (၅၅) ရက် အရွယ် သန္ဓေသားသည် သားအိမ်နံရံတွင် တွယ်ကပ်မှုအပြီး ရက် (၄၀) မှ (၄၅) ရက်မျှ ကြာပြီ ဖြစ်သည်။
“မုစ်လင်မ်”ဟူသော အမည်ရှိ သခင်ကြီး ပြုစုခဲ့သော “မုစ်လင်မ်” အမည်ရှိ ဟဒီးဆ်ကျမ်းတွင် တမန်တော်မြတ် မုဟမ္မဒ်သခင်၏ သြဝါဒတော် တစ်ခုကို အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်ကို တွေ့နိုင်သည်။ ကလလရေကြည်သည် မိခင် သားအိမ်တွင်း ရောက်ပြီးနောက် ညပေါင်း (၄၀) ကြာသောအခါ အလ္လာဟ်သည် မလာအိကဟ် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်တော်မူ၍ ပုံသွင်းစေသည်။ ထိုအခါ ကောင်းကင်တမန်က ကြားခြင်း၊ မြင်ခြင်း၊ သားရေ၊ အသား၊ အရိုး စသည်တို့ကို ပြုသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်အား ကောင်းကင်တမန်က “ထိုသန္ဓေသားသည် ယောကျာင်္းလေးလော၊ မိန်းကလေးလောဟု မေးတော်မူသည်” ဟု ဖော်ပြ ပါရှိသည်။ ကုရ်အာန်ကျမ်းမြတ်၏ အလင်းရောင် အောက်တွင် ထိုဟဒီးဆ်တော်၏ သဘောနှင့် သိပ္ပံ၏ တွေ့ရှိချက်တို့ကို ဆန်းစစ်ကြပါစို့။
သန္ဓေတည်စ၏ ထူးဆန်းနှေးကွေးသော ဖွံ့ဖြိုးမှု
သိပ္ပံပညာရှင်တို့တွင် သန္ဓေသား၏အစတွင် ထူးဆန်းနှေးကွေးသော ဖွံ့ဖြိုးတိုးတက်မှုကိုသာ တွေ့ရကြောင်း လွန်ခဲ့သော နှစ်ပေါင်း (၄၀) ကမသာ ဖော်ပြခဲ့ကြ၏။ တစ်ပတ်အတွင်း၌ သန္ဓေသားသည် အနည်းငယ်မျှသာ ပြောင်းလဲကြောင်း တွေ့ရ၏ ဟု ဆိုကြသည်။ သို့သော် ထူးဆန်း နှေးကွေးစွာ ပြောင်းလဲမှု အဆင့်ဆင့်၏ အသေးစိတ်ကိုပင် လွန်ခဲ့သော နှစ်ပေါင်း (၁၄၀၀) ကျော်က ကုရ်အာန်ကျမ်းမြတ်တွင်း၌ ဖန်ဆင်းရှင် အလ္လာဟ်က ဖော်ပြခဲ့ပြီး ဖြစ်ကြောင်း ဒေါက်တာမူးရ်နှင့် ပါရဂူများ အံ့သြစွာ တွေ့ရှိခဲ့ကြရလေသည်။
သားအိမ်၏ အမိုက်မှောင်သုံးထပ်
“ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏ မိခင်များ၏ ဝမ်းဗိုက်များအတွင်း အမိုက်မှောင် သုံးထပ်အတွင်းဝယ် ဖန်ဆင်းမှုတစ်မျိုးပြီး တစ်မျိုးသို့ (ပြောင်းလဲ၍) ဖန်ဆင်းတော်မူသည်” (ကုရ်အာန် ၃၉း၆)
ဒေါက်တာမူးရ်က အထက်ပါ အာယာသ်တော်၏ အမိုက်မှောင်သုံးထပ် ဟူသည် မိခင်၏ဝမ်းဗိုက်၏ အကာအရံ၊ သားအိမ်၏ အကာအရံနှင့် သန္ဓေသားကို လွှမ်းခြုံထားသော အလွှာဖြစ်သည်ဟု ဆိုသည်။
