Tuesday, 25 February 2014

ငါးနှစ်သးအရွယ် ကလေးဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ

ငါးနှစ်သားအရွယ်ကလေး လုပ်နိုင်သော လှုပ်ရှုပ်ရှားမှုများမှ ခြေတစ်ချောင်းတည်း ပေါ်တွင် ဘယ်ညာပြောင်း၍ ခုန်တက်ခြင်း၊ ကြိုးခုန်တတ်ခြင်း၊ ခပ်နိမ့်နိမ့်အရာများကို ကျော်၍ခုန်တက်ခြင်း၊ ကဆုန်ပေါက်၍ ပြေးတတ်ခြင်း၊ အရုပ်ကိုမြင်းကဲ့သို့ စီးတတ်လာခြင်းတို့ဖြစ်သည်။ ငါးနှစ်အရွယ်ကလေး၏ ကာယဖွံ့ဖြိုးမှုအတွက် အောက်ပါအတိုင်း လေ့ကျင့်ပေးပါ။
(က) ကလေးငယ်အားခြေစုံရပ်၍ ရှေ့သို့ ခြောက်လက်မခန့်ခိုင်းပါ။ ထို့နောက် နောက်ဘက်မှုလနေရာသို့ ပြန်ခုန်ခိုင်းပါ။ ယင်းသို့ ရှေ့ခုန်၊ နောက်ခုန် ပုံမှန်နောက်ခုန် လုပ်ခိုင်းပါ။
(ခ) ကလေးကို ခြေဖျားထောက်စေ၍ အထက်ပါအတိုင်းရှေ့ခုန် နောက်ခုန်လုပ်ခိုင်းပါ။
(ဂ) ကြိုးခုန်ခိုင်ပါ၊ ကြိုးခုန်ရာ၌ ခြေဖ၀ါးနှစ်ဘက်လုံးမြေထိအောင် ရှေ့ခုန်၊ နောက်ခုန် ပြုလုပ်စေပါ။
(ဃ) ခြေနှစ်ချောင်းလုံးဖြင့် ပတ်လည်ခုန်ပေါက်သွားပါစေ။ ထို့နောက် ခြေဖျားထောက်၍ ရှေ့ခုန်နောက်ခုန် ပြုလုပ်ခိုင်းပါ။ ထို့နောက် ညာခြေတစ်ချောင်းတည်းအသုံပြု၍ ဆယ်လှမ်း၊ ထို့နောက် ဘယခြေတစ်ချောင်းတည်းသုံး၍ ဆယ်လှမ်း ခုန်ပေါက်သွား ပါစေ။
(င) ခြေတစ်ချောင်း ထောက်ကြိုးခုန်ပြီး လှည့်လည်ပါစေ။
ဘာသာစကားဖွံ့ဖြိုးမှုအတွက်လေ့ကျင့်ခန်းများ
ငါးနှစ်အရွယ်ကလေးသည် စကားပြောရာတွင် စကားအချို့အသံထွက်များ မှားနေသော်လည်း အဓိပ္ပါယ်ရှိပြီး အဆင့်မြင့်စွာ ပြောလာနိုင်ပါသည်။ အတွေ့အကြုံ အတွင်းမှာ စကားလုံးများသုံး ပါက အပြန်အလှန်စကားပြောလာနိုင်ပါသည်။ “သူ” “သူတို့” စသည်ဖြင့် နာမ်စားအချို့ကို မှန်ကန်စွာ ပြောတတ်လာပါည်။ ခက်ခဲသော အသံထွက်များဖြစ်သည့် ဇ၊ ဈ ၊ ချ၊ ဂျ၊ ရှ စသည် တို့ကို ပီသစွာပြောတတ်လာပါသည်။ မိသားစုပြောဟန်နှင့် ပတ်ဝန်းကျင်ပြောဟန်ကို နှိုင်းယှဉ် လာတတ်ပြီးဖြစ်ပါသည် စကားလုံးအဓိပ္ပါယ်ကို မေးတတ်လာသည်။ ကျိုးကြောင်းဆက်စပ် နေသော ညွှန်ကြားချက်(၃)ရပ်ကို လိုက်နာဆက်သွယ်တတ် လာပါသည်။
ငါးနှစ်အရွယ်ကလေး ဘာသာစကားဖွံ့ဖြိုးမှုအတွက် အောက်ပါအတိုင်း လေ့ကျင့်ပေး ပါ။
(က) ကလေး၏ မပီသသော အသံထွက်များကို ကလေးရှေ့တွင် လေးလေးမှန်မှန်ဆိုပြပါ။ ကလေးကိုအတုယူ၍ပြန်ဆိုခိုင်းပါ။ တစ်ရက်နှစ်ရက်ခန့်အသံထွက် ရွတ်ဆိုပါစေ၊ အသံထွက်မှားသော စကားလုံးပြုပြင်ပေးပြီးနောက် ၀ါကျတစ်ကြောင်းလုံး ပြန်ပြောခိုင်းပါ။
(ခ) ကလေးနှင့်စကားပြောနိုင်ရန် အချိန်ထုတ်ပါ။ ပြောဆိုမည့် စကားလုံးနှင့် အကြောင်း အရာကို ကလေးအား ဦးဆောင်ခိုင်းပါ။ ကလေးပြောသည့်စကားလုံးများနှင့် သရုပ်ဖော် စကားလုံးများထပ်ထည့်ဖြည့်စွက်ပေးပါ။ ကလေးပြောသည့် စကားလုံးများ နှင့် သရုပ် ဖော်စကားလုံးများ “ဟိုပန်းအနီလေးလှတယ်၊ ဟုတ်လား” ဟူ၍ ၀ါကျရှည်ဖြင့် ပြောပေးပါ။
(ဂ) တနှင့်သ၊ စနှင့်ဆ၊ စနှင့်ရှ အသံကွဲပြားပုံကို ဂရုစိုက်သင်ကြားပေးပါ။
(ဃ) အိပ်ခန်းထဲက မျက်မှန်ရယ်၊ သတင်းစာရယ်ယူပေးပါဟု ညွှန်ကြားပြီး အကဲခတ် ကြည့်ပါ။ဆောင်ရွက်မှုမှားပါက သတိပေးင အလုပ်ပြီးသည်ထိ ထပ်ခိုင်းပါ။
(င) ကလေးနားမလည်သော စကားလုံးများကို မေးရန်အားပေးပါ၊ မေးပါက ဂရုတစိုက်ဖြေပါ။ မသေချာပါက အဘိဓါတ်၌ရှာပါ။ အဘိဓါန်ရှာစဉ် ကလေးလည်း လိုက်ကြည့်ပါစေ။
ငါးနှစ်အရွယ်၏ တစ်ကိုယ်ရေ ထိန်းသိမ်းနိုင်မှုနှင့် လူမှုဆက်ဆံရေးဖွံ့ဖြိုးမှု
ငါးနှစ်အရွယ်ကလေးသည် သူတစ်ပါးကို အကူအညီပေးရမည့် လုပ်ငန်းများကို လုပ်ကိုင်တတ် လာပြီဖြစ်သည်။ ယှဉ်ပြိုင်ကစားရသည်ကို နှစ်သက်ပြီး ပြိုင်ပွဲစည်းကမ်း ကိုလည်း လိုက်နာ တတ်လာပြီဖြစ်သည်။ စိတ်ကူးနှင့် လက်တွေ့ဖြစ်ရပ်၊ အမှန်နှင့်လိမ်ညာခြင်းတို့ကို လည်း ခွဲခြားတတ်လာပါသည်။ အရွယ်စုံကြယ်သီးများကို ကိုယ်တိုင်ဖြုတ်တတ်၊ တတ်တတ် လုပ်နိုင် လာပါသည်။ ကျား-မ လိင်မတူသည့် သဘော၊ အတန်းအဖွဲ့ကွဲ့သည့် သဘောများကို လည်း နားလည်စပြုလာပါသည်။ ကစားခြင်းကိုလည်း တစ်ရက်မှ အခြားတစ်ရပ်သို့ပြောင်း၍ ပတ်ဝန်းကျင်အကြောင်း မေးတတ်လာပါသည်။ တစ်ကိုယ်ရေထိန်းသိမ်းမှုနှင့် လူမှုဆက်ဆံရေး ဖွံ့ဖြိုးမှုအတွက် အောက်ပါအတိုင်း လေ့ကျင့်ပေးပါ။
(က) ထမင်းပွဲပြင်ရာတွင်လည်းကောင်း၊ အိမ်ရှင်းလင်းရာတွင်လည်းကောင်း၊ ခြံရှင်းရာတွင် လည်းကောင်း ကလေးကိုပါဝင်ပါစေ။ သူဘာလုပ်ရမည်ကိုဆိုသည်ကို ရှင်းလင်းလွယ် ကူစွာပြောပါ။ လွယ်ကူသောအလုပ်ကိုခိုင်းပါ။ သေသပ်စွာဆောင်ရွက်မှုအတွက် ချီးကျူးပါ။
(ခ) အခြားကလေးများနှင့်အတူပြိုင်ပွဲစည်းကမ်းနှင့်အညီ ကစားရသော ကစားနည်း၌ ပါဝင်ပါစေ။ ပြိုင်ပွဲစည်းကမ်းကို လွယ်ကူပါစေ။ ကလေးကို နားလည်အောင်ပြောပြပါ။ စည်းကမ်းအတိုင်ကစားသည့်အတွက် ကလေးကို ချီးမွမ်းပါ။ အရှုံးကို လက်ခံနိုင်အောင် အားပေးပါ။ အမြဲမနိုင်နိုင်ကြောင်း နောက်တစ်ကြိမ်နိုင်အောင်ကြိုးစားရန်လိုကြောင်း စသည်ဖြင့် ပညာပေးပါ။
(ဂ) ပတ်ဝန်းကျင်တွင် တွေ့ရသော ခွေး၊ ကြောင်၊ ကြက်၊ ဘဲ စသည့် သတ္တ၀ါများ၊ ကား၊ မီးရထား၊ သင်္ဘော၊ လေယာဉ်ပျံစသည့်ယာဉ်များ၏ လှုပ်ရှုားမှုများနှင့် အသံများကို ကလေးအားပြုခိုင်းပါ။ အပင်းများ၏ အသွင်လည်း ဆောင်ပိုင်းပါ။
(ဃ) အစားမစားမီနှင့် စားပြီး လက်ဆေးခြင်း၊ ဗိစ်မိလ်လာဆို၍စားခြင်း၊ စနစ်တကျစားခြင်း ကိုသင်ပေးပါ။ အိမ်သာတက်စဉ် ရေသုံးခြင်းကို ဂရုစိုက်သင်ပါ။
(င) စကားပြောရာတွင် မျှတခြင်း၊ ယဉ်ကျေးစွာဆက်ဆံခြင်း၊ ကြင်နာစွာပြောခြင်း၊ သည်းခံခြင်းကို ပညာပေးပါ။ ဤအရွယ်တွင် ဘက်လိုက်မှု၊ တစ်ဘက်သတ်အမြင်များ အမြစ်တွယ်တယ်သဖြင့် အထူးဂရုပြုသင်ကြားပေးပါ။
အနုစိတ်ကာယလှုပ်ရှားမှုနှင့် အာရုံသိဖွံဖြိုးမှု
ငါးနှစ်အရွယ်တွင် မိမိဖိနပ်ကို မိမိဝတ်တတ်ခြင်း၊ ဓါးတစ်ချောင်းဖြင့် အသီးကို ခွဲတတ်လာခြင်း လေးထောင့်ပုံကို ကူးယူတတ်လာခြင်း၊ ရွေးချယ်ရာတွင် အကျိုး အကြောင်းအခြေခံပြီး စဉ်းစားတတ်လာခြင်း (မိဘ၏ အကူအညီလိုသေးခြင်း) အချက်အလက်သိလိုမှုကြောင့် မေးခွန်းများမေးတတ်လာခြင်း၊ သက်မဲ့ရုပ်လောက ကိုလည်းကောင်း၊ အရေအတွက်၊ ပမာဏ၊ အချိန်၊ နေရာ စသည့်တို့နှင့် ပတ်သတ်၍ မေးခွန်းများ မေးလာခြင်းတို့ ပြုလာပါသည်။
ကလေးကို လေ့ကျင့်ပေးရန်မှာ ပေါင်းမှန့်အပျော့ပေါ်တွင် ထောပတ် (သို့မဟုတ်) ယိုကို ညီညီညာညာနေရာအနှံ့သုတ်စေခြင်း၊ ထို့နောက် ပေါင်မုန့်မီးကင် သို့မဟုတ် မုန့်ကြွတ်၊ ဘီစကစ်အပေါ်၌ သုတ်စေခြင်း လေ့ကျင့်ပေးပါ။ ကလေးဒီနေ့ ဘာလုပ်မလဲဟူ၍ စိတ်ကူးရှိ-မရှိမေးပါ။ သူလုပ်လိုသောလုပ်ငန်းတွက် ပစ္စည်းများ အကြောင်းဆွေးနွေးပါ။ အရာဝတ္ထုတစ်ခု ၏ လုပ်ငန်းနှင့်အသုံးဝင်ပုံများကို ဆွေးနွေး ပြပါ။ နှစ်ခြင်း၊ နွှာခြင်း၊ လှီးခြင်း၊ လောင်းထည့်၊ ရောမွှေ၊ ညှစ်၊ ချေ၊ ခွဲ လှန်၊ ထောင်း ခြင်း စသည့်ပိုမိုခက်ခဲသော အလုပ်များကို တစ်စအသိပေး ပါ။ တို့ကို လိုက်ဆွဲ ပါစေ။
ကျောင်းသားအရွယ်ရင်သွေးငယ်
ငရဲမီးမှကာကွယ်ကြ “အို - အမှန်တရားကို သက်ဝင်ယုံကြည်ကြသူအပေါင်းတို့၊ အသင်တို့သည်မိမိတို့ ကိုယ်ကို လည်းကောင်း၊ မိမိတို့၏အိမ်သားတို့ကိုလည်းကောင်း၊ ငရဲမီးမှ ကာကွယ်ကြ” (ကုရ်အာန် ၆၆း၆)
ငရဲမီးမှ ကာကွယ်ခြင်းဟူသည် အစ္စလာမ်ဘ၀တည်ဆောက်မှုလမ်းစဉ်ကို သိအောင်ပညာပေး ခြင်း၊ ယင်း၏လမ်းညွှန်ချက်များအတိုင်း လိုက်နာအောင် စီမံခန့်ခွဲခြင်းတို့ဖြစ်သည်။ ထို့ကြောင့်တမန်တော်မြတ်၏ သြ၀ါဒတွင်လည်း ဖခင်နှင့် မိခင်တို့အား အထူးသတိပေး ထားကြောင်း တွေ့ရ၏ “ဖခင်တစ်ဦးအနေဖြင့် မိမိ၏ရင်သွေးအား ပေးနိုင်သည့် အကောင်းဆုံး လက်ဆောင်မှာ ၎င်းအတွက်ကောင်း မြတ်သောပညာနှင့် လေ့ကျင့်ရန်စီစဉ်ခြင်းဖြစ်ပေသည်။” (မိရှ်ကသ်ကျမ်း)
“ အမျိုးသမီးသည် မိမိတို့၏ခင်ပွန်၏အိမ်နှင့် သားသမီးတို့အား ထိန်းသိမ်းစောင့် ရှောက်သူဖြစ်သည့် အလျောက် ယင်းတို့နှင့်ပတ်သတ်၍ စစ်ဆေးခြင်း ခံရမည်ဖြစ် ပေသည်” (မိရှ်ကာသ်ကျမ်း)
ဖခင်နှင့်မိခင်နှစ်ဦးစလုံး၏တာဝန်
အစ္စလာမ့်လမ်းစဉ်အရ မိသားစုဖွဲ့စည်းပုံတွင် အမျိုးသားသည် အမျိုးသမီးထက် မွေးရာပါမြင့်မြတ်သည်ဟူ၍ မရှိချေ။ ကျား-မအားလုံးကို အလ္လာဟ်က နဖ်စ်ဝိညာဉ်အမျိုးအစားတစ်ခုတည်း မှ ဖန်ဆင်းထားခြင်းဖြစ်ပေသည် (ကုရ်အာန် ၄း၁)။ လူသားတစ်ဦးနှင့်တစ်ဦး သာလွန်မြင့် မြတ်ခြင်းကို သတ်က၀ါခေါ် အလ္လာဟ်သိစိတ်မပြတ်ထား၍ တာဝန်ကျေခြင်းဖြင့် တိုင်းတာမည် ဖြစ်သည်။ ကုရ်အာန် ၄၉း၁၃)။ အိမ်ထောင်တာဝန်ခွဲဝေမှုတွင် အမျိုးသား၏ ရုပ်ခန္ဓာဖွဲ့စည်းပုံ သဘာဝအရ အမျိုးသမီးများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရသူ အိမ်ထောင် ဦးစီးများ (××××) အဖြစ်တာဝန်ပေးထား၏။ (ကုရ်အာန်၎း၃၄)။ အမျိုးသမီးများကိုမှု လူ့အဖွဲ့ အစည်းဝင်းများဖြစ်လာမည့် ရင်သွေးငယ်များကို အနီးကပ်ပုံသွင်း သူအိမ်ထောင်ရှင်မ များအဖြစ် တာဝန်ပေးထား၏ အစ္စလာမ့်တွင် ဦးဆောင်မှုပြုသူများကို ကျန်သူများနှင့် ရှုရာခေါ်ညှိနှိုင်း ဆောင်ရွက်ရန်ညွှန်ကြားထား၏။ (ကုရ်အာန် ၃း၁၅၉)။ ထို့ကြောင့် ခင်ပွန်နှင့် ဇနီးတို့သည် မိသားစုရေးရာများကို အကောင်းဆုံးဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရှင်ပြန်ထမြောက်ရမည့် နေ့တွင် စစ်ဆေးခံကြရမည်ဖြစ်ပေသည်။

ကောင်းမြက်သော သားသမီးထားခဲ့ရန် တမန်တော်မြတ်၏ သြ၀ါဒ

“လူတစ်ဦး၏ (ကောင်းမှု၊ မကောင်းမှု) လုပ်ရပ်များသည် ထိုသူသေဆုံးသည်နှင့် ရပ်ဆိုင်း သွား၏။ သို့သော် ထိုသူသေဆုံးပြီးသော်လည်း သူ၏ကောင်းမှုအကျိုး ကျေးဇူးမရပ်သော လုပ်ရပ်သုံးခုရှိ၏။ ဆွဒကဟ် ဂျာရီယဟ်ခေါ် ထာဝရကောင်းမှု အကျိုးရှိစေမည့်အလှူ၊ အကျိုးဖြစ်ထွန်းစေသည့်ပညာနှင့် သူ( မိဘ) အတွက် ဆုမွန်ဒုအါအ်ပြုပေးသည့် ကောင်းမြတ် သောသားသမီးထားရှိခဲ့ခြင်းပင်းဖြစ်သည်။” (မုစ်လင်မ်ကျမ်း)
လူတိုင်းသည် မိမိ၏ လုပ်ရပ်အတိုင်း ကောင်းမှု၊ မကောင်းမှုအကျိုးစစ်ဆေးခံကြရမည် ဖြစ်သည်။ သို့သော် မုစ်လင်မ်တစ်ဦးအနေဖြင့် အခြားမုစ်လင်မ်ညီနောင်များအတွက် ‘မဃ်ဖိရသ်’ ခေါ်လွတ်ငြိမ်းချမ်းသာခွင့် ဆုမွန်ဒုအါအ်ပြုပေးရန် လမ်းညွှန်ထား၏ (၅၉××)။ ထို့ကြောင့် မိဘကျေးဇူးသိတတ်ပြီး ကိုယ်ကျင့်တရားကောင်းမြတ်သော သား၊ သမီးများပျိုးထောင်ထားခဲ့ရန် ညွှန်ပြခဲ့ခြင်းဖြစ်၏။
>ကျောင်းရွေးချယ်ခြင်း
၅-နှစ်အရွယ်မှစ၍ နောက်ထပ်ငါးနှစ်တာကာလသည် ကလေးသည် ခေတ်ပညာမှုလတန်း အဆင့်ပညာရေးကို တတ်ရောက်ရတော့မည်ဖြစ်သည်။ ထို့အတူ အစ္စလာမ်ဘာသာရေး ကျောင်းကိုလည်း တတ်ရောက်ကြတော့မည်ဖြစ်သည်။ ထိုကာလအတွင်းကလေးသည် သြဇာသက် ရေက်မှုအသစ်အဆန်းများ၊ သင်ကြားမှုများ ပုံသွင်းမှုများခံရမည်ဖြစ်ရာ ယင်းတို့ကို မိဘက တိုက်ရိုက်ကွပ် ကဲနိုင်စွမ်းရှိပါ။ ထို့ကြောင့် မိဘအုပ်ထိန်းသူအနေဖြင့် အခြေအနေ ပေးက ကျောင်းရွေးချယ်တတ်ရန်လိုအပ်သည်။
(က) ကလေးသည်သူမြင်သမျှကို အတုယူမည်ဖြစ်ရာ ကိုယ်ကျင့်တရားကောင်းသောအပြု အမှုအပြောအဆိုကောင်းမြတ်သော ဆရာများ၊ ၀န်ထမ်းများရှိသောကျောင်း။
(ခ) အခြားသောကျောင်းသားကလေးများသည် အသင့်ကလေးအပေါ် ကြီးမားသောသြဇာ သက်ရောက်မှုရှိမည်ဖြစ်ရာ မိမိကလေးအတွက် ပျော်ရွှင်ဖွယ်စည်းကမ်းရမည့်ကျောင်း မျိုးကို ရွေးချယ်သင့်ပါသည်။
ကျောင်းများအနေဖြင့် ကျောင်းသားများကို အကောင်းဆုံးအဆင့်အတန်းဖြစ်စေရန် ပညာပေးခြင်း၊ လေ့ကျင့်ခြင်းများ ပြုကြပါသည်။ ယင်းလုပ်ငန်းအောင်မြင်စေရန် မိဘအုပ်ထိန်း သူတို့၏ ပူးပေါင်းဆောင်ရွက်မှု အကူအညီလည်း လိုအပ်ပါသည်။ ကလေး၏စာပေအရည် အသွေးတိုးတက်ကောင်းမွန်ရေးကို တတ်အားသရွေ့ ကူညီပေးပါ။
အိမ်စာသည် ပညာရေး၏အခြေခံလိုအပ်ချက်တစ်ရက်ဖြစ်ပါသည်။ ကလေးများ အတွက် ကျောင်း၌ပညာသင်ပြီး အကြောင်းအရာများကို ပြန်လည်လေ့လာစေ ခြင်းသာမက မိဘအုပ်ထိန်းသူများအတွက် ကျောင်းနှင့် ကလေး၏ ပညာရေးအဆင့် အတန်ကို သတိပြုနိုင်စေရန် အခွင့်အရေးတစ်ရပ်ဖြစ်ပေသည်။ ကလေး၏ စာပေ အရည်အသွေးတိုးတက်ကောင်းမွန်ရေးကို တတ်အားသရွေ့ကူညီပေးပါ
