Tuesday 7 August 2012

စကြဝဠာအသစ် ဖြစ်လာခြင်း

နောက်ဆုံး တမန်တော်ချုပ် မုဟမ္မဒ်သခင် ပွင့်တော်မူပြီးပြီ ဖြစ်၍ နောက်ထပ် တမန်တော်အသစ် ပွင့်စရာမရှိတော့ချေ။ စကြဝဠာကြီးသည် နောက်ဆုံးနေ့တော်ကြီးသို့ တစ်စတစ်စ နီးကပ်လာပေပြီ ဖြစ်သည်။ သို့သော် လက်ရှိ ရုပ်စကြဝဠာကြီး ပျက်သုဉ်းရခြင်းမှာ လုံးဝ အစအနပျောက်သွားခြင်း မဟုတ်ဘဲ ပို၍ အဆင့်မြင့်သောပုံစံ အသစ်သို့ အသွင်ပြောင်းရန်သာဖြစ်ကြောင်း အလ္လာဟ်မိန့်တော်မူလေသည်။
“ထို့ပြင် (ပထမအကြိမ်) စူရ်တံပိုးမှုတ်သောအခါ အလ္လာဟ်အရှင် အလိုရှိတော်မူသောသူမှတစ်ပါး မိုးကောင်းကင်များ၌ ရှိသူတို့သည်လည်း ကမ္ဘာဂြိုဟ်၌ရှိသူတို့သည် လည်းကောင်း သတိမေ့၍သွားကြပေမည်။ ထို့နောက်တစ်ဖန် ယင်းတံပိုးကို ဒုတိယ အကြိမ်မှုတ်ခဲ့ပြန်သော် ၄င်းတို့မှာ ရုတ်တရက် မတ်တတ်ရပ်လျက် (အမှန်တရားကို တွေ့မြင်) ကြည့်နေကြပေမည်” (ကုရ်အာန် ၃၉း၆၈)
“အကြင်နေ့တွင် ကမ္ဘာဂြိုဟ်သည် အခြားသော ကမ္ဘာဂြိုဟ်အဖြစ် ပြောင်းလဲသွားအံ့။ ထို့အတူ မိုးကောင်းကင်များသည်လည်း (အခြားသော မိုးကောင်းကင်များ အဖြစ် ပြောင်းလဲစေခြင်းခံကြရမည်) ထို့ပြင် (လူခပ်သိမ်းတို့သည်လည်း) တစ်ပါးတည်း ဖြစ်တော်မူသော အနန္တဘုန်းတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက်သို့ ထွက်ပေါ်လာခဲ့ကြပေမည်” (ကုရ်အာန် ၁၄း ၄၈)
“၄င်းပြင် ကမ္ဘာဂြိုဟ်မှာ ၄င်းအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏ နူရ်တော်ကြောင့် လင်းထိန်၍သွားပေမည်၊ ထို့ပြင် မှတ်တမ်း စာအုပ်များသည်လည်း အဆင်သင့် ထားရှိပြီး ဖြစ်ကြပေမည်” (ကုရ်အာန် ၃၉း၆၉) တမလွန်တွင် ဖြစ်ပေါ်လာမည့် စကြဝဠာနှင့် ကမ္ဘာပထဝီအသစ်၊ လူတို့၏ ပုံစံအသစ်၊ မှတ်တမ်းများ၊ တရားစီရင်မှု၊ ဂျန္နသ်နှင် ဂျဟန္နမ်ငရဲ စသည်တို့မှာ လက်ရှိ ရုပ်တရား၏ အချိန်နှင့် အာကာသတို့ဖြင့် ဖွင့်ဆို၍ မရချေ။ ဂိုဘ် ခေါ် လူသားတို့၏ ဆင်ခြင်တုံတရားဖြင့် ဉာဏ်မမီနိုင်သော တရားများ ဖြစ်ကြသည်။

No comments:

Post a Comment