ကလလရေကြည်၏ အနည်းငယ်သော ပမာဏ တွယ်ကပ်သောအရာသို့
“ထို့နောက် ငါအရှင်မြတ်သည် (သားအိမ်တွင်း၌) ကလလရေကြည်၏ အနည်းငယ်သော ပမာဏမှ တွယ်ကပ်သော အရာတစ်ခု အဖြစ်ဖန်ဆင်းတော်မူခဲ့၏ ။”
သားအိမ်ပြွန် အတွင်း သုက်ရည်နှင့် မ,မျိုးဥတို့ ပေါင်းစပ်အောင်မြင်ပြီးနောက် ယင်း နုသ်ွဖဟ် အစက်ကလေးသည် စိုက်ရန်(တစ်နည်း) တွယ်ကပ်ရန် သားအိမ်တွင်းသို့ ဆင်းကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။ ကုရ်အာန်တွင် အလ္လာဟ်က နုသ်ွဖဟ် အစက်ကလေးမှ “အလကတ်က်” ခေါ် တွယ်ကပ်သောအရာအဖြစ် ပြုသည်ဟု ဆိုထားမှုမှာ သိပ္ပံနှင့် လုံးဝကိုက်ညီကြောင်း ဒေါက်တာမူးရ်တို့ တွေ့ရှိခဲ့ရသည်။
တွယ်ကပ်သောအရာမှ ဝါးထားသော အသားတုံးသို့ဖွံ့ဖြိုးမှု
“တစ်ဖန် (ငါအရှင်မြတ်သည်) ယင်းတွယ်ကပ်သော အရာကို ဝါးထားသော အသားတုံးအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်သည်……” (ကုရ်အာန် ၂၃း၁၄)
mudga 28dayss
အထက်ပါ အာယာသ်တော်တွင် ဖန်ဆင်းရှင်အလ္လာဟ်က တွယ်ကပ်သောအရာလေးကို မုဒွဂဟ် ခေါ် ဝါးထားသော အသားတုံး အဖြစ် ပြုလုပ်လိုက်ကြောင်း ဖော်ပြထားပေသည်။ ဒေါက်တာမူးရ်နှင့် ပါရဂူတို့သည် သန္ဓေသားမှာ (၂၈) ရက် ကြာသောအခါ ဝါးထားသော အသားတုံးကဲ့သို့ ရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ဒေါက်တာမူးရ်က ပလတ်စတစ် တစ်မျိုးကို သန္ဓေသား (၂၈) ရက် ပုံစံပြု၍ ၄င်း၏ ပါးစပ်တွင်း ထည့်ကာ သွားဖြင့် ဝါးကာ အမှတ်ရာများ ပြုပြသည်။ ထိုဝါးထားသော ပလတ်စတစ်သန္ဓေသားပုံစံသည် (၂၈) ရက် သန္ဓေသား ပုံစံနှင့် တူညီနေသည်ကို အံ့သြစွာ တွေ့ရလေသည်။
ဝါးထားသော အသားတုံးမှ အရိုးနှင့် ကြွက်သားများသို့ ဖွံ့ဖြိုးမှု
အထက်ပါ ဝါးထားသော အသားတုံး သန္ဓေသားမှ အရိုးများ ဖြစ်ပေါ်စေခြင်း ခံရ၍ ထိုအရိုးများပေါ်တွင် ကြွက်သားများ ကပ်ငြိစေခြင်း ခံရကြောင်း ဆေးပညာက တွေ့ရှိလေသည်။ ကုရ်အာန်ကျမ်းမြတ်တွင် ဖန်ဆင်းရှင် အလ္လာဟ်၏ ဖော်ပြချက်မှာ ဆေးသိပ္ပံ၏ တွေ့ရှိချက်နှင့် လုံးဝ ကိုက်ညီနေကြောင်း ဒေါက်တာမူးရ်တို့ တွေ့ရှိရပြန်လေပြီ။