ဘ၀အတွက်လေ့ကျင့်ပေးခြင်း
တမန်တော်မြတ်သည် ရေကူးခြင်း၊ မြင်းစီးခြင်း မြှားပြစ်ခြင်းတို့ကို သူ့ခေတ်သူ့အခါအရ အားပေးခဲ့သည်။ ထို့ကြောင့် ကလေးငယ်တို့ကို ငယ်စဉ်ကပင် ရေကူးခြင်းအပါအ၀င် ယခုခေတ်နှင့် လျော်ညီသော အားကစားပညာရပ်ကို သင်ကြား ပေးရပေမည်။ ကလေးတို့ကို ငယ်စဉ်ကပင် ကိုယ်ကာယနှင့် စိတ်ဓါတ်ဖွံ့ဖြိုး တိုးတက်စေသော အားကစားဖြစ်စေ၊ အနုပညာဖြစ်စေ စိတ်ဝင်စားအောင် ပြုထားပေး ခြင်းဖြင့် နောင်အခါ မှုးယစ်ဆေးဝါးအပါအ၀င် လွဲမှားသော အသိုင်းအ၀န်းများမှ ရှောင်ရှားစေနိုင်အောင် ဆောင်ရွက်ပေးရမည်။
>ခေတ်ပညာနှင့် ဘာသာရေးပညာနှစ်မျိုးလုံးအရေးကြီးသည်
အစ္စလာမ်သည်(ဒီန်) ဘ၀တည်ဆောက်မှုလမ်းစဉ်ဖြစ်ပေရာ လောကီရေး၊ တမလွန် ရေးဟူ၍ခွဲခြမ်းမှုမရှိ။ လူ့လောက၌ကြုံတွေ့ရမည့် ရေးရာအားလုံးကို အလ္လာဟ်၏ လမ်းညွှန်အတိုင်း နာခံဆောင်ရွက်ရန်ညွှန်ကြားထား၏။ လောကီနှင့်တမန် လွန်နှစ်ဘ၀လုံးကို အလှဆင်ရန် သင်ကြားပေးထား၏။ ထို့ကြောင့် အစ္စလာမ့်ပာရေး စနစ်တွင် ကုရ်အာန်ကို အခြေပြု၍ သိပ္ပံ၊ ၀ိဇ္ဇာ၊ စီးပွားရေး၊ ဥပဒေ၊ ဒဿနပညာရပ်အား လုံးကို သင်ကြားစေသည်။ အစ္စလာမ့် တက္ကသိုလ်များတွင် ယင်းပညာရပ်တို့နှင့်အတူ ကုရ်အာန်၊ ဟဒီဆ်၊ ဖိကဟ်ပညာ ရပ်တို့ကို ယှဉ်တွဲလျက်သင်ကြားပေး၏။ ယင်းကဲ့သို့ ပညာရေးစနစ်မရှိသောနေရာများတွင် မုစ်လင်မ် မိဘများအနေဖြင့် ကလေးများကို လောကီခေတ်ပညာနှင့် ဘာသာရေးပညာ နှစ်မျိုးစလုံးကို တတ်အောင်စီစဉ်သင်ကြား ပေးကြရပါမည်။ (ကုရ်အာန် ၃၅း၂၇-၂၉၊ ၃း၁၉၀-၁၉၁) ကုရ်အာန်ဖတ်ရွတ်လေ့လာစေခြင်း
“. . . ၎င်းပြင် အသင်သည်ကုရ်အာန်ကို အလွန်ကောင်းမွန်စွာရှင်းလင်းပီသအောင် ဖြည်းဖြည်းမှန်မှန် စနစ်ကျစွာ ရွတ်ဖတ်ပါလေ” (ကုရ်အာန် ၇၃း၎)
ကလေးကိုငယ်စဉ်ကပင် သဂ်ျဝီဒ်ခေါ် ကုရ်အာန်ကို စနစ်တကျ ရွတ်ဖတ်နည်းပညာဖြင့် သင်ကြားပေးရမည်။ သင်သည့်ဆရာ သို့မဟုတ် အသံထွက်အမှားများ နှုတ်မှစွဲသွားပါက နောင်ကြီးပြင်းသည့်အခါတွင် ပြင်ရန်ခဲယဉ်သွားပါသည်။ ကလေး သည် ကျောင်း၌ပင် နေ့စဉ် အချိန်တစ်ချိန်သတ်မှတ်၍ ကလေးကို ကုရန်အာန်ရွတ်ဖတ်မှု သင်ကြားစစ်ဆေးပေရမည်။ မိဘကိုယ်တိုင် မတတ်ပါက သဂ်ျဝီဒ်ဖြင့်တတ်ကျွမ်းသူဆရာကို အိမ်ခေါ်၍ တစ်ပတ်တွင် နာရီအနည်းငယ် သတ်မှတ်၍ သင်ပေးပါ။
ဆွလာသ်ဝတ်ပြုတည်ဆောက်ရန်လေ့လာလေ့ကျင့်ပေးခြင်း
မုစ်လင်မ်တိုင်းသည် မိမိကိုယ်တိုင်နှင့် သားစဉ်မြေးဆက်ကို ဆွလာသ်စွဲ မြဲစွာ ဆောက်တည်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်။ နေ့စဉ် ၅-ကြိမ်းဆွလာသ် ၀တ်ပြုမှုသည် အစ္စလာမ်မဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်၏။
တမန်တော်မြတ်၏ သြ၀ါဒမှတ်တမ်းတစ်ရပ်တွင်- “အသင်တို့၏ သားသမီးများကို အသက် ခုနှစ်အရွယ်ရောက်သောအခါ ဆွလာသ်ဝတ်ပြုရန် အမိန့်ပေးကြကုန်လော့။ ဆယ်နှစ်အရွယ် ရောက်သည့်အခါ (ဆွလာသ်ဝတ်ပြုရန် ငြင်းဆန်ခဲ့လျှင်) အပြစ်ပေးလော့။ ဆယ်နှစ်အရွယ် ရောက်ချိန်တွင် ၎င်းတို့အား သီးခြားအိမ်ရာ ခွဲသိပ်လော့” (အဗူဒါဝူဒ်ကျမ်း)
ထို့ကြောင့်မိမိတို့၏ ကလေးငယ်များကို ၇-နှစ်မတိုင်မီကပင် ဆွလာသ်ဝတ်ပြုမှုနှင့် ရင်းနှီးမှုရှိ စေရန် မိဘတို့ဝတ်ပြုမှုအနီး၌ ရှိစေရမည်။ ဒုအာအ်ဆုတောင်း မှုတွင်ပါဝင်စေရမည်။ အခါအား လျာ်စွာ ဗလီဝတ်ကျောင်းတော်သို့ ခေါ်ဆောင်သွား ရမည်။ ၇-နှစ်အရွယ်၌ ဆွလာသ်ဝတ်ပြုမှု တတ်မြောက်ပြီဖြစ်ရမည်။ အလွယ်ဆုံး တစ်ကြိမ်မှစလေ့ကျင့်၍ တစ်စစ ငါးကြိမ်ထိ တိုးမြှင့် လေ့ကျင့်ပေးပါ။ ဆွလာသ်ကို ဂရုမစိုက်က မိဘတို့ လုံးဝမနှစ်သက်ကြောင်း ပြင်းထန်စွာ ပြဆိုထားရမည်။ မိဘကိုယ်တိုင်ကလည်း ဆွလာသ်ကို စံပြ၀တ်ပြုပြင်ရမည်။ အိမ်တွင် မိသားစု ဂျမာအသ်ဖြင့် စုပေါင်း၍၀တ်ပြုချိန်တစ်ချိန်သတ်မှတ်ထားသင့်သည်။ ဤသို့ အားဖြင့် မိသားစု စုစည်းချိန်ရပြီး ဆွလာတ်ဝတ်ပြုပြီးပါက ကုရ်အာန်နှင့် ဟဒီဆ်သြ၀ါဒ လေ့လာချိန် မိသားစု ရေးရာဆွေးနွေးချိန် ပုံမှန်ရရှိလာမည်ဖြစ်သည်။