“ထို့နောက် ငါအရှင်မြတ်သည် ယင်း ဝါးထားသော အသားတုံးမှ အရိုးများအဖြစ် ဖန်ဆင်း ပြုလုပ်တော်မူခဲ့ပြန်သည်။ ထို့နောက် ငါအရှင်မြတ်သည် ယင်းအရိုးများကို လဟမ်-အသားဖြင့် တန်ဆာဆင်မြန်း၍ ပေးတော်မူခဲ့သည်…..” (ကုရ်အာန် ၂၃း၁၄)
ကွဲပြားထင်ရှားစွာ သိနိုင်သော အစိတ်အပိုင်းများနှင့် မသိနိုင်သော အစိတ်အပိုင်းများ
အခြားအာယာသ်တော် တစ်ခုတွင် သန္ဓေသား၌ သိသာစွာ ကွဲပြား ထင်ရှားသော အစိတ်အပိုင်းများနှင့် မကွဲပြား မထင်ရှားသော အစိတ်အပိုင်းများ ရှိကြောင်း ဖန်းဆင် အလ္လာဟ်က မိန့်တော်မူသည်ကို ဆေးသိပ္ပံက ထောက်ခံ ဦးချပြန်လေပြီ။
“အို…လူသားတို့ အကယ်၍ အသင်တို့သည် ရှင်ပြန်ထရခြင်းနှင့် စပ်လျဉ်း၍ သံသယ ဖြစ်နေကြပါလျှင် (ဆင်ခြင်ကြလော့)၊ စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား (ပထမသော်) မြေမှလည်းကောင်း၊ ထို့နောက် သုက်ရည်၏ အနည်းငယ်သော ပမာဏမှ လည်းကောင်း၊ ထို့နောက် တွယ်ကပ်သော အရာအဖြစ်လည်းကောင်း၊ ထို့နောက် ဝါးထားသော သဏ္ဍာန်အသားတုံးအဖြစ် လည်းကောင်း တစ်စိတ်တစ်ပိုင်း ဖွဲ့စည်းစေခြင်း တစ်စိတ်တစ်ပိုင်း မဖွဲ့စည်းစေခြင်းတို့ဖြင့် (အဆင့်ဆင့်) ဖန်ဆင်းထင်ရှား ဖြစ်ပေါ်စေတော်မူခဲ့သည်။ ငါအရှင်မြတ်၏ အကြွင်းမဲ့တတ်စွမ်း နိုင်တော်မူသော ဘုန်းတော်ကို အသင်တို့ သိသာထင်ရှားရန် ဖြစ်၏” (ကုရ်အာန် ၂၂း၅)
ဒေါက်တာမူးရ်က သန္ဓေသား (၄) ပတ် ကြာ၍ ဝါးထား အသားတုံးအသွင် ဖြစ်လာချိန်တွင် ဦးနှောက်နှင့် နှလုံးတို့ တစ်ပိုင်း တစ်စသာ သိသာထင်ရှားလာသည်ဟု ဆိုသည်။ သို့သော် မျက်စိ၏ မှန်ဘီလူး (Lens) များ ဤအဆင့်တွင် ထင်ရှားစွာ သိသာကွဲပြားလာသည်။ (၆) ပတ် ကြာသောအခါ အရိုးများဖွဲ့စည်းမှု စတင်၍ ကြွက်သားတို့ ကပ်ငြိလာသည်။ (၇) ပတ် ကြာသောအခါ အရိုးများသည် သန္ဓေသားကို လူအင်္ဂါရုပ် ဖွဲ့စည်းပေးလေသည်။
မျက်စိများနှင့် နားတို့သည် (၄) ပတ် အကြာတွင် စတင်ဖွဲ့စည်းခဲ့သော်လည်း (၆) ပတ်ကြာမှ သာလျှင် မြင်နိုင်ပေသည်။ တစ်နည်း ဆိုသော် သုက်နှင့်မျိုးဥ ပေါင်စပ်အောင်မြင်ပြီး ဆဲလ် (Zygote) ၏ (၄၂) ရက် အကြာမှသာ မြင်နိုင်ပေသည်။ သို့သော် ဤအဆင့်ထိ လိင် (ကျား/မ) ခွဲခြား၍ မရသေးချေ။ ထို့ကြောင့် ဒေါက်တာမူးရ်က “မလာအီကဟ် ကောင်းကင်တမန်သည် အရက် (၄၀) ကြာသော အခါ အလ္လာဟ်အရှင်မြတ်အား သန္ဓေသားသည် ယောကျာင်္းလေး ဖြစ်မည်လော၊ မိန်းမလေးဖြစ်မည်လော” ဟု မေးမြန်းခဲ့သည်ဆိုသော တမန်တော်မြတ်၏ သြဝါတော်နှင့် ကိုက်ညီကြောင်း ဖော်ပြသည်။ သန္ဓေသား၏ ပြင်ပလိင်အင်္ဂါများမှာ (၁၂) ပတ်တိုင်အောင် ကျားနှင့်မ ခွဲခြား၍ မရသေးချေ။
သံသယဖြစ်သူ တစ်ဦးက “ဤမျှ အံ့ဖွယ်ကောင်းလောက်သော ကုရ်အာန်ကျမ်းမြတ်နှင့် တမန်တော်မြတ်၏ သြဝါတို့၏ အသေးစိတ်ဖော်ပြချက်တို့သည် (၆) ရာစုခေတ်၏ အကြမ်းခွဲစိတ် စစ်ဆေးမှုများ မဖြစ်နိုင်ပါသလော” ဟု ပါရဂူကြီး ဒေါက်တာမူးရ်ကို မေးခဲ့သည်။ ဒေါက်တာမူးရ်က ဤအဆင့်တွင် သန္ဓေသားသည် တစ်မီလီမီတာ၏ (၁၀) ပုံတစ်ပုံ (0.1 mm) မျှ အရှည်ရှိ၏။ ဤမျှ သေးငယ်လွန်းသော သန္ဓေသား၏ ကြန်အင် လက္ခဏာကို သိနိုင်ရန် အလွန်အားကောင်းသော အဏုကြည့်မှန်ဘီလူး (မိုက်ခရိုစကုပ်) များ လိုအပ်သည်။ လူသားတို့သည် အဏုကြည့်မှန်တို့ကို (၁၇) ရာစုနှစ် တိုင်အောင် တီထွင် အသုံးပြုနိုင်စွမ်း မရှိခဲ့ပါဟူ၍ ရှင်းပြခဲ့လေသည်။ ထို့ကြောင့် (၆) ရာစုခေတ်၏ လူသားတို့ အကြမ်းခွဲစိတ်စစ်ဆေးမှုများ မဖြစ်နိုင်တော့ချေ။
ဒေါက်တာမူးရ်သည် ခရစ်ယာန်သာသနာဝင် တစ်ဦးဖြစ်သော်လည်း သမ္မာကျမ်းတွင် ကုရ်အာန်နှင့် ဖော်ပြချက် တူညီမှုများကို မတွေ့ခဲ့ရပေ။ ထို့ကြောင့် အနောက်တိုင်းသားတို့ တစ်ချိန်က ရေးသားဖော်ပြခဲ့သော ကုရ်အာန်သည် သမ္မာကျမ်းမှ ကူးယူသည် ဆိုခြင်းမှာလည်း မဟုတ်ချေ။ ပြင်သစ်နိုင်ငံမှ ခွဲစိတ်ပါရဂူ ဒေါက်တာမောရစ်ဘူကေးလ်သည်လည်း တိကျစွာ သက်သေပြခဲ့ပြီး ဖြစ်သည်။ “ကုရ်အာန်ကျမ်းမြတ်သည် သိပ္ပံနှင့် ဘာသာတရားအကြား နှစ်ပေါင်းများစွာ ကွာဟနေမှုကို ရင်ကြားစေ့ ပေးနိုင်မည်” ဟု ပါရဂူကြီး ဒေါက်တာမူးရ်က ဆိုခဲ့လေသည်။ မျက်စိ ဖွင့်ကြည့်သူတိုင်း အတွက် အလ္လာဟ်သည် မိမိ၏ သက်သေလက္ခဏာများကို ပြသလျှက်သာ ရှိပေသည်။ (ဒေါက်တာမူးရ်၏ လေ့လာ ဆန်းစစ်မှုကို စင်္ကာပူနိုင်ငံထုတ် မုဟ်လင်မ် ရီးဒါး DEC,85-FEB 86) မှ မီငြမ်းပါသည်)။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment